အခန်း ၈၁၉
Vol. 55 Ch. 819
အခန်း (၈၁၉) နောက်ဆုံးတော့ မင်း ဒီကိုရောက်လာပြီပေါ့။
နောက်ဆယ်ရက်အတွင်းမှာ၊ ချင်ယွင်သည် ကျင့်ကြံမူအတွင်းမှာ အရူးအမူး နစ်မြှုပ်နေခဲ့ သည်။
လေထုကာစီးခြင်းဓားသိုင်းသည် အလွန်နက်နဲသိမ်မွေ့သော ဓားပညာတစ်ခုအဖြစ် အမှန်တကယ် ထိုက်တန်ပါသည်။ ၎င်းတွင်ပါရှိသော လေစွမ်းရည်နိယာမများသည် ပို၍ပင် လေးနက်ပြီး ကွဲပြားပါသည်။
ဆယ်ရက်ကြာ ကျင့်ကြံပြီးနောက် ချင်ယွင်သည် လေစွမ်းရည်နိယာမများကို နက်ရှိုင်းစွာ နားလည် သဘောပေါက်လာခဲ့ပြီး၊ ၎င်းသည် လေစွမ်းရည်နိယာမများ၏ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိရန် သူ့အတွက် အလွန်အထောက်အကူပြုကြောင်း တွေ့ရှိခဲ့ရသည်။
ဟုတ်ပါသည်၊ အရေးကြီးဆုံးကတော့ ဆယ်ရက်ကြာပြီးနောက်၊ ချင်ယွင်၏ ဓားသိုင်း စွမ်းရည်သည် အဆင့်တစ်ခုအနေဖြင့်ပင် မြင့်တက်လာခြင်း ဖြစ်ပါသည်။
ဝှီး…။
ချင်ယွင်သည် အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး၊ သူ၏ သစ်သားအိမ်ရှေ့ ရေကန် ပေါ်တွင် ရပ်နေသည်။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် အဆက်မပြတ် ဝှေ့ယမ်းနေပြီး၊ ကောင်းကင်ယံအပြည့် ဓားရိပ်တွေအဖြစ် ပြောင်းလဲသွားခဲ့သည်။
အစိမ်းပြာရောင်လေထုက သူ၏ဓားတစ်ဝိုက်တွင် တဝဲလည်လည် ရစ်ပတ်နေပြီး၊ ပြင်းထန်သော အငွေ့အသက်ကို ထုတ်လွှတ်ပေးသည်။ ချင်ယွင်၏ ရုပ်အသွင်ပြင်သည် သရဲတစ္ဆေနှင့်ပင် ပို၍တူနေသည်။ သူသည် မျက်စိတစ်မှိတ်အတွင်း ဤနေရာတွင် ပေါ်လာပြီးနောက်၊ နောက်မျက်စိတစ်မှိတ်အတွင်းမှာပင် ကီလိုမီတာထောင်ပေါင်းများစွာ အကွာမှာ ပေါ်လာပြန်သည်။
ကောင်းကင်နှင့် မြေကြီးကို ဓားရိပ်များဖြင့် ဖုံးအုပ်ထားသည်။ ၎င်းဓားထံမှ ထုတ်လွှတ်နေ သော ဓားအလင်းတန်းများသည် ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့အထဲတွင် ရှေးဟောင်းဖရိုဖရဲစုတ်ဖြဲခြင်း၏ ထူထပ်သော အငွေ့အသက်များပင် ပါဝင်သည်။
ဘန်း…။
ချင်ယွင်သည် နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်ပြီး၊ သူ၏ရှေ့ရှိ လေဟာနယ်သည် လူတစ်ရပ်အမြင့်ရှိ အက်ကွဲကြောင်းကြီးတစ်ခု တိုက်ရိုက် စုတ်ပြဲသွားခဲ့သည်။ အတွင်းမှ ပြင်းထန်သော လေဟာနယ်မုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး ဖရိုဖရဲ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
ချင်ယွင်သည် သူ၏ဓားချက်ဖြင့် ဖန်တီးထားသော လေဟာနယ်အက်ကွဲကြောင်းကြီးကို မြင်သောအခါ၊ သူ၏မျက်လုံးများသည် နှိုင်းစာ၍မရသည့် ပျော်ရွှင်ကျေနပ်သည့် အမူအရာ ပေါ်လာသည်။
"ဆယ်ရက်ရှိသွားပြီ။ နောက်ဆုံးတော့ လေထုကာစီးခြင်းဓားသိုင်းရဲ့ ပထမဆုံး ဓားကွက် ကို ငါ နားလည်သွားခဲ့ပြီ။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
လေထုကာစီးခြင်းဓားသိုင်း၏ ပထမဆုံး ဓားကွက်ကို လေဝိညာဉ် ခွဲခြမ်းဓားချက်ဟု ခေါ်သည်။ ၎င်း၏အမြန်နှုန်းနှင့် ရက်စက်မှုတို့က ဤဓားကွက်၏ ထူးခြားချက် ဖြစ်သည်။
ဤဓားကွက်ကို နားလည်ရန်အတွက် လေစွမ်းရည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမ နှင့် လေစွမ်းရည် ရှေးဟောင်းဖရိုဖရဲစုတ်ဖြဲခြင်း နိယာမတို့ကို ဓားသိုင်းပညာရပ်တွင် တစ်ချိန်တည်းတွင် ပေါင်းစပ်ထည့်သွင်းရပါမည်။
ချင်ယွင်သည် နိယာမများထဲမှ တစ်ခုချင်းစီကို ပေါင်းစည်းရန် မခက်ခဲသော်လည်း နိယာမနှစ်ခုလုံးကို တူညီသော ဓားသိုင်းပညာရပ်ထဲတွင် ထည့်သွင်းရန်အတွက် အနည်းငယ် ခက်ခဲခဲ့ပါသည်။
ထို့ကြောင့်၊ ဤဆယ်ရက်အတွင်း၊ ချင်ယွင်သည် လေဝိညာဉ်ခွဲခြမ်းဓားချက်၏ အလိုရှိသော အကျိုးသက်ရောက်မှုကို ရရှိစေရန်အတွက် ဤနိယာမနှစ်မျိုးစလုံးကို ဓားသိုင်းပညာရပ် တွင် ပေါင်းစပ်ရန် ပေါင်းစပ်နိုင်မည့်နည်းလမ်းကို စဉ်းစားနေခဲ့ရသည်။
ကြိုးစားအားထုတ်၍ လေ့ကျင့်ခြင်းသည် အလဟဿ အချိန်ဖြုန်းတီး သက်သက် မဟုတ်ခဲ့ပါဘူး။ နောက်ဆုံး၊ ဆယ်ရက်မြောက်နေ့တွင် ချင်ယွင်သည် နိယာမနှစ်ခုကို နောက်ဆုံးတွင် ပေါင်းစပ်နိုင်ခဲ့လေသည်။ အစောပိုင်းက လှုပ်ရှားမူများသည် လေဝိညာဉ် ခွဲခြမ်းဓားချက်ကို ခုတ်ပိုင်းစဉ် ချင်ယွင် ထုတ်လွှတ်ခဲ့သော စွမ်းအား ဖြစ်ပါသည်။
ကောင်းကင်လေအင်မော်တယ်ကျွမ်း၏ လေဟာနယ်သည် အစီအရင်ဝင်္ကပါများဖြင့် ထောက်ပံ့ပေးထားကြောင်း တစ်စုံတစ်ယောက်သည် သိထားရမည် ဖြစ်ပါသည်။ လေဟာနယ်ကို ဖြတ်ကျော်နိုင်ဖို့က အလွန်မင်း ခက်ခဲပါသည်။ ချင်ယွင်၏ဓားသည် လူတစ်ယောက် အရွယ်အစားရှိ အက်ကွဲကြောင်းတစ်ခုကို ဆုတ်ဖြဲနိုင်နေပြီ ဖြစ်သည်။ ဤဓားချက်သည် မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်နိုင်ပါသည်။
"အခု ဒီဓားချက်ရဲ့ အစွမ်းက နိယာမနယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်းအဆင့် စွမ်းအားထက် အားမနည်းတော့ဘူး။ တကယ်လို့၊ ငါသာ ရှေးဟောင်းဖရိုဖရဲစုတ်ဖြဲခြင်း နိယာမနဲ့ လျှပ်တပြက်မိုင်တစ်သောင်းနိယာမတွေမှာ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနိုင်မယ်ဆို ရင်၊ ဒီဓားချက်ရဲ့အစွမ်းက အနည်းဆုံး အဆင့်များစွာ မြင့်တက်သွားလိမ့်မယ်။" ချင်ယွင် သည် သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ သူသည် မြူနှင်းချောက်နက်ဓားကို ဖယ်ရှားလိုက်ပြီး၊ သစ်သားအိမ်ရှေ့သို့ လွင့်မျှောပျံသန်းလိုက်သည်။
"တိုက်ပွဲချိန် နီးနေပြီ။ တကယ်လို့၊ အခုချိန် ငါ မသွားဘူးသေးဆိုရင်၊ သူတို့အနေနဲ့ စိုးရိမ်တကြီး စောင့်စားနေကြမှာကို ငါ ကြောက်မိတယ်။" ချင်ယွင်သည် တဟားဟား ရယ်မောလိုက်ပြီး၊ ကောင်းကင်လေရင်ပြင်ဆီသို့ အမြန်ပြေးသွားရန် လျှပ်တပြက် မိုင်တစ်သောင်းနိယာမကို အသုံးပြုလိုက်သည်။
ကောင်းကင်လေရင်ပြင်သည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီမှ တပည့်များ အချင်းချင်း စိန်ခေါ်ရန် အသုံးပြုသည့် နေရာဖြစ်သည်။ ထို့ကြောင့်၊ ၎င်းနေရာသည် အလွန်ကြီးမားသော လေးထောင့်ကွက်လပ်ကြီးတစ်ခု ဖြစ်သည်။
ရင်ပြင်အထက်တွင် လွင့်မျောစင်မြင့် များစွာရှိပြီး၊ ထိုစင်မြင့်များသည် တပည့်များ တိုက်ပွဲ ကြည့်ရှုရန် အထူးသီးသန့် ထားခြင်းဖြစ်သည်။
ပုံမှန်န်အားဖြင့်၊ တိုက်ပွဲတွေ ရှိခဲ့လျှင်ပင်၊ ဒီ လွင့်မျောစင်မြင့်တွေပေါ်မှာ၊ လူများများစားစား မရှိကြပါဘူး။ အများဆုံး လူရာဂဏန်းမျှသာ ရှိပါသည်။ အကယ်၍၊ ကောင်းကင်အဆင့်တွင် ထိပ်တန်း အင်မော်တယ်ဘုရင်တစ်ထောင် အချင်းချင်းအကြား ရှားပါးသော တိုက်ပွဲတစ်ခု မျိုး မရှိခဲ့ပါက၊ ဤလွင့်မျောစင်မြင့်များသည် လူများဖြင့် ပြည့်နှက်နေမည် မဟုတ်ပေ။ သို့သော် ယနေ့တွင် ဤလွင့်မျောစင်မြင့်သည် လူများဖြင့် ပြည့်နှက်နေပါသည်။
ထိုသို့ဖြစ်ရခြင်းမှာလည်း၊ တခြား မည်သည့်အကြောင်းရင်းကြောင့်မှ မဟုတ်ဘဲ၊ ဤတိုက်ပွဲ အတွက် အထူးအကြောင်းပြချက် ရှိနေ၍ ဖြစ်ပါသည်။ စိန်ခေါ်သူသည် စိန်ခေါ်မှု ဆုကြေး အဖြစ် အမှတ် ၇၀၀၀၀၀ သိန်းကို အမှန်တကယ် ထုတ်ပေးခဲ့၍ ဖြစ်သည်။
အမှတ် ၇၀၀၀၀၀ သိန်းသည် တပည့်အများစုအတွက် အလွန်များပြားလှသော ကိန်းဂဏန်းတစ်ခု ဖြစ်သောကြောင့်၊ ဤစိန်ခေါ်မှုသတင်းသည် ကောင်းကင်လေ နတ်ဘုရား အကယ်ဒမီ၏ တပည့်များကြားတွင် အလွန် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ယခုအချိန်တွင် ဤတပည့်များသည် ဤနေရာတွင် တစ်နာရီခန့်ကြာ စောင့်ဆိုင်းနေခဲ့ကြ သော်လည်း စိန်ခေါ်ပွဲက မစတင်သေးပါ။ ယင်းကြောင့်၊ လက်ရှိ ရှောက်ရှိနေသည့် လူတိုင်းကို စိတ်မငြိမ်မသက် ဖြစ်သွားစေသည်။
ထိုအခိုက်တွင်၊ လွင့်မျောစင်မြင့်တစ်ခု၏ ထောင့်စွန်းတွင် လူငယ်သုံးဦး မတ်တပ်ရပ်နေ ကြသည်။ ၎င်းတို့မှာ ကျူးယဲ့၊ အောင်းဖန် နှင့် ကျိုးထန်တို့ ဖြစ်သည်။
အောင်းဖန်သည် စိတ်မရှည်တော့ဘဲ ဒေါသတကြီး အော်ပြောလိုက်သည် "ဒီလူက ဘာလို့ မလာသေးတာလဲ?။ သူက တကယ်ကြောက်သွားပြီး တိုက်ပွဲကို ရှောင်ဖို့ ကြံစည်နေတာ များ ဖြစ်နိုင်မလား?"
ကံကောင်းထောက်မစွာ၊ ကျူးယဲ့သည် သူ၏မျက်နှာပေါ်တွင် အပြုံးမပျက်သေးချေ။ သူက ပြောလိုက်သည် "မဖြစ်နိုင်ပါဘူး၊ စိန်ခေါ်မှုကို စွန့်လွှတ်လိုက်ခြင်းက ကောင်းကင်လေ နတ်ဘုရားအကယ်ဒမီကနေ တိုက်ရိုက် နှင်ထုတ်ခံရမယ်ဆိုတာကို သူ သိထားသင့်ပါ တယ်လေ။ တကယ်လို့၊ တိုက်ပွဲကို တိုက်ခိုက်မယ်ဆိုရင်း၊ သူ့မှာ မျှော်လင့်ချက် အမျှင်တန်းလေး ရှိနေသေးတယ်။ တိုက်ပွဲကို မတိုက်ခိုက်ဘူးဆိုရင်တော့၊ ဒါက တကယ်ကို မျှော်လင့်ချက် မရှိတော့ဘူး။ ဒီချင်ယွင်က ဒီလောက် မမိုက်သင့်ပါဘူး။"
ကျိုးထန်၏ အမူအရာက အေးစက်နေဆဲပင်။ ကျူးယဲ့၏ စကားကို ကြားသောအခါ၊ သူလည်း ခေါင်းညိတ် သဘောတူလိုက်သည်။ "သူက အသက်ရှည်ရှည်လေး ပိုနေချင်တာ ကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့ အချိန်ဆွဲနေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နောက်ထပ် အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်အတွင်းမှာမှ ပေါ်မလာခဲ့ဘူးဆိုရင်တော့၊ သူ ပေါ်လာဖို့ အခွင့်အရေး ရှိကောင်းမှရှိတော့မယ်”။
"ဟမ့်၊ နတ်ဘုရားအကယ်ဒမီက သူ့ကို ကိုင်တွယ်ဖြေရှင်းလိုက်မယ်မယ်ဆိုရင်၊ ဒါက သူ့အတွက် အရမ်းကို သက်ညှာရာ ရောက်သွားလိမ့်မယ်။ သူက ငါ့အမှတ် ၂၀၀၀၀၀ သိန်းကို အချည်းနှီးပဲ ဆုံးရှုံးစေခဲ့တယ်။ အခု သူ့ကို အရှင်လတ်လတ် ဝါးမျိုချနိုင်ဖို့ ငါ ဆန္ဒရှိနေတယ်" အောင်းဖန်က သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြောလိုက်သည်။
လွန်ခဲ့သော သုံးရက်က သူသည် ကောင်းကင်ဘုံရတနာခန်းမသို့သွားခဲ့ပြီး၊ နောက်ဆုံးတွင် သူ၏ မီးနဂါးပုလဲကို ပြန်၍ လဲလှယ်နိုင်ခဲ့သည်။ သို့သော် နောက်ဆုံးဈေးက သူ့ကို သွေးအန်လုမတတ် ဖြစ်စေသည်။ ကောင်းကင်ရတနာနန်းတော်၏ ပစ္စည်းဝိညာဉ်သည် သူ့ကို အမှတ် ၂၀၀၀၀၀ သိန်း တောင်းခဲ့ပြီး၊ သူသည် နဂါးမျိုးနွယ်၏ စီနီယာတစ်ဦးထံမှ အမှတ် ၂၀၀၀၀၀ သိန်းကို အတင်းချေးခဲ့ရသည်။ ထို့ကြောင့်၊ သူသည် သူ၏ဒေါသကို ထိန်းချုပ်ထားရသည်။
"ကြည့်စမ်း၊ သူ ဟိုမှာ…" ထိုအချိန်မှာပင် ကျူးယဲ့သည် အဝေးမှ အစိမ်းပြာရောင် အလင်းတန်းကို လှမ်းကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။
လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်းသည် ကျူးယဲ့ညွှန်ပြနေသည့် ဦးတည်ရာအရပ်ဆီသို့ ချက်ချင်း ကြည့်လိုက်ကြသည်။ သူတို့သည့် အဝေးမှ လျှင်မြန်စွာ ပျံသန်းလာသည့် အစိမ်းပြာရောင် အလင်းတန်း အဆင့်ဆင့်ကို မြင်လိုက်ရသည်။ ယင်းသည် တစ်စက္ကန့် အတွင်း၊ မိုင်တစ်ထောင်အကွာမှာဖြစ်နေသေးသော်လည်း၊ နောက်တစ်စက္ကန့်အကြာတွင် ကောင်းကင်လေရင်ပြင်အထက် ကောင်းကင်ယံမှာ ပေါ်လာခဲ့သည်။
"မြန်လိုက်တာ၊ ဒါက လေစွမ်းရည် လျှပ်တပြက်မိုင်တစ်သောင်း နိယာမ မဟုတ်လား။" လွင့်မျောစင်မြင့်ပေါ်မှ တစ်စုံတစ်ယောက်က အံ့သြစွာ ပြောလိုက်သည်။
"မှန်ပါတယ်၊ အဲဒါက လေစွမ်းရည် လျှပ်တပြက် မိုင်တစ်သောင်းနိယာမပဲ။ အခုလေးတင် သူ အသုံးပြုခဲ့တဲ့ အမြန်နှုန်းနဲ့ ကြည့်မယ်ဆိုရင်၊ သူက ကြီးမားသော အောင်မြင်မူအဆင့်ကို ရောက်ရှိနေသင့်တယ်။" နောက်တစ်ယောက်က ပြန်ဖြေသည်။
လူအုပ်ကြီးသည် ထိုးစကားကြားလိုက်ရလျှင်၊ အားလုံးသည် အံ့သြတကြီး အမူအရာဖြင့်၊ သူတို့ မျက်လုံးတွေကို တဖျတ်ဖျပ် ခတ်လိုက်ကြသည်။
လျှပ်တပြက် မိုင်တစ်သောင်းနိယာမသည် လျှပ်စီးစွမ်းရည် မြန်နှုန်းမြင့်လျှပ်စီးနိယာမ ပြီးလျှင်၊ အမြန်နှုန်းအရာမှာ ဒုတိယလိုက်သော နိယာမတစ်ခု ဖြစ်သည်။ ၎င်းတို့ကို နားလည်ရန် အလွန်ခက်ခဲပါသည်။ ချင်ယွင်သည် ထိုကဲ့သို့သော နိယာမကို အမှန်တကယ် နားလည်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
"လျှပ်တပြက် မိုင်တစ်သောင်းနိယာမဆိုတော့ရော ဘာအသုံးကျမှာလဲ?။ ကျိုးထန်က ဘယ်လို နိယာမအမျိုးစားကို နားလည်ထားတယ်ဆိုတာ မင်းတို့ မေ့သွားကြပြီလား။ ဒီလူက လျှပ်တပြက် မိုင်တစ်သောင်းနိယာမကို နားလည်ထားတယ်ဆိုရင်တောင်၊ သူက ဒီစိန်ခေါ်မှုမှာ ရှုံးနိမ့်သွားဦးမှာပဲ။" အရာအားလုံးကို တိတ်တဆိတ် ကြည့်နေသော အဖော်တစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။
ထိုစကားကို ကြားတော့ လူတိုင်းကလည်း ခေါင်းညိတ်လိုက်ကြမိသည်။
ကျိုးထန် နားလည်ထားသော နိယာမတွေကို တွေးကြည့်လိုက်လျှင်၊ သူတို့ ကျောရိုးတွေပင် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
သူ ဘယ်လောက်ပဲ မြန်ဆန်နေပါစေ၊ အဲဒါက အသုံးမ၀င်ဘူး။ ဤကျိုးထန်၏ နိယာမများ သည် သူ၏အမြန်နှုန်းကို ထိန်းချုပ်နိုင်ရန် အထူး စီစဉ်ထားသလိုပင်။
"ဟမ့်၊ နောက်ဆုံးတော့ မင်း ဒီကို ရောက်လာပြီပေါ့။ မင်းက သူရဲဘောကြောင်တဲ့ လိပ်တစ်ကောင်လို ဒီကိုမလာရဲတော့ဘူးလို့ ငါထင်နေတာ။" အောင်းဖန်သည် ရင်ပြင်ပေါ်၌ ချင်ယွင် ပေါ်လာသည်ကို မြင်သောအခါ ချက်ခြင်းပင် လှောင်ပြောင်လိုက် သည်။
ထိုစကားကို ကြားတော့၊ ချင်ယွင်က အေးစက်စက် ပြုံးပြီး အောင်းဖန်ကို လှည့်ကြည့် လိုက်သည်။