အခန်း ၈၃၀
Vol. 56 Ch. 830
အခန်း (၈၃၀) ယုလင်းမြို့ကိုသွား
"ဟောခွန်၊ ဘယ်ရောက်နေလဲ သိလား?။ မင်း ငါ့ကို အခု ခေါ်သွားပါ။" ချင်ယွင်က ဝမ်မိုအား ပြောလိုက်သည်။
ချီတုံချတုံ ဖြစ်နေပြီးနောက်၊ ဝမ်မိုသည် ခေါင်းညိတ်ကာ "ကောင်းပါပြီ၊ စီနီယာ၊ ကျွန်တော့် နောက်ကို လိုက်ခဲ့ပါ" ဟု ဆိုလိုက်သည်။
ထို့နောက်၊ ဝမ်မို၏ ဦးဆောင်မှုအောက်တွင် ချင်ယွင်သည် ဝေးလံခေါင်သီသော ရွာတစ်ရွာ သို့ ရောက်ရှိလာခဲ့သည်။
၎င်းတို့ထဲမှ အများစုသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အောက်ရှိ သေမျိုးလူများ ဖြစ်ကြသည်။ သူတို့၏ ပါရမီ အရည်အချင်းတွေက မမြင့်မားသည့်အတွက်၊ သူတို့သည် အင်မော်တယ်ကမ္ဘာတွင် ရှင်သန်နိုင်ရန် ရုန်းကန်ကြရသည်။
နောက်ဆုံးတွင် ချင်ယွင်သည် သစ်သားအိမ်ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဘေးတဖက် မြေပြင်ပေါ်၌ ညစ်ပတ်ပေရေနေသော လူတစ်ဦး ရှိနေသည်။ သူသည် အသိဉာဏ် ကင်းမဲ့နေပြီး မုတ်ဆိတ်မွေးများလည်း ရှိနေသည်။ သူ၏ရုပ်ရည်အသွင်အပြင်ကို ရှင်းရှင်း လင်းလင်း မမြင်ရပေ။ အရေးကြီးဆုံးကတော့ သူ၏ခန္ဓာကိုယ်ပေါ်မှာ အင်မော်တယ် စွမ်းအင်အတက်အကျလှိုင်း အရိပ်အယောင်ပင် မတွေ့ရပါဘူး။ သူ့မှာ ဝိညာဉ်စွမ်းအင် တောင် မရှိတော့ပါဘူး။ သူသည် လုံး၀ သေမျိုးလူသားတစ်ဦး ဖြစ်နေပါပြီ။
ဤလူသည် ဟောင်ခွန် ဖြစ်မည်ဟု ချင်ယွင်က ချက်ချင်း မှတ်မိပါသည်။ ဟောင်ခွန်၏ စိတ်ပျက်လက်ပျက် အသွင်အပြင်ကို မြင်လိုက်ရသဖြင့်၊ ချင်ယွင်သည် ထိန်းမရနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။
“လွန်ခဲ့တဲ့လက သူ့ရဲ့ကျင့်ကြံမူအခြေခံ သုံးစားမရဖြစ်သွားကတည်းက၊ သူလည်း ဒီလိုမျိုး ဖြစ်လာခဲ့တယ်။ နေ့စဉ်နေ့တိုင်း သောက်ဖို့ပဲ သူသိတော့တယ်။ သူ အမူးလွန်တာနဲ့ သတိ လစ်သွားတယ်။” ဝမ်မိုက သက်ပြင်းချလိုက်သည်။
ချင်ယွင်၏ အမူအရာက အေးစက်သွားသည်။ ဝမ်မို၏စကားကို သူ ပြန်မဖြေတော့ပါ။ ယင်းအစား၊ သူသည် အင်မော်တယ် အနှစ်သာရကို တိုက်ရိုက် ထုတ်လွှတ်ပြီး ဟောင်ခွန်၏ ခန္ဓာကိုယ်ရှိ အရက်အငွေ့သက်အားလုံးကို ဖြန့်ထုတ်ပစ်လိုက်သည်။
အရက်ငွေ့များ လွင့်ပျံ့သွားပြီးနောက် ဟောင်ခွန်လည်း အသိဝင်လာသည်။ သို့သော် သူ၏ မျက်လုံးများက မှုန်မှိုင်းနေသေးသည် ။
"အစ်ကိုကြီးဟောင်၊ ငါက ချင်ယွင်ပါ။ ငါ မင်းကိုတွေ့ဖို့ ရောက်လာခဲ့ပြီ။ မင်းရဲ့ ဒန်တန်ထဲ က ဒဏ်ရာတွေကို ငါ ကုပေးနိုင်တယ်။" ချင်ယွင်က ပြောလိုက်သည်။ ဟောင်ခွန်၏ အသွင်အပြင်ကို မြင်လိုက်ရတော့ ချင်ယွင်သည် ဘယ်လိုမှ သည်းမခံနိုင်တော့ပေ။
"မင်း ထွက်သွားနိုင်ပြီ။ မင်းရဲ့အစ်ကိုကြီးဖြစ်ဖို့ ငါက မထိုက်တန်ဘူး။ ငါ ဒီလိုနေတာပဲ ကောင်းပါတယ်၊ ငါ့ရဲ့ကျင့်ကြံမူတွေကို ပြန်မလိုချင်ဘူး။" ဟောင်ခွန်က သူ၏ဘေးနားက ဝိုင်ပုလင်းကို လှမ်းကိုင်လိုက်ပြီး ပြန်ပြောသည် ။
ဤပုလင်းများထဲမှ ဝိုင်သည် သာမန်ဝိုင်ဖြစ်သော်လည်း၊ ကျင့်ကြံမူအခြေခံ ဆုံးရှုံးသွား သော ဟောင်ခွန်အတွက်တော့ လုံလောက်ပါသည်။ ယင်းက သူ့ကို သတိလစ်ပြီး အာရုံခံစားမူကင်းမဲ့သည့် အခြေနေမျိုးထဲ နစ်မြုပ်သွားစေရန် လုံလောက်ပါသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်ခုံးတွေက တင်းတင်းကျပ်ကျပ် တွန့်သွား ခဲ့သည်။ အကယ်၍၊ ဒီအတိုင်းသာ ဆက်သွားနေမည်ဆိုရင်၊ ဟောင်ခွန်သည် လုံးဝ အကူအညီမဲ့သည့် အနေထားမျိုး ဖြစ်သွားလိမ့်မည်။ ယခုအချိန်တွင်၊ သူ၏ တာအို နှလုံးသားထဲတွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်နေပြီ။ အကယ်၍၊ ၎င်းတာအိုနှလုံးသားသာ လုံးလုံး ပြိုပျက်သွားသည်နှင့်၊ သူ၏ဒန်တန်ကို ပြန်ကောင်းအောင် ကူညီပေးနိုင်လျှင်ပင် အသုံးမဝင်တော့ပါဘူး။
တကယ်တော့၊ အင်မော်တယ် သတ်ဖြတ်ခြင်းဆူးကြောင့် ပျက်စီးသွားခြင်းက ကုလို့မရ သည့်အရာ မဟုတ်ပါဘူး။ တခြားသူတွေအတွက် အရမ်းကို ခက်ခဲသည့် ကိစ္စတစ်ခု ဖြစ်နိုင် သော်လည်း၊ ချင်ယွင်အတွက်ကတော့ အရမ်းကို ရိုးရှင်းသည့် ကိစ္စဖြစ်ပါသည်။
ချင်ယွင်၏ အသက်စွမ်းရည်ကိုယ်ပွား၏ အသက်စွမ်းအားသည် အင်မော်တယ် သတ်ဖြတ်ခြင်းဆူးကြောင့် ပျက်စီးသွားခြင်းကို ကုစားနိုင်သောကြောင့်၊ ချင်ယွင် ဆန္ဒ ရှိနေသရွေ့၊ ဟောင်ခွန်သည် သူ၏ ဒန်တန်ကို အချိန်မရွေး ပြန်လည်ရရှိစေရန် ကူညီပေးနိုင်ပါသည်။
သို့သော်၊ ဟောင်ခွန်၏ တိုက်ခိုက်လိုသည့်စိတ်ဝိညာဉ် ကင်းမဲ့နေသည့် အမူအရာကို ကြည့်လျှင်၊ ချင်ယွင်သည် သူ၏ဒန်တန်ကို ကုသပေးခဲ့သော်ငြားလည်း၊ သူသည် ကျောက်ဝူကျင်းကို တိုက်ခိုက်ရန် နှလုံးသားမရှိနိုင်တော့ပေ။
ထို့ကြောင့်၊ ချင်ယွင်က အေးစက်စွာ ပြောလိုက်သည် "ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးလိုက်မယ်။ မင်းရဲ့ဒန်တန်ကို ငါ ကုသပြီးတာနဲ့ မင်း မူလကပိုင်ဆိုင်ထားတဲ့အရာတွေ ကို ပြန်လည်ရယူဖို့ ယုကလန်ဆီကို ငါ့နောက်ကနေ လိုက်ခဲ့ပါ။ ဒုတိယအချက်ကတော့၊ မင်း တစ်ဝက်သေနေတဲ့ဘဝနဲ့ အသက်ရှင်နေထိုင်ပြီး၊ ယုဒီအာက မင်းရဲ့ရန်သူတော်ကြီး ကျောက်ဝူကျင်းနဲ့ လက်ထပ်မှာကို စောင့်ကြည့်နေပေါ့။ ဒါပေမယ့်၊ ကျောက်ဝူကျင်းက ယုဒီအာကို လက်ထပ်ချင်ရတဲ့ အကြောင်းရင်းက မင်းကို လက်စားချေဖို့ သက်သက်ပဲလို့ မင်းကို ငါ သတိပေးခဲ့မယ်။ သူမရဲ့ ကံကြမ္မာကလည်း သေချာပေါက် ပိုကောင်းလာမှာ မဟုတ်ဘူး။ သူမရဲ့ဘဝက ဂျိဝမ်အာလောက်တောင် ကောင်းချင်မှကောင်းလိမ့်မယ်"။
ချင်ယွင်၏ စကားကိုကြားတော့၊ ဟောင်ခွန်သည် နောက်ဆုံးတွင် အနည်းငယ် တုံ့ပြန်လာပြီး တီးတိုးရေရွတ်လိုက်သည် "ဝမ်အာလား..?။
ချင်ယွင်သည် နောက်ဆုံးတွင် ဟောင်ခွန်၏ တုံ့ပြန်မှု အနည်းငယ်ကို မြင်တွေ့လိုက်ရပြီး၊ သူက ဆက်လက် တိုက်ခိုက်လိုက်ပါသည်။ သံမဏိက ပူနေတုန်းမှာဘဲ ပုံသွင်းနိုင်ပါသည်။ "အဲဒီတုန်းက ဝမ်အာ ဘယ်လိုသေသွားရမှန်း မင်း မသိဘူးလား?။ အခု မင်းက ယုဒီအာကို ဒီလိုပဲ ဖြစ်စေချင်လို့လား?"
"မဟုတ်ဘူး၊ ငါ အဲဒီလိုအဖြစ်ပျက်မျိုး နောက်ထပ် သေချာပေါက် ဖြစ်ခွင့်မပြုနိုင်ဘူး။ ငါ ဒီအာကို သေခွင့် မပေးနိုင်ဘူး" ဟောင်ခွန်က ကမန်းကတန်း ခေါင်းခါပြီး ပြောလိုက်သည်။
ချင်ယွင်က ထိုမြင်ကွင်းကို မြင်လိုက်ရတော့၊ သူ၏မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု ပေါ်လာပါသည်။ ဤအနေထားက ဟောင်ခွန်ကို ကယ်တင်နိုင်ပြီဟု ဆိုလိုပါသည်။ သူ၏စိတ်နှလုံးထဲမှ တိုက်ခိုက်လိုသည့်စိတ်ဝိညာဉ်ကို နှိုးဆွနိုင်သမျှ စိုးရိမ်စရာ ဘာမှ မလိုတော့ပါဘူး။
ဟောင်ခွန်သည် လုံးဝ စိတ်ဓာတ်ကျပြီး အသက်ရှင်လိုသည့် မျှော်လင့်ချက်ကို လုံးလုံး စွန့်လွတ်ပစ်လိုက်မှာကို သူ ကြောက်ရွှံ့မိသည်။ ထိုအချိန်ရောက်လျှင်၊ အင်မော်တယ် ဧကရာဇ်တွေတောင်မှ သူ့ကို ကယ်တင်နိုင်မှာ မဟုတ်တော့ပါဘူး။
ကျေးဇူးတင်တယ် ညီလေးချင်ယွင်၊ ကျောက်ဝူကျင်းရဲ့ ထိုးနှက်ချက်က ငါ့အတွက် အရမ်းကို ကြီးမားလွန်းတယ်။ ငါ့ရဲ့ယုံကြည်မှုတွေ လုံးဝ ဆုံးရှုံးသွားခဲ့ရတယ်။ ငါ့ကို နိုးထစေခဲ့လို့ ကျေးဇူးတင်ပါတယ်" သေချာပါသည်။ ဟောင်ခွန်သည် အလွန်လျင်မြန်စွာ စိတ်အားထက်သန်လာခဲ့ပြီး၊ ချင်ယွင်အား ကျေးဇူးတင်စကား ပြောလိုက်ပါသည်။
"ကျေးဇူးတင်စရာ ဘာမှ မလိုပါဘူး။ ငါက မင်းကို အစ်ကိုကြီးဟောင်လို့ ခေါ်ပြီဆိုမှတော့၊ မင်းက ငါ့အစ်ကိုကြီးပဲပေါ့" ချင်ယွင်က ပြုံးပြုံးလေး ပြောပြီး ဟောင်ခွန် ပြန်လည် နိုးထ လာသည်ကို မြင်လိုက်ရတော့၊ သူလည်း ဝမ်းသာအားရဖြင့် အမြန်ပြေးသွားလိုက်သည်။
"အစ်ကိုကြီးဟောင်၊ ငါ အစ်ကိုကြီးဟောင်ရဲ့ဒန်တန်ကို အရင်ဆုံး ပြန်ကောင်းလာအောင် ကူညီပေးမယ်” ချင်ယွင်က ပြောသည်။
ဟောင်ခွန်က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြပြီး သူ၏မျက်လုံးများသည် စိတ်ပိုင်းဖြတ်မူ နှင့်အတူ ဝင်းလက်တောက်ပနေသည်။
ထိုစကားပြောပြီးနောက် ချင်ယွင်သည် ဟောင်ခွန်၏ဒန်တန်ကို ပြန်လည် ပြုပြင်ရန် အတွက် သူ၏သစ်သားစွမ်းရည်ကိုယ်ပွား၏ အသက်စွမ်းအားကို အသုံးပြုလိုက်သည်။
အသက်စွမ်းအားသည် အမှန်တကယ်ပင် အစွမ်းထက်သည်ဟု ပြောနိုင်ပါသည်။ သာမာန် အင်မော်တယ်ဘုရင်များပင် မကုသနိုင်သည့် အင်မော်တယ် သတ်ဖြတ်ခြင်းဆူးကြောင့် ရရှိခဲ့သော ဒဏ်ရာများသည် ချင်ယွင်၏ အသက်စွမ်းအားကြောင့် လျင်မြန်စွာ ပျောက်ကင်း သွားပါသည်။
သူ၏ဒန်တန် ပြန်ကောင်းလာပြီး အင်မော်တယ်အနှစ်သာရများ နောက်တစ်ကြိမ် ပြန်လည် ပေါင်းစည်းလာသည်ကို ခံစားမိသည်နှင့်၊ ဟောင်ခွန်၏ အမူအရာသည် အလွန်မင်း ယုံကြည်မူရှိလာပါသည်။
သေချာပါသည်။ ဟောင်ခွန်၏ဒန်တန်သည် ပြန်လည်ကောင်းမွန်လာသော်လည်း၊ သူ၏ဒန်တန်သည် ဘာမှမရှိ ကွက်လပ်ကြီး ဖြစ်နေပါသေးသည်။ ထို့ကြောင့်၊ အကယ်၍၊ ဟောင်ခွန်သည် သူ၏ကျင့်ကြံမူအခြေခံကို ပြန်လည်ရယူချင်တယ်ဆိုလျှင်၊ သူသည် အချိန်တစ်ခုကြာသည်အထိ ပြန်လည် ကျင့်ကြံရန် လိုအပ်နေပါသေးသည်။
ချင်ယွင်သည် သူ၏ သိုလှောင်လက်စွပ်ထဲမှ အင်မော်တယ် ကျောက်စိမ်း အားလုံးကို ထုတ်ပြီး ဟောင်ခွန်ကို သူ၏ကျင့်ကြံမူအဆင့်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည် ရရှိအောင် ခွင့်ပြုပေးလိုက်ပါသည်။
ဟောင်ခွန်သည် စောင့်ထိန်းမနေတော့ဘဲ ချင်ယွင်၏ အင်မော်တယ် ကျောက်စိမ်းများကို တိုက်ရိုက်ကောက်ယူပြီး အရူးအမူး ကျင့်ကြံတော့သည်။
ချင်ယွင်သည် ဝမ်မိုကို သစ်သားအိမ်လေးမှ အပြင်သို့ ခေါ်ဆောင်လာခဲ့သည်။ အင်မော်တယ် ကျောက်စိမ်း အမြောက်အမြား ရှိသော်လည်း ဟောင်ခွန်သည် သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အချိန်တစ်လနီးပါး လိုပါသေးသည်။
"ယုကလန်၊ ကလန်ခေါင်းဆောင်ရဲ့သမီးက ဘယ်တော့ လက်ထပ်မှာလဲ?" ချင်ယွင်က ဝမ်မိုကို မေးလိုက်သည် ။
ဟောင်ခွန် ပြန်ပြီး ပျော်ရွှင်လာဖို့က မလွယ်ကူလှပါဘူး။ ချင်ယွင်သည် ယုဒီအာ၏ ပြဿနာများက ဟောင်ခွန်အား နောက်တစ်ကြိမ် ထိုးနှက်ချက်တစ်ခု ဖြစ်လာစေရန် မလိုလားပေ။ ထို့ကြောင့်၊ ယုဒီအာက ဘာမှ ဖြစ်သွားလို့မရပေ။
"နောက်သုံးရက်လောက် ဖြစ်လိမ့်မယ်။" ဝမ်မိုက လေးလေးစားစား ပြန်ဖြေလိုက်ပါသည်။ ချင်ယွင်သည် အင်မော်တယ် သတ်ဖြတ်ခြင်းဆူးကြောင့် ရရှိထားသည့် ဒဏ်ရာများကိုပင် ကုသနိုင်သည်ကို သူ မြင်ပြီးကတည်းက၊ ယခုဆိုလျှင် ချင်ယွင်အပေါ် သူ၏နှလုံးသားထဲမှ ပို၍ပို၍ လေးစားလာခဲ့သည်။
"ဟောင်ခွန်ရော ဒီကိစ္စကို သိလား?" ချင်ယွင်က ဆက်မေးသည်။
ဝမ်မိုက မသိနိုင်ကြောင်း ခေါင်းယမ်းပြီး အမူအရာဖြင့် ပြလိုက်သည်။
"မင်း ဒီမှာနေပြီး ဟောင်ခွန်ကို စောင့်ကြည့်ထားပါ။ ငါ ယုလင်မြို့ (ကျောက်စိမ်း သစ်တောမြို့)ကို သွားလိုက်ဦးမယ်။ ငါ တခဏအတွင်း ဒီမှာ ရှိနေနိုင်မှာ မဟုတ်ဘူး။ တကယ်လို့၊ သူ တစ်ခုခုဖြစ်သွားရင် မင်းကို ငါ လိုက်ရှာမယ်။" ချင်ယွင်က ဝမ်မိုအား ပြောလိုက်သည်။
"စီနီယာ၊ စိတ်မပူပါနဲ့။ ကျွန်တော် သူ့ကို သေချာစောင့်ကြည့်ထားပါ့မယ်။ ပြီးတော့၊ ဟောင်ခွန်ကလည်း ကျွန်တော့် အစ်ကိုပါပဲ" ဝမ်မိုက ကမန်းကတန်း ပြန်ဖြေသည်။
ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ ထိုနောက်၊ သူက တခြားမည်သည့်စကားမှ မပြောတော့ပါဘူး။ ဖျတ်ခနဲ လှုပ်ရှားလိုက်သည်နှင့် သူသည် ကီလိုမီတာ တစ်သောင်း အကွာတွင် ပေါ်လာပြီး ကျောက်စိမ်းသစ်တောမြို့ဆီသို့ ဦးတည် ပြေးသွားတော့သည်။
ချင်ယွင်သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်ကို ဝမ်မို မြင်လိုက်ရလျှင်၊ သူ၏မျက်နှာမှာက တုနှိုင်းမရအောင် တုန်လှုပ်ခြောက်ခြားဟန် အမူအရာတစ်ခု ပေါ်လာ သည်။
"ဒါက ဘယ်လို အမြန်နှုန်းမျိုးလဲ?။ ဒါက ဒဏ္ဍာရီဆန်ဆန် လျှပ်တပြက် မိုင်တစ်သောင်း နိယာမများ ဖြစ်နိုင်မလား" ဝမ်မိုက အံ့သြစွာ ပြောလိုက်သည်။ ချင်ယွင် ပျောက်ကွယ်သွား သည့် လမ်းကြောင်းကို ကြည့်လိုက်ရင်း မနာလိုမူနှင့်အတူ ရိုသေလေးစားမူတို့ဖြင့် ပြည့်နှက်နေသည်။
ထိုအချိန်တွင်၊ ချင်ယွင်သည် လေပြင်းများကဲ့သို့ ခရီးနှင်နေခဲ့သည်။ မူလက သူသည် ကျောက်စိမ်းသစ်တောမြို့နှင့် ကီလိုမီတာ တစ်သောင်းအကွာဝေးမှာ ရှိနေခဲ့သည်။ အရင်တုန်းကဆိုလျှင်၊ သူ့အတွက် နှစ်ရက်သုံးရက်လောက် အချိန်ယူရမှာဖြစ်သော်လည်း၊ အခုတော့၊ ချင်ယွင်သည် လွယ်လင့်တကူ ရောက်ရှိရန် အမွှေးတိုင်တစ်တိုင် ထွန်းညှိရုံ အချိန်လောက်သာ လိုအပ်ပါသည်။
ဝှီး….။
ချင်ယွင်၏ ရုပ်အသွင်သည် လေပြည်လေညှင်းအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ကျောက်စိမ်း သစ်တောမြို့၏ မြို့တံခါးရှေ့တွင် ပေါ်လာသည်။ မြင့်မားသော မြို့တံခါးကြီးကို ကြည့်လိုက်ရင်း ချင်ယွင်၏ ပါးစပ်ထောင့်စွန်းသည် မထိန်းနိုင်ဘဲ တွန့်တွေ့သွားခဲ့သည်။ သူက ရယ်မောပြီး ပြောလိုက်သည် "ကျောက်ဝူကျင်း၊ တကယ်လို့ မင်း ငါ့ကိုတွေ့တဲ့အခါ၊ မင်း ဘယ်လိုအမူအရာမျိုး ရှိနေမလဲလို့ ငါ သိချင်တယ်"။