← Chapters

အခန်း ၈၁၈

Vol. 55 Ch. 818

အခန်း ၈၁၈

Vol. 55 Ch. 818

အခန်း (၈၁၈) လေထုကာစီးခြင်းဓားသိုင်း။

"အမှတ်တစ်သန်း၊ မင်း ဘာလို့ သွားမခိုးတာလဲကွ။" ချင်ယွင်၏ စကားကိုကြားတော့ ကျိုးထန်၏ မျက်လုံးများသည် ပြင်းထန်သော အမျက်ဒေါသများ ချက်ချင်း ထွက်ပေါ် လာသည်။

အမှတ်တစ်သန်းသည် ကြီးမားသော ကံကြမ္မာကြီးတစ်ခု ဖြစ်နေပါပြီ။ ကျိုးထန်၏ ခန္ဓာကိုယ်ပေါ်ရှိ အမှတ်များသည်ပင် အမှတ် ၂၀၀၀၀၀ သိန်းသာ၏။ ဤကောင်သည် ပါးစပ်လေးတစ်ချက် ဟလိုက်ရုံဖြင့် အမှတ်တစ်သန်း လိုချင်နေခဲ့သည်။ ဤအစားချင်စိတ် က အရမ်းကြီး ကြီးလွန်းနေသည် မဟုတ်ဘူးလား?။

အောင်းဖန်၏ မျက်ခုံးများသည် တင်းကြပ်စွာ တွန့်သွားခဲ့သည်။ ချင်ယွင်၏ အစာစားချင် စိတ်နှင့်ပတ်သက်ပြီး သူ့အတွက် ဘာမှ ထူးထူးထွေထွေ မခံစားရပါဘူး။ ယင်းအစား၊ ချင်ယွင်သည် ကျိုးထန်၏ စိန်ခေါ်ချက်ကို လက်မခံလိုသည့်အတွက် ငြင်းဆန်ရန် အကြောင်းပြချက်ကို တမင်တကာ ရှာနေသည်ဟု သူ ခံစားခဲ့ရသည်။ ချင်ယွင်သည် ကျိုးထန်ကို အနိုင်ယူနိုင်မည်ဟု သူ မထင်ထားသော်လည်း အမှတ်တစ်သန်းဆိုသည့် အဓိကအချက်က အလွန်မင်း များပြာလွန်းသည်။ သူတောင်မှ ဒီလောက် အမှတ်အများကြီး မထုတ်ပေးနိုင်ပါဘူး။

"မင်းမှာ အမှတ်တစ်သန်းရှိလား။ မရှိရင် ငါ ထွက်သွားတော့မယ်။" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက နူးညံ့စွာ ပြုံးပြလိုက်ပြီး၊ သူသည် လှည့်ထွက်သွားတော့မည်။

"ရပ်လိုက်ပါ။ အမှတ်တစ်သန်းက အရမ်းကြီး များလွန်းတယ်။ အမှတ် ၅၀၀၀၀၀ ဆို ဘယ်လိုလဲ။" ချင်ယွင်က အမှန်တကယ် ထွက်သွားတော့မည်ကို မြင်လိုက်ရလျှင်၊ အောင်းဖန်က ကမန်းကတန်း အော်ပြောလိုက်သည်။ အမှတ်ငါးသိန်းသည် အဆုံးစွန် သူ ထုတ်ပေးနိုင်သမျှ ဖြစ်နေပြီ။

"၈ သိန်း…" ချင်ယွင် ခေါင်းခါလိုက်သည်။

"၇ သိန်း..ကွာ" အောင်းဖန်က အံကြိတ်ပြီး ပြောလိုက်သည်။

"ကောင်းပြီလေ…၊ သဘောတူတယ်.." ချင်ယွင်သည် အောင်းဖန်က သူ၏စကားကို ပြန်ပြောင်းသွားသည်ကို ကြောက်ရွှံ့နေသကဲ့သို့ ပြတ်ပြတ်သားသား ဖြေလိုက်သည်။

"ဟမ့်၊ ဆယ်ရက်အတွင်း မင်းကို ကောင်းကင်လေရင်ပြင်မှာ တွေ့မယ်။" အောင်းဖန်သည် ချင်ယွင်ကို ကြည့်ကာ အေးစက်စွာ အော်ဟစ်လိုက်သည်။

"စိတ်မပူပါနဲ့ အဘိုးဖြစ်တဲ့ငါက သေချာပေါက် ရောက်လာမှာပါ" ချင်ယွင်က ရယ်မောပြီး သူ၏ရုပ်အသွင်က အလင်းတန်းတစ်ခုကဲ့သို့ ပြောင်းလဲပြီး ပျောက်ကွယ်သွားခဲ့ပါသည်။

အောင်းဖန်သည် ချင်ယွင် ထွက်ခွာသွားသည်ကို ကြည့်ပြီး သူ၏မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်က ရူးသွပ်စွာ ပြည့်နှက်နေသည်။ သူက အေးစက်စွာ ဟစ်ကြွေးလိုက် သည် "ငါ မင်းကို နောက်ထပ် ဆယ်ရက်လောက် ပျော်ရွှင်ခွင့် ပေးလိုက်ဦးမယ်။ ဒီနေ့ကပြီး ဆယ်ရက်အတွင်းမှာ မင်း အလောင်းကောင် ဖြစ်သွားရလိမ့်မယ်။ မင်း ဘယ်လို ခုန်ပေါက်နေမလဲဆိုတာ ငါ ကြည့်ဦးမယ်။"

ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသည် ကျောင်းသားများအကြား စိန်ခေါ်မှုများ အားလုံးကို ကိုယ်ရေးအချက်လက် တံဆိပ်ပြားများဖြင့် စတင်ထားသည်။ အချိန်၊ နေရာနှင့် အခြေအနေများကို ဖော်ပြပြီး တစ်ဖက်လူက ၎င်းတို့ကို လက်ခံပြီးသည်နှင့် စာချုပ်တစ်ခု ချုပ်ဆိုနိုင်သည်။ စာချုပ်ကို ဖောက်ဖျက်သည်နှင့် အကယ်ဒမီသည် ချိုးဖောက်သူများကို အလိုအလျောက် ဖယ်ရှားပစ်မည် ဖြစ်သည်။

အခုလေးတင်၊ ချင်ယွင်သည် ကျိုးထန် ထုတ်ဖော်ခဲ့သည့် စိန်ခေါ်မှုကို လက်ခံထားပြီး ဖြစ်သည်။ ထို့ကြောင့်၊ အောင်းဖန်နှင့် ကျိုးထန်တို့သည် ဤဆယ်ရက်အတွင်းမှာ ချင်ယွင် ထွက်ပြေးသွားမည်ကို စိတ်ပူနေစရာ မလိုတော့ပါဘူး။

"၇၀၀၀၀၀ သိန်းက အရမ်းများတယ် မဟုတ်လား?" ကျိုးထန်က အောင်းဖန်ကို ကြည့်ပြီး မေးသည်။

ဤအမှတ် ၇၀၀၀၀၀ သိန်းကို သူတို့နှစ်ဦး အတူတကွ စုစည်းထားခြင်း ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အမှတ် ၂၀၀,၀၀၀ သိန်းနှင့် အောင်းဖန်၏ခန္ဓာကိုယ်ပေါ်ရှိ အမှတ် ၅၀၀,၀၀၀ သိန်း၊ စုစုပေါင်း အမှတ် ၇၀၀,၀၀၀ သိန်းဖြစ်သည်။ ထို့ကြောင့် အမှတ် ၇၀၀,၀၀၀ သိန်းသည် ၎င်းတို့နှစ်ဦး၏ စုစုပေါင်းကြွယ်ဝမှုဟုပင် ဆိုနိုင်သည်။

"မင်းက ဒီချင်ယွင်ကို အနိုင်ယူဖို့ ယုံကြည်မူမရှိဘူးလို့ ငါ့ကို ပြောဦးမလို့လား?” အောင်းဖန် က အေးစက်စွာ မေးသည်။

"ယုံကြည်မူတော့ ရှိတာပေါ့” ဒါပေမယ့်၊ စိန်ခေါ်မှုကို လက်ခံဖို့ သူ့ကို ဆွဲဆောင်ရာမှာ အမှတ် ၇၀၀၀၀၀ သိန်းကို အသုံးပြုတာက အရမ်းကို တန်ဖိုးရှိလွန်းတယ်လို့ ငါ ခံစားရလို့ ပါ။" ကျိုးထန်က အေးစက်စွာ ပြောသည်။

"ဟမ့်၊ သူက ငါ့ရဲ့မီးနဂါးပုလဲကို လုယူပြီး၊ ငါ့ရဲ့မီးနဂါးပုလဲကို အမှတ်တွေနဲ့ လဲလှယ် လိုက်တယ်။ ဒီလုပ်ရပ်က သူက ငါတို့တော်ဝင်နဂါးမျိုးနွယ်ကို သူ့မျက်လုံးထဲ အမှန်တကယ် ထည့်မထားတာပဲ။ ဘာပဲဖြစ်ဖြစ် ဒီလူ သေရမယ်” အောင်းဖန်က သတ်ဖြတ်လိုသည့် အမူအရာဖြင့် ပြောလိုက်ပါသည်။

"စိတ်မပူပါနဲ့၊ မကြာသေးမီက ငါ့ခွန်အားကို နောက်ထပ် အဆင့်ချိုးဖြတ်မူတစ်ခု ပြုလုပ်နိုင်ခဲ့တယ်။ ဒီချင်ယွင်က သေရမှာ သေချာပါတယ်။ သူက ငါ့ညီလေးကို သတ်ပစ် လိုက်တယ်။ သူ ဘာပဲပြောပြော ငါ သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ခဏနေ စောင့်ကြည့် လိုက်ပါ" ကျိုးထန်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

အောင်းဖန်လည်း ခေါင်းညိတ်လိုက်သည်။ သူသည် နောက်ပြန်လှည့်ပြီး ကောင်းကင်ရတနာနန်းတော်ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် အေးစက်မှုက ပို၍ပို၍ပင် ထူထပ်လာသည်။ ထို့နောက် သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး ပျောက်ကွယ်သွားခဲ့သည်။

ယခု ကျိုးထန်၏ စိန်ခေါ်နိုင်မူအတွက်၊ သူသည် အမှတ် ၅၀၀၀၀၀ သိန်းကို ပုံလောင်းခဲ့ရ ပြီး၊ သူ၏ မီးနဂါးပုလဲအတွက် လဲလှယ်ရန် အပိုအမှတ်များ မရှိတော့ပါ။ အကယ်၍၊ သူသည် မီးနဂါးပုလဲကို လဲလှယ်လိုပါက အခြားသူထံမှ အမှတ်များ ချေးယူရတော့မည်။

အောင်းဖန် ထွက်သွားသည်ကို မြင်တော့ ကျိုးထန်လည်း အလင်းတန်းတစ်ခုကဲ့သို့ ပြောင်းလဲပြီး ပျောက်ကွယ်သွားခဲ့သည်။

ချင်ယွင်သည် သူ၏ပါးစပ်ထောင့်စွန်းတွင် အထင်သေးဟန်အပြုံးကို ခပ်ဖျော့ဖျော့ ပန်ဆင်းရင်း သူ၏အခန်းဆီသို့ ပြေးသွားခဲ့သည်။

အောင်းဖန်က သူ့ကိုသတ်ပစ်ရန် စိတ်ပိုင်းဖြတ်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။ အမှန်တကယ်ပင်၊ သူသည် ကျိုးဖန်၏ အစ်ကိုကျိုးထန်ကို အသုံးချပြီး သူ့ကို စိန်ခေါ်ရန် ခေါ်လာခဲ့သည်။ ထို့အပြင်၊ သူသည် နောက်ထပ်အမှတ် ၇၀၀၀၀၀ သိန်းကိုလည်း ထည့်သွင်းပေးခဲ့သည်။

အမှတ်ခုနစ်သိန်းသည် ချင်ယွင်အတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။ နောက်ဆုံးတွင်၊ သူသည် ရှေးဟောင်းတာအိုဆရာသခင်၏ ရှင်ခြင်းသေခြင်းဆေးလုံးအတွက် လဲလှယ်ရန် အမှတ် ဆယ်သန်းကို စုဆောင်းရမည်။ ထို့ပြင် သူသည် ကျင့်ကြံရန်အတွက် စွမ်းရည် ဂြိုလ်ထဲသို့လည်း ဝင်ရဦးမည်။

ကျိုးထန်အတွက်မူ၊ ချင်ယွင်သည် ကောင်းကင်အဆင့်ကို အပြန်အလှန် ကြည့်ထားပြီးသာ ဖြစ်သည်။ သူသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွက်အထိပ် အဆင့် တွင် ထိပ်တန်းဟု သတ်မှတ်ခံရသည့် ကောင်းကင်အဆင့် ၁၅၀၀ မှာ ရှိနေသူ ဖြစ်သည်။ အကယ်၍၊ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက၊ ကျိုးထန်သည် နိယာမနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေဖွယ် ရှိပါသည်။

သာမာန်အားဖြင့်၊ အချို့သော လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင် ပညာရှင်များသည်၊ အထူးသဖြင့် အချို့သော ပါရမီရှင်များသည် နိယာမနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်ကို နားလည်သဘောပေါက်ပြီးနောက်၊ သူတို့သည် အင်မော်တယ် ဘုရင်နယ်ပယ်သို့ ဖြတ်ကျော်ရန် အလျင်လိုခြင်း မရှိကြပေ။ ယင်းအစား၊ သူတို့သည် အခြားနိယာမများကို နားလည်သဘောပေါက်ရန် ကြိုးစားလာကြသည်။ ယင်းသည် အင်မော်တယ်ဘုရင်နယ်ပယ်ကို ဖြတ်ကျော်ရာတွင် ၎င်းတို့အတွက် များစွာ အကျိုးရှိမည် ဖြစ်သည်။

သာမာန်အားဖြင့်၊ ကောင်းကင်အဆင့် အဆင့် ၁၀၀၀ နှင့် ၁၁၀၀ အဆင့်ကြားရှိ လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျွမ်းကျင်ပညာရှင် အများစုသည် အဆင့်ဖြတ်ကျော်ရန် ငြင်းဆန်နေကြသူများ ဖြစ်သည်။ သူတို့သည် အဆင့်ဖြတ်ကျော်ပြီးသည်နှင့် ကောင်းကင်သို့ပင် ပျံတက်နိုင်ရန် ကြံစည်ထားကြသည်။

သေချာသည်မှာ၊ ချင်ယွင်သည် ကျိုးထန်ကို မကြောက်ပါဘူး။ သူ၏ နိယာမများသည် ပြီးပြည့်စုံခြင်းအဆင့်သို့ မရောက်သေးသော်လည်း၊ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ရန် ကောင်းကင်နတ်ဘုရားစွမ်းအား ရှိနေဆဲဖြစ်သည်။

"ကောင်စုတ်လေး၊ မင်းက ဒီအဘိုးကြီးအတွက် ရှင်ခြင်းသေခြင်းဆေးလုံးနဲ့ လဲလှယ်ဖို့ အမှတ်တွေရအောင် ရှားပေးရမှာဆိုတော့၊ ဒီအဘိုးကြီးကလည်း အစစ်အမှန် တစ်ခုခု ထုတ်ပေးဖို့ အချိန်တန်လာပြီပေါ့လေ"

ထိုအချိန်တွင်၊ ရှေးဟောင်းတာအိုဆရာသခင်၏ အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"ဘာ ကောင်းတာတွေများလဲ?" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာ သည်။

ရှေးဟောင်းတာအိုဆရာသခင်သည် သူ့အပေါ် ကောင်းသည့်အရာတွေ အများကြီး ဖုံးကွယ်ထားသည်ကို သူ သိထားသည်။ သူ၏မိုးကုတ်စက်ဝိုင်းက အလွန်မင်း မြင့်မားလွန်း ပါသည်။ သို့သော်၊ သူသည် များသောအားဖြင့် ဆံချည်တစ်မျှင်မျှပင် ထုတ်မပေးတတ်ချေ။ အခု ရှေးဟောင်းတာအိုဆရာသခင်သည် သူ့အတွက် ကောင်းသည့်အရာတွေ ပေးဖို့ ကမ်းလှမ်းလာခဲ့သည်။ ချင်ယွင်သည် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း?။

'လေထုကာစီးခြင်းဓားသိုင်း' ရှေးဟောင်းတာအိုဆရာသခင်က စိတ်ပိုင်းဆိုင်ရာ ပို့လွှတ်လိုက်သည်။

"လေထုကာစီးခြင်းဓားသိုင်းလား..? လေစွမ်းရည်နဲ့ ပတ်သက်တဲ့ဓားသိုင်းပညာရပ်လား?" ချင်ယွင်သည် အဖြေမပေးခင် မေးလိုက်သည်။

“မှန်တယ်။ အဲဒါက လေစွမ်းရည်နဲ့ပတ်သက်တဲ့ ဓားသိုင်းပညာတစ်ခုပဲ၊” ဒါပေမယ့်၊ ဓားသိုင်းထဲမှာပါတဲ့ နိယာမတွေက အလွန့်လွန် သိမ်မွေ့လေးနက်လွန်းတယ်။ အခုအချိန်မှာ မင်းရဲ့လေစွမ်းရည် ရှေးဟောင်းဖရိုဖရဲစုတ်ဖြဲခြင်းနိယာမနဲ့ လေစွမ်းရည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမ နှစ်ခုစလုံးက ကြီးမားသော အောင်မြင်မူအဆင့်ကို ရောက်ရှိသွားခဲ့ပြီ။ ဒါပေမယ့်၊ အသုံးချနိုင်မှုအရဆို၊ မင်းက အဲဒီနိယာမတွေရဲ့ စွမ်းအားတွေ ကို အပြည့်အဝ အသုံးမချနိုင်သေးဘူး။ ဒီလေထုကာစီးခြင်းဓားသိုင်းက မင်းရဲ့ အဲဒီ ချို့ယွင်းချက်တွေအတွက် တိတိကျကျ ပြင်ဆင်ပြီးသားဖြစ်ပြီး၊ မင်းရဲ့ဓားပညာရပ်က လည်း အလွန်မင်း အစွမ်းထက်တဲ့ စွမ်းအားကို ထုတ်ဖော်ပြသနိုင်စေလိမ့်မယ်။" ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ချင်ယွင်၏နားထဲကို တိုးဝင်လာခဲ့ပါသည် "

သေချာပေါက်၊ ကောင်းမွန်တဲ့အရာတစ်ခုပဲ" ချင်ယွင်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက် သည်။

ချင်ယွင်သည် ဤမျှသိမ်မွေ့လေးနက်သော ဓားသိုင်းပညာရပ်ကို ယခင်က မမြင်ခဲ့ဖူးချေ။ ထို့အပြင်၊ ယခုအချိန်မှာပင် သူ၏ နားလည်နိုင်စွမ်းသည် နိမ့်ပါးလွန်းသဖြင့်၊ သူသည် ၎င်းကို လုံးဝ နားမလည်နိုင်ဟု ဆိုသည်။ ထို့ကြောင့်၊ သူသည် တစ်ကြိမ်တည်းဖြင့် ၎င်းဓားသိုင်း နားလည်နိုင်စွမ်း မရှိနိုင်ချေ။ ယင်းက သူ၏စိတ်ထဲတွင် အမြဲတမ်း ဝမ်းနည်းရ သည့်အရာဖြစ်သည်။

ဤအခိုက်အတန့်တွင်၊ ရှေးဟောင်းတာအိုဆရာသခင်သည် ဤမျှနက်ရှိုင်းသော ဓားသိုင်းကို အမှန်တကယ် ထုတ်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

“ကောင်းပြီလေ၊ ငါ မင်းကို အခုပဲ ဓားသိုင်းပညာရပ်ကို ထည့်ပေးလိုက်မယ်။ ဒီဆယ်ရက် အတွင်း မင်း ဘယ်လောက်ကျွမ်းကျင်မလဲဆိုတာ မင်းရဲ့ကံကြမ္မာအပေါ်မှာပဲ မူတည်တော့ တယ်။" ရှေးဟောင်းတာအိုဆရာသခင်က ပြောသည်။

"အင်း…" ချင်ယွင်သည် လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်၊ သူသည် သူ၏နီဝမ်နန်းတော်ဆီသို့ ခရမ်းရောင်အလင်းတန်းများ တဟုန်ထိုး ပျံ့နှံ့တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ အေးမြသော လေပြေလေညှင်းဖြင့် လွှမ်းခြုံလိုက်သကဲ့သို့ ချင်ယွင်၏စိတ်ထဲတွင် သိမ်မွေ့နက်ရှိုင်းသော အချက်အလက် များစွာ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်မင်း စိတ်လှုပ်ရှားနေ သည့် အခြေအနေထဲပင် ကျရောက်သွားခဲ့သည်။

သို့သော်၊ သူသည် ဤလေထုကာစီးခြင်းဓားသိုင်းကို စတင်နားလည်ဆင်ခြင်ရန် တွန့်ဆိုင်းနေခြင်း မရှိခဲ့ပါချေ။

All Chapters