← Chapters

အခန်း ၈၂၉

Vol. 56 Ch. 829

အခန်း ၈၂၉

Vol. 56 Ch. 829

အခန်း (၈၂၉) ဟောင်ခွန်နှင့်ပတ်သက်သော သတင်းစကား။

"ကျေးဇူးတင်ပါတယ် စီနီယာ။ ကျွန်တော့်အသက်ကို ကယ်တင်ခဲ့တဲ့အတွက်ပါ။" အစောပိုင်းက ထွက်ပြေးသွားသည့်လူသည် ချင်ယွင်၏ရှေ့တွင် အလင်းတန်းတစ်ခု အသွင်ဖြင့် ပေါ်လာပြီး လေးလေးစားစား ပြောဆိုလိုက်သည်။

"စီနီယာလား?။ ငါက အဲဒီလောက်တောင် အသက်ကြီးနေလို့လား?" ချင်ယွင်သည် တဟားဟားရယ်မောလိုက်ပြီး ကျွမ်းကျင်ပညာရှင်တစ်ဦး၏ ဟန်ပန်အမူအရာဖြင့် သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေလေသည်။

ထိုလူသည် ချင်ယွင်၏ စကားကို ကြားသောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ ချင်ယွင်၏ စကားကို တခဏတွင်း မည်သို့ ပြန်ဖြေရမှန်း မသိပါဘူး။

ချင်ယွင်က ပြုံးပြီး မေးလိုက်သည် "မင်းနာမည် ဘယ်လိုခေါ်လဲ?။ မင်းက ဘာလို့ နောက်ကနေ အလိုက်ခံနေတာလဲ?"

"စီနီယာ၊ ကျွန်တော်က ဝမ်မိုပါ။ ဒီတစ္ဆေသုံးကောင်က အနီးနားက တောင်တန်းဓားပြတွေ ဖြစ်ပြီး၊ ဒီနေရာကနေ ဖြတ်သွားဖြတ်လာတွေကို လုယက်နေကြသူတွေပါ။ ကျွန်တော်က ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေး အရယူနိုင်ခဲ့ပေမယ့်။ သူတို့က ဆက်ပြီးလိုက်လံ ဖမ်းဆီးမယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။" ဝမ်မိုဟု အမည်ရသည့် အမျိုးသားက သေသေချာချာ ပြန်ဖြေသည်။

ချင်ယွင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဝမ်မိုက အမှန်အတိုင်း မပြောခဲ့သည်မှာ ထင်ရှားပါသည်။

သို့သော် ချင်ယွင်သည် နက်နက်ရှိုင်းရှိုင်း မတူးဖော်ချင်တော့ပေ။ အကယ်၍၊ ဝမ်မိုသည် ဖရိုဖရဲ ကောင်းကင်ရတနာ တစ်ခုခုရှိနေခဲ့လျှင်ပင်၊ ချင်ယွင်ကို သွေးဆောင်နိုင်မှာ မဟုတ်ပါဘူး။

"ဟုတ်ပါပြီ။ ဒါက ဘယ်လိုနေရာမျိုးလဲ?" ချင်ယွင်က သူ၏ကိစ္စကို သတိရပြီး မေးလိုက်သည်။

ချင်ယွင်သည် အစောပိုင်းက မေးခွန်းအတွက် အလွန်အကျွံ စစ်ဆေးနေခြင်း မပြုသည်ကို မြင်လိုက်ရသဖြင့် ဝမ်မိုသည် သူ၏စိတ်ထဲတွင် သက်ပြင်းချကာ ပြောလိုက်သည် "ဒါက ယုကလန်ရဲ့ ဩဇာလွှမ်းမိုးမှုနယ်ပယ် ဖြစ်ပါတယ်။ အရှေ့မှာ ယုလင်မြို့ ရှိပါတယ်။”။

"ကျောက်စိမ်းသစ်တောမြို့လား?။ ဒီဒေသ ဒေသကြီးသုံးခုထဲက ဘယ်ဒေသလဲ?။" ချင်ယွင်က ဆက်မေးသည်။

ဝမ်မိုသည် ဤစကားကို ကြားသောအခါ သူ အံ့အားသင့်သွားရသည်။ ထို့နောက် သူက တစ်ခုခုကို တွေးနေပုံရပြီး ပြောသည် "စီနီယာက ရှေးဟောင်း ဖရိုဖရဲပင်လယ်ကနေ တိုက်ရိုက် ပျံသန်းလာတာ မဟုတ်လား?။ ဒါက တာချင်းအင်မော်တယ် မင်းဆက်ရဲ့ အရှေ့ဘက်မှာရှိတဲ့ တောတန်းကန္တာရဒေသပါ”။

"ဒါဆို အရှေ့တောတန်းကန္တာရပေါ့..။" ချင်ယွင်က ရုတ်တရက် ခေါင်းညိတ်လိုက်ပြီး ဝမ်မိုကို ကြည့်ကာ မေးလိုက်သည် "ဒါဆို အနောက်ပိုင်းပင်လယ်ဒေသအတွက် တယ်လီပို့ စနစ် ဘယ်မှာရှိလဲ မင်း သိလား?။

တာချင်း အင်မော်တယ်မင်းဆက်၏ နယ်မြေသည် အလွန်ကျယ်ပြန့်လွန်းသောကြောင့် ပုံမှန်အားဖြင့် ခရီးသွားလာရ လွယ်ကူစေရန်အတွက် ဒေသသုံးခုကြားတွင် တယ်လီပို့ စနစ်များ ရှိနေပါလိမ့်မည်။ ချင်ယွင်သည် အနောက်ပိုင်းပင်လယ်ဒေသသို့ ခရီးသွားရန် အတွက် တယ်လီပို့စနစ်များကို အသုံးပြုရန် ရည်ရွယ်ထားပါသည်။ ထိုသို့မဟုတ်ဘဲ၊ ပျံသန်းပြီးသွားမည်ဆိုလျှင်၊ အနည်းဆုံး တစ်နှစ်မှ နှစ်နှစ်လောက်အထိ အချိန်ဖြုန်းတီး ပစ်ရလိမ့်မည်။

"ဟုတ် သိပါတယ်။ ကျောက်စိမ်းသစ်တောမြို့မှာ တစ်ခုရှိထားပြီးသားပါ။ ဒါပေမယ့်၊ စီနိယာ၊ စီနီယာ ခြေတစ်လှမ်း နောက်ကျသွားပြီ။ ကျောက်စိမ်းသစ်တောမြို့ရဲ့ တယ်လီပို့စနစ် အစီအရင်ဝင်္ကပါကို အများပြည်သူတွေအတွက် ပိတ်ထားလိုက်ပြီ" ဝမ်မိုက ပြန်ဖြေသည်။

"ဘာလို့လဲ…?” ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ယုကလန်၊ ကလန်ခေါင်းဆောင်ရဲ့ သမီးက လက်ထပ်တော့မှာဆိုတော့ ဒီတယ်လီပို့စနစ် အစီအရင်ဝင်္ကပါကို အများပြည်သူတွေအတွက် ခေတ္တပိတ်ထားတာပါ။" ဝမ်မိုက ပြောသည်။

"ဒီတယ်လီပို့စနစ် အစီအရင်ဝင်္ကပါက ယုကလန်၊ ကလန်ခေါင်းဆောင်ရဲ့ သမီးဖြစ်သူ အိမ်ထောင်ရေးနဲ့ ဘယ်လိုတွေများ ဆက်စပ်နေလို့လဲ?" ချင်ယွင်သည် နားထောင်လေလေ၊ ပို၍ ပဟေဠိဖြစ်ရလေ ဖြစ်သည်။

"စီနီယာ၊ စီနီယာ မသိသေးတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ယုကလန်၊ ကလန်ခေါင်းဆောင် ရဲ့ သမီးယုဒီအာက ကောင်းကင်ဘုံဂိုဏ်းက တစ်ယောက်ယောက်နဲ့ လက်ထပ်တော့မှာ လေ။ ဒါကြောင့် ယုဒီအာရဲ့ မင်္ဂလာဆောင်ကာလမှာ ဒီတယ်လီပို့စနစ် အစီအရင်ဝင်္ကပါကို၊ ကောင်းကင်ဘုံဂိုဏ်းက တပည့်တွေပဲ အသုံးပြုနိုင်အောင်လို့ပေါ့။" ဝမ်မိုက ပြောသည်။

"ကောင်းကင်ဘုံဂိုဏ်း..”? ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။

ထိုမှသာ၊ ကောင်းကင်ဘုံဂိုဏ်းသည် တာချင်း အင်မော်တယ်မင်းဆက်၏ အလယ်ပိုင်း ပညာရှင်ဒေသတွင် တည်ထောင်ထားကြောင်း သူ ပြန်အမှတ်ရမိသည်။

"ကြည့်ရတာ ကောင်းကင်ဘုံဂိုဏ်းက အရမ်းကို ကြီးစိုးနိုင်စွမ်း ရှိနေတုန်းပဲ။" ချင်ယွင်က သရော်ဟန်ဖြင့် ပြောလိုက်သည်။

“စီနီယာ၊ ဒီယုဒီအာရဲ့ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး၊ ကြီးမားတဲ့ အနှောင့်အယှက်ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့တာကို စီနီယာ မသိထားတာ ဖြစ်နိုင်ပါတယ်။ ဒီယုဒီအာက ကောင်းကင်ဘုံ ဂိုဏ်းရဲ့ အဲဒီတပည့်ကို လုံးဝ လက်မထပ်ချင်ခဲ့ဘူး။ ဒါပေမယ့်၊ ကောင်းကင်ဂိုဏ်းရဲ့ စွမ်းအားက ကြီးမားနေတော့၊ ယုကလန်က ဒီယုဒီအာကို ကောင်းကင်ဘုံဂိုဏ်းရဲ့ တပည့် ဖြစ်သူနဲ့ အတင်းအကြပ် လက်ထပ်ခိုင်းခဲ့တယ်လေ။ ဟင်း…၊ ကျွန်တော့်အစ်ကို ဟောင်ခွန်ကတော့ သနားစရာပါပဲ”။ ဝမ်မိုက စိတ်ရင်းမှန်ဖြင့် သက်ပြင်းချလိုက်သည်။

မူလက ချင်ယွင်သည် ဝမ်မို၏ စကားများကို နားထောင်ရန် သိပ်စိတ်မ၀င်စားသော်လည်း ဝမ်မိုထံမှ နောက်ဆုံး စကားအနည်းငယ်ကို ကြားလိုက်သောအခါတွင် သူ၏မျက်နှာသည် အံ့သြသွားသည့်အလား ပေါ်လာသည်။ သူက ဝမ်မိုအား အလောတကြီး မေးလိုက်သည် "မင်း ဟောင်ခွန်လို့ ပြောလိုက်သလား?။ အဲဒီဟောင်ခွန်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အင်မော်တယ်ကမ္ဘာကို တက်လှမ်းလာခဲ့တဲ့ ဟောင်ခွန်ပဲလား။"

"ဟုတ်ပါတယ်။ ဟောင်ခွန်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က အင်မော်တယ်ကမ္ဘာကို တက်လှမ်းလာခဲ့သူပါ။ စီနီယာက သူ့ကို သိနေလို့လား?" ဝမ်မိုလည်း အံ့သြစွာ ပြောလိုက်သည်။ ရှင်းရှင်းပြောရလျှင်၊ သူ၏ရှေ့မှ ဤစီနီယာသည် ဟောင်ခွန်ကို အမှန်တကယ် သိနေမည်ဟု သူ မမျှော်လင့်ထားပါဘူး။

ဝမ်မို၏ စကားကိုကြားလိုက်ရလျှင်၊ ဝမ်မိုပြောသော ဟောင်ခွန်သည် ယခင်က သူ၏ နောက်သို့ အမြဲလိုက်ခဲ့သော ဟောင်ခွန်ဖြစ်ကြောင်း အခြေခံအားဖြင့် ချင်ယွင် အတည်ပြု လိုက်သည်။

"ဒါဆို ဟောင်ခွန်က အခု ဘယ်ရောက်နေလဲ မင်း သိရဲ့လား?" ချင်ယွင်က ဝမ်မိုကို မေးလိုက်သည်။

"ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဟောင်ခွန်က အနည်းငယ်....." ဝမ်မိုက ချီတုံချတုံနှင့် ပြောလိုက်သည်။

ထိုစကားကို ကြားတော့ ချင်ယွင်က မျက်မှောင်ကြုတ်ပြီး အလောတကြီး မေးသည် "ဟောင်ခွန်က ဘာဖြစ်လို့လဲ?။ သူ ဘာဖြစ်သွားတာလဲ?"

ဟောင်ခွန်သည် ချင်ယွင်၏ အစေခံအဖြစ် သူ၏နောက်သို့ လိုက်ခဲ့ဖူးသော်လည်း ချင်ယွင် ၏စိတ်နှလုံးထဲတွင် သူ့ကို အစေခံတစ်ဦးအဖြစ် မည်သည့်အခါမှ မဆက်ဆံခဲ့ဖူးပေ။ နောက်ပိုင်းတွင် သူသည် ဟောင်ခွန်နှင့် ညီအစ်ကိုများအဖြစ်ပင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ဖူး သည်။ ထို့ကြောင့် ချင်ယွင်၏ နှလုံးသားထဲတွင် ဟောင်ခွန်သည် သူ၏ အစ်ကိုအကြီးဆုံး ဖြစ်သည်။ ဟောင်ခွန် တစ်ခုခုဖြစ်သွားပြီဆိုသည်ကို သူကြားလိုက်ရလျှင်၊ သူ၏စိတ်က အနည်းငယ် စိုးရိမ်လာသည်။

"ဟောင်ခွန်ရဲ့ ကျင့်ကြံမှုအခြေခံက သုံးစားမရ ဖြစ်သွားခဲ့ပြီ။ သူ လုံးဝ အသုံးမဝင်တဲ့ သေမျိုးလူတစ်ယောက် ဖြစ်သွားခဲ့ပါပြီ။" ဝမ်မိုက သက်ပြင်းချလိုက်သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ?။ အင်မော်တယ်ဒန်တန် ဖျက်ဆီးခံရရင်တောင်၊ အဲဒါကို ပြန်လည် ပေါင်းစည်းနိုင်သင့်တယ်။ ဘယ်လိုလုပ် သုံးစားမရ ဖြစ်သွားရတာလဲ?" ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"မှန်တယ်၊ သူ့ရဲ့ကျင့်ကြံမူအခြေခံ ပျက်ဆီးသွားတယ်ဆိုရင်၊ အဲဒါကို အင်မော်တယ် ကျင့်ကြံခြင်း ပညာရပ်တွေနဲ့ ပြန်လည်ပေါင်းစည်းနိုင်ဦးမှာပါ။ ဒါပေမယ့် ဟောင်ခွန်က အင်မော်တယ် သတ်ဖြတ်ခြင်းဆူးနဲ့ ချိတ်ပိတ်ခံထားရတာပါ။ သူ့အနေနဲ့ ဒီတစ်သက်လုံး ကျင့်ကြံနိုင်မှာ မဟုတ်တော့ပါဘူး။" ဝမ်မိုလည်း သက်ပြင်းချကာ ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်သည်။

"အင်မော်တယ်သတ်ဖြတ်ခြင်းဆူးလား..?" ချင်ယွင်၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ် ပေါ်လာသည်။

ဤအင်မော်တယ်သတ်ဖြတ်ခြင်းဆူးသည် မည်သည့်အရာ ဖြစ်သည်ကို သူ သေချာပေါက် သိထားပါသည်။ ဤအရာသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ် လက်နက်တစ်ခု ဖြစ်သည်။ ၎င်းတွင် ပြင်းထန်သော အဖျက်စွမ်းအားများ ပါရှိနေသည်။ အင်မော်တယ်သတ်ဖြတ်ခြင်းဆူးကြောင့် ပျက်စီးသွားသည့် မည်သည့်အရာမဆို မည်သည့် အခါမှ ပြုပြင်နိုင်မှာ မဟုတ်တော့ပါဘူး။

သာမာန်အားဖြင့်၊ အင်မော်တယ်ကမ္ဘာရှိ ကျင့်ကြံသူများသည် အခြားသူများ၏ ဒန်တန်များ ကို ဖြိုခွဲရန်အတွက်၊ ဤအင်မော်တယ်သတ်ဖြတ်ခြင်းဆူးကို အသုံးပြုကြပြီး၊ ၎င်းတို့၏ ကျင့်ကြံမူအခြေခံကို ဖြိုခွဲပစ်ကာ သေမျိုးများကဲ့သို့ ရှင်သန် နေထိုင်ခွင့်ပေးသည်။

အင်မော်တယ်တစ်ပါးအတွက်ဆို၊ ယင်းက အမှန်တကယ် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်ဖြစ်သည်။ ဟောင်ခွန်သည် ယခုလိုဒုက္ခမျိုးကို ခံနေရလိမ့်မည်ဟု ချင်ယွင် တခါမှ မတွေးခဲ့မိပါဘူး။

"ဘယ်သူ လုပ်တာလဲ?" ချင်ယွင်က သူ၏ဒေါသကို ထိန်းကာ ပြောလိုက်သည်။

"သေချာပေါက် ကောင်းကင်ဘုံဂိုဏ်းပေါ့။ မူလကတည်းက ဟောင်ခွန်နဲ့ သခင်မလေး ယုဒီအာတို့က အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိခဲ့တယ်။ သူတို့နှစ်ယောက်ဟာ လက်ထပ်ဖို့အထိ ဆွေးနွေးထားကြပြီး၊ မင်္ဂလာဆောင်တဲ့နေ့မှာပဲ ကောင်းကင်ဘုံဂိုဏ်းက တစ်စုံတစ်ယောက် ရောက်ရှိလာခဲ့တယ်။ သူတို့က မင်္ဂလာပွဲကို အတင်းအကြပ် ဖျက်ဆီး ပစ်လိုက်တယ်။ မင်္ဂလာပွဲမှာ ဟောင်ခွန်က ဒဏ်ရာအပြင်းအထန်ရပြီး သူရဲ့ ကျင့်ကြံမူ အခြေခံလည်း ပျက်ဆီးသွားခဲ့တယ်။ ကောင်းကင်ဘုံဂိုဏ်းကနေ ရောက်ရှိလာတဲ့ အဲဒီ တပည့်က ဟောင်ခွန်ရဲ့ သွေးသစ္စာကျိန်ဆိုထားတဲ့ ရန်သူလို့ ပြောတာပဲ။ ဘာတဲ့၊ သူ့နာမည်က” ဝမ်မိုက စဉ်းစားဟန်ဖြင့် ပြောသည်။

"ကျောက်ဝူကျင်းလား…?

"ဟုတ်တယ်၊ ကျောက်ဝူကျင်းပဲ။ ကျောက်ဝူကျင်းဟာ ​​အလွန်မင်း ထူးချွန်ထက်မြက်တဲ့ တပည့်တစ်ယောက်လို့ ပြောလို့ရတယ်။ "သူ့ရဲ့ ကျင့်ကြံမူအခြေခံက လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နေခဲ့ပြီ။ ဟောင်ခွန်က တက်လှမ်းလာတာ အခုမှ ဆယ်နှစ်ကျော်ပဲ ရှိသေးတယ်။ ဒါတောင်၊ သူ့ရဲ့ပါရမီ အရည်ချင်းက သာမန်ထက် ထူးကဲလွန်းပြီး၊ သူက အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်ကို ရောက်ရှိနေခဲ့ပြီ။ ဒါပေမယ့်၊ သူက ကျောက်ဝူကျင်းကို တွန်းလှန် တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ဘူး။ ဒီကျောက်ဝူကျင်းက ဟောင်ခွန်ရဲ့ ကျင့်ကြံမူ အခြေခံကို သုံးစားမရဖြစ်အောင် လုပ်ခဲ့ရုံတင်မကဘူး၊ သခင်မလေး ယုဒီအာကိုလည်း သူ့ကို အတင်းအကြပ် လက်ထပ်ခိုင်းခဲ့တယ်။ အခုတော့ ဟောင်ခွန်လည်း စွမ်းအားမဲ့သွား လို့ ပြောလို့ရတယ်”။

ထိုစကားကို ကြားလိုက်ရတော့၊ ချင်ယွင်သည် အဖြစ်အပျက်တွေကို သဘောပေါက်လုနီး ပါး ဖြစ်သွားခဲ့ပါပြီ။ တစ်နည်းအားဖြင့်၊ ဟောင်ခွန်သည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်း သွားပြီးနောက်၊ သူသည် ယုကလန်မှ ယုဒီအာကို တွေ့ခဲ့လိမ့်မည်။ သူတို့နှစ်ယောက် ချစ်မိသွားကြသည်။ ဟောင်ခွန်၏ ထူးကဲသော အရည်အချင်းတွေပါ ထည့်သွင်းလိုက်လျှင်၊ ယုကလန်ကလည်း သူတို့နှစ်ဦးကို လက်ထပ်ပေးရန် သဘောတူခဲ့သည်။ သို့သော်၊ ဟောင်ခွန်၏ သေမျိုးကမ္ဘာမှ ရန်သူတော်ကြီးဖြစ်သူ ကျောက်ဝူကျင်းသည် သူ၏ မင်္ဂလာ ဆောင်နေ့တွင် ရောက်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ သူသည် ဟောင်ခွန်၏ ကျင့်ကြံမူအခြေခံကို ဖျက်ဆီးခံရုံသာမက မင်္ဂလာဆောင်မည့် သူ၏ ချစ်ရသူကိုပင် လုယူသွားခဲ့သည်။

အဖြစ်အပျက်ကို နားလည်ပြီးနောက် ချင်ယွင်၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒ ပေါ်လာသည်။

"ကျောက်ဝူကျင်း၊ မူလကတော့၊ မင်းကို ဟောင်ခွန်အတွက် ငါ ချန်ထားပေးခဲ့တာ။ ကြည့်ရတာ၊ အခု မင်းနဲ့ပတ်သက်ပြီး ငါ ထိန်းစရာမလိုတော့ဘူးနဲ့ တူတယ်" ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။

All Chapters