← Chapters

အခန်း ၈၃၈

Vol. 56 Ch. 838

အခန်း ၈၃၈

Vol. 56 Ch. 838

အခန်း (၈၃၈) အင်မော်တယ် ဘုရင်ယွန်လုံကို သတ်ဖြတ်ခြင်း။

အင်မော်တယ်ဘုရင်ကိုယ်ပွားသည် အင်မော်တယ်ဘုရင်တိုင်း ပိုင်ဆိုင်နိုင်သော စွမ်းရည် တစ်ခု ဖြစ်သည်။

အင်မော်တယ် ဘုရင်များသည် တော်ဝင်တာအို၏ စွမ်းအားကို ကျင့်ကြံကြပြီး၊ ဤအင်မော်တယ် ဘုရင်ကိုယ်ပွားသည် အင်မော်တယ်ဘုရင်တစ်ဦး၏ စွမ်အားကို ကိုယ်စားပြုပါသည်။

တော်ဝင်တာအိုအပေါ် နားလည်သဘောပေါက်နိုင်စွမ်းကိုလည်း အဆင့် ၁၂ ဆင့် ခွဲခြားထားပြီး၊ အဆင့်သုံးဆင့်သည် တူညီသောအဆင့်တစ်ခု ဖြစ်ပါသည်။

တစ်နည်းဆိုရသော်၊ ပထမဆုံးအဆင့်သုံးဆင့်ကို အစောပိုင်း အင်မော်တယ်ဘုရင်အဆင့်၊ စတုတ္ထအဆင့်မှ ဆဌမအဆင့်ကို အလယ်အလတ် အင်မော်တယ်ဘုရင်အဆင့်၊ သတ္တမအဆင့်မှ နဝမအဆင့်အထိ နှောင်းပိုင်း အင်မော်တယ်ဘုရင်အဆင့်၊ ဒသမအဆင့်မှ အဆင့်ဆယ့်နှစ်အထိကို အထွတ်အထိပ် အင်မော်တယ်ဘုရင်အဆင့်အဖြစ် သတ်မှတ် ထားကြသည်။

ထို့ကြောင့်၊ အင်မော်တယ်ဘုရင်နယ်ပယ်သည် သင်၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအင် မည်မျှ ပိုင်ဆိုင်ထားနှင့် ဖော်ပြခြင်း မဟုတ်ဘဲ၊ တော်ဝင်တာအိုအပေါ် မည်မျှ နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်မူဖြင့် ဖောက်ပြကြပါသည်။

တော်ဝင်တာအို၏ ဆယ့်နှစ်ခုမြောက်အဆင့်ကို နားလည်နိုင်မှသာ ကောင်းကင်တာအို နယ်ပယ်သို့ ခြေလှမ်းဝင်ရောက်နိုင်ပြီး၊ အင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနိုင် မည် ဖြစ်ပါသည်။

အင်မော်တယ်ဘုရင် ကိုယ်ပွားများသည် တော်ဝင်တာအိုအပေါ် အင်မော်တယ်ဘုရင်များ ၏ နားလည်နိုင်စွမ်းကို ယူဆောင်ပေးပါသည်။ အင်မော်တယ်ဘုရင် ကိုယ်ပွားများက ပို၍ အားကောင်းလေ၊ ထိုအင်မော်တယ်ဘုရင်၏အဆင့်က ပို၍မြင့်မားလေပင် ဖြစ်ပါသည်။

ဤအင်မော်တယ်ဘုရင်ယွန်လုံ၏ အင်မော်တယ်ဘုရင်ကိုယ်ပွားသည် ပထမအဆင့်တွင် သာ ထင်ရှားပါသည်။ တစ်နည်းဆိုရသော်၊ သူ၏ တော်ဝင်တာအိုအပေါ် နားလည် နိုင်စွမ်းသည် ကနဦးဝင်ရောက်ခြင်းအဆင့်တွင်သာ ရှိနေသေးပါသည်။ သို့သော်လည်း၊ ဤအရာသည် အလွန်မင်း အစွမ်းထက်နေပြီဟု ယူဆ၍ ရပါပြီ။

ချင်ယွင်သည် အင်မော်တယ် ဘုရင်ယွန်လုံ၏ နောက်မှ ပေါင်းစပ်ထားသော အင်မော်တယ် ဘုရင်ကိုယ်ပွားကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင် မရှိရုံမျှမက၊ သူ၏မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက် နေသည်။

ယနေ့တွင်၊ သူသည် တော်ဝင်တာအို၏စွမ်းအား မည်မျှ အစွမ်းထက်သည်ကို တွေ့ကြုံ ခံစားချင်မိသည်။

"ခင်ဗျားက အစွမ်းထက်တဲ့ အင်မော်တယ်ဘုရင်တစ်ပါးလို့ ကျုပ် ထင်တယ်။ ကြည့်ရတာ၊ တော်ဝင်တာအိုရဲ့ ပထမအဆင့်ကို ရောက်နေပြီပဲ" ချင်ယွင်က မထီမဲ့မြင်ပြုကာ သရော်ဟန်ဖြင့် ပြောလိုက်သည်။

"ဟမ့်၊ ဒါက တော်ဝင်တာအိုရဲ့ ပထမအဆင့် ဖြစ်တယ်ဆိုရင်ရော ဘာဖြစ်လဲ?။ တော်ဝင် တာအိုရဲ့စွမ်းအားက မင်းတို့လို ပုရွက်ဆိတ်တွေ နှိုင်းယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး၊ ဒီနေ့ ငါ မင်းကို အင်မော်တယ်ဘုရင်ရဲ့ စွမ်းအားအစစ်က ဘာလဲဆိုတာကို ငါ ပြောပြပေးမယ်။” အင်မော်တယ်ဘုရင်ယွန်လုံသည် ချင်ယွင်၏စကားကို ကြားသောအခါ အေးစက်စွာ အော်ပြောလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း၊ ဒီနေ့ ဂုဏ်သိက္ခာကျဆင်းနေတဲ့ ခင်ဗျားလို အင်မော်တယ် ဘုရင်တစ်ယောက်ကို ကျုပ် သတ်ပစ်မယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတဲ့ သဘော တရားကို ကျုပ် ခင်ဗျားကို ပြောပြပေးမယ်။" ချင်ယွင်က သူရဲကောင်းဆန်စွာ ပြောပြီး၊ မြူနှင်းချောက်နက်ထဲဓားက သူ၏လက်ထဲမှာ ချက်ချင်း ပေါ်လာသည်။

"ငရဲကိုသွားလိုက်တော့…" အင်မော်တယ် ဘုရင်ယွန်လုံသည် ကျယ်လောင်စွာ အော်ဟစ် လိုက်ပြီး၊ တော်ဝင်တာအို၏ ကြီးမားသော စွမ်းအားသည် သူ၏ အင်မော်တယ်ဘုရင် ကိုယ်ပွားထံမှ ချက်ချင်း ပျံ့နှံ့ထွက်ပေါ်လာသည်။

အင်မော်တယ် ဘုရင်ကိုယ်ပွားသည် လေထဲတွင် နှိုင်းစာ၍ မရအောင် စွမ်းအားကြီးမား သည့် တော်ဝင်တာအို စွမ်းအားများ ပါရှိနေသော ဧရာမလက်ဖဝါးကြီး တစ်ဖက်ကို ပေါင်းစပ်သိပ်သည်းပြီး၊ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်လုံးများသည်လည်း ပြင်းထန်သော စွမ်းအင် အတက်အကျလှိုင်းများဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။

ဝှီး…။

ချင်ယွင်သည် လေဝိညာဉ်ခွဲခြမ်းဓားချက်ကို ခုတ်ပိုင်းရန် သူ၏ဓားကို ချက်ချင်း အသုံးပြုလိုက်ပြီး၊ ချက်ချင်းဆိုသလိုပင်၊ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခု ထွက်ပေါ်လာကာ၊ ကောင်းကင်ယံရှိ ဧရာမလက်ဖဝါးကြီးကို တိုက်ရိုက် နှစ်ခြမ်း ခွဲပစ်လိုက်သည်။

"အယ်?" အင်မော်တယ် ဘုရင်ယွန်လုံ၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သွားသည့် အမူအရာ ပေါ်လာသည်။

"ဟား..၊ ဟား..၊ အင်မော်တယ် ဘုရင်ယွန်လုံ၏ လက်ဖဝါးက ကျုပ်ဓားချက်ကို ပိတ်ဆို့ဖို့ လုံလောက်အောင် မသန်မာဘူးထင်တယ်" ချင်ယွင်သည် သူ၏လက်ထဲတွင် မြူနှင်း ချောက်နက်ဓားကို ကိုင်ထားရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ချာတိတ်လေး၊ မင်း အရမ်းကြီးလည်း အပျော်မစောပါနဲ့။ မင်းက သေချင်နေပြီဆိုမှတော့၊ ငါ့ရဲ့ အပြင်းထန်ဆုံး သိုင်းကွက်ကို မင်းကို မြင်ခွင့်ပေးမယ်။" အင်မော်တယ်ဘုရင် ယွန်လုံသည် ချင်ယွင်၏ သရော်လှောင်ပြောင်သံကို ကြားသောအခါ၊ ပြင်းထန်သော အမျက်ဒေါသက ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။

ထို့နောက်တွင်၊ အင်မော်တယ်ဘုရင်ယွန်လုံထံမှ တုနှိုင်းမရသော ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ဤအငွေ့အသက်သည် အစွမ်းထက်သော ရှေးဟောင်း ဖရိုဖရဲ အငွေ့အသက်များဖြင့် ပြည့်နေခဲ့သည်။

"အယ်၊ သူက ရှေးဟောင်း ဖရိုဖရဲ တော်ဝင်တာအိုကို တကယ် နားလည်ထားတာပဲ။" ချင်ယွင်၏ မျက်နှာသည်လည်း အံ့သြသွားသည့် အရိပ်အယောင်တွေ ပေါ်လာပါသည်။

ချင်ယွင် နားလည်ထားသော လေစွမ်းရည် ရှေးဟောင်း ဖရိုဖရဲ စုတ်ဖြဲခြင်း နိယာမသည် အနာဂတ်တွင် တော်ဝင်တာအိုအဖြစ် ပြောင်းလဲသွားပါက၊ ရှေးဟောင်း ဖရိုဖရဲ တော်ဝင်တာအို ဖြစ်လာနိုင်ဖွယ် ရှိပါသည်။

ဤရှေးဟောင်း ဖရိုဖရဲ တော်ဝင်တာအိုသည် တော်ဝင်တာအို အများအပြားကြားမှာပင် လွှမ်းမိုးနိုင်စွမ်းကြီးမားဆုံးသော တော်ဝင်တာအိုဥပဒေသများထဲမှ တစ်ခု ဖြစ်ပါသည်။ သို့သော် ၎င်းကို နားလည်သဘောပေါက်ရန် အလွန်ခက်ခဲပါသည်။ အင်မော်တယ်ဘုရင် ယွန်လုံသည် ဤရှေးဟောင်း ဖရိုဖရဲ တော်ဝင်တာအိုကို အမှန်တကယ် နားလည်နိုင်လိမ့် မည်ဟု ချင်ယွင် မထင်ထားခဲ့ပေ။

ဝှီး..။ ချင်ယွင်၏ ရုပ်အသွင်သည် ဖျတ်ခနဲလင်းလက်သွားပြီး၊ သူသည် လေစွမ်းရည် လေ၏ ကိုယ်ပွားနိယာမကို တိုက်ရိုက် အသုံးပြုလိုက်ရသည်။ တခဏတွင်းမှာပင်၊ ထောင်ပေါင်း များစွာသော ချင်ယွင်၏ ပုံရိပ်တွေက ကောင်းကင်ယံမှာ ထွက်ပေါ်လာပြီး၊ ချင်ယွင်သည် အင်မော်တယ်ဘုရင် ယွန်လုံထံသို့ တပြိုင်နက်တည်း ပြေးဝင်လိုက်သည်။

အဝေးမှ လူတွေအားလုံး ဤမြင်ကွင်းကို မြင်လိုက်ရတော့ အရမ်းကို တုန်လှုပ် ခြောက်ခြားသွားကြသည်။

"ဟမ့်၊ မင်းမှာ ကိုယ်ပွားတွေ ဘယ်လောက်ပဲ ရှိရှိ၊ အဲဒါက အသုံးမဝင်ဘူး။ ငါ့ရဲ့ ရှေးဟောင်း ဖရိုဖရဲ တော်ဝင်တာအို၊ ရှေးဟောင်း ဖရိုဖရဲ ကောင်းကင်ဘုံဖျက်ဆီးခြင်းလက်ဝါးရဲ့ တကယ့်စွမ်းအားအစစ်ကို မြည်းစမ်းကြည့်လိုက်ပါ။" အင်မော်တယ်ဘုရင် ယွန်လုံသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖရိုဖရဲ အငွေ့အသက် က ကောင်းကင်ယံမှ ချက်ချင်း ထွက်ပေါ်လာသည်။

အင်မော်တယ် ဘုရင်ယွန်လုံနှင့် သူ၏အင်မော်တယ်ဘုရင်ကိုယ်ပွားသည် လေဟာနယ် ဆီသို့ တပြိုင်နက်တည်း ရိုက်လိုက်ပြီး၊ အင်မော်တယ်ဘုရင် ယွန်လုံ၏ လက်ဖဝါးမှ နှိုင်းစာ၍မရအောင် ကြောက်စရာကောင်းသော စွမ်းအားတစ်ခု တဟုန်ထိုး ထွက်ပေါ်လာ သည်။

အနီးဆုံးဖြစ်သော ချင်ယွင်၏ လေစွမ်းရည်နိယာမ ကိုယ်ပွားများသည် ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်းရိုက်ခတ်မူကြောင့် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"အလွှာတစ်ထောင်လေအရိပ်ဓားချက်.." လေစွမ်းရည် ကိုယ်ပွားများနှင့် ရောနှောနေသော ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်သည် သူ၏ဓားဖြင့် တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

ချက်ချင်းဆိုသလို၊ ဓားအရိပ်တစ်ထောင်သည် တစ်ချိန်တည်းမှာပင် ခုတ်ပိုင်းသွားပြီး ဧရာမ ဓားအလင်းတန်းကြီးအဖြစ် ချက်ချင်း ထွက်ပေါ်လာကာ ဝင်ရောက်လာသော စွမ်းအားနှင့် ပြင်းထန်စွာ တိုက်မိသွားလေသည်။

"ဘုန်း…"

ဓားအလင်းသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် ပြင်းထန်စွာ တိုက်မိသွား ပြီး၊ ကောင်းကင်ယံပင် တုန်ခါပြီး မြေကြီးကွဲအက်သွားလောက်သည့် ပေါက်ကွဲအသံကို ထုတ်လွှတ်လိုက်သည်။

တခဏအတွင်းမှာပင်၊ ပြင်းထန်သော လေလှိုင်းတိုက်ခတ်မှုကို ကမ္ဘာတစ်ခုလုံးကို ဖြတ်သွားခဲ့ပြီး လူတိုင်း၏ နားရွက်တွေလည်း ပြင်းထန်စွာ တုန်ခါသွားလေသည်။

"ဘာလဲ၊ သူ တကယ်ကြီး ပိတ်ဆို့တားဆီးလိုက်တာလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" အင်မော်တယ်ဘုရင် ယွန်လုံ၏ မျက်လုံးများသည် ဖော်ပြ၍မရအောင်ပင် ထိတ်လန့် တုန်လှုပ်သွားသည့် အမူအရာတစ်ခုကို ပေါ်လွင်စေသည်။

"ကျုပ် ခင်ဗျားကို သတ်မယ်လို့ ပြောခဲ့မှတော့၊ ကျုပ် ပြောတဲ့အတိုင်း လုပ်ရလိမ့်မယ်။ ငရဲကို သွားလိုက်တော့" အင်မော်တယ်ဘုရင် ယွန်လုံ၏ရှေ့တွင် ချင်ယွင်၏ရုပ်အသွင် သည် ချက်ချင်း ပေါ်လာသည်။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် ထောင်ပေါင်း များစွာသော ဓားအလင်းရောင်တွေအဖြစ် ပြောင်းလဲသွားပြီး အင်မော်တယ်ဘုရင် ယွန်လုံဆီကို ပြင်းပြင်းထန်ထန် ဖြတ်ပိုင်းလာသည်။

"မင်း ငါ့ကို သတ်လို့မရဘူး။" အင်မော်တယ်ဘုရင် ယွန်လုံက ဒေါသတကြီး အော်ပြော လိုက်သည်။ သူ၏အင်မော်တယ်ဘုရင်ကိုယ်ပွားသည် ဤဓားချက်ကို တွန်းလှန်လိုသည့် အလား တစ်ဖန်ပြန်လည် အသက်ဝင်လာသည်။

"တကယ်လား?" သို့သော် ဤအခိုက်တန့်တွင် ချင်ယွင်၏ ပါးစပ်ထောင့်စွန်းမှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာပြီး ခရမ်းရောင်အလင်းတန်းတစ်ခုက သူ့မျက်လုံး များ၏ နက်ရှိုင်းဆုံးနေရာမှ လင်းလက်သွားခဲ့သည်။

ရုတ်တရက် ချင်ယွင်၏ မြူနှင်းချောက်နက်ဓား၏ စွမ်းအားသည် ချက်ချင်းပင် တိုးမြင့်လာခဲ့သည်။ ကန့်လန့်ဖြတ် ဓားအလင်းတစ်ချက် လင်းလက်သွားခဲ့ပြီး၊ အင်မော်တယ်ဘုရင်ယွန်လုံ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော အင်မော်တယ်ဘုရင် ကိုယ်ပွားသည် ထိုဓားချက်ကြောင့် တိုက်ရိုက် ကွဲထွက်သွားခဲ့သည်။

"မဖြစ်နိုင်ဘူး…" အင်မော်တယ်ဘုရင် ယွန်လုံသည် ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

သူ၏ အင်မော်တယ်ဘုရင်ကိုယ်ပွားသည် အမှန်တကယ် ပျက်စီးသွားခဲ့သည်။ ၎င်းသည် သူ့တော်ဝင်တာအို၏ ထင်ရှားသည့် အမှတ်သင်္ကေတဖြစ်သည်။ ၎င်းသည် ယခုလိုမျိုး ဓားချက်တစ်ချက်တည်းဖြင့် ကျိုးပျက်သွားရလိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။

"အဆုံးသတ်ဖို့ အချိန်တန်ပြီ။" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းမှ အေးစက်စက် နှာခေါင်းရှုံ့ဟန်ဖြင့် တွန့်ကွေးကောက်သွားရင်း၊ သူ၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားထံ မှ နောက်ထပ်ဓားချက်တစ်ချက်ကို ထုတ်ဖောက်လိုက်သည်။

ဤဓားချက်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများပါဝင်နေပြီး၊ အင်မော်တယ် ဘုရင်ယွန်လုံ၏ နှလုံးသည်ပင်လျှင် တုန်ခါသွားရသည်။ အရေးအကြီးဆုံးအချက်က ဤဓား၏ အရှိန်ဟုန်က အရမ်းကို မြန်ဆန်လွန်းသည်။

အင်မော်တယ်ဘုရင် ယွန်လုံသည် ဤဓားချက်ကြောင့် ထက်ဝက်ပိုင်းကာ ဖြတ်တောက် ခံလိုက်ရပြီး ဝမ်းနည်းကြေကွဲဖွယ် အော်သံကိုပင် ထုတ်ဖော်ရန် အချိန်မရလိုက်ပေ။

"ဘာလဲ၊ သူက အင်မော်တယ်ဘုရင်တစ်ပါးကို တကယ် သတ်လိုက်တာလား။?" ဝမ်မို သည် ဤမြင်ကွင်းကို အဝေးမှ မြင်လိုက်ရသောအခါ အလွန်တုန်လှုပ်သွားသည်။

သူသည် ချင်ယွင်ကို စီနီယာဟု ထပ်ခါတလဲလဲ ခေါ်ဆိုခဲ့သော်လည်း သူ၏အမြင်အရ၊ ချင်ယွင်၏ စွမ်းအားသည် အများဆုံးမှ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်ဖြစ်သည်။ သို့တိုင်၊ ချင်ယွင်သည် အစောပိုင်း အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူကို သတ်ပစ်လိုက်သည်။

အဖြူရောင်ဝတ် လူငယ်သည် ဤအရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ အင်မော်တယ်ဘုရင် ယွန်လုံကို သတ်ပစ်ရန် အသုံးပြုခဲ့သော ချင်ယွင်၏ နောက်ဆုံး တိုက်ကွက်ကို သူ မြင်သွားသောအခါတွင်၊ သူ၏မျက်လုံးများသည် အလွန်အံ့ဩသွားသည့် အမူအရာနှင့်အတူ ဝင်းလက်တောက်ပလာသည်။

ချင်ယွင်သည် သူ၏ခေါင်းကိုမော့ကာ သူ၏မျက်လုံးများတွင် အေးစက်မူ အရိပ်အယောင် တစွန်းတစ သယ်ဆောင်ထားရင်း အဖြူရောင်ဝတ် လူငယ်ကို ကြည့်လိုက်သည်။

ဘန်း။

အဖြူရောင်ဝတ် လူငယ်သည် ချင်ယွင်ကို လေးလေးနက်နက် စိုက်ကြည့်နေသည်။ ထို့နောက်၊ သူသည် မည်သည့်စကားမှ ပြန်မပြောဘဲ လေဟာနယ်ထဲသို့ ကွယ်ပျောက် သွားခဲ့သည်။

ချင်ယွင်သည် အဖြူရောင်ဝတ် လူငယ်က လေဟာနယ်ကို စုတ်ဖြဲပြီး ထွက်ပြေးသွားသည် ကို မြင်သောအခါတွင်၊ သူသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး၊ သူ၏နောက်ကို လိုက်ပါမသွားခဲ့ပေ။

သူသည် ဤလူငယ်နှင့် မည်သည့် ရန်ငြိုးရန်စမှ မရှိပါဘူး။ ထိုကြောင့်၊ သူသည် သဘာဝအတိုင်း သူ့ကို ရန်သွားစစရာမလိုပါချေ။ ထို့အပြင်၊ အစောပိုင်းက သူ အင်မော်တယ်ဘုရင် ယွန်လုံကို သတ်ဖြတ်နိုင်ရခြင်း၏ အကြောင်းရင်းမှာလည်း ရှေးဟောင်းတာအိုဆရာသခင်၏ စွမ်းအားကြောင့်သာ ဖြစ်ပါသည်။

"ဟင်း…။ ငါ ကနဦးစကြဝဠာကို အမြန်ဆုံး ဖွင့်နိုင်ဖို့ လိုအပ်နေသေးတယ်။ " ချင်ယွင်သည် သူ၏နှလုံးသားထဲမှာ သက်ပြင်းအလေးကြီး ချလိုက်မိပါသည်။

All Chapters