← Chapters

အခန်း ၈၁၇

Vol. 55 Ch. 817

အခန်း ၈၁၇

Vol. 55 Ch. 817

အခန်း (၈၁၇) ကျေးဇူးပြု၍ တံခါးအနားသို့ ကြွခဲ့ပါ။

နဂါးဘုရင်ကို သတ်ပြီးနောက်မှ မီးနဂါးပုလဲကိုရောင်းချခြင်း။ ချင်ယွင်သည် သူ၏ ကိုယ်ပိုင် အတွေးအတွက် လက်ခုပ်ဩဘာ မပေးဘဲ မနေနိုင်ခဲ့ပါချေ။

သို့သော်၊ ကောင်းကင်ရတနာနန်တော်၏ ပစ္စည်းဝိညာဉ်အကြီးအကဲသည် ချင်ယွင်၏ အတွေးများကို မြင်နေပုံရသည်။ သူက ပြုံးပြီး ပြောသည် "တကယ်ုလို့ ငါ ခန့်မှန်းသာ မမှားရင်၊ ဒီမီးနဂါးပုလဲပိုင်ရှင်ကလည်း ငါတို့ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီရဲ့ ကျောင်းသားတစ်ယောက်ပဲ၊ ဟုတ်တယ်မဟုတ်လား?။ ပြီးတော့၊ မင်းက သူ့ကိုသတ်ပြီးမှပဲ ဒီမီးနဂါးပုလဲကို ရောင်းဖို့ အခုလေးတင် စီစဉ်နေတာ မဟုတ်လား?။"

အဘိုးအို၏ စကားကို ကြားတော့ ချင်ယွင်၏ နှလုံးသားသည် ချက်ချင်း အေးစက်သွားကာ အလျင်အမြန် ရှင်းပြချင်လာသည်။ သို့သော်၊ ကောင်းကင်ရတနာနန်းတော်၊ ပစ္စည်းဝိညာဉ် အကြီးအကဲ၏ နောက်ထပ်စကားများက သူ့ကို အချိန်အတော်ကြာအောင် အမှန်တကယ် မှင်သက်သွားစေခဲ့သည်။

"ချာတိတ်လေး၊ မင်းက တကယ်ကို မိုက်မဲလိုက်တာ။ ဒီမီးနဂါးပုလဲကို မင်း အခု ရောင်းလိုက်ရင်၊ အောင်းဖန်က အမှတ်တွေနဲ့ သေချာပေါက် ပြန်ရွေးသွားလိမ့်မယ်။ တကယ်လို့၊ မင်းအနေနဲ့ ဒီမီးနဂါးပုလဲပိုင်ရှင်ကို သတ်ပြီးမှ၊ အမှတ်တွေနဲ့ ထပ်ပြီး လဲလှယ် မယ်ဆိုရင်ရော မဖြစ်နိုင်ဘူးလား?။” ကောင်းကင်ရတနာခန်းမ၏ အကြီးအကဲက သစ္စာမဲ့ဟန် ပြုံးလိုက်သည်။

ချင်ယွင်သည် အဖိုးအို၏ စကားကြောင့် အံ့အားသင့်သွားရသည်။ ဤစီနီယာထန်းပေါင် သည် သူ့ကို အကယ်ဒမီ၏ တပည့်တွေကို သတ်ပစ်ရန် အားပေးအားမြှောက် ပြုနေခဲ့သည်။ သို့သော်လည်း၊ အကယ်ဒမီက တပည့်တွေ အချင်းချင်း သတ်ဖြတ်သည်ကို အားပေးသည့်အကြောင်း သူ ပြန်တွေးမိသည့်အခါ သူသည် စိတ်သက်သာရာ ရသွားခဲ့ သည်။ သို့တိုင်၊ သူသည် ဤအဘိုးအို၏ အကြံအစည်ကို သဘောကျနေဆဲ ဖြစ်သည်။

"စီနီယာရဲ့ လမ်းညွှန်ပြမှုအတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာ။ ကျွန်တော် မီးနဂါးပုလဲကို လှဲလှယ်လိုက်ပြီ။" ချင်ယွင်က ပြတ်ပြတ်သားသား ပြောသည်။

"ဟား..၊ ဟား..၊ မင်းက နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့်မှာပဲ ရှိသေးတယ်။ မင်း အဲဒီအင်မော်တယ်ဘုရင်ကို သတ်နိုင်မယ်လို့ အရမ်းကို ယုံကြည်နေတယ်။ ပြီးတော့၊ အဲဒီလူကလည်း နတ်ဆိုးသာရဲမျိုးနွယ်ရဲ့ နဂါးဘုရင်လည်း ဖြစ်နေတယ်နော်" အကြီးအကဲ ထန်းပေါင်က ပြုံးပြုံးလေး ပြောသည်။

"စီနီယာ၊ စောင့်ကြည့်နေစမ်းပါ။" ချင်ယွင်က အပြုံးနှင့်အတူ ပြောလိုက်သည် ။

အကယ်၍၊ သူသည် နဂါးဘုရင်၏ မီးနဂါးပုလဲကို ရောင်းလိုက်လျှင်၊ နဂါးဘုရင်က သူ့ကို လွှတ်ထားလိမ့်မည် မဟုတ်တော့ပေ။ ထိုအချိန်တွင် ပဋိပက္ခများ ဖြစ်လာမည်မှာ သေချာသည်။ ထိုအချိန်ရောက်လျှင်၊ သူသည် ဤအခွင့်အရေးကို အသုံးချ၍ သူ့ကို သတ်ပစ်နိုင်သည်။ သို့သော် သူ၏ လက်ရှိအင်အားဖြင့် နဂါးဘုရင်ကို မသတ်နိုင်သေးဟု ထင်ရသည်။

"ဟား…၊ ဟား…၊ ချာတိတ်လေး၊ မင်းမှာ သတ္တိရှိတယ်။ ငါ မင်းကို သဘောကျတယ်။ မင်းရဲ့ ကိုယ်ရေးအချက်လက် တံဆိပ်ပြားကို ပေးကွာ၊ ငါ မင်းကို အမှတ်ပေးမယ်။" အဘိုးကြီး ထန်းပေါင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ချင်ယွင်သည် အဘိုးအိုထံ ကိုယ်ရေးအချက်လက် တံဆိပ်ပြားကို အလျင်အမြန် ပေးလိုက်သည်။ အဘိုးအိုသည် ကိုယ်ရေးအချက်လက် တံဆိပ်ပြားကို ညင်သာစွာ ပွတ်လိုက်ပြီး၊ ချင်ယွင်သည် တံဆိပ်ပြားပေါ်တွင် အမှတ် ၈၀၀၀၀ ချက်ချင်း ရရှိခဲ့သည်။

ချင်ယွင်၏ တံဆိပ်ပြားပေါ်ရှိ အမှတ်များသည် ၇၈၀၀ မှ ၈၇၈၀၀ သို့ ချက်ချင်း ပြောင်းသွားသည်။

"စကားမစပ်၊ စီနီယာ၊ ဒီကောင်းကင်ရတနာနန်းတော်မှာ ဆေးလုံးတွေကို လဲလှယ်လို့ ရနိုင်မလား ကျွန်တော် သိချင်ပါတယ်။" ချင်ယွင်က တစ်ခုခုကို တွေးမိသွားပုံရပြီး အမြန် မေးလိုက်သည်။

"ကောင်းကင်ရတနာနန်းတော်က ကောင်းကင်ရတနာလို့ ဆိုထားမှတော့၊ သဘာဝအတိုင်း ရတနာမျိုးစုံ ရှိတယ်ကွ။ ကဲ၊ မင်း ဘယ်လိုဆေးလုံးမျိုး လိုချင်လဲ" အကြီးအကဲ ထန်းပေါင်က ပြုံးပြီး ပြောသည်။

"ကျွန်တော် အဆင့်ငါး အင်မော်တယ်ဆေးဖြစ်တဲ့ ရှင်ခြင်းသေခြင်းဆေးလုံးကို လိုချင်ပါ တယ်။ တစ်လုံးတစ်လေ ရနိုင်မလားလို့ ကျွန်တော် သိချင်ပါတယ်" ချင်ယွင်က အစမ်း သဘောဖြင့် မေးလိုက်သည်။

ချင်ယွင်သည် အဆင့်ငါး အင်မော်တယ်ဆေးလုံးအတွက် မျှော်လင့်ချက်များစွာ ဆုပ်ကိုင် ထားခြင်း မရှိချေ။

"ငါ့ဆီမှာ အဆင့်ငါး အင်မော်တယ်ဆေးလုံးဖြစ်တဲ့ ရှင်ခြင်းသေခြင်းဆေးလုံး တစ်လုံး ရှိပါတယ်။ ဒါပေမယ့်၊ ပေးရမယ်အမှတ်က ဈေးမပေါဘူးနော်။ မင်းရဲ့ လက်ရှိ အစွမ်းနဲ့ဆို၊ မင်းအနေနဲ့ အဲဒါကို လဲလှယ်နိုင်ခြင်းမရှိမှာ ငါ ကြောက်မိတယ်။" အဘိုးအိုက ပြောသည်။

ချင်ယွင်သည် အဖိုးအိုပြောသည်ကို ကြားသောအခါ ဝမ်းသာသွားသည်။ သူက “စီနီယာ၊ စီနီယာ အမှတ်ဘယ်လောက်လိုချင်လဲ” ဟု ကမန်းကတန်း မေးလိုက်သည်။

"အမှတ် ဆယ်သန်း ။" အဘိုးအိုက လက်တစ်ချောင်းကို ဆန့်ထုတ်ပြီး ပြောလိုက်သည်။

"ဘာ..? အမှတ်ဆယ်သန်းလား?။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် အဆင်သင့် ပြင်ထားပြီး ဖြစ်သော်လည်း အဆုံးတွင် ဤနံပါတ်ကြောင့် တုန်လှုပ်သွားရဆဲ ဖြစ်သည်။

သူသည် အမှတ် ၈၀၀၀၀ ကို များစွာ ကြိုးစားအားထုတ်ပြီးမှ ရရှိခဲ့သည်။ ဤရှင်ခြင်း သေခြင်းဆေးလုံးသည် ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော စျေးနှုန်း ကုန်ကြလိမ့်မည်ဟု သူ မည်သည့်အခါမှ မထင်ထားခဲ့ပါ။ တစ်နည်းဆိုရသော်၊ အကယ်၍၊ သူသည် အောင်းဖန် ကဲ့သို့ နဂါးဘုရင်တစ်ဦးကို သတ်နိုင်သည်ဆိုလျှင်ပင်၊ သူသည် ၎င်းလိုပုဂ္ဂိုလ်မျိုး ဆယ်ယောက်ကို သတ်ဖြတ်နိုင်ပါမှ ရှင်ခြင်းသေခြင်းဆေးလုံးတစ်လုံးနှင့် လဲလှယ်နိုင်မည် ဖြစ်ပါသည်။

ချင်ယွင်သည် သူ၏ရှေ့တွင် မှောင်မိုက်သွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

"ဆေးလုံးတွေကို သန့်စင်ဖို့က ဘယ်လောက်ခက်ခဲတယ်ဆိုတာ မင်းလည်း သိပါတယ်။ အဖိုးတန် ဆေးဖက်ဝင်ပစ္စည်းတွေကို မပြောနဲ့ဦး။ အဆင့်ငါး အင်မော်တယ်ဆေးတစ်လုံး သန့်စင်ဖို့တောင် အနည်းဆုံး အနှစ်တစ်ထောင် အချိန်လိုအပ်တယ်။" အကြီးအကဲ ထန်းပေါင်က ပြောသည်။

ချင်ယွင် ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ အမှန်တရား ဖြစ်ပါသည်။ ထို့အပြင်၊ ဤသည်မှာ အင်မောတယ်ဆေးလုံးများ အလွန်မင်း ရှားပါးပြီး အဖိုးတန်နေရသည့် အကြောင်းရင်းလည်း ဖြစ်နေပြန်ပါသည်။ ပထမဦးစွာ၊ မှော်ဆေးဆရာများသည် အလွန်ကို နည်းပါးလွန်းပါသည်။ အဆင့်မြင့်အဆင့် ဆေးလုံးများကို သန့်စင်ရန် အချိန်များစွာ ယူကြရပါသည်။ ထို့ကြောင့်၊ အင်မော်တယ်ဆေးလုံးများ၏ တန်ကြေးသည် အလွန်မင်း ကြောက်စရာကောင်းသည်။

"စီနီယာ၊ ရှင်ခြင်းသေခြင်းဆေးလုံးကို ကျွန်တော့်အတွက် ကူညီပြီး ထိန်းထားပေးပါဦး။ အဲဒီဆေးလုံးကို ကျွန်တော့်အမှတ်တွေအားလုံးနဲ့ ကျွန်တော် သေချာပေါက် လဲလှယ်ပါ့ မယ်။" ချင်ယွင်က အဘိုးကြီး ထန်းပေါင်ကို ပြောသည် ။

အဘိုးကြီး ထန်းပေါင်က ပြုံးလိုက်သည်။ ချင်ယွင်သည် မာနကြီးလွန်သည်ဟု သူ မထင်မိခဲ့ပေ။ သူက ပြုံးပြီး ပြောသည် "စိတ်မပူပါနဲ့၊ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီ တစ်ခုလုံးမှာ အမှတ် ၁၀ သန်းကို ထုတ်ပေးနိုင်တဲ့လူ အများကြီး မရှိပါဘူး။ ဒီဆေးလုံးအပေါ်မှာ သူတို့အမှတ်တွေအားလုံးကို သုံးစွဲကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် မင်းအနေနဲ့ အမှတ်တွေရရှိဖို့ အချိန်အလုံအလောက် ရှိပါတယ်။ ."

ချင်ယွင်သည် နှုတ်ဆက်စကားဆိုပြီး ပြန်လှည့်မထွက်လာခင် ခေါင်းညိတ်ပြပြီး အဖိုးအိုကို ဦးညွှတ်လိုက်ပါသေးသည်။

သို့သော် အဘိုးကြီး ထန်းပေါင်သည် ရုတ်တရက် ပြုံးပြီး ပြောသည် "ချာတိတ်လေး၊ မင်းထွက်သွားပြီးရင် ပြဿနာအချို့ ဖြစ်လာနိုင်တယ်။ ဒါကလည်း မင်းအပေါ်မှာ မူတည်ပါ တယ်"

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း၊ သူက အဖိုးအိုကို ကျေးဇူးတင်စကား ပြောလိုက်ဆဲပင် "ကျေးဇူးတင်ပါတယ် စီနီယာ.."

ထိုသို့ပြောပြီးနောက် ချင်ယွင်သည် ကောင်းကင်ရတနာခန်းမထဲမှ ထွက်လာခဲ့သည်။

ကောင်းကင်ရတနာနန်းတော်မှ အဖိုးအိုသည် ချင်ယွင်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးဖြင့် ပြန်ထွက်သွားသည်ကို ကြည့်လိုက်သည်။ သူက သူ၏မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ပြီး ပြုံးရင်း ပြောလိုက်သည် "ဘယ်လောက်တောင်မှ စိတ်ဝင်စားဖို့ ကောင်းလိုက်တဲ့ ကောင်လေးလဲ။" သူပြောပြီးသည်နှင့် ခန်းမထဲမှ ပျောက်ကွယ်သွားခဲ့ သည်။

ချင်ယွင်သည် ခန်းမထဲမှ ထွက်လာပြီးနောက်၊ လမ်းပိတ်ဆို့နေသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။

အရပ်မြင့်မားပြီး ခွန်အားကြီးမားသော နဂါးဘုရင်သည် ကြက်သွေးရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး၊ ချင်ယွင်သည် အကြည့်တစ်ချက်ဖြင့်ပင် ၎င်းကို သူသတ်ခဲ့ဖူးသည့် အင်မော်တယ် စိတ်ဝိညာဉ်အမှတ်အသားပိုင်ရှင်မှန်း သိလိုက်သည်။

နောက်တစ်ယောက်အတွက်မူ၊ သူသည် အဖြူရောင် အင်မော်တယ် ၀တ်စုံကို ၀တ်ဆင် ထားပြီး အတော်လေးပိန်ပါးသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ပုံပန်းသဏ္ဍာန်က ချင်ယွင် သိပ်မကြာသေးခင်က သူသတ်ခဲ့ဖူးသော ကျိုးဖန်နှင့် ရုပ်ချင်း ဆင်တူပါသည်။

ဤအခိုက်အတန့်တွင်၊ သူတို့နှစ်ဦးစလုံးသည် ချင်ယွင်အား သတ်ဖြတ်လိုသည့်ဆန္ဒ များဖြင့်၊ ကြည့်နေကြပြီး သူတို့၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖြင့် ပြည့်နှက်နေသည်။

"မျိုးမစစ်ကောင်၊ ငါ့ရဲ့ မီးနဂါးပုလဲကို လွှဲပေးလိုက်ပါ။ အခုလေးတင် ငါ အဲဒီပုလဲရဲ့ အငွေ့အသက် ခံစားလို့ ရနေတယ် " အောင်းဖန်က ချင်ယွင်ကို ဒေါသတကြီး ပြောလိုက်သည် ။

ထိုစကားကို ကြားတော့ ချင်ယွင်သည် အင်မော်တယ်ဘုရင်က သူ့ကို ဒီနေရာမှာ ရှာတွေ့ နိုင်ရခြင်း၏ အကြောင်းရင်းက သူသည် မီးနဂါးပုလဲ၏ အငွေ့အသက်ကို ခံစားနိုင်သော ကြောင့် ဖြစ်သည်ဟု သိလိုက်သည်။

"တောင်းပန်ပါတယ်ခင်ဗျာ၊ ငါ အဲဒီမီးနဂါးပုလဲကို အမှတ်တွေနဲ့ လဲလှယ်ပြီးပြီ။ တကယ်လို့၊ မင်း ပြန်လိုချင်ရင်တော့ ကိုယ့်ဘာသာ အမှတ်တွေနဲ့ ပြန်သွားလဲလို့ရတယ်။" ချင်ယွင် သည် နောက်ကျသည့်အတွက် အလွန်တောင်းပန်ကြောင်း အမူအရာဖြင့် ဖော်ပြလိုက် သည်။

"မင်း" အောင်းဖန်သည် ချက်ချင်း မျက်လုံးပြူးသွားသည်။ သူ၏နှာခေါင်းမှ မီးလျှံလုံး နှစ်လုံးသည် ဖျန်းခနဲ ထွက်လာသည်။ သေချာသည်မှာ၊ သူသည် အတိုင်းအတာတစ်ခု အထိရောက်အောင် ဒေါသထွက်နေပြီ ဖြစ်သည်။ အကယ်ဒမီ၏ စည်းမျဥ်းတွေကြောင့်သာ၊ ထိုသို့မဟုတ်ရင်၊ သူသည် ဒီအယုတ်တမာကောင်လေးဆီကို ပြေးထွက်ပြီး သေသည်အထိ ရိုက်သတ်မိလိမ့်မည်။

အမှန်တကယ်ပင်၊ အောင်းဖန်သည် တကယ်ကို ဒေါသအကြီးကျယ် ထွက်နေခဲ့သည်။ ချင်ယွင်က အမှတ်တွေ လဲလှယ်ချင်သည်ဟု ပြောစဉ်ခဲ့တုန်းက သူသည် ထိုစကားကို ချင်ယွင်က နောက်ပြောင်ပြောခဲ့သည်ဟု ထင်မှတ်ခဲ့သည်။ ဒီကောင်က အမှတ်တွေနှင့် တကယ်ကြီး လဲလှယ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။

"အခု မင်း အဆင်ပြေရဲ့လား၊ မင်း အဆင်ပြေရင် ငါ ထွက်သွားတော့မယ်။" ချင်ယွင်က ဘာမှမသိသလို ဟန်ဆောင်ကာ ထွက်သွားတော့မည်။

သို့သော်လည်း ချင်ယွင်သည် ၎င်းတို့နှစ်ဦးကို ဖြတ်ကျော်သွားခါနီးတွင် ကျိုးဖန်နှင့် ရုပ်ချင်းဆင်တူသည့် လူငယ်က ချင်ယွင်ကို လှမ်း၍ တားလိုက်ပြီး၊ ရုတ်တရက် အေးစက်စွာ ပြောပြီး "မင်းကို ငါ စိန်ခေါ်ရဲလား?"

"အချိန်မရှိဘူး.." ချင်ယွင်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

"ငါ့ဘက်ကအရှုံးရင် လောင်းကြေးအနေနဲ့ နောက်ထပ် အမှတ် ၁၀၀၀၀၀ အပို ထပ်ထည့် ပေးမယ်။" ကျိုးထန်က အေးစက်စွာ ပြောသည်။

ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်နှာက ချီတုံချတုံ အမူအရာ ချက်ချင်း ပေါ်လာသည်။

ချင်ယွင်သည် လက်ရှိတွင် အမှတ်များ ချို့တဲ့နေသောကြောင့် အဆိုပါ အမှတ် ၁၀၀၀၀၀ သည် သူ့အတွက် ဆွဲဆောင်မှု ရှိနေသေးသည်။

"၁၀၀၀၀၀ နဲ့ မလုံလောက်သေးဘူး။ အမှတ်တစ်သန်းဆိုရင်ရော ဘယ်လိုလဲ။" ချင်ယွင်က ကျယ်လောင်စွာ ပြောလိုက်သည်။

All Chapters