အခန်း ၈၁၁
Vol. 55 Ch. 811
အဓိပတိအင်မော်တယ်သခင် စာစဉ် (၅၅)
ဘာသာပြန်သူ နေဇင်။
အခန်း (၈၁၁) ဒေါသကြောင့် ကိုယ့်အသက်ကို မပေးဆပ်မိစေနှင့်။
ဤအသံကို ကြားလိုက်ရသဖြင့် ချင်ယွင်သည် အံ့ဩသွားသည်။ သူသည် သူ၏ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ ကိုယ်ရေးအချက်လက် တံဆိပ်ပြားကို အမြန် ထုတ်ပြီး ၎င်းကို ကြည့်လိုက်သည်။
ယခင်က ဖော်ပြထားသော သူ၏နံပါတ်သည် အဆင့်နှစ်သောင်းကျော်မှ ခုနစ်ထောင် ခြောက်ရာရှစ်ဆယ့်နှစ်သို့ အံ့အားသင့်စွာ ပြောင်းလဲသွားခဲ့သည်။
"ဘာတွေ ဖြစ်နေတာလဲ?။ ဒီလျှိုဖုက ကောင်းကင်လေနတ်ဘုရားအကယ်ဒမီရဲ့ တပည့် တစ်ယောက်များ ဖြစ်နိုင်မလား?" ချင်ယွင်သည် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ တပည့်တစ်ဦးကို မတော်တဆ သတ်လိုက်မိပြီး၊ ကောင်းကင်အဆင့်တွင် သူ၏အဆင့်သည် အကြောင်းပြချက် လုံးဝမရှိဘဲ အဆင့်မြင့်တက် သွားမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ရန်ကွန်သည် ချင်ယွင်ကို ကောင်းကင်တာအိုခန်းမသို့ ခေါ်သွားခဲ့စဉ်အခါက၊ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ ပုံမှန်မဟုတ်ဆုံးအရာက တပည့်တွေကို အချင်းချင်း သတ်ဖြတ်ခွင့်ပေးထားခြင်းဟု ချင်ယွင်ကို ပြောပြခဲ့ဖူးသည်။
ကောင်းကင်လေအင်မော်တယ်ကျွန်းတွင် တပည့်များသည် အချင်းချင်း တိုက်ခိုက်ရန် စိန်ခေါ်ကြရသည်။ နှစ်ဘက်စလုံးကလည်း သဘောတူကြရမည်။ တပည့်များ သို့သော် ကောင်းကင်လေအင်မော်တယ်ကျွန်းမှ ထွက်ခွာသွားသည်နှင့် မတူတော့ပေ။ တပည့်များ သည် အချင်းချင်း သတ်ဖြတ်၍ ရပေသည်။
ချင်ယွင်သည် ဤစည်းမျဉ်းကို ကြားသောအခါ သက်ပြင်းပင် ချလိုက်မိသည်။
အကယ်၍၊ သင် ကောင်းကင်လေအင်မော်တယ်ကျွန်းမှ ထွက်သွားပါက၊ သင်နှင့် ရင်းနှီးဖော်ရွေသော ညီအစ်ကိုများပင်လျှင်၊ သင့်အား နောက်ကျောကနေ ဓားဖြင့် ထိုးနိုင်သည်။ ထို့ကြောင့်၊ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ တပည့်များသည် များသောအားဖြင့် တစ်ယောက်တည်း အပြင် ထွက်ကြသည်။
ဤအကြောင်းပြချက်ကြောင့်လည်း၊ ကျိုးဖန်သည် မလှုပ်မယှက် အသတ်ခံလိုက်ရသော လျှိုဖုကို ကြည့်ရုံသာကြည့်နေပြီး၊ လျှိုဖု အသက်ရှင်သည်၊ သေသည်ကို ဂရုမစိုက်ခြင်း ဖြစ်ပါသည်။
"ဒါဆို မင်းကလည်း ကောင်းကင်လေနတ်ဘုရားအကယ်ဒမီရဲ့ တပည့်တစ်ယောက်ပေါ့။" ကျိုးဖန်က ချင်ယွင်ကို ကြည့်ပြီး ပြောလိုက်သည်။
"ဒါဆို မင်းကရော အတူတူပဲပေါ့..?။ ဆိုတော့၊ ကောင်းကင်အဆင့်မှာ မင်းရဲ့အဆင့်ကို စစ်ဆေးကြည့်ဦးမှ" ချင်ယွင်သည် ကျိုးဖန်အား စိတ်လှုပ်ရှားစွာ ကြည့်ကာ ရာထူးတိုးခံရ မှာ ဖြစ်သည့်အတွက် ဝမ်းသာသွားသလိုပင်။
ချင်ယွင်၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်လိုက်ရတော့ ကျိုးဖန်၏ မျက်လုံးများသည် ပြင်းထန်သော အမျက်ဒေါသဖြင့် ချက်ချင်း တောက်ပလာသည်။
ဒီကောင်က သူ့ကို ဘယ်လိုထင်နေလဲ?
ယခင်က သူ့ကို မျောက်တစ်ကောင်လို ဆက်ဆံတာ အဆင်ပြေပေမယ့်၊ အခုတော့ သူ့ကို သူရာထူးတိုးဖို့အတွက် ပစ်မှတ်တစ်ခုအနေဖြင့်ပင် ဆက်ဆံနေခဲ့သည်။ သူ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း?။ သို့သော် ချင်ယွင်၏ နောက်ထပ်စကားက သူ့ကို ဒေါသအထွက်ပြီး သွေးအန်ထွက်လုမတတ်ပင် ဖြစ်စေသည်။
ချင်ယွင်က စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည် "ဒီလောက်လည်း မမြင့်ပါဘူး။ ၃၂၀၀ ပဲ" သူသည် ခေါင်းယမ်းရင်း တစ်ခုခု ဆုံးရှုံးသွားသလိုမျိုး ပြောလိုက်သည်။
ကျိုးဖန်သည် ခုန်တက်ပြီး ချင်ယွင်ကို သေသည်အထိ ချက်ချင်း ခုတ်ပိုင်းပစ်ချင်စိတ်ပင် ဖြစ်ပေါ်နေ၏။ အဆင့် ၃၂၀၀ က မမြင့်ဘူးဆိုတော့၊ သူက ဘာကို ဆိုလိုတာလဲ?။ 'ကောင်းကင်အဆင့်မှာ အဆင့်တစ်ခု တက်လှမ်းရန်ပင် မည်မျှ ခက်ခဲသည်ကို မင်း သိရဲ့လား?။ ထိပ်တန်း ၁၀၀၀ သည် အင်မော်တယ်ဘုရင် အဆင့်တွင် ရှိနေသည့်အတွက် အရေးမကြီးလှသော်လည်း၊ ၁၀၀၀ မှ ၈၀၀၀ သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေကြသူများ ဖြစ်ကြပါသည်။
စုစုပေါင်း လူ ၇၀၀၀ ရှိပြီး အားလုံးသည် တူညီသော နယ်ပယ်တစ်ခုမှာ ဖြစ်ကြပါသည်။ သေချာသည်မှာ၊ သူတို့အတွက် နောက်တစ်ဆင့်တက်ဖို့က အရမ်းကို ခက်ခဲပါသည်။ သူ၏ အဆင့် ၃၂၀၀ သည် ထိပ်ဆုံးတွင် ရှိနေသည်ဟုပင် ယူဆလို့ရနေပါပြီ။
ကျိုးဖန်သည် ထိုစကားတွေကို မပြောခဲ့ပါဘူး။ ဤအခိုက်အတန့်တွင်၊ သူ၏မျက်လုံးများ တွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များသာ ရှိနေပါသည်။ ချင်ယွင်ကို သတ်ပစ်လိုက်မှ သာလျှင် သူ၏စိတ်ထဲမှာ ဒေါသများကို ဖယ်ရှားနိုင်ပါလိမ့်မည်။
"မေ့လိုက်ပါ၊ ငါ အဆင့် ၃၂၀၀ ဆိုလည်း လက်ခံနိုင်လောက်ပါတယ်။ အဲဒါက ၇၀၀၀ ကျောက်စာရင် အများကြီး ပိုကောင်းပါသေးတယ်။" ချင်ယွင်သည် တီးတိုး ရေရွတ်လိုက် သည်။
ထိုစကားကို ကြားတော့ ကျိုးဖန်သည် သူ၏အဆုတ်တွေ ပေါက်ကွဲထွက်လုမတတ် ဒေါသထွက်သွားရသည်။
နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်ရှိ ဤကောင်သည် သူ၏အဆင့်ကို ရရှိရန် အမှန်တကယ်ပင် သူ့ကို သတ်ပစ်ချင်နေပြီး၊ သူသည် လွန်စွာမှပင် စိတ်အားထက်သန်မူ မရှိသည့် ပုံစံမျိုးကိုလည်း ပြသနေခဲ့သည်။ ကျိုးဖန်၏ သူ့ကိုယ်ကို ထိန်းချုပ်မှု မည်မျှပင် မြင့်မားနေပါစေ၊ ထိုကဲ့သို့ ဗလိုင်းကြီးသက်သက် လှောင်ပြောင်ခံရမှုကို သူ သည်းမခံနိုင်ပါ။
"ဒီနေ့ မင်းကို ငါ မသတ်နိုင်ဘူးဆိုရင်၊ ငါကျိုးဖန်က လူမဟုတ်ဘူးလို့ ငါ ကျိန်ဆိုတယ်။" ကျိုးဖန်သည် ချင်ယွင်ကို အော်ပြောလိုက်သည်။ သူ၏မျက်လုံးတွေက နီမြန်းလာသည်။ သူ၏လက်ထဲတွင် တိုက်ပွဲဝင် ဆေးဘာတစ်ချောင်း ထွက်ပေါ်လာသည်။ ၎င်းဆေဘာသည် အမှန်တကယ်ပင် အဆင့်နိမ့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းတစ်ခု ဖြစ်နေသည်။
"အီ…၊ ဒီဆေဘာက မဆိုးပါဘူး။ ငါ လိုချင်တယ်။" ချင်ယွင်၏ မျက်လုံးများသည် ဆေဘာက ချက်ချင်းပင် စွဲဆောင်သွားဟန်ဖြင့် အံ့ဩသွားဟန် အမူအရာလုပ်ကာ ပြောလိုက်သည်။
"အား…”
ချင်ယွင်၏ စကားကြားလိုက်ရလျှင်၊ ကျိုးဖန်သည် ရူးသွားတော့မည်။ သူသည် သူ၏ဆေဘာကို ဝှေ့ယမ်းပြီး အရူးတစ်ယောက်လို ချင်ယွင်ဆီသို့ ပြေးဝင်သွားတော့သည်။
ကျိုးဖန်သည် အမျက်ဒေါသကြောင့် ရူးသွပ်တော့မည်ကို ချင်ယွင် မြင်လိုက်ရလျှင်၊ သူ၏ ပါးစပ်ထောင့်စွန်းတွင် အပြုံးမပျက် ပေါ်လာသည်။
မှန်ပါသည်။ သူသည် ကျိုးဖန်ကို ဒေါသထွက်အောင် တမင်တကာ ရန်စနေခြင်း ဖြစ်ပါသည်။ ထို့ကြောင့်၊ ကျိုးဖန်သည် သူ၏တိုက်ခိုက်ရေး အခြေအနေကို သေသေချာချာ မထိန်းသိမ်းနိုင်တော့ပါဘူး။
သေချာတာက၊ ချင်ယွင်သည် ထိုနောက်ဆုံးစကားကို အမှန်အတိုင်း ပြောနေခြင်း ဖြစ်ပါသည်။ ထိုဆေဘာဓားသည် တကယ်ကို မဆိုးပါဘူး။ ယခုအချိန်တွင်၊ သူ၏ လျှပ်စီးစွမ်းရည်ကိုယ်ပွားတွင် အသုံးဝင်သော ဆေဘာတစ်လက်မှ မရှိသေးပါ။ ကျိုးဖန်၏ လက်ထဲမှ ဆေဘာသည် ပထမတစ်ချက်အနေဖြင့် အရမ်းကို ကောင်းမွန်ပါသည်။ ထို့အပြင်၊ ၎င်းသည် လျှပ်စီးစွမ်းရည်ကိုယ်ပွားအတွက် အလွန်သင့်လျော်သော လျှပ်စီး စွမ်းရည်အမျိုးစားလည်း ဖြစ်နေပါသည်။
ကျိုးဖန်သည် သူ၏လက်ထဲမှ ဆေဘာကို ဝှေ့ယမ်းလိုက်သည်။ မူလက နက်မှောင်နေသော ခရမ်းရောင် ဆေဘာသည် လျှပ်စီးအလင်းအောက်တွင် လှပသော အလင်းရောင်ဖြင့် တဖျပ်ဖျပ် လင်းလက်နေသည့်အပြင်၊ ၎င်းလျှပ်စီးတွင် ဤပြင်းထန်သော အဖျက်စွမ်းအင် အတက်အကျလှိုင်းများလည်း ပါရှိနေပါသည်။
"မိုးကြိုးနတ်ဘုရား အမြစ်ပြတ်ချေမှုန်းခြင်း ခုတ်ပိုင်းချက်”။
ကျိုးဖန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ဒေါသသံသည် ပြင်းထန်သော အဖျက်စွမ်းအင် အတက်အကျလှိုင်းများနှင့် ရောထွေးနေသည်။ သူ၏လက်ထဲမှ ဆေဘာသည် ကြောက်စရာကောင်းသည့် စွမ်းအားနှင့်အတူ ချက်ချင်း တောက်ပလာနေ သည်။
"အယ်၊ ဖျက်ဆီးခြင်းနိယာမရဲ့ ကြီးမားသောအောင်မြင်မူအဆင့်လား.." ချင်ယွင်၏ မျက်လုံးများက အံ့အားသင့်ဟန် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ထိုအချိန်တွင်၊ ကျိုးဖန်၏ လျှပ်စီးစွမ်းရည် နိယာမများသည် ကြီးမားသော အောင်မြင်မူ အဆင့်သို့ အမှန်တကယ် ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။ ဤအခိုက်အတန့်တွင် အဖျက်နိယာမများပါရှိသော အဖျက်စွမ်းအားသည် လူတစ်ယောက်၏ နှလုံးသားကို ရင်တုန်သွားစေသည့်အထိပင် ပို၍ ကြောက်စရာကောင်းလာသည်။
ဟုတ်ပါသည်။ ဤအရာသည် တခြားလူတွေကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်သော်လည်း၊ လျှပ်စီးဖျက်ဆီးခြင်းနိယာမ၏ ကြီးမားသော အောင်မြင်မူအဆင့် ဆုပ်ကိုင်ထားသော ချင်ယွင်အတွက်တော့ ခြိမ်းခြောက်မှုတစ်ခု မဖြစ်ခဲ့ပါဘူး။
"ဖျက်ဆီးခြင်းဓားကွက်”.
ချင်ယွင်သည် တိုးညှင်းစွာ အော်လိုက်သည်။ တခဏအတွင်းမှာပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင် ဖရိုဖရဲ လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။ အဖျက်စွမ်းအားအငွေ့အသက်က မြူနှင်းချောက်နက်ဓားကို ရုတ်တရက် လွှမ်းခြုံသွားပါ သည်။
ချွင်…။
ဓားနှင့်ဆေဘာတို့ အပြင်းအထန် ထိမိသွားပြီး၊ ထင်ရှားပြတ်သားသော အသံတစ်ချက် ထွက်လာပါသည်။
ထိုနောက်၊ ပြင်းထန်သော တုန်ခါအသံတွေ ထွက်ပေါ်လာသည်။ ပြင်းထန်သော ဖျက်ဆီးခြင်းလျှပ်စီးနှစ်ခုသည် ပြင်းထန်စွာ တိုက်မိသွားသည်။ တစ်ခုက ခရမ်းရောင် ဖြစ်ပြီး နောက်တစ်ခုက အနက်ရောင် ဖြစ်သည်။ ၎င်းတို့သည် လေဟာနယ်ထဲတွင် အချင်းချင်း တိုက်ခိုက်နေကြပြီး၊ ပတ်ဝန်းကျင်ရှိ စည်းတံဆိပ်ပိတ်ထားသော လေဟာနယ်သည်ပင် တုန်လှုပ်သွားကြသည်။
အဝေးမှ ကျင့်ကြံသူများသည် ထိုထိပ်တိုက်တွေ့ဆုံမူကို မြင်လိုက်ရလျှင်၊ သူတို့၏ မျက်နှာတွေက ဖြူဖျော့သွားကြ၏။ ဤတိုက်ခိုက်မှုနှစ်ခုထဲမှ တစ်ခုခုသာ သူတို့ကို လာရောက်ထိမှန်ပါက၊ သူတို့သည် သင်္ချိုင်းမြေသို့ မရောက်ဘဲ ချက်ချင်း သေဆုံးသွားမည် ဖြစ်ကြောင်း ရှင်းနေပါသည်။
"မင်းကို ငါ မသတ်နိုင်ဘူးလို့ ငါမယုံဘူး။" “ကောင်းကင်နဲ့မြေကြီးကို မြုပ်နှံခြင်းမိုးကြိုး” ကျိုးဖန်သည် သူ၏တိုက်ခိုက်မှုကို တစ်ဖက်လူမှ အမှန်တကယ် တွန်းလှန်နိုင်ကို တွေ့လိုက်ရလျှင်၊ သူ၏မျက်လုံးတွေက အမျက်ဒေါသနှင့်အတူ ခက်ထန်လာခဲ့သည်။ သူသည် နောက်တကြိမ် ကျယ်လောင်သော ဟစ်ကြွေးသံကို ထုတ်ဖော်လိုက်ပြီး၊ ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများနှင့် ဖျက်ဆီးခြင်းအစွမ်းက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
ဝှီး….။
ဆေဘာ ခုတ်ပိုင်းချက်က ထွက်ပေါ်လာပြီး၊ ပြင်းထန်သော ခရမ်းရောင်လျှပ်စီးတွေက ကောင်းကင်ယံမှာ ချက်ချင်းဆိုသလို ပြည့်နှက်သွားကာ၊ အနက်ရောင် ပင်လယ် လှိုင်းလုံးကြီးအဖြစ် ပြောင်းလဲပြီး၊ ချင်ယွင်ဆီသို့ တဟုန်ထိုး တိုးဝင်သွားသည်။ သူ၏ပတ်ဝန်းကျင်ရှိ လေဟာနယ်သည်ပင် အေးခဲနေပြီး အနည်းမျှပင် တောင့်ခံနိုင်စွမ်း မရှိတော့ချေ။
"ဟမ့်၊ မင်းက ငါ့ကို သတ်ချင်နေတယ်ဆိုတော့၊ မင်းက ငါ့ကို သိပ်ပြီး လျှော့တွက်လွန်းရာ ကျမနေဘူးလား?။" ချင်ယွင်သည် တိုးတိုးလေး ရယ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် အေးစက်စက် အရိပ်အယောင် ပေါ်လာသည်။
သူ၏ဆယ်နှစ်တာ ကြိုးစားအားထုတ်မှု၏ အသီးအပွင့်တွေကို ထုတ်ဖော်ပြသဖို့ နောက်ဆုံးတော့ အချိန်ကျရောက်လာပါပြီ။
"ငါ့ရဲ့ ဆေဘာပညာရပ်ရဲ့ ဒုတိယအကွက်ကို မင်းကို မြည်းစမ်း ကြည့်ရူခွင့်ပြုမယ်!" ချင်ယွင်က အေးစက်စွာ အော်ပြောလိုက်သည်။
ထို့နောက် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော အနက်ရောင်လျှပ်စီးကြောင်း ထွက်ပေါ်လာ သည်။ အနက်ရောင်လျှပ်စီးကြောင်းများသည် သူ၏နောက်ကျောတွင် ပုံရိပ်တစ်ခုအဖြစ် ပေါင်းစည်းသိပ်သည်းသွားဟန်ရသည်။
ချင်ယွင်၏ ပြင်းထန်သော လေလှိုင်းများက ဆက်လက် လွင့်ပျံနေပြီး၊ အနက်ရောင် လျှပ်စီးကြောင်းများကလည်း အဆက်မပြတ် တဖျပ်ဖျပ် လင်းလက်နေပါသည်။ အမှန်တကယ်ဆို၊ ၎င်းအနက်ရောင်လျှပ်စီးများသည် သူ၏ခန္ဓာကိုယ်ကို အနက်ရောင် နဂါးတစ်ကောင်လို ရစ်ပတ်ထားပါသည်။
ဘန်း…။
ချင်ယွင်၏ နောက်တွင်ရပ်တန့်နေသော အနက်ရောင် လျှပ်စီးပုံရိပ်သည် ရုတ်တရက် မျက်လုံးပွင့်လာသည်။ မိုးကြိုးဘုရား အမှန်တကယ် အမျက်ဒေါသ ထွက်နေသကဲ့သို့ ၎င်း၏ မျက်လုံးများတွင် ကြီးမားပြင်းထန်သော အမျက်ဒေါသ ရှိနေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ကျိုးဖန်၏ မျက်ခုံးတွေက ချက်ချင်း တွန့်သွားခဲ့သည်။
"မိုးကြိုးဘုရားရဲ့ပေါက်ကွဲဒေါသ”
ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ သူ၏လက်ထဲမှာ အချိန်အတော်ကြာ စုဆောင်းထားသည့် လျှပ်စီးဖျက်ဆီးခြင်းစွမ်းအားကို သူ၏ဆေဘာနှင့်အတူ ချက်ချင်း ခုတ်ပိုင်းလိုက်သည်။
တခဏအတွင်းမှာပင် ပြင်းထန်သော ဖျက်ဆီးလိုသည့်ဆန္ဒက ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး ပြည့်လျှံသွားခဲ့သည်။
အလွန်မင်း နက်မှောင်သော ဆေဘာအလင်းတန်းသည် လေထုထဲသို့ ချက်ချင်း ထိုးဖောက်ကာ ဝင်ရောက်သွားသည်။