အခန်း ၈၃၄
Vol. 56 Ch. 834
အခန်း (၈၃၄) အင်မော်တယ်ဘုရင် ယွန်လုံ။
ချင်ယွင်သည် ယုဒီအာကို ပြန်လည်ခေါ်ဆောင်ပြီးနောက် ယုဒီအာနှင့် ဟောင်ခွန်တို့သည် ကော်ကဲ့သို့ လုံးထွေးရစ်ပတ်သွားကြသည်။
ချင်ယွင်သည် ကြင်စဦးစဇနီးမောင်နှံတွေမှာ ပြောစရာတွေ အများကြီးရှိနေသည်ကို သိထားသောကြောင့်၊ သူသည် သူတို့ကို မနှောင့်ယှက်တော့ဘဲ နောက်ပိုင်း ဆက်လုပ်ရ မည့်အရာတွေကို စဉ်းစားနေခဲ့သည်။
သူသည် ကျောက်ဝူကျင်းကို လွှတ်ပေးလိုက်သည်။ ၎င်းသည် ဟောင်ခွန်၏ ကောင်းကျိုး အတွက် ဖြစ်သော်လည်း၊ ပြဿနာများစွာကို ယူဆောင်လာခဲ့သည်။
အစောပိုင်းက၊ ကျောက်ဝူကျင်းနှင့် ယုလင်းယွန်တို့ စကားပြောဆိုနေကြစဉ်၊ ကျောက်ဝူကျင်းသည် အင်မော်တယ်ဘုရင် ယွန်လုံအကြောင်း ပြောဆိုသည်ကို ချင်ယွင် ကြားလိုက်ရသည်။ ကျောက်ဝူကျင်းသည် သူ၏ဆရာဆိုသူ အင်မော်တယ်ဘုရင်ယွန်လုံကို မကြာမီ ဤနေရာသို့ ခေါ်ဆောင်လိမ့်မည်ဟု ချင်ယွင် ယုံကြည်ထားသည်။ ထိုအချိန်ရောက်လျှင်၊ တိုက်ပွဲကြီးတစ်ပွဲက ရှောင်လွှဲ၍ မရတော့ပေ။
သူသည် အင်မော်တယ်ဘုရင် ယွန်လုံဆိုသူကို မကြောက်ပါဘူး။ ထုံးစံအတိုင်း၊ စိန်လေးကို အသာထား၊ သူကိုယ်တိုင်ပင်၊ အစောပိုင်း အင်မော်တယ်ဘုရင်တစ်ယောက်ကို မကြောက် ပါဘူး။
ချင်ယွင်ကို အမှန်တကယ် စိတ်အနှောင့်အယှက် ဖြစ်စေသည့်အရာက ဟောင်ခွန်သည် ကျောက်ဝူကျင်းကို မည်သို့ သတ်နိုင်မလဲဆိုသည့် မေးခွန်း ဖြစ်သည်။
သူသည် ကျောက်ဝူကျင်းကို သေလုမျောပါး ရိုက်နှက်ပြီး၊ ဟောင်ခွန်၏ရှေ့မှာ ထားပေးနိုင် သော်လည်း၊ ယင်းက သိပ်ပြီး အဓိပ္ပါယ် မရှိလှပါဘူး။
ဟောင်ခွန် ယခု လိုအပ်နေသည့်အရာက သူ၏ အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းအားကို အားကိုးပြီး၊ ကျောက်ဝူကျင်းကို လုံးဝ အနိုင်ယူရန် ဖြစ်ပါသည်။ အမှန်တကယ် ဆို၊ အမုန်းတရားမျိုးစေ့တွေက သူ၏စိတ်နှလုံးထဲတွင် နှစ်ရာပေါင်းများစွာကြာအောင် နစ်မြုပ်နေခဲ့သည်။
အကယ်၍၊ သူသာ ဤအမုန်တရားမျိုးစေ့ကို မဖြေရှင်းနိုင်ဘူးဆိုလျှင်၊ ဟောင်ခွန်အတွက် ဤဘဝတစ်သက်လုံး အင်မော်တယ်ဘုရင်နယ်ပယ်ထဲ ဝင်ရောက်ရန် မျှော်လင့်ချက် မရှိတော့ပါဘူး။
သို့သော်၊ ဟောင်ခွန်၏ လက်ရှိ အင်အားသည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ၏ အစောပိုင်းအဆင့်တွင်သာ ရှိနေသေးပြီး၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ၏ အထွတ်အထိပ်အဆင့်တွင် ရှိနေသော ကျောက်ဝူကျင်းနှင့် သူ၏အကြားမှာ ကြီးမားသော ကွာဟချက်ကြီး ရှိနေခဲ့သည်။ သူ၏ကိုယ်ပိုင်စွမ်းအားကို အားကိုးခြင်းဖြင့် ကျောက်ဝူကျင်းကို အနိုင်ယူလိုပါက၊ ၎င်းသည် ကောင်းကင်ဘုံသို့ တက်ရန်ထက်ပင် ခက်ခဲမည်မှာ သေချာပါသည်။
"ဆရာ၊ ဆရာ့မှာရော အကြံကောင်း ဥာဏ်ကောင်းတွေ မရှိဘူးလား?" ချင်ယွင်က ရှေးဟောင်းတာအိုဆရာသခင်ကို ပြောလိုက်သည် ။
"မင်းက တကယ်ကို ပြဿနာရှိတဲ့အရာကို ရွေးချယ်ရတာ ကြိုက်တဲ့ကောင်ပဲ။ သူက ကလဲ့စားချေချင်တာလေ။ အနာဂတ်မှာ သူ့ကိုယ်တိုင် လက်စားချေလိမ့်မှာပေါ့။ အခု လက်စားချေမှ ရမှာလား။" ရှေးဟောင်းတာအိုဆရာသခင်က ဒေါသတကြီး ပြောသည်။
"ဆရာ၊ ကျွန်တော်က လူတွေကို အဆုံးထိ ကူညီပေးဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား?။ ဆရာ၊ ကျွန်တော့်ကို ပြောပြစမ်းပါ။ ဆရာဆီမှာ အကြံဉာဏ်ကောင်းတွေ ရှိနေသေးတယ် မဟုတ်လား?" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
"ဟင်း…၊ နည်းလမ်းတစ်ခုတော့ ရှိတယ်ကွ။ ဒါပေမယ့် ဒီကောင်လေး တန်ရာတန်ကြေး ပေးဆပ်ရလိမ့်မယ်။" ရှေးဟောင်းတာအိုဆရာသခင်က ပြောပါသည်။
"ဘယ်လို တန်ဖိုးမျိုးလဲ..?" ချင်ယွင်က မေးလိုက်သည်။
"သူ့ဘဝရဲ့ သက်တမ်းအနှစ်တစ်ထောင်။ ငါ့ဆီမှာ သူလေ့ကျင့်နိုင်မယ့် လျှို့ဝှက် ပညာရပ် တစ်ခုတော့ ရှိနေတယ်။ ဒါပေမယ့် သူ့ရဲ့သက်တမ်းကို လောင်ကျွမ်းပစ်ရမယ်။ သူ့ရဲ့သက်တမ်း အနှစ်တစ်ထောင်ကို လောင်ကျွမ်းနိုင်မယ်ဆို၊ သူ ကျောက်ဝူကျင်းကို အနိုင်ယူနိုင်တယ်။" ရှေးဟောင်းတာအိုဆရာသခင်က ပြောပြပါသည်။
"ဒီလောက်ကောင်းတဲ့အရာမျိုး ရှိနေသေးတာလား?" ချင်ယွင်က အံ့သြစွာ ပြောလိုက် သည်။
ချင်ယွင်၏ အမြင်အရဆို၊ အနှစ်တစ်ထောင်ဆိုသည့် သက်တမ်းက လုံးဝကို စကားထဲ ထည်းပြောနေစရာ မလိုပါဘူး။ အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးတွင် အမြီးဆယ်ချောင်း ရှိသော အင်မော်တယ် ဝိဉာဉ်ငါးတစ်ကောင်ရှိကြောင်း လူတစ်ဦးထံမှ သူ သိထားသည်။ ထိုအရာသည် အနှစ်တစ်ထောင်ဆိုသည့် သက်တမ်းကို ပြန်လည်ဖြည့်ဆည်းပေးနိုင်သော ပြိုင်ဘက်ကင်း ရတနာတစ်ပါး ဖြစ်ပါသည်။ (သူတို့အင်မော်တယ်ဘုရင်စံအိမ်ထဲ့သို စတင်ဝင်ရောက်စဉ်က ကြုံတွေ့ခဲ့ရသော အဖြစ်ပျက်များကို ပြန်လည် မှတ်မိပါလိမ့်မည်။)
ချင်ယွင်သည် ၎င်းကို အနာဂတ်အတွင် လိုအပ်သည့် အချိန်တွင် အသုံးပြုနိုင်ရန် အမြဲတမ်း စောင့်စားနေခဲ့သည်။
"ဟမ့်၊ မင်းက ဒီပညာရပ်ကို အကြိမ်တိုင်း အသုံးပြုနိုင်တယ်လို့ ထင်နေတာလား?။ ဒါက အနှစ်တစ်ထောင် သက်တမ်းနော်" ငါ ပြောလိုက်ပါရစေ၊ မင်း ဒီပညာရပ်ကို အသုံးပြုတဲ့ အချိန်တိုင်း မင်းရဲ့သက်တမ်းက အဆမတန် ယုတ်လျော့သွားလိမ့်မယ်။ အင်မော်တယ် ဘုရင်နယ်ပယ်ကို မရောက်သေးတဲ့ သာမန်အင်မော်တယ်တွေတောင်မှ အနှစ် ၁၀၀၀၀ ပဲ သက်တမ်းရှိတယ်။ မင်းတို့အနေနဲ့ ဒီပညာရပ်ကို အသုံးပြုမယ်ဆိုရင် အကြိမ်ပေါင်း ဘယ်လောက် တောင့်ခံနိုင်မှာလဲ?” ရှေးဟောင်းတာအိုဆရာသခင်က ဒေါသတကြီး ပြောတယ်။
"ဆရာ၊ ဒီလျှို့ဝှက်ပညာရပ်ကို ကျွန်တော့်ဆီ လွှဲပေးလိုက်ပါ။ ကျွန်တော် အစ်ကိုကြီး ဟောင်ဆီသွားပြီး၊ သူ သဘောတူမတူ မေးမြန်းကြည့်လိုက်ပါ့မယ်" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
ရှေးဟောင်းတာအိုဆရာသခင်သည် ဟစ်အော်ငေါက်ငမ်းနေသော်လည်း၊ သူသည် ဤလျှို့ဝှက်ပညာရပ် ချင်ယွင်အား ပေးလိုက်ဆဲပင်။
ထို့ကြောင့်၊ ချင်ယွင်သည် ထိုအကြောင်းအရာကို ဆွေးနွေးရန် ဟောင်ခွန်ထံ သွားခဲ့သော် လည်း၊ ဟောင်ခွန်သည် တစ်ဇွတ်ထိုး သဘောတူလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သူ၏ အစွမ်းထက်သော စည်းလုံးရေးကို ရှင်းပြပြီးနောက်၊ ချင်ယွင်သည် ဟောင်ခွန်က အခိုင်အမာ ပြောနေသေးသည်ကို တွေ့လိုက်ရသဖြင့်၊ သူသည် အခြားမည်သည့်စကားမှ မပြောတော့ဘဲ လျှို့ဝှက်ပညာရပ်ကို သင်ကြားပေးလိုက်သည်။
ထို့နောက်၊ သူတို့လုပ်ရမည့်အရာမှာ ကျောက်ဝူကျင်းနှင့် အခြားလူများ လာရောက် ရှာဖွေမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ချင်ယွင်သည် ကျောက်ဝူကျင်းအား လျှို့ဝှက်ပညာရပ်ကို သင်ကြားပေးနေချိန်မှာ၊ လူနှစ်ဦး သည် ကျောက်စိမ်းသစ်တောမြို့ (ယုလင်မြို့) ရှိ ယုကလန်၏ တယ်လီပို့စနစ် အစီအရင် ဝင်္ကပါထဲမှ ထွက်လာခဲ့သည်။
တစ်ယောက်က ဆံပင်ဖြူ အဘိုးကြီးဖြစ်ပြီး၊ ကျန်တစ်ယောက်က လေထဲတွင် ဝှေ့ယမ်းနေသော ကျောက်စိမ်းသစ်ပင်ကဲ့သို့ လူငယ်တစ်ယောက် ဖြစ်သည်။ သူတို့ နှစ်ဦးစလုံးသည် အစောပိုင်း အင်မော်တယ်ဘုရင် နယ်ပယ်တွင် ရှိနေကြသည်။
"မင်္ဂလာပါ ဆရာ။" ဤနေရာ၌ အချိန်အကြာကြီး စောင့်ဆိုင်းနေသော ကျောက်ဝူကျင်းက ကမန်းကတန်း နှုတ်ဆက်စကား ပြောလိုက်သည်။
"ဝူကျင်း၊ ငါ မင်းကို မိတ်ဆက်ပေးမယ်။ ဒါက တာချင်းအင်မော်တယ် မင်းဆက်ရဲ့ သခင်လေးရှန်ကွမ်းပဲ" ဆံပင်ဖြူ အဘိုးကြီးက ပြောသည်။
"သခင်လေး ရှန်ကွမ်းလား?။ မင်းက ရှန်ကွမ်းကလန်ရဲ့ ရှန်ကွမ်းဘိုင်လား?" ကျောက်ဝူကျင်းက အံ့သြစွာ ပြောလိုက်သည်။
"ဟား..၊ ဟား…၊ ဒီကမ္ဘာကြီးမှာ ဒုတိယရှန်ဂွမ်ဘိုင်းဆိုတာ မရှိဘူးဆိုရင်တော့၊ မင်း ငါ့အကြောင်း ပြောနေတာ ဖြစ်ပါလိမ့်မယ်။" ရှန်ကွမ်းဘိုင်က ကျယ်လောင်စွာ ရယ်မော လိုက်သည်။
ရှန်ကွမ်းဘိုင်၏ စကားကို ကြားလိုက်ရလျှင်၊ ကျောက်ဝူကျင်းသည် အနှိုင်းမဲ့ စိတ်လှုပ်ရှား နေသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။
ရှင်းရှင်းပြောရရင်၊ ရှန်ကွမ်းဘိုင်၏ အဆင့်အတန်းက မနိမ့်ကျပါဘူး။ အကယ်၍ သူသည် ရှန်ကွမ်းကလန်၏ ဤပေါင်တံကို ရင်းနှီးအောင် ချဉ်းကပ်နိုင်ခဲ့ပါက၊ သူသည် နောင်အနာဂတ်တွင် ကောင်းကင်ဘုံဂိုဏ်းထဲ၌ အလျားလိုက် လျှောက်သွားနိုင်မည် ဖြစ်သည်။
"ဝူကျင်း၊ သခင်လေးရှန်ကွမ်းက မင်းရဲ့မင်္ဂလာပွဲအကြောင်း ကြားတော့ သူက မင်းကို ဂုဏ်ပြုဖို့ ဒီကို ရောက်လာခဲ့တာ။ မင်းရဲ့ သတို့သမီးက မင်းနဲ့အတူ ကြိုဆိုဖို့ ဘာလို့ ထွက်မလာတာလဲ?။" ဆံပင်ဖြူ အဘိုးကြီးက ပြောသည်။
ထိုစကားကို ကြားလိုက်ရလျှင်၊ ကျောက်ဝူကျင်း၏ အမူအရာဟာ ချက်ချင်းဆိုသလို အလွန် ရှက်ရွံ့သွားသည့်အမူအရာ ပေါ်လွင်နေသည်။
ထို့ကြောင့်၊ သူက မြေပြင်ပေါ်တွင် လျင်မြန်စွာ ဒူးထောက်လိုက်ကာ၊ ဆံပင်ဖြူ အဘိုးအိုအား “ဆရာ၊ ဆရာက ဒီတပည့်အတွက် လက်စားချေပေးရမယ်” ဟု ပြောလိုက်လေသည်။
ဆံပင်ဖြူ အဘိုးအိုသည် မျက်မှောင်ကြုတ်ပြီး၊ သူ၏ဘေးမှာ ရပ်နေသော ရှန်ကွမ်းဘိုင် လည်း စပ်စုလိုသည့်အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
"ဘာတွေ ဖြစ်နေတာလဲ?" ဆံပင်ဖြူ အဖိုးအိုက ကမန်းကတန်း ပြောလိုက်သည်။
"ဆရာ၊ အဖြစ်ပျက်က ဒီလိုပါ" ကျောက်ဝူကျင်းက ပြောသည်။ ချင်ယွင်က ယုဒီအာကို မည်သို့ ခေါ်သွားကြောင်း သူက ချက်ချင်း ရှင်းပြလိုက်သည်။ ဟုတ်ပါသည်၊ မီးပုံထဲကို လောင်စာထည့်သလို ဖြစ်စေသည့် အစိတ်အပိုင်းတစ်ခုလည်း ရှိနေပါသည်။
ဆံပင်ဖြူ အဘိုးကြီးသည် ကျောက်ဝူကျင်း၏ ဇာတ်လမ်းကို ကြားသောအခါ၊ သူ၏ မျက်နှာသည် ချက်ချင်းပင် တုနှိုင်းမရအောင် ဒေါသထွက်သွားသည့် အမူအရာ ပေါ်လာသည်။ အထူးသဖြင့် သူ့တပည့်၏ ခန္ဓာကိုယ်အောက်ပိုင်း သုံးစားမရ ဖြစ်သွားသည်ကို ကြားသောအခါ၊ အင်မော်တယ်ဘုရင်ယွန်လုံသည် ပို၍ပင် အမျက်ဒေါသ ကြီးလာခဲ့သည်။
"မင်းက အင်မော်တယ်ဘုရင် ယွန်လုံဆိုတဲ့ ငါ့တပည့်ကို ဘယ်လိုတောင် နှိပ်စက်ရဲရတာ လဲ?။ ဒါက မင်းရဲ့မျက်လုံးထဲမှာ ငါတို့ရဲ့ကောင်းကင်ဘုံဂိုဏ်းကို တကယ်ကို ထည့်မထား ဘူးလို့ ဆိုလိုတာပဲ။" အင်မော်တယ်ဘုရင် ယွန်လုံက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုစကားကို ကြားတော့ ကျောက်ဝူကျင်း၏ မျက်နှာသည်လည်း သတ်ပစ်ချင်စိတ်တွေ ပြင်းပြလာခဲ့သည်။ သူသည် အင်မော်တယ်ဘုရင်ယွန်လုံအား "ဆရာ၊ တပည့် သူတို့ရဲ့ နေအိမ်ကို ရှာတွေ့ထားပြီ။ ယခုပဲ သွားကြမလား?" ဟု မေးလိုက်လေသည်။
"သွားကြရအောင်။ ငါ့တပည့်ကို ဘယ်သူက ဒဏ်ရာရအောင် လုပ်ရဲတာလဲဆိုတာ ငါ ကြည့်ချင်မိတယ်။ ဒီနေ့၊ ငါ သူ့ကို အပိုင်းပိုင်းစုတ်ဖြဲပစ်မယ်။" အင်မော်တယ်ဘုရင်ယွန်လုံ က ဒေါသတကြီး ပြောသည်။ သူပြောပြီးသည်နှင့် သူသည် ကျောက်ဝူကျင်းနောက်မှ မြို့ပြင်ဘက်သို့ လိုက်သွားရန် ပြင်ဆင်လိုက်သည်။
"ခဏနေပါဦး။" ဤအခိုက်အတန့်တွင် တချိန်လုံး တိတ်ဆိတ်နေသော ရှန်ကွမ်းဘိုင်က သူ၏ပါးစပ်ကို ဖွင့်ကာ ပြောလိုက်သည်။
"ညီအစ်ကို ရှန်ကွမ်း ဘာဖြစ်လို့လဲ?" အင်မော်တယ်ဘုရင်ယွန်လုံသည် ရှန်ကွမ်းဘိုင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
"ချင်ယွင်က နည်းနည်းထူးဆန်းနေတယ်လို့ မင်းတို့ မထင်ဘူးလား? သူက နက်နဲ သိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာ ရှိနေပေမယ့်၊ သူက အင်မော်တယ်ဘုရင်နီးနီး ခွန်အားကို ပိုင်ဆိုင်ထားတယ်လေ။ ဒီလူက ငါတို့ထင်သလောက် မရိုးရှင်းဘူးလို့ ငါ ခံစားရတယ်။" ရှန်ကွမ်းဘိုင်က ပြောသည်။
"ဒီတော့၊ ညီအစ်ကို ရှန်ကွမ်းက ဘာကိုဆိုလိုချင်တာလဲ?" အင်မော်တယ်ဘုရင် ယွန်လုံက မေးသည်။
"အစ်ကို ယွန်လုံ၊ မင်းမှာ ကိုယ်ပွားမရှိဘူးလား။ မင်း ဒီကိုယ်ပွားကို ဘာလို့ ဒီမှာ မချန်ထားခဲ့တာလဲ?" ရှန်ကွမ်းဘိုင်က ပြောသည်။
အင်မော်တယ်ဘုရင်ယွန်လုံသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤခရီးသည် အန္တရာယ်များသည်ဟု သူ မထင်သော်လည်း ရှန်ကွမ်းဘိုင်၏ စကားကို နားထောင်ပြီး ကိုယ်ပွားတစ်ခုကို နောက်မှာ ကျန်ထားခဲ့ပါသေးသည်။
သူ၏ကိုယ်ပွားကို ချန်ထားခဲ့ပြီးနောက်၊ အင်မော်တယ်ဘုရင်ယွန်လုံသည် ချင်ယွင်တို့ နေထိုင်ရာ ရွာငယ်လေးဆီသို့ ခက်ထန်စွာဖြင့် ဦးဆောင်သွားတော့သည်။ သေချာသည်မှာ၊ ရှန်ကွမ်းဘိုင်လည်း ချင်ယွင်ကို စူးစမ်းချင်စိတ်တွေ ပြည့်နှက်နေသောကြောင့် သူတို့ နောက်မှ လိုက်ပါသွားခဲ့ပါသည်။