← Chapters

အခန်း ၈၁၅

Vol. 55 Ch. 815

အခန်း ၈၁၅

Vol. 55 Ch. 815

အခန်း (၈၁၅) မြေအောက်ကမ္ဘာခန်းမ။

ရှေးဟောင်းဖရိုဖရဲ ပင်လယ်၏ နက်ရှိုင်းသောအရပ် တစ်နေရာတွင် ကြီးမားသော နန်းတော်ကြီးတစ်ခုသည် ထိုနေရာတွင် တိတ်ဆိတ်စွာဖြင့် ဝင့်ကြွားစွာ တည်ရှိနေပါသည်။ ဤနန်းတော်ကြီးသည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီတည်ရှိရာ ဂြိုဟ်ကမ္ဘာကြီး ၏ အရွယ်အစားအထက် နှစ်ဆကြီးမားပါသည်။

ပတ်ဝန်းကျင်ရှိ ကြယ်ကြီးများသည် ဧရာမအကောင်ကြီးတစ်ကောင်ကို ကြည့်နေရသည့် ကလေးငယ်များနှင့်တူပြီး၊ ၎င်းတို့သည် ထိုနန်းတော်ကြီး၏ အသွင်အပြင်တစ်ခုလုံးကို မျှော်ကြည့်ရုံမျှသာ တတ်နိုင်ပါသည်။

အရေးအကြီးဆုံးကတော့ နန်းတော်ကြီးသည် ပြင်းထန်သော အနက်ရောင်လျှပ်စီးများနှင့် ဝန်းရံထားပါသည်။ ထူထဲသောလျှပ်စီးမြွေများသည် ဧရာမနဂါးကြီးများနှင့်တူနေပြီး၊ လေထဲတွင် ကခုန်နေကြကာ ကြောက်မက်ဖွယ်စွမ်းအားများကို ထုတ်လွှတ်နေကြသည်။

အကယ်၊ အထွတ်အထိပ်အဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ရှိ ကျွမ်းကျင် ပညာရှင်များသည်ပင်၊ ထိုလျှပ်စီးမြွေများကို ထိလိုက်သည်နှင့် ၎င်းတို့သည် လျှပ်စီးမြွေများ ကြောင့်၊ အပိုင်းပိုင်း ကြေမွသွားမည် ဖြစ်ပါသည်။

ခန်းမတစ်ခုလုံး မည်းမှောင်နေ၏။ ၎င်းနန်းတော်ကြီးကို ဖန်တီးရန်အတွက် မည်သည့် သတ္တုအမျိုးစားကို အသုံးပြုခဲ့သည်ကို မသိနိုင်ပါ။ ၎င်းထံမှ အေးစိမ့်ပြီး မာကြောသည့် ခံစားမှုကို ပေးစွမ်းနေသည်။

၎င်းပေါ်တွင် ထွင်းထုထားသည့် လျှို့ဝှက်ဆန်းကြယ်သော ပုံစံသင်္ကေတအချို့လည်း ရှိနေပြီး၊ ၎င်းသည် လွှမ်းမိုးကြီးစိုးနိုင်ပြီး၊ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်ကို ထုတ်လွှတ်နေကာ၊ ၎င်းကို မြင်လိုက်ရသည်နှင့်၊ လူတို့အား ကြောက်ရွှံ့ဖွယ် ခံစားချက်ကို ပေးစွမ်းနေသည်။

'"ဒါများ ဖြစ်နိုင်မလား?" ချင်ယွင်သည် သူ၏စိတ်ထဲမှ မှန်းဆလိုက်သည်။

"မှန်တယ်၊ ဒါကမှ တကယ့် မြေအောက်ကမ္ဘာနန်းတော်ကြီးပဲ။ ဒီနန်းတော်ကြီးက အဲဒီတုန်းက ဧကရာဇ်ယူမင်ရဲ့ နန်းတော်ကြီးဖြစ်တဲ့ ရှေးဟောင်း ကောင်းကင်ရတနာ မြေအောက်ကမ္ဘာနန်းတော်ကြီးပဲ။" ရှေးဟောင်းတာအိုဆရာသခင်၏ အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ရှေးဟောင်းတာအိုဆရာသခင်၏ စကားကို ကြားတော့ ချင်ယွင်၏ နှလုံးသားသည်လည်း မှိန်းမောတွေဝေသွားရသည်။ သူ၏ရှေ့မှ နန်းတော်၏ အချက်လက်မှန်ကို သူ မှန်းဆပြီး သားဖြစ်သော်လည်း၊ ရှေးဟောင်းတာအိုဆရာသခင်ထံမှ အမှန်တရားကို ကြားလိုက်ရ အခါ၊ သူသည် ထပ်မံ တုန်လှုပ်သွားရဆဲ ဖြစ်ပါသည်။

တချိန်တုန်းက၊ သူသည် ချင်နင်းမြို့၏ ချောက်ကမ်းပါးအောက်တွင် မြေအောက်ကမ္ဘာ နန်းတော်အတုကို သူ တွေ့ခဲ့ဖူးသည်။ ယခု၊ သူသည် ဒဏ္ဍာရီလာ ဖရိုဖရဲ ကောင်းကင် ရတနာ မြေအောက်ကမ္ဘာနန်းတော်ကို တွေ့မြင်ရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

စကြာဝဠာကြီးထဲတွင် မရေမတွက်နိုင်သော ဖရိုဖရဲ ရတနာများ ရှိကြပါသည်။ ဤရတနာများ အားလုံးသည် ကောင်းကင်နှင့် မြေကြီးမှ မွေးဖွားလာခဲ့ကြပြီး၊ ၎င်းတို့သည် သဘာဝအတိုင်း စွမ်းအား ကြီးမားကြပါသည်။

သို့သော်လည်း၊ ပထမတန်းစားဖရိုဖရဲ ရတနာများနှင့် ဒုတိယတန်းစား ဖရိုဖရဲ ရတနာများ ဟူ၍ ရှိကြပါသည်။ အချို့သော ဖရိုဖရဲ ရတနာများသည် ဒဏ္ဍာရီလာ ဖရိုဖရဲ ရတနာငါးပါး ကဲ့သို့ ကောင်းကင်ဘုံကို အန်တုနိုင်သော စွမ်းအားများဖြင့် မွေးဖွားလာကြပါသည်။

ထို့အပြင်၊ ဤမြေအောက်ကမ္ဘာနန်းတော်ကြီးသည် ကြီးကျယ်ခမ်းနားသော ဖရိုဖရဲ ရတနာ ငါးပါးနှင့် နှိုင်းစားလျှင်၊ ဒုတိယတန်းစား ဖရိုဖရဲ ရတနာတစ်ခုသာ ဖြစ်ပါသည်။ အင်မော်တယ်ကမ္ဘာမှ ကျင့်ကြံသူများသည် ဤကဲ့သို့သော ရတနာအမျိုးအစားကို ဖရိုဖရဲ ကောင်းကင်ရတနာဟု ခေါ်ကြပါသည်။

ထို့ကြောင့်၊ ဖရိုဖရဲ ရတနာများကို ယေဘုယျအားဖြင့် သုံးမျိုး ခွဲခြားထားပါသည်။ ၎င်းတို့မှာ၊ သာမန်ဖရိုဖရဲရတနာ၊ ဖရိုဖရဲ ကောင်းကင်ရတနာများနှင့် ရှေးဟောင်း ဖရိုဖရဲ ရတနာများ ဖြစ်ကြပါသည်။ (ဤသည်မှာ ကျွန်တော် အဆင်ပြေသလို ခွဲခြားထားခြင်း ဖြစ်ပါသည်။) မူရင်းအတိုင်း ခွဲမည်ဆိုလျှင်၊ ဘယ်လိုမှ အဆင်မပြေနိုင်ပါ။ ( Therefore, chaos treasures are generally divided into three categories: ordinary chaos treasures, chaos treasures, and chaos treasures)။ အချို့နေရာများတွင် ဘာသာပြန်ရသည်မှာ အတော်ကို ဂွကျပါသည်။ ထို့ကြောင့် အဆင်ပြေသလို ပြန်ဆိုရပါသည်။ )။

ရှေးဟောင်း ဖရိုဖရဲ ရတနာငါးခုသာရှိပြီး၊ ဖရိုဖရဲ ကောင်းကင်ရတနာများဆိုရင်လည်း အများကြီး မရှိပါဘူး။ စုစုပေါင်းမှ ဆယ့်နှစ်ခုသာ ရှိပါသည်။ ၎င်းတို့အနက်၊ ဤမြေအောက် ကမ္ဘာနန်းတော်သည် ဖရိုဖရဲ ကောင်းကင် ရတနာများထဲတွင် အဆင့်တစ်မှာရှိပြီး၊ ၎င်းသည် ရှေးဟောင်း ဖရိုဖရဲရတနာနှင့် နှိုင်းယှဉ်နိုင်သော တစ်ခုတည်းသော ဖရိုဖရဲ ကောင်းကင်ရတနာ ဖြစ်ပါသည်။

"ဒီမြေအောက်ကမ္ဘာနန်းတော်က ဘာလို့ ဒီမှာ ရှိနေတာလဲ?။ ဟိုတုန်းကတည်းကနေ ရှေးဟောင်း ဖရိုဖရဲပင်လယ်ရဲ့ နက်ရှိုင်းတဲ့အရပ်ထဲကို ကျသွားခဲ့ပြီ မဟုတ်ဘူးလား? သူက ဘာလို့ ရုတ်တရက် ပြန်ထွက်လာရတာလဲ?။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် ရှေးဟောင်း တာအိုဆရာသခင်ကို မေးလိုက်သည်။

ရှေးဟောင်း ဖရိုဖရဲပင်လယ်ကြီးသည် နယ်နိမိတ် အကန့်သတ်မရှိပေ။ ရှေးဟောင်း ဖရိုဖရဲ ပင်လယ်သည် လုံခြုံစိတ်ချရသော ကြယ်ပင်လယ်များဖြင့်သာ သတ်မှတ်ထားသည်။ ဤလုံခြုံစိတ်ချရသော နယ်နိမိတ်ကို ဖြတ်ကျော်ပြီးနောက်၊ ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ နက်ရှိုင်းသော နေရာဖြစ်သွားပါပြီ။

ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ နက်ရှိုင်းသော နေရာတွေမှာ အဆုံးမဲ့ အန္တရာယ်များဖြင့် ပြည့်နေခဲ့သည်။ ပုံမှန်အားဖြင့်၊ အင်မော်တယ် ဧကရာဇ်တွေတောင် စိတ်ဆန္ဒအလျောက် ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ နက်ရှိုင်းသော နေရာများကို ဝင်ရဲမှာ မဟုတ်ပါဘူး။ ထို့အပြင်၊ ရှေးဟောင်း ဖရိုဖရဲပင်လယ်သည် အဆုံးမရှိဟု ထင်ရသည်။ ရှေးဟောင်း ဖရိုဖရဲပင်လယ်ကြီး မည်မျှ ကြီးမားသည်ကို မည်သူမှ မသိနိုင်ပေ။

ယခုအချိန်တွင်၊ ချင်ယွင်သည် ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ နက်ရှိုင်းသောအရပ်ရှိ လုံခြံဘေးကင်းသော နယ်နိမိတ်တွင်မှာ ရှိနေပါသည်။ ဤမြေအောက်ကမ္ဘာနန်းတော် သည် ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ နက်ရှိုင်းသော အရပ်မှ လွတ်မြောက်လာသည်မှာ ထင်ရှားပါသည်။

"ငါလည်း မသိဘူး။ ဒါပေမယ့် မြေအောက်ကမ္ဘာနန်းတော်ကြီး ဒီနေရာမှဦ ပေါ်လာတာက တိုက်ဆိုင်မှုလို့တော့ မထင်ရဘူး။ ဧကရာဇ်ယူမင်က တမင်တကာ လုပ်ထားခဲ့တာ ဖြစ်နိုင်တယ်။ သူက စည်းတံဆိပ်ကို ချိုးဖျက်ချင်နေတာ ဖြစ်လိမ့်မယ်" ရှေးဟောင်းတာအို ဆရာသခင်သည် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မူ ပို့လိုက်ပြီး၊ သူ၏အသံက လေးနက်မှု အပြည့် ရှိနေသည်။

ချင်ယွင်သည် အလွန်အံ့သြသွားသည်။ ရှေးဟောင်းတာအိုဆရာသခင် ယခုလို ကြောက်ရွှံ့ဟန် အမူအရာကို ထုတ်ဖော်ပြသည်ကို သူမြင်ဖူးသည်က ဤသည်မှာ ပထမဆုံး အကြိမ်ပင် ဖြစ်ပါသည်။ ယင်းကြောင့်ပင်၊ ဤဧကရာဇ်ယူမင်သည် မည်မျှ တန်ခိုးကြီးမားသည်ကို ချင်ယွင် သိချင်လာခဲ့သည်။

"မြေအောက်ကမ္ဘာနန်းတော်ကို အင်မော်တယ်ကမ္ဘာက လူတွေ မကြာခင်မှာ ရှာဖွေတွေ့ရှိ သွားလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် အင်မော်တယ်ကမ္ဘာမှာ ကြီးမားတဲ့ လှိုင်းကြီးတစ်ခု ဖြစ်ပေါ်လာမှာ သေချာပါတယ်။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် သက်ပြင်းချလိုက်မိ သည်။

"ဟမ့်၊ စိတ်မပူစမ်းပါနဲ့၊ ဒီလူတွေက မြေအောက်ကမ္ဘာနန်းတော်ကို ဘယ်လိုလုပ် ဖွင့်နိုင်မှလဲ?။ လက်ရှိ အင်မော်တယ်ဧကရာဇ် ကိုယ်တိုင်တောင် မြေအောက်ကမ္ဘာ နန်းတော်ကို နည်းနည်းလေးမှ လှုပ်ခါနိုင်မှာ မဟုတ်ဘူး။" ရှေးဟောင်းတာအိုဆရာသခင် က အေးစက်စွာ ပြောသည်။

ချင်ယွင် ခေါင်းညိတ်လိုက်သည်။ ဤမြေအောက်ကမ္ဘာနန်းတော်သည် အကြီးမြတ်ဆုံး ရှေးဟောင်း ဖရိုဖရဲရတနာ ငါးခုနီးပါး တန်ဖိုးရှိသော ဖရိုဖရဲ ကောင်းကင်ရတနာတစ်ခု ဖြစ်သည်။ အကယ်၍၊ ချိုးဖြတ်ဖို့ အရမ်းကို လွယ်ကူနေမည်ဆိုလျှင်၊ ကောင်းကင်ဘုံ အောက်က နံပါတ်တစ် အင်မော်တယ်ခန်းမဟု မည်သို့ ခေါ်တွင်နိုင်မည်နည်း?။ ပတ်ပတ်လည်ရှိ ဖရိုဖရဲ လျှပ်စီးများ ရှိနေရုံရုံမျှဖြင့်ပင်၊ ဤမြေအောက်ကမ္ဘာခန်းမသည် ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။ (နန်းတော်၊ သို့မဟုတ် ခန်းမ ပါသည့်အတိုင်း ရေးသွားခြင်း ဖြစ်ပါသည်)။

"ဒီဖရိုဖရဲ လျှပ်စီးတွေကို ငါ့ရဲ့လျှပ်စီးကိုယ်ပွားက စုပ်ယူနိုင်မလားဆိုတာ ငါ သိချင်မိတယ်။ ဒီဖရိုဖရဲ လျှပ်စီးတွေရဲ့ အရည်အသွေးက အဲဒီအချိန်တုန်းက ငါ စုပ်ယူခဲ့ဖူးတဲ့ ဖရိုဖရဲ လျှပ်စီးတွေထက် သိသိသာသာ အဆင့်မြင့်မားတယ်။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေမိသည်။

လျှပ်စီးစွမ်းရည်ကိုယ်ပွား ကျင့်ကြံနိုင်ရန်အတွက် နက်ရှိုင်းသော နေရာမှာရှိနေသည့် မြေအောက်ကမ္ဘာခန်းမဆီသို့ ချဉ်းကပ်နိုင်စွမ်း ရှိမရှိကို သူ စတင်စဉ်းစားလိုက်သည်။

ဝှီး…။

သို့သော် ထိုအခိုက်အတန့်တွင် ချင်ယွင်၏ အတွေးများကို ဖြတ်တောက်လိုက်သည့် လေထုကို ဖြတ်ကျော်လာသည့် အသံတစ်ချက် ထွက်ပေါ်လာသည်။

အလွန်မင်း လျင်မြန်သော အလင်းတန်းတစ်ခုသည် ချင်ယွင်ဆီသို့ ပျံသန်းလာခဲ့ပြီး၊ ချစ်စရာကောင်းသော ရုပ်အသွင်အပြင်က ချက်ချင်းဆိုသလို သူ့နှင့် မလှမ်းမကမ်းမှာ ထွက်ပေါ်လာသည်။

ဤပုံရိပ်ရပ်တန့်သွားသည်နှင့် တပြိုင်နက် သူမ၏အကြည့်များသည် သူ၏ရှေ့ရှိ မြေအောက်ကမ္ဘာခန်းမပေါ်သို့ ရောက်ရှိသွားခဲ့သည်။ သူမ၏ နဂိုက နူးညံ့သိမ်မွေ့ပြီး၊ ရေခဲတောင်နှင့်တူသော မျက်နှာပေါ်တွင် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။

သို့သော်လည်း၊ ချင်ယွင်၏ အကြည့်သည် သူ၏ရှေ့တွင်ရှိနေသော နတ်ဘုရားမနှင့်တူသည့် အမျိုးသမီးအပေါ် အခိုင်အမာ ကျရောက်သွားပြီး သူ၏ မျက်လုံးများတွင် ပြင်းထန်သော အေးစက်မူတစ်ခု တိုးဝင်လာခဲ့သည်။

"ရှရှန်းယု”

ဤအမည်သည် ချင်ယွင်၏စိတ်ထဲတွင် ချက်ချင်းပေါ်လာသည်။ ထိုအချိန်တုန်းက၊ ထိုအမျိုးသမီးကို မြင်တွေ့ရချိန်မှာ၊ သူမသည် ရှစ်နှစ်သာရှိသေးသော်လည်း၊ ယခု ဆယ်နှစ် အကြာတွင်၊ ချင်ယွင်သည် သူမအား တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနေသေးသည်။

သူမထံမှ ထုတ်လွှတ်နေသည့် အငွေ့အသက်သည် လွန်ခဲ့သော ဆယ်နှစ်အချိန်ကနှင့် အတူတူပင် ဖြစ်သည်။ ၎င်းသည် ရေခဲတမျှ အေးစက်ပြီး၊ အရိုးထဲထိ ထိုးဖောက်ဝင်ရောက် လာသကဲ့သို့ ဖြစ်ကာ၊ ရေခဲနတ်ဘုရားမတစ်ပါးကဲ့သို့ မြင့်မားသော ခံစားချက်ကို ပေးစွမ်းသည်။

သူမ၏ ရုပ်ရည်အသွင်အပြင်နှင့် ပတ်သတ်၍မူ၊ ယခင်ကအတိုင်း သူမသည် လက်ရာ မြောက် လှပသည့် ကြွေရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေခဲ့ပြီး၊ ယခုချိန်မှာတော့ သူမသည် ပို၍ပင်၊ ချောမောပြေပြစ်လာပါသည်။

သူမ၏ ကျက်သရေရှိလှသော ခန္ဓာကိုယ်သည် ဖွံ့ထွားသောရင်၊ စွင့်ကားသောတင်နှင့် အတူ သူမ၏သေးသွယ်သော ကောက်ကြောင်းအလှကို သူ၏အဖြူရောင် ၀တ်စုံက သူမ၏ ပုံပန်းသဏ္ဍာန်ကို ပြည့်ပြည့်စုံစုံ ပြသထားပါသည်၊ သူမ၏ မျက်နှာသည် လူအများအား ကောင်းကင်အင်မော်တယ် နတ်သမီးတစ်ပါးကဲ့သို့ ခံစားမှုမျိုးကို ပေးစွမ်းနေသည်။

သူမ၏ မျက်ခုံးမွှေးတွေက ဆွဲဆောင်မူရှိစွာ လှပနေပြီး၊ သူမ၏အလှကလည်း သူ၏ အမျိုးသမီးလေးယောက်ထက် နည်းနည်းလေးမှ မနိမ့်ကျပါချေ။

သို့သော် သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အငွေ့အသက်သည် မည်သူမှ လက်လှမ်းမမီနိုင်သော ခံစားချက်ကို ပေးစွမ်းနေသည်။

သူမသည် ချင်ယွင်၏ အကြည့်ကို အာရုံခံစားမိပုံရပြီး နတ်ဘုရားမနှင့်တူသော ထိုအမျိုးသမီးသည် ပြန်လှည့်၍ ချင်ယွင်ကို ကြည့်လိုက်သည်။ သူမ၏ နူးညံ့သော မျက်ခုံးများသည် အနည်းငယ် တွန့်သွားခဲ့သည်။ ထင်ရှားသည်မှာ၊ သူမသည် ချင်ယွင်ကို မှတ်မိပုံရသည်။

"မင်းပဲလား” ရှရှန်းယုက အေးစက်စွာ ပြောလိုက်သည်။ သူမ၏စိတ်ထဲတွင် ချောက်ချား သွားသော်လည်း၊ သူမလေသံက လုံးဝ ပြောင်းလဲမသွားပါဘူး။ သူမအတွက် အရာအားလုံး က ပုံမှန်အတိုင်း တည်ငြိမ်နေသလိုပင်။

"မှန်တယ်၊ ငါပါပဲ၊ ငါ့ရဲ့စေ့စပ်ထားသူ ရည်းစားလေး" ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးပြ လိုက်သည်။

ရှရှန်းယုသည် “စေ့စပ်ထားသူရည်းစား” ဟူသော စကားကို ကြားသောအခါ သူမ၏ မျက်ခုံးများသည် အနည်းငယ် တွန့်သွားပြန်သည်။ သေချာသည်မှာ၊ ဤစကားသုံးခွန်းသည် သူမကို အလွန် စက်ဆုပ်သွားစေသည်။

'"ချင်ယွင်၊ မင်း အင်မော်တယ်ကမ္ဘာကို ပြန်ရောက်လာပြီဆိုမှတော့၊ စိတ်ချယုံကြည်စွာနဲ့ အနားယူပြီး၊ ကျင့်ကြံနေပါ။ မင်းနဲ့ငါက မတူညီတဲ့ကမ္ဘာနှစ်ခုက လူတွေပဲ။ ဒီစကားက မင်းရဲ့ရှေးဟောင်းဖရိုဖရဲ အင်မော်တယ်အရိုး ရှိနေစဉ်ကတည်းက ငါပြောခဲ့ဖူးတဲ့ စကားပဲ" ရှရှန်းယုက အေးစက်စွာ ပြောသည်။

ချင်ယွင်သည် အနည်းငယ် ပြုံးလိုက်သည်။ သူ့ကိုယ်သူ လှောင်ပြောင်နေသည်လား၊ သို့မဟုတ် ရှရှန်းယု၏ စကားကို လှောင်ရယ်နေသည်လားတော့ မသိနိုင်ပေ။

မှန်ပါသည်။ ရှရှန်းယုသည် တော်ဝင်မင် အင်မော်တယ်မင်းဆက်၊ အင်မော်တယ်ဧကရာဇ် မင်းမြတ် တာမင်း၏ သမီးတော်တစ်ပါးဖြစ်ပြီး၊ ထိုအချိန်တုန်းက သူ့အိမ်ထောင်ဖက်အဖြစ် ပစ်မှတ်တစ်ခုလည်း ဖြစ်ပါသည်။ သို့သော်၊ ရှရှန်းယုသည် ချင်ယွင်ကို ပထမဆုံး တွေ့မြင်ဖူးသည့် အချိန်မှစပြီး သူမသည် အေးစက်သော မျက်လုံးများဖြင့် သူ့ကို အမြဲ ကြည့်နေခဲ့သည် ။

ထိုအချိန်တုန်းက၊ ချင်ယွင်၏ ရှေးဟောင်းဖရိုဖရဲ အင်မော်တယ်အရိုးသည် ချင်လန်ထံသို့ မဆုံးရှုံးသေးပေ။ သူသည် ဆယ်နှစ်သားအရွယ်တွင် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်ခဲ့သော်လည်း၊ သူသည် ရှရှန်းယု၏ မျက်လုံးများကို ဖမ်းစားနိုင်စွမ်း မရှိခဲ့ပေ။ အမှန်တကယ်လည်း၊ ရှရှန်းယုသည် သူ့ကို လူတိုင်း၏ရှေ့မှာ "မင်း ငါ့ကိုလက်ထပ်ဖို့ မထိုက်တန်ဘူး" ဟူသော စကားမျိုးပင် ပြောခဲ့သေးသည်။

ဟုတ်ပါသည်။ ရှရှန်းယုသည်လည်း မာနကြီးနိုင်သော အရည်အချင်းများကို ပိုင်ဆိုင်ထားပါ သည်။ သူမသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့စဉ်က၊ သူမ၏ အသက်သည် ရှစ်နှစ်သာရှိသေးပြီး၊ သူမသည် အင်မော်တယ်ကမ္ဘာတွင် နံပါတ်တစ် ပါရမီရှင်တစ်ဦးဟုပင် ဆိုနိုင်ပါသည်။

ထိုအချိန်တုန်းက၊ ချင်ယွင်သည် ငယ်ရွယ်လွန်းပြီး စိတ်မတည်ငြိမ်သေးသည့် အရွယ် ဖြစ်ပါသည်။ ဤစကားကြောင့်၊ သူသည် အလွန်မင်း ဒေါသထွက်ခဲ့သည်။ နောင်အနာဂတ် တွင်၊ သူမ၏မာန်မာနအားလုံးကို နှိမ်နင်းပစ်မည်ဟုပင် ကျိန်ဆိုခဲ့သည်။

ယခု ရှရှန်းယုကို သူပြန်တွေ့လိုက်ရတော့၊ ချင်ယွင်သည် တခြားကမ္ဘာမှာ ရှိနေသလို ခံစားလိုက်ရပါသည်။

All Chapters