အခန်း ၈၂၅
Vol. 55 Ch. 825
အခန်း (၈၂၅) ကောင်းကင်တာအိုကျောက်တိုင်များ။
"အမ်….၊ ဆရာကြီး၊ ဆရာကြီးက ငါ့အတွက် အစီအရင်ဖွဲ့စည်းမူပုံစံတွေကို ပြုပြင်ပေးခဲ့ တယ်။ ငါ ဘယ်ကနေလာတယ်ဆိုတဲ့ အချက်အလက်တွေ အပါအဝင် ငါ့စိတ်ထဲမှာ နောက်ထပ် အမှတ်ရစရာလေးတွေ ရှိလာခဲ့တယ်။" စိန်လေးက ပြောသည်။
"ဒါဆို မင်း ဘယ်က လာတာလဲ။" ချင်ယွင်က မေးသည်။
"အစီအရင်ဝင်္ကပါ ဂိုဏ်း" စိန်လေးက ပြန်ဖြေသည်။
"အစီအရင်ဝင်္ကပါဂိုဏ်း?” ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ရှုပ်ထွေးသော အမူအရာ ပေါ်လာပါသည်။ သူ၏အထင်အမြင်အရဆို၊ အစီအရင်ဝင်္ကပါဂိုဏ်းလိုမျိုး အင်အားစုတွေ မရှိပါဘူး။
၎င်းသည် ကျော်ကြားသော ဂိုဏ်းငယ်လေးတစ်ခု ဖြစ်နိုင်သော်လည်း၊ ဂိုဏ်းငယ်လေး တစ်ခုက ထိုကဲ့သို့ အားကောင်းသည့် အစီအရင်ဝင်္ကပါရုပ်သေးတစ်ခုကို မည်သို့ ဖန်တီးနိုင် မည်နည်း?။
"အစီအရင် ဝင်္ကပါဂိုဏ်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀၀၀ ကျော်က ဂိုဏ်းတစ်ခု ဖြစ်ခဲ့ ပေမယ့်၊ အဲဒီအချိန်ကတည်းက အစီအရင်ဝင်္ကပါဂိုဏ်းဟာ ထူးထူးခြားခြား ပျောက်ကွယ် သွားခဲ့သည်။” ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ချင်ယွင်၏ စိတ်ထဲမှာ ထွက်ပေါ်လာတယ်။
"ရုတ်တရက် ပျောက်သွားတယ်။ ဒါက ဘာကိုဆိုလိုတာလဲ?” ချင်ယွင်သည် အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
"ငါလည်း မသိဘူး။ ဒီအစီအရင်ဝင်္ကပါဂိုဏ်းက အင်မော်တယ်ကမ္ဘာကနေ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တာ။ အဲဒီအချိန်ကစပြီး အင်မော်တယ်ကမ္ဘာမှာ အစီအရင်ဝင်္ကပါဂိုဏ်း နဲ့ပတ်သက်တဲ့ သတင်းတစ်ခုတစ်လေတောင်မှ မကြားရတော့ဘူး။ အစီအရင်ဝင်္ကပါဂိုဏ်း အင်မော်တယ်ကမ္ဘာမှာ တခါမှ ပေါ်မလာသလိုကို ပျောက်ကွယ်သွားခဲ့တာ။" ရှေးဟောင်း တာအိုဆရာသခင်က ပြန်ဖြေသည်။
ချင်ယွင်လည်း မျက်မှောင်ကြုတ်ပြီး လေးလေးနက်နက် တွေးလိုက်မိသည်။ ထို့နောက်၊ သူသည် စိန်လေးကို ဆက်လက်မော့ကြည့်ကာ မေးလိုက်သည် “စိန်လေး၊ ဒါဆို မင်းမှာ နိုးထဖို့လိုနေတဲ့ တခြားမှတ်ဉာဏ်တွေ ရှိနေသေးတယ်ပေါ့။ ဒါနဲ့ အဲဒီအစီအရင်ဝင်္ကပါ ဂိုဏ်း ဘယ်မှာလဲ?"
စိန်လေးက ခေါင်းယမ်းပြီး ပြောသည် "မသိဘူး၊ ငါ့စိတ်ထဲက မှတ်ဥာဏ်တွေက အပိုင်းအစတွေပဲ၊ ငါ့ကို ဖန်တီးခဲ့တဲ့ အရင်ပိုင်ရှင်က သေဆုံးသွားပုံရတယ်၊ ဒါပေမယ့် အတိအကျ ရှင်းရှင်းလင်းလင်းတော့ မသိရသေးဘူး။ အရမ်းကို ဝေဝေဝါးဝါးတွေ ဖြစ်နေ တယ်"
ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတွင်၊ စိန်လေး၏ ခန္ဓာကိုယ်ပေါ်ရှိ အစီအရင်ဖွဲ့စည်းမှုပုံစံများသည် အပြည့်အ ဝပြန်လည်ကောင်းမွန်ခြင်း မရှိသေးပေ။ အကယ်၍၊ သူ အရာအားလုံးကို မှတ်မိချင်သည်ဆိုလျှင်၊ အစီအရင်ဖွဲ့စည်းမှု ပုံစံတွေ အားလုံးကို အပြီးအပိုင် ပြုပြင်မှရပါမည်။
သို့သော်လည်း၊ ချင်ယွင်သည် မိုးကြိုးဝိညာဉ်ဂိုဏ်း၏ လျှို့ဝှက်နယ်မြေသည် ဒဏ္ဍာရီလာ အစီအရင်ဝင်္ကပါဂိုဏ်းနှင့် မရေမတွက်နိုင်သော ချိတ်ဆက်မှုများ ရှိနေသည့်အလား အလွန်မင်း ထူးခြားသည်ဟု ခံစားမိနေသည်။
"ကြည့်ရတာ မိုးကြိုးဝိညာဉ်ဂိုဏ်းက လျှို့ဝှက်နယ်မြေရဲ့ ထူးခြားချက်တွေကို ကြည့်ဖို့ အနာဂတ်မှာ ဧရာမအပြာရောင်ကြယ်ကြီးကို ပြန်သွားရမယ့်ပုံပဲ။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးလိုက်သည်။
ထို့နောက်တွင်၊ ချင်ယွင်သည် ဤကိစ္စနှင့်ပတ်သက်ပြီး အချိန်ကုန်မခံတော့ပေ။ စိန်လေးကို တံခါးစောင့်ရန် သစ်သားတဲထဲတွင် ထားခဲ့ပြီးနောက်၊ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်တာအိုနန်းတော်ဆီသို့ ဦးတည်သွားခဲ့သည်။
ကောင်းကင်တာအိုနန်းတော်သည် ကြီးကျယ်ခမ်းနားသော စွမ်းရည်ဂြိုလ်ကြီး ကိုးခုဆီသို့ သွားရောက်လို့ရသည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ပါသည်။ ကောင်းကင်တာအို နန်းတော်၏ တယ်လီပို့စနစ်သည်သာ ကြီးမားသော ကိုးခုမြောက် လေစွမ်းရည်ဂြိုလ်ကို ခုခံနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် သူ၏ ပန်းတိုင်မှာ လေစွမ်းရည်ဂြိုလ်သို့ ဦးတည်သွားရန် ဖြစ်သည်။ သူသည် သူ၏လေစွမ်းရည် ရှေးဟောင်းဖရိုဖရဲ စုတ်ဖြဲခြင်းနိယာမနှင့် လျှပ်တပြက် မိုင်တစ်သောင်းနိယာမတို့ကို ပြီးပြည့်စုံခြင်းအဆင့်သို့ ချက်ချင်း ရောက်ရှိ စေရန် ဤလေစွမ်းရည်ဂြိုလ်ကို ငှားရမ်းလိုခဲ့သည်။
ဝှီး….။
ချင်ယွင်၏ရုပ်အသွင်သည် ကောင်းကင်တာအိုနန်းတော်အဝင်၌ လွင့်မျောကာ ဆင်းလိုက် ၏။ ထိုအချိန်တွင် ကောင်းကင်တာအိုနန်းတော်တွင် လူအနည်းငယ်သာ ရှိပါသေးသည်။
ထင်ရှားသည်မှာ၊ ၎င်းတို့အားလုံးသည် အမျိုးမျိုးသော စွမ်းရည်ဂြိုလ်များဆီသို့ ဦးတည်ရန် တန်းစီနေကြသည်မှာ ထင်ရှားပါသည်။ ချင်ယွင်က သူတို့ကို ကြည့်လိုက်တော့၊ အများစု သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေကြပြီး၊ အင်မော်တယ်နယ်ပယ်ရှိ တပည့်များ အလွန်မင်း ရှားပါးသည်ကို တွေ့လိုက်ရပါသည်။
တယ်လီပို့ ပို့ဆောင်မှုတာဝန်ခံသည် ပစ္စည်းဝိညာဉ်တစ်ခု မဟုတ်တော့ဘဲ၊ အလွန် လေးနက်သော အမူအရာရှိသည့် အဖိုးအိုတစ်ဦး ဖြစ်သည်။
"ဘာစွမ်းရည်?။ ဘယ်နှစ်နှစ်လဲ?” အဘိုးအိုက အေးစက်စွာ မေးသည်။
"မြေကြီးစွမ်းရည်။ သုံးနှစ်”။ တပည့်က ပြန်ဖြေပြီး အဘိုးအိုအား တံဆိပ်ပြားကို ပေးလိုက်သည်။
ထို့နောက်၊ အဘိုးအိုသည် တပည့်၏ ကိုယ်ရေးအချက်လက် တံဆိပ်ပြားကို ယူကာ ညင်သာစွာ ပွတ်သပ်လိုက်လျှင်၊ တံဆိပ်ပြားပေါ်ရှိ အမှတ်အရေအတွက် ၃၀၀၀ သည် ချက်ခြင်း လျော့ကျသွားခဲ့သည်။
ထို့နောက် အလင်းတန်းတစ်ခုက ထိုတပည့်ကို ဖုံးလွှမ်းသွားပြီး ထိုတပည့်သည် ခန်းမထဲမှ ပျောက်ကွယ်သွားသည်။
ဤအရာအားလုံးကို ပြီးဆုံးပြီးနောက် အဘိုးအိုက အော်ပြောလိုက်သည် "နောက်တစ်ယောက်”။
ထို့နောက်၊ သူသည် ယခင်စကားတွေကိုဘဲ ထပ်ခါတလဲလဲ ပြောခဲ့သည်။ သူသည် အလွန် ပြတ်သားသည်။ သူသည် နည်းနည်းလေးမှ တုံ့ဆိုင်းနေခြင်းမရှိသလို၊ ထိုတပည့်တွေကို လည်း အလွန်အကျွံ နှုတ်ဆက်ခြင်းမျိုး မရှိခဲ့ပေ။
အလွန် လျင်မြန်စွာပင်၊ ချင်ယွင်၏အလှည့် ရောက်လာခဲ့သည်။
"ဘာစွမ်းရည်လဲ?။ ဘယ်နှစ်နှစ်လဲ။" အဘိုးအိုက စက်ယန္တရားတစ်ခုအလား ဆက်ပြော သည်။
"လေစွမ်းရည်၊ ငါးနှစ်။" ချင်ယွင်က ပြန်ဖြေသည်။
သူနှင့် အောင်းဖန်တို့သည် ဆယ်နှစ်ကြာမှာ တိုက်ခိုက်ရန် သဘောတူခဲ့ကြသည်။ ချင်ယွင် သည် နိယာမများကို ပြီးပြည့်စုံခြင်းအဆင့်အထိ နားလည်ရန် ငါးနှစ်တာအချိန်ကို အသုံးပြုရန် စီစဉ်ထားပြီး၊ ထို့နောက် သူသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ဖြတ်ကျော်ဝင်ရောက်နိုင်ရန် သူ၏ကိုယ်ပေါ်ရှိ လက်ကျန်ငါးနှစ်ကို အသုံးပြုမည် ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် ပထမငါးနှစ်ကို လေစွမ်းရည်ကြယ်ပေါ်တွင် နေထိုင်ရန် စီစဉ်ခဲ့သည်။
အဘိုးအိုသည် ချင်ယွင်၏ စကားကြောင့် အံ့သြပုံ မပေါ်ပေ။ သူသည် ချင်ယွင်၏လက်ထဲမှ တံဆိပ်ပြားကို တိုက်ရိုက်ယူလိုက်ပြီး အမှတ် ၅၀၀၀ ကို နှုတ်ယူလိုက်သည်။
ထို့နောက် တယ်လီပို့စနစ်မှ အလင်းတန်းတစ်ခုသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ချင်ယွင်သည် သူ၏ရှေ့ရှိ မြင်ကွင်းသည် ရုတ်ချည်း ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး သူ၏ရုပ်အသွင်သည် ခန်းမထဲမှ ပျောက်ကွယ် သွားခဲ့သည်။
ကောင်းကင်တာအိုနန်းတော်တွင် ကြောက်မက်ဖွယ် အစီအရင်ဝင်္ကပါများ ရှိနေသည်။ သတ်မှတ်ချိန်ပြည့်သည်နှင့်၊ လူတိုင်းကို တယ်လီပို့အစီအရင်ဝင်္ကပါဖွဲ့ဖြင့် တိုက်ရိုက် ဖယ်ထုတ်ပစ်မည် ဖြစ်သည်။ အကယ်၍၊ ဆက်ပြီး ဝင်ချင်သေးသည်ဆိုလျှင်၊ အမှတ်များ ပြန်ပေးရလိမ့်မည်။ သေချာသည်မှာ၊ အကယ်၍၊ သင်သည် သတ်မှတ်ချိန် မပြည့်သေးဘဲ စောစောပြန်ထွက်သွားနိုင်သော်လည်း အမှတ်တွေကိုတော့ လုံးဝ ပြန်အမ်းမှာ မဟုတ်ပါ ဘူး။
ချင်ယွင်သည် တစ်နှစ်လျှင် တစ်ကြိမ်စာ ပေးသွင်းမည့်အစား၊ တစ်ကြိမ်တည်းဖြင့် ငါးနှစ်စာ ပေးဆောင်လိုက်သည့် အကြောင်းရင်းက၊ သူ၏ ဉာဏ်အလင်းပွင့်ခြင်းလို အရေးကြီးသော ကာလမျိုးတွင် တယ်လီပို့စနစ်မှ ရုတ်တရက် နှင်ထုတ်မည်ကို စိုးရိမ်ခြင်း ကြောင်း ဖြစ်ပါသည်။ ထိုသို့ဆိုလျှင်၊ အကျိုးအမြတ်က ဆုံးရှုံးမှုနှင့် မထိုက်တန်တော့ပါဘူး။
ချင်ယွင်၏ရုပ်အသွင်သည် တစ်ဖန်ပေါ်လာပြီး သူသည် အစိမ်းပြာရောင် ဂြိုလ်ပေါ်တွင် ရှိနေပြီ ဖြစ်သည်။
သူကြိုတင်မျှော်လင့်ထားသလို လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်းမျိုး ဖြစ်ပေါ်မလာခဲ့ပါဘူး။ ဆန့်ကျင်ဘက်အားဖြင့် ပတ်ဝန်းကျင်သည် အလွန်တိတ်ဆိတ်နေသည်။ ထို့အပြင်၊ ချင်ယွင်၏ မျက်နှာသည် အံ့သြနေသည့်အမူအရာ ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော်၊ သူ၏ရှေ့တွင် ကြီးမားသော ကျောက်စာချပ်ကြီး တစ်ချပ်ရှိနေပြီး၊ ၎င်းကို သိပ်သည်းသော နိယာမပုံစံများဖြင့် ဖုံးအုပ်ထားသောကြောင့် ဖြစ်ပါသည်။ နိယာမများ၏ စွမ်းအင်အတက်အကျလှိုင်းများပါရှိသော ဤပုံစံကြောင်းများသည် ကောင်းကင်တာအို၏ အနှိုင်းမဲ့ လေးနက်ပြီး မထင်မရှား ပုံကြမ်းတစ်ခုအဖြစ် ပေါင်းစည်း ကာ လှည့်ပတ်သွားလာနေကြသည်။
ချင်ယွင်သည် အဝေးကို လှမ်းကြည့်လိုက်ရာ ထိုကဲ့သို့ ကျောက်တိုင်အချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။ စုစုပေါင်း ကျောက်တိုင် ၁၈၀၀ ရှိသည်။
"ဒါက ကောင်းကင်လေနတ်ဘုရားအကယ်ဒမီရဲ့ ကောင်းကင်တာအို ကျောက်တိုင်တွေ များ ဖြစ်နေမလား?။" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
နိယာမများသည် မယုံနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်သည်။ နိယာမတရားများကို နားလည်အောင် ကူညီပေးနိုင်သည့် မည်သည့်အရာမဆို ကောင်းကင်ဘုံကို အန်တုနိုင်သော ရတနာတစ်ပါး ဖြစ်သည်။
၎င်းတို့ထဲမှ အကျော်ကြားဆုံးမှာ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီ၏ ကောင်းကင် တာအိုကျောက်တိုင်များ ဖြစ်ကြသည်။ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီတွင် ကောင်းကင်တာအိုနိယာမများ ပါဝင်နေသော ကောင်းကင်တာအိုကျောက်တိုင် စုစုပေါင်း ၁၈၀၀ တိုင် ရှိသည်ဟု ဆိုကြပါသည်။
ချင်ယွင်နှင့် အခြားသူများသည် သေးငယ်သော တာအို၏ နိယာမများကိုသာ ကျင့်ကြံ နိုင်ကြပါသည်။ သေးငယ်သောတာအို၏ နိယာမများအထက်တွင် တော်ဝင်တာအို၏ နိယာမများရှိပြီး၊ တော်ဝင်တာအို၏ နိယာမများအထွက်တွင်မူ ကောင်းကင်တာအို နိယာမများ ရှိပါသည်။
အင်မောတ်ယ်ဘုရင်များသည် တော်ဝင်တာအိုကို ကျင့်ကြံကြပြီး၊ အင်မော်တယ် ဧကရာဇ်များသည် ကောင်းကင်တာအိုကို ကျင့်ကြံကြပါသည်။ ခြေလှမ်းတိုင်းက အလွန်မင်း ခက်ခဲပါသည်။
ဤသည်မှာ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်နှင့် အင်မော်တယ်ဘုရင်နယ်ပယ် တို့အကြား ကွာဟချက်သည် ကြီးမားနေရသော အကြောင်းရင်းလည်း ဖြစ်ပါသည်။ အလားတူပင်၊ အင်မော်တယ်ဘုရင်နှင့် အင်မော်တယ်ဧကရာဇ်တို့ အကြားမှာလည်း အလွန်ကြီးမားသော ကွာဟချက်ကြီး ရှိနေခဲ့ပါသည်။ ကွာဟချက်ကို ကွာဟချက်အဖြစ်ပင် မဖော်ပြနိုင်တော့ပါ။
"ကောင်လေး၊ မင်းရဲ့ အမူအရာကို ခန့်မှန်းကြည့်ရသလောက်၊ မင်းအနေနဲ့၊ ဒါက စွမ်းရည် ဂြိုဟ်ကို ရောက်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သင့်တယ်၊ ဟုတ်တယ်မလား?" ချင်ယွင်၏ အနီးရှိ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ရှိ တပည့်တစ်ဦးက ချင်ယွင်၏ အံ့အားသင့်နေသော အမူအရာကိုမြင်ပြီး ချက်ချင်းပင် ရယ်မောလိုက်သည်။
" တကယ်ကို ဒါက ပထမဆုံးအကြိမ်ပဲ။" ချင်ယွင်က အမှန်အတိုင်း ပြန်ဖြေသည်။
"ဒါဆို မင်း သတိထားရမှာက ဒီနေရာမှာ ကောင်းကင်တာအိုကျောက်တိုင် ၁၈၀၀ တိုင် ရှိ ပေမယ့် ဒါတွေအားလုံးကို မင်း နားမလည်နိုင်ဘူး။ မင်းရဲ့ နိယာမတွေအပေါ် နားလည်မှုက ကြီးမားသော အောင်မြင်မူအဆင့်ကို ရောက်မနေဘူးဆိုရင်၊ မင်းအနေနဲ့ ပထမဆုံး ကျောက်တိုင်သုံးရာပေါ်က နိယာမတွေကိုပဲ နားလည်နိုင်လိမ့်မယ်။ နောက်ဆုံး၊ တစ်ထောင်နဲ့ငါးရာကို အထက်က နိယာမတွေကိုဆို မကြည့်မိတာ ပိုကောင်းလိမ့်မယ်။ ဘာလို့ဆို၊ အဲဒီနိယာမတွေက အသေးစားနိယာမအဆင့်တွေကို ကျော်လွန်နေလို့ပဲ။ တကယ်လို့၊ မင်းသာ အတင်းအကြပ် နားလည်ဆင်ခြင်လိုက်မယ်ဆိုရင်၊ မင်းရဲ့ စိတ်ဝိညာဉ် ပြိုလဲပြီး သေသွားလိမ့်မယ်။” လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်အဆင့် ထိုတပည့်က ပြုံးပြီး ပြောသည် ။
"သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး" ချင်ယွင်သည် ကျေးဇူး တင်စွာဖြင့် ခေါင်းညိတ်ပြသော်လည်း သူ၏နှလုံးသားမှာ အံ့သြခြင်းများဖြင့် ပြည့်နေသည်။
"အင်း၊ စနစ်တကျ ကျင့်ကြံပါ။" လူငယ်က ပြုံးပြီး ချင်ယွင်၏ပုခုံးကို ပုတ်လိုက်သည်။ ထိုစကားကို ပြောပြီးနောက်၊ သူသည် သူ၏နောက်ဘက်မှ ကျောက်တိုင်ကြီးဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
ချင်ယွင်သည် အလွန်အမင်း စဉ်းစားမနေတော့ဘဲ တင်ပျဉ်ခွေထိုင်ကာ ပထမဆုံး ကျောက်တိုင်ကို စိုက်ကြည့်နေသည်။
မည်သို့ပင်ဆိုစေကာမူ၊ သူသည် ငါးနှစ်ကြာသည်အထိ ဖြည်းဖြည်းချင်း နားလည်ဆင်ခြင် နိုင်သည်။
စာစဉ် (၅၅) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။