← Chapters

အခန်း ၈၀၈

Vol. 54 Ch. 808

အခန်း ၈၀၈

Vol. 54 Ch. 808

အခန်း (၈၀၈) ကြယ်ဆိတ်သုဉ်းခြင်းသားရဲ။

ချင်ယွင်သည် စူပါကြယ်ကြီးမှ ထွက်ခွာပြီးနောက်တွင် ကြယ်ဆိတ်သုဉ်းခြင်း သားရဲ များ၏ ခြေရာများကို ရှာတွေ့ရန် ရှေးဟောင်းဖရိုဖရဲ ပင်လယ်ပြင်ထဲတွင် စတင် ရှာဖွေခဲ့သည်။

ကြယ်ဆိတ်သုဉ်းခြင်းသားရဲများသည် ရှေးဟောင်းဖရိုဖရဲပင်လယ်ထဲတွင် နေထိုင်သော ဆိတ်သုဉ်းခြင်းသားရဲများ ဖြစ်ကြပါသည်။ သူတို့သည် ကြယ်တွေကို စားသောက်ကြီး ပြီး၊ ကြီးမားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ကြသည်။

ကြယ်ဆိတ်သုဉ်းခြင်းသားရဲများ၏ ခွန်အားသည် ယေဘုယျအားဖြင့် လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်နယ်ပယ် အဆင့်တွင် ဖြစ်သည်။ ကြယ်ဆိတ်သုဉ်းခြင်း သားရဲများ၏ သားရဲဘုရင်သည်သာလျှင် အင်မော်တယ်ဘုရင်အဆင့် ခွန်အားကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပြီး၊ ကြယ်ဆိတ်သုဉ်းခြင်းသားရဲများ၏ သားရဲဘုရင်သည် အလွန်မင်း ရှားပါးပါသည်။

ယခုအကြိမ်၊ ချင်ယွင်၏တာဝန်မှာ ကြယ်ဆိတ်သုဉ်းခြင်းသားရဲ အကောင်တစ်ရာကို သတ်ဖြတ်ရန် ဖြစ်ပါသည်။ သူသည် ကြယ်ဆိတ်သုဉ်းခြင်းသားရဲ သားရဲဘုရင်နှင့်၊ မကြုံတွေ့သရွေ့တော့၊ သူ့အတွက် အလွန်လွယ်ကူသည့် အလုပ်ဖြစ်ပါလိမ့်မည်။

ဝှီး…။

ချင်ယွင်သည် လေဟာနယ်ကို ဖြတ်သန်းကာ ဧရာမဂြိုလ်တစ်ခုဆီသို့ ပျံသန်းသွား သည်။

ဤအခိုက်အတန့်တွင်၊ ထိုဂြိုလ်ပေါ်မှာ တွားသွားနေသည့် ဧရာမဖွတ်ကြီးနှင့်တူသော ဧရာမမွန်းစတား အကောင်ကြီးတစ်ကောင် ရှိနေပါသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး ကို အနက်ရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး၊ လူများကို မယုံကြည်နိုင်လောက် သည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။ ဒုတိယအနေနှင့်၊ ၎င်း၏အရွယ်အစားသည် ဂြိုဟ်တစ်ခုလုံး၏ သုံးပုံတစ်ပုံနီးပါးကို သိမ်းပိုက်ထားပါသည်။

သူသည် ဂြိုလ်တစ်ဝက်ကို စားသောက်ခဲ့ပြီး ဖြစ်ကာ၊ ထိုဂြိုလ်၏မြေမျက်နှာပြင်သည် မကြုံစဖူး အပေါက်များနှင့် ပြည့်နှက်လာသည်။

ချင်ယွင်၏ ချဉ်းကပ်လာမှုကို အာရုံခံမိလိုက်ပုံရပြီး မွန်းစတားကြီးသည် ဟိန်းဟောက် သံတစ်ချက် ထုတ်ဖော်လိုက်သည်။ ချင်ယွင်ကို ကြည့်နေစဉ် ၎င်း၏ ကြီးမားသော မျက်လုံးကြီးများသည် နီမြန်းသောအလင်းရောင်များဖြင့် ဝင်းလက်တောက်ပနေသည်။

"လူသား၊ ထွက်သွားစမ်း”

ကြယ်ဆိတ်သုဉ်းခြင်းသားရဲကြီးသည် သူ၏လူသားပုံစံကို ပေါင်းစည်းနိုင်စွမ်း မရှိသော် လည်း ၎င်းသည် လူသားတစ်ယောက်အောက် ဉာဏ်ရည်နိမ့်ပါးခြင်း မရှိပေ။ သူသည် တချက်ကြည့်ရုံဖြင့်၊ ချင်ယွင်သည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်ကို မြင်လိုက်ရလျှင်၊ သူသည် ဒေါသတကြီး အော်ဟစ်လိုက်သည် ။

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းမှ လှောင်ပြောင်ဟန်တစ်ချက် ထွက်ပေါ်လာသည်။ သူသည် အဓိပ္ပါယ်မရှိသည့် စကား ဘာတစ်ခွန်းမှ မပြောတော့ဘဲ၊ ကြယ်ဆိတ်သုဉ်း ခြင်းသားရဲကြီးဆီ တဟုန်ထိုး ပြေးဝင်သွားသည်။

"မင်းက သေချင်နေတာပဲ" နက်နက်သိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးက သူ၏ရှေ့မှောက်တွင် မတုန်မလှုပ် ဖြစ်နေသည်ကို ကြယ်ဆိတ်သုဉ်းခြင်း သားရဲကြီး မြင်လိုက်သောအခါတွင်၊ ပြင်းထန်သော အမျက်ဒေါသက သူ၏ မျက်လုံးထဲ တွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။

သူ၏ခွန်အားသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အလယ်လတ် အဆင့်ရှိ လူသားကျင့်ကြံသူများနှင့် နှိုင်းယှဉ်နိုင်သည်။ သူ့အနေဖြင့်၊ အထွတ်အထိပ် အဆင့် နက်နဲသိမ်မွေ့သိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများအား သတ်ဖြတ်ရန် အလွန်လွယ်ကူလွန်းသည်။ ထို့ကြောင့်၊ သူသည် ချင်ယွင်ဆီသို့ ချွန်ထက်ပြီး ကြီးမားသော လက်သည်းကို တိုက်ရိုက် ဖြန့်လိုက်သည်။ ထိုဧရာမ လက်သည်းတွင် ကြီးမားသော စွမ်းအားများ ပါရှိနေသည်။

သူ၏အမြင်အရ၊ ဤလက်ဖဝါးရိုက်ချက်သည် ၎င်း၏ရှေ့ရှိလူသားအား ကြိတ်ချေထား သည့် အသားစများအဖြစ်သို့ ပြောင်းလဲသွားစေမည်ဖြစ်ပြီး၊ အောက်မှာရှိနေသည့် ကြယ်များကိုပင် အပိုင်းပိုင်း ခွဲသွားမည် ဖြစ်သည်။

“ဘုန်း..”

မြေကြီးတုန်ခါလောက်သည့် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီးနောက်၊ ကြယ်များ ပေါက်ကွဲသွားမည့် မြင်ကွင်းမျိုးလည်း ပေါ်မလာခဲ့ပေ။

"ဘာလဲ…?" ကြယ်ဆိတ်သုဉ်းခြင်းသားရဲကြီးသည် ထိတ်လန့်တုန်လှုပ်စွာ အော်လိုက် ရင်း ၎င်း၏ မျက်လုံးကြီးများက တုန်လှုပ်ခြောက်ခြားသွားဟန် အမူအရာကို ပေါ်လွင်စေသည်။

သူရိုက်လိုက်သည့် ဧရာမလက်သည်းကြီးသည် အမှန်တကယ်ပင် လက်နှစ်ဘက်ဖြင့် ဒယ်ဆောက်အိုးကြီးကို ကိုင်ထားသည့်အလား သူ၏ရှေ့မှ လူသား၏ အတင်း တွန်းကန်ထားမူကို ခံနေရသည်။ သူ မည်မျှပင် ကြိုးစားကြိုးစား၊ သူ၏လက်ဖဝါးသည် လူသားဆီရောက်အောင် အောက်ကို ဖိချလို့မရတော့ပါဘူး။

"လူသားတစ်ယောက်မှာ ဒီလောက်ကြောက်စရာကောင်းတဲ့ ခွန်အားမျိုး ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ?" ကြယ်ဆိတ်သုဉ်းခြင်းသားရဲကြီးသည် သူ့ကိုယ်သူ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ သူ၏နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင် သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

"ကြည့်ရတာ၊ ဒီကောင်ကြီးက ခွန်အားနည်းနည်းတော့ ရှိသားပဲ" ချင်ယွင်သည် သူ၏စိတ်ထဲတွင် တဟားဟား ရယ်နေမိသည်။

သူသည် ကြယ်ဆိတ်သုဉ်းခြင်းသားရဲ၏ ချွန်ထက်သော ခြေသည်းတစ်ချောင်းကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားရင်း၊ သူ၏ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နတ်ဘုရား စွမ်းအားက သူ၏လက်နှစ်ဖက်ဆီသို့ ရုတ်တရက် ဝင်လာသည်။

တခဏအတွင်းမှာပင်၊ ချင်ယွင်သည် ကောင်းကင်နတ်ဘုရားတစ်ပါးကဲ့သို့ သူ့ထက် အဆပေါင်း မရေမတွက်နိုင်အောင် ကြီးမားသော ကြယ်ဆိတ်သုဉ်းခြင်းသားရဲကြီးကို တိုက်ရိုက် ပင့်မြှောက်တင်လိုက်သည်။

“ဘုန်း..”

သူ၏ ပခုံးတစ်ဖက်သည် ပြင်းထန်စွာ ပြိုဆင်းသွားသည်။

ချင်ယွင်၏အောက်ရှိ ဂြိုလ်သည် ချက်ချင်း ပေါက်ကွဲသွားသည်။ ဂြိုလ်ကြီးတစ်ခုလုံး သည် ရှေးဟောင်း ဖရိုဖရဲ ပင်လယ်ထဲတွင် မီးရှူးမီးပန်းကြီးတစ်ပွင့် ပွင့်လန်းသွား သကဲ့သို့ အနှိုင်းမဲ့ လင်းလက်တောက်ပသွားသည်။

“အား…..”

ကြယ်ဆိတ်သုဉ်းခြင်းသားရဲသည် ကြေကွဲဖွယ် အော်ဟစ်သံဖြင့် အော်ဟစ်လိုက်သည်။ သိသိသာသာပင်၊ ဤပြင်းထန်သော ပစ်ချခံရမူသည် သူ့အား ပြင်းထန်သော နာကျင်မှု ကို ခံစားခဲ့ရသည်။

ချင်ယွင်၏ ရုပ်အသွင်ပြင်သည် ဖျတ်ခနဲ လင်းလက်သွားပြီး ကြယ်ဆိတ်သုဉ်းခြင်း သားရဲကြီး၏ ဝမ်းဗိုက်အတွင်းမှ တစ္ဆေသရဲကဲ့သို့ ထွက်ပေါ်လာသည်။ လှပသော ကြယ်ရောင်ဝတ်လုံကို ၀တ်ဆင်ထားသကဲ့သို့ သူ၏ခန္ဓာကိုယ်ပေါ်တွင် ကောင်းကင် နတ်ဘုရားစွမ်းအားများက တဟုန်ထိုး ပျံ့နှံ့တက်လာခဲ့သည်။

“ဘုန်း…."

ချင်ယွင်၏ လျင်မြန်ပြင်းထန်သော သံမဏိလက်သီးချက်ကြောင့် ကြယ်ဆိတ်သုဉ်းခြင်း သားရဲ၏ကြီးမားလှသော ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး၊ သူ၏ ပါးစပ်မှ သွေးများ စီးထွက်လာခဲ့သည်။

"လူသား၊ ငါ မင်းကို သတ်မယ်" ကြယ်ဆိတ်သုဉ်းခြင်းသားရဲကြီးသည် ပြင်းပြင်း ထန်ထန် ဒေါသအမျက်ထွက်သွားကာ၊ သူ၏ခန္ဓာကိုယ်မှ ရှေးဟောင်း အငွေ့အသက် များ ထွက်လာသည်။

"တကယ်လား ကံမကောင်းစွာပဲ၊ မင်းမှာ အခွင့်အရေး မရှိတော့ဘူး" ချင်ယွင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏လက်ထဲတွင် မြူနှင်းချောက်နက်ဓားက ထွက်ပေါ်လာသည်။ သူသည် ချက်ချင်းဆိုသလို လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို အသက်သွင်းလိုက်သည်။

တခဏအတွင်းမှာ၊ အစိမ်းပြာရောင် အမှုန်မွှား အလင်းတန်းများသည် လျှပ်စီးလက် သကဲ့သို့ ကြယ်ဆိတ်သုဉ်းခြင်းသားရဲ၏ ခန္ဓာကိုယ်အနှံ့ အပြန်ပြန် အလှန်လှန် ပျံ့လွင့် သွားခဲ့သည်။ ၎င်း၏အရှိန်သည် အလွန်လျင်မြန်လွန်းသဖြင့် ကြယ်ဆိတ်သုဉ်းခြင်း သားရဲကြီးသည် လက်တုံ့ပြန်ရန်ပင် နေရာမရှိသလောက်ပင်။

"ဖူး…”။

ကြီးမားလှသော ကြယ်ဆိတ်သုဉ်းခြင်းသားရဲကြီးသည် အစိမ်းပြာရောင် အလင်း အမှုန်မွှားများအောက်တွင် ခုနစ်ပိုင်း သို့မဟုတ် ရှစ်ပိုင်း ကွဲသွားခဲ့ပြီး၊ လုံးဝ သေဆုံးသွားခဲ့ရသည်။

ဝှီး..။

ချင်ယွင်၏ ရုပ်အသွင်သည် လေဟာနယ်ထဲတွင် ပေါ်လာပြီး လက်ဖဝါးအရွယ် လင်းလက်တောက်ပနေသော ကြယ်အူတိုင်တစ်ခုက သူ၏ဘယ်ဘက်လက်တွင် ပေါ်လာသည်။

ဤကြယ်အူတိုင်သည် ကြယ်ဆိတ်သုဉ်းခြင်းသားရဲကြီးများ၏ စစ်မှန်သော စွမ်းအင် အရင်းအမြစ် ဖြစ်သည်။ ကြယ်ဆိတ်သုဉ်းခြင်းသားရဲကြီးတိုင်းသည် ၎င်းတို့၏ ခန္ဓာကိုယ်တွင် ဤကဲ့သို့ ကြယ်အူတိုင်တစ်ခုစီကို ပိုင်ဆိုင်ထားကြသည်။ ဤမစ်ရှင် ပြီးမြောက်ရန်အတွက်၊ ချင်ယွင်သည် အကဲဖြတ်မှုစံနှုန်းအဖြစ် ဤကြယ်အူတိုင်ကို အသုံးပြုရမည် ဖြစ်သည်။ ကြယ်အူတိုင် တစ်ရာကို လွှဲပြောင်းပေးခြင်းသည် ဤမစ်ရှင် ပြီးဆုံးသွားခြင်းဟု ယူဆပါသည်။

"ငါ ပထမဆုံး ကြယ်အူတိုင်ကို ရရှိခဲ့ပြီ။ ကြယ်ဆိတ်သုဉ်းခြင်းသားရဲကြီးတွေကို ဆက်ရှာရမယ်။" ချင်ယွင်သည် ကြယ်အူတိုင်ကို သူ၏သိုလှောင်ကွင်းထဲသို့ ထည့်ပြီးနောက် ရှေးဟောင်းဖရိုဖရဲပင်လယ်တွင် ကြယ်ဆိတ်သုဉ်းခြင်း သားရဲကြီးများ ၏ ခြေရာများကို စတင်ရှာဖွေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ၊ အချိန်တစ်လကျော် ကုန်ဆုံးသွားခဲ့ပြီ။ ယခုလအတွင်း၊ ချင်ယွင်သည် ကြယ်ဆိတ်သုဉ်းခြင်းသားရဲကိုရှာဖွေပြီး ၎င်းတို့ကို သတ်ဖြတ်ကာ၊ ကြယ်အူတိုင်များကို ရှာဖွေစုဆောင်းခဲ့သည်။

ထို့အပြင်၊ သူ၏ကံက တော်တော်လေး ကောင်းမွန်ပါသည်။ ဤလတွင် သူသည် ကြယ်ဆိတ်သုဉ်းခြင်းသားရဲသားရဲ ကိုးဆယ့်ရှစ်ကောင်နှင့် ကြုံတွေ့ခဲ့ရသည်။

အများစုမှာ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်တွင် ရှိကြပြီး၊ ချင်ယွင်သည် ၎င်းတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။ ၎င်းတို့ထဲတွင် လေးကောင်သာ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့် မှာ ရှိနေကြသည်။ ချင်ယွင်သည် အနည်းငယ် အားစိုက်ထုတ်ပြီးနောက်၊ ၎င်းတို့အတွက် အနည်းငယ် ရုန်းကန်ရန်ပင် နေရာမရှိပါချေ။

ယခု ချင်ယွင်သည် သူ၏ဓားသိုင်းပညာရပ်ကို ပေါင်းစပ်နိုင်ပြီ ဖြစ်သည့်အတွက်၊ သူ့အနေဖြင့်၊ သာမန် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွက်အထိပ် အဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်ရန် မခက်ခဲလှပေ။ နိယာမများကို ပြီးပြည့်စုံ သည်အထိ နားလည်သဘောပေါက်ထားသော ပြိုင်ဘက်များနှင့် မတွေ့ပါက၊ အခြားမည်သူမဆို ချင်ယွင်၏ ပြိုင်ဘက်ဖြစ်ရန် အလွန် ခက်ခဲပေလိမ့်မည်။

ဝှီး…။

ချင်ယွင်သည် အလင်းတန်းများကဲ့သို့ ဆက်တိုက်ပြောင်းလဲကာ၊ ရှေးဟောင်းဖရိုဖရဲ ပင်လယ်ကို ဖြတ်၍ ကြယ်ဆိတ်သုဉ်းခြင်းသားရဲ၏ ခြေရာများကို ရှာဖွေနေခဲ့သည်။ သူသည် နောက်ထပ် နှစ်ကောင်ကို သတ်နိုင်သည်နှင့်၊ ကြယ်အူတိုင်တစ်ရာအထိ စုဆောင်းနိုင်မှာ ဖြစ်ပြီး၊ ဤအဆင့်နိ မ့်မစ်ရှင်လည်း ပြီးမြောက်ပါလိမ့်မည်။

"အယ်…၊ အဲဒါက ဘာလဲ?"

သို့သော်လည်း၊ ထိုအချိန်တွင် ချင်ယွင်သည် သူ၏မျက်လုံးရှေ့တွင် နက်မှောင်သော ခရမ်းရောင် အလင်းတန်းများ ရုတ်တရက် ဖျတ်ခနဲ လင်းလက်သွားသည်ကို သတိပြုမိ လိုက်သည်။

ချင်ယွင်သည် ပျံသန်းနေသော အရာဝတ္တုအတွင်း ပါ၀င်နေသည့် ပြင်းထန်သော လျှပ်စီး အငွေ့အသက်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည် ။

ဝှီး…။

ဤအခိုက်အတန့်တွင်၊ နက်ရှိုင်းသော ရှေးဟောင်းဖရိုဖရဲ ပင်လယ်ထဲမှ နောက်ထပ် အလင်းတန်းများ လျင်မြန်စွာ ထွက်ပေါ်လာသည်။ နက်မှောင်သော ခရမ်းရောင် အလင်းတန်းသည် ချင်ယွင်၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ရောက်ရှိလာခဲ့ပြီး၊ ၎င်း၏ အမြန်နှုန်းသည် ခရမ်းရောင်သက်တံကဲ့သို့ မြန်ဆန်လွန်းလှသည်။

ဘန်း။

ချင်ယွင်သည် အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ ခရမ်းရောင်အလင်းတန်းကို ပိတ်ဆို့ရန် သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ သူသည် ဖရိုဖရဲ အင်မော်တယ် အနှစ်သာရနှင့် ကောင်းကင် နတ်ဘုရားစွမ်းအားကို စုစည်းလိုက်သည်။ အင်အားနှစ်ခုသည် ချက်ချင်း ထွက်လာခဲ့ပြီး ပြင်းထန်သော စွမ်းအင်အတက်အကျ လှိုင်းများက ချင်ယွင်၏ လက်ဖဝါးကို လွှမ်းခြုံသွားသည်။

ခရမ်းရောင်အလင်းတန်းသည် ဖရိုဖရဲ အင်မော်တယ် အနှစ်သာရ၊ ကောင်းကင် နတ်ဘုရားစွမ်းအားတို့နှင့် ပေါင်းစပ်ထားသည့် ချင်ယွင်၏လက်ဖဝါးနှင့် တိုက်မိသွား သည်။

"ဘန်း…။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ် တုန်လှုပ်သွားသည်ကို ခံစားလိုက်ရပြီး၊ သူသည် ခရမ်းရောင်အလင်းတန်းကြောင့် လွင့်ပျံသွားကာ အဝေးမှ ဂြိုလ်တစ်ခုကို အပြင်းအထန် ဝင်တိုက်ပြီး ကောင်းကင်တုန်ခါလောက်သည့်အသံက ထွက်ပေါ်လာသည်။

ကြယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ၎င်း၏ မူလလမ်းကြောင်းမှ သွေဖည်လု နီးပါးပင် ဖြစ်သွားရသည်။ ဒါတောင်မှ၊ ချင်ယွင်၏ အပြင်းအထန် ဝင်တိုက်မူကြောင့် ကြယ်ကြီးသည် ထိတ်လန့်တုန်လှုပ်ဖွယ် တွင်းနက်ကြီးအဖြစ် ဖြစ်ပေါ်လာသေးသည်။

ချင်ယွင်သည် တွင်းကြီးထဲတွင် လဲလျောင်းနေရင်း၊ သူ၏လက်ထဲမှ အရာဝတ္ထုအား ကြည့်ကာ သူ၏မျက်လုံးများတွင် အံ့သြမူနှင့်အတူ ပျော်ရွှင်သည့်အမူအရာ ပေါ်လွင်နေ သည်။

All Chapters