အခန်း ၈၂၁
Vol. 55 Ch. 821
အခန်း (၈၂၁) ရေခဲနှင့်မီး၊
"ဟား..၊ ဟား.. ၊ ဒီချင်ယွင်တော့ သေချာပေါက် သေပြီ။ ဒီကျိုးထန်ရဲ့ ရေခဲနဲ့နှင်း ကောင်းကင်စည်းတံဆိပ်ခတ်ခြင်း နိယာမက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားခဲ့ပြီး၊ ၎င်းရဲ့ စွမ်းအားတွေက ကြောက်စရာကောင်းလာခဲ့ပြီ။ တကယ်လို့၊ သူသာ အင်မော်တယ် ဘုရင် နယ်ပယ်ကို ဖြတ်ကျော်သွားမယ်ဆိုရင်၊ ငါတောင်မှ သူ့ကို ထိပ်တိုင် ရင်မဆိုင်ရဲဘူး။ ဒီချင်ယွင်က သူနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်ဆိုတော့ သူက အတော့်ကို တုံးအတာပဲ။ သူ့ရဲ လက်မောင်းတစ်ဖက်ကို အမြန် ဖြတ်ပစ်လိုက်လို့သာ၊ မဟုတ်ရင်၊ သူ ပြန်ကောင်းလာဖို့ တစ်ရက်လောက်တော့ အချိန်ယူရလိမ့်မယ်။ အောင်းဖန်သည် လွင့်မျောစင်မြင့်ပေါ်တွင် ရပ်နေရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ချင်ယွင်၏ လက်မောင်းတစ်ဖက် ပြတ်သွားသည်ကို မြင်လိုက်ရသဖြင့်၊ သူသည် စိတ်သက် သာရာရသွားသည်။
ကျူးယဲ့၏ မျက်လုံးများတွင် သံသယအရိပ်မြွက်က ဖျတ်ခနဲ ပေါ်လာပြီး၊ သူ့ကိုယ်သူ တွေးလိုက်မိသည် "ဖြစ်နိုင်တာက၊ ငါ ဒီချင်ယွင်ကို အထင်ကြီးလွန်ပြီး တွက်ဆမိနေတာ များလား?။ ဒီလူရဲ့ ကျင့်ကြံမူ အရှိန်ဟုန်ကပဲ မြန်ဆန်နေလို့များလား..?"
"ကြည့်လိုက်စမ်း…" သို့သော်လည်း ထိုအချိန်တွင် အံ့အားတသင့် အော်ဟစ်သံတစ်ခုက ကျူးယဲ့၏ အတွေးများကို အနှောင့်အယှက်ပေးသွားသည်။
ကျူးယဲ့သည် ကောင်းကင်လေရင်ပြင်ဆီသို့ ချက်ချင်း ကြည့်လိုက်စဉ်၊ ပြတ်သွားသော ချင်ယွင်၏ လက်မောင်းသည် သာမန်မျက်စိဖြင့်မြင်ရသော အရှိန်ဟုန်ဖြင့် လက်အသစ် တစ်ချောင်း ထွက်လာသည်ကို တွေ့လိုက်ရသည်။
“ဒါ…ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက အင်မော်တယ်ဘုရင်လည်း မဟုတ်သေးဘူးလေ။ ဘယ်လိုလုပ် ဒီလက်မောင်းက ဒီလောက်မြန်မြန် ကြီးထွားနိုင်မှာလဲ?” အောင်းဖန်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ၊ သူ၏မျက်လုံးများက မယုံကြည်နိုင်သော အရိပ်အယောင် ပေါ်လွင်နေသည်။
ခပ်လှမ်းလှမ်းရှိ လွင့်မျောစင်မြင့်ပေါ်ရှိ လူများလည်း အံ့သြတုန်လှုပ်ကြပြီး ယုံကြည်ရ ခက်နေသည်ကို တွေ့ရှိရသည်။
"စိတ်ဝင်စားဖို့ ကောင်းတယ်။ ကြည့်ရသလောက်၊ ငါ လူမှားပြီး မြင်တာ မဟုတ်လောက် ဘူး" ကျူးယဲ့၏ ပါးစပ်ထောင့်များသည် အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွှတ် ချင်ယွင်နှင့် ပတ်သက်သည့် စူးစမ်းလိုသော အရိပ်အယောင်များ သူ၏နှလုံးသားထဲတွင် တိုးဝင်လာခဲ့သည်။
ကျိုးထန်သည် ချင်ယွင်၏ လက်မောင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။
ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် လေးနက်သော အမူအရာဖြင့် အောင်းဖန်ကို ကြည့်လိုက်သည်။
ကျိုးထန်၏ ရေခဲစွမ်းအင်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်က ကောင်းကင်ဘုံကို တွန်းလှန်နိုင်သည့် စွမ်းရည်မျိုးရှိနေ၍သာ၊ ထိုသို့မဟုတ်ပါက၊ ယခုတိုက်ပွဲသည် ဤနေရာမှာပင် ပြီးဆုံးသွားလိမ့်မည်။
"ကြည့်ရတာ၊ သူ့ရဲ့ရေခဲစွမ်းအင်ကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းရှာရန် လိုအပ်မယ့်ပုံပဲ။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေသည်။
ဘန်း….။
သို့သော် ဤအခိုက်အတန့်တွင် သူ၏ရှေ့ရှိ လေဟာနယ်ထဲမှ နောက်ထပ် ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ကျိုးထန်သည် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းသွားပြီး သူ့ဆီသို့ ထပ်မံ ပျံသန်းလာခဲ့သည်။
ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် ယခုလေးတင်၊ သင်ခန်းစာပေးမူကို ခံစားဖူးပြီး ဖြစ်သည့်အတွက် ကျိုးထန်ကို ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိမရှိတော့ဘူး။
ထို့ကြောင့်၊ ချင်ယွင်သည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို အလျင်အမြန် အသုံးပြုပြီး၊ ရှောင်တိမ်းသွားခဲ့သည်။
ချင်ယွင် ရှောင်ထွက်သွားပြီးနောက်၊ ကျိုးထန်သည် သူ၏နောက်ကို လိုက်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းအောင် အေးစက်နေသော လက်ဖဝါးတစ်ဖက်က လေဟာနယ် ထဲ ရိုက်နှက်သွားတိုင်း၊ လေထုသည် ကြီးမားသည့် ရေခဲတုံးကြီးအဖြစ် ပြောင်းလဲသွား သည်။
"ဟမ့်၊ မင်း ဘယ်လောက်ကြာကြာ ရှောင်နိုင်မလဲ ကြည့်ရအောင်။" ကျိုးထန်သည် ဒေါသထွက်နေပုံရပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်သည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ထို့နောက်၊ သူ့ကိုအလယ်ဗဟိုပြု၍ သူ၏ပတ်ဝန်းကျင်ရှိ မြေပြင်နှင့် လေထု နှစ်ခုစလုံး သည် ရေခဲအထုအဖြစ်သို့ ခိုင်မာလာကာ၊ ဤအအေးဓာတ်သည် ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ဤမြင်ကွင်းကို မြင်သောအခါ ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏အမြန်နှုန်းသည် မြန်ဆန်သော်လည်း၊ သူ၏လှုပ်ရှားမှုတွေက အကန့်အသတ် ရှိနေပါသည်။ အနှေးနှင့်အမြန်ဆိုသလို၊ ဤအအေးလှိုင်းသည် သူ့အား လုံးလုံးလျားလျား ကျူးကျော် ဝင်ရောက်လာလိမ့်မည်။
ဘန်း….။
သေချာပါသည်။ ချင်ယွင်သည် ရင်ပြင်၏ ထောင့်တဖက်ကို ရွှေ့လိုက်သည်နှင့် နောက်ဆုံး မှာ အအေးလှိုင်းက သူ့ကို ဝါးမျိုသွားပြီး၊ သူသည် ရေခဲထဲတွင် လုံးဝ အေးခဲသွားပါသည်။
"ဒါကမှ ရေခဲနဲ့နှင်း ကောင်းကင်စည်းတံဆိပ်ခတ်ခြင်း နိယာမရဲ့ အစစ်အမှန် လျှို့ဝှက် ဆန်းကြယ်မူများလား?" လွှင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်းသည် အေးခဲနေသော ရင်ပြင်ကို အံ့အားသင့်စွာဖြင့် ကြည့်နေကြသည် ။
ရေခဲနှင့်နှင်း ကောင်းကင်စည်းတံဆိပ်ခတ်ခြင်း နိယာမ၏ စွမ်းအားသည် အရာအားလုံးကို အေးခဲသွားစေနိုင်သည်။ ကောင်းကင်နှင့်မြေကြီးသည်ပင် အေးခဲသွားနိုင်သည်။ တစ်ချိန်က အင်မော်တယ်ဧကရာဇ်တစ်ပါးသည် မိုင်သန်းနှင့်ချီသော နယ်မြေတစ်ခုလုံးကို အေးခဲသွား စေရန် ဤရေခဲနှင့်နှင်း ကောင်းကင်စည်းတံဆိပ်ခတ်ခြင်းနိယာမကို အသုံးပြုခဲ့ဖူးသည်။ ထိုမြင်ကွင်းက တကယ့်ကို ကြောက်စရာကောင်းလိမ့်မည်။
"ဟား…၊ ဟား…။ ဒီချင်ယွင်တော့ သေပြီ" အောင်းဖန်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး၊ သူ၏မျက်လုံးတွေက ပျော်ရွှင်မှုတွေ ပြည့်နှက်နေခဲ့သည်။
ကျိုးထန်သည် အဝေးမှာ အေးခဲနေသော ချင်ယွင်ကို ကြည့်လိုက်သည်။ သူ၏ရုပ်အသွင်က တောက်ပလာပြီး ချင်ယွင်၏ ရှိရာဆီသို့ ဦးတည်ကာ အတားအဆီးမရှိဘဲ ရေခဲပြင်ကို ဖြတ်သန်းသွားခဲ့သည်။ သူသည် ချင်ယွင်ကို လုံးလုံးလျားလျား သတ်ပစ်ချင်နေသည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ နှင်းရေခဲများကြားတွင် လုံး၀ ပိတ်နေပြီး၊ သူသည် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ နှင်းရေခဲများမှ ထုတ်လွှတ်နေသော ပြင်းထန်သော အေးစက်မှုက သူ၏ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း တိုးဝင်လာကာ၊ သူ၏ အတွေးများပင် နှေးကွေးလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ချင်ယွင်သည်လည်း ကျိုးထန် သူ့ဆီသို့ အပြေးအလွှား ပြေးလာသည် ကို မြင်လိုက်ရပြီး၊ သူ၏မျက်လုံးများတွင် စိုးရိမ်မှုအရိပ်အယောင် ပေါ်လာသည်။
"ငါ ဘာလုပ်ရမလဲ။ ဒီရေခဲတွေကို ချိုးဖျက်ဖို့ နည်းလမ်းတစ်ခုခု စဉ်းစားရမယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ရုတ်တရက် သူ၏စိတ်ထဲတွင် တောက်ပသော အလင်းရောင်တစ်ခု လင်းလက်လာပြီး၊ သူ၏မျက်လုံးများသည် တောက်ပသော အလင်းရောင်များဖြင့် ချက်ချင်းပင် ပွင့်လန်းလာ ခဲ့သည်။
"ဟုတ်တယ်၊ ငါ ဒါကို ဘာလို့ မေ့သွားတာလဲ?" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။
ထို့နောက်တွင် ချင်ယွင်၏ခန္ဓာကိုယ်မှ တောက်လောင်နေသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ သူ၏ပတ်ဝန်းကျင်ရှိ ရေခဲများသည် မြင်သာသော အမြန်နှုန်းဖြင့် တစ်ဖန် အရည်ပျော်သွားသည်။
"ဘုန်း…”။
အဆုံးတွင်၊ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်လေရင်ပြင် ပတ်ဝန်းကျင်ရှိ ရေခဲများသည် ချက်ချင်း ပေါက်ကွဲသွားပြီး၊ ချင်ယွင်၏ အနီးနားတစ်ဝိုက်ရှိ ရေခဲများနှင့် ဆီးနှင်းများသည် လုံးဝ အရည်ပျော်သွားသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ကျိုးထန်သည် အနှိုင်းမဲ့ အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။ သူ၏ ရေခဲနှင့်နှင်းနယ်မြေသည် ထိုကဲ့သို့ အနေထားဖြင့် ပျက်စီးသွားသည်ကို သူ မယုံကြည်နိုင်ပေ။
"ဟမ့်၊ ငါက လေစွမ်းရည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမတစ်ခုတည်းကိုပဲ သိထားတယ်လို့ မင်း ထင်နေတာလား?"
ထိုအချိန်တွင် ချင်ယွင်၏ အေးစက်စက်အသံက လူတိုင်း၏နားထဲတွင် ထွက်ပေါ်လာ သည်။
ကျိုးထန်သည် ရုတ်တရက် မျှော်ကြည့်လိုက်လျှင်၊ ချင်ယွင်၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင် မီးတောက်မီးလျှံများ ထွက်လာသည်ကို တွေ့လိုက်ရသည်။ အနက်ရောင် မီးလျှံနဂါးကြီး သည် သူ၏ခန္ဓာကိုယ်ကို အမှန်တကယ် ရစ်ပတ်ထားသည်။
ထို့နောက်၊ ကျိုးထန်ကို ပို၍ပင် ထိတ်လန့်သွားစေသော မြင်ကွင်းတစ်ခု ဖြစ်ပေါ် လာခဲ့ပါ သည်။ ပေါက်ကွဲသံနှင့်အတူ၊ ဧရာမအနက်ရောင်အတောင်ပံကြီး တစ်စုံသည် ချင်ယွင်၏ နောက်ကွယ်တွင် အမှန်တကယ် ဖြန့်ကြက်လာသည်။ ထိုအနက်ရောင် တောင်ပံများသည် အနက်ရောင်မီးလျှံများဖြင့် ရစ်ပတ်ထားသည်။
ချင်ယွင်သည် ငရဲမှ ထွက်လာသော မီးလျှံနတ်ဆိုးနတ်ဘုရားတစ်ပါးနှင့် တူသည်။ ကြောက်မက်ဖွယ်ကောင်းပြီး တောက်လောင်နေသော အငွေ့အသက်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်ပေါ်လာနေသည်။ တစ်ချိန်တည်းမှာပင် ချင်ယွင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော နဂါးအငွေ့အသက်များလည်း ထွက်ပေါ်လာ ခဲ့သည်။
"နဂါးတောင်ပံ၊ သူ့မှာ နဂါးတောင်ပံက ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ?" လွင့်မျောစင်မြင့် ပေါ်တွင်၊ အောင်းဖန်သည် ချင်ယွင်၏ ကြီးမားသော အတောင်ပံကြီးများကို တွေ့လိုက်ရ လျှင်၊ သူ၏မျက်လုံးများက နှိုင်းစာ၍မရသည့် အံ့အားသင့်ဟန် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်မိသည်။
သို့သော်၊ သူ့အား အမှန်တကယ် ထိတ်လန့်စေသည့်အရာက ချင်ယွင်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော နဂါးအငွေ့အသက်သည် အမှန်တကယ်ပင် သူ၏အထက်တွင် ရှိနေခြင်း ဖြစ်သည်။
သူသည် နဂါးမျိုးနွယ်၊ တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်သည်ကို သိထားရမည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးများ၏ လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်သည် သာမန် နဂါးမျိုးနွယ် ကျွမ်းကျင်သူထက် ပို၍ အစွမ်းထက်ပါသည်။ လူသားတစ်ဦးဖြစ်သော ချင်ယွင်သည် သူ့ထက်ပင် အားကောင်းသည့် နဂါးမျိုးနွယ် သွေးဆက်ကို ပိုင်ဆိုင်နိုင် သည်ဟု သူ မယုံကြည်နိုင်ပါချေ။
"တော်ဝင်နဂါးကလန်ရဲ့ ဧကရာဇ်သွေးမျိုးဆက်၊ ကြည့်ရတာ ဒီချင်ယွင်က ထင်ထားတာ ထက်တောင် ပိုပြီး ဆန်းကြယ်နေပါလား" ကျူးယဲ့သည် သူ့ကိုယ်သူ တွေးနေမိသည်။
သို့သော်၊ ချင်ယွင်သည် ပို၍ သန်မာနေလေ၊ သူ ပို၍ စိတ်လှုပ်ရှားရလေ ဖြစ်သည်။ ဆိုလိုသည်မှာ၊ ချင်ယွင်သည် လျှို့ဝှက်ချက်များကို ပိုမိုများပြားစွာ ပိုင်ဆိုင်ထားပါက၊ ၎င်းအားလုံးသည် အနာဂတ်တွင် သူနှင့် သက်ဆိုင်လာမည် ဖြစ်သည်။
လွင့်မျောစင်မြင့်ပေါ်ရှိ တပည့်များသည် မီးလျှံနတ်ဆိုးဘုရားအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသော ချင်ယွင်ကို ကြည့်လိုက်ကြရင်း၊ သူတို့၏မျက်နှာများသည် အံ့သြမှုနှင့် အတူ စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။
မူလက ဤတိုက်ပွဲသည် ပြီးဆုံးသွားသည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း၊ တိုက်ပွဲက ပြန်လည် မြင့်တက်လာမည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။ ယခုဆိုလျှင် ချင်ယွင်သည် သူစိတ်ရှိသလို ဖျစ်ညှစ်နိုင်သည့် ပျော့ပျောင်းသော ပန်းသီးမဟုတ်ဟု ယူဆရပါမည်။
"ဟမ့်၊ မင်းမှာ တခြား ဘာနည်းလမ်းတွေပဲ ရှိရှိ ငါ ဂရုမစိုက်ဘူး။ ဒါပေမယ့် ငါ့ညီလေးကို သတ်ပစ်လိုက်မှတော့၊ မင်း ဒီနေ့ သေကိုသေရမယ်" ကျိုးထန်သည် ချင်ယွင်ကို ခက်ထန်ပြီး အေးစက်သော မျက်လုံးများဖြင့် ကြည့်နေသည်။ တစ်ချိန်တည်းမှာပင်၊ သူ၏ လက်ထဲတွင် ရေခဲပြာရောင် ဓားတစ်ချောင်း ပေါ်လာသည်။ ဤဓားကို ထုတ်ဖော်လိုက် ချိန်မှာ၊ ပတ်ဝန်းကျင်ရှိ အပူချိန်သည် ရုတ်တရက် ကျဆင်းသွားပါသည်။
"ဒါဆို စမ်းကြည့်ရအောင်။" ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော ဒေါသများဖြင့် တောက်ပလာသည်။
'"ပေါက်ကွဲလိုက်စမ်း.." ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သူ၏ရုပ်အသွင်သည် အနက်ရောင်မီးလျှံတစ်ခုကဲ့သို့ ကျိုးထန်ဆီသို့ ရုတ်တရက် ပစ်ဝင်သွားသည်။
ကျိုးထန်သည် ချက်ချင်းပင် သူ၏ရေခဲပြာရောင်ဓားကို ဝှေ့ယမ်းလိုက်ပြီး ချင်ယွင်၏ မီးလျှံများတောက်ပနေသော လက်သီးနှင့် အပြင်းအထန် ရင်ဆိုင်လိုက်သည်။
ရေခဲနှင့်မီးသည် အချင်းချင်း တိုက်ခိုက်ကြတော့သည်။