အခန်း ၈၂၂
Vol. 55 Ch. 822
အခန်း (၈၂၂) ပြီးပြည့်စုံသောအောင်ပွဲ။
"ဘုန်း..”။
လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည့် စွမ်းအားနှစ်ခုသည် အပြင်းအထန် ထိပ်တိုက်တွေ့ဆုံ မိပြီး ကောင်းကင်ယံတွင် ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူတို့ ပတ်လည်ရှိ အကာကွယ်အလင်းတန်းများသည် မထိန်းနိုင်ဘဲ ပြင်းထန်စွာ တုန်လှုပ်သွား ကြသည်။
ဘန်း…။
စွမ်းအားသည် ပြန့်ကျဲသွားခဲ့ပြီး၊ ပတ်ဝန်းကျင်ကို လွှမ်းခြုံပျံ့နှံ့သွားသည့် စွမ်းအင် ရောင်ခြည်အလင်းတန်းတစ်သွင် ဖြစ်ပေါ်လာသည်။
"ဟမ့်၊ မင်းက သေချင်နေတာပဲ။ ရေခဲအရိပ်ဓား.." ကျိုးထန်က အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ၏လက်ထဲမှ ရေခဲအပြာရောင်ဓားသည် ချက်ချင်းဆိုသလို တုန်ခါ သွားပြီး၊ ပုံရိပ်ယောင်များအဖြစ် အစီအရီပြောင်းလဲသွားပြီး ချင်ယွင်ဘက်ကို ပြင်းပြင်း ထန်ထန် ခုတ်ပိုင်းလာခဲ့သည်. ရာနှင့်ချီသော ဓားအလင်းတန်းများတွင် ပြင်းထန်သော အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။
"နဂါးနတ်ဘုရား ကမ္ဘာကြီးကို ဖျက်ဆီးခြင်း" ချင်ယွင်သည် နဂါးလက်သီးကို တိုက်ရိုက် အသုံးပြုလိုက်သည်။
ချက်ချင်းပင် သူ၏အနက်ရောင် မီးတောက်မီးလျှံများအောက်တွင် စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများ ပွင့်လန်းလာခဲ့သည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ကောင်းသော နဂါးဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
ချင်ယွင်သည် အစွမ်းကုန် ထိုးနှက်လိုက်ပြီး သူ၏ လက်သီးချက်သည် ကောင်းကင်ယံရှိ ဓားရိပ်နှင့် ချက်ချင်း တိုက်မိသွားပြီး၊ ပြင်းထန်သော ပေါက်ကွဲသံတစ်ချက် ထွက်လာသည်။
ကျိုးထန်သည် သူ၏ဓားကွက်ကို ပိတ်ဆို့ထားလိုက်သည်ကို တွေ့လိုက်ရသောအခါ၊ သူ၏မျက်လုံးများတွင် ပို၍ပင် လေးနက်သည့် အမူအရာ ပေါ်လွင်လာသည်။
သူ၏လက်ထဲမှ ရေခဲအပြာရောင်ဓားသည် လှပသော အပြာရောင်အလင်းတန်းများဖြင့်၊ တောက်ပနေပြီး ကြောက်စရာကောင်းသော အအေးဓာတ်က သူ၏ဓားကို လွှမ်းခြုံထား သည်။
ဝှီး…။
ကျိုးထန်၏ရုပ်အသွင်သည် ချင်ယွင်၏ အနားတွင် ရုတ်တရက် ပေါ်လာပြီး၊ သူ၏လက်ထဲမှ ဓားက ချင်ယွင်ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းသွားသည် ။
ချင်ယွင်သည်လည်း သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှု အလျဉ်းမရှိပေ။ သူ၏ခန္ဓာကိုယ် သည် အဆင့်မြင့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းတစ်ခုနှင့် နှိုင်းယှဉ်နိုင် သောကြောင့် ချင်ယွင်သည် ကျိုးထန်၏ဓားကို လက်ဗလာဖြင့် တိုက်ရိုက် လှုပ်ခါလိုက် သည်။
"ဘုန်း…”
ကျိုးထန်၏ ဓားချက်တိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ရေခဲအေးစွမ်းအားများ ပါဝင်နေပြီး ဓားချီထိုးဖောက်လာသော နေရာတိုင်းသည် ရေခဲတောင်တစ်ခု ရှိနေသည့် အလားပင်။
"ဒါက အသုံးမဝင်ဘူး။ အခု မင်းရဲ့ နှင်းရေခဲနိယာမက ငါ့ကို လုံးဝ မထိခိုက်စေနိုင်ဘူး။" ချင်ယွင်က ကျိုးထန်၏ လှုပ်ရှားနေသော ဓားချက်အားလုံးကို လက်ဗလာဖြင့် ဟန့်တားရင်း မောက်မာစွာ ပြောလိုက်သည်။
ကျိုးထန်သည် ချင်ယွင်၏ စကားကို ကြားလိုက်သောအခါ၊ မလိုလားသည့် စိတ်ခံစားချက် တစ်ခုက သူ၏နှလုံးသားထဲသို့ ချက်ချင်း ပြင်းပြင်းထန်ထန် တိုးဝင်လာခဲ့သည်။
"ကောင်းပြီ၊ ဒါဆိုလည်း မင်းကို ငါ့ရဲ့ ဝှက်ဖဲအစစ်ကို ခံစားခွင့်ပေးမယ်။" ကျိုးထန်က အေးစက်စွာ ပြောလိုက်သည်။ သူပြောပြီးသည်နှင့်၊ ပြင်းထန်သော ရေခဲစွမ်းအင် အတက်အကျလှိုင်းတစ်ခုက ထပ်မံ ထွက်ပေါ်လာသည်။
အထက်ကောင်းကင်ယံမှာ ကျိုးထန်သည် ရေခဲဓားရှည်များကို တစ်ချောင်းပြီးတစ်ချောင်း ပေါင်းစပ်သိပ်သည်းလိုက်သည်။ ၎င်းတို့သည် ထူထပ်အောင်ပင် များပြားနေပြီး အနည်းဆုံး တစ်သန်းခန့် ရှိနိုင်သည်။ ထို့အပြင်၊ ရေခဲဓားတစ်ချောင်းစီတွင် ပြင်းထန်သော ရေခဲစွမ်းအင် အတက်အကျလှိုင်းများ ပါရှိနေသည်။
အနည်းဆုံး ရေခဲဓားတစ်သန်းကို ချင်ယွင် မြင်သောအခါတွင်၊ သူ၏မျက်နှာသည် လေးနက်သည့် အရိပ်အယောင်ကို ပေါ်လွင်စေသည်။
ဤရေခဲဓားများထဲမှ မည်သည်ဓားမဆို အစောပိုင်းအဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူကို သတ်ပစ်နိုင်သည်။ ယခုအခါ၊ ထိုရေခဲဓား တစ်သန်းကို တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်မည်ဆိုလျှင်၊ ကောင်းကင်ဘုံကို အန်တုနိုင်သော စွမ်းအားထက်ပင် ပို၍ ကြောက်စရာကောင်းလာနိုင်သည်။
ခပ်လှမ်းလှမ်းမှ လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်းသည် တုန်လှုပ်ခြောက်ခြားဖွယ်သည့် အမူအရာများကို ထုတ်ဖော်နေကြသည်။ အင်မော်တယ်ဘုရင်နယ်ပယ် အောက်ရှိ မည့်သည့် ကျင့်ကြံသူများမဆို၊ ဤရေခဲဓားရှည် သန်းပေါင်းများစွာကို တွေ့မြင်လိုက်သည် နှင့်၊ ၎င်းတို့၏ ဦးရေပြားများ ထုံကျင်သွားသည်ကို ခံစားရလိမ့်မည်။
"ဟမ့်၊ ဒါက ငါနားလည်ထားသမျှ အစွမ်းထက်ဆုံး ဓားသိုင်းကွက်ပဲ။ မင်း ခံယူနိုင်မလား ငါ ကြည့်ချင်မိတယ်" ကျိုးထန်က အေးစက်စွာ ဟစ်အော်လိုက်ပြီးနောက်၊ ရေခဲဓား သန်းပေါင်းများစွာသည် ချင်ယွင်ဆီသို့ အရူးအမူး ပျံသန်းသွားတော့သည်။
ရေခဲဓားများသည် ကောင်းကင်အပြည့်ရှိနေပြီး၊ ဓားမိုးရွာသကဲ့သို့ဖြစ်ကာ၊ ချင်ယွင်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်လာသည့် ဧရာမလက်ကြီးနှင့်ပင် တူနေပုံရသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ သူ၏မျက်လုံးများသည် နှိုင်းစာရ မရအောင်ပင် လေးနက်သော အမူအရာ ဖြစ်ပေါ်နေပါသည်။ အဘယ့်ကြောင့်ဆိုသော်၊ ဤ ရေခဲဓား သန်းပေါင်းများစွာသည် သူ့ကို သေခြင်း၏အငွေ့အသက်ကို ပေးစွမ်းနိုင်စွမ်း ရှိနေသောကြောင့် ဖြစ်ပါသည်။
"ဟမ့်၊ မင်း ဒီလိုအများကြီး အသုံးပြုတော့ ဘာထူးမှာလဲ?။ ဒီနေ့၊ ငါ မင်းရဲ့ ရေခဲဓား သန်းပေါင်းများစွာကို ချိုးဖျက်ပြမယ်။" ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော အမျက်ဒေါသ အရိပ်အယောင်များဖြင့် ဝင်းလက်တောက်ပလာသည်။
ထို့နောက်၊ ကြောက်မက်ဖွယ်ကောင်းသော နဂါးအငွေ့အသက်သည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ရွှေရောင်နဂါးပုံရိပ်ကြီးက ချင်ယွင်၏ အမူအရာအတွင်းသို့ ချက်ချင်း သွန်လောင်းလာခဲ့သည်။
ချက်ချင်းပင်၊ ချင်ယွင်၏ နောက်ကျောတွင် ဧရာမနဂါးကြီးပုံရိပ်ကြီးတစ်ခုက ရုတ်တရက် မျက်လုံးပွင့်လာပြီး၊ တုနှိုင်းမရအောင် ကြောက်စရာကောင်းသည့် စွမ်းအင် အတက်အကျ လှိုင်းများကို ထုတ်လွှတ်လိုက်သည်။
"နဂါးနတ်ဘုရားသခင် နိုးထခြင်း.." ချင်ယွင်က အော်ဟစ်လိုက်သည်။
သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏ အရေပြားသည် တိုက်ရိုက် ကွဲအက်သွားကာ ရွှေရောင်အကြေးခွံများ ပေါ်လာသည်။
"အောင်း…."
ချင်ယွင်သည် အစစ်အမှန် နဂါးတစ်ကောင် ဟိန်းဟောက်လိုက်သကဲ့သို့၊ သူ၏ပါးစပ်ကို ဖွင့်ပြီး ဟိန်းဟောက်လိုက်သည်။
တစ်ကမ္ဘာလုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီးနောက်၊ ချင်ယွင်သည် လူတိုင်း၏ ထိတ်လန့် တုန်လှုပ်နေသော အကြည့်များရှေ့တွင် ဓားမိုးရွာချရာဆီသို့ ဦးတည် ပြေးသွားခဲ့သည်။
"ချိုးဖျက်လိုက်စမ်း..”။
ချင်ယွင်သည် လေဟာနယ်ကို လက်သီးဖြင့် ထိုးလိုက်ရာ၊ လေဟာနယ်ထဲတွင် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ဤလှိုင်းလုံးကြီးနှင့် အပြင်းအထန် ထိခိုက်မိသောအခါ၊ ရေခဲဓား သန်းပေါင်းများစွာသည် လှိုင်းတံပိုး အတွင်းပါရှိသော ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်းများကြောင့် ကွဲအက်သွားခဲ့သည်။
ထို့နောက်၊ အလွန်တုန်လှုပ်ချောက်ချားဖွယ်ရာ မြင်ကွင်းတစ်ခု ကောင်းကင်ယံ၌ ဖြစ်ပေါ်လာတော့သည်။ ထိုစွမ်းအင်အတက်အကျ လှိုင်းများအောက်မှာ ရေခဲဓားများသည် တစ်လက်မချင်းအနေဖြင့် အက်ကွဲသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သန်းပေါင်းများစွာသော ရေခဲဓားရှည်များသည် လုံးဝ ကွဲအက်သွားပြီး၊ ချင်ယွင်၏ လက်သီးချက်ကြောင့် ကြောက်မက်ဖွယ်စွမ်းအားများလည်း လုံးဝ လျော့ပါးသွားခဲ့သည်။
"ဘာ…? လက်သီးတစ်ချက်လား..?" လူတိုင်းသည် အေးစက်သော လေကို ရှုရှိုက် လိုက်ကြသည်။
ဤသန်းနှင့်ချီသော ရေခဲဓားများ၏ အစွမ်းသည် အလွန်ကြောက်စရာကောင်းပြီး ချင်ယွင်၏ လက်သီးချက်ကြောင့် အမှန်တကယ် ကွဲကြေသွားရသည် ။
အောင်းဖန်သည် ဤမြင်ကွင်းကို မြင်လိုက်သောအခါ၊ သူ၏မျက်ခုံးများကို တင်းကြပ်စွာ တွန့်ထားသည်။ ရွှေရောင်အကြေးခွံတွေဖုံးနေသော ချင်ယွင်ကို ကြည့်လိုက်ရင်း သူ၏ မျက်လုံးတွေက တွေးတောနေသည့် အမူအရာ ပေါ်လွင်နေသည်။ ထိုမြင်ကွင်းကို အရင်က တစ်နေရာရာမှာ သူ မြင်ဖူးနေသလိုပင်။ ထိုလက်သီးချက်က ရင်းနှီးသလို ခံစားရသည်။ သို့သော်၊ သူသည် တခဏအတွင်း မမှတ်မိနိုင်ခဲ့ပါဘူး။
ကျူးယဲ့၏ မျက်လုံးများသည် အံ့သြသွားသည့် အမူအရာ ပေါ်လွင်နေသော်လည်း၊ သူသည် ပို၍ စိတ်လှုပ်ရှားနေပါသည်။ တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်ထဲရှိ လျှို့ဝှက်ချက်များကို သေချာပေါက် ဖော်ထုတ်မည်ဟု သူ၏စိတ်ထဲတွင် ကျိန်ဆိုလိုက် သည်။
ဤလူသည် သေမျိုးကမ္ဘာသို့ ပစ်ချခံခဲ့ရပြီး၊ သူ၏ သုံးစားမရဖြစ်သွားခဲ့သော်လည်း၊ သူသည် ဆယ်စုနှစ်အနည်းငယ်အတွင်း အင်မော်တယ်ကမ္ဘာသို့ ပြန်တက်လှမ်းနိုင်ခဲ့သည်။ ထို့အပြင်၊ သူသည် နိယာမနယ်ပယ်၏ ကြီးမြတ်သော အောင်မြင်မူအဆင့်ရှိ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦး ကို အနိုင်ယူနိုင်ခဲ့သည်။ ဤအကြောင်းကို ပြောပြလိုက်မည်ဆိုလျှင်၊ ကောင်းကင်လေ နတ်ဘုရားအကယ်ဒမီ တစ်ခုလုံး အံ့အားသင့်သွားကြမည် ဖြစ်သည်။
သေချာပါသည်၊ သူလှုပ်ရှားမည်ဆိုလျှင်၊ သူသည် ဤအရာအားလုံးကို လူသိရှင်ကြား ကြေညာမည် မဟုတ်ပေ။ ဤအကြောင်းသည် လူသိနည်းလေလေ၊ ပိုကောင်းလေသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။ ငါ့ရဲ့ ဓားမိုးက တကယ်ပဲ ပြိုကွဲသွားခဲ့တယ်။" ကျိုးထန် သည် ချင်ယွင်၏ လက်ချက်ကြောင့် သူ၏ သန်းနှင့်ချီသော ရေခဲဓားမိုး ဖြိုခွင်း ခံလိုက်ရသည်ကို အံ့အားသင့်နေရင်း၊ သူသည် ချင်ယွင်ကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိ သည်။
"ပြီးသွားပြီ!"
ထိုအချိန်တွင် ချင်ယွင်၏ အေးစက်သော အသံသည် ကျိုးထန်၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
သို့သော်၊ ကျိုးထန် တုံ့ပြန်လိုက်သောအခါတွင် အလွန်မင်း မြန်ဆန်သော ဓားအလင်းတန်း တစ်ခုသာ မြင်လိုက်ရပြီး၊ သူ၏ခန္ဓာကိုယ်သည် ဓားအလင်းကြောင့် နှစ်ခြမ်းကွဲသွားသည်။
"ဘာ…?" ဤမြင်ကွင်းကို မြင်လိုက်ရတော့ အဝေးရှိ လွင့်မျောစင်မြင့်ပေါ်မှ လူတွေ အားလုံး အံ့အားသင့်နေသော အမူအရာတွေ ဖြစ်ပေါ်လာကြသည်။
အစောပိုင်းက ချင်ယွင်သည် သူ၏ဓားဖြင့် တိုက်ခိုက်လိုက်သည်ကို သူတို့ မမြင်လိုက်ရပါ ဘူး။ ဤကျိုးထန်သည် ချင်ယွင်၏ဓားအောက်တွင် သေဆုံးသွားခဲ့ပြီး ဖြစ်နေသည်။
"မြန်လိုက်တာ၊ ဒီလောက်ရက်စက်တဲ့ဓား" လူအများပြားသည် သူတို့၏ နှလုံးသားထဲတွင် သက်ပြင်းကိုယ်စီ ချမိကြသည်။
အကယ်၍၊ ဤဓားချက်ကို သူတို့ ရင်ဆိုင်ရမည်ဆိုလျှင်လည်း၊ သူတို့ အသတ်ခံရမည်ဟု စိတ်ထဲတွင် တွေးနေကြသည်။
တစ်ချိန်တည်းမှာပင်၊ ကျူးယဲ့သည် မျက်မှောင်ကြုတ်လိုက်မိသည်။ ချင်ယွင်၏ ဓားချက်သည် သူ့အား ခြိမ်းခြောက်မှု အရိပ်အယောင်ပင် ခံစားရစေနိုင်သည်။
ထိုအချိန်တွင်၊ ချင်ယွင်သည် ပတ်ဝန်းကျင်မှ လူများ၏ တုန်လှုပ်ခြောက်ခြားဟန် အကြည့်များကို လျစ်လျူရှုလိုက်သည်။ သူသည် အလွန်အားနည်းသော အခြေအနေသို့ ရောက်နေပြီ ဖြစ်သောကြောင့်၊ ကျိုးထန်ကိုသတ်ရန် လေဝိညာဉ်ခွဲခြမ်းဓားချက်ကို တိုက်ရိုက် အသုံးပြုလိုက်ရသည်။
နဂါးလက်သီးသိုင်းကို အသုံးပြုခြင်း၏ သက်ရောက်မှုသည် ချင်ယွင်အပေါ် ကြီးကြီးမားမား ရှိနေဆဲဖြစ်သည်။ ကံကောင်းထောက်မစွာ၊ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်သည် ကောင်းကင် နတ်ဘုရားနယ်ပယ် နှောင်းပိုင်းအဆင့်အထိ ချိုးဖြတ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် ၎င်းကို အပြည့်အဝ ခံနိုင်ရည်မရှိသေးသော်လည်း၊ ယခင်အချိန်ကကဲ့သို့ မြေကြီးပေါ်ပစ်လဲပြီး၊ သူ၏လက်ကိုပင် မမြှောက်နိုင်သည့် အခြေနေမျိုး မဟုတ်တော့ပေ။
"ကျောင်းသား ကျိုးထန်ကို အနိုင်ယူခဲ့တဲ့ ကျောင်းသား ချင်ယွင်ကို ဂုဏ်ပြုပါတယ်။ မင်းရဲ့ လက်ရှိအဆင့်က ကောင်းကင်အဆင့်မှာ အဆင့် ၁၅၀၀ ရောက်သွားပြီ။ စိန်ခေါ်မှုအတွက် ရမှတ် ၈၅၀၀ နဲ့ ၇၀၀၀၀၀ သိန်းရလိမ့်မယ်။"
ချင်ယွင်၏ နားထဲတွင် ကိုယ်ရေးအချက်လက် တံဆိပ်ပြားမှအသံက ထပ်မံ ထွက်ပေါ် လာပြန်သည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် ချက်ချင်းပင် တောက်ပသော အပြုံးကို ထုတ်ဖော်လိုက်မိသည်။ ဤတိုက်ပွဲက မလွယ်ကူသော်လည်း၊ နောက်ဆုံးရလာဒ်က အရမ်းကို ချိုမြိန်ပါသည်။
တစ်ချိန်တည်းမှာပင်၊ အောင်းဖန်သည် လွင့်မျောစင်မြင့်ပေါ်တွင် အံတင်းတင်း ကြိတ်လိုက်မိသည်။ ကျိုးထန်၏ ရှုံးနိမ့်မှုသည် သူ၏ အမှတ် ၅၀၀၀၀၀ သိန်း ဆုံးရှုံးသွားပြီ ဟု ဆိုလိုပါသည်။ ယင်းက ချင်ယွင်အပေါ် သူ၏ သတ်ဖြတ်လိုသည့်ဆန္ဒကို ပို၍ ပြင်းထန်စေသည်။