အခန်း ၈၃၂
Vol. 56 Ch. 832
အခန်း(၈၃၂) ကျောက်ဝူကျင်းနှင့်တိုက်ပွဲ။
"မင်း... မင်းက ဘယ်သူလဲ?။ ယုဒီအာက ပြောသည်။ သွေးထွက်သံယို မြင်ကွင်းကြောင့် သူမကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
"မကြောက်ပါနဲ့။ ငါ မင်းကို မထိခိုက်စေပါဘူး။ ငါ့နာမည်က ချင်ယွင်" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
"မင်းက ချင်ယွင်လား..?" ယုဒီအာသည် မကြောက်တော့ဘဲ သူမ၏မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ မေးလိုက်သည်။
"မင်း ငါ့ကို သိလို့လား?" ချင်ယွင်က ပြုံးပြုံးလေး မေးလိုက်သည်။
"သေချာပေါက်။ ငါသိတာပေါ့။ ဟောင်ခွန်က မင်းအကြောင်း မကြာခဏ ပြောပြတယ်။ ပြီးတော့၊ မင်းရဲ့ အတွေ့အကြုံတွေကိုတောင် ပြောပြသေးတယ်။" ယုဒီအာက ပြောသည်။
ချင်ယွင် ပြုံးလိုက်မိသည်။ ဟောင်ခွန်သည် ယုဒီအာကို သူ၏အကြောင်းတွေကို အမှန်တကယ် ပြောပြထားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ကြည့်ရတာ၊ ဟောင်ခွန်က ယုဒီအာကို တကယ် ချစ်ခဲ့ပုံရသည်။ ယင်းက ယုဒီအာကို ခေါ်ဆောင်သွားရန် ချင်ယွင်၏ ဆုံးဖြတ်ချက်ကို ခိုင်မာသွားစေခဲ့သည်။
"မင်းမှာ နတ်ဘုရားစွမ်းရည်တွေ အများကြီးရှိတယ်လို့ ဟောင်ခွန်ဆီကနေ ငါ ကြားဖူး တယ်။ မင်းကို တစ်ခုခု အကူညီတောင်းခံလို့ ရမလား?" ယုဒီအာက သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး၊ စကားမပြောခင် ခဏလောက် တွန့်ဆုတ်နေသေးသည်။
"ဘာလဲ?" ချင်ယွင်က ပြုံးပြုံးလေး မေးလိုက်သည်။
"ငါ့အမေ့ကို အဝေးကို ခေါ်သွားဖို့ ကူညီပေးပါ။ အဖေ့ကိုပါ ခေါ်သွားနိုင်ရင် ပိုကောင်းတယ်။ တာချင်း အင်မော်တယ်မင်းဆက်ကို စွန့်ခွာပြီး၊ သူတို့အတွက် ရှင်သန်နေထိုင်ဖို့ တိတ်ဆိတ်တဲ့ နေရာတစ်ခုလောက် ရှာပေးနိုင်ရင် အကောင်းဆုံးပဲ။ ကျောက်ဝူကျင်း ကြောင့် သူတို့ ထပ်ပြီး နာကျင်နေရတာကို မမြင်ချင်တော့ဘူး။" ယုဒီအာက ပြောသည်။
"ငါ သူတို့ကို ခေါ်သွားနိုင်ပါတယ်။ မင်းကော ။" ချင်ယွင်က စိတ်ဝင်တစား မေးသည်။
ချင်ယွင်၏ စကားကိုကြားတော့ ယုဒီအာ၏ အမူအရာက ချက်ချင်း မည်းမှောင်သွားသည်။ "ငါက ထွက်သွားလို့ မရဘူး။ ငါထွက်သွားပြီးတာနဲ့ ကျောက်ဝူကျင်းက ဟောင်ခွန်ကို သေချာပေါက် သွားရှာလိမ့်မယ်။ အဲဒီအချိန်မှာ ဟောင်ခွန်လည်း သေချာပေါက် ဖမ်းခံရလိမ့်မယ်။ သူ တော်တော်လေး ခံစားခဲ့ရပါပြီ။ သူ ထပ်ပြီး နာကျင်နေတာကို ငါ မမြင်ချင်တော့ဘူး။ ဒါပေမယ့် သူ့ကို ပြောလိုက်ပါ။ ကျောက်ဝူကျင်းက ငါ့ကို ဘယ်တော့မှ မရစေရဘူးလို့။ ငါနဲ့ပတ်သက်သမျှ အရာအားလုံး သူဟောင်ခွန်တစ်ယောက်တည်းသာ ပိုင်ဆိုင်တယ်လို့"
ယုဒီအာ၏ မျက်လုံးများသည် သူမစကားနေစဉ်မှာ ဆုံးဖြတ်ချက် ပြတ်သားမူများ အပြည့်ရှိနေခဲ့သည်။
ဤစကားလုံးများမှတဆင့် ယုဒီအာ မည်သည့်အရာကို ဆိုလိုသည်ကို ချင်ယွင် ကောင်းကောင်းသိလိုက်ပြီး၊ သူ၏ရင်ထဲတွင် အနည်းငယ် ထိမှန်သွားသလို ခံစားလိုက် ရသည်။
ဂျိဝမ်အာကို ယခင်က သူ မမြင်ဖူးသော်လည်း ဟောင်ခွန်၏ ပြန်ပြောပြချက်အရ၊ ယုဒီအာ သည် ဂျိဝမ်အာကဲ့သို့ နူးညံ့သိမ်မွေ့သော မျက်နှာပြင်ရှိသော်လည်း၊ သူမ၏ နှလုံးသားသည် ဂျိဝမ်အာထက်ပင် ပိုသန်မာသည်ဟု ချင်ယွင် ပြောပြနိုင်ပါသည်။
"တကယ်တော့ မင်းလည်း ဒီလိုလုပ်စရာ မလိုပါဘူး။ ငါ မင်းကို ဟောင်ခွန်ဆီ ခေါ်သွားဖို့ ဒီနေ့ လာခဲ့တာပဲ။" ချင်ယွင်က ပြောသည်။
"ငါမသွားဘူးလို့ ငါပြောပြီးပြီ။ မင်း ငါ့ကိုခေါ်သွားတာနဲ့ ကျောက်ဝူကျင်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ဒီခြံဝင်းထဲမှာ အစီအရင်ဝင်္ကပါတစ်ခု ရှိနေတယ်။ မင်း ဝင်လာကတည်းက သူ တွေ့နေလောက်ပြီ။ မင်း ဒီနေရာကနေ မြန်မြန် ထွက်သွားသင့်တယ်။" ယုဒီအာက ပြောသည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သည်။ ဤခြံဝင်းထဲမှာ အစီအရင်ဝင်္ကပါ ရှိနေ သည်ကို သူ မည်သို့ မမြင်နိုင်ဘဲ ရှိမည်နည်း?။ သူသည် အစီအရင်ဝင်္ကပါကို မထိမိစေဘဲ ယုဒီအာထံသို့ ဆင်းသက်လာနိုင်သော်လည်း၊ ချင်ယွင်သည် ထိုသို့မလုပ်ခဲ့ပေ။
သူ ယခုလို စကားအများကြီး ပြောနေရသည့် အကြောင်းအရင်းကတော့၊ ကျောက်ဝူကျင်း ထွက်ပေါ်လာပြီး သူ့ကို လက်ဆောင်အကြီးကြီး ပေးလာမည်ကို စောင့်နေခြင်းကြောင့် ဖြစ်ပါသည်။
"စိတ်မပူပါနဲ့၊ ငါ မင်းကို ခေါ်သွားချင်ရင် ဒီအိမ်ကြီးမှာ ဘယ်သူမှ ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး။ စကားမစပ် မင်းအတွက် ငါ့မှာ သတင်းကောင်းတစ်ခု ရှိတယ်။ ဟောင်ခွန်ရဲ့ ဒန်တန်က ပြန်ကောင်းလာပြီး၊ သူ့ရဲ့ကျင့်ကြံမှု အခြေခံကလည်း ပြန်ကောင်းလာပြီ။ မင်း တစ်ချက်လောက် သွားမကြည့်ချင်ဘူးလား?" ချင်ယွင်က ပြောသည်။
"တကယ်လား?" ယုဒီအာ၏ မျက်လုံးများသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ တောက်ပလာသည်။
ချင်ယွင်သည် ခေါင်းညိတ်ပြပြီး ခြံဝင်းအဝင်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏အင်မော်တယ်စိတ်အာရုံက ကျောက်ဝူကျင်းနှင့် ယုလင်းယွန်တို့နှစ်ယောက်စလုံး သူ့ဆီကို အလောတကြီး ပြေးလာသည်ကို ခံစားမိသောကြောင့် ဖြစ်ပါသည်။
သေချာပါသည်၊ ချင်ယွင်သည် ခြံဝင်းထဲမှ ထွက်လာချိန်မှာဘဲ၊ အင်မော်တယ် အလင်းတန်း နှစ်ခုက ခြံဝင်းအပြင်ဘက် စင်္ကြံပေါ်သို့ ဆင်းသက်လာခဲ့သည်.
"မင်းပါလား?" ကျောက်ဝူကျင်းသည် ချင်ယွင်ကို မြင်လိုက်သည်နှင့် သူ့ကို မှတ်မိပါသည်။ တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ပေါ်လာသည်။
လှိုဏ်ဂူထဲမှာ ချန်ထားရစ်ခဲ့သော စိတ်ဝိညာဉ်အမျှင်တန်းက သူ၏စိတ်ဝိညာဉ်တစ်ခုလုံးမှ ခွဲထုတ်ထားခဲ့သည့် အရာဖြစ်ပြီး၊ ထိုစိတ်ဝိညာဉ်အမျှင်တန်း ခံစားသိရှိနိုင်သမျှ သူကိုယ်တိုင်လည်း ခံစားသိရှိနိုင်ပါသည်။
အကယ်၍၊ ချင်ယွင်သည် သူ၏ စိတ်ဝိညာဉ်အမျှင်တန်းကို မသတ်ဖြတ်ခဲ့ပါက၊ သူသည် ဟောင်ခွန်ကို ရူးသွပ်အောင်လုပ်နိုင်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင်၊ ဟောင်ခွန်သည် အင်မော်တယ်ကမ္ဘာသို့ မည်သို့ တက်လှမ်းနိုင်တော့မည်နည်း?။
ဟုတ်ပါသည်၊ သူ အမှန်တကယ် အံ့သြသွားခဲ့ရသည့်အရာက ချင်ယွင်ကို သူ တွေ့စဉ်အခါ တုန်းက၊ ချင်ယွင်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်ပါသေးသည်။ ယခု၊ သူသည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိနေခဲ့ပြီ။ ဤအရာသည် မည်သို့ ကျင့်ကြံမူ အမြန်နှုန်း အမျိုးစားပါနည်း?။
ချင်ယွင်သည် ကျောက်ဝူကျင်း၏ အထိတ်တလန့်ဖြစ်မှုနှင့် ဒေါသဖြစ်နေသည့် အမူအရာကို မြင်လိုက်ရလျှင်၊ သူ၏ပါးစပ်ထောင့်စွန်းသည် အေးစက်သော အပြုံးတစ်ခု ပျံ့နှံ့လာခဲ့သည်။ သူက အေးစက်စွာ ပြောလိုက်သည် "မင်းက ငါဖြစ်နေမယ်လို့ မမျှော်လင့် ထားဘူး မဟုတ်လား။ ကျောက်ဝူကျင်း၊ မင်းက အစ်ကိုကြီးဟောင်ကို ဟိုတုန်းကတည်းက အနှစ် ၅၀၀ လောက်ကြာအောင် အကျဉ်းချထားခဲ့တယ်။ အခုလည်း မင်းက တကယ်ပဲ ဒီလှည့်ကွက်မျိုးကို ထပ်ပြီး သုံးချင်နေပြန်ပြီ။ ဒီနေ့ ငါ အစ်ကိုကြီးဟောင်အတွက် အမြတ်အချို့ကို ပြန်စုဆောင်းရလိမ့်မယ်။"
"မင်းကလား?" ကျောက်ဝူကျင်း၏ မျက်နှာသည် ချက်ချင်းပင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်၏ ကျင့်ကြံမူ အမြန်နှုန်းကြောင့် သူ ထိတ်လန့်သွားရသော်လည်း၊ ချင်ယွင်၏ ကျင့်ကြံမှုအခြေခံသည် သူ့နှင့် ဝေးကွာနေဆဲ ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်၏ စကားကို ကြားသောအခါ၊ သူ၏ပထမဆုံး တုံ့ပြန်မှုက ဤလူသည် သူ့ကိုယ်သူ အထင်ကြီးနေခြင်း ဖြစ်သည်။
"ငါ တစ်ယောက်တည်းပါပဲ" ချင်ယွင်က သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။
"ကောင်းပြီလေ၊ မင်းက သေခြင်းတရားကို တောင်းခံလာမှတော့ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။ မင်းကိုလည်း ဟောင်ခွန်လိုပဲ ထပ်တူထပ်မျှ သေမျိုးတစ်ယောက် ဖြစ်လာပြီး အလွန်မင်း နာကျင်ခံစားရအောင် လုပ်ပေးမယ်။" ကျောက်ဝူကျင်း၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသည့်ဆန္ဒက ချက်ချင်း ပေါ်လာပြီး၊ သူ၏ရုပ်အသွင်က အပြာရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။
သူ၏အမြန်နှုန်းက အရမ်းကို မြန်ဆန်ပြီး၊ ပုံရိပ်ယောင်တွေ ဆက်တိုက် ဖြစ်ပေါ်လာသည်။
ယုဒီအာသည် အပေါက်ဝမှတဆင့် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ သူမ၏လှပသော မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားသည့်အရိပ်ယောင် ပေါ်လာသည်။ ချင်ယွင်ကို ကြည့်သည့် သူမ၏အကြည့်တွေကလည်း စိုးရိမ်သည့်အမူအရာ ပေါ်လွင်နေသည်။
သို့သော် ချင်ယွင်သည် ကျောက်ဝူကျင်း၏ ရုပ်အသွင်ပြင်ကို လှမ်းကြည့်လိုက်ရင်း၊ လှောင်ပြောင်မှု အရိပ်အယောင်က သူ၏မျက်လုံးများတွင် ထိန်းချုပ်မရဘဲ ပေါ်လွင်နေ သည်။
ဤကျောက်ဝူကျင်းသည် သူ၏ရှေ့တွင် လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို အမှန်တကယ် အသုံးပြုခဲ့သည်။ ကျောက်ဝူကျင်း၏ လျှပ်တပြက်မိုင်တစ်သောင်းနိယာမ သည် သေးငယ်သော အောင်မြင်မူအဆင့်သို့ ရောက်ရှိနေပုံရသည်။ သူ၏အရှိန်ဟုန်က မြန်ဆန်သော်လည်း၊ ယင်းက ချင်ယွင်၏ မျက်လုံးထဲမှာတော့ ပုရွက်ဆိတ်တစ်ကောင်လို တွားသွားနေဆဲဖြစ်သည် ။
"နှေးလွန်းတယ်”။
ချင်ယွင်က တိုးညှင်းစွာ အော်လိုက်ပြီး၊ သူ၏လက်ကို လျှပ်စီးလက်သလို ဆန့်ထုတ်လိုက် သည်။
အမြန်နှုန်းက အရမ်းကို မြန်ဆန်နေသည့်အတွက် မည်သူမှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပါဘူး။
"ဖပ်…”
ပါးရိုက်ချက်က ကျောက်ဝူကျင်း၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ကျောက်ဝူကျင်း၏ သွားများသည် ချက်ချင်း ကျွတ်ထွက်သွားခဲ့ပြီး၊ သူ၏ ဦးခေါင်းခွံ တစ်ခုလုံး ကွဲအက်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း လွင့်ထွက်သွားပြီး အဝေးမှ နံရံကို ပစ်တိုက်ချိုးကာ ပေါက်ကွဲသံကြီးတစ်ခုပင် ထွက်ပေါ်လာသည်။
"ဘာလဲ?"
ယုလင်းယွန်နှင့် ယုဒီအာ နှစ်ဦးစလုံးသည် ဤမြင်ကွင်းကို အံ့အားသင့်စွာဖြင့် ကြည့်နေစဉ် မျက်လုံးများ ပြူးကျယ်သွားကြသည်။
ယုလင်းယွန်သည် သူ၏မျက်လုံးများကိုပင် သူ မယုံနိုင်တော့ပေ။ သူသည် ယခင်က ကျောက်ဝူကျင်း၏ ခွန်အားကို မြင်ဖူးပြီး၊ သူ၏ပြိုင်ဘက်ပင် မဟုတ်ပေ။ ယခုတော့ သူ၏ရှေ့မှ လူငယ်၏ ပါးရိုက်မှုကြောင့် လွင့်ပျံသွားရခဲ့ရသည်။
ယုဒီအာလည်း အံသြသွားသည်။ အစောပိုင်းက ချင်ယွင်က မင်းကို ငါ ခေါ်သွားချင်တယ်။ ငါ့ကို ဘယ်သူမှ မတားနိုင်ဘူးဟု ချင်ယွင်၏ ပြောစကားတွေကို သူမ ကြားလိုက်ချိန်မှာ၊ သူမသည် ယုံကြည်ခြင်းမရှိသေးပါဘူး။ ယခုမူကား၊ သူမသည် သူ့ကို ယုံကြည်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
"ငါ မင်းကို သတ်မယ်!"
ထိုအချိန်တွင် အဝေးနံရံဆီမှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာ သည်။ ထိုနောက်တွင်၊ ရှည်လျားသော အစိမ်းရောင် ဆူးသုံးချောင်းသည် အဝေးမှ ပျံထွက် သွားပြီး ချင်ယွင်၏ ဒန်တန်၊ နှလုံးနှင့် မျက်ခုံးတို့ကို တည့်မတ်စွာ ပြေးဝင်သွားသည်။ ဤဆူးရှည်သုံးချောင်း၏ထိပ်တွင် သေစေလောက်သည့် ဖျက်ဆီးခြင်း အငွေ့အသက်များ ရှိနေပါသည်။
"ဒါက အင်မော်တယ်သတ်ဖြတ်ခြင်းဆူးလား..?" ချင်ယွင်၏ မျက်လုံးများသည် အေးစက်သွားသည်။ ထို့နောက်တွင်၊ သူ၏ပါးစပ်ထောင့် အေးစက်သောအပြုံးအဖြစ် တွန့်ကွေးသွားသည်။
ချင်ယွင်သည် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ လေဟာနယ်ထဲကို သုံးကြိမ် တိုင်တိုင် ထိုးညွှန်လိုက်သည်။ ထို့နောက်၊ သုံးပေရှည်လျားသော အင်မော်တယ် သတ်ဖြတ်ခြင်းဆူးချောင်းသည် ချင်ယွင်နှင့် မလှမ်းမကမ်းရှိ လေဟာနယ်ထဲတွင် ရပ်တန့်နေသည်ကို လူတိုင်း တွေ့လိုက်ရသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ယုဒီအာသည် မယုံကြည်နိုင်ဟန်ဖြင့် သူမ၏ မျက်လုံးများကိုပင် ပွတ်သပ်လိုက်မိသည်။