← Chapters

အခန်း ၈၁၆

Vol. 55 Ch. 816

အခန်း ၈၁၆

Vol. 55 Ch. 816

အခန်း (၈၁၆) ရှရှန်းယု၏ အထင်အမြင်သေးမူ။

ထိုအချိန်တုန်းက၊ ရှရှန်းယု၏ မောက်မာမှုကို နှိမ်နင်းပစ်မည်ဟု ကျိန်ဆိုခြင်းသည် သူသည် ခေတ္တခဏ ဒေါသထွက်သွားခြင်းကြောင့် ဖြစ်ပါသည်။ တကယ်တော့၊ သူ၏ စိတ်ထဲတွင် ယုံကြည်မှု သိပ်မရှိပါဘူး။ အမှန်တကယ်မှာလည်း၊ ရှရှန်းယု၏ ပါရမီအရည်အချင်းက သူ့ထက် သာလွန်နေပုံရပါသည်။

ထို့အပြင်၊ ယခုအချိန် ပြန်ကြည့်လိုက်တော့လည်း၊ သူ၏ကျင့်ကြံမူအခြေခံက သူမထက် နိမ့်ကျနေသေးသည်ဆိုလျှင်ပင်၊ ရှရှန်းယုကို ကျော်ဖြတ်ရန်ဆိုသည်မှာ ရှောင်လွှဲ၍ မရနိုင် သည့် အရာတစ်ခုဖြစ်သည်ဟု ချင်ယွင် ခံစားလိုက်ရသည်။

သို့သော်၊ အကယ်၍ သူသည် ကောင်းကင်ဘုံကိုပင် အံတုနိုင်သော ပညာရပ်များ ဖြစ်သည့် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်နှင့် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးပညာရပ်နှစ်ခုဖြင့်ပင် ရှရှန်းယုကို မကျော်ဖြတ်နိုင်ခဲ့ပါက၊ သူသည် ဆက်လက် ကျင့်ကြံနေရန် မလိုအပ်တော့ပါဘူး။

ချင်ယွင်ကို သိချင်စိတ် ဖြစ်ပေါ်စေသည့် အရာတစ်ခုခု ရှိနေပါသည်။ ယင်းက ရှရှန်းယု၏ ပုံစံက သာမန်ရိုးရိုးရှင်းရှင်းပင် ဖြစ်ပါသည်။ ထိုသို့ဖြစ်လျှင်၊ သူမသည် အဘယ့်ကြောင့် ဤမျှ လျှင်မြန်စွာ ကျင့်ကြံနိုင်ရသနည်း?။ ထို့အပြင် သူမသည် နားလည်သဘောပေါက်မူ အပိုင်းမှာလည်း ထူးထူးခြားခြား ပါရမီအရည်ချင်း ရှိနေပုံရပါသည်။

ထိုသို့မဟုတ်လျှင်၊ အသက်ဆယ့်ရှစ်နှစ်သာရှိသေးသော သူမသည် အင်မော်တယ်ဘုရင် နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီး၊ ကောင်းကင်အဆင့်တွင် ဒုတိယအဆင့်သို့ မည်သို့ ရောက်ရှိနိုင်မည်နည်း?။

"ချင်ယွင်၊ ဖရိုဖရဲအင်မော်တယ်အရိုးကို ဆုံးရှုံးရခြင်းက မင်းအတွက် လေ့ကျင့်မှု တစ်မျိုးလို့ လည်း ပြောလို့ရပါတယ်။ ငါတို့ကြားမှာရှိခဲ့ဖူးတဲ့ ဆက်ဆံရေးကို မင်း ထုတ်ဖော်မပြောပြ သရွေ့၊ မင်း အင်မော်တယ်ကမ္ဘာကို ပြန်ရောက်လာတဲ့ အကြောင်းကို ချင်လန်ကို ငါ ပြောပြမှာ မဟုတ်ပါဘူး။" ချင်ယွင်က စကားမပြောသည်ကို မြင်လိုက်ရလျှင်၊ ရှရှန်းယုက အေးစက်စွာ ဆက်ပြောသည်။

ချင်ယွင်၏ မျက်နှာပေါ်ရှိ အပြုံးနှင့် ပတ်သက်၍မူ သူမသည် ၎င်းအား မိမိကိုယ်ကို နှိမ့်ချခြင်းအပြုံးအဖြစ်သာ သဘာဝအတိုင်း မှတ်ယူထားပါသည်။

"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား။" ချင်ယွင်က ရယ်မောပြီး မေးလိုက်သည်။

"မင်းကို ခြိမ်းခြောက်ဖို့ လိုတယ်လို့ မင်း ထင်နေတာလား?။ ငါ မင်းကို သတ်ပစ်ချင်ရင်၊ လက်ညှိုးလေးတစ်ချောင်း လှုပ်ရှားလိုက်ရုံနဲ့တင် မင်းကို သတ်ပစ်လို့ရတယ်" ရှရှန်းယု၏ အသံသည် အနှိုင်းမဲ့ အေးစက်သွားသည်။ သူမ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် ပကတိ မျက်စိဖြင့် မမြင်နိုင်သော အင်မော်တယ်ဘုရင်နယ်ပယ် အထွတ်အထိပ်အငွေ့အသက်က ချင်ယွင်၏ ရှေ့မှာ ဧရာမတောင်ကြီးတစ်ခုလိုပင် ဖြစ်ပေါ်နေသည်။ ထိုစကားကို ပြောပြီး နောက်၊ ရှရှန်းယုသည် မောက်မာသော နောက်ကျောနှင့်အတူ ချင်ယွင်ကို ချန်ထားရစ် ကာ လှည့်ထွက်သွားတော့သည်။

"ရှရှန်းယု၊ တစ်နေ့၊ မင်းရဲ့ မာနကြီးနေတဲ့ အပိုင်းက ဘာလဲဆိုတာကို ငါ မြင်ချင်မိတယ်" ချင်ယွင်သည် ရှရှန်းယု၏ နောက်ကျောကို ကြည့်ရင်း မောက်မာမူနှင့်အတူ သူ၏ မျက်လုံးများက စူးရှတောက်ပနေသည်။

ရှရှန်းယုသည် သူ့ကို မသတ်ရသည့် အကြောင်းရင်းက၊ သူမသည် သူ့ကို အထင်အမြင်သေး သောကြောင့်ဖြစ်သည်။ ချင်ယွင်၏ အမြင်အရဆို၊ ရှရှန်းယုသည် သနားညှာတာတတ်သူ လုံးဝ မဟုတ်ပေ။

"ကောင်စုတ်လေး၊ ဒီကောင်မလေးက မရိုးရှင်းဘူးကွ။ သူမနဲ့ မင်းရဲ့ဆက်ဆံရေးက အနာဂတ်မှာ ပိုပိုပြီး နက်ရှိုင်းလာလိမ့်မယ်။ ဒါပေမယ့်၊ အဲဒါက ကံကြမ္မာကောင်း တစ်ခုတော့ မဟုတ်ဘူး။" ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ချင်ယွင်စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

ချင်ယွင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။ ဤအရာသည် ကံကြမ္မာကောင်းတစ်ခုတော့ မဟုတ်နိုင်ပါဘူး။ သူသည် အနာဂတ်တွင်၊ ရှရှန်းယုနှင့် အရမ်းကြီး အဆက်အစပ် ရှိလာမည်ကို သူ အမှန်တကယ် ကြောက်ရွှံ့မိပါသည်။ အဘယ့်ကြောင့်ဆိုသော်၊ ချင်ယွင် သည် သူ၏ဘဝတစ်သက်တာမှာ ဤအမျိုးသမီးကို ဘယ်တော့မှ ချစ်မိမှာမဟုတ်ဟု ခံစားမိသောကြောင့် ဖြစ်ပါသည်။

"ကောင်းပြီ၊ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီကို ပြန်ဖို့ အချိန်တန်ပြီ။ ဒါပေမယ့်၊ ငါ မထွက်ခွာခင်၊ လျှပ်စီးစွမ်းရည်ကိုယ်ပွားကို ဒီနေရာမှာ ထားခဲ့လိုက်မယ်။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေမိသည်။

ထို့နောက်တွင်၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ အနက်ရောင် ပုံရိပ်တစ်ခုသည် လျှပ်တပြက် ထွက်ပေါ်လာပြီး မြေအောက်ကမ္ဘာနန်းတော်၏ ဖရိုဖရဲလျှပ်စီးကြောင်းများထဲသို့ ပြေးဝင် သွားတော့သည်။

ဤဖရိုဖရဲလျှပ်စီးများသည် ချင်ယွင်၏ ကျင့်ကြံမှုအတွက် အလွန်အကျိုးရှိပါသည်။ ချင်ယွင်၏ လျှပ်စီးစွမ်းရည် ကိုယ်ပွားတော်သည် ဤဖရိုဖရဲ လျှပ်စီးကြောင်းများကို စုပ်ယူနေသမျှ ကာလပတ်လုံး သူ၏ ခွန်အားသည် သိသိသာသာ တိုးမြင့်လာမည် ဖြစ်ပါ သည်။

ထို့အပြင်၊ ချင်ယွင်သည် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို ဤနေရာ၌ ထားခဲ့ရခြင်းမှာ အခြား ရည်ရွယ်ချက်တစ်ခုအတွက်လည်း ဖြစ်ပါသည်။ ၎င်းမှာ မြေအောက်ကမ္ဘာခန်းမ ဖြစ်သည်။

ဤမြေအောက်ကမ္ဘာ ခန်းမသည် မြေအောက်ကမ္ဘာနန်းတော်၏ ပင်မခန်းမ ဖြစ်သော ကြောင့် အတွင်း၌ ရတနာများစွာ ရှိနေရမည်။ အကယ်၍၊ ရတနာများ မရှိဘူးဆိုလျှင်ပင်၊ မြေအောက်ကမ္ဘာနန်းတော်၏ အတွင်းထဲမှာ ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် သဲလွန်စများ ရှိနေရမည်။ ၎င်းတို့ထဲမှ တစ်ခု,နှစ်ခုကို နားလည်နိုင်မည်ဆိုလျှင်၊ အင်မော်တယ်ဧကရာဇ် များပင်လျှင် များစွာအကျိုးရှိမည် ဖြစ်ပါသည်။

ထို့ကြောင့် ချင်ယွင်သည် မြေအောက်ကမ္ဘာနန်းတော်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို ဤနေရာ၌ ထားခဲ့ခြင်း ဖြစ်ပါသည်။ တစ်နေ့နေ့တွင်၊ မြေအောက်ကမ္ဘာနန်းတော် ရုတ်တရက် ဖွင့်လားပါက၊ လျှပ်စီးကိုယ်ပွား ချင်ယွင်သည် အစစ်အမှန် ခန္ဓာကိုယ် ချင်ယွင်ကို အချိန်မီ အကြောင်းကြားနိုင်မည် ဖြစ်ပါသည်။

လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ဖရိုဖရဲ လျှပ်စီးကြောင်းထဲသို့ ဝင်ရောက်ပြီးနောက်၊ သူသည် လျှို့ဝှက်ထောင့်မှာ နေရာတစ်ခုကို တွေ့ရှိပြီး၊ အဆက်မပြတ် စတင်ကျင့်ကြံတော့သည်။

လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် မိုးကြိုးဝိညာဉ်မျိုးနွယ်စု၏ ရုပ်ခန္ဓာကိုယ်ထည်ဖြစ်ပြီး၊ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် နဂါးငယ်လေး၏ အကာအကွယ်ဖြင့်ဆို၊ ချင်ယွင် သည် လျှပ်စီးစွမ်းရည်ကိုယ်ပွား တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်ခြင်း မရှိပါချေ။

ရလာဒ်အနေဖြင့်၊ သူ၏ လျှပ်စီးစွမ်းရည် ကိုယ်ပွားသည် ကျင့်ကြံမူအတွင်းမှာ လုံးဝ အခြေချသွားပြီးနောက်၊ ချင်ယွင်၏ မူလခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ၊ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ ဦးတည်ရာအရပ်ဆီသို့ ပျောက်ကွယ်သွားခဲ့ပါသည်။

ယခင်က ဤနေရာသို့ လာရာလမ်းခရီးတွင် ချင်ယွင်သည် ကြယ်ဆိတ်သုဉ်းခြင်း သားရဲ နှစ်ကောင်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်သောကြောင့်၊ ယခုအခါ၊ သူသည် မစ်ရှင်ကို လွှဲပြောင်း ပေးနိုင်ရန် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသို့ ပြန်သွားနိုင်ပါပြီ။

တစ်ရက်ကြာ ခရီးနှင်ပြီးနောက် ချင်ယွင်သည် နောက်ဆုံးတွင် သူထွက်ခွာလာခဲ့သော ကောင်းကင်ကြယ်စက်ဝိုင်း အစီအရင်ဝင်္ကပါရှိရာဂြိုလ်သို့ ပြန်ရောက်လာခဲ့သည်။

ချင်ယွင်သည် တယ်လီပို့စနစ် အစီအရင်ရှိရာဘက်သို့ လျှောက်လာခဲ့သည်။ ထိုအဖိုးအို သည် ကျင့်ကြံရန်အတွက် သူ၏မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်သည်။

ချင်ယွင်သည် ခါတိုင်းလိုပင်၊ ထိုအဘိုးအိုအား ဦးညွှတ်ပြီးနောက်၊ တယ်လီပို့စနစ် အစီအရင်ထဲသို့ လှမ်းဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

သို့သော်၊ သူ မမျှော်လင့်ထားသည့်အရာမှာ ချင်ယွင် ပျောက်ကွယ်သွားပြီးနောက်၊ ထိုအဘိုးအိုသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး၊ ချင်ယွင် ပျောက်ကွယ်သွားသည့် နေရာဆီကို လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် သံသယ အရိပ်အယောင် ဖျတ်ခနဲ့ ပေါ်လာသည်။

သို့သော် အဘိုးအိုသည် အကြည့်ကို လျင်မြန်စွာ ရုပ်သိမ်းလိုက်ပြီး၊ သူ၏မျက်လုံးများကို ပြန်မှိတ်လိုက်သည်။ ထို့နောက်၊ သူသည် ကျောက်ရုပ်တုကဲ့သို့ မလှုပ်မယှက် ထိုင်နေ၏။

ချင်ယွင်သည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသို့ ဝင်ရောက်ပြီးနောက်၊ သူသည် မစ်ရှင်ခန်းမသို့ တန်းတန်းမတ်မတ်သွားကာ ကြယ်သားရဲအူတိုင် အခု ၁၀၀ ကို မစ်ရှင်ခန်းမ၏ ပစ္စည်းဝိညာဉထံ လွှဲပြောင်းပေးအပ်လိုက်သည်။ ၎င်းတို့ကို လွှဲပြောင်း ပေးအပ်ပြီးချိန်တွင် ချင်ယွင်သည် အချက်ပေးသံတစ်ခု ရရှိပြီးနောက်၊ သူသည် နောက်ထပ် အမှတ်တစ်ထောင် ရရှိခဲ့သည်။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက်၊ ချင်ယွင်သည် ရတနာများ ရောင်းဝယ်နိုင်သည့် ကောင်းကင်ရတနာခန်းမဆီကို ဦးတည်သွားခဲ့သည်။

မှန်ပါသည်၊ ချင်ယွင်သည် မီးနဂါးပုလဲကို အမှတ်ဖြင့် လဲလှယ်ချင်နေသည်။

ကောင်းကင်ရတနာခန်းမ၏ စီမံခန့်ခွဲမှုကိုလာ်’ ကောင်းကင်ရတနာခန်းမ၏ ပစ္စည်းဝိညာဉ် က စီမံခန့်ခွဲပါသည်။ ထို့ကြောင့်၊ ချင်ယွင်သည် ကောင်းကင်ရတနာခန်းမ၏ ပစ္စည်းဝိညာဉ် ကို တွေ့သည်နှင့် အမှတ်များဖြင့် လဲလှယ်နိုင်ပါပြီ။

"စီနီယာထန်းပေါင်၊ ကျွန်တော့်ရဲ့ ဒီရတနာက အမှတ်ဘယ်လောက် တန်မလဲဆိုတာ ကြည့်ပေးနိုင်မလား?။" ကောင်းကင်ရတနာခန်းမအတွင်းမှာ ချင်ယွင်က မီးနဂါးပုလဲကို သူ၏ရှေ့မှ အနက်ရောင်ဆံပင်နှင့် အဘိုးကြီးထံ ပေးလိုက်သည်။

အနက်ရောင်ဆံပင်နှင့် အဘိုးကြီးသည် ကောင်းကင်ရတနာနန်းတော်၏ ပစ္စည်းဝိညာဉ် ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်က သူ့ကို စီနီယာထန်းပေါင် (ကောင်းကင်ဘုံရတနာ) ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်ပါသည်။

"အယ်? ဒါက မီးနဂါးမျိုးနွယ်ထဲက မီးနဂါးပုလဲတစ်ခုပဲ။ နောက်ပြီး၊ အင်မော်တယ်ဘုရင် အဆင့် ကျွမ်းကျင်သူကနေ မွေးဖွားလာတဲ့ ပုလဲတစ်လုံးပဲ။ ချာတိတ်လေး၊ မင်း ဒါကို ဘယ်ကရလာတာလဲ?။" အနက်ရောင်ဆံပင်နှင့် အဘိုးကြီးသည် ပုလဲကိုမြင်သောအခါ အံ့အားသင့်သော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။

ပစ္စည်းဝိညာဉ်များသည်လည်း မတူညီသော သက်ရှိအမျိုးအစားများ ဖြစ်သောကြောင့် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ထားနှင့် စိတ်နေသဘောထားများ ရှိကြသည်။ ထင်ရှားသည်မှာ၊ သူ၏ရှေ့မှ ကောင်းကင်ရတနာနန်းတော်၏ ပစ္စည်းဝိညာဉ်သည် ရတနာများကို ချစ်မြတ်နိုးသော ပစ္စည်းဝိညာဉ် ဖြစ်လိမ့်မည်။ ထို့ကြောင့်၊ ပထမအကြည့်တစ်ချက်ဖြင့်ပင်၊ သူသည် မီးနဂါးရတနာပုလဲကို မြင်သည်နှင့်၊ သူ၏မျက်လုံးများသည် တောက်ပသော အလင်းရောင်ဖြင့် လင်းလက်သွားခြင်း ဖြစ်သည်။

"ကျွန်တော် ကောက်တွေ့တာပါ.." ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

သူသည် ဤရတနာကို အမှန်ပင် ကောက်ယူခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် နဂါးဘုရင်၏ စိတ်ဝိညာဉ်တံဆိပ် ရိုက်နှိပ်ခြင်းကိုတော့ ဖျက်ဆီးပစ်ခဲ့သည်။

"မှန်ပါတယ်၊ ဒါက တကယ်ကို ကောက်ယူခဲ့တဲ့အရာပါ။ ဒီပုလဲရဲ့ပိုင်ရှင် နဂါးဘုရင်က လည်း အသက်ရှင်နေသေးတယ်" အဘိုးအိုက ခေါင်းမညိတ်ခင် ခဏလောက် အံ့ဩသွားသေးသည်။

"စီနီယာ၊ ဒီပုလဲက ဘယ်လောက်တန်ဖိုးရှိတယ်လို့ စီနီယာ ထင်လဲ?" ချင်ယွင်က ပြုံးပြုံးလေး မေးလိုက်သည်။

"အမှတ် ၈၀၀၀၀ " အဘိုးကြီးက ပြန်ဖြေသည်။

"ဘာကြောင့် ၈၀၀၀၀ ပဲ ရှိရတာလဲ?။ အနည်းဆုံး ၁၀၀၀၀၀ လောက်တောင် မရဘူးလား?" ချင်ယွင်က အံ့ဩစွာ မေးလိုက်သည်။ သူ၏ခန့်မှန်းချက်အရဆို ဤနဂါးဘုရင်အဆင့် မီးနဂါးပုလဲသည် အနည်းဆုံး အမှတ် ၁၀၀၀၀၀ ရရှိသင့်သည်။ အခု အဘယ့်ကြောင့် အမှတ် ၈၀၀၀၀ သာ ရရှိရသနည်း?။

"ချာတိတ်လေး..၊ တကယ်လို့၊ မင်းရဲ့မီးနဂါးပုလဲပိုင်ရှင် နဂါးဘုရင်သာ သေသွားမယ်ဆိုရင်၊ ဒီပုလဲက အမှတ်တစ်သန်းတောင် တန်ကြေးရှိတယ်။ အမှတ်တစ်သိန်းက စကားထဲတောင် ထည့်ပြောစရာမလိုဘူး။ ဒါပေမယ့်၊ မင်းရဲ့မီးနဂါးပုလဲပိုင်ရှင် နဂါးဘုရင်က မသေသေးဘူး ကွ။ ဒါကြောင့် ငါ မင်းကို ရှစ်သောင်းပဲ ပေးနိုင်မယ်။ မူရင်းပိုင်ရှင်က ပြန်လည်ရယူခြင်းမျိုးမှ လွဲပြီး အခြားဘာမှ သုံးလို့မရနိုင်ဘူး”။ ကောင်းကင်ရတနာနန်းတော်၏ ပစ္စည်းဝိညာဉ်က ဆိုသည်။

ချင်ယွင်သည် ရုတ်တရက် ခေါင်းညိတ်လိုက်သည်။ အမှန်စင်စစ်၊ ဤမီးနဂါးပုလဲသည် ထိုနဂါးဘုရင်မှ မွေးဖွားပေးခဲ့ခြင်း ဖြစ်သည်။ အကယ်၍၊ သူ မသေသေးဘူးဆိုလျှင်၊ သူ၏ မီးနဂါးပုလဲကို မည်သူမှ အသုံးမပြုနိုင်ပါဘူး။ ဤနည်းဖြင့် ဤမီးနဂါးပုလဲသည် တန်ဖိုးမရှိ ဖြစ်သွားရသည်။

"ဒီနဂါးဘုရင်ကို သတ်ပြီးမှပဲ ငါ ရောင်းလိုက်ရမလား?" ချင်ယွင်သည် ရဲရင့်သော အကြံဥာဏ်ကို မတွေးမိဘဲ မနေနိုင်ခဲ့ပါချေ။

All Chapters