← Chapters

အခန်း ၈၃၅

Vol. 56 Ch. 835

အခန်း ၈၃၅

Vol. 56 Ch. 835

အခန်း (၈၃၅) လျှို့ဝှက်ဆန်းကြယ်သောပညာရပ်၏ စွမ်းအားကို ပြသခြင်း။

"ချင်ယွင်၊ ဟောင်ခွန် ဒီကို ထွက်လာခဲ့စမ်း။" ကျောက်ဝူကျင်းသည် လေဟာနယ်ထဲတွင် ရပ်နေပြီး အောက်မှရွာလေးဆီသို့ ဟိန်းဟောက်လိုက်သည်။

သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ပင် တောင်တစ်ခုလုံးကို တုန်ခါသွားစေသည်။ ရွာသူ ရွာသားများသည် နေအိမ်များမှ ထွက်လာပြီး ကောင်းကင်ယံကို မော့ကြည့်ကြသည်။

ကောင်းကင်ကြီးပေါ်မှာ ရပ်နေသော လူသုံးယောက်ကို တွေ့လိုက်ရတော့၊ သူတို့၏ မျက်နှာတွေက အစိမ်းရောင် ပြောင်းသွားသည်။ သူတို့၏ ကိုယ်ပိုင်စွမ်းအားတွေက မမြင့်မားကြသော်လည်း၊ သူတို့မှာ အမြင်အာရုံတော့ ရှိနေတုန်းပင်၊ သူတို့သည် ဤလူသုံးယောက်၏ အထူးသဖြင့်၊ ဆံပင်ဖြူ အဘိုးကြီးနှင့် အဖြူရောင်ဝတ် လူငယ်တို့၏ ဖိအားကို ရှင်းရှင်းလင်းလင်း ခံစားရပြီး၊ ၎င်းတို့အား လွှမ်းမိုးကြီးစိုးနိုင်သော ခံစားချက်ကို ပေးစွမ်းနေသည်။

"ဒါက ဘယ်အဆင့် ပညာရှင်တွေလဲ?။ သူတို့က ဘာလို့ ငါတို့ရွာကို ရောက်လာတာလဲ?"

"ဒီလိုပညာရှင်မျိုးက ငါတို့ရဲ့ စိတ်ကူးနိုင်စွမ်းကို ကျော်လွန်နေပြီ။ သူတို့ကို မပြစ်မှားတာ ပိုကောင်းပါတယ်။"

ရွာသားတွေလည်း ချက်ချင်းဆိုသလို စတင် ဆွေးနွေးကြပါသည်။

ဤအခိုက်တွင်၊ ဟောင်ခွန်သည် ယခင်က နေထိုင်ခဲ့သော တဲထဲတွင် လူလေးယောက် မတ်တပ်ရပ်နေသည်။ သူတို့ကတော့ ချင်ယွင်၊ ဟောင်ခွန်၊ ယုဒီအာနှင့် ဝမ်မိုတို့ ဖြစ်ပါသည်။

အပြင်ကနေ ထွက်ပေါ်လာသော ဟိန်းဟောက်သံကို ကြားလိုက်ရသည့်အခါ၊ ဝမ်မို၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။ ဟုတ်ပါသည်၊ ဤအသံသည် ကျောက်ဝူကျင်း၏ အသံမှန်း သူ သိပါသည်။

နောက်ဆုံးအကြိမ်တုန်းက၊ ချင်ယွင် ပြန်လာပြီး ယုဒီအာကို ပြန်ခေါ်လာသောအခါ သူသည် အလွန် အံ့သြသွားရသည်။ ထို့နောက်၊ ယုကလန်တွင် လုပ်ဆောင်ခဲ့သည့်အရာများကို သူသည် ချင်ယွင်အား မေးမြန်းကြည့်သည်။ သို့သော် ချင်ယွင် သူ့ကို ပြန်ပြောသည့် အကြောင်းအရာတွေက သူ့ကို အကြောက်လွန်ပြီး သေလုနီးပါး ဖြစ်သွားစေလိမ့်မည်ဟု သူ မမျော်လင့်ခဲ့ပေ။

"ငါ အထူးအထွေ ဘာမှမလုပ်ခဲ့ပါဘူး။ ကျောက်ဝူကျင်းကိုတော့ ဘယ်တော့မှ ယောက်ျား တစ်ယောက် ပြန်မဖြစ်နိုင်တော့အောင် ငါ လုပ်ပစ်ခဲ့တယ်" ဝမ်မိုသည် ဤစကားလုံးများ ကို ယခုချိန် ပြန်အောက်မေ့လိုက်စဉ်မှာ၊ သူ၏အောက်ပိုင်းသည် အေးစိမ့်သွားရဆဲ ဖြစ်သည်။

ကျောက်ဝူကျင်းသည် ကောင်းကင်ဘုံဂိုဏ်း၏ လက်ရွေးစင် တပည့်တစ်ဦးဖြစ်ပြီး၊ စိတ်ဆိုး ဒေါသထွက်လွယ်သည့် အင်မော်တယ်ဘုရင်အဆင့် ဆရာတစ်ဦးလည်း ရှိနေသေးသည်။ သူ၏ဆရာသည် သူတို့ကို အလွှတ်မပေးဘူးဆိုသည်မှာ သေချာပါသည်။

ယခုတော့ ဝမ်မိုသည် သူ၏ဘဝတစ်ခုလုံး ယခုလို ဟိန်းဟောက်သံကို ကြားလိုက်ရတော့၊ သူတွင် အလွန်ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ရှိလာခဲ့သည်။

တစ်ဖက်တွင်၊ ယုဒီအာလည်း လေးနက်သောအမူအရာ ရှိနေသည်။ ယနေ့တွင် သူတို့သည် ကြီးမားသော ဘေးဆိုးကြီးနှင့် ရင်ဆိုင်ရမည်ကို သူမ သိထားသည်မှာ ထင်ရှားပါသည်။

ထို့ကြောင့် သူမသည် ချင်ယွင်ကို လှည့်ကြည့်လိုက်ရာ ချင်ယွင်သည် အလွန် ငြိမ်သက်နေ သည်ကို တွေ့လိုက်ရလျှင်၊ ယင်းက သူမကို စိတ်သက်သာရာရဟန်ဖြင့် အသက်ပြင်းပြင်း ရှူရှိုက်မိစေသည်။

"အဆင်သင့်ဖြစ်ပြီလား?" ချင်ယွင်က ဟောင်ခွန်ကို ပြုံးပြီး မေးသည်။

ကျောက်ဝူကျင်းနှင့် အခြားသူများ ရောက်လာခြင်းကို သူ သတိထားမိသည်မှာ ကြာပြီ ဖြစ်သလို၊ ၎င်းတို့နှင့် ရင်ဆိုင်ရန် နည်းလမ်းကို သူ ပြင်ဆင်ထားပြီးလည်း ဖြစ်ပါသည်။

ဟောင်ခွန်က ချင်ယွင်ကို လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ ချင်ယွင်က သူ့ကို လျှို့ဝှက်ပညာရပ်နှင့်ပတ်သက်၍ မေးမြန်းခြင်းဖြစ်ကြောင်း သူ သိပါသည်။

မနေ့ညက ချင်ယွင်သည် သူ့ကို လျှို့ဝှက်ပညာရပ်တစ်ခုကို သင်ကြားပေးပြီးသား ဖြစ်သည်။ ဤလျှို့ဝှက်ပညာရပ်သည် မည်မျှ အစွမ်းထက်ကြောင်းကိုလည်း သူခံစားနိုင် သည်။ ယခုတော့ ကျောက်ဝူကျင်းကို သတ်နိုင်မည်ဟု သူ ယုံကြည်လာခဲ့သည်။

"ဒါဆိုလည်း အပြင်ထွက်ရအောင်။" ဟောင်ခွန် ခေါင်းညိတ်ကိုမြင်လျှင်၊ ချင်ယွင်က ပြောသည်။

ထို့နောက် ချင်ယွင်နှင့် အခြားလေးယောက်သည် တဲထဲမှ ထွက်လာခဲ့ကြသည်။

ဝမ်မိုသည် အင်မော်တယ်ဘုရင် ယွန်လုံနှင့် ရှန်ကွမ်းဘိုင်တို့ကို တွေ့သောအခါ၊ သူ၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။ သို့သော် ယခုအချိန်တွင် ထွက်ပြေးရန် အချိန်နှောင်းသွားပါပြီ။ ယခုအချိန်တွင် ချင်ယွင်သည် ဤအရာအားလုံးကို ရင်ဆိုင်နိုင်လိမ့် မည်ဟုသာ သူ မျှော်လင့်ထားနိုင်ပါသည်။ ထိုသို့မဟုတ်ရင်၊ သူ ဒီနေ့ ဒီနေရာမှာဘဲ သေရပါလိမ့်မည်။

ချင်ယွင်သည် ကျောက်ဝူကျင်းတို့ သုံးယောက်ကို ခြုံငုံကြည့်လိုက်ရင်း၊ နောက်ဆုံးတွင် အင်မော်တယ်ဘုရင် ယွန်လုံနှင့် ရှန်ကွမ်းဘိုင်တို့ကို အကဲခတ်လိုက်သည်။

အင်မော်တယ်ဘုရင် ယွန်လုံကို သူ လုံးဝ မကြောက်ပါဘူး။ ချင်ယွင် အာရုံစိုက်နေသည့် လူက သူ၏ဘေးတွင် အဖြူရောင် အင်မော်တယ်၀တ်စုံကို ၀တ်ဆင်ထားသည့် လူငယ် ဖြစ်ပါသည်။ ထိုလူငယ်သည် ချင်ယွင်ကို အန္တရာယ်အငွေ့အသက် ပေးစွမ်းနေခဲ့သည်။

သေချာသည်မှာ၊ ချင်ယွင်အနေဖြင့် လုံးဝ ကြောက်ရွှံ့ခြင်း မရှိပါဘူး။ အဆိုးဆုံး အခြေအနေ ဖြစ်လာလျှင်၊ သူသည် နောက်ဆုံးမှာ ရှေးဟောင်းတာအိုဆရာသခင်ကို လှုပ်ရှားခိုင်းရ လိမ့်မည်။

"ဟမ့်၊ ချင်ယွင်၊ ဟောင်ခွန်၊ မင်းတို့တွေ နောက်ဆုံးတော့ ထွက်လာဖို့ ဆန္ဒရှိပြီပေါ့။ အရင်ကတော့ မင်းတို့ကို အမြဲတမ်း သူရဲဘောကြောင်သူတွေလို့ ငါ ထင်ခဲ့တာ။" ချင်ယွင် နှင့် ဟောင်ခွန်တို့ ထွက်ပေါ်လာသည်ကို မြင်တော့၊ ကျောက်ဝူကျင်း၏ မျက်လုံးတွေက ချက်ချင်းပင် ပြင်းထန်သော အေးစက်မှုကို ပေါ်လွင်စေလာသည်။

"ကျောက်ဝူကျင်း။ အဲဒီတုန်းက မင်းက ဝမ်အာကို သတ်ခဲ့ပြီး၊ ငါ့ကိုလည်း အနှစ်ငါးရာ လောက် အကျဉ်းချထားခဲ့တယ်။ ဒါကို မလုံလောက်သေးဘူးလို့ မင်း ထင်နေသလား?။ ငါနဲ့ ဒီအာရဲ့ ပျော်ရွှင်မှုကို မင်း ဘာလို့ လာဖျက်စီးရတာလဲ?။" ကျောက်ဝူကျင်းကို ကြည့်ရင်း ဟောင်ခွန်၏ မျက်လုံးများသည် အေးစက်နေပြီး၊ သူ၏မျက်လုံးများတွင် သတ်ဖြတ်လို သည့် အရိပ်အယောင်များ ရှိနေပါသည်။

"ဟား…၊ ဟား…။ ဘာလို့လဲ ဟုတ်လား?။ မင်းကြောင့်ပေါ့ကွာ။ ဟောင်ခွန်၊ သူမတို့က မင်းနဲ့ မထိုက်တန်လို့ပေါ့။ ဟောင်ခွန်၊ မင်းကို ငါ ပြောလိုက်ပါရစေ၊ မင်း လိုချင်တာမှန်သမျှ၊ ငါ မင်းဆီကနေ ပြန်လုယူပစ်မယ်။ ဟိုတုန်းက ဂျိဝမ်အာကိစ္စနဲ့ အခု ယုဒီအာကိစ္စလည်း ဒီအတိုင်းပဲ။ မင်းကို ငါ့ရဲ့အရိပ်အောက်မှာပဲ ထာဝရ ရှိနေစေချင်တယ်။" ကျောက်ဝူကျင်း က ခက်ထန်သော အမူအရာဖြင့် ပြောလိုက်သည်။

ဟောင်ခွန်သည် ကျောက်ဝူကျင်း၏ စကားကို ကြားသောအခါ ပြင်းထန်သော ဒေါသများ ထွက်ပေါ်လာသည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း၊ ဒီနေ့ ငါတို့ရဲ့ ရန်ငြိုးတွေ အားလုံးကို ဖြေရှင်းလိုက်ကြစို့။ ကျောက်ဝူကျင်း၊ ဒီနေ့၊ မင်းနဲ့ငါပဲ တိုက်ခိုက်ကြမယ်။ ဒါကို မင်း လက်ခံရဲလား?" ဟောင်ခွန်က ကျယ်လောင်စွာ ပြောလိုက်ပြီး သူ၏လေသံမှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသည်။

"ရယ်စရာကောင်းလိုက်တာ။ မင်းရဲ့ ကျင့်ကြံမူအခြေခံက ငါ့ကြောင့် သုံးစားမရဖြစ်သွားပြီ လေ။ ဒါတောင် မင်းက လာပြီး ကြွားဝါရဲ…..." ကျောက်ဝူကျင်းသည် သူ၏ စကားတစ်ဝက်တွင် မှင်သက်ပြီး အံ့အားသင့်သွားရသည်။

အဘယ့်ကြောင့်ဆိုသော်၊ ဟောင်ခွန်၏ ခန္ဓာကိုယ်သည် အင်မော်တယ် စွမ်းအင် အတက်အကျလှိုင်းများဖြင့် အမှန်တကယ် မြင့်တက်လာခဲ့ပြီး သူ၏ ကျင့်ကြံမှု အခြေခံသည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့်သို့ အမှန်တကယ် ပြန်လည် ရောက်ရှိနေသောကြောင့် ဖြစ်ပါသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အင်မော်တယ်သတ်ဖြတ်ခြင်းဆူးကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာတွေကို မင်း ဘယ်လိုကုစားခဲ့တာလဲ?။ ငါ့ကို မြန်မြန် ပြောပြစမ်းပါ။" ကျောက်ဝူကျင်းက ကမန်းကတန်း အော်ပြောလိုက်သည်။

သူသည် ယောင်္ကျားဘဝဆုံးသည်အထိ ချင်ယွင်၏ နှိပ်စက်ခြင်းကို ခံခဲ့ရပြီး၊ ယခုအချိန်တွင် ထိုအရာသည် သူ၏ နှလုံးသားထဲတွင် အကြီးမားဆုံး အရိပ်မည်းကြီးတစ်ခု ဖြစ်လာခဲ့သည်။ ယခု ဟောင်ခွန်သည် သူ၏ ဒန်တန်ကို အမှန်တကယ် ပျောက်ကင်းအောင် ကုသနိုင်ခဲ့ သည်။ သူသည် ပြန်လည်ကောင်းမွန်လာမည့် မျှော်လင့်ချက်ကို ချက်ချင်း မြင်လိုက်ရလေ သည်။

ကျောက်ဝူကျင်း၏ အောက်ပိုင်း ခန္ဓာကိုယ်သည် သုံးစားမရ ဖြစ်သွားခြင်းအကြောင်းကို ဟောင်ခွန်လည်း သိထားပါသည်။ သူက ကျောက်ဝူကျင်းကို ကြည့်ပြီး အထင်သေးဟန် ဖြင့် ပြောလိုက်သည် "အင်မော်တယ်သတ်ဖြတ်ခြင်းဆူးကို ကုသနိုင်တဲ့နည်းလမ်းက ငါ့ဆီမှာ ရှိနေတယ်။ တကယ်လို့၊ မင်းမှာ အစွမ်းအစရှိတယ်ဆိုရင် မင်းကိုယ်တိုင် လာယူလို့ရတယ်။"

"ကောင်းပြီလေ၊ မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။" ကျောက်ဝူကျင်း၏ မျက်လုံးများသည် ချက်ချင်းပင် အုံ့မှိုင်းနေသော မြူမှုန်များဖြင့် မှိုင်းတက်သွားခဲ့သည်။ သတ်ဖြတ်လိုသည့်ဆန္ဒ တစွန်းတစက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

သူ စကားပြော ပြီးပြီးချင်း၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွက်အထိပ် အဆင့် အငွေ့အသက်က ချက်ချင်း ထွက်ပေါ်လာပြီး၊ အကန့်အသတ်မရှိသော အငွေ့အသက်က သူ၏ပတ်ဝန်းကျင် ကမ္ဘာကြီးကို တုန်လှုပ်သွားစေခဲ့သည်။

ချင်ယွင်က ကောင်းကင်ယံကို မော့ကြည့်လိုက်တော့ အင်မော်တယ်ဘုရင် ယွန်လုံနှင့် ရှန်ကွမ်းဘိုင်တို့က ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိကြောင်း တွေ့ရှိလိုက်ရသည်။ ထို့ကြောင့်၊ သူလည်း စိတ်သက်သာရာ ရသွားပါသည်။ ဟောင်ခွန်နှင့် ကျောက်ဝူကျင်း တို့၏ တိုက်ပွဲသည် မူလကတည်းက ချင်ယွင်၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါသည်။ အခု ဤအရာသည် သူလိုချင်သည် သက်ရောက်မှုအတိုင်း ဖြစ်ပါသည်။

ဟောင်ခွန်သည် ကျောက်ဝူကျင်း၏ ပြင်းထန်သော အငွေ့အသက် ထုတ်ဖော်ပြသလာ သည်ကို မြင်လိုက်ရလျှင်၊ သူ၏မျက်လုံးများသည်လည်း ဆုံးဖြတ်ချက် ပြတ်သားမူနှင့်အတူ ဝင်းလက်တောက်ပလာသည်။ သူသည် ချင်ယွင် သင်ပေးထားသော လျှို့ဝှက်ပညာရပ်ကို တိတ်တဆိတ် စတင် ဖြန့်ကျက်လိုက်သည်။

"သေလိုက်တော့..”။ ကျောက်ဝူကျင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် လျှပ်တပြက် မိုင်တစ်သောင်းနိယာမ ချက်ချင်း အသက်သွင်းရန် လေစွမ်းရည်ကို ချက်ချင်း အသုံးပြုလိုက်သည်။ သူ၏ပုံရိပ်များသည် လေထုအမျှင်တန်းအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ဟောင်ခွန်ဆီသို့ ပျံသန်းသွားခဲ့သည်။ သူသည် လက်သည်းများကို ဆန့်ထုတ်ကာ လင်းယုန် ငှက်ကဲ့သို့ ဟောင်ခွန်ကို ပြင်းထန်စွာ ဆုပ်ကိုင်လိုက်သည်။ ထိုလက်သည်းများတွင် ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ်စွမ်းအင် အတက်အကျလှိုင်းများ ပါရှိနေ သည်။

အဝေးမှာ ရပ်နေသော ဝမ်မိုသည် ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်၊ သူ၏မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူကိုယ်တိုင်လည်း နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါသည်။ ကျောက်ဝူကျင်း၏ လက်သည်းတွင်ပါရှိသော စွမ်းအားသည် သူ၏နှလုံးကို တုန်လှုပ်စေသည်။ တခဏအတွင်းမှာ ဟောင်ခွန်သည် ကျောက်ဝူကျင်း၏ ကုတ်ခြစ်မှုအောက်တွင် သေချာပေါက် သေသွားလိမ့်မည်ဟု သူ ထင်ထားသည်။

တစ်ဖက်တွင်၊ ယုဒီအာ၏ မျက်လုံးများက ပြင်းထန်သော စိုးရိမ်မှု အရိပ်အယောင် ပေါ်လွင်နေသည်။ ချင်ယွင်တစ်ယောက်သာ တည်ငြိမ်နေခဲ့သည်။

"မင်းမှာရှိတာ ဒါအကုန်ပဲလား?"

သို့သော် ထိုအချိန်တွင်၊ ဟောင်ခွန်၏ လွှမ်းမိုးကြီးစိုးနိုင်သော အသံသည် လူတိုင်း၏ နားထဲတွင် ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ ဟောင်ခွန်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ရှေ့သို့ ခြေလှမ်းတစ်ဝက်ခန့် ရွေ့လျားလာသည်ကို လူတိုင်း တွေ့လိုက်ရပြီး၊ လက်သီး တစ်ချက်က ကျောက်ဝူကျင်း၏ ရင်ဘတ်ထဲသို့ ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား တိုက်ရိုက် ထိမှန်သွားလေသည်။

"ဘုန်း…."

ကျောက်ဝူကျင်း၏ မျက်လုံးများ ပြူးသွားပြီး သူ၏မျက်နှာသည် ထိတ်လန့် တုန်လှုပ် သွားပါသည်။ သို့သော်လည်း နောက်တစက္ကန့်အကြာတွင်၊ သူသည် ကြယ်တစ်စင်းဖြင့် ထုရိုက်ခံလိုက်ရသည့်အလား သူ၏ရင်ဘတ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ခံစားလိုက်ရသည်။ သူသည် အနောက်သို့ လျင်မြန်စွာ လွင့်ထွက်သွားပြီး၊ အဝေးမှ တောင်ထွတ်တစ်ခုသို့ အပြင်းအထန် ပစ်တိုက်မိကာ မိုးခြိမ်းသံလို ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

"ဘာလဲ?"

ကောင်းကင်ယံမှ အင်မော်တယ်ဘုရင် ယွန်လုံသည်လည်း အံ့အားသင့်သွားဟန် အမူအရာ ကို ထုတ်ဖော်လိုက်မိသည်။

All Chapters