← Chapters

အခန်း ၈၄၁

Vol. 57 Ch. 841

အခန်း ၈၄၁

Vol. 57 Ch. 841

အဓိပတိအင်မော်တယ်သခင် စာစဉ် (၅၇)

ဘာသာပြန်သူ နေဇင်။

အခန်း (၈၄၁) ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်။

လျှိုညီအစ်ကို၏ နှလုံးသားများသည် အမှန်တကယ် ပြိုကျသွားခဲ့ရပါပြီ။ သူတို့၏ရှေ့မှ ဤကောင်သည် သူ၏နယ်ပယ်က သူတို့ကိုယ်ပိုင်နယ်ပယ်ထက် နိမ့်ကျနေသည်မှာ ရှင်းလင်းသေချာပါသော်လည်း၊ ထူးဆန်းသော ဥက္ကာခဲကြီးကို အဘယ့်ကြောင့် ထိန်းချုပ်နိုင်ရသနည်း ဆိုသည်ကို သူတို့ နားမလည်နိုင်ခဲ့ကြပေ။

နောက်ပြီး၊ ဤဥက္ကာခဲကြီးကရော ဘာကြီးလဲ?။ ဤမျှပြင်းထန်သော ဆွဲငင်အားရှိနေလျှင် ပင်၊ အရေးမကြီးသေးပါ။ ၎င်းဉက္ကာခဲကြီးသည် အမှန်တကယ် အရမ်းကို လေးလံလွန်း၏။ ယခုလေးတင် သူတို့အပေါ်ကို ဖိထားခဲ့ပြီး၊ သူတို့အနေဖြင့် လုံးဝ မလှုပ်ရှားနိုင်ခဲ့ပါဘူး။

သို့သော်၊ ချင်ယွင်က သူတို့ကို သတ်ဖြတ်ချင်စိတ် မရှိလို့သာ၊ ထိုသို့မဟုတ်လျှင်၊ သူတို့သည် သေသည်အထိ ထုရိုက်ခံရလိမ့်မည်။

လျှိုညီအစ်ကိုသည် စိတ်ရှုပ်ထွေးသော အမူအရာများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသော်လည်း၊ ချင်ယွင်ကို ရန်ထပ်ပြီးမစရန် သူတို့၏ စိတ်ထဲတွင် ကြံဆထားပြီး ဖြစ်သည်။

ချင်ယွင်သည် လျှိုညီအစ်ကိုနှစ်ယောက်၏ အမူအရာကို မြင်သောအခါ၊ သူ၏ ပါးစပ်ထောင့်မှ အပြုံးမပျက် ပေါ်လာသည်။

လျှိုညီအစ်ကိုနှစ်ယောက်ကို သူမသတ်ရသည့် အကြောင်းရင်းက သူတို့၏ စိတ်နေ သဘောထားက မဆိုးဘူးဟု ပြောလို့ရ၍ ဖြစ်သည်။ အကယ်၍၊ သူသည် သူတို့ကို အစကတည်းက သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိသည်ဆိုလျှင်၊ ချင်ယွင်က ၎င်းတို့ကို သတ်ဖြတ်ပြီးသား ဖြစ်နေလိမ့်မည်။

"မင်းတို့ နှစ်ယောက်က အနောက်ပိုင်းပင်လယ်ဒေသကနေ လာတာလား?" ချင်ယွင်က မေးလိုက်သည်။

"ဟုတ်တယ်၊ ဘာဖြစ်လို့လဲ?။ ငါတို့ညီအစ်ကိုနှစ်ယောက်က ကျင်းယွန်ဂိုဏ်းရဲ့ တပည့်တွေပဲ။" လျှိုဟန်က မောက်မာစွာ ပြောလိုက်ပြီး၊ လျှိုဒေါင်ကတော့ ချင်ယွင်ကို သတိထားသည့် အမူအရာဖြင့် ကြည့်နေသည်။

ချင်ယွင် ပြုံးလိုက်သည်။ ကျင်းယွန်ဂိုဏ်းက မည်သည့်ဂိုဏ်းဖြစ်သည်ကို သူ တစ်ခါမှ မကြားဖူးပါဘူး။ ချင်ယွင်၏ အမြင်အရဆို၊ ထိုဂိုဏ်းသည် ဂိုဏ်းကြီးတစ်ခု မဖြစ်သင့်ပါဘူး။ ချင်ယွင်သည် ထိုအကြောင်းကို သိရှိရန် စိတ်မဝင်စားတော့ပေ။

"မင်းတို့က အနောက်ပိုင်းပင်လယ်ဒေသရဲ့ အင်မော်တယ်တွေ ဖြစ်တယ်ဆိုမှတော့၊ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ကို ဘယ်လိုသွားရမလဲဆိုတာ သိလား?။" ချင်ယွင်က မေးလိုက်သော်လည်း၊ သူ၏စိတ်ထဲကနေ သက်ပြင်းချလိုက်မိပါသည်။ နောက်တစ်ခေါက်၊ ခရီးထွက်လာရင် ဂြိုလ်ကမ္ဘာမြေပုံတစ်ချပ်တော့ ဝယ်ရလိမ့်မည်။

"မင်းက ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ကို သွားချင်တာလား?" လျှိုဒေါင်သည် မျက်မှောင်ကြုတ်ပြီး ချက်ချင်းမေးလိုက်ရင်း ချင်ယွင်ကိုကြည့်သည့် သ်၏အကြည့်များပင် ချက်ချင်း ထူးဆန်းလာသည်။

လျှိုဟန်၏ အမူအရာသည်လည်း လျှိုဒေါင်နှင့် အလားတူပင်။

"ဘာလဲ?။ ဘာဖြစ်လို့လဲ?။ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ကြီး ဘာဖြစ်သွားလို့လဲ?။" ချင်ယွင်က သံသယစိတ်ဖြင့် မေးလိုက်သည်။ လျှိုညီအစ်ကိုနှစ်ယောက် သူ့ကိုကြည့်သည့် ပုံစံတွေက အလွန်ထူးခြားသည်ဟု သူ ခံစားမိသည်။

"ကောင်းကင်ဘုံက ကျောက်စိမ်းရေကန်က အခုလေးတင်…" လျှိုဟန်က ချင်ယွင်ကို ရှင်းပြချင်သော်လည်း လျှိုဒေါင်က သူ့ကို ချက်ချင်း တားဆီးလိုက်သည်။

"ဒါက ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ရဲ့ မြေပုံပဲ။ မင်းက ကောင်းကင်ဘုံ ကျောက်စိမ်း ရေကန်ကို ရောက်ဖို့ ဒီလမ်းကြောင်းအတိုင်း သွားလိုက်ရုံပဲ။" လျှိုဒေါင်က ပြောပြီး အင်မော်တယ်အနှစ်သာရဖြင့် ပေါင်းစပ်ထားသော မြေပုံတစ်ချပ်က သူ၏ လက်ဖဝါးပေါ်မှာ လွင့်ပျံလာသည်။

ချင်ယွင်သည် မြေပုံကို အသေအချာ ကြည့်ရင်း သူ၏စိတ်ထဲတွင် မြေပုံကို ရိုက်နှိပ်ထားရန် သူ၏ အင်မော်တယ်စိတ်အာရုံကို အသုံးပြုလိုက်သည်။

သို့သော်၊ သူ၏စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေဆဲပင်။ ယခုလေးတင် လျှိုဟန် ပြောပြာလာ သည့် တစ်ဝက်တစ်ပျက် အကြောင်းအရာအရ၊ ကောင်းကင်ဘုံကျောက်စိမ်းရေကန်သည် အနည်းငယ် ထူးခြားနေပုံပေါ်သည်။ သို့သော် လျှိုဒေါင်က မပြောပြစေချင်သောကြောင့် ချင်ယွင်သည် ထိုအကြောင်းကို ဆက်မမေးနိုင်တော့ပေ။

သူတို့နှစ်ဦးကို နှုတ်ဆက်ပြီးနောက် ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ဆီသို့ ဦးတည်သွားခဲ့သည်။

ချင်ယွင် ထွက်သွားသည်ကို မြင်ပြီးနောက်၊ လျှိုဟန်က သူ၏ဘေးနားမှ လျှိုဒေါင်ကို မေးလိုက်သည် "အကိုကြီး၊ အခုနက၊ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ရဲ့ အခြေအနေ ကို မင်း ဘာလို့ မပြောခိုင်းရတာလဲ?။"

“တကယ်လို့၊ ကျောက်စိမ်းရေကန်ဟာ ဒီနေ့ မုန်တိုင်းရဲ့ အထွတ်အထိပ်ကို ရောက်နေ တယ်ဆိုရင်၊ ငါတို့အနေနဲ့ ဝင်မပါမိတာ ပိုကောင်းပါတယ်။ ဒါကြောင့်၊ ငါက အဲဒီအကြောင်း ကို မဖော်ပြခိုင်းသလို၊ အဲဒီအကြောင်းကို မဖော်ပြမိအောင်လည်း ကြိုးစားနေတာ။” လျှိုဒေါင်က ပြောသည်။

လျှိုဟန်က ခေါင်းညိတ်လိုက်ပြီး၊ သူ့အစ်ကိုကြီး၏ စကားတွေက အဓိပ္ပာယ်ရှိလှသည်ဟု သူ ခံစားမိသည်။

"အကိုကြီး၊ ဒီကိစ္စအတွက် ဝင်မပါသင့်ဘူးလို့ မင်း ပြောလိုက်တယ် မဟုတ်လား?" လျှိုဟန်သည် ချင်ယွင်ထွက်ခွာသွားသည့် လမ်းကြောင်းကို လှမ်းကြည့်ရင်း ပြောလိုက်ပါ သည်။

"သူ့ရည်ရွယ်ချက်ကို မင်းက ဘာလို့ ဂရုစိုက်နေတာလဲ။ အဓိကက ငါတို့ ဒီကိစ္စမှာ မပါဝင်သင့်ဘူး။ သွားကြစို့။ မဟုတ်ရင်၊ ဆရာကြီး အလျင်လိုနေလိမ့်မယ်။" လျှိုဒေါင်က ပြောသည်။

လျှိုဟန်က ခေါင်းညိတ်ပြပြီး၊ ချင်ယွင်ထွက်ခွာသွားသည့် လမ်းကြောင်းနှင့် ဆန့်ကျင်ဘက် လမ်းကြောင်းအတိုင်း လျှိုဒေါင်၏နောက်မှ မလိုက်ချင်လိုက်ချင်နှင့် လိုက်ပါသွားတော့ သည်။

ချင်ယွင်သည် လျှိုဒေါင် သူ့ကို ပေးခဲ့သော မြေပုံလမ်းကြောင်းအတိုင်း ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ဆီ အပြေးအလွှား ပြေးလာခဲ့သည်။ သို့သော်၊ လျှိုဒေါင် မပြောစေချင် သည့် စကားအကြောင်းကို သူ တွေးတောနေသေးသည်။ ကောင်းကင်ဘုံ ကျောက်စိမ်း ရေကန်မှာ တစ်ခုခုဖြစ်သွားသည်ဟု သူ အမြဲတမ်း ခံစားခဲ့ရသည်။

အနောက်ပိုင်းပင်လယ်သည် အလွန်ကျယ်ပြောပြီး ချင်ယွင်သည် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်နှင့် ကီလိုမီတာ သန်းပေါင်းများစွာ ကွာဝေးသေးသည်။ ထို့ကြောင့် ချင်ယွင်သည်ပင်လျှင် အချိန်အတော်ကြာ ခရီးသွားရန် လိုအပ်သည်။

နှစ်ရက်ကြာ ခရီးထွက်ပြီးနောက် ချင်ယွင်သည် နောက်ဆုံးတွင် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ သြဇာလွှမ်းမိုးမှုနယ်ပယ်ထဲသို့ ရောက်ရှိလာခဲ့သည်။

ဝှီး…။

သို့သော်၊ ချင်ယွင်သည် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ဆီသို့ ဆက်၍ ခရီးသွားနေ ချိန်မှာ အလွန်မင်း လျင်မြန်သော အလင်းတန်းတစ်ခုသည် သူ၏အပေါ်မှ ဖြတ်ပြေးသွား ခဲ့သည်။

"ဘယ်လောက်တောင် မြန်လိုက်လဲ?" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့် သည့် အမူအရာ ပေါ်လာသည်။

သူသည် လျှပ်တပြက် မိုင်တစ်သောင်းနိယာမကို အပြည့်အဝ ထုတ်ဖော်ထားချင်း မရှိ သော်လည်း ချင်ယွင်၏ အမြန်နှုန်းသည် အထွက်အထိပ်အဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများ၏ အထက်မှာ လုံးလုံးလျားလျား ရှိနေသည်ဟု ဆိုနိုင်ပါသည်။

သို့သော်၊ ထိုပုံရိပ်၏ အမြန်နှုန်းသည် ချင်ယွင်ထက် အဆပေါင်းများစွာ ပိုမြန်နေပါသည်။ ချင်ယွင်သည် ထိုလူ၏ ရုပ်အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် အချိန်ပင် မရှိခဲ့ပေ။ ထိုပုံရိပ်သည် သူ၏အနားမှ ဖြတ်ကျော်သွားခဲ့ပါပြီ။

သို့သော် ချင်ယွင်သည် ထိုလူ၏ ကျင့်ကြံမှုအခြေခံသည် မမြင့်မားသေးကြောင်းနှင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင်သာရှိကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်ပါသည်။

ဤသည်မှာ ချင်ယွင်၏ အမြန်နှုန်းသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အဆင့် ကျွမ်းကျင်သူတစ်ဦးကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခြင်းပင် ဖြစ်လေသည်။ ဤအရာက သူ့ကို အလွန် သိချင်စိတ် ပြင်းပြစေခဲ့သည်။ သို့သော်၊ သူသည် လေစွမ်းရည် လျှပ်တပြက် မိုင်တစ်သောင်းနိယာမကို အပြည့်အဝပြ ထုတ်ဖော်လိုက်ချိန်တွင်၊ ထိုလူ ပျောက်ကွယ်သွားသည်မှာ ကြာမြင့်နေပါပြီ။

ကူရာမဲ့စွာ၊ ချင်ယွင်သည် လက်လျော့ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

"ဟေ့ ကောင်စုတ်လေး၊ မင်းက နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်အဆင့် တစ်ယောက် အနေနဲ့ ဒီကို ဘာလာလုပ်တာလဲ?"

သို့သော် ချင်ယွင် သက်ပြင်းကို မချနိုင်မီတွင် သူ၏ နားထဲတွင် နောက်ထပ် စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင် လှည့်ကြည့်လိုက်တော့ သူ၏နောက်မှာ ကလေးမလေးတစ်ယောက်နှင့် အဖိုးအို တစ်ဦးကို တွေ့လိုက်ရပါသည်။

ကလေးမလေးသည် အသက်ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ် အရွယ်ရှိပြီး၊ သူမ၏ရုပ်ရည်အသွင်အပြင်က ချောမောပြေပြစ်သည်။ သူ၏မျက်လုံးကြီးတွေက ရွှန်းလဲ တောက်ပနေသည်။ သို့ရာတွင်၊ သူမမျက်လုံးများ၏ နက်ရှိုင်းသော နေရာတွင် ရှေးဟောင်း စိတ်ဝိညာဉ်တစ်ခု ရှိနေပါသည်။

သူမ၏ ကျင့်ကြံမူအခြေခံက နိမ့်ကျခြင်းမရှိဘဲ၊ သူမသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အင်မော်တယ် ကမ္ဘာမှ လူများ၏အသက်ကို ၎င်းတို့၏ရုပ်ရည်သွင်ပြင်ဖြင့် မဆုံးဖြတ်နိုင်သော်လည်း၊ ချင်ယွင်သည် ဤကလေးမသည် အနည်းဆုံး အသက် ၂၀ နှစ်အောက်သာ ရှိမည်ဟု သေချာပေါက် ပြောနိုင်သည်။

အသက်နှစ်ဆယ်အောက် မိန်းကလေးတစ်ယောက်အနေဖြင့်၊ နှောင်းပိုင်းအဆင့် လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်နယ်ပယ်အထိရောက်အောင် ကျင့်ကြံနိုင်ခြင်းသည် တကယ့်ကို ရှားပါးသည့်ကိစ္စ ဖြစ်ပါသည်။ အခုနက သူ့ကို ပြောခဲ့သည့်စကားတွေက ထိုမိန်းကလေး၏ ပါးစပ်ကနေ ထွက်လာခြင်း ဖြစ်သည်။

အဘိုးကြီးကတော့ အသက် ခြောက်ဆယ်၊ ခုနစ်ဆယ်လောက် ရှိပါပြီ။ သို့သော်၊ သူ၏ပုံစံက အလွန်အရပ်ရှည်ပြီး သေးသွယ်သည်။ သူသည် အဖြူရောင် ၀တ်စုံကို ၀တ်စားထားပြီး၊ သူ၏ခါးတွင် ဝိုင်ပုလင်းကို သပ်သပ်ရပ်ရပ် ချိတ်ဆွဲထားသည်။ သို့ရာတွင်၊ သူသည် ဖော်ပြ၍မရနိုင်သော အင်မော်တယ် အငွေ့အသက်ကို ပေးစွမ်းနေသည်။

ဟုတ်ပါသည်၊ သူ အမှန်တကယ် သတိထားရမည့်အရာကတော့ အဘိုးအို၏ ကျင့်ကြံမှု အဆင့်ကို သူ အမှန်တကယ် မမြင်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ တစ်နည်းဆိုရသော်၊ ဤအဘိုးအိုသည် အနည်းဆုံး အလယ်အလတ်အဆင့် အင်မော်တယ်ဘုရင်နယ်ပယ်၊ သို့မဟုတ် နှောင်းပိုင်းအဆင့် အင်မော်တယ်ဘုရင် နယ်ပယ်မှာပင် ရှိနေနိုင်ပါသည်။

"မင်း ငါ့ကို ခေါ်နေတာလား?" ချင်ယွင်က သူ့ကိုယ်သူ ညွှန်ပြပြီး မေးလိုက်သည်။

ကလေးမလေးက ချင်ယွင်ကို ချက်ချင်း မျက်လုံးပြူးပြီး နှုတ်ခမ်းကို ဆူကာ ပြောလိုက် သည် "ဟမ့်၊ ငါ နင့်ကို မခေါ်တော့၊ ဒီနေရာမှာ စတုတ္ထလူ ရှိသေးလို့လား?"

ချင်ယွင်သည် စကားပင် ပြန်မပြောနိုင် ဖြစ်သွားရသည်။ ဤကောင်မလေးသည် သူ့လောက်ပင် အသက်ကြီးသေးပုံ မပေါ်ချေ။ သူမသည် အမှန်တကယ် သူ့ကို ကောင်လေးဟု ခေါ်နေသည်။ ဤအဘိုးကြီးကြောင့်သာ၊ ထို့သိုမဟုတ်လျှင်၊ သူသည် အမှန်တကယ် အပြေးအလွှား ပြေးသွားပြီး ဤကလေးမလေးကို ရိုက်နှက်ဆုံးမ ပစ်မိလိမ့်မည်။

"ငါက ဘာလို့ ဒီကို မလာရတာလဲ?" ချင်ယွင်က သူ့ကို ယခုလို ပြောလာသည့်အတွက် တွန့်ဆုတ်မနေဘဲ၊ ယင်းအစား သူက ပြန်မေးသည်။

"ဟမ့်၊ နင်က နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာပဲ ရှိနေသေးတယ်။ နင်က သေခြင်းတရားကို တောင်းခံဖို့ ရောက်လာတာ မဟုတ်လား? ဒီနေရာဟာ တခဏအတွင်း အလွန်အန္တရာယ်များလိမ့်မယ်ဆိုတာ နင် မသိဘူးလား?။" ကလေးမလေးက မောက်မာစွာ ပြောသည်။

"အန္တရာယ်လာ..? ဘာအန္တရာယ်လဲ?" ချင်ယွင်က ဆက်မေးသည်။

"ဟေး၊ နင်က ဘာလို့ ဒီလောက်တောင်မှ ဉာဏ်မမှီသေးတာလဲ?။ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ထဲမှာ ကြီးမားတဲ့ လေဟာနယ် အက်ကြောင်းကြီးတစ်ခု ရှိနေတာကို နင် မသိဘူးလား?။" ကလေးမလေးက ဒေါသတကြီး ပြောလိုက်လေသည်။

"လေဟာနယ် အက်ကြောင်းကြီးလား..?" ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ် လိုက်မိသည်။

အရာအားလုံးက သူထင်ထားသလောက် မရိုးရှင်းဘူးဟု ထင်ရပါသည်။ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်တွင် ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သည်။

All Chapters