← Chapters

အခန်း ၈၁၄

Vol. 55 Ch. 814

အခန်း ၈၁၄

Vol. 55 Ch. 814

အခန်း (၈၁၄) ဗာမီလီယမ်မီးငှက်မင်းသား။

ချင်ယွင်သည် ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ နက်ရှိုင်းသော အရပ်ဆီသို့ အပြေးအလွှား ပျံသန်းသွားနေစဉ်၊ ကောင်းကင်လေးအင်မော်တယ်ကျွန်းရှိ အလွန်ခမ်းနားထည်ဝါသော နန်းတော်ထဲတွင် လူငယ်နှစ်ဦး ထိုင်နေပါသည်။

သူတို့နှစ်ဦးစလုံးသည် နတ်ဆိုးမျိုးနွယ်၏ အင်အားကြီးမားသော အငွေ့အသက်ကို ဖော်ထုတ်ထားကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် အစွမ်းထက်သော အငွေ့အသက်ကိုလည်း သယ်ဆောင်ထားသည်။ ရှင်းနေသည်မှာ သူတို့နှစ်ဦးစလုံးသည် နတ်ဆိုးမျိုးနွယ်၏ တော်ဝင်မိသားစုများမှ ဖြစ်ကြပါသည်။

"ကျူးယဲ့၊ ငါစုံစမ်းဖို့ မင်းကို အကူညီတောင်းထားတဲ့လူကို မင်း ရှာတွေ့ပြီလား" အနီရောင် ၀တ်စုံ ၀တ်ထားသည့် လူငယ်တစ်ဦးက အေးစက်စွာ ပြောလိုက်သည်။

အကယ်၍၊ ချင်ယွင်သာ ဤနေရာတွင် ရှိနေခဲ့မည်ဆိုပါက၊ အနီရောင်၀တ်စုံဝတ် လူငယ် သည် သိပ်မကြာသေးခင်ကမှ သူ မီးနဂါးပုလဲကို လုယက်ခဲ့သော နဂါးဘုရင် အောင်းဖန်း ဖြစ်သည်ကို သူ မှတ်မိပါလိမ့်မည်။

"သေချာပေါက်၊ ငါ ရှာတွေ့ပြီပေါ့။ ငါတို့ ဗာမီလီယမ်ငှက်မျိုးနွယ်စုရဲ့ သတင်းဆယ်သွယ်မူ ကို မင်းက ဟာသတစ်ခုလို့ ထင်နေတာလား?" ကျူးယဲ့ဟုခေါ်သော လူငယ်က သူ၏ ပါးစပ်ထောင့်တွင် မောက်မာသော အပြုံးဖြင့် ပြောလိုက်သည်။

ကျူးယဲ့သည် ချောမောသော်လည်း သူ၏ခန္ဓာကိုယ်ပုံစံက အတော်လေး အရပ်ပုသည်။ အထူးသဖြင့် သူ၏ နီမြန်းနေသော အနီရောင် ဆံပင်များက လူအများ၏ မျက်လုံးကို ဖမ်းစားနိုင်သည်။

ဗာမီလီယမ်ငှက်မျိုးနွယ်စု၏ တော်ဝင်မိသားစုအနေဖြင့်၊ သူသည် အားကောင်းသည့် ဗာမီလီယမ်ငှက် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။ သူ၏ခွန်အားသည် အင်မော်တယ် ဘုရင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ သူသည် အဆင့်သတ်မှတ်တွင် အောင်းဖန်ထက်ပင် အမြင့်မှာ ရှိနေသည်။

"မြန်မြန်ပြောစမ်းပါဦး၊ သူက ဘယ်သူလဲ?" အောင်းဖန် ချက်ချင်း ပြောလိုက်သည်။

"ကောင်းကင်အဆင့်မှာ အဆင့်ခြောက်ဆယ်ရှိတဲ့ ချင်လန်လေ၊ မင်း သိရဲ့လား? မင်းရဲ့ မီးနဂါးပုလဲကို ခိုးယူတဲ့လူက ချင်လန်ရဲ့ညီ ချင်ယွင်တဲ့" ကျူးယဲ့က ပြုံးပြီး ပြောသည်။

"မင်းက အင်မော်တယ် ဧကရာဇ်မင်းမြတ် ချင်ဟန်ရဲ့ ဒုတိယသားတော်၊ ချင်အင်ပါယာရဲ့ ချင်လန်ကို ဆိုလိုတာလား?" အောင်းဖန်သည် ချက်ချင်း မျက်မှောင်ကြုတ်ပြီး ပြောလိုက် သည်။

သိသာထင်ရှားသည်မှာ၊ ဤချင်လန်သည် သူ့အား ဖိအားများစွာ ပေးနေခဲ့သည်၊ ထို့ကြောင့်၊ နာမည်တစ်ခုတည်းကပင်၊ သူ၏မျက်လုံးများက ကြောက်ရွံ့မှုကို ဖော်ပြသနေခဲ့သည်။

အောင်းဖန်၏ အမူအရာသည် အလွန်လေးနက်လာသည်ကို တွေ့လိုက်ရသည်နှင့် ကျူးယဲ့ က ပြုံးပြီး ပြောသည် "စိတ်မပူပါနဲ့၊ ဒီချင်ယွင်နဲ့ သူ့အစ်ကို ချင်လန်တို့ဟာ အမြဲလိုလို သဘောထားကွဲလွဲနေကြပြီး၊ သူတို့ဟာ နက်ရှိုင်းတဲ့ ရန်သူတွေအဖြစ်တောင် ဖြစ်နေကြပြီ။ ချင်လန်ဟာ သူ့ခန္ဓာကိုယ်မှာရှိတဲ့ ဖရိုဖရဲ အင်မော်တယ်အရိုးတွေကြောင့် ကောင်းကင်ဘုံ အထိ ပျံတက်သွားအောင် လုပ်နိုင်ခဲ့တယ်ဆိုတာကို မင်းလည်း ကြားဖူးမှာပါ။ ဒါပေမယ့်၊ သူ့ရဲ့ ဖရိုဖရဲအင်မော်တယ်အရိုးတွေက ဘယ်ကနေ ရလာလဲဆိုတာ မင်း သိရဲ့လား?။"

အောင်းဖန်က ပြန်မဖြေဘဲ သူဆက်ပြောမည့်စကားကို စောင့်ဆိုင်းနေသကဲ့သို့ ကျူးယဲ့ကို သာ ကြည့်နေလေသည်။

"သူ့ရဲ့ဖရိုဖရဲအင်မော်တယ်အရိုးကို သူ့ညီချင်ယွင်ဆီကနေ လုယူထားတာပဲ။ ဒီလူက သူ့ညီငယ်ရဲ့ ဖရိုဖရဲအင်မော်တယ်အရိုး အနှစ်သာရကို အတင်းအကြပ် သိမ်းယူလိုက်ပြီး၊ သူ့ခန္ဓာကိုယ်ထဲကို ထိုးသွင်းလိုက်ပြီးနောက်မှာတော့၊ သူက ဖရိုဖရဲအင်မော်တယ် ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်လာခဲ့ပြီး၊ သူ့ညီကိုတော့ သူ့အဖေ အင်မော်တယ် ဧကရာဇ်မင်းမြတ် ချင်ဟန်က သုံးစားမရတဲ့ အမှိုက်တစ်စဖြင်အောင် လုပ်ပြီးနောက် သေမျိုးကမ္ဘာကို ပို့ပစ်လိုက်တယ်။ အခု သူက ပြန်ထလာနိုင်ပုံရတယ်။ ပြီးတော့၊ သူက ကောင်းကင်လေ နတ်ဘုရားအကယ်ဒမီကိုတောင် ဝင်ရောက်နိုင်ခဲ့တယ်။ ဒါက တကယ်ကို မရိုးရှင်းဘူး။" ကျူးယဲ့သည် ပြုံးပြီး သိချင်စိတ်ပြင်းပြစွာ သက်ပြင်းချလိုက်မိသည်။

"ဟမ့်၊ သူ့အတွက် ပြန်လည်တက်လှမ်းလာဖို့ အချိန်ဘယ်လောက်ယူရလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒီကောင်က နက်နက်သိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့်မှာပဲ ရှိသေးတယ်။ ငါ့ရှေ့မှာဆို သူ့ကို လက်တစ်ဖက်တည်းနဲ့တောင် ချေမှုန်းပစ်နိုင် တယ်။ သူက ချင်လန်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေမှတော့၊ သဘာဝအတိုင်း သူ့ကို သတ်ဖြတ်ဖို့ ငါ့အနေနဲ့ စိတ်ပူနေစရာ မလိုတော့ဘူးပေါ့။" အောင်းဖန်သည် ချက်ချင်းပင် အေးစက်စွာ အော်ပြောလိုက်ပြီး သူ၏ သတ်ဖြတ်လိုက်စိတ်က ပြင်းထန်လာသည်။

ချင်ယွင်သည် ချင်လန်၏ ညီငယ်ဖြစ်ကြောင်း ပထမဆုံးကြားသိရသည့်အခိုက်မှာ သူသည် အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။ အကြောင်းရင်းမှာ ချင်လန်၏ ခွန်အားကို သူ ကြောက်ရွှံ့သောကြောင့် ဖြစ်သည်။ အကယ်၍၊ သူသည် ဤချင်ယွင်ကို သတ်လိုက်မည်ဆို လျှင်၊ ချင်လန်က သူ့ကို ဒုက္ခပေးမှာကို သူ ကြောက်မိသည်။ တော်ဝင်ချင် အင်မော်တယ် မင်းဆက်၏ စွမ်းအားနှင့်ပတ်သက်၍မူ သူသည် ကြောက်ရွှံ့ခြင်း မရှိချေ။ အဆုံးတွင်၊ သူတို့နဂါးမျိုးနွယ်၏ စွမ်းအားသည်လည်း တော်ဝင်ချင် အင်မော်တယ်မင်းဆက်အောက် မနိမ့်ကျပေ။

အောင်းဖန်၏ စကားကို ကြားတော့ ကျူးယဲ့က အေးစက်စက် ပြုံးလိုက်သည်။ အောင်းဖန် ကို ကြည့်ရင်း သူ၏မျက်လုံးများတွင် အထင်အမြင်သေးမှု အရိပ်အယောင် ပေါ်လာသည်။

"ဒီကောင်က ဦးခေါင်းရှိပေမယ့် အသုံးမပြုနိုင်တဲ့ လူပဲ။ ဒီလူရဲ့ခွန်အားတွေ တိုးလာတဲ့ အမြန်နှုန်းက နည်းနည်း ထူးဆန်းလွန်းတယ်ကို မင်း မမြင်နိုင်ဘူးလား?" ကျူးယဲ့သည် သူ၏စိတ်ထဲတွင် တွေးတောရင်း လှောင်ရယ်နေမိသည်။

သူသည် ထိုစကားတွေကို အောင်းဖန်အား မပြောပြခဲ့ပါဘူး။ အဘယ့်ကြောင့်ဆိုသော်၊ ချင်ယွင်သည် လျှို့ဝှက်ချက်ကြီးတစ်ခု ဖုံးကွယ်ထားရမည်ဟု သူ ခံစားမိနေသောကြောင့် ဖြစ်ပါသည်။ ဤလျှို့ဝှက်ချက်ကို လူနည်းနည်းပဲသိလေ ပိုကောင်းလေ ဖြစ်ပါသည်။

"အောင်းဖန်၊ ဒီချင်ယွင်က လောလောဆယ် ကောင်းကင်အဆင့်မှာ အဆင့် ၃၂၀၀ မှာရှိပြီး မင်းကတော့ ကောင်းကင်အဆင့်မှာ အဆင့် ၆၀၀ ရှိတယ်။ မင်း သူ့ကို စိန်ခေါ်လိုက်ရင်၊ သူက လက်ခံမယ်လို့ မင်းထင်လား?။" ကျူးယဲ့က ဆက်မေးသည်။

ကောင်းကင်လေနတ်ဘုရားအကယ်ဒမီအတွင်းမှာ၊ တစ်ဖက်လူမှ တစ်ဖက်လူကို စိန်ခေါ်ပါ က၊ ၎င်းတို့၏ သဘောတူညီချက်ဖြင့် ဆုံးဖြတ်ရမည် ဖြစ်သည်။ အကယ်၍၊ သူတို့သည် ပေါ့ပေါ့ဆဆ တိုက်ခိုက်ကြမည်ဆိုလျှင်၊ အကယ်ဒမီ၏ စည်းကမ်းတွေကို ဖောက်ဖျက်ရာ ကျပြီး၊ အကယ်ဒမီ၏ ပြင်းပြင်းထန်ထန် အပြစ်ပေးမူကို ခံကြရလိမ့်မည်။

သို့သော်၊ ကိုယ့်ပြိုင်ဘက်သည် ရှင်ခြင်းသေခြင်းစိန်ခေါ်မူကို လက်ခံသရွေ့ အကယ်ဒမီ သည် ဂရုစိုက်တော့မည် မဟုတ်ပေ။

"ဒါဆို ငါ ဘာလုပ်ရမလဲ?။ သူ့ကိုသတ်ဖို့ အကယ်ဒမီရဲ့ အဝင်တံခါးပေါက်မှာ သွားစောင့်နေ ရမှာလား?" အောင်းဖန်သည် ဤပြဿနာကို ရှင်းရှင်းလင်းလင်း သိထားပြီး အစမ်း သဘောဖြင့် ပြောလိုက်သည်။

"အကယ်ဒမီမှဦ ဝင်ပေါက်တွေက အများကြီး ရှိနေတယ်လေ။ ဘယ်တယ်လီပို့စနစ် အစီအရင်ကနေ ချင်ယွင် ဝင်လာမယ်ဆိုတာ မင်း သိနိုင်ပါ့မလား?။" ကျူးယဲ့ ခေါင်းယမ်း ရင်း ပြောလိုက်သည်။

"ဒါဆို၊ ငါ ဘာလုပ်ရမှာလဲ၊ ဒီကောင်က ငါ့ရဲ့မီးနဂါးပုလဲ ခိုးပြီး ငါ့ကို အရှက်ခွဲခဲ့တယ်။ ငါ သူ့ကို ဘာမှမလုပ်ရဘဲ အလွတ်မပေးနိုင်ဘူး" အောင်းဖန်က စိုးရိမ်တကြီး ပြောသည်။

ကျူးယဲ့သည် အောင်းဖန်၏ စိုးရိမ်သောကရောက်နေသည့် အမူအရာကို မြင်လိုက်သည်။ သူသည် အောင်းဖန်အပေါ် အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေသော်လည်း သူ၏ မျက်နှာက တည်ငြိမ်နေပြီး ပြောလိုက်သည် 'ဒီချင်ယွင်က ကောင်းကင်အဆင့် ၃၂၀၀ အဆင့်ကို ရရှိရန်အတွက် ကျိုးဖန်ကို သတ်ပစ်လိုက်တယ်။ ဒီကျိုးဖန်မှာ ကောင်းကင် အဆင့်မှဦ အဆင့် ၁၅၀၀ မှာရှိတဲ့ ကျိုးထန်ဆိုတဲ့ အစ်ကိုတစ်ယောက်ရှိတယ်။ သူက လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်မှာတော့ အတော်လေး အစွမ်းထက်တဲ့ ဇာတ်ကောင်တစ်ဦးလို့ ယူဆနိုင်တယ်။ သူ့ညီကျိုးဖန် သေဆုံးတဲ့ အကြောင်း ကျိုးထန်ကို ပြောလိုက်တာနဲ့၊ ဒီကျိုးထန်က သဘာဝအတိုင်း ချင်ယွင်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။"

"ဒါပေမယ့် ဒီကျိုးထန်က ကောင်းကင်အဆင့်မှာ အဆင့် ၁၅၀၀ မှာရှိနေတယ်။ ဒီချင်ယွင် က စိန်ခေါ်မှုကို လက်ခံပါ့မှာလား?။ သူက ကျိုးထန်ရဲ့ စိန်ခေါ်ချက်ကိုတောင် လက်မခံဘူး ရင်ဆို၊ ငါ ဘယ်လိုလုပ်မလဲ?။” အောင်းဖန်လည်း သူ၏သံသယကို တိုးမြှင့်ပြောလိုက် သည်။

'"ဒါက ဒီလောက် မရှိးရှင်းဘူး။ တကယ်လို့၊ ငါ့ရဲ့ခန့်မှန်းချက်သာ မှန်နေမယ်ဆိုရင်၊ ဒီ ချင်ယွင်ရဲ့အင်အားက လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရှိသင့်တယ်။ အပေါ်ယံမှာ သူ့ရဲ့ အမြင့်ဆုံးဖြစ်တဲ့ နက်နက်သိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ် အထွက်အထိပ်အဆင့် ကျင့်ကြံမူအခြေခံက တခြားသူတွေကို လှည့်ဖြားဖို့ ဖြစ်ရမယ်။ မင်းက ကျိုးထန်ကို အမှတ် ၁၀၀၀၀၀ ပေးလိုက်တာနဲ့၊ အချိန်ရောက်တဲ့အခါ၊ သူက ဒီအမှတ်တစ်သိန်းကို အသုံးပြုပြီး သူ့ကိုစိန်ခေါ်နိုင်မယ့် နောက်ထပ် အခြေအနေ တစ်ခုအဖြစ် ဖြစ်လာနိုင်တယ်။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက်က ချင်ယွင်ကြောင့် လှုပ်ရှားသွားမှာ မဟုတ်ဘူး ငါ ယုံကြည်တယ်” ကျူးယဲ့က ရယ်မောရင်း ပြောလိုက်သည်။

"မှန်တယ်..၊ အမှတ် ၁၀၀၀၀၀ ၊ သူ့ကို မပြောနဲ့။ ငါတောင်မှ သွေးဆောင်ခံရလိမ့်မယ်။ ဒါပေမယ့် ဒီအတိုင်း အမှတ် ၁၀၀၀၀၀ ကို အခုလိုမျိုး လွှင့်ပစ်လိုက်ရတာ နှမျောစရာ မဟုတ်ဘူးလား?။" အောင်းဖန်က စိုးရိမ်တကြီး ပြောသည်။

"သေချာပေါက်၊ ဒီအမှတ် ၁၀၀၀၀၀ က အလကား မဟုတ်ပါဘူး။ ဒီတစ်ယောက်က ချင်ယွင်ကို သေချာပေါက် အနိုင်ယူလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ဒီအမှတ်တစ်သိန်းက ကျိုးထန်အပေါ်မှာပဲ ရှိနေဦးမှာလေ။ မင်းက ဒီအမှတ်တွေ ပြန်မလာမှာကို ကြောက်နေ သေးတာလား?။" ကျူးယဲ့က ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သော်လည်း၊ သူ့မျက်လုံးများ၏ နက်ရှိုင်းသည့်အရပ်တွင် အထင်သေးသည့် အရိပ်မြွက် ပေါ်လွင်နေသည်။

"ကောင်းပြီလေ၊ ဒီလိုပဲလုပ်လိုက်တော့မယ်။ ငါ အခုပဲ ကျိုးထန်ကို သွားရှာလိုက်ဦးမယ်။" အောင်းဖန်၏ မျက်လုံးများသည် ခက်ထန်သော အလင်းရောင်တစ်ခုနှင့်အတူ ချက်ချင်း ဝင်းလက်သွားသည်။ သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်ချက်စိတ်က တဖျပ်ဖျပ် လင်းလက်နေပြီး၊ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ နန်းတော်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ကျူးယဲ့သည် အောင်းဖန် ထွက်သွားသည်ကို ကြည့်ရင်း၊ နောက်ဆုံးတွင်၊ သူ၏ စိတ်သဘောထားက သူ၏မျက်နှာပေါ်တွင် ပေါ်လွင်လာခဲ့သည်။

"အောင်းဖန်၊ အောင်းဖန်၊ နဂါးမျိုးနွယ် တော်ဝင်မိသားစုဝင် တစ်ယောက်အနေနဲ့ မင်းကို တန်ဖိုးမထားရတဲ့ အကြောင်းရင်းတစ်ခု ရှိနေရမယ်။ မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ပဲ မြင့်မားပါစေ မင်းရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ဆို အဲဒါက အသုံးမဝင်တော့ ဘူး။" ကျူးယဲ့က လှောင်ပြောင်ရယ်မောရင်း သူလည်း နန်းတော်ထဲမှ ပျောက်ကွယ် သွားခဲ့ သည်။

ကျိုးထန်ကို ချင်ယွင်နှင့် တိုက်ခိုက်ရန် တောင်းဆိုခိုင်းရခြင်းမှာ သူ၏ ကိုယ်ပိုင်ရည်ရွယ် များ ရှိနေသောကြောင့် ဖြစ်ပါသည်။

သူသည် ချင်ယွင်၏ ထူးခြားချက်တွေကို ကြည့်ရူရန် ကျိုးထန်၏ လက်ကို ငှားရမ်းချင် သည်။ အကယ်၍၊ အောင်းဖန်သာ ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်တိုက်ခိုက်မည်ဆိုလျှင်၊ သူသည် မည်သည့်အရာကိုမှ တွေ့မြင်နိုင်မည် မဟုတ်တော့ပေ။ အဆုံးတွင်၊ အင်မော်တယ်ဘုရင်နှင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွတ်အထိပ် အဆင့် ကြားမှာပင် ကွာဟချက်က အမှန်တကယ် ကြီးမားလွန်းပါသည်။

အောင်းဖန်နှင့် ကျူးယဲ့တို့သည် ချင်ယွင်ကို မည်သို့ကိုင်တွယ်ရမည်နည်းဟု ဆွေးနွေးနေ ကြစဉ်မှာ၊ ချင်ယွင်သည် နောက်ဆုံးတွင် ရှေးဟောင်းဖရိုဖရဲ ပင်လယ်၏ နက်ရှိုင်းရာအရပ် ဆီသို့ ပြေးသွားနေခဲ့သည်။ သို့သော် သူ၏မျက်စိရှေ့မှ မြင်ကွင်းသည် ချင်ယွင်ကို အဆုံးမသတ်နိုင်လောက်အောင်ပင် ထိတ်လန့်သွားစေခဲ့သည်။

All Chapters