← Chapters

အခန်း ၈၁၀

Vol. 54 Ch. 810

အခန်း ၈၁၀

Vol. 54 Ch. 810

အခန်း (၈၁၀)တစ်ယောက်ချင်းစီလှည့်ဖြားခြင်း။

ချင်ယွင်သည် ဤလူငယ်နှစ်ဦးကို မသိသော်လည်း၊ ယခုလေးတင်၊ သူသည် မိုးကြိုး အရင်းအမြစ်ကျောက်တုံးများကို ကြားဖြတ်ဖမ်းယူလိုက်သောအခါတွင်၊ ဤလူနှစ်ငယ် ယောက်သည် သူ့ကို အဝေးမှ လှောင်ပြောင်နေခဲ့သည်။ ထို့ကြောင့် ချင်ယွင်သည် ထိုလူနှစ်ယောက်ကို အကြည့်တစ်ချက်ဖြင့် မြင်လိုက်ရစဉ်ပင်၊ သူသည် ၎င်းတို့အပေါ် အကောင်းမြင်ခြင်း မရှိတော့ပေ။

အစောပိုင်းက လူ၏စကားများအရ၊ သူတို့သည် သူ၏ မိုးကြိုး အရင်းအမြစ်ကျောက်တုံး များကို လုယူရန် ရှင်းရှင်းလင်းလင်း ရည်မှန်းထားကြောင့် သိသာလှပြီး၊ ယင်းကြောင့်၊ ချင်ယွင်၏ စိတ်နှလုံးတွင် သဘာဝအတိုင်း သတ်ဖြတ်လိုသည့်ဆန္ဒက တဟုန်ထိုး ပျံ့နှံ့လာခဲ့သည်။ ထို့ကြောင့်၊ ချင်ယွင်သည် ဤလူနှစ်ယောက်ကို လှည့်ဖျားရန်အတွက် တမင်တကာ တုံးအသလို ဟန်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သေချာပါသည်၊ ချင်ယွင်၏စကားကို ကြားပြီးနောက် သူတို့နှစ်ဦးသည် ချက်ချင်း ရယ်မောလိုက်ကြသည်။

"အစ်ကိုကျိုးဖန်၊ မင်း အဲဒါကို ကြားလိုက်လား?။ သူက ငါတို့ကို သူစားသောက်ဖို့ တစ်ခုခုကျွေးမယ့်လူတွေအဖြစ် အမှန်တကယ် ဆက်ဆံနေတဲ့စကားမျိုး ပြောနေပါ လား?။ ဘယ်လိုဟာသမျိုးလဲဟ” မြင်းမျက်နှာနှင့် လူငယ်က ပြုံးပြီး သူ၏ဘေးမှ လူငယ်ကို ပြောလိုက်သည်။

"ဟမ့်၊ သူက အရူးသာသာပါပဲ။ မိုးကြိုးအရင်းအမြစ်ကျောက်တုံးတွေကို သူ့လက်ထဲက နေ အမြန်လုယူလိုက်ပါ။ ဒီလိုမှမဟုတ်ရင် ညတာများပြီး အိပ်မက်ရှည်နေဦးမယ်။" ကျိုးဖန်ဟုခေါ်သော လူငယ်သည် အေးစက်စွာ အော်ပြောလိုက်ပြီး ချင်ယွင်ကို သူ၏ အကြည့်များက ပို၍ပင် အထင်မြင်သေးလာသည်။

"ဟား..၊ ဟား…၊ စိတ်မပူပါနဲ့၊ ငါ ဒီနေရာကို ကောင်းကင်ချိတ်ပိတ်ခြင်း စည်းတံဆိပ်နဲ့ စည်းတံဆိပ် ခတ်ထားပြီးသားပါ။ သူက လေဟာနယ်နိယာမ တစ်ခုခု နားလည်ထား ရင်တောင် ဒီကောင်းကင်ချိတ်ပိတ်ခြင်းစည်းတံဆိပ်အပေါ် အသုံးမဝင်ပါဘူး။ ဒီလို အရူးတစ်ယောက် တွေ့ကြုံရတာ ရှားပါးလွန်းတယ်။ သူ့ကို စောစောစီးစီး သတ်ပစ်လိုက်ရင် သနားစရာကြီး" မြင်းမျက်နှာနှင့် လူငယ်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ချင်ယွင်ကိုကြည့်သည့် သူ၏ပုံစံက ခရားထဲရောက်နေတဲ့ လိပ်ကို ကြည့်နေသလိုမျိုး သူ၏မျက်လုံးများတွင် လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်နေလေ သည်။

ကျိုးဖန်ခေါ်သော ထိုလူငယ်သည် သူ့အဖော်၏ စကားကိုကြားလျှင်၊ သူသည် တခြားဘာမှ မပြောတော့ပါဘူး။

"ကောင်းကင်ချိတ်ပိတ်ခြင်း စည်းတံဆိပ်လား..?" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

သူသည် သူတို့နှစ်ယောက်ကြား ပြောစကားတွေကို စကားတစ်ခွန်းမှ အလွတ်မခံဘဲ မလွဲမသွေ နားထောင်နေပါသည်။ ထင်ရှားသည်မှာ၊ တဖက်အဖွဲ့သည် အနည်းငယ်မျှ အလွဲမှားမခံလိုပေ။ သူနားထောင်နေမည်ကိုလည်း တဖက်က စိုးရိမ်ခြင်း မရှိပါဘူး။ ဤသည်မှာလည်း တဖက်လူက သူ့ကို အလွန်တုံးအသူဟု ရူမြင်ထား၍ ဖြစ်ပါသည်။

ချင်ယွင်သည် သူ၏ အင်မော်တယ်စိတ်အာရုံကို အသုံးပြု၍ ပတ်ဝန်းကျင် လေဟာနယ် အား အာရုံခံကြည့်လိုက်သည်။ အမှန်ပင်၊ သူ၏ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် အေးခဲနေပုံရပြီး၊ သီးခြား နေရာတစ်ခုလို ဖြစ်လာပါသည်။ အကယ်၍၊ သူသည် လေဟာနယ်သလင်းကျောက် အပိုင်းအစကို ပိုင်ဆိုင်ထားသည်ဆိုလျှင်ပင်၊ သူသည် လေဟာနယ်ကို ထိုးခွဲ၍ ဖြတ်သန်းသွားလာနိုင်မည် မဟုတ်ပါ။

"ကြည့်ရတာ၊ ဒီကောင်းကင်ချိတ်ပိတ်ခြင်း စည်းတံဆိပ်က လေဟာနယ်ချိတ်ပိတ်ခြင်း စည်းတံဆိပ်နဲ့ ဆင်တူတဲ့ ရတနာတစ်ခုခု ဖြစ်သင့်တယ်။ ဒီလူနှစ်ယောက်က ငါ့ကို လေဟာနယ်နိယာမရဲ့ နိယာမတစ်ခုခုကို ထိန်းချုပ်နိုင်လို့ ထင်နေကြတယ်။ ငါ လေဟာနယ် ဖြတ်ကျော်ခြင်းကို အသုံးပြုပြီး၊ အဝေးကို ထွက်ပြေးသွားမှာကို သူတို့ စိုးရိမ်နေကြတယ်။" ချင်ယွင်သည် သူ၏စိတ်ထဲမှာ လှောင်ရယ်ရယ်လိုက်ပြီး၊ သူ၏ရှေ့မှ လူငယ်နှစ်ယောက်ကို သတ်ပစ်ရန် စိတ်ပိုင်းဖြတ်ထားမူက ပို၍ပို၍ပင် ဖြစ်တည်လာခံသည်။

ဟုတ်ပါသည်၊ ချင်ယွင်သည် သူတို့ကို မသတ်ခင် သူတို့နှင့် ဆော့ကစားပေးရမယ်ဆိုရင် လည်း သူ စိတ်ထဲမထားပါဘူး။

"မင်း ငါ့ရဲ့ မိုးကြိုးအရင်းအမြစ်ကျောက်တုံးတွေကို ခိုးချင်နေတာလား?။" ချင်ယွင်က အံ့သြပြီး ဒေါသထွက်ဟန်ဆောင်လိုက်သည်။

"ဟား…၊ ဟား…၊ မင်းပြောတာ မှန်တယ်။ မင်းရဲ့ မိုးကြိုးအရင်းအမြစ်ကျောက်တုံး တွေကို ခိုးယူဖို့ ငါ ကြိုးစားနေတာ။ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ?။" မြင်းမျက်နှာနှင့် လူငယ်က လှောင်ပြောင်လိုက်သည်။

"ဟမ့်၊ မင်း ငါ့ရဲ့မိုးကြိုးအရင်းအမြစ်ကျောက်တုံးတွေကို ခိုးယူဝံ့ရင်၊ မင်းတို့အားလုံးကို ငါ သတ်ပစ်မယ်။" ချင်ယွင်က ဒေါသထွက်ဟန်ဆောင်ပြီး ပြောလိုက်သည်။

"ဟား…၊ ဟား…၊ မင်းက ငါတို့ကို သတ်ပစ်မယ် ဟုတ်လား?။ အထွက်အထိပ် နက်နက်သိမ်မွေ့ခြင်း အင်မော်တယ်အဆင့်လေးနဲ့”။ မြင်းမျက်နှာနှင့် လူငယ်သည် ဟာသကြီး တစ်ခုကို ကြားလိုက်ရသကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ကျိုးဖန်ဟုခေါ်သော လူငယ်၏ နှုတ်ခမ်းထောင့်စွန်းသည် အေးစက်သော အပြုံးတစ်ခု အဖြစ် တွန့်ကွေးသွားပြီး၊ သူ၏မျက်လုံးများတွင် လှောင်ပြောင်သရော်ဟန်များ ပြည့်နှက်နေသည်။

"ငါ မင်းတို့ကို တကယ် သတ်ပစ်မှာနော်" ချင်ယွင်က မဆုတ်မနစ် ပြောသည်။

သို့သော် သူ၏စကားတွေက သူတို့နှစ်ဦး၏အထံမှ ကျယ်လောင်သည့် ရယ်မောသံတွေ အဖြစ်သာ စွဲဆောင်နိုင်ခဲ့ပါသည်။

အဝေးမှ ကျင့်ကြံသူများသည် ထွက်ခွာသွားခြင်း မရှိသေးသလို အနီးသို့ ချဉ်းကပ်ဝံ့ ခြင်းလည်း မရှိကြပေ။ သူတို့သည် ချင်ယွင်နှင့် မြင်းမျက်နှာလူငယ်တို့ကြားက အပြန်အလှန် ပြောဆိုနေကြသည့်စကားတွေကို ကြားပြီး၊ အားလုံးက ခေါင်းယမ်းကာ သက်ပြင်းကိုယ်စီ ချနေကြသည်။ သူတို့သည် ချင်ယွင်ကို ကြည့်လိုက်သောအခါ၊ သူတို့၏မျက်လုံးများသည် အလွန် သနားနေဟန် အမူအရာမျိုး ရှိနေကြသည်။

ချင်ယွင်၏ မိုက်မဲပြီး တုံးအသော အသွင်အပြင်ကလည်း အမှန်ပင် ကျိန်ဆဲပစ်ဖို့ ကောင်းသည့် လုပ်ရပ်မျိုး ဖြစ်နေသည်။ သူသည် သူ၏ရှေ့မှ လူငယ်နှစ်ယောက်ကို သတ်ဖြတ်ချိန်မှာ မလှုပ်မယှက်ဖြစ်ပြီး အစွမ်းမဲ့ခြင်းကို ခံစားစေလိုသည်။ သူသည် ဖော်မပြနိုင်သော ပျော်ရွှင်မှုမျိုး ခံစားကြည့်ချင်သည်။

"သတိထားပါ၊ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ မင်း အခု ရထားတဲ့ မိုးကြိုး အရင်းအမြစ်ကျောက်တုံးတွေ အားလုံးကို ငါတို့ကို ပေးလိုက်ပါ။ ပြီးရင်၊ ဒူးထောက် ထိုင်ပြီး ငါ့ကို အဘိုးလို့ ခေါ်လိုက်ပါ။ ဒါဆို ငါ မင်းကို လွှတ်ပေးလိုက်မယ်။ မင်း ဘယ်လိုထင်လဲ" မြင်းမျက်နှာနှင့်လူငယ်သည် စိတ်ရှည်သည်းခံပြီး ချင်ယွင်ကို ဆက်လက် လှောင်ပြောင်နေခဲ့သည်။

"တကယ်လား?" ချင်ယွင်၏ မျက်နှာပေါ်တွင် သံသယဖြစ်ဟန် အမူအရာ ပြနေသကဲ့သို့ သူစကားပြောစဉ်မှာ၊ ချင်ယွင်၏ မျက်လုံးများက မှေးကျဉ်းသွားခဲ့သည်။

မြင်းမျက်နှာနှင့်လူငယ်သည် ချင်ယွင်၏အမူအရာကို မြင်သောအခါ၊ သူ၏ပါးစပ်စွန်းရှိ တွန့်ကွေးဟန်သည် ချက်ချင်းပင် ပို၍ပင်ကျယ်ပြန့်လာသည့်အပြင်၊ ချင်ယွင်ကို ကြည့်နေသည့် သူ၏အကြည့်များက အထင်မြင်သေးသည့်အသွင် စတင်ပြောင်းလဲ လာသည်။

အဝေးမှ ကျင့်ကြံသူများသည် ချင်ယွင်၏ စကားကိုကြားသောအခါ၊ ချင်ယွင်အပေါ် ၎င်းတို့၏ အကြည့်များက အထင်သေးစ ပြုလာကြသည်။

ယခုလို အခြေအနေမျိုးကို သဘောတူနိုင်ဖို့၊ သူ့မှာ တကယ်ပဲ ကျောရိုးနည်းနည်းလေးမှ မရှိဘူးလား?။ (သူ့မှာ မာန်မာမရှိဟု ဆိုလိုဟန်တူပါသည်)။

"ဟုတ်တယ်။ ငါလျှိုဖုက ငါ့စကားကို အမြဲတည်တယ်။" မြင်းမျက်နှာနှင့်လူငယ်သည် အပြုံးဖြင့် ပြောလိုက်သော်လည်း၊ ကောက်ကျစ်သော အကြည့်က သူ၏မျက်လုံးထဲတွင် တောက်ပလာသည်။

လျှိုဖုသည် သူ၏စကားကို အမြဲတည်သည်ဟု ပြောခြင်းက သူ့အတွက်ပင် တကယ်ကို ထူးဆန်းမိသည်။ သူ၏လိမ္မာပါးနပ်သော ဤပါးစပ်ကြီးက အမျိုးသမီးအပျို ကျင့်ကြံသူ များ ဘယ်လောက်များများကို သူ၏အိပ်ရာထဲသို့ လှည့်ဖြားခေါ်ဆောင်ခဲ့ဖူးသည်ကို သူကိုယ်တိုင်ပင် မသိတော့ပါချေ။ ယခုလေးတင် သူပြောလိုက်သည့် စကားသည်လည်း သဘာဝအတိုင်း ချင်ယွင်အပေါ် လှည့်ကွက်များသာ ဖြစ်နေပါသည်။

ချင်ယွင်သည် ဤအရာကို သူ၏စိတ်ထဲတွင် သဘာဝကျကျ သိပါသည်။ သို့သော်၊ သူသည် လျှိုဖုကို ကျီစားလိုသည်။

"ကောင်းပြီ၊ ငါ မင်းကို ကတိပေးတယ်၊ ဒါပေမယ့် မင်းလည်း ငါ့ကို ကတိပေးရမယ်။ မင်းပြောတဲ့အတိုင်း ငါ လုပ်ပြီးတာနဲ့၊ မင်း ငါ့ကို လွှတ်ပေးရမယ်နော်။" ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် ဆုံးဖြတ်ချက် ပြတ်သားသော အမူအရာရှိနေသည်။

"ကောင်းပြီ၊ ငါ မင်းကို သေချာပေါက် လွှတ်ပေးမယ်။" လျှိုဖုသည် သူ၏နှလုံးသားထဲမှာ လှောင်ရယ် ရယ်နေသည်။

"အင်း၊ ဒါဆိုလည်း ငါ မင်းကို မိုးကြိုးအရင်းအမြစ်ကျောက်တုံး ပေးလိုက်မယ်။ ယူလိုက်ပါ" ချင်ယွင်က ခေါင်းညိတ်ပြီး ပြောသည် ။

လျှိုဖု၏မျက်လုံးများသည် အပြုံးများဖြင့် ပြည့်နှက်နေသည်။ သူ၏ရှေ့မှ ဤလူမိုက် ကလေးသည် လိမ်ညှာလှည့်ဖျားရန် ဤမျှ လွယ်လိမ့်မည်ဟု သူ မမျှော်လင့်ထားဘူး။ အမှန်တကယ်ပင် သူ၏စကားတွေကို လွယ်လွယ်ကူကူနှင့် ယုံကြည်နေခဲ့သည်။ ဤမိုးကြိုးအမြစ်အရင်းကျောက်ကို ရရှိရန် မည်မျှ လွယ်ကူလိုက်သနည်းဟု သူစဉ်းစား နေစဉ်ဦ သူ၏နှလုံးသားထဲတွင် ဖော်မပြနိုင်သော အောင်မြင်မှုကြီးကို ခံစားလိုက် ရသည်။

"လျှိုဖု သတိထား”။

သို့သော်လည်း၊ ထိုအချိန်တွင် ကျိုးဖန်၏ ကျယ်လောင်သော အော်သံက သူ၏ နားထဲတွင် ထွက်ပေါ်လာသည်။

လျှိုဖုသည် ရုတ်တရက် ထိတ်လန့်သွားပြီး လျင်မြန်စွာ သတိပြန်ရလာသည်။ ထို့နောက် အစိမ်းပြာရောင် ဓားအလင်းတန်းက သူ့ဆီသို့ ဖြတ်သန်းလာသည်ကို မြင်လိုက်ရသည်။ အစိမ်းပြာရောင် ဓားအလင်းတွင် ပါဝင်နေသော စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ့ကို ထိမှန်သွားသည်နှင့်၊ သူသည် တခဏအတွင်း နှစ်ပိုင်းခွဲ ခံရလိမ့်မည်။

ထို့ကြောင့် လျှိုဖုသည် ရှောင်တိမ်းရန် သူ၏လှုပ်ရှားမှုနည်းပညာကို အလျင်အမြန် အသုံးပြုလိုက်သော်လည်း သူ၏အမြန်နှုန်းသည် ချင်ယွင်၏ ဓားအလင်း အမြန်နှုန်းကို မမီနိုင်ခဲ့ပေ။

"ဖူး…"

ဓားအလင်းသည် လျှိုဖု၏ ခန္ဓာကိုယ်အနှံ့ ချက်ချင်း ပျံ့လွင့်သွားပြီး၊ သူ၏ပခုံးမှ သူ၏ခါးအထိ သွေးထွက်သံယို ဒဏ်ရာတစ်ခု ချက်ချင်း ပေါ်လာသည်။

ထိုနောက်မှာတော့၊ လတ်ဆတ်သော သွေးများက အဆက်မပြတ် ပန်းထွက်လာသည်။ ထို့နောက်၊ လျှိုဖု၏ခန္ဓာကိုယ်သည် လှုပ်ရှားလာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တိုက်ရိုက် နှစ်ခြမ်းကွဲသွားသည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" လျှိုဖုသည် ချက်ချင်းကြီး မသေသေးပါဘူး။ သူသည် ချင်ယွင်ကို သူ၏မျက်လုံးများတွင် မယုံကြည်နိုင်သော အမူအရာဖြင့် စိုက်ကြည့်နေမိသည်။

အဝေးမှ ကျင့်ကြံသူများသည် ဤမြင်ကွင်းကို မမျှော်လင့်ထားသည့်အတွက်၊ သူတို့မျက်လုံးတွေကလည်း တစ်ယောက်ပြီး တစ်ယောက် ပြူးကျယ်သွားကြသည်။

"ဘယ်လိုလဲ၊ မင်း ငါ့ရဲ့မိုးကြိုးအရင်းအမြစ်ကျောက်တုံးကို ခိုးယူရဲရင် မင်းကို သတ်ပစ်မယ်လို့ ငါ ပြောခဲ့သားပဲ။ မင်းက ငါ့ကိုမှ မယုံတာ" ချင်ယွင်က ခေါင်းယမ်းရင်း အားကိုးရာမဲ့ ဟန်ဆောင်လိုက်သည်။ အေးစက်သော အပြုံးနှင့်အတူ၊ သူ၏ ပါးစပ်ထောင့်စွန်းက ကွေးညွတ်သွားပြီး၊ စူးရှသော မျက်လုံးများသည်လည်း ယခင်က လူတုံးလူအတစ်ယောက်နှင့် လုံးဝ မတူတော့ချေ။

ချင်ယွင်သည် ခြောက်နှစ်ကြာ လူတုံးလူအတစ်ယောက်ဖြစ်ခဲ့ဖူးပြီး၊ သူ့အနေဖြင့်၊ ဤလူနှစ်ယောက်ကို လှည့်စားရန်မှာ သဘာဝအတိုင်း လွယ်ကူလှသည်။

"မဟုတ်ဘူး... ငါ မကျေနပ်ဘူး။ ငါ မင်းကို သတ်ပစ်မယ်။" လျှိုဖု၏ ခန္ဓာကိုယ် တစ်ဝက်သည် လေထဲတွင် လွင့်မျောနေပြီး အရူးအမူး အော်ဟစ်လိုက်သည်။

"မင်းမှာ အခွင့်အရေး မရှိတော့ဘူး" ချင်ယွင်၏ မျက်လုံးများတွင် ရက်စက်မှု အရိပ်အမြွက် ထွက်ပေါ်လာသည်။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် ချက်ချင်း ခုတ်ပိုင်းသွားပြီး၊ လျှိုဖု၏ လွင့်မျောနေသော ခန္ဓာကိုယ်တစ်ဝက်ကို တိုက်ရိုက် ထိမှန်သွားသည်။

ဤမြင်ကွင်းကို အဝေးမှ ကျင့်ကြံသူများ မြင်လိုက်သောအခါတွင်၊ သူတို့၏ မျက်လုံးများသည် ထိတ်လန့်သွားကြသည်။

အထွတ်အထိပ်အဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်ပညာရှင် တစ်ဦးသည် ထိုကဲ့သို့ အသတ်ခံခဲ့ရသည်။

ကျိုးဖန်ဟုခေါ်သော လူငယ်၏ အမူအရာသည် သူ၏မျက်လုံးများတွင် ချင်ယွင်ကို သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် ကြည့်နေရင်း၊ ရေကဲ့သို့ မှုန်ကုပ်ကုပ် ဖြစ်နေသည်။

ချင်ယွင်သည် ကျိုးဖန်ကို လှည့်ကြည့်လိုက်စဉ်တွင် သူ၏စိတ်ထဲမှာ အသံတစ်ခု ထွက်ပေါ်လာသည်။

"ချင်ယွင်၊ အကယ်ဒမီက ဂုဏ်ပြုပါတယ်။ ကောင်းကင်အဆင့်မှာ သင့်ရဲ့ အဆင့်သတ်မှတ်ချက်က ၇၆၈၂ အထိ မြင့်တက်သွားပါပြီ"

စာစဉ် (၅၄) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters