← Chapters

အခန်း ၈၂၄

Vol. 55 Ch. 824

အခန်း ၈၂၄

Vol. 55 Ch. 824

အခန်း (၈၂၄) စိန်လေး၏လျှို့ဝှက်ချက်။

ချင်ယွင်သည် ကောင်းကင်လေရင်ပြင်မှ ထွက်ခွာပြီးနောက် သူ၏ သစ်သားတဲအိမ်ဆီသို့ ပြန်လာခဲ့ပါသည်။

အပြန်လမ်းတွင်၊ ချင်ယွင်သည် သူ၏အမှတ် ၈၀၀၀၀၀ နီးပါးရှိသည်ဟု ခန့်မှန်းကြည့် သေးသည်။

ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ သာမာန် ကျင့်ကြံသူများအတွက်မူ အမှတ် ရှစ်သိန်းသည် ကြီးမားသော ကြွယ်ဝမှုကြီးတစ်ခု ဖြစ်နေသည်ဟု ယူဆထားပြီး ဖြစ်သည်။ ရှေးဟောင်းတာအိုဆရာသခင်၏ ရှင်ခြင်းသေခြင်းဆေးနှင့် လဲလှယ်ရန် အမှတ်ဆယ်သန်း ကို စုဆောင်းနေရသောကြောင့် ၎င်းအမှတ်များသည် ချင်ယွင်အတွက်မူ လုံလောက်မှု မရှိခဲ့ပေ။

သို့သော်၊ သူ၏စိတ်ထဲတွင်တော့ နောင်ဆယ်နှစ်ကြာတိုက်ပွဲတွင် သူ အောင်းဖန်ကို သတ်နိုင်သရွေ့ အမှတ်ခြောက်သန်းကို တစ်ရှိန်ထိုးရရှိနိုင်မည်ဟု တွတ်ဆထားသည်။

ချင်ယွင်သည် သစ်သားအိမ်သို့ ပြန်ရောက်ပြီးနောက်တွင် သူသည် ကျင့်ကြံရန် အလျင်လိုခြင်း မရှိခဲ့ပေ။ ယင်းအစား သူသည် အင်မော်တယ်ဘုရင်၏ စံအိမ်သို့သွားကာ စိန်လေးကို ထုတ်ယူလိုက်သည်။

ချင်ယွင်သည် မိုးကြိုးဝိညာဉ်ဂိုဏ်းမှ ဤစိန်လေးကို အပြင်သို့ ခေါ်ယူလာခဲ့ခြင်း ဖြစ်သည်။ သူသည် မူလကတည်းက ရုပ်သေးတစ်ရုပ်သာ ဖြစ်သော်လည်း လူသားများကဲ့သို့ပင် ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်ထားသည်။ ယင်းက ချင်ယွင်ကို စူးစမ်းချင်စိတ် ဖြစ်ပေါ် စေခဲ့သည်။

ပြင်းထန်သော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကို ပိုင်ဆိုင်ထားသည့် ရုပ်သေးရုပ်များ ရှိကြသော်လည်း၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဉာဏ်ရည်ရည်သွေးကို မပိုင်ဆိုင်ကြပေ။ ထို့ကြောင့် ချင်ယွင်သည် စိန်လေးကို သူ၏ဘေးတွင် ခေါ်ထားခဲ့သည်။

"ဆရာ၊ နောက်ဆုံးတော့ မင်းငါ့ကို အမှတ်ရပြီပေါ့။" စိန်လေးက ချင်ယွင်ကို ပြောသည် ။

'"ငါ တောင်းပန်ပါတယ်၊ ငါ အလုပ်ရှုပ်နေလို့ မင်းကို မေ့သွားတယ်။ ဒါပေမယ့် မင်းအတွက် သင့်တော်တဲ့ အစီအရင် အရင်းအမြစ်ကို ငါ ရှာပြီးပြီ။ မင်းရဲ့ကိုယ်ပေါ်မှာရှိတဲ့ အစီအရင် ဖွဲ့စည်းမှုပုံစံတွေကို ငါ အခု ပြုပြင်နိုင်ပြီ။ မင်းရဲ့ အစီအရင် ဖွဲ့စည်းမှုပုံစံတွေကို ပြုပြင် နိုင်တာနဲ့ မင်းရဲ့ခန္ဓာကိုယ်၊ မင်းရဲ့အတိတ်က အမှတ်တရတွေ ပြန်ကောင်းလာလိမ့်မယ်လို့ ငါ ယုံကြည်တယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

"တကယ်လား?။ ကောင်းလိုက်တာ။ နောက်ဆုံးတော့ ငါ ဘယ်ကလာတယ်ဆိုတာ သိနိုင်တော့မယ်။" စိန်လေးက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ သူ အရမ်းကို စိတ်လှုပ်ရှားနေတာ သိသာပါသည်။

ချင်ယွင်သည် စိတ်လှုပ်ရှားနေသော စိန်လေးကို သူ၏မျက်လုံးများတွင် စိတ်သက်သာရာရ ဟန်အမူအရာဖြင့် ကြည့်လိုက်သည်။

ဤစိန်လေးသည် ရုပ်သေးရုပ်ဆိုသော်လည်း တစ်ခါတရံ လူသားတစ်ဦးနှင့် ထူးမခြားနားပါ ဘူး။ တကယ်ဆို သူ၏စိတ်က လူသားတစ်ယောက်ထက်ပင် အများကြီး ပိုဖြူစင်ပါသည်။

ချက်ချင်းပင်၊ ချင်ယွင်သည် စကားပြောရပ်လိုက်ပြီး စိန်လေး၏ ခန္ဓာကိုယ်ပေါ်ရှိ အစီအရင် ဖွဲ့စည်းမူပုံစံများကို စတင် စစ်ဆေးလိုက်သည်။

စိန်လေးကို စိန်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဤသည်မှာ ထိုအချိန်တုန်းက ချင်ယွင်သည် စိန်လေးကို ဤနာမည်ပေးရခြင်း၏ အကြောင်းအရင်းလည်း ဖြစ်ပါသည်။ မာကျောမှုအရဆို၊ စိန်များသည် အဆင့်နိမ့် အင်မော်တယ်ပစ္စည်းများထက်ပင် များစွာ နိမ့်ကျပါသည်။

ယခုမူ၊ စိန်လေး၏ ခန္ဓာကိုယ်ပေါ်ရှိ စိန်များသည် သာမန်စိန်များ မဟုတ်ဘဲ အင်မော်တယ်ကမ္ဘာမှာပင် အလွန်မာကြောသည့် စိန်ဖြစ်ကြောင်း ချင်ယွင် တွေ့ရှိခဲ့သည်။

ယခင်က၊ စိန်လေးသည် သေမျိုးကမ္ဘာ၏ ဝိဉာဉ်ကျောက်တုံးများကို အစီအရင် အရင်းအမြစ်အဖြစ် အသုံးပြုခဲ့ရသဖြင့် သူ၏စွမ်းအားသည် အလွန်နိမ့်ပါးခဲ့သည်။

အင်မော်တယ်ကမ္ဘာသို့ ရောက်ရှိပြီးနောက်၊ ချင်ယွင်သည် ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်စိမ်းများကို စိန်လေးအတွက် အစီအရင် အရင်းမြစ်အဖြစ် ပြောင်းလဲပေးခဲ့ဖူး သည်။ ထို့အပြင်၊ စိန်လေး၏ ကိုယ်ထည်ရှိ စိန်များသည် ပို၍မာကြောလာပြီး၊ ၎င်းသည် အဆင့်နိမ့် အင်မော်တယ်ပစ္စည်းတစ်ခုနှင့် အမှန်တကယ် နှိုင်းယှဉ်နိုင်သည့်အဆင့်သို့ ရောက်ရှိသွားသည်ကို သူ တွေ့ရှိခဲ့ရသည်။

"ဝိညာဉ်အနှစ်သာရကို ပြောင်းလဲပြီးတာနဲ့ သူ့ခန္ဓာကိုယ်ပေါ်က စိန်တွေဟာ ဘယ်လောက် မာကြောသွားမလဲဆိုတာ ငါ သိချင်မိတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ထို့နောက် ချင်ယွင်သည် ဖန်လျှန်တောင် အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းတွင်းမှ ရရှိခဲ့သော ဝိညာဉ်အနှစ်သာရကို ထုတ်ယူလိုက်သည်။

ဝိညာဉ်အနှစ်သာရသည် အရမ်းကို ကောင်းမွန်သည့် ပစ္စည်းတစ်ခု ဖြစ်သည်။ ၎င်းကို အစီအရင်အရင်းအမြစ်အဖြစ် အသုံးပြုနိုင်ရုံသာမက ပြင်ပကမ္ဘာမှ စွမ်းအင်များကို စုပ်ယူရန်အတွက် စိန်လေး၏ ဒန်တန်အဖြစ်ပါ အသုံးပြုနိုင်ပါသည်။ တစ်နည်းဆိုရသော်၊ စိန်လေးသည် ယခုမှစ၍ ဝိညာဉ်အနှစ်သာရမှတဆင့် ကျင့်ကြံနိုင်တော့မည် ဖြစ်သည်။

ဘန်း….။ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်ခုသည် ချင်ယွင်၏လက်မှ ထွက်ပေါ်လာပြီး ဝိညာဉ်အနှစ်သာရကို စိန်လေး၏ စွမ်းအင်အပေါက်ထဲသို့ ပစ်ချလိုက် သည်။

"ဘုန်း...”

ရုတ်တရက် ဆိုသလိုပင်ပင်၊ စိန်လေးထံမှ မနှိုင်းယှဉ်သာသည့် စွမ်းအင်ပမာဏများစွာ ထုတ်လွှတ်လိုက်သည်။ ထို့နောက် စိန်လေး၏ ကိုယ်ထည်ပေါ်ရှိ မပြည့်မစုံဖြစ်နေသော အစီအရင်ဝင်္ကပါပုံစံများသည် လျင်မြန်စွာ တောက်ပလာသည်။ စိန်လေး၏ ခန္ဓာကိုယ် ပေါ်ရှိ စိန်များသည်လည်း အသက်ဝင်လာနေပုံရပြီး ဝိညာဉ်အနှစ်သာရမှတဆင့် ထုတ်လွှင့်နေသော စွမ်းအားကို အဆက်မပြတ် စုပ်ယူနေကာ ခုနစ်ရောင်ခြယ် အလင်းတန်းများ ဖြာထွက်နေသည်။

စိန်၏မာကျောမှုသည် အဆက်မပြတ် တိုးလာခဲ့ပြီး နောက်ဆုံးတွင်၊ စိန်၏ကိုယ်ထည်သည် အဆင့်နိမ့် အင်မော်တယ်ပစ္စည်းအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်လုံးများသည် နှိုင်းစာ၍ မရသည့် အံ့အားသင့်ဟန် အမူအရာကို ပေါ်လွင်စေခဲ့သည်။

“ဒီစိန်က ဘယ်လိုသတ္တုမျိုးနဲ့ ပြုလုပ်ထားတာပါလိမ့်?။ တကယ်ကို မာကြောလာနိုင်ခဲ့ တယ်။”

ယခုအချိန်တွင် စိန်လေးသည် ထိုနေရာတွင် ရပ်နေပြီး၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် အဆင့် ကျွမ်းကျင်သူများ သူ့ကို တိုက်ခိုက်ရန်ပင် ခွင့်ပြုနိုင်သည်။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်ရှိ ကျွမ်းကျင်သူများသည်ပင် သူ့ကို အနည်းငယ်မျှ တုန်လှုပ် စေနိုင်မည် မဟုတ်ပေ။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို အဆင့်မြင့် အင်မော်တယ်ပစ္စည်းအဆင့်အထိ ရောက်ရှိနိုင်ရန် အလွန်အားစိုက်ထုတ်ပြီး ကျင့်ကြံခဲ့ရသည့်အကြောင်းကို ပြန်တွေးတော ရင်း ပြောစရာစကားမဲ့ပြီး ဆွဲ့အသွားရသည်။

"ဘုန်း...”

စိန်လေးသည် မြေပြင်ကို လက်သီးတစ်ချက် ထိုးလိုက်သည်။ ချက်ချင်းပင် မြေပြင်ပေါ်တွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာသည်။ သူ၏ရှေ့ရှိ ရေကန်သည် အမြင့်ပေ ၁၀၀၀၀ ရှိသော ကြီးမားသော လှိုင်းလုံးကြီးတစ်ခုကို ဖန်တီးလိုက်ပြီး အဝေးမှ တောင်ထွတ်ကြီးပင် ပေါက်ကွဲသွားသည်။

"အရမ်းသန်မာတယ်။" ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်၏မျက်လုံးတွေက အံ့သြသွား သည့် အမူအရာတွေ ဖြစ်ပေါ်လာသည်။

စိန်လေးသည် ဝိညာဉ်အနှစ်သာရဖြင့် ပြောင်းလဲပြီးနောက် ဤမျှလောက် အစွမ်းထက်လာ မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤလက်သီး၏စွမ်းအားသည် နဂါးနတ်ဘုရား ကမ္ဘာကြီးကို ဖျက်ဆီးခြင်းလက်သီးကို အသုံးပြုပြီးနောက် ချင်ယွင်၏စွမ်းအားနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

"အလွန်သန်မာတာပဲ၊ ဆရာကြီး ကျေးဇူးတင်ပါတယ်" စိန်လေးက စိတ်လှုပ်ရှားစွာ ပြောသည်။

"စိတ်မပူပါနဲ့၊ ဒါက မင်းရဲ့ အထွတ်အထိပ် ခွန်အား မဟုတ်သေးဘူး။ မင်းရဲ့ ခန္ဓာကိုယ်ထဲက အစီအရင် ဖွဲ့စည်းမူပုံစံတွေကို ငါ ပြုပြင်ပြီးတာနဲ့ မင်းရဲ့ အစွမ်းက အရမ်းကို တိုးမြင့်လာ လိမ့်မယ်။ အဲဒီအချိန်မှာ မင်းရဲ့ ခွန်အားဟာ အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူနဲ့ တောင် ယှဉ်နိုင်လိမ့်မယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

စိန်လေးသည် ချင်ယွင်၏ စကားကို ကြားသောအခါ၊ အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးများသည် ပြင်းထန်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ၎င်း၏ ဉာဏ်ရည်ဉာဏ်သွေးသည် လူသားများထက် မနိမ့်ကျလှပေ။ သေချာသည်မှ၊ ဤ အင်မော်တယ်ဘုရင်အဆင့်က ဘာလဲဆိုသည်ကို သူ သိပါသည်။

ချင်ယွင်လည်း အရမ်းကို စိတ်လှုပ်ရှားနေပါသည်။ စိန်လေးသည် မည်သို့သော အမြင့်မျိုးထိ ရောက်နိုင်မည်နည်းဆိုသည်ကို သူလည်း မြင်ချင်မိပါသည်။

ရလာဒ်အနေဖြင့် ချင်ယွင်သည် စိန်လေး၏ ခန္ဓာကိုယ်ပေါ်ရှိ အစီအရင်ဖွဲ့စည်းမှုပုံစံများကို စတင်လေ့လာခဲ့သည်။ သို့သော် ချင်ယွင်၏ မျက်ခုံးများသည် လျင်မြန်စွာ ရှုံ့တွသွားခဲ့ သည်။

မူလက စိန်လေး၏ ကိုယ်ထည်ပေါ်ရှိ အစီအရင်ဖွဲ့စည်းမှုပုံစံများသည် အဆင့်ကိုး အစီအရင်ဖွဲ့စည်းမူပုံစံများသာ ဖြစ်မည်သည်ဟု သူ အမြဲတမ်း ထင်ထားခဲ့သည်။

သူ၏လက်ရှိအင်အား အဆင့်တစ်ဆယ် အစီအရင်မှော်ပညာရှင်တစ်ဦးအနေဖြင့် အထက်ပါ အစီအရင်ဖွဲ့စည်းမူပုံစံများကို ပြုပြင်ရန် လုံလောက်သည်ထက်ပင် ပိုနေသင့်ပါ သည်။

သို့သော် ယခုတွေ့ရှိချက်အရ၊ စိန်လေး၏ ခန္ဓာကိုယ်တွင် အစီအရင် ဖွဲ့စည်းမှုပုံစံများသည် သူထင်ထားသည်ထက် များစွာ နက်နဲကြောင်း ထင်ရှားပါသည်။ ၎င်းတို့သည် အဆင့် ၁၂ အစီအရင်ဝင်္ကပါအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

အဆင့် ၁၂ အစီအရင်ဝင်္ကပါများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အင်မော်တယ်ဘုရင် နယ်ပယ်သို့ ရောက်ရှိနေရန် လိုအပ်ပါသည်။ တစ်နည်းဆိုရသော်၊ သူ၏ လက်ရှိ အစီအရင် ဝင်္ကပါကျင့်ကြံမှုအခြေခံဖြင့် စိန်လေး၏ အစီအရင်ဖွဲ့စည်းမှုပုံစံများကို ပြုပြင်ရန် မလုံလောက်သေးပါ။

ဟုတ်ပါသည်၊ ၎င်းကို လုံးဝ မပြုပြင်နိုင်သော်လည်း သူ့ကို အချိန်အနည်းငယ် ပေးလိုက်သည်နှင့် စိန်လေးရဲ့ အစီအရင်ဖွဲ့စည်းမှုပုံစံများကို ၃၀ ရာခိုင်နှုန်းအထိ ပြုပြင်နိုင်လိမ့်မည်ဟု ချင်ယွင်ယုံကြည်ပါသည်။

ထို့ကြောင့် နောက်သုံးလကြာအောင်၊ ချင်ယွင်သည် စိန်လေး၏ ခန္ဓာကိုယ်ပေါ်ရှိ ပုံစံများကို လေ့လာနေခဲ့သည်။

ချင်ယွင်၏ လေးလေးနက်နက် သုတေသနပြုမှုနှင့်အတူ စိန်လေး၏ကိုယ်ပေါ်ရှိ အစီအရင် ဖွဲ့စည်းမူပုံစံများသည် အလွန်မင်း ကြောက်စရာကောင်းလှသည်ဟု သူ ခံစားခဲ့ရသည်။ ထိုကဲ့သို့ အစွမ်းထက်သော ရုပ်သေးရုပ်တစ်ခုသည် မိုးကြိုးဝိညာဉ်ဂိုဏ်း၏ လျှို့ဝှက် နယ်မြေတွင် အဘယ်ကြောင့် ပေါ်လာရသည်ကို သူ နားမလည်နိုင်ခဲ့ပါ။

နောက်ဆုံး၊ တတိယမြောက်လ၏ အဆုံးတွင်၊ ချင်ယွင်သည် ဉာဏ်အလင်းရရှိခဲ့ပြီး၊ စိန်လေး၏ ကိုယ်ခန္ဓာပေါ်ရှိ အစီအရင်ဖွဲ့စည်းမှုပုံစံများကို စတင် ပြုပြင်ခဲ့သည်။

ဘန်း…။

ချင်ယွင်သည် အစီအရင်ဖွဲ့စည်းမှု ပုံစံများကို စုစည်းရန် သူ၏စွမ်းအားကို ဆက်လက် အသုံးပြုလာသည်နှင့်အမျှ စိန်လေး၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် ပိုမို၍ အားကောင်းလာသည်။ အဆုံးတွင်၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် အစောပိုင်း အင်မော်တယ်ဘုရင် ကျွမ်းကျင်သူများနှင့် လုံး၀ နှိုင်းယှဉ်နိုင်ခဲ့သည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်ပြီးနောက်တွင် သူ၏မျက်လုံးများသည် အလွန် အံ့သြသွားသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်မိသည်။

သူသည် စိန်လေး၏ အစီအရင်ဖွဲ့စည်းမူပုံစံများကို ၃၀ ရာခိုင်နှုန်းသာ ပြုပြင်နိုင်ခဲ့သည်။ ဤစိန်လေး၏ ခွန်အားသည် အင်မော်တယ်ဘုရင်နှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။ အကယ်၍၊ အလုံးစုံ ပြုပြင်ပြီးသွားပါက၊ စိန်လေးသည် အင်မော်တယ်ဘုရင် သို့မဟုတ် အင်မော်တယ်ဧကရာဇ်ဘုံသို့ပင် ရောက်ရှိနိုင်မည် ဖြစ်သည်။

သို့သော် ချင်ယွင်သည် စိန်လေး၏ အမူအရာက တစ်စုံတစ်ခု မှားယွင်းနေကြောင်း လျင်မြန်စွာ သဘောပေါက်လိုက်သည်။ သူသည် အရင်တုန်းကလို ပျော်ရွှင်ပြီး စိတ်လှုပ်ရှား နေပုံမျိုး မတွေ့ရပေ။

"စိန်လေး မင်း တစ်ခုခုများ မှတ်မိသေးလား" ချင်ယွင်က တစ်စုံတစ်ခုကို နားလည်လိုက်ပုံရ ပြီး မေးမြန်းလိုက်သည်။

All Chapters