အခန်း ၈၂၃
Vol. 55 Ch. 823
အခန်း (၈၂၃) နောက်ထပ် တိုက်ပွဲတစ်ခု စီစဉ်ခြင်း။
ဘန်း…။
သစ်သားစွမ်းရည်၏ အသက်စွမ်းအားဖြင့် ချိန်ညှိပြီးနောက်၊ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ် ခွန်အားသည် တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာသည်။
ထိုအချိန်တွင်၊ ကောင်းကင်လေရင်ပြင်ကို ဖုံးအုပ်ထားသော အကာကွယ်အလင်းတန်းများ လည်း ပျောက်ကွယ်သွားသည်။
“ဝှီး…”
ရုပ်အသွင်နှစ်ဦးသည် ချင်ယွင်ဆီသို့ ပျံသန်းလာပြီး၊ သူနှင့် မနီးမဝေးတွင် ချက်ချင်း ပေါ်လာသည်။
ချင်ယွင်သည် ရုတ်တရက် ပေါ်လာသော လူနှစ်ယောက်ကို ကြည့်လိုက်ရာ သူ၏ မျက်နှာသည် ချက်ချင်းပင် နိုးကြားသတိထားသည့် အမူအရာ ပေါ်လာသည်။ ဤလူနှစ်ယောက်သည် အောင်းဖန်နှင့် ကျူးယဲ့မှလွဲ၍ အခြားလူများ မဟုတ်ပေ။
"ချင်ယွင်၊ ငါ့ရဲ့အမှတ် ၅၀၀၀၀၀ သိန်းကို ငါ့ဆီ ပြန်ပေးဖို့ အကြံပေးချင်တယ်။" အောင်းဖန် က ချင်ယွင်ကို ကြည့်ပြီး ပြောလိုက်ပါသည်။
"ဒီအမှတ် ၇၀၀၀၀၀ က ကျိုးထန်ကို ငါ အနိုင်ရတဲ့အတွက်၊ ငါ့အတွက် အပိုဆုတစ်ခုပဲ။ ဘာလို့ မင်းရဲ့အမှတ်တွေကို ပြန်ပေးရမှာလဲ?" ချင်ယွင်သည် အောင်းဖန်ကို ကြည့်ကာ အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
အမှတ် ၇၀၀၀၀၀ ထဲက ၅၀၀၀၀၀ ကို အောင်းဖန်က ထုတ်ပေးလိုက်သည်ဆိုတာ၊ သေချာပေါက် သူ သိပါသည်။ သို့သော်လည်း၊ ယခုအခါ၊ အမှတ်တွေက သူ၏ လက်ထဲသို့ ရောက်နေပြီ။ ဆိုတော့၊ သူ့အနေဖြင့် မည်သို့ လက်လွှတ်နိုင်မည်နည်း?။ ထို့အပြင် အောင်းဖန်သည် သူ့ကိုသတ်ပစ်ရန် ဆုံးဖြတ်ထားသည်။ သူ့ကို သွေးဆောင်ရာမှာ ငါးစာချဖို့ ဒီအမှတ် ၅၀၀၀၀၀ ကို ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသည် လုံလောက်အောင် သန်မာမူမရှိဘဲ ကျိုးထန်၏ သတ်ခြင်းကိုခံရပါက အောင်းဖန်သည် သူ့အတွက် လက်ခုပ်လက်ဝါးတီး အားပေးမည်မှာ သေချာပါသည်။
အောင်းဖန်သည် ချင်ယွင်၏ စကားကို ကြားသောအခါ၊ သူ၏မျက်လုံးများတွင် ပြင်းထန်သော အမျက်ဒေါသက ထွက်ပေါ်လာပြီး ပြောလိုက်သည် "ချင်ယွင်၊ မင်း ငါ့ကို မလွန်ဆန်ဖို့ ငါ အကြံပေးချင်တယ်။ ဒီလိုမှမဟုတ်ရင်၊ မင်း သေရလိမ့်မယ်"
"ဟမ့်၊ ငါ မင်းကို ဆန့်ကျင်ခဲ့တာ အချိန်အတော်ကြာခဲ့ပြီ မဟုတ်လား။ ငါ အခုထိ အသက်ရှင်နေပါသေးတယ်။ မင်းကိုတော့ ကျေးဇူးတင်ပါတယ်။ မင်းကြောင့် ငါ အမှတ် ၇၀၀၀၀၀ တောင် ရရှိခဲ့တယ်။ ဒီလိုအခြေအနေမျိုးမှာ ငါ မင်းကို ကျေးဇူးတင်ရမှာပေါ့၊ ပိုးဟပ်ငယ်လေးရေ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
ချင်ယွင်၏ စကားကိုကြားတော့ အောင်းဖန်သည် သူ၏နှာခေါင်းထဲမှ အနီရောင် မီးလျှံနှစ်လုံးပင် ထုတ်ဖော်လိုက်မိသည်။ ယခုအချိန်တွင် သူသည် ချင်ယွင်ကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်ချင်သည်။ သို့သော်လည်း၊ အကယ်ဒမီ၏ စည်းမျဉ်းတွေကြောင့် သူသည် လှုပ်ရှားရန် ခက်ခဲနေပါသည်။
"ချင်ယွင်၊ မင်း ငါ့ရဲ့စိန်ခေါ်မှုကို လက်ခံဝံ့လား?” အောင်းဖန်က သူ၏ဒေါသကို ထိန်းကာ ပြောလိုက်သည်။
"ဟမ့်၊ မင်းက အထွတ်အထိပ် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်ဖြစ်တဲ့ ငါ့ကို စိန်ခေါ်ဖို့ ရောက်လာတဲ့ ပထမဆုံး အစောပိုင်း အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ဦးပဲ။ မင်း မိုက်မဲသလို ငါကိုလည်း မိုက်မဲလိမ့်မယ်လို့ မင်း ထင်နေသလား။ ဒါအပြင်၊ ဒီကိစ္စက ငါ့အတွက် လုံးဝ အကျိုးမရှိဘူး။ မင်းကို ဘယ်သူက တိုက်ခိုက်မှာလဲ။” ချင်ယွင်သည် ချက်ချင်းပင် အထင်သေးစွာ ပြောလိုက်သည်။
"မှတ်တစ်သန်း။ မင်း ငါ့စိန်ခေါ်မှုကို လက်ခံသရွေ့ ငါ မင်းကို အမှတ်တစ်သန်းပေးမယ်။ မင်းရဲ့ နယ်ပယ်က အရမ်းအားနည်းနေတယ်လို့ မင်း ခံစားရရင် ငါ မင်းကို ဆယ်နှစ် အချိန် ပေးမယ်။ ဆယ်နှစ်အတွင်းမှာ ငါက မင်းကို စိန်ခေါ်မယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ?" အောင်းဖန်က ဆက်ပြောသည် ။
အောင်းဖန်၏ စကားကိုကြားတော့ ချင်ယွင်သည် စဉ်းစားသုံးသပ်နေသည့် အမူအရာကို ထုတ်ပြလာသည်။
ဆယ်နှစ်သည် သူ့အတွက် တိုတောင်းလွန်းသည်။ ဤဆယ်နှစ်အတွင်း၊ သူသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်၏ အစောပိုင်းအဆင့်သို့ ဖြတ်ကျော်နိုင်ခဲ့ပါက၊ သူသည် အောင်းဖန်ကို အနိုင်ယူရန် သဘာဝအတိုင်း ဖြစ်နိုင်ပါသည်။
ထို့အပြင်၊ သူ၏အစီအစဉ်အရ၊ သူသည် မူလကတည်းက အောင်းဖန်ကို သတ်ပစ်ရမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်၊ အောင်းဖန်ခန္ဓာကိုယ်ထဲရှိ မီးနဂါးပုလဲသည် အမှတ်တစ်သန်း တန်ဖိုးရှိသောကြောင့် ဖြစ်သည်။
"အမှတ်တစ်သန်းက အရမ်းကို နည်းလွန်းတယ်။ အမှတ်ငါးသန်းက နောက်ဆုံး ဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပဲ။ ဒါဆို၊ ဆယ်နှစ်အတွင်းမှာ ငါ မင်းနဲ့ တိုက်ခိုက်မယ်။" ချင်ယွင်က အောင်းဖန်ကို ပြောလိုက်သည် ။
ချအောင်းဖန် လက်ခံနိုင်သော ကန့်သတ်ချက်သည် ငါးသန်းဖြစ်သည်ဟု ချင်ယွင် ခံစားမိ၏။ ထို့ကြောင့်၊ သူသည် ချဲ့ကားပြောဆိုခြင်းမျိုး မလုပ်တော့ပေ။
သို့သော် သူ၏စကားကြောင့် အနီးနားရှိလူများ တုန်လှုပ်သွားခဲ့ရသည်။
အမှတ်ငါးသန်း။ ဒီကောင် ဘာကို ပြောချင်တာလဲ?။ သို့သော်၊ ချင်ယွင်သည် နက်နက်သိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်သို့သာ ရောက်ရှိသေး သည်ဟု ပြန်တွေးလိုက်သောအခါ၊ သူသည် နောင်ဆယ်နှစ်အကြာလျှင်ပင် နဂါးဘုရင်ကို အနိုင်ယူရန် မဖြစ်နိုင်သေးပေ။
ထို့ကြောင့်၊ တပည့်အားလုံးသည် ချင်ယွင်က အမှတ်ရရန်အတွက် ရူးသွပ်နေသည်ဟု ခံစားလိုက်ရသည်။ တကယ်ဆို၊ အောင်းဖန်နှင့် ကျိုးထန်တို့သည် အခြေခံအားဖြင့် လုံးဝ မတူကွဲပြားပါသည်။
ချင်ယွင်၏ စကားကိုကြားတော့၊ အောင်းဖန်သည် လေးလေးနက်နက် တွေးလိုက်မိသည်။
ငါးသန်းသည် သူ့အတွက် အလွန်များပြားလှသော ပမာဏဖြစ်သည်၊ သို့သော် ချင်ယွင်ကို သတ်နိုင်ပါက၊ သူသည် ၎င်းကို လက်ခံရန် အလွန်အမင်း လိုလားနေပါသည်။
"ငါးသန်းတော့ လျော့မှာမဟုတ်ဘူး။ မင်း လက်မခံနိုင်ဘူးဆိုရင် ငါ့အချိန်တွေကို မဖြုန်းနဲ့တော့" ချင်ယွင်သည် ချီတုံချတုံအမူအရာဖြစ်နေသော အောင်းဖန်ကို ကြည့်ကာ ထပ်ပြောသည်။
"ကောင်းပြီ၊ ငါးသန်းဆိုလည်း ငါးသန်းပေါ့။ မင်း ငါ့ဆီက အမှတ်ငါးသန်းကို ရယူနိုင်မယ်လို့ ငါ မယုံဘူး။" အောင်းဖန်သည် ချင်ယွင်ကို စိတ်ပိုင်းဖြတ်ပြီး အေးစက်စွာ ပြောလိုက်သည်။
ချင်ယွင်သည် အောင်းဖန်၏ စကားကို ကြားသောအခါ သူ၏မျက်လုံးများတွင် အပြုံးရိပ် ပေါ်လာသည်။
ထို့နောက်၊ အောင်းဖန်သည် ချင်ယွင်နှင့် စာချုပ်ချုပ်ဆိုလိုက်သည်။ ယခုမှ ဆယ်နှစ်ကြာ တိုက်ပွဲဖြစ်မည်ဟု သဘောတူညီမူ ယူခဲ့သည်။ သေချာသည်မှာ၊ အောင်းဖန်သည်ဤဆယ်နှစ်အတွင်း အမှတ်ငါးသန်းကို စုဆောင်းရပါလိမ့်မည်။
"ဟမ့်၊ ချင်ယွင်၊ အခုကစပြီး နောက်ဆယ်နှစ်အတွင်း မင်း သေလိမ့်မယ်။ မင်း ခဏတော့ စောင့်လိုက်ဦးပေါ့။" အောင်းဖန်သည် တိုက်ပွဲစာချုပ်ကို နိဂုံးချုပ်ပြီးနောက်၊ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး ပျောက်ကွယ်သွားခဲ့သည်။
ရင်ပြင်ပေါ်ရှိလူတိုင်း သက်ပြင်းချကာ၊ ရင်ပြင်အတွင်းမှ တဖြည်းဖြည်း ပျောက်ကွယ် သွားကြသည်။
သို့သော် ထိုအချိန်တွင် ချင်ယွင်သည် မလှုပ်မယှက် ရပ်နေသေးသည်။ အဘယ့်ကြောင့် ဆိုသော်၊ သူနှင့်ဆန့်ကျင်ဘက်မှာ လူတစ်ယောက်က မလှုပ်မယှက် ရပ်နေသောကြောင့် ဖြစ်ပါသည်။
"မင်းက စိတ်မြန်လွန်းတယ်။ သူနဲ့တိုက်ပွဲကို မင်း သဘောမတူသင့်ဘူး" ကျူးယဲ့က ချင်ယွင်ကို ပြုံးပြီး ပြောသည် ။
"မင်းလည်း သူ့ရဲ့တိုက်ပွဲကို သဘောမတူခိုင်းသင့်ဘူး မဟုတ်လား" ချင်ယွင်က အေးစက်သော အပြုံးဖြင့် မေးသည်။
"မင်းက ငါ့ကို အရမ်းမုန်းတီးနေပုံရတယ်။ မင်း နားလည်မှုလွဲနေတယ်လို့ ငါ ထင်တယ်။ ငါက နတ်ဆိုးမျိုးနွယ်ဝင် တစ်ယောက်ဖြစ်ပေမဲ့၊ အောင်းဖန်နဲ့ငါက သဟဇာတ မဖြစ်ဘူး" ကျူးယဲ့က ပြုံးပြီး ပြောသည် ။
ထိုစကားကို ကြားတော့၊ ချင်ယွင်က အေးစက်စက် ပြုံးပြလိုက်ပြန်သည်။
"မင်းနဲ့ အောင်းဖန်တို့ကိစ္စက ငါနဲ့ ဘာဆိုင်လို့လဲ?။ မင်း အဆင်ပြေရင် ငါ ထွက်သွားတော့ မယ်။" ချင်ယွင်က မထီမဲ့မြင်ပြုကာ ပြောသည်။ ထိုစကားကို ပြောပြီးသည်နှင့် လှည့်ထွက် သွားတော့မည်။
သူ၏ရှေ့မှ ကျူးယဲ့သည် ပထမအချက်၊ လူကောင်းတစ်ယောက် မဟုတ်ပါဘူး။ တကယ်တော့ ဤလူသည် သူ၏အနားကို ချဉ်းကပ်ပြီး သူ့ကို ယုံကြည်အောင် လှည့်စား ချင်နေခဲ့သည်။
ချင်ယွင်သည် ဤလူ မည်သည့်အရာတွေးနေမှန်း မသိသော်လည်း၊ လူတစ်ယောက် လူဆိုးလား၊ လူကောင်းလားဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်ပါသေးသည်။
"မင်းရဲ့အစ်ကို ချင်လန်ကို မင်း အင်မော်တယ်ကမ္ဘာကို ပြန်ရောက်နေတဲ့အကြောင်း ငါပြောပြလိုက်ရင် မင်း ဘာဖြစ်သွားမယ် ထင်လဲ?" ကျူးယဲ့က ရုတ်တရက် ပြောလိုက် သည်။
ချင်ယွင်၏ ခြေလှမ်းသံများ ရုတ်တရက် ရပ်တန့်သွားသည်။ သူက အေးစက်သော မျက်လုံးများဖြင့် ကျူးယဲ့ကို လှည့်ကြည့်လိုက်ပြီး "မင်း ဘာလိုချင်လဲ" ဟု အေးစက်စွာ မေးသည်။
ချင်ယွင်သည် သူ၏ကိုယ်ရေးအချက်လက် ဖော်ထုတ်ခံရမည်ကို အချိန်အတော်ကြာ ကတည်းက မျှော်လင့်ထားသော်လည်း၊ လျင်မြန်စွာ ဖော်ထုတ်ခံရမည်ဟု သူ မမျှော်လင့်ခဲ့ ပေ။ သူ၏ရှေ့မှ ဤလူသည် သူ့အကြောင်းကို စုံစမ်းထားသည်မှာ ရှင်းလင်း သေချာပါ သည်။
"အရမ်းကို ရိုးရှင်းပါတယ်လေ။ မင်းရဲ့လျှို့ဝှက်ချက်တွေကို ငါ လိုချင်တယ်။" ကျူးယဲ့က ပြုံးပြီး ပြောသည်။
"လျှို့ဝှက်ချက်လား?။ ဘာလျှို့ဝှက်ချက်လဲ?" ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။
"မင်းရဲ့စွမ်းအားနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေပေါ့။ ငါ မင်းအကြောင်းကို စုံစမ်းပြီးပြီ။ မင်းအဖေရဲ့ မင်းကို သေမျိုးကမ္ဘာကို ပို့လွှတ်လိုက်တဲ့ အချိန်ကစပြီး၊ မင်းရဲ့ အင်မော်တယ် ကမ္ဘာကို ပြန်တက်လှမ်းလာတဲ့အထိ၊ မင်းဟာ အချိန်ဆယ်နှစ်ကျော်လေးပဲ အချိန်ယူခဲ့ရ တယ်။ ဒီနောက်၊ မင်းကျင့်ကြံမူကလည်း အလွန်တိုတောင်းလှတဲ့ အချိန်တိုလေး အတွင်းမှာ၊ နက်နက်သိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်အထိ တိုးမြင့်လာခံသည်။ မင်းမှာ တခြားလူတွေ မသိနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေရမယ် လို့ ငါ ခံစားရတယ်။ မင်းအနေနဲ့ အဲဒီလျှို့ဝှက်ချက်တွေကို ငါ့ကို ပြောပြသရွေ့၊ မင်း အင်မော်တယ်ကမ္ဘာကို ပြန်ရောက်နေတဲ့အကြောင်း မင်းရဲ့အစ်ကို ချင်လန်ကို ငါ ပြောပြမှာ မဟုတ်ဘူး။ မင်း ဘယ်လိုထင်လဲ?” ကျူးယဲ့က မထီမဲ့မြင်ပြုဟန်ဖြင့် ပြောလိုက်သည်။
ချင်ယွင်သည် အရိုင်းဆန်ဆန် ရယ်မောလိုက်သော်လည်း၊ သိပ်မကြာခင်မှာ သူ၏ပါးစပ် ထောင့်စွန်းက အထင်သေးဟန် အရိပ်ယောင် ထွက်ပေါ်လာသည်။
ဤလူသည် အမှန်တကယ် သူ့ကို ခြိမ်းခြောက်နေခဲ့သည်။ ဖြစ်နိုင်တာက၊ သူသည် အင်မော်တယ်ကမ္ဘာသို့ ပြန်ရောက်လာကြောင်းကို ချင်လန်သိသွားမှာ ကြောက်ရွှံနေမည် ဟု ဤလူ တွေးထင်ထားသလား?။ အကယ်၍၊ သူ့အကြောင်းကို ချင်လန် သိသွားမှာ ကြောက်ရွံ့နေမည်ဆိုလျှင်၊ သူသည် အဘယ့်ကြောင့် ကောင်းကင်လေနတ်ဘုရား အကယ်ဒမီသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာမည်နည်း?။
"ပြောလိုက်လေ။ ငါ ဂရုမစိုက်ဘူး" ကျူးယဲ့က ပြန်ပြောမည်ကိုပင် မစောင့်တော့ဘဲ၊ သူသည် အလင်းတန်းတစ်ခုကဲ့သို့ ပြောင်းလဲပြီး၊ ပျောက်ကွယ်သွားခဲ့သည်။
ထိုအခိုက်တန့်တွင်၊ ကျူးယဲ့သည် ထိုမူလနေရာ၌ ရပ်နေပြီး၊ သူ၏ မျက်နှာက နီရဲနေသည်။ တစ်စုံတစ်ယောက်က သူ့ကို အပြင်းအထန် ပါးရိုက်လိုက်သလို ခံစားရသည်။ သူသည် ထွက်ခွာသွားသော ချင်ယွင်၏ရုပ်အသွင်ကို ခက်ထန်စွာ ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် မီးလျှံလုံးနှစ်လုံးက တောက်လောင်နေသည်။
"ဟမ့်၊ ချင်ယွင်၊ ငါ့ကို စောင့်နေပါ။ တစ်နေ့နေ့ မင်းရဲ့ခန္ဓာကိုယ်ထဲက လျှို့ဝှက်ချက်တွေကို တူးဖော်ပြီး၊ မင်းကိုပြာဖြစ်သည်အထိ လောင်ကျွမ်းပစ်မယ်။"