အခန်း ၈၀၆
Vol. 54 Ch. 806
အခန်း (၈၀၆) မီးနဂါးပုလဲ။
မျက်လုံးတစ်မှိတ်အတွင်း အချိန်ဆယ်ရက်ကျော် ကုန်ဆုံးသွားခဲ့ပြီး၊ ချင်ယွင်သည် ဤစူပါကြယ်ကြီး၏ စွမ်းအားကို ဝါးမျိုးခြင်းကို မည်သည့်အခါမှ မရပ်တန့်ခဲ့ပေ။
ယခုအချိန်တွင်၊ ဤစူပါကြယ်ကြီးသည် အချင်းကီလိုမီတာ ငါးသန်းမှ အချင်း ကီလိုမီတာ ၁၀၀,၀၀၀ အောက်သာ ရှိပါတော့သည်။ မူလက နီရဲပြီး လောင်ကျွမ်းနေ သော မီးတောက်မီးလျှံများသည်လည်း ခန်းခြောက်သွားခဲ့ပြီး၊ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ကြယ်တစ်စင်းလုံးသည် အဖြူရောင်လူပုကြယ်၏ အဖြစ်မျိုးဆီသို့ ဦးတည်လာသည်။
စွမ်းအင်များစွာကို စုပ်ယူပြီးနောက်၊ ချင်ယွင်၏ ကျင့်ကြံမူအခြေခံလည်း ခုန်ပျံ မြင့်တက်ပြီး၊ တိုးတက်လာခဲ့သည်။
ဘန်း…။
နောက်ဆုံး၊ ဆယ့်တစ်ရက်မြောက်နေ့တွင်၊ ချင်ယွင်၏ ကျင့်ကြံမူအခြေခံသည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ဤအခိုက်အတန့်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် ပြင်းထန်သော စွမ်းအင် အတက်အကျလှိုင်းများဖြင့် ပြည့်နှက်နေပြီး၊ သူ၏နှလုံးသားထဲတွင် မကြုံစဖူးသော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။
"ဘယ်လောက်တောင်မှ ကြီးကျယ်များပြားလိုက်တဲ့ စွမ်းအင်ပမာဏလဲ?။" ချင်ယွင်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်နှင့် သူ၏မျက်လုံးများက သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားကို ခံစားလိုက်ရသဖြင့် သူ၏မျက်လုံးများသည် ဝင်းလက်တောက်ပနေသည်။ သူ့တွင် ဖော်မပြနိုင်သော တွန်းအားတစ်ခုပင် ရှိနေသည်။
ဤအခိုက်အတန့်တွင်၊ သူ၏စွမ်းအင်သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွက်အထိပ်အဆင့်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ တစ်နည်းဆိုရသော်၊ စွမ်းအင် တစ်ခုတည်းကပင်၊ သူ၏စွမ်းအားသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွက်အထိပ်အဆင့်နှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ပင် ခုန်ပျံကျော်လွှား မြင့်တက်လာခြင်း ဖြစ်ပါသည်။
"နောက်တစ်ခုကတော့၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်နဲ့ ကနဦး စကြာဝဠာကို စတင်ဖွင့်လှစ်ခြင်းလား?။" ချင်ယွင်က စိတ်လှုပ်ရှားစွာ ပြောသည်။
အကယ်၍၊ သူသည် သူ၏ကိုယ်ပိုင် စကြဝဠာကို ဖွင့်နိုင်ခဲ့မည်ဆိုလျှင်၊ သူ၏ စွမ်းအားသည် အင်မော်တယ်ဘုရင်နယ်ပယ် ကျွမ်းကျင်သူတွေနှင့် ယှဉ်နိုင်မှာ သေချာပါ သည်။ တစ်နည်းဆိုရသော်၊ ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် နှင့်ပင်၊ သူသည် အင်မော်တယ်ဘုရင် ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်နိုင်ပါလိမ့်မည်။ ၎င်းသည် အင်မော်တယ်ကမ္ဘာတွင် လက်တွေ့အားဖြင့် မဖြစ်နိုင်ပေ။
အဆုံးတွင်၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်နှင့် အင်မော်တယ်ဘုရင်တို့ အကြား ကွာဟချက်က ကြီးမားလွန်းလှပါသည်။ သာမာန်အားဖြင့်၊ အင်မော်တယ်ဘုရင် တစ်ပါးသည် အင်မော်တယ်ဘုရင် နယ်ပယ်အောက်တွင် တစ်စုံတစ်ဦးကို စိန်ခေါ်နိုင် စွမ်းသော်လည်း၊ အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်ပြီးပါက ၎င်းသည် အလွန်ခက်ခဲလာ မည် ဖြစ်ပါသည်။
သူသည် အတိတ်နှင့် ယခုလက်ရှိပစ္စုပ္ပန်တွင် နံပါတ်တစ်လူတစ်ယောက် ဖြစ်လာတော့ မည်အကြောင်း၊ တွေးတောလိုက်ရင်း၊ ချင်ယွင်၏နှုတ်ခမ်းများသည် တောက်ပသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပါသည်။
"ကောင်စုတ်လေး၊ အရမ်းကြီး အပျော်မစောလိုက်နဲ့ဦး။ မင်းရဲ့ ကျင့်ကြံခြင်းပညာရပ်က ကောင်းကင်ဘုံကို အံတုနိုင်ပေမယ့် မင်းစုပ်ယူရတဲ့ စွမ်းအားကလည်း အလွန် ကြောက်စရာကောင်းလွန်းတယ်။ အစောပိုင်း နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်ကနေ အထွတ်အထိပ်အဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အထိ ရောက်ရှိရန်အတွက် အလွန်ကြီးမားတဲ့ ကြယ်ကြီးတစ်ခုကို စုပ်ယူခဲ့ရတယ်။ တကယ်လို့၊ မင်းသာ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော် ချင်တယ်ဆိုရင်တော့၊ ဒီလိုစူပါကြယ်ကြီးမျိုး အခုတစ်ရာလောက်ကို စုပ်ယူဖို့ လိုအပ်လိမ့်မယ်။ မင်းအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ လိုအပ်တယ်။? ရှေးဟောင်းတာအိုဆရာသခင်က ပြောလိုက်သည်။
"အခုတစ်ရာလား..?" ချင်ယွင်သည် မျက်လုံးပြူးလုမတတ် ဖြစ်သွားရသည်။
အစောပိုင်းက သူသည် သူ၏အောင်မြင်မူအပေါ် ပျော်ရွှင်မှုကို ခံစားရန်သာ စိတ်ဝင်စားခဲ့ပြီး၊ ၎င်းကို မေ့သွားခဲ့သည်။ ယခု၊ သူ ပြန်စဉ်းစားကြည့်လိုက်တော့ ရှေးဟောင်းတာအိုဆရာသခင်ပြောသည်မှာ လုံးဝ မှန်ပါသည်။
သူ၏ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်သို့ ဖြတ်ကျော်နိုင်ခြင်းသည် သူ၏ ကိုယ်ပိုင် ကနဦးစကြာဝဠာကို ဖွင့်လှစ်နိုင်သည်ဟု ဆိုလိုပါသည်။ ကနဦးစကြဝဠာကို ဖွင့်ရန် လိုအပ်သောစွမ်းအင်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်မှာ သံသယ ဖြစ်စရာပင် မလိုပါချေ။ ၎င်းသည် ယခုလို စွမ်းအင်များပါရှိသော စူပါကြယ်ကြီး တစ်ရာကျော်ပင် လိုအပ်ပါလိမ့်မည်။
ကနဦးစကြဝဠာကို ဖွင့်လှစ်ခြင်း လုပ်ငန်းစဉ်သည် အနှောက်အယှက် ဖြစ်ခံ၍မရဘဲ တစ်ကြိမ်တည်းဖြင့် ပြီးမြောက်ရမည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ၊ အကယ်၍၊ ချင်ယွင် သည် အဆင့်ဖြတ်ကျော်မူ ပြုလုပ်မည်ဆိုလျှင်၊ သူသည် စူပါကြယ်ကြီးများ၏ စွမ်းအင်ကို ဝါးမြိုခြင်းနည်းလမ်းကို ထပ်မံအသုံးပြု၍ မရနိုင်တော့ပေ။
လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်ရန် သူ့အတွက် မည်မျှ ခက်ခဲမည်ကို စဉ်းစားရင်း၊ ချင်ယွင်သည် သူ၏ဦးရေပြား ထုံကျင်သွားသလို ခံစားလိုက် ရသည်။
ချင်ယွင်သည် ခေါင်းခါယမ်းလိုက်ပြီး ထိုအတွေးများကို သူ၏စိတ်နှလုံးထဲမှ ဖယ်ထုတ် လိုက်သည်။ အကယ်၍၊ သူ အမှန်တကယ် မလုပ်နိုင်တော့ဘူးဆိုရင်၊ သူသည် စွမ်းအင် ရှာဖွေရန်အတွက် ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ နက်ရှိုင်းဆုံး အရပ်ဆီကို တိုက်ရိုက် သွားရလိမ့်မည်။ ရှေးဟောင်း ဖရိုဖရဲ ပင်လယ်အတွင်းမှာ ဧရာမ ကြီးမားသော စွမ်းအင် များ ရှိနေမည်ဟု ချင်ယွင် ယုံကြည်ပါသည်။
သေချာသည်မှာ၊ ချင်ယွင်သည် ဤအရာကို မဖြစ်မနေအနေထားမျိုးမှ မဟုတ်လျှင်၊ မချင်ပါလုပ်ဘူး။ အဆုံးတွင်၊ ရှေးဟောင်း ဖရိုဖရဲ ပင်လယ်ကြီး၏ နက်ရှိုင်းသော နေရာသည် ဒဏ္ဍာရီလာ သေမင်းနယ်မြေ ဖြစ်ပါသည်။
"အယ်…? ဒီစူပါကြယ်ကြီးထဲက စွမ်းအင်တွေကို အကုန် ဝါးမမျိုရသေးဘူးလား?" ချင်ယွင်သည် သူ၏အနန္တဒြဗ်စင်များ ဝါးမျိုခြင်းမခံရသေးသော အနက်ရောင်မီးလျှံ တစ်ခုကို ရုတ်တရက် တွေ့ရှိသွားပြီး၊ သူ၏မျက်နှာတွင် အံ့ဩသွားသည့် အမူအရာ ဖြစ်ပေါ်လာသည်။
ယုတ္တိဗေဒအရပြောရလျှင်၊ အနက်ရောင်မီးလျှံစွမ်းအင်သည် ချင်ယွင်နှင့် အလွန် နီးကပ်နေသောကြောင့် ချင်ယွင်၏ စုပ်ယူခြင်းကို ခံရသင့်သော်လည်း၊ ယခု အခိုက်အတန့်တွင်၊ ၎င်းသည် အမှန်တကယ် သက်ရောက်မှု မရှိသေးပေ။
"ကောင်စုတ်လေး၊ မင်းရဲ့ကံတရားက တော်တော်လေး ကောင်းနေပုံရတယ်ကွ။ ဒီစူပါကြယ်ကြီးရဲ့ အူတိုင်စွမ်းအင်တွေ ရပ်တန့်သွားပေမယ့်၊ ဒီစူပါကြယ်ကြီးထဲမှာ ရတနာတစ်ခုခု ရှိနေပုံရတယ်။ ဒါကြောင့် မင်းအနေနဲ့ ဒီတကြိမ် ဝါးမျိုးလို့ မရတော့ဘူး" ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ထပ်ပြီး ထွက်ပေါ် လာသည်။
"ရတနာလား..?" ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်မှုနှင့်အတူ ပျော်ရွှင်သည့် အမူအရာ အထင်အရှား ပေါ်လွင်နေသည်။ သူ၏ကံက ဤမျှလောက်ကောင်းလိမ့်မည် ဟု သူ မမျှော်လင့်ထားပါဘူး။ ရှေးဟောင်း ဖရိုဖရဲ ပင်လယ်ထဲမှာ မရေမတွက်နိုင်အောင် များပြားသော ကြယ်တွေရှိနေခဲ့ပြီး၊ လိုချင်သည့် ရတနာမှန်သမျှကို ရှာတွေ့နိုင်ပါသည်။
ချင်ယွင်သည် အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ၊ အနက်ရောင်မီးလျှံထဲသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ ဤရတနာက မည်သည့်အရာဆိုသည်ကို သူ သိချင်မိသည်။
သို့သော်၊ ဤအနက်ရောင်မီးလျှံသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်း သည်။ ချင်ယွင်သည် ခြေတလှမ်းသာသာ ချဉ်းနင်းဝင်ရောက်ခဲ့ပြီး၊ သူ၏ခြေဖဝါးသည် ဤအနက်ရောင်မီးတောက်အောက်တွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် မလိုလာသည့် အမူအရာ ထုတ်ဖော်လာသည်။
"ဟမ်.." အေးစက်စက် နှာချေသံနှင့်အတူ၊ သူ၏နောက်မှ နဂါးအတောင်ပံများ ချက်ချင်း ပြန့်ကျဲသွားပြီး ချင်ယွင်၏ တစ်ကိုယ်လုံးသည် အနက်ရောင် မီးတောက်ထဲသို့ ချက်ချင်း ပျံတက်သွားသည်။
နဂါးအတောင်ပံများသည် နဂါးများ၏ ရတနာများဖြစ်ပြီး၊ ၎င်းတို့တွင် နဂါး၏ အစွမ်းထက်ဆုံး စွမ်းအင်များ ပါရှိနေသည်။ ထို့ကြောင့် ချင်ယွင်၏ နဂါးအတောင်များ ထွက်ပေါ်လာသည့် အခိုက်တွင်၊ ပတ်ဝန်းကျင်ရှိ မီးတောက်များသည် ချင်ယွင်ကို ထိခိုက်စေခြင်း မရှိတော့ဘဲ အနက်ရောင် မီးတောက်များ၏ စွမ်းအင်ကို ချင်ယွင်၏ အတောင်ပံများမှ စုပ်ယူသွားခဲ့ပါသည်။
ချင်ယွင်၏ နဂါးအတောင်ပံများသည် ကြက်သွေးရောင် အနီရောင်အကြေးခွံများမှ နက်မှောင်နေ အမဲရောင်ကြေးခွံများအဖြစ်သို့ စတင် ပြောင်းလဲလာခဲ့ပါပြီ။ သို့သော်၊ ၎င်းတို့အပေါ်တွင် တောက်ပပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခု အမှန်တကယ်ပင် ရှိနေပါသည်။
ချင်ယွင်သည် သူ၏နဂါးတောင်ပံများ ပိုမိုအားကောင်းလာပြီး သန်မာလာသည်ကို ခံစားလိုက်ရပြီး သူ၏မျက်လုံးများသည်လည်း တောက်ပသော အပြုံးကို ပို၍ပင် ပေါ်လွင်စေသည်။
ယခုအချိန်တွင် နဂါးတောင်ပံများသည်လည်း သူ၏ ဝှက်ဖဲဖြစ်လာမည် ဖြစ်သည်။ နဂါး အတောင်ပံများကို ခတ်နေသရွေ့၊ ၎င်းသည် ဤကဲ့သို့ အနက်ရောင် မီးလျှံမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာနိုင်မည် ဖြစ်ပြီး၊ ၎င်းကို အင်မော်တယ်ဘုရင်နယ်ပယ် အောက်တွင် မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။
နဂါးတောင်ပံများက သူ့ကိုကာကွယ်ပေးထားသဖြင့် ချင်ယွင်သည် အနက်ရောင် မီးတောက်များကို မကြောက်တော့ဘဲ စူပါကြယ်ကြီးအူတိုင်ဆီသို့ ပျံသန်းလာခဲ့သည်။
အနက်ရောင်မီးလျှံများ၏ အချင်းသည် ကီလိုမီတာ ၁၀၀၀၀ ခန့်သာ ရှိသောကြောင့် ချင်ယွင်သည် စူပါကြယ်ကြီး၏ အလယ်ဗဟိုဆီသို့ လျင်မြန်စွာ ပျံသန်းနိုင်ခဲ့သည်။
ချင်ယွင်သည် စူပါကြီး၏အူတိုင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းနေသော အရာဝတ္ထု တစ်ခုကို မြင်လိုက်ရသောအခါ၊ သူ၏မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သွားဟန် ပေါ်လာသည်။
"မီးနဂါးပုလဲလား.." ချင်ယွင်သည် အံ့သြစွာ ပြောလိုက်သည်။
ကြယ်အူတိုင်အတွင်းမှာ၊ လက်ဖဝါးအရွယ် အနီရောင်ပုလဲတစ်လုံး ခင်းကျင်းထား သည်။ ဤပုလဲသည် အနှိုင်းမဲ့ ပူပြင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
မီးနဂါးများသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ ပုလဲတစ်လုံးကို ထုတ်လုပ်နိုင်ကြသည်။ အစပိုင်းတွင် ဤပုလဲသည် စပါးစေ့အရွယ်မျှသာ ဖြစ်သော်လည်း၊ မီးနဂါးများ ကြီးထွားလာသည်နှင့်အမျှ မီးနဂါးပုလဲသည် ပိုမိုအားကောင်းလာမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ မီးနဂါးပုလဲသည်လည်း အားကောင်းသော စွမ်းအင်များ ပါရှိနေ သည်။ ၎င်းနှင့်ဆိုလျှင်၊ ထိုပုလဲပိုင်ရှင် မီးနဂါးများသည် သူတို့၏ ပုံမှန်ကျင့်ကြံမှု အမြန်နှုန်းကို အဆတစ်ရာအထိ မြင့်တင်နိုင်သည်။ တစ်ချိန်တည်းမှာပင်၊ သူသည် ၎င်းပုလဲကို ပြင်းထန်သော စွမ်းအားကို ပိုင်ဆိုင်ထားသည့် တိုက်ခိုက်ရေး မှော်ရတနာ အဖြစ်လည်း အသုံးပြုနိုင်သည်။ ၎င်းသည် အင်မော်တယ်များ အိပ်မက်မက်ခဲ့ရသည့် မီးစွမ်းရည်ရတနာများထဲမှ တစ်ခုဖြစ်သည်။
သို့သော်၊ မီးနဂါးများသည် မီးနဂါးပုလဲကို များသောအားဖြင့် အဖိုးတန်ရတနာအဖြစ် သူတို့၏ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားလေ့ ရှိကြသည်။ ၎င်းပုလဲသည် ဤနေရာ တွင် မည်သို့ ပေါ်လာနိုင်သနည်း?။
"ကြည့်ရတာ၊ မီးနဂါးပုလဲကို အစွမ်းထက်အောင်လုပ်ဖို့ ဒီစူပါကြယ်ကြီးကို အသုံးပြုနေ တဲ့ မီးနဂါးတစ်ကောင်တော့ ဒီမှာ ရှိနေသင့်တယ်။" ချင်ယွင်သည် အကြောင်းရင်းကို လျင်မြန်စွာ ခန့်မှန်းလိုက်သည်။
သို့သော်၊ ချင်ယွင်သည် သူ၏ကံတရားက ဤမျှလောက် ကောင်းနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူသည် ကျင့်ကြံရန် ကြယ်တစ်ခုကို ရှာတွေ့ခဲ့သည့်အပြင်၊ မီးနဂါး၏ ရတနာကိုပါ ရှာတွေ့ခဲ့သည်။
"ဒီလောက်ကြီးမားတဲ့ မီးနဂါးပုလဲကြီး၊ ဒါက အင်မော်တယ်ဘုရင်အဆင့် မီးနဂါးက မွေးမြူထားခဲ့တာ ဖြစ်ရမယ်။ ဒီလိုဖြစ်လာမှတော့၊ ဒီပုလဲကို လက်မခံဘူးဆိုရင်၊ ငါအနေနဲ့ မယဉ်ကျေးရာ ကျလိမ့်မယ်။ ဒီအရာက အမှတ်အနည်းငယ်နဲ့ လဲလှယ်ဖို့ ရလောက်မှာပါ" ချင်ယွင်သည် ကောက်ကျစ်သော အပြုံးကို ထုတ်ဖော်လိုက်သည်။
သူသည် မီးနဂါးကလန်ကို အကောင်းမြင်ခြင်း မရှိပေ။ ထိုအချိန်တုန်းက၊ အင်မော်တယ် ကမ္ဘာသို့ တက်လှမ်းသွားခဲ့သော မီးနဂါးတစ်ကောင်သည် သူ့ကို အသုံးချလိုခဲ့သည်။ သို့သော်၊ သူသည် ထိုမီးနဂါး၏တံဆိပ်ပြားကို သူ၏ အင်မော်တယ်ဘုရင်စံအိမ်ထဲတွင် အမြဲသိမ်းထားခဲ့ပြီး၊ ထိုမီးနဂါးသည် ၎င်းကို မခံစားနိုင်ခဲ့ပေ။
ရလာဒ်အနေဖြင့်၊ ချင်ယွင်သည် သူ၏လက်ကို ဆန့်ထုတ်ပြီး မီးနဂါးပုလဲကို ဖမ်းဆုပ် လိုက်သည်။