← Chapters

အခန်း ၈၂၈

Vol. 56 Ch. 828

အခန်း ၈၂၈

Vol. 56 Ch. 828

အခန်း (၈၂၈) ယုလင်၏တစ္ဆေသုံးကောင်။

ဘန်း…။

မတ်စောက်လှသော တောင်ထွတ်တစ်ခုပေါ်သို့ ကောင်းယံကင်မှ အလင်းတန်းတစ်ခု ထွန်းလင်းလာပြီးနောက် သွယ်လျသော ပုံရိပ်အလွှာတစ်ခု ပေါ်လာသည်။

ချင်ယွင်သည် အဆုံးမရှိသော တောတန်းကြီးကို ကြည့်လိုက်ပြီး ခေါင်းကို ခိုကိုးရာမဲ့ ခါယမ်းလိုက်မိသည်။

ကောင်းကင်လေနတ်ဘုရား အကယ်ဒမီသည် အင်မော်တယ်ကမ္ဘာ၏ နံပါတ်တစ် အင်အားစုတစ်ခု အမှန်တကယ်လည်း ဖြစ်သင့်ပါသည်။ သူတို့သည် ဝေးလံခေါင်သီလှ သော တောတန်းကြီး၏ တောင်ထိပ်တစ်ခုပေါ်တွင် တယ်လီပို့စနစ် အစီအရင်ကို ခင်းကျင်းထားနိုင်သည်။ သို့သော်၊ သူသည် တယ်လီပို့ခြင်းခံလိုက်ရသော်လည်း တာချင်း အင်မော်တယ်မင်းဆက်၏ မည်သည့်နေရာသို့ ရောက်နေသည်ကို သူ မသိခဲ့ပေ။

ချင်ယွင်၏ အသိအမြင်အရဆို၊ တာချင်းအင်မော်တယ် မင်းဆက်ကို အရှေ့တောတန်း ကန္တာရ၊ အနောက်ပိုင်းပင်လယ်နှင့် အလယ်ပိုင်းပညာရှင်ဟူ၍ ဒေသသုံးမျိုး ခွဲခြားထားပါ သည်။ ချင်ယွင်၏ ခရီးစဉ်၏ ဦးတည်ရာအရပ်သည် အနောက်ပိုင်းပင်လယ်ဒေသရှိ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန် ဖြစ်ပါသည်။

အင်မော်တယ်ကမ္ဘာ၏ ဂြိုလ်များသည် အလွန်မင်း ကျယ်ပြောလှသည်ကို သိထားရပါမည်။ အကယ်၍၊ သင်သည် အင်မော်တယ်ဘုရင်အဆင့်မှာ ရှိနေသည်ဆိုလျှင်ပင်၊ တစ်ဖက်မှ တစ်ဖက်သို့ လျှောက်သွားလိုပါက၊ ခရီးစဉ် ပြီးမြောက်ရန် ဆယ်နှစ်ခန့် အချိန်ယူရပေမည်။

ချင်ယွင်သည် အချိန်ငါးနှစ်သာ ကျန်ပါတော့သည်။ သူ၏အချိန်တွေအားလုံးကို ခရီးသွားခြင်းဖြင့် မဖြုန်းတီးချင်ပါဘူး။

"ကြည့်ရတာ၊ ဒီနေရာက တာချင်းအင်မော်တယ် မင်းဆက်ရဲ့ ဘယ်ဒေသနဲ့ ဘယ်နေရာ လဲဆိုတာ မေးမြန်းဖို့ တစ်ယောက်ယောက်ကို ရှာဖွေဖို့လိုပုံပဲ။" ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး၊ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဦးတည်ရာအရပ်တစ်ခုဆီသို့ ပျံသန်းသွားခဲ့သည်။

သို့သော်၊ ချင်ယွင် ဝေဖွဲမရဖြစ်ရသည်မှာ၊ သူသည် နာရီဝက်ကျော်ကြာ လမ်းလျှောက် ပြီးနောက် လူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရခြင်းပင် ဖြစ်သည်။ ကောင်းကင်လေ နတ်ဘုရားအကယ်ဒမီသည် ဤတယ်လီပို့စနစ် အစီအရင်ဝင်္ကပါကို သတ်မှတ်ထားသော နယ်မြေအမျိုးအစား အချို့အတွက်သာ တည်ဆောက်ခဲ့လေသလားဟု သူ သံသယ ဝင်လာခဲ့သည်။

ဝှီး….။

ထိုအချိန်တွင် အဝေးမှ လေထုကို ထိုးဖြတ်၍ ပျံသန်းလာသော အသံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာသည်။ ပုံရိပ်တစ်ခု​သည်​ အ​ဝေးက​နေ အလွန်​လျင်​မြန်​​သော အရှိန်ဟုန်​ဖြင့်​ သူ့ဆီသို့ ​ပြေးလာနေသည်​။

"နောက်ဆုံးတော့ တစ်ယောက်ယောက် ရောက်ရှိလာပြီ။" ချင်ယွင်သည် ထိုပုံရိပ်ကို မြင်သောအခါ သူ၏မျက်နှာသည် ချက်ချင်းပင် ပျော်ရွှင်သည့်အမူအရာ ပေါ်လာသည်။

ထို့ကြောင့်၊ ချင်ယွင်သည် ထိုလူကို အလျင်အမြန် နှုတ်ဆက်ပြီး မေးမြန်းကြည့်ချင်သည်။

သို့သော်လည်း၊ ချင်ယွင် စကားမပြောမီ တစ်ဖက်လူက ချင်ယွင်အား စိုးရိမ်တကြီး အော်ပြောလိုက်သည် "ပြေး…” ထိုလူသည် အော်ဟစ်ပြောဆိုရင်း ရပ်တန့်ရန် ရည်ရွယ်ချက် မရှိဘဲ အဝေးသို့ ဆက်လက် ပြေးသွားခဲ့သည်။

"ဘာဖြစ်တာလဲ?” ချင်ယွင်သည် အဖြစ်အပျက်ကို နားမလည်နိုင်ဘဲ တခဏတာ မှင်သက်သွားခဲ့သည်။

"ဝှီး….။ ဝှီး …. ဝှီး….”

သူ မှင်သက်အံ့ဩနေစဉ်မှာပင်၊ အဝေးမှ အသံသုံးသံ ထွက်ပေါ်လာသည်။

ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားပြီး၊ ရက်စက်ကြမ်းကြုတ်သော လူသုံးယောက်သည်လည်း ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးလာကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်၊ ချင်ယွင်သည် ချက်ချင်း နားလည်သွားပါသည်။

ကြည့်ရသည်မှာ၊ ဤလူသုံးယောက်သည် ဟိုအရင်ကလူနောက်ကို လိုက်နေပုံရပါသည်။ ထိုလူသည် အရမ်းကို ကြောက်ရွှံ့ထိတ်လန့်စွာဖြင့် ထွက်ပြေးလာသည် အံ့သြစရာ မဟုတ်တော့ပါ။

ထို့နောက်၊ သူသည် ဝင်ရောက်စွက်ဖက်လိုစိတ် မရှိတော့ပါဘူး။ အဆုံးတွင်၊ ဤကိစ္စ၏ အစနှင့်အဆုံးကို သူ မသိပါဘူး။ မည်သည့်ဘက်က လူကောင်းမှန်းလည်း သူ မသိပါဘူး။ သူတို့အားလုံး မကောင်းသည့် လူတွေ ဖြစ်နေမည်ဆိုလျှင်ကော?။ ထို့ကြောင့် ချင်ယွင်သည် ထွက်ခွာရန် စီစဉ်လိုက်ပြီး၊ အခြားတစ်ဦးဦးအား လမ်းညွန်ခိုင်းတော့မည်။

သို့သော်၊ ချင်ယွင် မလှုပ်ရှားခင်၊ ကြမ်းကြုတ်သော ဆေဘာအလင်းသည် သူ့ကို အလယ်မှ ပိုင်းဖြတ်ချင်သလိုမျိုး အဝေးမှ ဖြတ်သန်းလာခဲ့သည်။

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွားသည်။ သူသည် မဆိုင်းမတွပင် ဆေဘာအလင်းကို ဖြိုခွဲပစ်လိုက်သည်။ ထို့နောက် သူ့ဆီသို့ ပျံသန်းလာသော လူသုံးယောက်ကို စိုက်ကြည့်ကာ အေးစက်စွာ ပြောသည် “ငါ မင်းတို့ သုံးယောက်ကို ရန်စမိပုံလည်း မပေါ်ပါဘူး။ မင်းတို့ သုံးယောက်က ဘာလို့ ငါ့ကို သတ်ချင်ရတာလဲ?"

ချင်ယွင်၏ မျက်လုံးများသည် အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ရှေ့မှ ဤလူသုံးယောက်စလုံးသည် လျှို့ဝှက်ဆန်းကြယ်အင်မော်တယ်နယ်ပယ်၏ အစောပိုင်း အဆင့်မှာ ရှိနေကြပါသည်။ အစောပိုင်းက တိုက်ခိုက်ခဲ့သူမှာ လက်ဝဲဘက်ရှိ အရပ်ပုပုနှင့် လူဖြစ်သည်။ ထိုဆေဘာ၏ အစွမ်းသည်လည်း အလွန် ထူးခြားပါသည်။ အကယ်၍၊ သာမန် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူ တစ်ဦးဖြစ်ခဲ့မည် ဆိုလျှင်၊ ဤဆေဘာဓားချက်ကို ခံယူရန် ၎င်းတို့အတွက် အလွန်ခက်ခဲပေမည်။

ချင်ယွင်၏ မေးခွန်းကိုကြားတော့ လူသုံးယောက်သည် ရပ်တန့်သွားကာ၊ ချင်ယွင်ကို ဒေါသတကြီး ကြည့်လိုက်ကြသည်။

"ဟမ့်၊ ချာတိတ်လေး၊ ငါတို့က ဘယ်သူတွေလဲဆိုတာ မင်း သိရဲ့လား။ အခု ထွက်သွားစမ်း။ ဒါမှမဟုတ်ရင် ငါတို့တစ္ဆေသုံးကောင် ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းကို ပြောပြရလိမ့်မယ်။" အစောပိုင်းက ချင်ယွင်ကို ခုတ်ပိုင်းခဲ့သော လူငယ်က ချင်ယွင်အား မထီမဲ့မြင်ပြုကာ ပြောလိုက်၏။

ထိုစကားကို ကြားတော့၊ ချင်ယွင်၏မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်တွေ ချက်ချင်း ပေါ်လာသည်။

မူလက သူသည် အခြားလူများ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်လိုခြင်း မရှိသော်လည်း၊ ယခုအခါ ယုလင်တစ္ဆေသုံးကောင်သည် သူ့ကို အလွန်မပျော်မရွှင် ဖြစ်စေသည့် ခံစားချက်ကို ပေးနေခဲ့သည်။ ထို့အပြင်၊ သူတို့နာမည်တွေကို နားထောင်ရုံ ဖြင့်ပင် လူကောင်းတွေ မဟုတ်မှန်း သိသာလှသည်။

"ဟမ့်၊ တတိယညီလေး။ ဘာလို့ သူ့ကို စကားတွေ ဒီလောက်အများကြီး ပြောနေရတာလဲ?။ သူက နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်ရဲ့ အထွတ်အထိပ်မှာပဲ ရှိသေးတာလေ။ သူ့ကို တိုက်ရိုက် သတ်ပစ်လိုက်ပေါ့" အရပ်မြင့်မြင့်နှင့် ဖြောင့်စင်းသော အခြားလူတစ်ဦးက အေးစက်စွာ ပြောလိုက်သည်။ ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း၊ သူ၏အကြည့်တွေထဲ ပြင်းထန်သော အထင်မြင်သေးမူတွေနှင့် ပြည့်နှက်နေခဲ့သည်။

"မြန်မြန် ပြီးအောင်လုပ်လိုက်။ ဟိုကောင်ကို ပြေးမလွတ်စေနဲ့။" ဦးဆောင်သူက အေးစက်စက် ပြောလိုက်ပြီး၊ ချင်ယွင်ကို အစအဆုံး လေးလေးနက်နက်ပင် မကြည့်ခဲ့ပေ။

"ဟုတ်ကဲ့” အရပ်ပုပုနှင့်လူက ချက်ချင်း ပြန်ဖြေလိုက်ပြီး၊ ချင်ယွင်ကို ကြည့်သည့် သူ၏အကြည့်တွေက အလွန်မင်း ရက်စက်လာသည်။

ချင်ယွင်၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုဟန် ပေါ်လာပြီး ပြောလိုက်သည် "ယုလင် တစ္ဆေသုံးကောင် ဟုတ်လား?။ ဒီနေ့၊ ငါ မင်းတို့သုံးယောက်ကို နတ်ဆိုးတစ္ဆေသုံးကောင် အဖြစ် ပြောင်းလဲပစ်မယ်"

"မင်းက သေချင်နေတာပဲ”။ အရပ်ပုပုနှင့်လူသည် ချက်ချင်းပင် ဒေါသဖြစ်သွားသည်။ သူသည် သူ၏လက်ထဲမှဆေဘာကို မြှောက်ကာ ချင်ယွင်ဘက်သို့ ခုတ်ပိုင်းလိုက်သည်။

ဤဆေဘာတိုက်ခိုက်မှုတွင် လျှပ်စီးစွမ်းရည် ဖျက်ဆီးခြင်းနိယာမ၏ စွမ်းအင် အတက်အကျလှိုင်းများ ပါ၀င်နေသည်။ ၎င်းသည် နိယာမနယ်ပယ်၏ ကနဦး ဝင်ရောက်ခြင်းအဆင့်ဟု ယူဆနိုင်သော်လည်း ချင်ယွင်၏အမြင်တွင်မူ၊ ၎င်းသည် ကလေးကစားရုံမျှသာ ဖြစ်သည်။

"ငရဲကိုသွားလိုက်တော့”။ အရပ်ပုပုနှင့်လူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏လက်ထဲမှ ဆေဘာသည် ချင်ယွင်ဆီသို့ ဖြတ်သန်းသွားစဉ် ပြင်းထန်သော လျှပ်စီး အလင်းတန်းကို သယ်ဆောင်သွားသည် ။

သူ၏အမြင်အရဆို၊ ဤဆေဘာဖြင့် ခုတ်ပိုင်းမိသည်နှင့်၊ သူ၏ရှေ့မှ ဤကောင်သည် သေချာပေါက် သေဆုံးရလိမ့်မည်။

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေး သွားခဲ့ပြီး၊ အရပ်ပုပုနှင့်လူ၏ လျင်မြန်သော ဆေဘာခုတ်ချက်ကို တားဆီးရန် သူ၏ လက်ချောင်းကို တိုက်ရိုက် အသုံးပြုလိုက်သည်။

ချွင်…။

ကြည်လင်ပြတ်သားသော အသံနှင့်အတူ၊ လျှပ်စီးအလင်းများ သယ်ဆောင်လာသော ဆေဘာသည် ချင်ယွင်၏ လက်ချောင်းကို ထိမှန်သွားသည်။ ၎င်းသည် ချင်ယွင်၏ လက်ချောင်းများကို ဖြတ်တောက်၍ မရဘဲ၊ သန့်စင်ထားသော သံမဏိနှင့် အပြင်းအထန် တိုက်မိသည့်အသံမျိုး ထွက်ပေါ်လာခဲ့သည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?”။ အရပ်ပုပုနှင့်လူသည် ချက်ချင်းပင် ထိတ်လန့်သွား သည်။

ဤဆေဘာဖြင့် ထိုးနှက်တိုက်ခိုက်မူကြောင့် တောင်တစ်ခု၏ တောင်ထိပ်ကိုပင် အလယ်မှ ထက်ဝက် ခွဲခြမ်းနိုင်သော်လည်း၊ သူ၏ရှေ့ရှိ ချာတိတ်၏လက်ချောင်းကို အမှန်တကယ် ဖြတ်တောက်နိုင်ခြင်း မရှိခဲ့ပေ။

"ဟမ့်၊ နောက်တစ်ကြိမ် မာန်မာနမထောင်လွှားခင် မင်းရဲ့ ဦးနှောက်ကို အသုံးပြုပါ။" ချင်ယွင်က မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူ၏လက်ချောင်းသည် လျှပ်စီး လက်သလို ပစ်လွှတ်သွားကာ အရပ်ပုပုနှင့်လူ၏ မျက်ခုံးကြားရှိ နေရာဆီသို့ ဓားတစ်ချောင်းကဲ့သို့ ထိုးစိုက်လိုက်သည်။ သူ၏လက်ချောင်းတွင် အလွန်မင်း ကြောက်စရာကောင်းသော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ပါရှိနေသည်။

အရပ်ပုပုနှင့်လူသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ဤအခိုက်အတန့်တွင် သူ၏ရှေ့ရှိ ဤလူငယ်သည် မည်မျှကြောက်စရာကောင်းသည်ကို သူ နောက်ဆုံး သိလိုက်ရပြီ။ တစ်ဖက်လူ၏ လက်ချောင်းလေးတစ်ချောင်းကပင် သူ၏နှလုံးသားထဲတွင် ပြင်းထန်သော အေးစက်မှုကို ဖြစ်ပေါ်စေသည်။

သို့သော် သူနားလည်သည့်အချိန်၌ နောက်ကျနေပြီ ဖြစ်သည်။

ချင်ယွင်၏ လက်ချောင်းသည် ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားပြီး၊ အရပ်ပုပုနှင့် လူ၏ မျက်ခုံးကြားသို့ ဖောက်ထွင်း ဝင်ရောက်သွားသည်။

အရပ်ပုပုနှင့်လူသည် သနားစရာကောင်းသော အော်သံကို ထုတ်ဖော်ရန်ပင် အချိန်မရှိခဲ့ဘဲ၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကောင်းကင်မှ လျင်မြန်စွာ ပြုတ်ကျသွားသည်။ သူ မသေဆုံးမီ တွင်၊ သူ၏မျက်လုံးများသည် ပြင်းထန်သော မယုံကြည်မှုများနှင့် ပြည့်နှက်နေခဲ့ပြီး ပြူးကျယ်သွားခဲ့သည်။

"မင်းက ငါ့ရဲ့ တတိယညီလေးကို တကယ်သတ်လိုက်တာလား?။ မင်းက သေချင်နေတာ လား?”။ အရပ်ရှည်ရှည်နှင့်လူသည် အရပ်ပုပုနှင့်လူ အသတ်ခံရသည်ကို မြင်လိုက်ရသော အခါ၊ သူ၏မျက်လုံးများသည် ချက်ချင်းပင် နီမြန်းလာပြီး ချင်ယွင်ဆီသို့ ဦးတည် ပြေးဝင် သွားတော့မည်။

"ဟမ်” ချင်ယွင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ သူ၏ရုပ်အသွင်က ဖျတ်ခနဲ လှုပ်ရှားသွားသည်။ သူသည် တစ္ဆေသရဲကဲ့သို့ အရပ်ရှည်ရှည်နှင့်လူ၏ ရှေ့တွင် အမှန်တကယ် ပေါ်လာသည်။

လူငယ်သည် ချက်ချင်း ထိတ်လန့်သွားသော်လည်း၊ သူ မတုံ့ပြန်နိုင်မီ၊ ချင်ယွင်က လူငယ်၏ ရင်ဘတ်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

ပေါက်ကွဲသံနှင့်အတူ၊ အရပ်ရှည်ရှည်နှင့် လူ၏ခန္ဓာကိုယ်သည် သွေးမိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့၊ ဘေးနားမှလူကြီးသည် ငြိမ်မနေနိုင်တော့ပါဘူး။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူ၏ညီနှစ်ယောက်ကို သတ်ပစ်လိုက်သည်။ သူ၏ရှေ့မှ ဤလူသည် မည်သည့် ခွန်အားမျိုးကို ပိုင်ဆိုင်ထားသနည်း?။

ထိုအကြောင်းကို စဉ်းစားလိုက်ရင်း၊ လူထွားကြီး၏ ဆံပင်တွေက အဆုံးထိ ထောင်မတ်သွားသည်။ ထို့နောက်၊ သူသည် နောက်ပြန်လှည့်ကြည့်ကာ အဝေးသို့ ထွက်ပြေးသွားလေသည်။

"ဟမ့်၊ အခုမှ ထွက်ပြေးဖို့ နောက်ကျသွားပြီ။” ချင်ယွင်က နှာခေါင်းရှုံ့လိုက်ပြီး၊ လေဟာနယ်ဆီသို့ သူ၏လက်ကို တိုက်ရိုက် မြှောက်ကာ လက်ဖဝါးတစ်ဖက်ကို ရိုက်ထုတ်လိုက်သည်။

ပေပေါင်းထောင်ချီ ပျံသန်းသွားပြီးသော လူထွားကြီးသည် သနားစဖွယ်အော်သံကို ထုတ်ဖော်ရင်း သွေးမိုးအဖြစ် ရွာသွန်းသွားလေသည် ။

အဝေးမှ ပြန်လည် ပျံသန်းလာသော ထိုလူသည် အလွန်ကြောက်လန့်သွားကာ သူ၏ ပါးစပ်က ကျယ်စွာ ပွင့်နေသည်။ သူသည် ထိုမြင်ကွင်းကို လှမ်းကြည့်ရင်း ချင်ယွင်ကို အနှိုင်းမဲ့ ရိုသေလေးစားသည့် အမူအရာ ပေါ်လွင်နေသည်။

All Chapters