← Chapters

အခန်း ၈၀၇

Vol. 54 Ch. 807

အခန်း ၈၀၇

Vol. 54 Ch. 807

အခန်း (၈၀၇) နဂါးဘုရင်၏ခြိမ်းခြောက်မှု။

ဘန်း။

ချင်ယွင်၏လက်သည် မီးနဂါးပုလဲဆီသို့ ရောက်ရှိခါနီးတွင် မီးနဂါးပုလဲထံမှ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ကြောက်စရာကောင်းသော စွမ်းအားသည် ချင်ယွင်ဆီသို့ ချက်ချင်း တိုးဝင်လာခဲ့သည်။

သူ့ကိုယ်သူ ကာကွယ်ရန် နဂါးအတောင်ပံများကို အလျင်အမြန် အသုံးပြုလိုက်ရင်း၊ ချင်ယွင်၏ အမူအရာက ပြောင်းလဲသွားသည်။

“ဘုန်း..”

လောင်ကျွမ်းခြင်း စွမ်းအားသည် နဂါး၏အတောင်ပံများထဲသို့ ထိုးထွင်း ဝင်ရောက် သွားပြီး၊ ချင်ယွင်အား ပေတစ်ထောင် အကွာဝေးထိ နောက်သို့ လွင့်ထွက်သွား စေသည်။

ချင်ယွင်သည် အဝေးသို့ ဆုတ်ခွာသွားပြီးနောက်၊ သူသည် နိုးကြား သတိထားသော မျက်လုံးများဖြင့် မီးနဂါးပုလဲကို စိုက်ကြည့်နေသည်။

"ထွက်သွားစမ်း”။

မီးနဂါးရတနာပုလဲအထက်တွင် အခိုးငွေ့များ ထွက်ပေါ်လာပြီးနောက် သွေးနီရောင် ၀တ်စုံ ဝတ်ထားသော လူငယ်တစ်ဦးအဖြစ်သို့ အသွင်ပြောင်းသွားသည်။ ဤလူသည် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိနေပုံရပြီး ပြင်းထန်သော ဖိအားကို ထုတ်လွှတ် လိုက်သည်။

သွေးနီရောင်၀တ်စုံ ဝတ်ဆင်ထားသော လူငယ်သည် ချင်ယွင်ကို မထီမဲ့မြင်ပြုသော အမူအရာဖြင့် ကြည့်နေလေသည်။ ယခုလေးတင် ဟိန်းဟောက်သံက သူ၏ပါးစပ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

"အယ်….၊? အင်မော်တယ်ဘုရင်လား..?" ချင်ယွင်၏ မျက်နှာသည် ပြောင်းလဲသွား သော်လည်း၊ သူသည် အလွန်လျင်မြန်စွာ တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။

"ဆိုတော့၊ ဒါက အင်မော်တယ် စိတ်ဝိညာဉ်အမှတ်အသားတစ်ခုပဲ၊ အစစ်အမှန် ခန္ဓာကိုယ်ပိုင်ရှင်ကိုယ်တိုင် ဆင်းသက်လာမယ်လို့ ငါ ထင်ထားတယ်။" ချင်ယွင်၏ နှုတ်ခမ်းများက ပြုံးဟန်ဖြင့် တွန့်ကွေးသွားသည်။ ဤလူသည် အစစ်အမှန် ခန္ဓာကိုယ် မဟုတ်သောကြောင့်၊ သူသည် ဘာကို ကြောက်ရမည်နည်း?။

"ချာတိတ်လေး၊ ဒီနေရာက မင်းရောက်လာသင့်တဲ့ နေရာမဟုတ်ဘူးကွ။ ကြက်သွေးရောင်ဝတ် လူငယ်သည် ချင်ယွင်ကို ကြည့်ရင်း အေးစက်စွာ ပြောလိုက် သည်။ သူ၏လေသံက ပြင်းထန်သော အထင်မြင်သေးခြင်းနှင့် ပြည့်နေခဲ့သည်။

"ဘာလို့ ငါက ဒီကို ရောက်မလာနိုင်တာလဲ?။ ဒါက မင်းရဲ့နယ်မြေ မဟုတ်ဘူးလေ" ချင်ယွင်သည် ကြက်သွေးရောင်ဝတ် လူငယ်၏ လေသံကြောင့် ဒေါသထွက်ကာ၊ ချက်ချင်း အေးစက်စွာ ပြန်ပြောလိုက်သည်။

"ဟမ့်၊ ငါက အဲဒီမီးနဂါးပုလဲကို ဒီနေရာမှာ ထားခဲ့တာကွ။ ခွေးကောင်လေး၊ မင်း စောစောထွက်သွားတာ ပိုကောင်းလိမ့်မယ်။ မင်း ဘာအမှားမှ မလုပ်မိစေနဲ့။" ကြက်သွေးရောင်ဝတ် လူငယ်သည် ချင်ယွင်က သူ့ကို အမှန်တကယ် ချေပပြောဆို ဝံ့သည်ကို ကြားလိုက်ရလျှင်၊ အမျက်ဒေါသက ချက်ချင်း ထွက်ပေါ်လာသည်။

"အမှားယွင်းလား၊ မင်းရဲ့ အင်မော်တယ်စိတ်ဝိညာဉ် အမှတ်အသားလေးနဲ့လား?။ မင်းရဲ့ အစစ်အမှန်ခန္ဓာကိုယ်က ကိုယ်တိုင်ကိုယ်ကျ ရောက်လာမယ်ဆိုရင်တော့၊ ငါက အဲဒါကို စဉ်းစားပေးနိုင်တယ်။" ချင်ယွင်က သရော်ဟန်ဖြင့် ပြောလိုက်သည်။

"မင်းက သေခြင်းတရားကို တောင်းခံနေတာလား?။ ငါ ဘယ်သူလဲဆိုတာ မင်း သိရဲ့လား?" ကြက်သွေးရောင်ဝတ် လူငယ်၏ မျက်နှာသည် ချက်ချင်းပင် ပြင်းထန်သော ဒေါသများဖြင့် ပေါက်ဖွားလာခဲ့ပြီး၊ သူ၏မျက်လုံးများက ပြင်းထန်သော သတ်ဖြတ်လို စိတ်များ ဖြစ်ပေါ်လာသည်။

"မင်းက ဘယ်သူလဲ၊ မင်းက နဂါးဘုရင်မိုလို့လား?" ချင်ယွင်က အေးစက်သော အပြုံးဖြင့် မေးသည်။

"ဟမ့်၊ ကောင်စုတ်လေး။ မင်းပြောတာ မှန်တယ်။ ငါက မီးနဂါးမျိုးနွယ်၊ တော်ဝင် မိသားစုက နဂါးဘုရင် အောင်းဖန်းပဲ" ကြက်သွေးရောင်ဝတ်ထားသည့် လူငယ်က ချင်ယွင်၏ အံ့အားသင့်နေသော အမူအရာကို မြင်တွေ့ရန် စောင့်ဆိုင်းနေသကဲ့သို့ လှောင်ပြောင်ပြောလိုက်သည်။

"အိုး..တကယ်ကို တော်ဝင်နဂါး မျိုးနွယ်ကပါလား?" ချင်ယွင်က အံ့သြစွာ ပြောသည်။

တကယ်တော့၊ နဂါးဘုရင်သည် သူ့အပေါ် အမှန်တကယ် လွှမ်းမိုးနိုင်ခြင်း မရှိတော့ပေ။ ချင်ယွင်သည် ဟွန်ထန်းလုံထံမှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ရပြီး၊ နဂါးမျိုးနွယ်၏ အကြီးအကဲတစ်ဦးကို သတ်ပစ်ရမည်ကို သိထားရမည် ဖြစ်သည်။

ထိုသို့ဖြစ်လာခဲမှတော့၊ သူသည် နဂါးမျိုးနွယ်စု တစ်ခုလုံးကို တိုက်ခိုက်ရမည်ဆိုလျှင် ပင်၊ နဂါးဘုရင်ကို အဘယ့်ကြောင့် ကြောက်ရွှံ့နေမည်နည်း?။

"မျိုးမစစ်ကောင်၊ မင်းကြည့်ရတာ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီရဲ့ တပည့် တစ်ယောက် ဖြစ်ပုံရတယ်။ ဟုတ်တယ်မဟုတ်လား?။ မင်း ငါအောင်းဖန်းကို စော်ကား လိုက်တာနဲ့ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီထဲမှာ ခြေတစ်လှမ်းမှ မရွေ့နိုင်ဘူး ဆိုတာ မင်း သိထားရမယ်။ မင်း ကမ္ဘာမြေအဆုံးထိ ထွက်ပြေးမယ်ဆိုရင်တောင်၊ ငါ မင်းကိုရှာပြီး သတ်ပစ်မယ်" အောင်းဖန်းသည် ခြိမ်းခြောက်လိုက်ပြီး၊ သူ၏လေသံတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နေခဲ့သည်။

'"မင်းက စကားလုံးတွေ အများကြီးပြောပြီး ငါ့ကို ခြိမ်းချောက်ချင်နေတာမလား?။ တကယ်လို့၊ မင်းကိုယ်တိုင် လှုပ်ရှားလို့ရရင်၊ အခုချိန် မင်း လှုပ်ရှားပြီးသား ဖြစ်နေမှာ တောင် ငါကြောက်မိတယ်။ အခုလို အဓိပ္ပာယ်မရှိတဲ့စကားတွေ အများကြီး ပြောနေစရာတောင် မလိုဘူး။ တကယ်လို့ ငါခန့်မှန်းတာ မမှားရင်၊ မင်းရဲ့ တကယ့် အစစ်အမှန် ခန္ဓာကိုယ်က ဒီနေရာကို အခုချက်ချင်း ပြေးလာနေလောက်ပြီ။" ချင်ယွင်က သရော်ဟန်ဖြင့် ပြောလိုက်သည်။

အောင်းဖန်း၏ အမူအရာသည် ချက်ချင်း ပြောင်းသွားသည်။ မှန်ပါသည်၊ သူ၏ရှေ့မှ ဤမျိုးမစစ်ကောင် ပြောသလိုပင်၊ ယခုလေးတင် သူသည် စကားအများကြီး ပြောနေခဲ့သည်။ ဤကောင်သည် သူ့ကို အမှန်တကယ် နားလည်နေခဲ့သည်။

"ဟမ့်၊ ဒီမီးနဂါးရတနာပုလဲက ငါတို့မီးနဂါးမျိုးနွယ်ရဲ့ ရတနာတစ်ခုပဲ။ မင်း အဲဒါကို ရယူရင်လည်း မင်းအတွက် အသုံးမဝင်မှာကို ငါ ကြောက်မိတယ်။ ဒီလိုဆိုမှတော့၊ မင်းအနေနဲ့ ဘာမဟုတ်တာလေးအတွက်နဲ့ ကိုယ့်ကိုယ်ကို ရန်သူတွေထပ်များအောင် လုပ်နေတော့မှာလဲ?" အောင်းဖန်းက ထပ်ပြောသည်။

သို့သော်၊ ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက အထင်အမြင်သေးသည့် လှောင်ပြောင်ဟန် ဖြင့် လှုပ်ရှားသွားရင်း၊ အောင်းဖန်း သွေးအန်လုနီးပါးဖြစ်စေသည့် တစ်စုံတစ်ရာကို ပြောလိုက်ပါသည်။

"ဒီမီးနဂါးပုလဲနဲ့ ပတ်သက်ပြီး ငါ ဘာပဲလုပ်လုပ်၊ အဲဒါက မင်းကိစ္စ မဟုတ်ဘူး။ ငါက ဒီမီးနဂါးပုလဲကို အမှတ်တွေနဲ့ အရောင်းအဝယ်လုပ်လို့ရော မရနိုင်ဘူးလား?။" ချင်ယွင်က အေးစက်စွာ ပြောလိုက်ပြီး သူ၏လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာ သည်။

ဝှီး…။

ချင်ယွင်၏ ရုပ်အသွင်ပြင်သည် ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွား ပြီး အောင်းဖန်းဆီသို့ ပျံသန်းသွားခဲ့သည်။

အောင်းဖန်းသည် သူ၏ရှေ့မှ ဤလူသားသည် အမှန်တကယ် လှုပ်ရှားဝံ့မည်ဟု မမျှော်လင့်ထားခဲ့ပါဘူး။ သူသည် ချင်ယွင်ကို ချောက်ခြားတုန်သွားစေရန် မီးနဂါးပုလဲ၏ စွမ်းအားကို အလျင်အမြန် စုစည်းလိုက်သည်။

"ဟမ့်၊ နက်နဲသိမ်မွေ့သောနှလုံးသားဓား "

ချင်ယွင်သည် သူ၏ဓားကို ချက်ချင်း ဝှေ့ယမ်းလိုက်ပြီး၊ ထိုစွမ်းအားကို အပိုင်းပိုင်း ဖြစ်အောင် တိုက်ရိုက် စုတ်ဖြဲပစ်လိုက်သည်။

အကယ်၍၊ ဤအောင်းဖန်းသည်၊ မီးနဂါးပုလဲကို အသက်သွင်းလိုက်မည်ဆိုလျှင်၊ ချင်ယွင်သည် ထွက်ပြေးကောင်း ထွက်ပြေးသွားနိုင်သော်လည်း၊ သေးငယ်သည့် အင်မော်တယ်စိတ်ဝိညာဉ်အမှတ်အသားလေးတစ်ခုက သူ့ကို လုံးဝ မထိခိုက်စေနိုင်ပါ။

"သေလိုက်တော့”။

ချင်ယွင်၏ရုပ်အသွင်သည် အောင်းဖန်း၏ အင်မော်တယ်စိတ်ဝိညာဉ် အမှတ်အသား ရှေ့တွင် အတားအဆီးမရှိဘဲ ပေါ်လာသည်။ သူသည် သူ၏လက်ထဲမှ မြူနှင်း ချောက်နက်ဓားဖြင့် အောင်းဖန်း၏ အင်မော်တယ်စိတ်ဝိညာဉ် အမှတ်အသားဆီသို့ တိုက်ရိုက် ခုတ်ဖြတ်လိုက်သည်။

"မင်း နောင်တရလိမ့်မယ်။" အောင်းဖန်း၏ အင်မော်တယ်စိတ်ဝိညာဉ် အမှတ်အသား သည် ကျယ်လောင်စွာ အော်ပြောလိုက်သော်လည်း သူ၏စကားမဆုံးမီတွင် ချင်ယွင်၏ ဓားချက်ကြောင့် အပိုင်းပိုင်း ကွဲထွက်သွားရသည်။

"ဟမ့်၊ ငါ မင်းကို ရူးအောင်လုပ်ခဲ့ဦးမယ်။ တကယ်လို့၊ ငါ ထွက်သွားခဲ့ရင်၊ မင်းက ငါ့ကို ထွက်သွားခွင့် ပြုရမှာပဲ မဟုတ်လား.." ချင်ယွင်သည် ကျိုးပဲ့နေသော အင်မော်တယ် စိတ်ဝိညာဉ်အမှတ်အသားကို ကြည့်ရင်း၊ မထီမဲ့မြင်ပြုကာ ရယ်မောလိုက်သည်။

အောင်းဖန်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒက အလွန် ထင်ရှားစွာ ဖြစ်ပေါ်နေသည်။ အကယ်၍၊ သူသည် မီးနဂါးပုလဲကို လုယူမည့်အကြံကို စွန့်လွှတ်ခဲ့ မည်ဆိုလျှင်ပင်၊ အောင်းဖန်းက သူ့ကို အလွတ်ပေးမှာ မဟုတ်ပါဘူး။

ထို့ကြောင့်၊ ချင်ယွင်သည် အင်မော်တယ် စိတ်ဝိညာဉ်အမှတ်အသားကို သတ်ဖြတ်ပြီး၊ မီးနဂါးပုလဲကို လုယူသွားရုံသာ ရှိပါတော့သည်။ ဤနည်းဖြင့် သူသည် အမှတ်အချို့ကို လဲလှယ်နိုင်မည် ဖြစ်သည်။

မှန်ပါသည်၊ ချင်ယွင်သည် ဤမီးနဂါးပုလဲကို အမှတ်နှင့်လဲလှယ်ရန် အမှန်တကယ် စီစဉ်ထားပါသည်။ ဤမီးနဂါးပုလဲသည် ထိပ်တန်းအဆင့် အင်မော်တယ် ပစ္စည်းတစ်ခု နှင့် နှိုင်းယှဉ်နိုင်သော ရတနာတစ်ခု ဖြစ်သော်လည်း၊ ၎င်းသည် ချင်ယွင်အတွက် လုံးဝ အသုံးမဝင်ပေ။ ထို့အပြင်၊ သူသည် ဤမီးနဂါးပုလဲကို ထိလိုက်သည်နှင့် အောင်းဖန်းဟု ခေါ်သော ထိုနဂါးဘုရင်သည် ၎င်းကို ချက်ချင်း အာရုံခံနိုင်မည် ဖြစ်သည်။

"မီးနဂါးပုလဲက အနည်းဆုံး အမှတ် ၁၀၀၀၀၀ နဲ့ လဲလှယ်နိုင်သင့်ပါတယ်၊ ဟုတ်တယ် မဟုတ်လား။" ချင်ယွင်က သူ့ကိုယ်သူ ပြုံးလိုက်မိသည်။

ထို့နောက်၊ သူသည် မီးနဂါးရတနာပုလဲကို ကောက်ယူလိုက်သည်။ မီးနဂါးရတနာပုလဲ သည် အနှိုင်းမဲ့ ပူပြင်းလွန်းသည်။ သို့သော် ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်သည် သန်မာလာခဲ့ သည်။ ထိုအခြေနေမျိုးမှာ၊ နဂါးတောင်ပံများပါ ထည့်သွင်းလိုက်လျှင်၊ မီးနဂါးရတနာ ပုလဲသည် သူ့ကို လုံးဝ ဒုက္ခမပေးနိုင်ပါ။

"ဒီနေရာကနေ မြန်မြန် ထွက်သွားတာက ပိုကောင်းလိမ့်မယ်။ ဒီနဂါးဘုရင်က မကြာခင် ရောက်လာလိမ့်မယ်။" ထိုအကြောင်းကို စဉ်းစားရင်း ချင်ယွင်သည် မီးနဂါးရတနာပုလဲ ကနဦးစကြဝဠာထဲကို ပစ်ချလိုက်ပါသည်။ ဤနည်းဖြင့် နဂါးဘုရင်သည် ကြီးမားသော စွမ်းရည်ရှိလျှင်ပင် မီးနဂါးပုလဲကို အာရုံ မခံစားနိုင်တော့ပေ။

ဝှီး။

ချင်ယွင်၏ ရုပ်အသွင်သည် ဖရိုဖရဲကြယ်ပင်လယ်၏ နက်ရှိုင်းရာအရပ်ဆီသို့ ပျောက်ကွယ်သွားခဲ့ပြီး၊ သူသည် ဤမစ်ရှင်ကို စတင် လုပ်ဆောင်တော့မည်။

သို့သော်၊ ချင်ယွင်ထွက်ခွာသွားပြီး တစ်နာရီအကြာတွင် ဤစူပါကြယ်ကြီးရှေ့မှာ၊ အလွန် လျင်မြန်သော အနီရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။ ဤလူသည် အောင်းဖန်း၏ တကယ့် အစစ်အမှန် ပုဂ္ဂိုလ် ဖြစ်ပါသည်။

စွမ်းအင်များ ကုန်ခမ်းနေသော ဤစူပါကြယ်ကြီးကို မြင်လိုက်ရသောအခါတွင်၊ သူ၏ မျက်လုံးများသည် ချက်ချင်းပင် အံ့အားသင့်သွားသည့်ဟန် ပေါ်လွင်လာသည်။

ထို့နောက်တွင်၊ သူသည် တစ်ခုခုကို သတိရသွားပုံရပြီး၊ သူ၏ခန္ဓာကိုယ်က အလင်းတစ်ချက် လင်းလက်မူနှင့်အတူ သူသည် စူပါကြယ်ကြီး၏ အလယ်ဗဟိုတွင် ပေါ်လာခဲ့သည်။

ကြယ်အူတိုင်အတွင်းမှ လွတ်နေသော နေရာကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးထဲတွင်၊ ပြင်းထန်သော သတ်ပစ်ချင်စိတ်တွေက ချက်ချင်း ပျံ့နှံ့ပေါ်လာသည်။ ထို့နောက်တွင်၊ အနှိုင်းမဲ့ ဒေါသတကြီး ဟိန်းဟောက်သံသည် ကြယ်အူတိုင်အတွင်းမှ ထွက်ပေါ်လာပြီး၊ စွမ်းအင်ကုန်ခမ်းနေသော စူပါကြယ်ကြီးအား လုံးလုံး ပေါက်ကွဲသွားစေခဲ့သည်။

"မင်းက ငါ့ရဲ့ မီးနဂါးပုလဲကို ခိုးယူပြီး၊ ငါ့ရဲ့ အင်မော်တယ်စိတ်ဝိညာဉ်အမှတ်သားကို သတ်ရဲမှတော့၊ မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်းကို သေချာပေါက် တွေ့အောင်ရှာတွေ့ပြီး မင်းရဲ့အလောင်းကို အစိတ်ပိုင်း တစ်သောင်းလောက်ဖြစ်အောင် စုတ်ဖြဲပစ်မယ်။"

အောင်းဖန်း၏ မျက်လုံးများတွင် ကြီးမားပြင်းထန်သော သတ်ဖြတ်လိုစိတ် ဖြစ်ပေါ် လာခဲ့ပြီး၊ သူ၏ပုံရိပ်သည် အနီရောင် အလင်းတန်းတစ်ခုအဖြစ်သို့ အလျင်မြန် ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့ပါသည်။

All Chapters