အခန်း ၈၀၉
Vol. 54 Ch. 809
အခန်း (၈၀၉) မိုးကြိုးအရင်းအမြစ်ကျောက်တုံး။
"မိုးကြိုးအရင်းအမြစ်ကျောက်တုံးလား..?” ချင်ယွင်သည် အံ့သြစွာ အော်ပြောလိုက်မိ သည်။
ချင်ယွင်၏ လက်ထဲတွင် မျက်လုံးတစ်လုံးအရွယ်ရှိ ကျောက်တုံးတစ်တုံးသည် ငြိမ်သက် စွာ လဲလျောင်းနေ၏။ ကျောက်တုံးတစ်ခုလုံးသည် နက်မှောင်ပြီး ခရမ်းရောင်ဖြစ်ကာ၊ ထွင်းဖောက်မြင်ရပြီး ပုံမှန်မဟုတ်သော်လည်း၊ ပြင်းထန်သော လျှပ်စီးစွမ်းအင်များ ပါရှိနေသည်။
မိုးကြိုးအရင်းအမြစ် ကျောက်တုံးများသည် ဖရိုဖရဲ ပင်လယ်အတွင်းရှိ အထူးစွမ်းအင် ကိုယ်ထည် သလင်းကျောက်များ ဖြစ်သည်။ သလင်းကျောက်တစ်ခုလုံးသည် ပြင်းထန် သည့် လျှပ်စီးသဘာဝစွမ်းအင်များဖြင့် ပေါင်းစပ်ထားသည်။
ဤလျှပ်စီးသဘာဝစွမ်းအင်သည် လူတစ်ဦး၏ ကျင့်ကြံမူအခြေခံကို မတိုးမြင့်နိုင် သော်လည်း၊ ၎င်းသည် လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်နိုင်ပါသေးသည်။ ၎င်းသည် လူတစ်ယောက်၏ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အားကောင်းစေခြင်းသည် လျှပ်စီးစွမ်းရည် ကျင့်ကြံသူများ အိပ်မက်မက်ခဲ့သည့် ရတနာတစ်ခု ဖြစ်လေသည်။
"ငါ ဒီမိုးကြိုးအရင်းအမြစ် ကျောက်တုံးကို ကြုံတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ကြည့်ရတာ၊ ငါ့ကံက တော်တော်ကောင်းနေပုံရတယ်။ ကံမကောင်းစွာပဲ၊ ဒီမိုးကြိုး အရင်းအမြစ်ကျောက်တုံးက အလွန်သေးလွန်းတယ်။ ငါ ဒီထက်မက ပိုရချင်သေး တယ်" ချင်ယွင်သည် သူ၏လက်ထဲမှ မိုးကြိုးအရင်းအမြစ်ကျောက်တုံးကို ကြည့်ပြီး၊ သူ့ကိုယ်သူ ဝမ်းနည်းဟန်ဖြင့် ထေ့ငေါ့ ပြောလိုက်သည်။
သို့သော်၊ သူပြောပြီးသည်နှင့် ထိုမိုးကြိုးအရင်းအမြစ်ကျောက်တုံး ဖြတ်သန်းလာသည့် ဦးတည်ရာအရပ်ဆီမှ လေဟာနယ်လှိုင်းလုံးအချို့ ထွက်ပေါ်လာသည်ကို သူ တွေ့ရှိ လိုက်ရသည်။
“ဝှီး…. ဝှီး…. ဝှီး..”
နက်မှောင်နေသော ခရမ်းရောင် အလင်းတန်းများသည် သူ့ဆီသို့ ပျံသန်းလာသည်ကို သာ မြင်နိုင်ပြီး၊ ၎င်းတို့သည် တပြိုင်နက်တည်း အနည်းဆုံး ထောင်ဂဏန်းခန့် ရှိနေပြီ ဖြစ်သည်။
"အများကြီးပါလား..?" ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်ယွင်၏ မျက်လုံးများ သည် ပြူးကျယ်သွားပါသည်။ သူ၏ပါးစပ်က ဘယ်အချိန်ကတည်းက ဉာဏ်ကောင်း လာတာပါလိမ့်။ ယခုလေးတင်၊ သူသည် မိုးကြိုးအရင်းအမြစ်ကျောက်တုံးများ အများပြားရချင်ဟု ပြောလိုက်ရုံရှိသေး၊ တစ်ကြိမ်တည်းဖြင့် အများအပြား ရောက်လာ ခဲ့သည်။
ခဏအကြာမှာ၊ ချင်ယွင်၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်ချက် လင်းလက်သွားသည်။
"ကြည့်လိုက်စမ်း၊ မိုးကြိုးအရင်းအမြစ်ကျောက်တုံးတွေ အများကြီးရှိနေတာပဲ”။
"နေပါဦး။ ဒီမိုးကြိုးအရင်းအမြစ်ကျောက်တုံးက မယုံနိုင်စရာ ရတနာတစ်ခုပဲ။ ဒါတွေက ရုပ်ခန္ဓာကိုယ်ကို အားကောင်းစေနိုင်တယ်။"
ချင်ယွင်နှင့် မလှမ်းမကမ်းမှာ မူလကတည်းကရှိနေသော ကျင့်ကြံသူများသည် ပျံ့နှံ့ ထွက်ပေါ်လာသော မိုးကြိုးအရင်းအမြစ်ကျောက်တုံးမိုးကြောင့် ချက်ချင်း အံ့ဩသွား ကြပြီး၊ သူတို့အားလုံးသည် မိုးကြိုးအရင်းအမြစ်ကျောက်တုံးများကို ကြားဖြတ်ယူလို သည့်ဆန္ဒဖြင့်၊ နက်မှောင်သော ခရမ်းရောင်အလင်းတန်းများ ပျံသန်းလာရာ လမ်းကြောင်းဆီသို့ ပြေးသွားကြသည်။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။ ဤမိုးကြိုး အရင်းအမြစ်ကျောက်တုံးတွေကို တားဆီးရန်အတွက် သူသည် အလျင်စလို မလုပ်ခဲ့ပါ ဘူး။ အဆုံးတော့၊ ဤမိုးကြိုးအရင်းအမြစ်ကျောက်တုံးကို ယခုလေးတင် သူကိုယ်တိုင် ပိတ်ဆို့တားဆီးဖူးပြီသားလေ။
“အား..”
ဟုတ်ပါသည်။ ချင်ယွင်သည် သူ၏အပြုံးကို ပြန်မထိန်းနိုင်ခင်မှာပင်၊ သနားစဖွယ် အော်ဟစ်သံတွေက အဝေးကနေ ထွက်ပေါ်လာပါသည်။
လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦး သည် မိုးခြိမ်းသံအရင်းအမြစ်ကျောက်တုံးကို ကြားဖြတ်ဖမ်းယူရန် ရောက်ရှိလာစဉ်၊ လျင်မြန်စွာ ပျံသန်းနေသော မိုးကြိုးအရင်းအမြစ်ကျောက်တုံးသည် သူ၏ရင်ဘတ်မှ တဆင့် သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်သည် သွေးစွန်းနေသော မြူမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
မည်မျှ အဓိပ္ပာယ်မဲ့လိုက်ပါသနည်း။ ဤမိုးကြိုးအရင်းအမြစ် ကျောက်တုံးများကို ကြားဖြတ်ဖမ်းယူရန် အလွန်လွယ်ကူနေပါက၊ ချင်ယွင်သည် လှုပ်ရှားပြီး ဖြစ်လိမ့်မည်။ သူသည် အဘယ့်ကြောင့် မလှုပ်ရှားဘဲ ထိုနေရာတွင် ရပ်နေရမည်နည်း?။
ချင်ယွင်သည် သူတို့အား အမှန်တစ်ကယ် ပြောပြချင်သည်က "အဝေးက အလွန် ကြီးမားတဲ့ ဂြိုလ်ကြီးတစ်ခုကို ဒီမိုးကြိုးအရင်းအမြစ်ကျောက်တုံးတွေက တိုက်ရိုက် ထိုးဖောက်နေတာကို မင်းတို့ မမြင်ဘူးလား။ ပြီးတော့ ဂြိုလ်တစ်ခုလုံး ပေါက်ကွဲနေတာ ကို မမြင်ကြဘူးလား?” ဟူ၍ပင်။
ဟုတ်ပါသည်၊ ချင်ယွင်ကတော့ ဤကိစ္စနှင့်ပတ်သက်၍ သိပ်ပြီး စိတ်အနှောက်ယှက် ဖြစ်ခံမှာ မဟုတ်ပါဘူး။ ဤကျင့်ကြံသူများ၏ သေခြင်းရှင်ခြင်းသည် သူနှင့် ဘာမှ မသက်ဆိုင်ပါဘူး။ ထိုလူသည် ရတနာများအပေါ် လောဘကြီးနေသော်လည်း၊ ၎င်းတို့ကို ရယူနိုင်စွမ်း မရှိခဲ့ပေ။ ဤကိစ္စနှင့်ပတ်သက်ပြီး မည်သူမှ သူ့ကို အပြစ် မတင်နိုင်ပါဘူး။
သနားစရာ အော်ဟစ်သံများ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြသည်။ အဆိုပါ ကျင့်ကြံသူများသည် မိုးကြိုးအရင်းအမြစ်ကျောက်တုံးဖြင့် ထိုးဖောက်ခံရခြင်း၊ သို့မဟုတ် ၎င်းတို့၏ လက်မောင်းတစ်ခုလုံး မိုးကြိုးအရင်းအမြစ် ကျောက်တုံးများ ကြောင့် သုံးစားမရသည်အထိ ပျက်စီးသွားခြင်းတို့ကြောင့် ဖြစ်ပါသည်။
မိုးကြိုးအရင်းအမြစ်ကျောက်တုံးများကို ဖမ်းယူချိန် မရသေးသည့် ကျင့်ကြံသူများသည် ထိုကြေကွဲဖွယ် မြင်ကွင်းကို မြင်လိုက်ရသောအခါ၊ သူတို့၏ လက်တွေကို ပြန်ရုတ်သိမ်း လိုက်ကြသည်။ သူတို့သည် မိုးကြိုးအရင်းအမြစ်ကျောက်တုံးများကို ဖမ်းဆုပ်ကိုင်မည့် အစား၊ မိုးကြိုးအရင်းအမြစ်ကျောက်တုံးများ တိုက်ခိုက်ခံရပြီး ကြေကွဲဖွယ်နိဂုံးမျိုးဖြင့် အဆုံးသတ်သွားမည်ကို လွန်စွာ ကြောက်ရွံ့နေကြပြီး၊ ဂရုတစိုက် ရှောင်တိမ်းလာကြ သည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်လုံးများသည် စဉ်းစား ဆင်ခြင်နေသည့် အမူအရာတစ်ခု ထုတ်ဖော်လာသည်။
မိုးကြိုးအရင်းအမြစ်ကျောက်တုံး တစ်လုံး သို့မဟုတ် နှစ်လုံးကို သူ တားဆီးနိုင် သော်လည်း၊ ၎င်းတို့ထဲမှ တစ်ခု၊ နှစ်ခုလောက်က သူ၏အစာစားချင်စိတ်ကို မဖြည့် ဆည်းပေးနိုင်ပါချေ။ သို့သော်လည်း၊ အကယ်၍၊ သူသည် မိုးကြိုးအရင်းအမြစ် ကျောက်တုံး အများပြားကို ကြားဖြတ်ဖမ်းလိုသည်ဆိုလျှင်၊ ချင်ယွင်သည် အနည်းငယ် ခက်ခဲပါလိမ့်မည်။
"ဟုတ်ပြီ..”။
ရုတ်တရက် ချင်ယွင်၏ မျက်လုံးများသည် ဝင်းလက်တောက်ပလာပြီး သူ၏ရုပ်အသွင် သည် ရုတ်တရက် လွင့်ပျံထွက်သွားကာ၊ မိုးကြိုးအရင်းအမြစ်ကျောက်တုံးများ ပျံသန်းသွားသည့် ဦးတည်ရာဆီသို့ ဦးတည်ပြေးသွားတော့သည်။
အဝေးမှ လူများသည် ချင်ယွင်၏ လုပ်ရပ်ကြောင့် ချက်ချင်း ထိတ်လန့်သွားပြီး ချင်ယွင်၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။
"ဒီချာတိတ်လေးက သေချင်နေတာများလား?။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ် ကျွမ်းကျင်သူတွေ အကုန်လုံး ဒီမိုးကြိုးအရင်းအမြစ်ကျောက်တုံးတွေကြောင့် သေဆုံးသွားတာကို သူ မမြင်ဘူးလား?။ သူ တကယ်ပဲ အဲဒီကျောက်တုံးတွေကို ကြားဖြတ်ဖမ်းယူချင်နေတယ်" ချင်ယွင်သည် ထိုမိုးကြိုးအရင်းအမြစ်ကျောက်တုံးများ ကို ကြားဖြတ်ဖမ်းယူရန်သွားသည်ကို တစ်စုံတစ်ယောက်က မြင်လိုက်ရလျှင်၊ သူသည် ချက်ချင်းပင် အထင်သေးစွာ ပြောလိုက်သည်။
"ကောင်လေး၊ မသွားနဲ့။ ဒီမိုးကြိုးအရင်းအမြစ်ကျောက်တုံးမှာပါတဲ့ စွမ်းအားတွေက ပြင်းထန်လွန်းတယ်။" စိတ်ကောင်းနှလုံးကောင်းရှိသူ အချို့ကလည်း သူ့ကို သတိပေး ပြောဆိုကြသည်။
သို့သော်လည်း ချင်ယွင်သည် ထိုအသံများကို မကြားဟန်ဖြင့် မိုးကြိုးအရင်းအမြစ် ကျောက်တုံးများ ဦးတည်ရာဆီသို့ ဆက်လက် ဦးတည်နေသည်။
ဝှီး….။
ချင်ယွင်၏ ရုပ်အသွင်သည် မိုးကြိုးအရင်းအမြစ်ကျောက်တုံးတစ်ခု၏ ပျံသန်းနေသော လမ်းကြောင်းပေါ်တွင် ပေါ်လာသည်။ သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ မိုးကြိုးအရင်းအမြစ်ကျောက်တုံးဆီသို့ တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။
"ဟား…၊ ဟား…၊ ဒီချာတိတ်တော့ သေပြီ။"
"အင်း၊ အမှန်ပဲ။ သူက ငါတို့ပြောတာကို နားမထောင်ခဲ့ဘူး။ ဒီမိုးကြိုးကျောက်တုံးက ဘယ်လောက်ပဲ အဖိုးတန်နေပါစေ ဒီအတွက်နဲ့ အသက်ဆုံးရှုံးခံစရာ မလိုပါဘူး။ ဟုတ်တယ်မဟုတ်လား?”။
ချင်ယွင်သည် မိုးကြိုးအရင်းအမြစ်ကျောက်တုံးကို လှမ်းပြီး ဖမ်းဆုပ်ကိုင်နေသည်ကို မြင်လိုက်ရသဖြင့် အဝေးမှ ကျင့်ကြံသူများသည် စတင်ဆွေးနွေးကြသည်။ ချင်ယွင်ကို ကြည့်သည့် သူတို့အကြည့်တွေက လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီး၊ ကြောက်စရာကောင်းသည့် မိုးကြိုးအရင်းအမြစ်ကျောက်တုံးကြောင့် ချင်ယွင်သည် သွေးမြူများအဖြစ် လွင့်စင်သွားသည်ကို မြင်လိုက်ရသလိုပင်။
ဘန်း..။
သို့သော်၊ မထင်မှတ်ထားသည့် အရာတစ်ခုခု ဖြစ်သွားခဲ့သည်။
မိုးကြိုးအရင်းအမြစ်ကျောက်တုံးသည် ချင်ယွင်၏ လက်ဖဝါးကို ထိလိုက်သည်နှင့် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။
"ဟင်... ဘာဖြစ်နေတာလဲ?" ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူတို့၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားသည်။
သိသာသည်မှာ၊ ဤအထွတ်အထိပ်အဆင့် နက်နဲသိမ်မွေ့သိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်ရှိ ကောင်စုတ်လေးသည် ဤမိုးကြိုးအရင်းအမြစ်ကျောက်တုံးကို တကယ်ကြီး ကြားဖြတ်ဖမ်းနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
"သူက လေဟာနယ် နိယာမတွေကို ကျွမ်းကျင်ပြီး ဒီမိုးကြိုးအရင်းအမြစ်ကျောက်တုံးကို တခြားနေရာကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ရမယ်။" တစ်ယောက်ယောက်က ချက်ချင်း ရိပ်စားမိသွားသည်။
သူ၏စကားတွေကို သူ၏ပတ်ဝန်းကျင်မှ လူများကို ချက်ချင်း အတည်ပြုလိုက်စေသည်။
ချင်ယွင်၏ပုံရိပ်သည် မိုးကြိုးအရင်းအမြစ်ကျောက်တုံးများကြား ဉက္ကာပျံကဲ့သို့ လျင်မြန်စွာ ခေါက်တုန့်ခေါက်ပြန် လူးလွန်း ရွေ့လျားနေပြီး၊ ထိုမိုးကြိုးအရင်းအမြစ် ကျောက်တုံးများသည် သူ၏လက်ဖဝါးမှတဆင့် ထူးထူးခြားခြား ပျောက်ကွယ်သွားခဲ့ သည်။
မိုးကြိုးအရင်းအမြစ်ကျောက်တုံးများ၏ ပြင်းထန်သော အကျိုးသက်ရောက်မှုမရှိဘဲ ချင်ယွင်သည် မိုးကြိုးအရင်းအမြစ်ကျောက်တုံးအားလုံးကို သူ၏အိတ်ကပ်ထဲသို့ အလွယ်တကူ ထည့်နိုင်ခဲ့သည်။
ဝှီး….။
ချင်ယွင်သည် လျင်မြန်သော အလင်းစီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံး မိုးကြိုးအရင်းအမြစ်ကျောက်တုံးကို ကြားဖြတ်ဖမ်းယူလိုက်သည်။ ထို့နောက် သူလည်း စိတ်သက်သာရကာ သက်ပြင်းချမိသည်။
"စုစုပေါင်း ၂၀၀၇ ခု၊ စောစောက ငါရခဲ့တဲ့ မိုးကြိုးအရင်းအမြစ်ကျောက်တုံးပါ ထည့်လိုက်ရင်၊ စုစုပေါင်း ၂၀၀၈ ခု ရှိတယ်။" ချင်ယွင်က သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ပြောသည်။
ဤမိုးကြိုးအရင်းအမြစ် ကျောက်တုံး နှစ်ထောင်ရှစ်လုံးဖြင့်ဆို၊ သူ၏ အစစ်အမှန် ခန္ဓာကိုယ်သည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ဖြတ်ကျော် သွားနိုင်မည် ဖြစ်သည်။
ချင်ယွင်သည် တောက်ပသော အပြုံးကို ထုတ်ဖော်လိုက်မိသည်။ အစာပိုင်းက သူ၏ လက်ထဲမှာ ဤမိုးကြိုးအရင်းအမြစ်ကျောက်တုံးတွေ ထူးထူးခြားခြား ပျောက်ကွယ်သွား ရသည့် အကြောင်းရင်းက သူသည် လေဟာနယ်တွန့်ခေါက်ခြင်းနိယာမကို ထိန်းချုပ် ထားခြင်းကြောင့် မဟုတ်ဘဲ၊ သူ့လက်ဖဝါး၏အလယ်ဗဟိုမှာ ကနဦးစကြဝဠာနှင့် ချိတ်ဆက်ထားသော လမ်းကြောင်းတစ်ခုကို ထည်ဆောက်ထားခြင်းကြောင့် ဖြစ်ပါသည်။
ဤနည်းအားဖြင့် ဤမိုးကြိုးအရင်းအမြစ်ကျောက်တုံးသည် ထိုလမ်းကြောင်းမှတဆင့် သူ၏ ကနဦးစကြာဝဠာအတွင်းသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်သွားမည် ဖြစ်ပါသည်။ ဤမိုးကြိုးအရင်းအမြစ်ကျောက်တုံးများသည် သူ၏ကနဦးစကြဝဠာအတွင်းသို့ ဝင်ရောက်လာသောအခါ၊ ချင်ယွင်သည် ၎င်းတို့ကို သဘာဝအတိုင်း အလွယ်တကူ ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။
"ချာတိတ်လေး၊ မင်းက မိုးကြိုးအရင်းအမြစ်ကျောက်တုံးတွေ အများကြီးရယူဖို့ စိတ်အားထက်သန်နေတာ မဟုတ်ဘူးလား?"
ထိုအချိန်တွင် ချင်ယွင်၏ နောက်ကွယ်မှ ရေခဲတမျှ အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင် လှည့်ကြည့်လိုက်တော့ လူငယ်နှစ်ယောက်သည် သူ၏နောက်မှာ ရပ်နေသည် ကို တွေ့လိုက်ရသည်။ သူတို့သည် အေးစက်သော အပြုံးဖြင့် သူ့ကို ကြည့်နေပြီး၊ သူတို့၏အကြည့်များတွင် ကျီစားလိုသည့် အမူအရာများဖြင့် ရှိနေသည်။
သူတို့နှစ်ယောက်လုံး၏ ကျင့်ကြံမူအဆင့်က လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ်၏ အထွတ်အထိပ်အဆင့်မှာ ရှိနေကြသည်။ ထို့ကြောင့်၊ သူတို့သည် ချင်ယွင်က နက်နက်သိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်မှာ ရှိနေသည်ကို တွေ့လိုက်ရသောအခါ၊ သူတို့၏ မျက်နှာတွေက ချင်ယွင်ကို စားဖို့ဝါးဖို့ စိတ်ပိုင်းဖြတ်ထားသည့်အမူအရာ ပေါ်လွင်နေပါသည်။
"တကယ်တော့ အဲလောက်ကြီးလည်း မဟုတ်ပါဘူး။ ငါ့ရဲ့အစာစားချင်စိတ်က အမြဲတမ်း ကောင်းနေလို့ပါ။ မင်းတို့ရော ငါ့ကို တစ်ခုခု ကျွေးချင်နေတာလား?။" ချင်ယွင်သည် အံဩဟန်ဆောင်ကာ တုန့်ပြန်လိုက်သော်လည်း မမြင်နိုင်သော အအေးဓာတ်က သူ၏မျက်လုံးများ၏ နက်ရှိုင်းဆုံးနေရာမှ ဝင်းလက် တောက်ပလာ သည်။