← Chapters

အခန်း ၈၃၆

Vol. 56 Ch. 836

အခန်း ၈၃၆

Vol. 56 Ch. 836

အခန်း (၈၃၆) ဟောင်ခွန်၏ လွှမ်းမိုးကြီးစိုးနိုင်သောအငွေ့အသက်။

အင်မော်တယ်ဘုရင် ယွန်လုံသည် နောက်သို့ လွင့်ပျံသွားသော ကျောက်ဝူကျင်းကို ကြည့်လိုက်ရင်း၊ နှိုင်းစာ၍မရအောင် အံ့အားသင့်နေသော အမူအရာကို ထုတ်ဖော်နေ သည်။

မူလက ဟောင်ခွန်သည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့်၌ သာ ရှိနေသည်ကို သူမြင်သောအခါတွင်၊ သူ၏တပည့်က သူ့ကိုသတ်ခြင်းသည် လွယ်ကူသော အလုပ်ဟု သူ ဆိုနိုင်သည်။

သို့သော်လည်း၊ ယခုလေးတင် တိုက်ခိုက်မှုတွင် သူ၏တပည့်သည် လက်သီးတစ်ချက် ကြောင့် လွင့်ပျံသွားခဲ့ရသည်။ ဤအရာကို သူ မည်သို့ မအံ့သြဘဲ နေနိုင်မည်နည်း?။

အဝေးမှ အဖြစ်ပျက်တွေကို နားမလည်နိုင်ဖြစ်နေသည့် ဝမ်မိုလည်း ထိတ်လန့်သွားရ သည်။ ဟောင်ခွန်သည် အဘယ်ကြောင့် ရုတ်တရက် သန်မာလာသည်ကို သူ နားမလည်ပါ။

ချင်ယွင်သည် မျက်လုံးများကို မှေးကျဉ်းထားပြီး ပြုံးနေသော်လည်း သူ၏ အင်မော်တယ် စိတ်အာရုံသည် အင်မော်တယ်ဘုရင် ယွန်လုံ ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးနိုင် ရန် အချိန်တိုင်း စူးစိုက်ကြည့်နေလေသည်။

ဟောင်ခွန်သည် ကျောက်ဝူကျင်းကို လက်သီးတစ်ချက်ဖြင့် လွင့်ပျံသွားစေပြီးနောက်၊ သူသည် ထပ်မံ တိုက်ခိုက်ရန် အလျင်စလို မလုပ်ခဲ့ပေ။ ယခုအချိန်တွင်၊ သူသည် သူ၏ခန္ဓာကိုယ်ပေါ်က စွမ်းအားတွေနှင့် တဖြည်းဖြည်း ရင်းနှီးလာအောင် လုပ်ဆောင်နေ သည်။

သူ့ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံးသောအရပ်မှ အဆုံးမရှိသော စွမ်းအားများ ထွက်ပေါ်လာ သည်။ ဤစွမ်းအားကို သူ၏ အင်မော်တယ် အနှစ်သာရကို လောင်ကျွမ်းခြင်းမှ သူ ရရှိလာခြင်း ဖြစ်ပါသည်။

ဝှီး…။

ဤအခိုက်အတန့်တွင် ပြင်းထန်သော လေပြင်းတစ်ချက်သည် သူတို့ဆီသို့ လျင်မြန်စွာ တိုးဝင်လာသည်။ အစိမ်းပြာရောင် အလင်းတန်းတစ်ခုက လင်းလက်လာပြီး ဆံပင်ဖရိုဖရဲ နှင့် သွေးစွန်းထင်းနေသော အမျိုးသားတစ်ဦးသည် လူတိုင်း၏ရှေ့တွင် ပေါ်လာသည်။ ဤလူသည် ဟောင်ခွန်ကြောင့် ထိတ်လန့်ခြောက်ခြားစွာ လွင့်ပျံသွားခဲ့ရသော ကျောက်ဝူကျင်း ဖြစ်သည်။

ကျောက်ဝူကျင်းသည် ဟောင်ခွန်ကို စိုက်ကြည့်ရင်း သူ၏မျက်လုံးများတွင် အမျက်ဒေါသ များနှင့် ပြည့်နှက်နေခဲ့သည်။

"ငါ မင်းကို သတ်မယ်..”။ ကျောက်ဝူကျင်းက ဟိန်းဟောက်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ် ပေါ်ရှိ လေစွမ်းရည် နိယာမများသည် ချက်ချင်းဆိုသလို တဟုန်ထိုး မြင့်တက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဟောင်ခွန်ဆီသို့ နောက်တစ်ဖန် တဟုန်ထိုး ပစ်ဝင်သွား ပြန်သည်။

သို့သော်၊ ဟောင်ခွန်၏ အမူအရာက ရေကဲ့သို့ ငြိမ်သက်နေပြီး သူ၏မျက်လုံးများတွင် မထီမဲ့မြင် အရိပ်အယောင် ပေါ်လာသည်။

ဝှီး…။

ဟောင်ခွန်၏ ရုပ်အသွင်သည် ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားပြီး ကျောက်ဝူကျင်း၏ ရှေ့မှာ ချက်ချင်း ပေါ်လာသည်။ သူ၏အမြန်နှုန်းသည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမ၏ သေးငယ်သော အောင်မြင်မူအဆင့်တွင်ရှိနေသော ကျောက်ဝူကျင်းထက်ပင် ပိုမြန်နေ သည်။

“ဘုန်း…”။

ဟောင်ခွန်၏ လက်သီးသည် သရဲတစ္ဆေကဲ့သို့ ကျောက်ဝူကျင်း၏ ဝမ်းဗိုက်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။

"ဖူး…။

ကျောက်ဝူကျင်းသည် ထိုနေရာမှာပင် ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရပြီး၊ သူ၏ ဝမ်းဗိုက်သည် မီးတောက်မီးလျှံကဲ့သို့ ပူလောင်နေသည်။

"မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး။" ကျောက်ဝူကျင်းက သူ့ကိုယ်သူ ဆက်ပြောနေခဲ့ပြီး၊ သူ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုတွေနှင့် ပြည့်နှက်နေပါသည်။

"ဟမ့်၊ ကျောက်ဝူကျင်း၊ တစ်နေ့ မင်း ငါ့ကို ရှုံးနိမ့်ရလိမ့်မယ်လို့ မင်း မမျှော်လင့်ထားဘူး မဟုတ်လား?" ဟောင်ခွန်က အေးစက်စွာ ပြောလိုက်သည်။ သူသည် စကားပြောနေစဉ် ကျောက်ဝူကျင်းကို လက်သီးဖြင့် နှုတ်ဆက်ရန်လည်း မမေ့ခဲ့ပါ။

"ဘုန်း…”။

ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်သော လက်သီးချက်များက ကျောက်ဝူကျင်း၏ ရင်ဘတ်ကို တစ်လုံးပြီးတစ်လုံး ဆက်တိုက် ထိမှန်သွားကာ ကျောက်ဝူကျင်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို လုံးလုံးလျားလျား ပျက်စီးသွားစေသည်။

"မဖြစ်နိုင်ဘူး၊ မင်းလို ပုရွက်ဆိတ်တစ်ကောင်ကို ငါ ဘယ်လိုလုပ် ရှုံးနိမ့်ရမလဲ?။ ငါ မင်းကို တိုက်ခိုက်မယ်။" ကျောက်ဝူကျင်းသည် ချက်ချင်းပင် မကျေမနပ်အသံဖြင့် အော်ဟစ်လိုက် သည်။ ထို့နောက်၊ သူသည် ဟောင်ခွန်ဆီသို့ ပစ်ဝင်ရန် သူ၏ အင်မော်တယ် အနှစ်သာရကို အလျင်အမြန် စုစည်းလိုက်သည်။

"ဟမ့်၊ မင်းက ဝမ်အာကို သတ်ဖြတ်ပြီးကတည်းက ဒီနေ့လို အဖြစ်ပျက်မျိုး ရောက်ရှိလာ မယ်ဆိုတာကို မင်း စဉ်းစားထားသင့်တယ်" ဟောင်ခွန်က အေးစက်စွာ အော်ပြောလိုက် သည်။ ဝမ်အာအကြောင်းကို ပြောနေစဉ်မှာ၊ ပြင်းထန်သော အေးစက်မှုက သူ၏ မျက်လုံးထဲတွင် ချက်ချင်း ပျံ့နှံ့လာခဲ့သည်။

သူသည် ကျောက်ဝူကျင်း၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး၊ သူ၏ ခွန်အားကို စိုက်ထုတ်လိုက်သည်။

"ဖူး…"

ကျောက်ဝူကျင်း၏လက်မောင်းသည် ဟောင်ခွန်ကြောင့် တိုက်ရိုက် ဆွဲထုတ်ခံလိုက်ရ သည်။

"အား….”။

ကျောက်ဝူကျင်းသည် ချက်ချင်းပင် ရူးမတတ် နာကျင်ဖွယ်အသံဖြင့် အော်ဟစ်လိုက်သည်။ မူလက စုစည်းထားသည့် သူ၏ အင်မော်တယ်အနှစ်သာရသည် သူ၏ ခန္ဓာကိုယ်တစ်ဝိုက် တွင် ဖရိုဖရဲ ပျံ့နှံ့ပြေးသွားခဲ့ပြီး၊ ယင်းကြောင့် ကျောက်ဝူကျင်း၏ ပါးစပ်မှ သွေးများအန်ကာ ချောင်းတဟွတ်ဟွတ် ဆိုးနေသည်။

"ရပ်လိုက်တော့၊ ငါ့တပည့်ကို မြန်မြန်လွှတ်ပေးလိုက်စမ်း..။"

ကျောက်ဝူကျင်း၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရတော့ အင်မော်တယ်ဘုရင် ယွန်လုံသည် မခံမရပ်နိုင် ဖြစ်ခဲ့ရသည်။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဟောင်ခွန်ဆီသို့ ရိုက်ချတော့မည်။

ဟောင်ခွန်သည် အင်မော်တယ်ဘုရင် ယွန်လုံ၏ လက်ဖဝါးတွင် ပါရှိသော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရသည်။ သူ အနည်းငယ် မျက်မှောင်ကြုတ်ပြီး နောက်၊ တုန့်ဆိုင်းမနေဘဲ သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်တွေကို သူ၏လက်ဖဝါးပေါ်တွင် စုစည်းလိုက်သည်။

"ဟမ့်၊ ကျောက်ဝူကျင်း၊ မင်းက ဝမ်အာကို သတ်ခဲ့ပြီး၊ ဒီအာကိုလည်း ရည်ရွယ်ချက်ရှိရှိနဲ့ သိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး။ သေလိုက်တော့" ဟောင်ခွန်သည် အေးစက်စက် နှာခေါင်းရှုတ်လိုက်ပြီး ဓားအဖြစ် သူ၏ လက်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက သူ၏ လက်ဖဝါးမှ ပျံ့နှံ့ထွက်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခု လင်းလက်လာပြီး ကျောက်ဝူကျင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဤဓားအလင်းကြောင့်၊ နှစ်ခြမ်းကွဲသွားလေသည်။

"မဟုတ်ဘူး" ကျောက်ဝူကျင်းသည် အော်ဟစ်လိုက်ပြီး၊ သူ၏မျက်လုံးများတွင်၊ စိတ်ရှုပ်ထွေးမှုအပြည့် ရှိနေခဲ့သည်။

အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်တွင် ရှင်းရှင်းလင်းလင်း ရှိနေသည့် ဤဟောင်ခွန်သည် ဤမျှလောက် အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းအားကို မည်သို့ ပိုင်ဆိုင်နိုင်သည်ကို သူ နားမလည်ခဲ့ပေ။ တစ်ချိန်တည်းမှာပင်၊ သူ၏ နှလုံးသား သည် ပြင်းထန်သော နောင်တများဖြင့် ပြည့်နှက်နေသည်။ သူသည် ဟောင်ခွန်ကို တိုက်ဖို့ရန် သဘောတူလိုက်မိသည့်အတွက် နောင်တရမိသည်.

သို့သော် သူ နောင်တရသည့်အချိန်၌ အချိန်နှောင်းသွားပါပြီ။

အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အလယ်မှနေ တောက်ပသော အလင်းရောင်တစ်ချက် ထုတ်လွှတ်လာသောကြောင့် ဖြစ်ပါသည်။ အဆုံးတွင် လူတိုင်း၏ ထိတ်လန့်သော အကြည့်များအောက်တွင် သွေးမိုးများ ရွာသွန်းသွားခဲ့သည်။

"ကျောက်ဝူကျင်း....."

ကျောက်ဝူကျင်း အသတ်ခံရသည်ကို မြင်လျှင်၊ အင်မော်တယ်ဘုရင် ယွန်လုံ၏ မျက်လုံးတွေက ချက်ချင်း နီမြန်းလာသည်။ တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးအစုံသည် ဟောင်ခွန်ကို စိုက်ကြည့်ရင်း လေထဲသို့ လက်ဖဝါးတစ်ချက် ရိုက်ချလိုက်လေသည်။

ဤလက်ဖဝါးတွင် အနှိုင်းမဲ့ ကြောက်မက်ဖွယ် စွမ်းအားများ ပါရှိနေသည်။ ဟောင်ခွန်သည် မူလကတည်းက သတိလက်လွတ်ဖြစ်နေသည်။ ထို့အပြင်၊ ဤလျှို့ဝှက် ပညာရပ်ကို ထုတ်ဖော်ထားချိန်မှာပင်၊ သူ၏ခွန်အားသည် ယွန်လုံထက် များစွာ နိမ့်ကျနေသေးသည်။ ထို့ကြောင့်၊ ဟောင်ခွန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အင်မော်တယ်ဘုရင် ယွန်လုံ၏ လက်ဖဝါးကြောင့် လွင့်ထွက်သွားလေသည်။

သူသည် မြေကြီးပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားပြီး၊ ကြီးမားသော တွင်းနက်ကြီး တစ်ခုပင် ဖန်တီးဖြစ်ပေါ်လာသည်။

ဟောင်ခွန်သည် ပါးစပ်ထဲမှ သွေးများအန်ထုတ်ကာ သွေးချောင်း တဟွတ်ဟွတ် ဆိုးလိုက် သည်။ တစ်ချိန်တည်းမှာပင်၊ သူ၏ခန္ဓာကိုယ်ရှိ လျှို့ဝှက်ပညာရပ်သည်လည်း လုံးဝ ပျောက်ကွယ်သွားကာ သူ၏ပုခုံးပေါ်ရှိ အနက်ရောင်ဆံပင်များသည် မီးခိုးရောင် ဖြစ်လာလေသည်။

“ငါ့ တပည့်ကို သတ်ဝံ့မှတော့၊ ဒီနေ့၊ မင်း သေရမယ်” အင်မော်တယ်ဘုရင် ယွန်လုံသည် ချက်ချင်းပင် ဟိန်းဟောက်သည်။ ဟောင်ခွန်အား လုံးလုံးလျားလျား သတ်ပစ်လိုသော စိတ်ကြောင့်၊ သူ၏တစ်ကိုယ်လုံး ရူးသွပ်သွားပုံရသည်။

"ဟမ့်၊ တကယ်လို့၊ ခင်ဗျား သူ့ကို သတ်ရဲရင်၊ ကျုပ်က ခင်ဗျားကို သတ်ရလိမ့်မယ်"

သို့သော်၊ ထိုအချိန်တွင် ချင်ယွင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူသည် ဟောင်ခွန်ရှိနေသည့် တွင်းနက်ကြီး၏ အထက်မှာ ရုတ်တရက် ပေါ်လာပြီး၊ အလွှာတစ်ထောင်လေအရိပ်လက်သီးကို တိုက်ရိုက်အသုံးပြုပြီး၊ အင်မော်တယ်ဘုရင် ယွန်လုံ၏ လက်ဖဝါးနှင့် အပြင်းအထန် တွေ့ဆုံသွားသည်။

"ဘုန်း..”။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

အင်မော်တယ်ဘုရင် ယွန်လုံသည် ချင်ယွင်၏ လက်သီးချက်ကြောင့် ပျံသန်းသွားခဲ့ပြီး၊ သူ၏ရုပ်အသွင်သည် ပေတစ်ထောင်အကွာသို့ လွင့်ပျံသွားခဲ့သည်။ ထိုမှသာ သူ၏ လက်ဖဝါးမှ ခွန်အားကို ဖယ်ရှားနိုင်ခဲ့သည်။

ချင်ယွင်သည် လေဟာနယ်ထဲတွင် ခြေနှစ်လှမ်းသာ နောက်ဆုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်က ချက်ချင်း တည်ငြိမ်သွားသည် ။

ယွန်လုံသည် ရုတ်တရက် ထွက်ပေါ်လာသော ချင်ယွင်ကို ထိတ်လန့်စွာ ကြည့်ကာ၊ သူ၏ မျက်လုံးများတွင် မယုံနိုင်စရာများဖြင့် ပြည့်နေသည်။

တကယ်ကို၊ သူသည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အထွက်အထိပ်အဆင့် တစ်ယောက်အထံမှ လက်သီးချက်တစ်ချက်ကြောင့် တွန်းထုတ်ခံခဲ့လိုက်ရသည်။ ဤအရာက သူ၏ခံယူချက်ကို လုံးဝ ပျက်စီးသွားစေခဲ့သည်။ သူ၏ အင်မော်တယ်စိတ်အာရုံ ဖြင့် ထိုးထွင်းသိမြင်မူကြောင့်သာ၊ ချင်ယွင်သည် အမှန်တကယ်ပင် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်၏ အထွက်အထိပ်အဆင့်မှာသာ ရှိနေသည်ဟု သူယုံကြည်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက၊ ချင်ယွင်သည် အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်ကြောင်းပင် သံသယဝင်နိုင်သည်။

ကောင်းကင်ယံမှ အဖြူရောင်ဝတ် လူငယ်သည် ဤမြင်ကွင်းကို မြင်သောအခါ၊ ချင်ယွင်ကို ဂရုတစိုက် စစ်ဆေးကြည့်ရင်း၊ သူ၏မျက်လုံးများသည် အံ့အားသင့်သည့် အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်မိသည်။

ချင်ယွင်သည် အင်မော်တယ်ဘုရင် ယွန်လုံကို အေးစက်စွာ ကြည့်နေသည်။ သူ၏ မျက်လုံးများသည် လွှမ်းမိုးကြီးစိုးလိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

"အဘိုးကြီး၊ ဒီနေရာကနေ ထွက်သွားဖို့ ကျုပ် ခင်ဗျားကို အကြံပေးချင်တယ်။ မဟုတ်ရင်၊ ခင်ဗျား၊ ဒီနေ့ အသက်ရှင်နေနိုင်မှာ မဟုတ်တော့ဘူး။" ချင်ယွင်က အေးစက်စွာ ပြောသည်။

သူသည် အင်မော်တယ်ဘုရင် ယွန်လုံနှင့် ရန်ငြိုးရန်စမရှိပေ။ အကယ်၍၊ အင်မော်တယ် ဘုရင် ယွန်လုံသည် နာခံမှုရှိစွာ ထွက်ခွာသွားပါက၊ သူသည် သဘာဝအတိုင်း သူ့ကို ပြဿနာရှာမည် မဟုတ်ပေ။ သူသည် အခြားတဖက်က မသေမချင်း တိုက်ခိုက်လာမှာကို သူ စိုးရိမ်မိသည်။

"ဟမ့်၊ မင်းတို့က ငါ့တပည့်ကို သတ်လိုက်ပြီးမှ၊ မင်းက ငါ့ကို ထွက်သွားဖို့ ခွင့်ပြုတာလား?။ ငါအင်မော်တယ်ဘုရင် ယွန်လုံကို ဘယ်သူလို့ မင်းထင်နေလဲ?။ တကယ်လို့၊ ဒီနေ့၊ ငါ မင်းကို မသတ်ဘူးခဲ့ဆိုရင်၊ ငါကရော ငါတို့ဂိုဏ်းက တပည့်တွေကို တွေ့ဖို့ ဘာလို့ ဂိုဏ်းကို မြန်မြန် ပြန်သွားရမှာလဲ။" အင်မော်တယ်ဘုရင် ယွန်လုံသည် ချင်ယွင်၏ စကားကို ကြားသောအခါ၊ သူ၏မျက်လုံးထဲတွင် ပြင်းထန်သော အေးစက်မှုက ချက်ချင်းဆိုသလို ပျံ့နှံ့လာပြီး၊ သူ၏နှလုံးသားထဲတွင် သတ်ပစ်လိုစိတ်က ဇောက်ထိုးမိုးမျှော် ဖြစ်သည်အထိ မြင့်တက်သွားသည်။

"ဒါဆိုလည်း ခင်ဗျား ကျုပ်ကို အပြစ်မတင်နဲ့တော့၊ စိန်လေး ထွက်လာတော့။" ချင်ယွင်က သူ၏ ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် စိန်လေးသည် လူတိုင်း၏ရှေ့မှာ ပေါ်လာပါသည်။

All Chapters