← Chapters

အခန်း ၈၁၂

Vol. 55 Ch. 812

အခန်း ၈၁၂

Vol. 55 Ch. 812

အခန်း (၈၁၂) ကျိုးဖန်ကို သတ်ဖြတ်ခြင်း။

“ဘုန်း..”။

ခရမ်းရောင် လျှပ်စီးကြောင်းလှိုင်းလုံးသည် ချင်ယွင်၏ ပြင်းထန်သော အနက်ရောင် ဆေဘာအလင်းနှင့် အပြင်းအထန် တိုက်မိသွားသည်။ ခရမ်းရောင် လျှပ်စီးကြောင်းသည် ပြင်းထန်သော အနက်ရောင် ဆေဘာအလင်းတန်းကြောင့် ချက်ချင်းပင် အလယ်တဝက်မှ နှစ်ခြမ်းကွဲသွားသည်။

"ဘာလဲ?" ကျိုးဖန်သည် သူ၏ဆေဘာတိုက်ခိုက်မှုက ချင်ယွင်ကို အနည်းငယ်မျှ အဟန့်အတား မဖြစ်စေကြောင်းကို မြင်လိုက်ရလျှင်၊ သူ၏မျက်နှာသည် တုနှိုင်း၍မရသည့် အံ့အားသင့်သွားသော အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

ဘန်း… ။..

သို့သော်၊ သူသည် သူ၏ အံ့သြမှုပင် မပြီးဆုံးသေး။ ထိုအခိုက်အတန့်တွင် အနက်ရောင် ဆေဘာအလင်းသည် ခရမ်းရောင် လျှပ်စီးကြောင်းလှိုင်းလုံးကို ဖြတ်ကျော်သွားပြီးနောက်၊ ၎င်းသည် ကျိုးဖန်ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းသွားပြန်သည်။ ပြင်းထန်သော အဖျက်စွမ်းအားနှင့်အတူ ၎င်းသည် မျက်စိတစ်မှိတ်အတွင်း ကျိုးဖန်၏ ရှေ့သို့ ရောက်ရှိ လာခဲ့သည်။

ကျိုးဖန်၏ အမူအရာသည် သိသိသာသာပြောင်းလဲသွားပြီး၊ ၎င်းကို ခုခံတားဆီးရန် သူ၏ ခန္ဓာကိုယ်ရှိ အင်မော်တယ် အနှစ်သာရကို သူ၏လက်ထဲရှိ ဆေဘာထံသို့ အလျင်အမြန် ပို့လွှတ်လိုက်သည်။

ချွင်…။

အနက်ရောင် ဆေဘာအလင်းသည် ကျိုးဖန်၏ဆေဘာနှင့် ပြင်းထန်စွာ ခုတ်ပိုင်းမိသည်။ ဆေဘာပေါ်ရှိ အင်မော်တယ် စွမ်းအင်သည် ဆေဘာအလင်းအတွင်း၌ ပါရှိသော စွမ်းအား ကြောင့် ချက်ချင်းပင် အချည်းနှီး ဖြစ်သွားရသည်။

ကျိုးဖန်သည် သူ၏ဆေဘာမှတဆင့် တိုးဝင်လာသော နှိုင်းစာ၍မရသည့် ကြောက်မက် ဖွယ် စွမ်းအားကို ခံစားလိုက်ရသည်။ ထို့နောက်တွင်၊ ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် သူ၏လက်ရှိ အရိုးများ ကွဲအက်သွားကာ၊ သူ၏တစ်ကိုယ်လုံးကိုလည်း ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် လွင့်ပျံသွားစေခဲ့သည်။

"ဘုန်း…"

ကျိုးဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်ချိတ်ပိတ်ခြင်း စည်းတံဆိပ်ဖြင့် ဖွဲ့စည်း ထားသော လေဟာနယ် အတားအဆီးနှင့် ပစ်တိုက်မိပြီး၊ လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရသည်။

"ဖျစ်…..”

ထို့နောက် ကွဲအက်သံတစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက် ပတ်ဝန်းကျင် လေဟာနယ် မှ တဖျစ်ဖျစ်မြည်အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ နောက်ဆုံးတွင်၊ 'ဝှူး' အသံဖြင့်၊ လေဟာနယ်တစ်ခုလုံး ကွဲအက်သွားပြီး၊ လေဟာနယ်သည် မူလကရှိနေသည့် အသွင်အပြင်သို့ ပြန်ရောက်သွားခဲ့သည်။ ကောင်းကင်ချိတ်ပိတ်ခြင်း စည်းတံဆိပ်သည် လည်း ကွဲအက်သွားခဲ့သည်။

ယခုအချိန်တွင်၊ ကျိုးဖန်သည် လေဟာနယ်ထဲတွင် ဒူးတစ်ဝက်ခန့် ထောက်လျက် အနေထား ရှိနေသည်။ သူ့လက်နှစ်ဖက်လုံး၏ အရိုးများသည် ကျိုးသွားခဲ့ကာ၊ ဆံပင်များက သူ၏ရှေ့တွင် ပြန့်ကျဲနေသည်။ သူ၏ မူလက အေးစက်သော ပါးစပ်ထောင့်စွန်းသည် နီမြန်းသော သွေးများဖြင့် ဖုံးလွှမ်းနေပြီး၊ သူ၏ခန္ဓာကိုယ်သည် ကြီးမားပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်သည် သူ၏ဆေဘာကို လက်ထဲမှာ ကိုင်ထားပြီး၊ ပါးစပ်ထောင့်စွန်းက ခပ်ဖျော့ဖျော့ သရော်ဟန် ရှိနေသည်။

၎င်းသည် ကျိုးဖန်၏ စစ်မှန်သော စွမ်းအား မဟုတ်သေးကြောင်း သူသိသည်။ ထို့သို့ မဟုတ်ပါက၊ သူ၏အဆင့်သည် ကောင်းကင်အဆင့် ၃၂၀၀ အဆင့်သို့ ရောက်ရန် မလုံလောက်သေးပေ။

"မင်းက ငါ့ကို ဒီလိုလုပ်ဖို့ အတင်းကြပ် ဖိအားပေးခဲ့တယ်။ မူလကတော့၊ ငါ့ရဲ့ စစ်မှန်တဲ့ ခွန်အားကို အသုံးပြုဖို့ မရည်ရွယ်ခဲ့ပေမယ့်၊ အခုတော့ ငါ့ရဲ့ စစ်မှန်တဲ့ ခွန်အားကို အသုံးမပြုရင် မင်းကို သတ်နိုင်မှာ မဟုတ်ဘူး" ကျိုးဖန်သည် သူ၏ခေါင်းကို မော့လိုက်ပြီး သူ၏ရှုပ်ပွနေသော ဆံပင်တွေအောက်မှာ ရက်စက်ပြီး သွေးဆာသော အပြုံးကို ထုတ်ဖော် လိုက်ပါသည်။

သူ၏လက်မောင်း အရိုးတွေက ဆက်တိုက်ဆိုသလို ပြန်ကောင်းလာပြီး၊ သူ၏ခန္ဓာကိုယ်ထဲ မှ အနီရောင် လျှပ်စီးလှိုင်းလုံတွေ ထွက်ပေါ်လာသည်။

ဝှီး…။

ကျိုးဖန်သည် သူရှိနေသည့်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားပြီး၊ ချင်ယွင်၏ နောက်တွင် ပြန်ပေါ်လာသည်။

"ငရဲကို သွားလိုက်တော့"

ကျိုးဖန်သည် အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ၏လက်ထဲမှ ဆေဘာသည် အနီရောင် လျှပ်စီး စွမ်းအင်လှိုင်းတွေနှင့် ပြည့်နှက်နေသည်။ တခဏအတွင်းမှာပင်၊ သူသည် ဆေဘာကို ဝှေ့ယမ်းပြီး ချင်ယွင်၏ခါးဆီကို ခုတ်ဖြတ်လိုက်သည်။ သူ၏အရှိန်ဟုန်က အနီရောင် အလင်းတန်းတစ်ခုလို မြန်ဆန်လွန်းသည်။

"အယ်…"

လေစွမ်းရည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို အလျင်အမြန် အကောင်အထည် ဖော်လိုက်ရင်း၊ ချင်ယွင်၏ မျက်နှာက ပြောင်းလဲသွားပါသည်။ သူ၏ခန္ဓာကိုယ်သည် လေလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ဤထက်ရှသော ဆေဘာတိုက်ခိုက်မူ မကျရောက်မီ အဝေးတွင် ပေါ်လာသည်။

"မြန်နှုန်းမြင့် လျှပ်စီးနိယာမမှာလည်း ကြီးမားသော အောင်မြင်မူအဆင့်သို့ ရောက်ရှိနေ တယ်” ချင်ယွင်သည် အံ့အားသင့်သည့် အမူအရာကို ဖော်ပြလိုက်သည်။

ကျိုးဖန်သည် မြန်နှုန်းမြင့် လျှပ်စီးနိယာမကို အမှန်တကယ် ဖမ်းဆုပ်ထားနိုင်ပြီး၊ ကြီးမားသော အောင်မြင်မူအဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။ အကယ်၍၊ သူသည် လေစွမ်းရည် လျှပ်တပြက် မိုင်တစ်သောင်းနိယာမကို ကြီးမားသော အောင်မြင်မူအဆင့်သို့ ဝင်ရောက်ထားနိုင်ခြင်းကြောင့်သာ၊ ထို့သို့မဟုတ်ပါက၊ အစောပိုင်းက ဆေဘာတိုက်ခိုက်မှု က သူ့ကို နှစ်ပိုင်းခွဲသွားလိမ့်မည်။

ထိုအခိုက်တန့်တွင်၊ ချင်ယွင်၏ရှေ့မှ ပြင်းထန်သော စွမ်းအင်အတက်အကျ လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်သည် အနည်းမျှပင် တုန့်ဆိုင်းမနေဘဲ လေဟာနယ်ထဲသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

ချွင်….။

လေဟာနယ်ထဲမှ သန့်စင်သည့် သံမဏိအချင်းချင်း ထိခိုက်မိသံ ထွက်ပေါ်လာပြီး၊ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ချက်ချင်း ပျံ့နှံ့သွားကာ သူတို့နှစ်ဦးစလုံးသည် နောက်သို့ လွင့်ပျံသွားခဲ့သည်

"ဒါဆို၊ မင်းကလည်း လေစွမ်းရည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို နားလည်ထား သေးတယ်ပေါ့။ ငါတို့နှစ်ယောက် ဘယ်သူက ပိုမြန်လဲ ကြည့်ရအောင်။" ကျိုးဖန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ သူ၏ပုံရိပ်က အနီရောင် လျှပ်စီးအလင်းအဖြစ် ပြောင်းလဲကာ၊ လေဟာနယ်ထဲသို့ လျှင်မြန်စွာ ဖြတ်ကျော်ဝင်သွားလေသည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ မြန်နှုန်းမြင့် လျှပ်စီးနိယာမ သည် အကိုင်တွယ်ရ အခက်ခဲဆုံး နိယာမတစ်ခု ဖြစ်သည်။ ၎င်းသည် အရိပ်မဲ့နေပြီး သဲလွန် ပျောက်ကွယ်နေသည်ဟုပင် ဆိုနိုင်ပါသည်။ လေဟာနယ်နိယာမမှ လွဲ၍၊ ၎င်းကို အမြန်ဆုံး နိယာမဟု ဆိုကြသည်။

ယခုအချိန်တွင်၊ ကျိုးဖန်သည် လျှပ်စီးစွမ်းရည် မြန်နှုန်းမြင့်နိယာမကို အသုံးပြုနေပါသည်။ ချင်ယွင်တောင်မှ ခက်ခဲသည်ဟု ခံစားရသည်။ သူသည် လေစွမ်းရည် နိယာမများတွင် ကြီးမားသော အောင်မြင်မူအဆင့်သို့ အမှန်တကယ် ရောက်ရှိနေခြင်းကြောင့်သာ။ ထိုသို့ မဟုတ်ပါက ကျိုးဖန်ကို ရင်ဆိုင်တိုက်ခိုက်ရန် သူ့အတွက် နေရာပင် မရှိနိုင်တော့ပါ။

ဝှီး…။

ချက်ချင်းပင် လေထုကို တိုးဝင်လာသော အရှိန်အဟုန်ကြောင့် လေတိုးသံတစ်ချက် ထွက်လာသည်။ ထို့နောက်၊ လေဟာနယ်ထဲတွင် ထူးဆန်းသော ဆေဘာအလင်းတစ်ခု ပေါ်လာပြီး ကျိုးဖန်၏ ရုပ်သွင်သည် လေဟာနယ်ထဲတွင် ပြန်ပေါ်လာသည်။

ချင်ယွင်သည် ၎င်းတိုက်ခိုက်မူကို တားဆီးရန်အတွက် သူ၏ဓားကို အလျင်အမြန် ဝှေ့ယမ်း လိုက်သော်လည်း သူ၏ဓားသည် ကျိုးဖန်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်သွား သည်။

"မကောင်းတော့ဘူး၊ အဲဒါက ပုံရိပ်ယောင်တစ်ခုပဲ။" ချင်ယွင်၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားပြီး၊ နောက်ဆုတ်ခွာသွားချင်သည်။

"ဟမ့်၊ အခု အရမ်းကို နောက်ကျသွားပြီ။" သို့သော်လည်း ထိုအခိုက်အတန့်တွင်၊ အနီရောင် လျှပ်စီးလင်းလက်နေသည့် ဆေဘာတစ်စင်းသည် လေဟာနယ်ကို ဖြတ်၍ ချင်ယွင်၏ လက်ကို တိုက်ရိုက် ထိမှန်သွားသည်။

"ဖန်း…”။

ချင်ယွင်၏ လက်မောင်းသည် ပြတ်တောက်သွားပြီး၊ သူ၏လက်မောင်းမှ သွေးများ ပန်းထွက်လာသည်။

"ဟား..၊ ဟား…၊ မင်းလက်ကို ငါ ဖြတ်ပြီးသွားပြီ။ မင်း ငါ့ကို ဘာနဲ့တိုက်ခိုက်တော့မှာလဲ?။ သေလိုက်တော့…" ကျိုးဖန်သည် ချင်ယွင်၏ လက်မောင်း ပြတ်သွားသည်ကို တွေ့လိုက် သောအခါတွင်၊ သူသည် အနှိုင်းမဲ့ ထက်မြက်သော အပြုံးကို ချက်ချင်း ထုတ်ဖော်လိုက် သည်။ ထို့နောက်၊ သူသည် မြန်နှုန်းမြင့်လျှပ်စီးနိယာမကို အသက်သွင်းတော့မည် ဖြစ်ပြီး ချင်ယွင်ဆီကို ထပ်မံ ပြေးဝင်သွားတော့မည် ဖြစ်သည်။

"တကယ်ကြီးလား..?”

သို့သော် ဤအခိုက်အတန့်တွင် ကျိုးဖန်၏ နောက်ကွယ်တွင် ရေခဲတမျှ အေးစက်စက်အသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ကျိုးဖန်၏ အမူအရာသည် ပြောင်းသွားပြီး၊ အလျင်အမြန် ပြန်လှည့်ကြည့်လိုက်သည်။ နဂါးအကြေးခွံများ ဝတ်ဆင်ထားသည့် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသား တစ်ဦးကို သူ တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ လျှပ်စီးကြောင်းများသည် ကြီးမားသော နဂါးကြီးတစ်ကောင်နှင့်ပင် တူနေသေးသည်။ ဤလူ၏ ခန္ဓာကိုယ်မှ နှလုံးခုန် ရင်တုန်စေလောက်သည့် ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများ ထွက်ပေါ်နေ သည်။

"မင်း...ဘယ်လိုလုပ် မင်းဖြစ်နေတာလဲ?" ကျိုးဖန်၏ မျက်နှာသည် နှိုင်းစာ၍ မရလောက်အောင်ပင် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာတစ်ခု ထွက်ပေါ်လာသည်။

"ဒီကမ္ဘာကြီးမှာ ကိုယ်ပွားတွေ ရှိနေတုန်းပဲဆိုတာ မင်း မေ့သွားပြီလား?။ ပေါက်ကွဲလျှပ်စီး" လျှပ်စီးစွမ်းရည် ကိုယ်ပွားချင်ယွင်က လှောင်ပြောင်လိုက်ပြီး၊ ရှည်လျားစွာ စောင့်စားနေ ခဲ့သော သူ၏လက်သီးက ကျိုးဖန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ကျိုးဖန်၏ ခန္ဓာကိုယ်မှ ခပ်အုပ်အုပ်အသံတစ်ချက် ထွက်ပေါ်လာပြီး၊ အားလုံး၏ တုန်လှုပ် ခြောက်ခြားဖွယ်ရာ အကြည့်များအောက်တွင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။

“မဟုတ်ဘူး…”

ကျိုးဖန်သည် သနားစဖွယ်အော်ဟစ်သံဖြင့် အော်ဟစ်လိုက်သေးသည်။ သို့သော် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်သော စွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်ပြီး၊ သွေးမိုးတွေ ရွာသွန်းသွားသည်။

အဝေးမှ ကျင့်ကြံသူများသည် ဤမြင်ကွင်းကို မြင်သောအခါ သူတို့အားလုံးသည် အေးစက်သော လေကို ရှုရှိုက်လိုက်ကြပြီး၊ ချင်ယွင်ကိုကြည့်သည့် သူတို့၏အကြည့်များက ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာများ ဖြစ်လာကြသည်။

ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ရှိ လူများ သူ့ကို မည်သို့အကြည့်မျိုးဖြင့် ကြည့်ရှု နေသည်ကို ဂရုမစိုက်ပေ။ သူသည် သူ၏လက်ကို ပြန်လည်ကြီးထွားလာစေရန် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်ကို စတင်ဖြန့်ချီပြီးနောက်၊ လျှပ်စီး စွမ်းရည်ကိုယ်ပွားကို သူ၏ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်သည်။

ဤအရာအားလုံး ပြီးဆုံးပြီးသည်နှင့်၊ ချင်ယွင်၏ခန္ဓာကိုယ်ထဲမှ နောက်ထပ် အသံတစ်ခု ထွက်လာသည်။

"ကျောင်းသား ချင်ယွင်၊ အဆင့် ၃၂၀၀ ကို တက်လှမ်းနိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။ မင်း အမှတ် ၆၈၀၀ ရရှိထားပြီ"

ထိုစကားကို ကြားတော့ ချင်ယွင်သည် ခပ်ဖျော့ဖျော့ ပြုံးပြလိုက်မိသည်။

အမှတ်ခြောက်ထောင်သည် စွမ်းရည်ဂြိုဟ်တစ်ခုပေါ်တွင် ခြောက်နှစ်ကြာ ကျင့်ကြံခြင်းနှင့် ညီမျှနေသည်။ ဤမစ်ရှင်က ရမှတ်တစ်ထောင်ဖြင့်ဆိုလျှင်၊ သူသည် ချက်ချင်းပင် အမှတ်ခုနစ်ထောင် ရရှိခဲ့သည်။ ဟုတ်ပါသည်။ မီးနဂါးပုလဲလည်း သူ့မှာ ရှိနေပါသေးသည်။ ကောင်းကင်လေးနတ်ဘုရားအကယ်ဒမီကာ သူ့အား မည်သည့်စျေးနှုန်း ပေးမည်ကို သူ မသိသေးခြင်းကြောင့်သာ။

"ကြည့်ရတာ ဒီမိုးကြိုးအရင်းအမြစ်ကျောက်တွေကို ပေါင်းစပ်ဖို့အတွက် နေရာတစ်ခု ရှာဖို့ လိုပုံရတယ်။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးလိုက်မိသည်။

"ကောင်စုတ်လေး၊ ဒီမိုးကြိုးအရင်းအမြစ်ကျောက်တွေက နည်းနည်း ထူးဆန်းတယ်လို့ မင်း မထင်ဘူးလား?။ ရှေးဟောင်း ဖရိုဖရဲပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ မိုးကြိုး အရင်းအမြစ်ကျောက်တွေ အမြောက်အမြား ရှိနေဦးမယ်လို့ ငါ ခံစားရတယ်။" သို့သော်လည်း ယခုအချိန်တွင် ရှေးဟောင်းတာအိုဆရာသခင်၏ အသံသည် ချင်ယွင်၏ နားထဲတွင် ထွက်ပေါ်လာသည်။

ထိုစကားကို ကြားလိုက်ရလျှင်၊ ချင်ယွင်သည် စဉ်းစားနေသည့် အမူအရာ ပေါ်လာသည်။

All Chapters