← Chapters

အခန်း ၈၃၉

Vol. 56 Ch. 839

အခန်း ၈၃၉

Vol. 56 Ch. 839

အခန်း (၈၃၉) ထူးဆန်းသော ဥက္ကာခဲကြီး။

ဤတိုက်ပွဲသည် ချင်ယွင်က အင်မော်တယ်ဘုရင်ယွန်လုံကို သတ်ဖြတ်ခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။ သို့သော် ချင်ယွင်သည် ၎င်း၏ သိုလှောင်လက်စွပ်ကို ဖွင့်ရန် ကြိုးစားသောအခါတွင် စိတ်ဝိညာဉ်အမှတ်အသားက တည်ရှိနေသေးသည်ကို တွေ့ရှိခဲ့ရ သည်။ ယင်းကြောင့် ချင်ယွင်သည် ဤအင်မော်တယ်ဘုရင် ယွန်လုံထံတွင် ကိုယ်ပွားတစ်ခု ရှိနေသေးကြောင်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။

ကျောက်စိမ်းသစ်တောမြို့ရှိ၊ တယ်လီပို့စနစ် အစီအရင် ဝင်္ကပါထဲတွင်၊ လက်ရှိအချိန်တွင် အင်မော်တယ်ဘုရင် ယွန်လုံ၏ ကိုယ်ပွားသည် တယ်လီပို့စနစ် အစီအရင်ဝင်္ကပါ၏ ရှေ့တွင် မတ်တပ်ရပ်နေပြီး၊ သူ၏မျက်နှာသည် ပြင်းထန်သော အမျက်ဒေါသများဖြင့် ပြည့်နှက်နေသည်။

"ချင်ယွင်၊ မင်းက ငါ့ရဲ့အစစ်အမှန် ခန္ဓာကိုယ်ကို သတ်ရဲမှတော့၊ ငါဖန်းယွန်လုံက မင်းကို အလွတ်မပေးနိုင်ဘူး" အင်မော်တယ်ဘုရင် ယွန်လုံက ဒေါသတကြီး ပြောလိုက်သည်။ အဆုံးမဲ့ သတ်ဖြတ်လိုသည့်ဆန္ဒက သူ၏နှလုံးသားထဲတွင် စုစည်းနေခဲ့သည်။

ဘန်း…။

ထိုအချိန်တွင်၊ လေဟာနယ်က ကွဲအက်သွားပြီး သွယ်လျသော ပုံရိပ်တစ်ခုက လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

ထိုအသံကို ကြားလိုက်သည်နှင့် ဖန်းယွန်လုံက ချက်ချင်း မျက်မှောင်ကြုတ်ပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်သည် "ရှန်ကွမ်းဘိုင်၊ အစောပိုင်းက မင်း ဘာလို့ မတိုက်ခိုက်တာလဲ။"

ဖန်းယွန်လုံ၏ အမေးကို ကြားသောအခါ၊ ရှန်ကွမ်းဘိုင်သည် မကျေမနပ် ဖြစ်သွားသည့် အမူအရာကို ထုတ်ဖော်လာသည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောသည် "ဟမ့်၊ ဒီကိစ္စက မင်းရဲ့ကောင်းကင်ဘုံဂိုဏ်းက ကိစ္စပဲလေ။ ငါက ဘာလို့ လှုပ်ရှားပေးရမှာလဲ?။ နောက်ပြီး၊ မင်းရဲ့ကိုယ်ပွားကို ချန်ထားခဲ့ဖို့ မင်းကို သတိပေးခဲ့တာ ငါ မဟုတ်ဘူးလား?။ ဒီလိုမှမဟုတ်ရင်၊ မင်း ဒီမှာရပ်ပြီး ငါ့ကို စကားပြောလို့ရဦးမလား?"

ထိုစကားကို ကြားတော့ ဖန်းယွန်လုံသည် အခုနက သူပြောခဲ့သော စကားတွေက နည်းနည်း လွန်သွားပြီဆိုသည်ကို သူ သတိရလိုက်သည်။ အခြားလူတွေက သူ့အတွက် လှုပ်ရှားပေးရန် တာဝန် မရှိပေ။

"တောင်းပန်ပါတယ် အစ်ကို ရှန်ကွမ်း။ ခုနက ငါ စိတ်ဆိုးနေလို့ပါ" ဖန်းယွန်လုံက အဆောတလျင် တောင်းပန်လိုက်သည်။

သူ၏ လက်ရှိကိုယ်ပွား၏ စွမ်းအားသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင်သာ ရှိပါသေးသည်။ အကယ်၍၊ ရှန်ကွမ်းဘိုင်သည် အမှန်တကယ် ဒေါသထွက်ပြီး သူ့ကို ဒေါသအလျောက် သတ်ပစ်လိုက်မည်ဆိုရင်၊ သူ မည်သူ့အပေါ် အကြောင်းပြချက် ရှာရတော့မည်နည်း?။

"ဟမ့်၊ မင်း တောင်းပန်နေစရာ မလိုပါဘူး၊ ဒါပေမယ့် မင်း ဒီချင်ယွင်ကို နောက်တစ်ကြိမ် ထပ်ပြီး ရန်မစတာ ပိုကောင်းလိမ့်မည်လို့ ငါ သတိပေးလိုက်မယ်။ ဒီချင်ယွင်က မင်း ထင်သလောက် မရိုးရှင်းဘူး" ရှန်ကွမ်းဘိုင်က ပြောပြီး တယ်လီပို့စနစ် အစီအရင် ဝင်္ကပါထဲ ကို ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့သည်။

ရှန်ကွမ်းဘိုင်၏ စကားကို ကြားသောအခါ ဖန်းယွန်လုံသည် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်၊ သတ်ဖြတ်လိုသည့်ဆန္ဒက သူ၏မျက်လုံးများတွင် အလျင်အမြန် အစားထိုးလာခဲ့ သည်။ သူ့အတွက် လက်စားချေရန် လက်လျှော့လိုက်ဖို့ မည်သို့ ဖြစ်နိုင်မည်နည်း?။

သို့သော် သူ၏လက်ရှိအင်အားဖြင့် ဤချင်ယွင်ကို ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပေ။

ရုတ်တရက် ဖန်းယွန်လုံသည် တစ်ခုခုကို တွေးနေပုံရပြီး၊ ကောက်ကျစ်ပြီး လှောင်ပြောင်ဟန် အမူအရာက သူ၏ပါးစပ်ထောင့်စွန်းမှာ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူသည် တယ်လီပို့စနစ် အစီအရင် ဝင်္ကပါထဲသို့ ၀င်ရောက်ခြင်း မရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

အဝေးမှာ ပုန်းကွယ်နေသော ယုလင်းယွန်သည် ဖန်းယွန်လုံ ထွက်ခွာသွားသည်ကို မြင်လိုက်ရသည့်အခါမှသာ သက်ပြင်းတစ်ချက် ချလိုက်ပါသည်။

သို့သော်လည်း၊ အစောပိုင်းက ဖန်းယွန်လုံနှင့် ရှန်ကွမ်းဘိုင်တို့ကြား ပြောစကားတွေကို သူလည်း ကြားလိုက်ရသည်။ ဤတစ်ကြိမ်တွင် ချင်ယွင်ဟုခေါ်သော ဤလူငယ်အား သူတို့ ရှုံးနိမ့်သွားခဲ့ကြောင်း ထင်ရှားသည်။

"ဒီချင်ယွင်က အတိအကျ ဘယ်သူလဲ?။ ယုလင်းယွန်သည် သိချင်စိတ်ကို မထိန်းနိုင်တော့ ချေ။ သူသည် ဤချင်ယွင်ကို ရန်မစမိရန် သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်သည်။

ချင်ယွင်သည် သိုလှောင်လက်စွပ်ကို ဖွင့်လို့မရကြောင်း သတိပြုမိပြီးနောက်၊ သူသည် လေဟာနယ်ကို စုတ်ဖြဲကာ သိုလှောင်လက်စွပ်ကို လေဟာနယ် မုန်တိုင်းကြားထဲသို့ ပစ်ချလိုက်လေသည်။

ဤသိုလှောင်လက်စွပ်ကို မဖွင့်နိုင်ဘူးဆိုမှတော့၊ သူ၏ဘေးမှာထားသည့်အတွက် ဘာအသုံးကျမည်နည်း?။ ဆန့်ကျင်ဘက်အနေဖြင့်၊ အင်မော်တယ်ဘုရင် ယွန်လုံသည် ၎င်းပေါ်တွင် ချမှတ်ထားသော အင်မော်တယ်စိတ်ဝိညာဉ်အမှတ်အသားမှ တစ်ဆင့် သူ့ကိုပင် ရှာတွေ့သွားနိုင်သေးသည်။ ထိုသို့ဖြစ်လာမှာထက်စာရင်၊ ၎င်းကို စွန့်ပစ်လိုက် ခြင်းက သူ့အတွက် ပိုကောင်းပါသည်။

ချင်ယွင်သည် ဤအရာအားလုံးကို အဆုံးသတ်ပြီးနောက် သူသည် ဟောင်ခွန်၏ အနားကို လျှောက်လာခဲ့သည်။

ဟောင်ခွန်၏ ခန္ဓာကိုယ်သည် ပြန်လည်ကောင်းမွန်လုနီးပါး ဖြစ်နေကြောင်း သူ တွေ့ရှိလိုက်ရသည်။ သို့သော် သူသည် အနှစ်တစ်ထောင် သက်တမ်းကို ဆုံးရှုံးခဲ့ရသည်။ သေချာသည်မှာ၊ အနာဂတ်တွင် သူသည် သူ၏အသက်ကို တိုးမြင့်စေနိုင်သော ထိုအင်မော်တယ်ဆေးများဖြင့်ဆို ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။

ထို့နောက်၊ ချင်ယွင်သည် ဟောင်ခွန်၏ အစီအစဉ်များကို မေးမြန်းကြည့်သည်။ မူလက၊ ချင်ယွင်၏ အတွေးအမြင်အရဆို၊ သူနှင့် ယုဒီအာတို့ကို အင်မော်တယ်ဖီးနစ်တောင်သို့ ခေါ်ဆောင်ပေးသွားမည် ဖြစ်သည်။

သို့သော်လည်း၊ ဟောင်ခွန်သည် ယုဒီအာကိုခေါ်ဆောင်ကာ၊ အင်မော်တယ်ကမ္ဘာသို့ ခရီးထွက်ရန် ဆုံးဖြတ်ခဲ့သည်။ ချင်ယွင်သည် ဟောင်ခွန်၏ အတွေးအမြင်များကို လေးစားရန် ရွေးချယ်လိုက်သည်။

ဟောင်ခွန်နှင့် သုံးရက်ကြာ နေပြီးနောက် ချင်ယွင်သည် ကျောက်စိမ်းသစ်တောမြို့သို့ ထွက်ခွာလာခဲ့သည်။

သူ့ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ အနောက်ပိုင်းပင်လယ် ဒေသရှိ ကောင်းကင်ဘုံ ကျောက်စိမ်းကန်သို့သွားပြီး နဂါးသွေးကြောကို ဝါးမျိုးရန် ဖြစ်သည်။ ထို့ကြောင့်၊ သူသည် အနောက်ပိုင်း ပင်လယ်ဒေသသို့ သွားရန်အတွက် ကျောက်စိမ်းသစ်တောမြို့၏ တယ်လီပို့စနစ် အစီအရင် ဝင်္ကပါကို ငှားရန်အသုံးပြုရန် လိုအပ်ပါသည်။

ကျောက်စိမ်းသစ်တော်မြို့သို့ ရောက်ရှိပြီးနောက်၊ ယုကလန်၏ ကလန်ခေါင်းဆောင်သည် ချင်ယွင်သည် အနောက်ပိုင်းပင်လယ်သို့သွားရန် တယ်လီပို့စနစ် အစီအရင် ဝင်္ကပါကို အသုံးပြုတော့မည် ဖြစ်ကြောင်း ကြားသိရသည်။ ထို့ကြောင့်၊ သူသည် ပြတ်ပြတ်သားသား သဘောတူပေးလိုက်ပြီး၊ ချင်ယွင်ကို ကိုယ်တိုင်ကိုယ်ကျ သွားတွေ့လိုက်သည် ။

ထို့ကြောင့်၊ ချင်ယွင်သည် တာချင်း အင်မော်တယ်မင်းဆက်၏ အနောက်ပိုင်းပင်လယ် ဒေသသို့ ဦးတည်သွားမည့် တယ်လီပို့စနစ် အစီအရင် ဝင်္ကပါကို အသုံးပြုခဲ့သည်။

သို့သော်၊ ချင်ယွင် မမျှော်လင့်ထားသည့်အရာမှာ၊ သူ တယ်လီပို့စနစ် အစီအရင် ဝင်္ကပါထဲမှ ထွက်လာလာချင်းမှာဘဲ၊ ကောင်းကင်ယံမှ ကြီးမားသော ဥက္ကာခဲကြီးတစ်ခုသည် သူ့ဆီသို့ အလွန်လျင်မြန်သော အရှိန်ဟုန်ဖြင့် ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။

ချင်ယွင်၏ရုပ်အသွင်သည် ဖျတ်ခနဲ လင်းလက်သွားပြီး ဥက္ကာခဲကြီးကို ရှောင်တိမ်းလိုက် ရင်း၊ အထက်ကောင်းကင်ယံတွင် ပေါ်လာသည်။

"ဘုန်း…”။

ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံနှင့်အတူ၊ ကီလိုမီတာ ၁၀၀၀၀၀ အချင်းဝက်အတွင်းရှိ အရာအားလုံးသည် ချက်ချင်း ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ဧရာမဥက္ကာခဲကြီး ကြောင့် မြေပြင်သည် အချင်းမီတာတစ်ရာနီးပါးရှိသော ကြီးမားသော အပေါက်ကြီးအဖြစ် ရိုက်ခွဲခံလိုက်ရသည်။

ချင်ယွင်သည် မြေမျက်နှာပြင် ဆယ်မိုင်ပတ်လည်ကို ဖျက်ဆီးလိုက်သည့် ဧရာမဥက္ကာခဲကြီးကို ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင်လည်း တိတ်တဆိတ် ဝမ်းသာနေမိသည်။ ကံကောင်းထောက်မစွာပင်၊ သူလိုက်ပါလာခဲ့သော တယ်လီပို့စနစ် အစီအရင် ဝင်္ကပါကို တောထဲမှာ တည်ဆောက်ခြင်း ဖြစ်သည်။ အကယ်၍၊ တခြားတနေရာ မြို့တစ်ခုခုများ ဖြစ်နေရင်၊ ၎င်းသည် မြို့တစ်ဝက်လောက်ကို ပျက်စီးသွားနိုင်သည်။

သို့သော် ချင်ယွင်သည် သိပ်မကြာခင်မှာပင် ပဟေဠိ ဖြစ်လာခဲ့သည်။ သူသည် တွင်းပေါက်ကြီးအလယ်ဗဟိုရှိ ဥက္ကာခဲကြီးကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများက စိတ်ရှုပ်ထွေးမှု အရိပ်အယောင်များ ပေါ်လွင်နေသည်။

ဖရိုဖရဲ ပင်လယ်ထဲမှာ မရေမတွက်နိုင်တဲ့ ကြယ်တွေရှိနေခဲ့ပါသည်။ ရံဖန်ရံခါဆိုသလို၊ ဥက္ကာခဲတစ်လုံး နှစ်လုံးသည် ဂြိုလ်ကမ္ဘာလေးခုဆီသို့ ကျရောက်လာတတ်သည်။ သို့သော်လည်း၊ ဂြိုလ်ကမ္ဘာလေးခုကြား အကွာအဝေးသည် အလွန်မင်း ကျယ်ဝန်းလှ သောကြောင့် ဥက္ကာခဲတစ်လုံး နှစ်လုံး ကမ္ဘာမြေပြင်ပေါ်သို့ ပြုတ်ကျလာပါကလည်း အလွန်သေးငယ်သွားမည် ဖြစ်သည်။ အချင်း မီတာတစ်ရာနီးပါးရှိသော ယခုလိုဥက္ကာခဲကြီး မျိုး မည်သို့ ဖြစ်နိုင်မည်နည်း?။

ထို့အပြင်၊ ဤဥက္ကာခဲကြီးသည် တယ်လီပို့စနစ် အစီအရင်ဝင်္ကပါထဲမှ သူ ထွက်ထွက်ချင်း၊ သူ့ဆီသို့ ပြုတ်ကျလာခြင်း ဖြစ်သည်။

အကယ်၍၊ ချင်ယွင်သည် တစ်စက္ကန့်နောက်ကျပြီးမှ တယ်လီပို့စနစ် အစီအရင် ဝင်္ကပါထဲမှ ထွက်လာခဲ့ပါက၊ သူသည် ဤဥက္ကာခဲကြီးကြောင့် အသားပြားဖြစ်သည်အထိ အမှန်တကယ် ရိုက်နှက်ခံရလိမ့်မည်။

ယင်းက ချင်ယွင်ကို ပို၍ထူးဆန်းသလို ခံစားရစေသည်။

"အရင်ဆုံး လေ့လာကြည့်ရအောင်။" ချင်ယွင်က သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ်လိုက် သည်။ သူပြောပြီးသည်နှင့် သူသည် မီတာတစ်ရာနီးပါးရှိသည့် ဧရာမဥက္ကာခဲကြီးဆီသို့ ဦးတည်သွားခဲ့သည်။

ဘန်း..။

ချင်ယွင်သည် ဥက္ကာခဲကြီးအနီးသို့ ရောက်သောအခါတွင်၊ သူသည် ဥက္ကာခဲကြီးထံမှ ကြီးမားသော စုပ်ယူမှု စွမ်းအားကို ချက်ခြင်း ခံစားလိုက်ရသည်။

"ဘုန်း..”။

ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဥက္ကာခဲကြီးပေါ်သို့ တိုက်ရိုက် စုပ်ယူသွားပြီး၊ သူသည် ဥက္ကာခဲကြီးပေါ်မှဦ ကပ်နေသကဲ့သို့ ဖြစ်သွားပြီး၊ သူ၏လက်ကို မြှောက်ရန်ပင် ခက်ခဲနေ သည်။

"လခွမ်းကွာ၊ ဒါက ဘယ်လိုသောက်ထူးဆန်းကြီးလဲ" ချင်ယွင်က သူ၏စိတ်ထဲတွင် မကျိန်ဆဲဘဲ မနေနိုင်ခဲ့ပါချေ။

ထိုအချိန်တွင် သူသည် ဖားတစ်ကောင်ကဲ့သို့ ဥက္ကာခဲကြီးပေါ်တွင် လဲလျောင်းနေရ၏။ အကယ်၍၊ တစ်စုံတစ်ယောက်သာ သူ့ကို မြင်သွားမည်ဆိုလျှင်၊ သူသည် သေလုမျောပါး ဝိုင်းရယ်ခံရလိမ့်မည်။

"ဟား၊ ဟား..။ ဒီကောင်ကို ကြည့်စမ်းပါဦးကွ။ ဒါက ဖားပြုပ်သိုင်းပညာရပ်များလား?"

သေချာပါသည်။ ချင်ယွင်သည် ထိုအကြောင်းကို တွေးလိုက်မိစဉ်မှာပင်၊ ဖြတ်သွားဖြတ်လာ လူတစ်ယောက်က သူ့ကို လက်ညှိုးထိုးပြပြီး ကျယ်လောင်စွာ ရယ်မောသံကို ကြားလိုက်ရပါသည်။

"ဟား…၊ ဟား…၊ ဒီကောင်က နတ်ဘုရားသိုင်းပညာရပ် တစ်မျိုးမျိုးကို လေ့ကျင့်နေတာ ဖြစ်ရမယ်။" နောက်လူငယ်တစ်ယောက်ကလည်း ပြုံးရယ်ရင်း ပြောသည်။

ချင်ယွင်သည် သူ့ကို လက်ညှိုးထိုးပြီး အဝေးတွင် ရပ်နေသော လူနှစ်ယောက်ကို မြင်သောအခါ၊ သူသည် ဒေါသအမျက် မပေါက်ကွဲဘဲ မနေနိုင်ခဲ့ပါချေ။

ရုတ်တရက် သူ၏မျက်လုံးတွေက ဝင်းလက်တောက်ပလာပြီး သူက "အိုး၊ ဒီရတနာက ငါ့ဥစ္စာပဲ" ဟု တမင်တကာ အော်ပြောလိုက်သည်။ သူသည် ထိုရတနာကို တခြားလူတွေ ခိုးယူသွားမှာ ကြောက်ရွံ့နေသလိုပင် ဟန်ဆောင်လိုက်သေးသည်။

"ရတနာလား?။ လူငယ်နှစ်ဦးသည် ရတနာဆိုသည့်အသံကို ကြားသောအခါ၊ သူတို့မျက်နှာတွေ ချက်ချင်း ပြောင်းသွားကြသည်။

သူတို့သည် ဥက္ကာခဲကြီး၏ အုတ်အုတ်ကျစ်ကျစ် ဖြစ်ပေါ်စေမူကြောင့် ဤနေရာသို့ ဆွဲဆောင်ခံရပြီး ရောက်လာကြခြင်း ဖြစ်သည်။ ချင်ယွင်၏စကားကို ကြားတော့၊ သူတို့သည် ချက်ချင်းပင် သံသယဝင်လာကြသည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် ဥက္ကာခဲကြီဆီသို့ ပျံသန်းသွားကြသည်။

"ဘန်း…၊ ဘန်း…။" အသံနှစ်ချက် ထွက်ပေါ်လာမူနှင့်အတူ လူငယ်နှစ်ဦးသည် ထူးဆန်းသော ဥက္ကာခဲကြီး၏ စုပ်ယူမူခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ပေ။

"ဟား..၊ ဟား…။ ငါ မင်းတို့ကို ရယ်ရအောင်လုပ်ပေးဦးမယ်။ အခုလည်း ဆင်းလာခဲ့စမ်း" ချင်ယွင်သည် သူ၏လိမ်ညာလှည့်ဖြားမူ အောင်မြင်သွားခြင်းကြောင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

All Chapters