အခန်း ၈၁၃
Vol. 55 Ch. 813
အခန်း (၈၁၃) မိုးကြိုးအရင်းအမြစ်ကျောက်တုံးများကို ပေါင်းစပ်ခြင်း။
ချင်ယွင်သည် ရှေးဟောင်းဖရိုဖရဲပင်လယ်၏ နက်ရှိုင်းသောအရပ်သို့ ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးက အတွေးနက်သော အမူအရာအပြည့် ရှိနေပါသည်။
ရှေးဟောင်းတာအိုဆရာသခင် ပြောသည်မှာ မှန်ပေသည်။ ဤမိုးကြိုးအရင်းအမြစ် ကျောက်တုံးများသည် အလွန်ရှားပါးသော အရာတစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့်၊ ၎င်းတို့ သည် တစ်နှစ်ပတ်လုံး ပြင်းထန်သော မိုးကြိုးလျှပ်စီးများဖြင့် ဖုံးလွှမ်းနေသော ကြယ်များ တွင်သာ တည်ရှိပါသည်။ တိကျသေချာသော အထူးအခြေအနေမျိုး အောက်တွင်သာ ဤကဲ့သို့ မိုးကြိုးအရင်းအမြစ်ကျောက်တုံးများ မွေးဖွားလာမည် ဖြစ်ပါသည်။ ထို့ကြောင့်၊ မိုးကြိုးအရင်းအမြစ်ကျောက်တုံး ပမာဏသည် ယေဘုယျအားဖြင့် အလွန်မင်း ရှားပါးပါ သည်။
ဤမျှများပြားသော မိုးကြိုးအရင်းအမြစ်ကျောက်တုံးများ ရုတ်တရက် ထွက်ပေါ်လာခြင်း သည် အလွန်ရှားပါးသော ဖြစ်ရပ်တစ်ခုဟု ဆိုနိုင်ပါသည်။ ၎င်း၏နောက်ကွယ်တွင် အထူး အကြောင်းပြချက် ရှိနေရမည်။
"ဒီမိုးကြိုးအရင်းအမြစ်ကျောက်တုံးတွေကို ငါ စုပ်ယူပြီးတာနဲ့၊ ရှေးဟောင်း ဖရိုဖရဲ ပင်လယ်ရဲ့ နက်ရှိုင်းတဲ့နေရာတွေကို ငါ တစ်ချက်လောက် သွားကြည့်နိုင်ပြီ" ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး၊ ရှေးဟောင်းဖရိုဖရဲ ပင်လယ်၏ နက်ရှိုင်းသော အရပ်ဆီသို့ ဦးတည်သွားမည့် အတွေးအကြံများကို ချက်ချင်း မောင်းထုတ်လိုက်ပါသည်။
ယခုအချိန်တွင်၊ သူ၏လက်ထဲမှာ မိုးကြိုးအရင်းအမြစ်ကျောက်တုံး နှစ်ထောင်ရှစ်ခု ရှိနေပါပြီ။ သူသည် ဤမိုးကြိုးအရင်းအမြစ်ကျောက်တုံးများကို တတ်နိုင်သမျှ အမြန်ဆုံး အသုံးပြုပြီး၊ သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားကို လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုး ပညာရပ်၏ ပဉ္စမအဆင့်ဖြစ်သော ကောင်းကင်နတ်ဘုရားနယ်ပယ်၏ နှောင်းပိုင်းအဆင့် ဖြတ်ကျော်လိုခဲ့သည်။
မိုးကြိုးအရင်းအမြစ်ကျောက်တုံးများသည် လူတစ်ဦး၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်ပြီး၊ လူတစ်ဦး၏ ခန္ဓာကိုယ်၏ကြံ့ခိုင်မှုကို အားကောင်းစေသည့်အပြင်၊ ပြင်းထန်သော မိုးကြိုး စွမ်းအင်များကို ထုတ်လွှတ်နိုင်သည်။
မိုးကြိုးအရင်းအမြစ် ကျောက်တုံးများကို လူတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်း လိုက်သည်နှင့်အမျှ ကြီးမားသောနာကျင်မူကို တောင့်ခံနိုင်ရန် လိုအပ်သည်။ အထူးသဖြင့်၊ မိုးကြိုးအရင်းအမြစ်ကျောက်တုံးများကို လူတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ အများပြား ပေါင်းစည်းခြင်းသည် ကြီးများပြင်းထန်သော နာကျင်မှုများစွာကို ပိုမိုတောင့်ခံနိုင်ရန် လိုအပ်ပါသည်။
ဝှီး…။
ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အနီးနားရှိ ဂြိုလ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။
ဤဂြိုလ်သည် လူသူဆိတ်သုန်းပြီး သက်မဲ့ဂြိုလ်ကမ္ဘာတစ်ခု ဖြစ်သည်။ ဂြိုလ်ကမ္ဘာ တစ်ခုလုံးသည် အဝါရောင်ကမ္ဘာကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး၊ ပေါ်လွင်ထင်ရှားခြင်းမျိုး မရှိပေ။
ချင်ယွင်သည် မြေအနိမ့်ပိုင်းနေရာတစ်ခုကို ရှာဖွေပြီး၊ တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူသည် မိုးကြိုးအရင်းအမြစ်ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ ၎င်းနှင့် ပေါင်းစည်းရန် စတင်ကြိုးစားလိုက်သည်။
မိုးကြိုးအရင်းအမြစ် ကျောက်တုံးကို ထုတ်ယူလိုက်သည်နှင့် တပြိုင်နက် ချင်ယွင်သည် မိုးကြိုးအရင်းအမြစ်ကျောက်တုံးအတွင်း ပါ၀င်နေသည့် ပြင်းထန်သော မိုးကြိုးစွမ်းအင်ကို ခံစားနိုင်သည်။
ချင်ယွင်သည် အနည်းငယ်မျှပင် တုန့်ဆိုင်းမနေတော့ဘဲ မြူနှင်းချောက်နက်ဓားကို ထုတ်ကာ သူ၏လက်ညှိုးကို ဖြတ်လိုက်သည်။ ထို့နောက် မိုးကြိုးအရင်းအမြစ် ကျောက်တုံးကို သူ၏ဒဏ်ရာပေါ်တွင် တင်လိုက်သည်။
တခဏအတွင်းမှာပင် မိုးကြိုးအရင်းအမြစ်ကျောက်တုံးသည် တောက်ပသော အလင်းတန်း များဖြင့် ပွင့်လန်းလာသည်။ ထို့နောက် မိုးကြိုးအရင်းအမြစ် ကျောက်တုံးတစ်ခုလုံးသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ချင်ယွင်၏ သွေးများထဲသို့ ပေါင်းစပ် သွားတော့သည်။
"ဟစ်!"
ချင်ယွင်သည် ချက်ချင်းပင် အေးစက်စက်လေကို ရှုရှိုက်လိုက်မိသည်။ ဤမိုးကြိုး အရင်းအမြစ်ကျောက်တုံးသည် သူ၏သွေးထဲသို့ ပေါင်းစပ်သွားပြီး သူ၏ခန္ဓာကိုယ်ကို ပြင်းထန်စွာ နာကျင်စေသည်။
ဘန်း…။
ဤမိုးကြိုးအရင်းအမြစ်ကျောက်တုံးသည် မိုးကြိုးမြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ၊ တိုးဝင်လာပြီး ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီးနောက်၊ ၎င်းသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးများနှင့်အတူ စီးဆင်းသွားခဲ့သည်။ ထို့နောက် ဤမိုးကြိုး လျှပ်စီးစွမ်းအင်များကို ချင်ယွင်၏ဆဲလ်များက စုပ်ယူသွားခဲ့သည်။
မိုးကြိုးလျှပ်စီးကြောင်းကို စုပ်ယူလိုက်သည်နှင့် ချင်ယွင်သည် သူ၏ခန္ဓာကိုယ် သန်မာလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
"ဒီမိုးကြိုးအရင်းအမြစ်ကျောက်တုံးတွေက တကယ်ကို ကောင်းမွန်တဲ့အရာတွေပဲ။" ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို ခံစားလိုက်ရပြီးနောက်၊ ပျော်ရွှင်မှု အရိပ်အယောင်တစ်ခုက သူ၏မျက်နှာပေါ်တွင် ချက်ချင်းပေါ်လာသည်။
ထို့နောက် ချင်ယွင်သည် မိုးကြိုးအရင်းအမြစ်ကျောက်တုံးကို အရူးအမူး စုပ်ယူတော့သည်။ ဤတစ်ကြိမ်တွင် သူသည် သူ၏ရင်ဘတ်ကို တိုက်ရိုက် ဖြတ်တောက်ကာ မိုးကြိုး အရင်းအမြစ်ကျောက်တုံး ငါးလုံးနှင့် ပေါင်းစပ်လိုက်သည်။
"အင်း…."
မိုးကြိုးအရင်းအမြစ် ကျောက်တုံးငါးခုသည် မိုးကြိုးမြွေငါးကောင်အဖြစ် ပြောင်းလဲကာ၊ တိုးဝင်လာပြီး ချင်ယွင်၏ သွေးကြောလမ်းကြောင်းများထဲသို့ စိမ့်ဝင်သွားသည်။ လျှပ်စီး ကြောင်းများ၏ သူ၏ခန္ဓာကိုယ်အနှံ့ ပြေးလွှားဝင်ရောက်မူကြောင့်၊ သူ့ကို နာကျင်စေပြီး၊ မထိန်းနိုင်ဘဲ ညီးညူမိသည်။
သို့သော်လည်း သူသည် ကြယ်(စွမ်းအင်ဖြင့်) ခန္ဓာကိုယ်ကို သန့်စင်ခြင်းကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုကိုပင် ခံနိုင်ရည်ရှိသောကြောင့်၊ မိုးကြိုးလျှပ်စီးဖြင့် ခန္ဓာကိုယ် ကို သန့်စင်ခြင်းကြောင့်ဖြစ်သော နာကျင်မှုသည် သဘာဝအတိုင်း ပြဿနာ မရှိခဲ့ပေ။
ထို့ကြောင့်၊ နောက်နှစ်နာရီအတွင်း၊ ချင်ယွင်သည် မိုးကြိုးအရင်းအမြစ်ကျောက်တုံးနှင့် အရူးအမူး ပေါင်းစပ်နေခဲ့သည်။ နောက်ပိုင်းတွင် သူသည် တကြိမ်တည်းဖြင့် ရာနှင့်ချီပြီး ပေါင်းစပ်ခဲ့သည်။
မိုးကြိုးအရင်းအမြစ်ကျောက်တုံးများကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုက သူ့ကို အရူးအမူး အော်ဟစ်ငြီးညူရစေသည်။ အဘယ့်ကြောင့်ဆိုသော်၊ မိုးကြိုးအရင်းအမြစ်ကျောက်တုံးများ ကြောင့် ဖြစ်ပေါ်လာသော တစ်ကိုယ်လုံး ပူလောင်နေသည့် နာကျင်မှုက ကြယ် စွမ်းအင်ဖြင့် လောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုထက် အားမနည်းခဲ့ပါဘူး။
သေချာပါသည်။ ချင်ယွင်သည် ဤနာကျင်မှုကို ခံနိုင်ရည်ရှိအောင် ကြိုးစားခြင်းကလည်း ထိုက်တန်ပါသည်။ ထိုအခိုက်အတန့်တွင်၊ သူ၏ခန္ဓာကိုယ်သည် အတွင်းမှ ထုတ်လွှတ်နေ သည့် နက်မှောင်သော ခရမ်းရောင်အလင်းတန်းများဖြင့် စတင်တောက်ပလာခဲ့သည်။
အကယ်၍၊ ယခုအချိန်မှာ တစ်စုံတစ်ယောက်သည် သူ၏ခန္ဓာကိုယ်ကို စောင့်ကြည့် လေ့လာနေမည်ဆိုလျှင်၊ လက်ရှိအချိန်တွင် သူ၏ဆဲလ်တိုင်းသည် ခရမ်းရောင် လျှပ်စီး စွမ်းအင်များဖြင့် ရစ်ပတ်နေပြီး၊ ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်ကို သေချာပေါက် တွေ့မြင်ရပါလိမ့်မည်။
“ဘုန်း..”
နောက်ဆုံးတွင်၊ ချင်ယွင်သည် ၂၀၀၀ ခုမြောက် မိုးကြိုးအရင်းအမြစ်ကျောက်တုံးနှင့် ပေါင်းစပ်ပြီးနောက်၊ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်စွမ်းအင်တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
ထိုစွမ်းအားတွေ ထွက်ပေါ်လာသည်နှင့် သူ၏ခန္ဓာကိုယ်ထဲမှ အကန့်အသတ်မဲ့ အငွေ့အသက်တစ်ခုက ရုတ်တရက် ပြန့်ကျဲထွက်လာခဲ့ပါသည်။ သူ၏ခြေဖဝါးအောက်မှ မြေပြင်သည် တစ်လက်မချင်း အနေဖြင့် ကွဲအက်စပြုလာပြီး၊ ဂြိုဟ်၏တစ်ဝက်ကျော်အထိ ပျံ့နှံ့သွားပါသည်။
ပတ်ဝန်းကျင်ရှိ လျှပ်စီးများသည် ပါးလွှာသွားသော်လည်း၊ လေဟာနယ်တစ်ခုလုံး အဆက်မပြတ် တုန်ခါနေသေးသည်။
"နောက်ဆုံးတော့ ငါ ကောင်းကင်နတ်ဘုရားနယ်ပယ် နှောင်းပိုင်းအဆင့်ကို ဖြတ်ကျော် သွားခဲ့ပြီ။" ချင်ယွင်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး၊ သူ၏ မျက်လုံးများသည် ပြင်းထန်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ချင်ယွင်သည် လေဟာနယ်ထဲသို့ ထိုးလိုက်ပြီး၊ ၎င်းထိုးချက်သည် ဂြိုလ်ကမ္ဘာပေါ်ရှိ လေထုကို တုန်လှုပ်စေခဲ့သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော လေအမြောက် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အဝေးမှ တောင်တန်းကြီးတစ်ခုသို့ တိုက်ရိုက် ထိမှန်သွားခဲ့သည်။
"ဘုန်း…”။
အဝေးရှိ ပေပေါင်းထောင်ချီမြင့်သော တောင်ကြီးသည် မိုးကြိုးပစ်ခံရကဲ့သို့ ချက်ချင်း ပေါက်ကွဲသွားပြီး၊ တောင်တစ်ခုလုံးသည် ကျယ်ပြန့်သော မြေညီအဖြစ်သို့ တိုက်ရိုက် ပြိုဆင်းသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်၊ ချင်ယွင်သည် ပို၍ပင် တောက်ပသော အပြုံးကို ထုတ်ဖော် လိုက်ပါသည်။
အစောပိုင်းက ထိုလက်သီးချက်မှာ သူသည် ခွန်အားအကုန် အသုံးမချရသေးပါဘူး။ ဤအရာသည် ရုပ်ပိုင်းဆိုင်ရာခွန်အားသန့်သန့်ဖြင့် ထိုးလိုက်သော လက်သီးချက် ဖြစ်ပါ သည်။ ထိုလက်သီးချက်၏ အစွမ်းသည် ဤမျှလောက်ကြီးမားလိမ့်မည်ဟု သူ မမျှော်လင့် ထားပါဘူး။
ယခုအချိန်တွင်၊ သူသည် သူ၏ ကောင်းကင်နတ်ဘုရားစွမ်းအားကို အသုံးပြုလိုက်မည်ဆို လျှင်၊ နှောင်းပိုင်းအဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူ အချို့ကို ဆန့်ကျင်တိုက်ခိုက်နိုင်နေပြီ ဖြစ်ပါသည်။ အကယ်၍၊ သူသည် ကောင်းကင်နတ် ဘုရားနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့မည်ဆိုလျှင်၊ သူသည် အင်မော်တယ်ဘုရင်နယ်ပယ်အောက်ရှိ ကျွမ်းကျင်သူများကို သူ၏ရုပ်ခန္ဓာကိုယ်ဖြင့်ပင် ချေမှုန်းနိုင်လိမ့်မည်မှာ သေချာပါသည်။
ဝှီး….။
ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို ထပ်မံ ထုတ်ယူပြီး သူ၏လက်ညှိုးကို ခုတ်လိုက်သည်။
သို့သော်၊ ယခုတကြိမ်တွင်၊ သူ၏အရေပြားကို အရင်ကလို ပိုင်းဖြတ်ဖို့ မလွယ်တော့ပါဘူး။ ယင်းအစား၊ သူ၏လက်ချောင်းမှာ သွေးစွန်းဒဏ်ရာတစ်ခုကို ချန်ထားရစ်ဖို့ပင် သူသည် အများကြီး ကြိုးစားခဲ့ရပါသည်။
မြူနှင်းချောက်နက်ဓားသည် အဆင့်နိမ့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ၎င်း၏ထက်ရှမှုသည် တုနှိုင်းမရလောက်အောင် ကြောက်မက်ဖွယ် ကောင်းနေပြီးသော်လည်း၊ ၎င်းသည် ချင်ယွင်၏အရေပြားကို ဖြတ်တောက်ရန် အလွန်ခက်ခဲနေသည်။ ချင်ယွင်၏ အသားအရေသည် မည်မျှ သန်မာသည်ကို တွေးကြည့်နိုင်သည်။
"ဟား..၊ ဟား..၊ အဆင့်မြင့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းတွေက ယခု ငါ့ကို နည်းနည်းလေးမှ မထိခိုက်နိုင်တော့မှာ ငါ စိုးရိမ်မိတယ်၊ ဟုတ်တယ်မလား" ချင်ယွင်၏ မျက်နှာသည် တောက်ပသော အပြုံးတစ်ခု ထွက်ပေါ်လာပြန်သည်။ ယခုအချိန်တွင်၊ သူ၏ ရုပ်ခန္ဓာကိုယ်သည် အဆင့်မြင့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းတစ်ခုနှင့် လုံးဝ နှိုင်းယှဉ်နိုင်သည်။
လူတစ်ဦး၏ ရုပ်ခန္ဓာကိုယ်သည် အဆင့်မြင့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်း တစ်ခုနှင့် နှိုင်းယှဉ်နိုင်သည့်အဆင့်သို့ ရောက်ရှိလာသည့်အခါ၊ တိုက်ခိုက်ရေးစွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို စဉ်းစားကြည့်ပါ။
"ကောင်းကင်နတ်ဘုရား နယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်ကို ဖြတ်ကျော်ဖို့ မိုးကြိုး အရင်းအမြစ်ကျောက်တုံး စုစုပေါင်း ၂၀၀၀ လောက်ကို အသုံးပြုခဲ့ရတယ်။ နောက်ပြီး ခန္ဓာကိုယ်က စုပ်ယူနိုင်တဲ့ အတိုင်းတာထိ မပြည့်သေးဘူးလို့ ထင်ရတယ်။ တကယ်လို၊ သာမန် ကျင့်ကြံသူတစ်ယောက်သာဆိုရင် အခု ၅၀၀ လောက်ဆို ပြည့်သွားလိမ့်မယ်။" ချင်ယွင်က သူ့ကိုယ်သူ ပြုံးလိုက်မိသည်။
မိုးကြိုးအရင်းအမြစ်ကျောက်တုံးများသည် အကန့်အသတ်မရှိ စုပ်ယူနိုင်သော အရာမဟုတ် သည်မှာ သေချာပါသည်။ မိုးကြိုးအရင်းအမြစ်ကျောက်တုံးအချို့နှင့် ပေါင်းစပ်ပြီးနောက် ခန္ဓာကိုယ်သည် စုပ်ယူနိုင်သည့် အတိုင်းတာသို့ ရောက်ရှိသွားမည် ဖြစ်ပါသည်။ မိုးကြိုး အရင်းအမြစ်ကျောက်တုံးသည် စုပ်ယူနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားသည်နှင့် သူသည် မိုးကြိုးအရင်းအမြစ်ကျောက်တုံးနှင့် နောက်ထပ် ပေါင်းစပ်နိုင်တော့မည် မဟုတ်ပေ။
ချင်ယွင်သည် မိုးကြိုးအရင်းအမြစ်ကျောက်တုံး နှစ်ထောင်နှင့် ပေါင်းစပ်ထားသည်မှာ ထင်ရှားသော်လည်း သူ၏ခန္ဓာကိုယ်သည် အပြည့်အဝ မပြည့်စုံသေးပေ။ ထို့အပြင်၊ ချင်ယွင်သည် ထပ်မံတိုးမြှင့်ရန် နေရာများစွာ ကျန်ရှိနေသေးသည်ဟု ခံစားမိသည်။
"တကယ်လို့ မိုးကြိုးအရင်းအမြစ် ကျောက်တုံးတွေသာ ဒီထက်ပိုပြီး ရှိခဲ့ရင်၊ မိုးကြိုး အရင်းအမြစ်ကျောက်တုံးအချို့နဲ့ ပေါင်းစပ်ပြီးနောက် ငါ့လျှပ်စီးစွမ်းရည်ကိုယ်ပွားရဲ့ ခွန်အားလည်း တိုးမြင့်လာမှာ သေချာတယ်။" ချင်ယွင်သည် သိုလှောင်လက်စွပ်အတွင်း ကျန်ရှိနေသော မိုးကြိုးအရင်းအမြစ်ကျောက်တုံး ရှစ်ခုကို ကြည့်လိုက်ရင်း၊ ခေါင်းကို ခါယမ်းလိုက်မိသည်။
အဆုံးတွင်၊ သူ၏အကြည့်များသည် မိုးကြိုးအရင်းအမြစ်ကျောက်တုံးများ ပျံသန်းထွက်ပေါ် လာရာ အရပ်ဆီသို့ ရောက်ရှိသွားခဲ့ပြီး၊ သူ၏မျက်လုံးများတွင် စိတ်ပိုင်းဖြတ်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။
"ငါ နောက်ဆုံးလက်ကျန် ကြယ်ဆိတ်သုဉ်းခြင်းသားရဲ နှစ်ကောင်ကို ရှာရဦးမယ်။ ရှေးဟောင်းဖရိုဖရဲပင်လယ်ရဲ့ နက်ရှိုင်းတဲ့အရပ်ဆီ ငါ တစ်ချက်သွားကြည့်မယ်။" ချင်ယွင် သည် ဘာမှမထူးခြားဟန်ဖြင့် ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူသည် အစိမ်းပြာရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးဆီသို့ ပျံသန်းသွားလေ သည်။