← Chapters

အခန်း ၈၂၇

Vol. 56 Ch. 827

အခန်း ၈၂၇

Vol. 56 Ch. 827

အခန်း (၈၂၇) မစ်ရှင်ကြောင့်ခရီးသွားခြင်း။

ဝှီး…. ဝှီး…..။

ချင်ယွင်၏ပုံရိပ်များသည် ဤသေးငယ်သော စင်မြင်ထဲတွင် အမြဲတစေ ဖျတ်ခနဲ ဖျတ်ခနဲ ဖြစ်ပေါ်နေသည်။ ဤမြင်ကွင်းကို မြင်တွေ့သူတိုင်း အံ့သြမိမှာ သေချာပါသည်။

အကြောင်းမှာ ချင်ယွင်၏ဓားချက်များသည် လျင်မြန်ရုံသာမက အလွန်လည်း အစွမ်းထက်နေသောကြောင့် ဖြစ်သည်။ အရေးအကြီးဆုံးအချက်က သူ၏ဓားသည်ပင် ကိုယ်ပွားတစ်ခု ဖြစ်နေနိုင်သည်။

အသင် နားကြားမှားတာ မဟုတ်ပါဘူး။ ထိုအရာသည် ဓားများဖြင့်စုဖွဲ့ထားသည့် ကိုယ်ပွား ဖြစ်ပါသည်။

ချင်ယွင်သည် သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် မြူနှင်းချောက်နက်ဓားသည် ချက်ချင်းပင် ဓားတစ်ထောင်အဖြစ် ပြောင်းလဲသွားပါသည်။ ကောင်းကင်ကို လွှမ်းခြုံထား သည့် ဓားအရိပ်များပါ ပေါင်းထည့်လိုက်ခြင်းဖြင့် ကောင်းကင်တစ်ခုလုံးကို ဓားဖြင့် ချက်ချင်း ဖုံးကွယ်သွားသလိုပင်။ ထို့အပြင်၊ ဓားတစ်ချောင်းစီတွင် ပြင်းထန်သော ရှေးဟောင်း ဖရိုဖရဲ စုတ်ဖြဲခြင်းနိယာမ စွမ်းအားများလည်း ပါရှိနေသည်။

မျဉ်းစောင်းတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် ဓားတစ်ထောင်၏ စွမ်းအားသည် ချင်ယွင် တစ်ထောင် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်သကဲ့သို့ပင် ဓားတစ်ထောင်၏ စွမ်းအားများသည် အတူတကွ စုစည်းလာခဲ့သည်။ ထိုစွမ်းအားသည် ကြောက်စရာ ကောင်းလွန်း၏။

“လေဝိညာဉ်ခွဲခြမ်းဓားချက်”။

ချင်ယွင်သည် ကျယ်လောင်စွာ အော်လိုက်ပြီး ဓားကို ခုတ်ပိုင်းရန်အတွက် လေဟာနယ်ကို အသုံးပြုခဲ့ရသည်။

တခဏအတွင်းမှာပင်၊ စွမ်းအင်မြစ်ပေါင်း တစ်ထောင်ကျော်ကို စုပြုံလာပြီး တောက်လောင်နေသော ဓားအလင်းသည် လျင်မြန်စွာ လွင့်ထွက်သွားခဲ့သည်။ ဓားအလင်း သည် ပုံမှန်ထက် ဆယ်ဆ ပို၍ ထူထပ်သည်။

“ဘုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စင်မြင့်ကို ဖုံးအုပ်ထားသည့် အကာကွယ် အလင်းဒိုင်းသည် ကွဲအက်သွားခဲ့သည်။

ကျယ်လောင်သော ပေါက်ကွဲသံကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ လူတိုင်း သူတို့ လက်ရှိနေကြသည့် အလုပ်တွေကို ချက်ချင်း ရပ်လိုက်ကြပြီး ချင်ယွင်ကို ကြည့်သည်။

"ဘာလဲဟ?။ ဒီကောင်က အကာကွယ်အလင်းဒိုင်းကို တကယ် ချိုးဖျက်လိုက်တာလား?။" အကာကွယ်အလင်းဒိုင်း ကွဲအက်သွားသည်ကို မြင်လိုက်ကြသည့် မည်သူမဆို၊ သူတို့၏ မျက်လုံးများတွင် နှိုင်းစာ၍မရသည့် အံ့အားသင့်နေသော အမူအရာကိုယ်စီကို ချက်ချင်း ဖော်ထုတ်လိုက်ကြပါသည်။

အစောပိုင်းအဆင့် အင်မော်တယ်ဘုရင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားအပြည့် တိုက်ခိုက်မှုတောင်မှ ဤအကာကွယ်အလင်းဒိုင်းသည် ကွဲထွက်နိုင်မည် မဟုတ်ကြောင်း သိထားရပါမည်။ သူတို့ရှေ့မှ ဤလူသည် အကာကွယ်အလင်းတန်းကို အမှန်တကယ် ချိုးဖျက်ပစ်လိုက်သည်။

ထိုအံ့အားသင့်နေသော လူအုပ်ကြီးထဲတွင် စိတ်နှလုံးကြင်နာတတ်သော စီနီယာအစ်ကို ဆိုသူသည် ချင်ယွင်ကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေသည်။

ချင်ယွင်သည် ကျောက်တိုင်သုံးရာစလုံးကို တသမတ်တည်း ဖြတ်ကျော်သွားသည်ကို မြင်သောအခါ၊ ချင်ယွင်သည် ၎င်းကျောက်တိုင်တို့ကို ပထမဆုံးအကြိမ်အဖြစ် စေ့စေ့ စပ်စပ် ကြည့်ဖူးခြင်းဖြစ်မည်ဟု သူ ထင်ခဲ့သော်လည်း၊ ယနေ့တွင်၊ ချင်ယွင်သည် ဤဓားချက်ကို အသုံးပြုသည်ကို မြင်သောအခါ၊ သူ၏ခန့်မှန်းချက် မှားယွင်မူအတွက် ဒေါသတကြီး ဖြစ်ရ၏။

အစောပိုင်းက ဤဓားချက်၏ စွမ်းအားသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ၏ အထွတ်အထိပ်ကို ကျော်လွန်သွားခဲ့ပြီး၊ ၎င်းသည် အစောပိုင်းအဆင့် အင်မော်တယ် ဘုရင်နယ်ပယ် ကျွမ်းကျင်သူများကိုပင် စတင် ခြိမ်းခြောက်နေပြီ ဖြစ်သည်။

"သူက အတိအကျ ဘယ်သူလဲဟ?။ သူက နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာသာ ရှိပေမယ့်၊ အင်မော်တယ်ဘုရင်နဲ့ နှိုင်းယှဉ်နိုင်တဲ့ တိုက်ခိုက်မှု ကိုတောင် ထုတ်ဖော်နိုင်ခဲ့တယ်" စိတ်နှလုံးကောင်းရှိသူ စီနီယာအစ်ကိုဆိုသူသည် သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်မိသည်။

ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် ပတ်ဝန်းကျင်ရှိ ထိတ်လန့်တုန်လှုပ်နေကြသော အကြည့်များကို လျစ်လျူရှုထားပြီ၊ လေထုကာစီးခြင်းဓားသိုင်း၏ ဒုတိယအကွက်ကို နားလည်ဆင်ခြင်မူထဲမှာ ပျော်ရွှင်စွာ နှစ်မြှုပ်နေခဲ့သည်။

လေထုကာစီးခြင်းဓားသိုင်း၏ ဒုတိယဓားကွက်ကို အလွှာတစ်ထောင်လေအရိပ်ဓားဟု ခေါ်သည်။ ၎င်းသည် အကူဓားသိုင်းကွက်မျိုးစားတစ်ခု ဖြစ်သည်။

တစ်နည်းဆိုရသော်၊ လေထုကာစီးခြင်းဓားသိုင်း၏ ဒုတိယသိုင်းကွက်ဖြစ်သော အလွှာ တစ်ထောင်လေအရိပ်ဓားသည် ထိုးစစ်ဆင်တိုက်ခိုက်ခြင်း စွမ်းအားကို များစွာ မပိုင်ဆိုင် ထားသော်လည်း ၎င်းသည် အခြားတိုက်ခိုက်မှုများ၏ စွမ်းအားကို ဆယ်ဆ သို့မဟုတ် အဆတစ်ရာအထိ တိုးမြင့်စေနိုင်သည်။

အစောပိုင်းက၊ ချင်ယွင်သည် လေဝိညာဉ်ခွဲဓားချက်ကို တိုက်ခိုက်ရန်အတွက် အသုံးပြုရာ တွင် အလွှာတစ်ထောင်လေအရိပ်ဓားကိုပါ အသုံးပြုခဲ့သည်။ ထို့ကြောင့်၊ လေဝိညာဉ်ခွဲ ဓားချက်ကို ထုတ်ဖောက်လိုက်သည်နှင့် စွမ်းအားကို အဆတစ်ရာနီးပါး နှစ်ဆတိုးမြင့် စေနိုင်ခဲ့သည်။ ထို့ကြောင့်သာ၊ သူသည် အကာကွယ်အလင်းဒိုင်းကို ဓားတစ်ချက်တည်းဖြင့် ဖြိုခွဲပစ်နိုင်ခြင်း ဖြစ်သည်။

သူ၏ဓားသိုင်းပညာရပ်သည် အင်မော်တယ်ဘုရင်အဆင့်အောက်ရှိ မည်သူ့ကိုမဆို ချက်ချင်း သတ်ပစ်နိုင်မည်ဟု ချင်ယွင် ယုံကြည်ထားသည်။ အစောပိုင်းအဆင့် အင်မော်တယ်ဘုရင်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် သူ၏ဓားချက်ကို အတင်းအကြပ် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ထိုမျှတင်မကဘဲ၊ ချင်ယွင်သည် အလွှာတစ်ထောင်လေအရိပ်ဓားကို အသုံးပြုပြီး၊ အလွှာ တစ်ထောင်လေအရိပ်လက်သီးကိုလည်း ဖန်တီးခဲ့ပါသည်။

လက်သီးတစ်ချက်ထိုးလိုက်ရုံဖြင့် လက်သီးချက်ပေါင်းတစ်ထောင်သည် ချက်ချင်း ပေါင်းစပ်ကာ ၎င်းတို့၏ စွမ်းအားများ ပေါက်ကွဲထွက်လာမည် ဖြစ်သည်။ ၎င်း၏စွမ်းအား သည် အလားတူ ကြောက်မက်ဖွယ်ကောင်းလှသည်။

"အပြင်ထွက်ဖို့ ချိန်ရောက်ပြီ။" ချင်ယွင်သည် သူ့ကိုယ်သူ ပြုံးလိုက်မိသည်။

ဤလေးနှစ်တာ ခါးသီးဖွယ် ကျင့်ကြံမူသည် သူ့အား ပြီးပြည့်စုံသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဟု ခံစားရစေသည်။ သူ၏ကျင့်ကြံမူအခြေခံသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်သွားသည်နှင့် သူ၏ ခွန်အားသည် အင်မော်တယ် ဘုရင်နယ်ပယ် ကျွမ်းကျင်ပညာရှင်များနှင့် ယှဉ်နိုင်နိုင်ပါလိမ့်မည်။

ထိုအချိန်ရောက်လျှင်၊ အောင်းဖန်သည် သူ၏ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။ သူသည် သမိုင်းတစ်လျှောက် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်နှင့် အင်မော်တယ် ဘုရင်ကို သတ်နိုင်သည့် ပထမဆုံးသော လူထူးလူဆန်းတစ်ယောက် ဖြစ်လာမည် ဖြစ်သည်။

ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို ဖယ်ထုတ်ပြီး တယ်လီပို့စနစ် အစီအရင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ချင်ယွင်သည် တစ်ဖန်ပေါ်လာချိန်မှာ၊ သူသည် ကောင်းကင်တာအိုနန်းတော်ထဲသို့ ပြန်ရောက်နေပြီ ဖြစ်သည်။ ချင်ယွင်သည် ကောင်းကင်တာအိုနန်းတော်မှ ထွက်သွား ပြီးနောက်၊ သူသည် မစ်ရှင်ခန်းမဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

ယခုတစ်ကြိမ်မှာတော့၊ ချင်ယွင်သည် အလယ်အလတ်အဆင့် မစ်ရှင်တစ်ခုကို လုပ်ဆောင် ရန် စီစဉ်ထားပြီး၊ အဆင့်ချိုးဖြတ်နိုင်ရန် အခွင့်အလမ်းရှာဖွေဖို့ အပြင်ထွက်လိုခြင်း ဖြစ်ပါ သည်။ အဆုံးမှာတော့၊ ကနဦးစကြဝဠာကိုဖွင့်လှစ်ရန် လိုအပ်သော စွမ်းအင်သည် အလွန် ကြီးမားပါသည်။

ချင်ယွင်သည် မစ်ရှင်ခန်းမသို့ ရောက်ရှိသောအခါ၊ သူသည် ရှည်လျားသော မစ်ရှင် ကျောက်ပြားဆီသို့ စတင်လျှောက်လှမ်းလာခဲ့သည်။ ယခုအချိန်တွင်၊ ပင်မခန်းမထဲမှာ လူအများကြီး မရှိတော့ပါဘူး။

သူသည် အလယ်လတ် မစ်ရှင်ကျောက်ပြားရှေ့သို့ တိုက်ရိုက် ရောက်ရှိလာခဲ့ပြီး၊ သူ့အတွက် သင့်လျော်သော မစ်ရှင်တစ်ခုကို စတင် ရှာဖွေခဲ့သည်။

တော်ဝင်မင် အင်မော်တယ် မင်းဆက်ကို သွားပြီး၊ မီကလန်၏ ကလန်ခေါင်းဆောင်ကို သတ်မည်လား?။

ချင်ယွင် ခေါင်းခါယမ်းလိုက်သည်။ မီကလန်၏ ကလန်ခေါင်းဆောင်သည် အစောပိုင်း အင်မော်တယ်ဘုရင်အဆင့်တွင်သာ ရှိနေသော်လည်း၊ ချင်ယွင်၏ မစ်ရှင်လုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ သူ၏အဆင့်ဖြတ်ကျော်ရန် သင့်တော်သော စွမ်းအားကို ရှာဖွေရန်ဖြစ်သည်။ ထို့ကြောင့်၊ တော်ဝင်မင် အင်မော်တယ် မင်းဆက်သည် သူနှင့် မသင့်လျော်ပေ။

“ကောင်းကင်ဘုံမှ ကောင်းကင်နဂါးသစ်သီးကို ခိုးယူရန်။”

ချင်ယွင်က ခေါင်းယမ်းလိုက်သည်။ ဒီတစ်ခုကလည်း သူနှင့် မသင့်တော်ပါဘူး။ ယခုအချိန် သည် သူ့အတွက် မွန်းစတာဂြိုလ်သို့ (နတ်ဆိုးသာရဲကမ္ဘာ) သို့ သွားရန် အချိန်အခါ မဟုတ်သေးပေ။ (ဤနှစ်အသုံးနှုန်းနှစ်ခုကို မူရင်းပါသည့်အတိုင်း သင့်သလို ပြန်ဆိုသွားပါမည်။

ချင်ယွင်သည် မစ်ရှင်များကို တစ်ခုပြီးတစ်ခု လိုက်ကြည့်သော်လည်း၊ သူသည် ခေါင်းကိုသာ အဆက်မပြတ် ခါယမ်းလိုက်မိသည်။

ဤမစ်ရှင်အများစုသည် ဂြိုလ်ကမ္ဘာလေးခုဆီသို့ သွားရမည်ဖြစ်သော်လည်း ထိုနေရာများ သည် သူ့အတွက် အဆင့်ဖြတ်ကျော်ရန် မသင့်တော်ပေ။

"ကောင်စုတ်လေး၊ တာချင်းအင်မော်တယ်မင်းဆက် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန် ကိုသွားပြီး ၊ ကောင်းကင်သစ်သီးကို ခူးဖို့ ရွေးချယ်လိုက်မယ်ဆိုရင်ရော " ထိုအချိန်တွင်၊ ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"ဘာလို့ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ကို သွားရမှာလဲ?။" ချင်ယွင်က စိတ်ရှုပ်ထွေး စွာဖြင့် မေးလိုက်သည်။

"ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်အောက်မှာ တာချင်းအင်မော်တယ်မင်းဆက်ရဲ့ နဂါးသွေးကြောတစ်ခု ရှိနေတယ်။ တကယ်လို့၊ မင်းသာ အဲဒီနဂါးသွေးကြောကို ဝါးမျိုးနိုင်တာနဲ့ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်နိုင်လိမ့်မယ်။" ရှေးဟောင်းတာအိုဆရာသခင်က ပြောသည်။

"တာချင်းအင်မော်တယ်မင်းဆက်ရဲ့နဂါးသွေးကြော?”။ ချင်ယွင်၏ မျက်လုံးများ ပြူးကျယ် သွားရပါပြီ။

နဂါးသွေးကြောသည် အင်မော်တယ်မင်းဆက်တစ်ခု၏ ကံကြမ္မာ ဖြစ်သည်။ အင်မော်တယ် မင်းဆက်တစ်ခု၏ နဂါးသွေးကြောကို ဝါးမျိုလိုက်လျှင်၊ ထိုအင်မော်တယ်မင်းဆက်သည် လုံးဝ ဆုတ်ယုတ်သွားပါလိမ့်မည် ။

ဤနည်းအားဖြင့်၊ တာချင်းအင်မော်တယ်မင်းဆက်သည် သူ့ကို အလွတ်ပေးမည် မဟုတ်တော့ပေ။

"ဘာလဲ မင်းက ကြောက်နေတာလား ကောင်စုတ်လေး?" ရှေးဟောင်းတာအို ဆရာသခင်၏ လှောင်ပြောင်အသံက ချင်ယွင်၏ နားထဲတွင် ထွက်ပေါ်လာသည်။

"ကျွန်တော်က ဘယ်လိုလုပ် ကြောက်ရမှာလဲ?။ တာချင်းအင်မော်တယ်မင်းဆက်ရဲ့ နဂါးသွေးကြောကို ဝါးမျိုခြင်းက ကောင်းကင်တစ်ခွင်အပြည့် အင်မော်တယ် ဧကရာဇ်တွေ ရဲ့ လိုက်လံဖမ်းဆီးမူကို ကြုံရရုံပါ။ ပြီးတော့၊ ကျွန်တော်က ဒုတိယဟွမ်ထန်းလုံ ဖြစ်လာ နိုင်မလားလို့ တွေးကြည့်မိရုံပါ" ချင်ယွင်က ခါးသီးသော အပြုံးဖြင့် ပြန်ပြောလိုက်ရသည်။

အမှန်တကယ်လည်း သူ မကြောက်ပါဘူး။ သူသည် စိတ်လှုပ်ရှားမှုနှင့်အတူ သက်ပြင်းချမိ ရုံသာ ဖြစ်ပါသည်။ အင်မော်တယ်ကမ္ဘာတွင် မည်သူကရော ဤမျှလောက် ရဲရင့်နေမည် နည်း?။ ဟွမ်ထန်းလုံ ရှိနေလျှင်ပင် ထိုကဲ့သို့ မလုပ်ဝံ့ပေ။

အင်မော်တယ်မင်းဆက်တစ်ခု၏ နဂါးသွေးပြန်ကြောတစ်ခုလုံးကို ဝါးမျိုမည်ကို မဆိုထား နှင့်၊ အကယ်၍၊ တစ်စုံတစ်ယောက်သည် လှုပ်ရှားဝံ့လျှင်ပင်၊ ချက်ချင်း အသတ်ခံရနိုင် သည်။

"ဟမ့်၊ ဒါဆိုလည်း ဘာများ သက်ပြင်းချနေစရာလိုလဲ?။ မင်းရဲ့ ကျင့်ကြံခြင်းပညာရပ်က ကောင်းကင်ဘုံကို အံတုလွန်းတယ်။ မင်း အဆင့်ဖြတ်ကျော်ဖို့ ကူညီပေးနိုင်တဲ့ အရာက အနည်းကျဉ်းပဲ ရှိတယ်။ နောက်ပြီး၊ မင်းက အင်မော်တယ်ဧကရာဇ်တာချင်းကို သတ်မယ်လို့ ဟွမ်ထန်းလုံ ကတိပေးထားပြီးသားလေ။ တကယ်လို့၊ မင်းအနေနဲ့၊ ဒီနဂါးသွေးကြောကိ မဝါးမျိုးနိုင်ဘူးဆိုရင်တောင်မှ၊ အနာဂတ်မှာ မင်းက သူ့ကို သတ်ပစ်ရ မှာပဲ။ ဒီလိုဆိုမှတော့၊ မင်းက သူ့ရဲ့နဂါးသွေးကြောကို အရင်ဆုံး ဝါးမျိုလိုက်ပေါ့။” ရှေးဟောင်းတာအိုဆရာသခင်က စိတ်ပိုင်းဆိုင်ရာ ပို့လွှတ်လိုက်ပါသည်။

"ဟား..၊ ဟား..၊ ကောင်းပါပြီ၊ ဒီလိုဆိုမှတော့၊ ကျွန်တော် ဒီမစ်ရှင်ကို ယူလိုက်ပါ့မယ်။ အဲဒီ အချိန်ရောက်ရင်၊ အင်မော်တယ် ဧကရာဇ် တာချင်းရဲ့ အမူအရာက တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းနေလိမ့်မယ်။" ချင်ယွင်၏ စိတ်နှလုံးသည် ပြင်းထန်သော ဂုဏ်ယူဝင့်ကြွားမှုနှင့်အတူ ခုန်ပေါက်သွားသည်။

သူ ကစားချင်ပြီဆိုမှတော့ အချီအကြီးကြီးဖြင့် ကစားရလိမ့်မည်။ သူသည် အင်မော်တယ် ကမ္ဘာတစ်ခုလုံးကို ချင်ယွင် ပြန်လာပြီဖြစ်ကြောင်း ပြောပြချင်သည်။

ထို့ကြောင့်၊ ချင်ယွင်သည် တွန့်ဆုတ်မနေတော့ဘဲ မစ်ရှင်အမှတ်အသားပြုရန် တံဆိပ်ပြား ကို တိုက်ရိုက် ထုတ်ယူလိုက်သည်။ ထို့နောက်၊ သူသည် မစ်ရှင်ခန်းမထဲမှ ထွက်လာခဲ့ သည်။

ချင်ယွင်သည် သူ၏သစ်သားအိမ်လေးသို့ ပြန်လာပြီးနောက်၊ စိန်လေးကို ချက်ချင်း ခေါ်ဆောင်လိုက်ပြီး၊ သူတို့နှစ်ဦးသည် တယ်လီပို့စနစ် အစီအရင်ရှိရာဆီသို့ ဦးတည် သွားခဲ့သည်။

ကောင်းကင်လေနတ်ဘုရားအကယ်ဒမီတွင် တာချင်းအင်မော်တယ်မင်းဆက်ထံတိုက်ရိုက် သွားသော တယ်လီပို့စနစ် အစီအရင် တည်ဆောက်ထားသောကြောင့် ချင်ယွင်သည် တာချင်းအင်မော်တယ်မင်းဆက်သို့သွားရန် တယ်လီပို့စနစ်အစီအရင်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။

သူ၏ထွက်ခွာမှုသည် အင်မော်တယ်ကမ္ဘာ တစ်ခုလုံးကို အမှန်တကယ်ပင် အထိတ်တလန့် ဖြစ်စေခဲ့မည်ဖြစ်ကြောင်း သူ မသိခဲ့ပါချေ။

All Chapters