အခန်း ၈၂၆
Vol. 56 Ch. 826
အဓိပတိအင်မော်တယ်သခင် စာစဉ် (၅၆)
ဘာသာပြန်သူ နေဇင်။
အခန်း (၈၂၆)လျင်မြန်သောဉာဏ်အလင်း
ချင်ယွင်သည် ပထမကျောက်တိုင်ကြီးပေါ်ရှိ နိယာမပုံစံများ အားလုံးကို သူ၏စိတ်ထဲတွင် ရေးထွင်းမှတ်သားပြီးနောက်၊ သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး ထိုပုံစံများတွင် ပါဝင်နေသော လေစွမ်းရည်နိယာမများကို နားလည်အောင် ဆင်ခြင်လိုက်သည်။
လေစွမ်းရည်၏ လျှို့ဝှက်ဆန်းကြယ်မှုများက သူ၏စိတ်ထဲတွင် အဆက်မပြတ် ပေါ်လာ နေပြီး၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ ရံဖန်ရံခါ အားကောင်းသော လေစွမ်းအင် အတက်အကျ လှိုင်းများ ပျံ့နှံ့ ထွက်ပေါ်လာသည်။
မကြာခင် အချိန်တစ်ရက်သည် ကုန်ဆုံးသွားခဲ့ပြီး၊ ချင်ယွင်သည် မျက်လုံးများကို တိုက်ရိုက် ဖွင့်ကာ ဒုတိယကျောက်တိုင်ဆီ လျှောက်သွားခဲ့သည်။
အဆုံးမှာတော့၊ ပထမကျောက်တိုင်တွင် ပါရှိနေသော နိယာမများသည် အလွန် အပေါ်ယံ ဆန်ပါသည်။ ချင်ယွင်၏ ရှေးဟောင်းဖရိုဖရဲစုတ်ဖြဲခြင်း နိယာမနှင့် လျှပ်တပြက် မိုင်တစ်သောင်းနိယာမတို့နှင့် ပတ်သက်၍မူ၊ သူသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် အတွင်း၌ပါရှိသော နိယာမများနှင့် အမှန်တရားများကို နားလည်လုနီးပါးပင် ဖြစ်နေပါပြီ။
သူသည် ကျောက်တိုင်ကြီးရှေ့တွင် အချိန်တစ်ရက်လောက်ကြာအောင် ထိုင်နေရသည့် အကြောင်းရင်းက ကျောက်တုံးပေါ်ရှိ လေစွမ်းရည် လေ၏ကိုယ်ပွားကို နားလည်ဆင်ခြင် နေခြင်းကြောင့် ဖြစ်ပါသည်။
နောက်တစ်ရက်အကြာတွင် ချင်ယွင်သည် မတ်တပ်ထရပ်ပြီး တတိယမြောက် ကျောက်တိုင်ရှေ့သို့ ရောက်ရှိလာသည်။
အချိန်ကြာလာသည်နှင့်အမျှ ချင်ယွင်သည် ကျောက်တိုင်များအတွင်း ပါရှိသော လေစွမ်းရည် နိယာမများကို နားလည်သဘောပေါက်လာခဲ့သည်။ သူသည် ကျောက်တိုင် တွေထဲမှ တစ်ခုခုကို လုံးလုံးလျားလျား နားလည်သဘောပေါက်ပြီးမှသာ နောက်ကျောက်တိုင်တစ်ခုဆီသို့ လျှောက်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ အချိန်တစ်နှစ်သည် ကုန်ဆုံးသွားခဲ့ပါပြီ။ ချင်ယွင်သည် နောက်ဆုံးတွင် အခုတစ်ရာမြောက် ကျောက်တိုင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ယခုဆိုလျှင်၊ သူသည် ကျောက်တိုင်တစ်လုံးကို နားလည်သဘောပေါက်ရန် ဆယ့်နှစ်ရက် နီးပါး အချိန်ယူ နေရပါပြီ။
ဟုတ်ပါသည်။ သူသည် ထိုအချိန်အများစုကို လေ၏ကိုယ်ပွား နိယာမကို နားလည် သဘောပေါက်အောင် ဆင်ခြင်ရင်း ကုန်ဆုံးခဲ့ခြင်း ဖြစ်ပါသည်။ ယခုအချိန်တွင်၊ ချင်ယွင်၏ လေ၏ကိုယ်ပွားနိယာမသည် နိယာမနယ်ပယ်၏ သေးငယ်သော အောင်မြင်မူအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ကြီးမားသောအောင်မြင်မူအဆင့်ဆီသို့ ချီတက်နေပါပြီ။
နောက်ထပ် အချိန်တစ်နှစ် ထပ်ကုန်သွားခဲ့ပြန်ပါပြီ။ ချင်ယွင်သည် ၁၅၀ မြောက် ကောင်းကင်တာအိုကျောက်တိုင်ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအခိုက်အတန့်တွင်၊ သူသည် ထိုအချိန်က သူ့ကို ကြင်နာစွာသတိပေးခဲ့သော လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်ရှိ ကျွမ်းကျင်သူကိုပင် မှီနေပြီဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်ပညာရှင်သည် ချင်ယွင်က သူ့ကို အမှန်တကယ် အမီလိုက်လာသည်ကို တွေ့လိုက်ရသောအခါ၊ သူ၏မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သွားဟန် ပေါ်လာသည်။
သို့သော် သူ့ကို အံ့အားသင့်စေသည့် အရာတွေက နောက်တွင် ရှိနေသေးသည်။ ချင်ယွင် သည် မတ်တပ်ထရပ်ပြီး ထွက်မသွားမီ ရက်နှစ်ဆယ်ကြာအောင် ထိုကောင်းကင်တာအို ကျောက်တိုင်ရှေ့တွင် ထိုင်နေခဲ့သည်။ သူသည် နောက်ထပ် ကျောက်တိုင်များဆီသို့ လျှောက်သွားပြီး ဆက်လက်၍ နားလည်သဘောပေါက်အောင် ဆင်ခြင်နေခဲ့သည်။
"သူက နားလည်သွားပြီလား?။ ဘယ်လိုလုပ် ဒီလောက်မြန်ရတာလဲ?။ လူငယ်က သူ့ကိုယ်သူ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
လူတော်တော်များများက နိယာမများကိုကို နားလည်ဆင်ခြင်သည့်အခါ၊ ယေဘုယျ အားဖြင့် နိယာမတစ်ခုကိုသာ နားလည်ဆင်ခြင်ကြပါသည်။ ဥပမာအားဖြင့်၊ သူကိုယ်တိုင် ပင် ဖြစ်သည်။ သူသည် လေစွမ်းရည် ရှေးဟောင်း ဖရိုဖရဲစုတ်ဖြဲခြင်း နိယာမကို ကြီးမားသော အောင်မြင်မူအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း၊ ဤကျောက်တိုင်ပေါ်ရှိ ရှေးဟောင်း ဖရိုဖရဲစုတ်ဖြဲခြင်း နိယာမကို နားလည်သဘောပေါက် ရန် တစ်နှစ်နီးပါး အချိန်ယူရပေမည်။ သို့သော် သူ၏ရှေ့ရှိ ဤလူသည် အမှန်တကယ် ရက်နှစ်ဆယ်သာ အသုံးပြုခဲ့သည်။ ယင်းက မည်သို့ ဖြစ်နိုင်မည်နည်း?။
တကယ်တော့ ချင်ယွင်သည် နိယာမတစ်ခုတည်းကို နားလည်ဆင်ခြင်ခြင်း မဟုတ်ဘဲ၊ လေစွမ်းရည်နှင့် သက်ဆိုင်သည့် နိယာမသုံးရပ်လုံးကို တစ်ချိန်တည်းမှာ နားလည်ဆင်ခြင် ထားသည်ကိုတော့ သူ မသိခဲ့ပါဘူး။ အကယ်၍၊ ထိုအကြောင်းကိုသာ သူသိသွားမည်ဆို လျှင်၊ သူသည် စကားမပြောနိုင်လောက်အောင်ပင် ကြောက်ရွှံ့ထိတ်လန့်သွားပေလိမ့်မည်။
သူ၏ပုံမှန်မဟုတ်သော အပြုမူတွေက ဤကြင်နာတတ်သော စီနီယာအစ်ကို၏ စိတ်အာရုံ ကို စွဲဆောင်စေကြောင်း ချင်ယွင် မသိပါ။ သူသည် နားလည်ဆင်ခြင်မှုထဲတွင် အရူးအမူး နှစ်မြုပ်နေသေးသည်။
ထို့နောက်၊ သူသည် ကျောက်တိုင်များကို တစ်တိုင်ပြီးတစ်တိုင် ဘေးချိတ်ထားခဲ့ပြီး၊ နောက်ကျောက်တိုင်ဆီသို့ လျှောက်သွားခဲ့သည်။
အစိမ်းရောင်ကြာပန်း စည်းတံဆိပ်၏ အားဖြည့်စေခြင်းဖြင့် သူ၏စိတ်ဝိညာဉ်စွမ်းအား သည် အင်မော်တယ်ဘုရင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင်၊ သူ၏ ထိုးထွင်းသိမြင်မူ ဉာဏ်အမြင်သည် အလွန်ကောင်းမွန်လှသည်။ ထို့ကြောင့်၊ သူသည် ၎င်းတို့ကို လျင်မြန်စွာ နားလည်နိုင်ခဲ့သည်။
ထိုကဲ့သို့ပင်၊ ချင်ယွင်သည် လေးနှစ်ကြာ အချိန်ကုန်ဆုံးပြီးနောက်၊ နောက်ဆုံးတွင် ပထမဆုံး ကျောက်တိုင်သုံးရာကို နားလည်ဆင်ခြင်ခြယ်သခြင်းလုပ်ငန်း ပြီးဆုံးသွားခဲ့ သည်။ သူသည် လေစွမ်းရည်သုံးမျိုးလုံးကို နားလည်ဆင်ခြင်ခြင်းသည် နိယာမနယ်ပယ်၏ ပြီပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဘန်း….။
ချင်ယွင်သည် ၃၀၀ မြောက် ကျောက်တိုင်၏ ရှေ့တွင် သူ၏မျက်လုံးများကို ဖွင့်လိုက်ပါ သည်။ ဤအခိုက်အတန့်တွင်၊ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော လေစွမ်းရည် အတက်အကျလှိုင်းများ ပါဝင်နေသည်။
လေစွမ်းရည် နိယာမ သုံးခုစလုံးသည် ကြီးမြတ်သော ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။ အကယ်၍၊ ဤအကြောင်းကိုသာ ပြောပြလိုက်မည်ဆိုလျှင်၊ လူတော်တော်များများ သေသည်အထိ အံ့ဩသွားမှာပင် စိုးရပါသည်။
အမှန်တော့၊ သူသည် နိယာမများကို နားလည်ထားရုံသာ ဖြစ်ပါသည်။ ဤနိယာမများကို သူ၏ကိုယ်ပိုင် သိုင်းကွက်များအဖြစ် ပြောင်းလဲရန် အချိန်အနည်းငယ် ယူရဦးမည် ဖြစ်ပါသည်။
ချင်ယွင်သည် ၃၀၀ မြောက် နိယာမကျောက်တိုင်ကို နားလည်ဆင်ခြင်ပြီးနောက်၊ သူသည် ၃၀၁ နိယာမကျောက်တိုင်ဆီကို ဆင်ခြင်ရန် ထွက်ခွာသွားခဲ့သည်။
သို့သော် ကျောက်တိုင်ပေါ်ရှိ နိယာမတရားများကို အလွတ်မှတ်ရန် ကြိုးစားသောအခါတွင် ခေါင်းကိုက်သည့် ဝေဒနာကို ခံစားခဲ့ရသည်။
"ကြည့်ရတာ စိတ်နှလုံးကောင်းရှိတဲ့ စီနီယာအစ်ကိုပြောတာ မှန်နေပုံရတယ်။ ဒီကျောက်တိုင်သုံးရာက အင်မော်တယ်ဘုရင်နယ်ပယ်ကို မရောက်သေးတဲ့လူတွေ နားလည်ဆင်ခြင်ဖို့ မဖြစ်နိုင်လောက်ဘူး။" ချင်ယွင်သည် သူ့ကိုယ်သူ စိတ်ထဲတွင် ရေရွတ်ရင်း၊ နားလည်ဆင်ခြင်မှုကို စွန့်လွှတ်လိုက်ပြီး သိုင်းပညာရပ်များရှိသည့် ကွင်းပြင်ဆီ ဦးတည်ရန် စတင်စဉ်းစားလိုက်သည်။
ဤဂြိုဟ်ပေါ်တွင် ဤကောင်းကင်တာအိုကျောက်တိုင်များအပြင် သိုင်းပညာရပ်ဆိုင်ရာ လေ့ကျင့်စရာကွင်းများလည်း ရှိနေပါသေးသည်။ ဤသိုင်းလေ့ကျင့်ကွင်းအားလုံးကို တပည့်များသည် မိမိတို့ ထိုးထွင်းသိမြင်ထားသော အရာများကို လေ့ကျင့်နိုင်ရန် အသုံးပြုကြသည်။
ချင်ယွင်သည် သိုင်းပညာလေ့ကျင့်ကွင်း ဧရိယာကို စူးစမ်းကြည့်လိုက်လျှင်၊ ကွင်းထဲတွင် လူအနည်းငယ်သာ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။
အများစုမှာ ၎င်းတို့၏ ဓားသိုင်းကွက်များတွင် သူတို့၏ ထိုးထွင်းသိမြင်မှုများကို ပေါင်းထည့် ရန် ကြိုးစားနေခဲ့ကြသည်။ လေစွမ်းရည် ကျင့်ကြံသူများ အဓိကအသုံးပြုသည့် လက်နက် အများစုမှာ ဓားများဖြစ်သောကြောင့် လေ့ကျင့်ကွင်းပြင်တစ်ခုလုံးသည် ဓားအလင်းများ ဖြင့် ပြည့်နှက်နေပါသည်။
ကံကောင်းထောက်မစွာ၊ လူတိုင်းသည် ကိုယ်ပိုင် စင်မြင့်တစ်ခုစီ ရရှိပါသည်။ အကယ်၍၊ တစ်စုံတစ်ယောက်သည် ရင်ပြင်ပေါ်သို့ တက်နေသမျှကာလပတ်လုံး၊ ထိုလူ၏ စင်မြင့် တစ်ဝိုက်တွင် အကာအကွယ်အလင်းဒိုင်းများ ထွက်ပေါ်လာမည် ဖြစ်ပါသည်။ ထိုအကာကွယ်အလင်းဒိုင်းများသည် အလွန်အားကောင်းပြီး ချိုးဖျက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့်၊ ကိုယ်အသုံးပြုလိုသော ဓားသိုင်းပညာရပ်ကို လွတ်လပ်စွာ အသုံးပြုနိုင်သည်။
ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ရှိ လူများအသုံးပြုသော ဓားသိုင်းပညာကို အကြမ်းဖျင်း ဝှေ့ယမ်းကြည့်မိသည်။ သူတို့ထဲမှ အများစုသည် အလွန်ကြမ်းတမ်းလွန်းပြီး သူ၏ မျက်လုံးတွေကို အလင်းရောင်မမြင်နိုင်လုနီးပါး တောက်ပအောင်ပင် လုပ်နိုင်ကြသည်။
ယင်းမြင်ကွင်းက ချင်ယွင်ကို ချက်ချင်းပင် ငြီးငွေ့သွားစေသည်။ သူသည် ထပ်မကြည့်တော့ဘဲ လူမရှိသော စင်မြင့်တစ်ခုဆီသို့ လျှောက်သွားကာ သူ၏ ကိုယ်ပိုင် နားလည်မူများကို စတင်လိုက်သည်။
ချင်ယွင်သည် စင်မြင့်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် ပြင်းထန်သော အကာကွယ် အလင်းဒိုင်းက သူ၏ပတ်ဝန်းကျင်တွင် ပေါ်လာသည်။
စင်မြင့်သည် စတုရန်းမီတာ တစ်ရာသာ ကျယ်ဝန်းသည်။ နေရာက ကျဉ်းသော်လည်း၊ လူတိုင်း အသုံးပြုဖို့ လုံလောက်ပါသည်။
ချင်ယွင်သည် စင်မြင့်ထဲသို့ ဝင်ရောက်ပြီးနောက်၊ သူ ပထမဆုံးလုပ်သောအရာမှာ မြူနှင်း ချောက်နက်ဓားကို အလျင်စလို ဆွဲထုတ်ခြင်း မဟုတ်ပေ။ ယင်းအစား၊ သူသည် လေစွမ်းရည် လေ၏ကိုယ်ပွားနိယာမကို စတင်လေ့ကျင့်လိုက်သည်။
ဝှီး….။
ချင်ယွင်၏ ရုပ်အသွင်သည် တုန်လှုပ်သွားပြီး၊ သူ၏အနားတွင် သူနှင့်တူသော ကိုယ်ပွား တစ်ခုပေါ်လာသည်။ ထို့အပြင်၊ ဤကိုယ်ပွား၏ တိုက်ခိုက်ရေးစွမ်းအားသည် အမှန်တကယ်ပင် သူ့မူလခန္ဓာကိုယ်၏ ရှစ်ဆယ်ရာခိုင်နှုန်း ဖြစ်သည်။
ဝှီး….။
ထို့နောက်တွင်၊ ကိုယ်ပွားရုပ်အသွင်များ ဆက်တိုက်ပေါ်လာပြီး အချိန်တခဏအတွင်းမှာ စင်မြင့်တစ်ခုလုံး ချင်ယွင်များနှင့် ပြည့်နေပါသည်။
"ကန့်သတ်ချက်က တစ်ထောင်လား" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
လေ၏ကိုယ်ပွားသည် ချင်ယွင်၏ လျှပ်စီးစွမ်းရည်ကိုယ်ပွား၊ သစ်သားစွမ်းရည် ကိုယ်ပွား တို့နှင့် ကွဲပြားပါသည်။ နိယာမတရားများမှ ပေါင်းစပ်ထားသော ဤကိုယ်ပွားများ သည် အမှန်တကယ် ခွန်အားမရှိပါ။ ထို့အပြင်၊ ကိုယ်ပွားများ ပို၍များလေလေ ကိုယ်ပွားများ၏ တိုက်ခိုက်ရေးစွမ်းအားကလည်း နည်းပါးလေလေ ဖြစ်ပါသည်။
ဥပမာအားဖြင့်၊ အကယ်၍၊ ချင်ယွင်သည် ကိုယ်ပွားတစ်ထောင် ဖန်တီးလိုက်မည်ဆိုလျှင်၊ ထိုကိုယ်ပွားတော်တစ်ထောင်၏ တိုက်ခိုက်ရေးစွမ်းအားသည် ချင်ယွင်၏ မူလခန္ဓာကိုယ်၏ ၃၀ ရာခိုင်နှုန်းသာ ရှိတော့မည်ဖြစ်သည်။ ဟုတ်ပါသည်၊ ၃၀ ရာခိုင်နှုန်း ဆိုလျှင်ပင်၊ ၎င်းသည် တခါတရံတွင် တိုက်ပွဲတွေမှာ အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါ လိမ့်မည်။
“လေထုကာစီးခြင်းဓားသိုင်းရဲ့ ပထမဆုံးဓားကွက်ဖြစ်တဲ့ လေဝိညာဉ်ခွဲခြမ်းဓားချက်ကို စမ်းကြည့်ရအောင်။" ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို ထုတ်ယူကာ နိယာမနှစ်ခု၏ စွမ်းအားကို တိုက်ရိုက် စုစည်းလိုက်သည်။ တစ်ချက် ဝှေ့ယမ်း တိုက်ခိုက်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး အကာကွယ်အလင်းဒိုင်းကို ပြင်းထန်စွာ တရစပ် တိုက်ခိုက်လိုက်သည်။
ယင်းကြောင့် အကာကွယ်အလင်းဒိုင်းတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး၊ အကာကွယ်အလင်းဒိုင်းသည်ပင် အက်ကွဲလုနီးပါး ဖြစ်သွားခဲ့ရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့၊ ချင်ယွင်၏ မျက်လုံးတွေက ကျေနပ်သည့် အမူအရာ ပေါ်လာတယ်။ ထင်ရှားသည်မှာ၊ ရှေးဟောင်း ဖရိုဖရဲ စုတ်ဖြဲခြင်းနိယာမနှင့် လျှပ်တပြက် မိုင်တစ်သောင်း နိယာမများသည် ကြီးမြတ်သော ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပြီး နောက်၊ ဤဓားချက်၏ စွမ်းအားသည် ယခင်ကထက် သုံးဆ ပိုမိုကြီးမားလာခဲ့သည်။
ယခုအချိန်မှာ၊ အင်မော်တယ်ဘုရင်နယ်ပယ် အောက်ရှိ မည်သူမှ သူ၏ဓားချက်ဖြင့် တိုက်ခိုက်မူကို ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ အင်မော်တယ်ဘုရင် ကျွမ်းကျင်သူများကို ခြိမ်းခြောက်ရန်မူ မလုံလောက်သေးဟု ထင်ရသည်။
“လေထုကာစီးခြင်းဓားသိုင်းရဲ့ ဒုတိယဓားကွက်ကို နားလည်ဆင်ခြင်ဖို့ အချိန်တန်ပြီ။" ချင်ယွင်သည် လေထုကာစီးခြင်းဓားသိုင်း၏ ဒုတိယမြောက် ဓားကွက်ကို စတင် ကြိုးစားရင်း သူ့ကိုယ်သူ အသံထွက် ရေရွတ်လိုက်ပါသည်။