← Chapters

အခန်း ၈၄၂

Vol. 57 Ch. 842

အခန်း ၈၄၂

Vol. 57 Ch. 842

အခန်း (၈၄၂) လေဟာနယ် အနက်ရောင်တွင်းကြီး။

"နင် တကယ် မသိဘူးလား?။ ဒါဆို နင် ဒီမှာ ဘာလုပ်နေတာလဲ?" ကလေးမလေးသည် ချင်ယွင်ကို ဘီလူးသရဲလို အမူအရာဖြင့် ကြည့်လိုက်သည်။

ချင်ယွင်ကိုကြည့်သည့် အဘိုးအို၏ အကြည့်များသည်လည်း သိချင်စိတ် ပြင်းပြလာပုံရ သည်။

ချင်ယွင် ချက်ချင်းဆိုသလို ရှက်ရွှံ့သွားသည်။ တာချင်း အင်မော်တယ်မင်းဆက်၏ နဂါးသွေးကြောအတွက် သူ ရောက်နေသည်ကို သူတို့ကို ပြောပြလို့ မရနိုင်ပါဘူး။

"လေဟာနယ်အက်ကြောင်းကြီးလား?။ အဲဒါက ဘာလဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ကလေးမလေးသည် ချင်ယွင် ဘာလုပ်နေလဲဆိုသည်ကို အမှန်တကယ် သိချင်ပုံ မပေါ်ပါဘူး။ ချင်ယွင်၏ အမေးကိုကြားတော့ သူမသည် အဝေးသို့ လက်ညှိုးညွှန်ပြပြီး ပြောသည် "အဲဒါကို တွေ့လား? အဲဒါက ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ရဲ့ အပေါ်က လေဟာနယ်အက်ကြောင်းကြီးပဲ"။

ချင်ယွင်သည် ချက်ချင်းပင် ကလေးမလေး၏ လက်ချောင်းညွှန်ပြရာဆီသို့ လှမ်းကြည့် လိုက်ရာ အဝေးရှိ ကောင်းကင်ယံပေါ်တွင် အနက်ရောင် အရာဝတ္ထုကြီးတစ်ခုကို တွေ့လိုက်ရသည်။

"အဲဒါက လေဟာနယ်အက်ကြောင်းကြီးလား?။ ဒီလောက်တောင် ကြီးလား?" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

အနက်ရောင်အရာကြီးသည် လွှင့်မျောနေသော အင်မော်တယ်မြို့တစ်မြို့ဟု သူ ထင်ခဲ့ သော်လည်း၊ ၎င်းသည် လေဟာနယ် အက်ကြောင်းကြီးဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ချင်ယွင်သည် ဤမျှကြီးမားသော လေဟာနယ် အက်ကြောင်းကြီးကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။

ယခုအချိန်တွင်၊ ချင်ယွင်သည် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်နှင့် ကီလိုမီတာ သောင်းနှင့်ချီ ဝေးကွာနေသော်လည်း၊ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ တည်နေရာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်ပါသေးသည်။ သူ၏ အမြင်အာရုံထဲမှာ တော့၊ လေထဲမှာ လွင့်မျောနေသည့် မျက်လုံးတစ်လုံး၏ အရွယ်အစား အနက်ရောင် အစက်ကလေးတစ်စက် ရှိနေပါသည်။

ကီလိုမီတာ သောင်းနှင့်ချီ ဝေးကွာသောအရပ်မှ မြို့တစ်မြို့သည် လက်ဖဝါးသာသာ အရွယ်အစားသာ ရှိပါလိမ့်မည်။ သို့သော်၊ ဤနေရာကနေ ကြည့်လျှင်ပင်၊ ထိုလေဟာနယ် အက်ကြောင်းသည် အမှန်တကယ် မျက်လုံးတစ်လုံး၏ အရွယ်အစား ဖြစ်နေသည်။ ဤ လေဟာနယ် အက်ကြောင်းသည် မည်မျှကြီးမားသည်ကို တွေးကြည့်နိုင်ပါသည်။

ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်း တွန့်သွားခဲ့သည်။ အင်မော်တယ်ကမ္ဘာရှိ ဂြိုလ်ကမ္ဘာလေးခုစလုံး၏ လေဟာနယ်သည် အလွန်တည်ငြိမ်ပါသည်။

လေဟာနယ် အက်ကြောင်းတစ်ခု သို့မဟုတ် နှစ်ခုကို ခေတ္တခဏ ဖြိုခွဲနိုင်ခဲ့လျှင်ပင်၊ ၎င်းတို့ကို အလျင်အမြန် ပြုပြင်နိုင်ဆဲ ဖြစ်သည်။ သို့သော်လည်း ဤ လေဟာနယ် အက်ကြောင်းသည် အချိန်အတော်ကြာအောင် တည်ရှိနေခဲ့သည်။ ထို့ပြင်၊ အလွန် ဝေးကွာသော အကွာအဝေးမှ ချင်ယွင်သည် ၎င်းထံမှ နက်မှောင်သော အငွေ့အသက်ကို ခံစားနိုင်သည်။

"တုံးအလိုက်တဲ့ ကောင်စုတ်လေး၊ အခု နားလည်သွားပြီလား?။ အဲဒီနေရာက လေဟာနယ် အက်ကြောင်းကနေ အနှိုင်းမဲ့ ကြောက်စရာကောင်းတဲ့ အမှောင်ထုရဲ့ အငွေ့အသက်ကို ထုတ်လွှတ်နေတယ်။ အဲဒီအထဲကနေ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခု ထွက်လာ နိုင်တယ်။ အဲဒီအချိန်ရောက်ရင် ဒီနေရာက သေချာပေါက် အရမ်းကို အန္တရာယ်များ လိမ့်မယ်။ ဒါကြောင့်၊ နင် ဒီနေရာကနေ အမြန်ဆုံး ထွက်သွားတာက အကောင်းဆုံးပဲ။" ကလေးမလေးက ချင်ယွင်ကို ပြောလိုက်သည်။

ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ရုတ်တရတ် သိရှိနားလည်လာမှုကို ခံစားလိုက်ရပြီး၊ ကလေးမလေးကို ကြည့်သည့် သူ၏အကြည့်များသည်လည်း ပျော့ပြောင်းသွားသည်။

ဤကလေးမလေး၏ အသံနေအသံထားက အမြဲတမ်း ကြမ်းတမ်းနေသော်လည်း၊ နောက်ဆုံးတော့ သူမသည် အလွန်ကြင်နာတတ်သူ ဖြစ်နေဆဲပင်။ ထိုသို့မဟုတ်လျှင်၊ သူ့ကို ဒီနေရာကနေ ထွက်သွားဖို့ အဘယ့်ကြောင့် ဆက်ပြီး သွေးဆောင်နေမည်နည်း?။

"သွားကြရအောင်!" အဘိုးအိုက ပြောသည်။

ကလေးမလေးက ခေါင်းညိတ်ပြပြီး၊ ချင်ယွင်ကို အေးစက်စွာ လှည့်ကြည့်ကာ ပြောလိုက်သေးသည် “ကောင်စုတ်လေး၊ ငါပြောတာ ကြားရဲ့လား?။ ဒီနေရာကနေ စောစော ထွက်သွားတော့"။

ထိုသို့ပြောပြီးနောက်၊ သူမသည် အဘိုးအိုနောက်သို့ လိုက်ပါသွားပြီး၊ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ဆီသို့ ပျံသန်းသွားခဲ့သည်။

ချင်ယွင်သည် ကလေးမလေး ထွက်သွားသည်ကို ကြည့်ရင်း ကူကယ်ရာမဲ့ ခေါင်းယမ်း လိုက်မိသည်။

သူမသည် သူ့ကို အစကနေအဆုံးအထိ ကောင်းကောင်းပင် မကြည့်ခဲ့သော်လည်း၊ ဒီနေရာကနေ ထွက်သွားဖို့အတွက် သူ့ကို ကောင်စုတ်လေးဟုပင် ခေါ်ဝေါ်ခဲ့သည်။ ဤအရာက ချင်ယွင်၏ စိတ်ထဲတွင် ဒေါသနှင့် ရယ်စရာ နှစ်မျိုးစလုံးကို ဖြစ်စေခဲ့သည်။

"ဒီကြီးမားတဲ့ လေဟာနယ် အက်ကြောင်းကြီး ထွက်ပေါ်လာမူက ဒီတစ်ခါ ငါ့ရဲ့ စစ်ဆင်ရေး အတွက် အကောင်းဖြစ်မလား ဒါမှမဟုတ် အဆိုးဖြစ်မလားဆိုတာ ငါ သိချင်မိတယ်" ချင်ယွင်၏ မျက်လုံးများသည် နက်မှောင်သော အငွေ့အသက်များ အဆက်မပြတ် ထုတ်လွှတ်နေသော အဝေးမှ ဧရာမ လေဟာနယ် အက်ကြောင်းကြီးကို ကြည့်ရင်း တွေးတောဆင်ခြင်မှုများနှင့် ပြည့်နှက်နေသည်။

ဤတစ်ကြိမ်တွင်၊ သူ၏ အဓိက ရည်မှန်းချက်မှာ တာချင်း အင်မော်တယ် မင်းဆက်၏ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ရှိ နဂါးသွေးကြောကြီးကို အရယူရန် ဖြစ်သည်။ မူလက သူသည် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ထဲသို့ ခိုးဝင်ကာ နဂါးသွေးကြောကို လျှို့ဝှက်စွာ သိမ်းပိုက်ရန် ရည်ရွယ်ခဲ့သော်လည်း၊ ယခုအခါတွင် ကြီးမားသော အနက်ရောင် လေဟာနယ် အက်ကြောင်းကြီး ပေါ်လာသဖြင့် သူ၏အစီအစဉ်များကို ခေတ္တခဏ ဆိုင်းငံ့ထားရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

"သွားကြည့်ရအောင်။" ချင်ယွင်သည် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ဆီသို့ ပျံသန်းလာစဉ် သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ်လိုက်သည်။

ချင်ယွင် ချဉ်းကပ်လာသည်နှင့်အမျှ မှောင်မိုက်သော အငွေ့အသက်သည် ပိုပို၍ ထူထပ် လာသည်ကို ချင်ယွင် ခံစားရသည်။ လေဟာနယ် အက်ကြောင်းကြီး၏ မူလ အသွင်အပြင်သည် ချင်ယွင်၏ရှေ့တွင် တဖြည်းဖြည်း ပေါ်လာသည်။

ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ အထက်တွင် ကြီးမားသော အနက်ရောင် လေဟာနယ် တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ အမှောင်ထု၏ ထူထပ်သော အငွေ့အသက်တွေက ၎င်းတွင်းပေါက်ကြီးထဲမှ အဆက်မပြတ် ထွက်ပေါ်လာနေပြီး ကြောက်မက်ဖွယ်ကောင်းသော အရာဝတ္ထုကြီးတစ်ခုခု ထွက်ပေါ်လာတော့မည့် အလား နှလုံးခုန် ရင်တုန်လောက်သည့် ဖိအားတစ်ခု ထွက်ပေါ်လာနေသည်။

ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်သည် မူလကတည်းက အနောက်ပိုင်း ပင်လယ်ဒေသ တွင် မြင့်မြတ်သော ကျင့်ကြံခြင်းနယ်မြေတစ်ခု ဖြစ်သည်။ ၎င်းသည် အနောက်ပိုင်း ပင်လယ်ဒေသထဲတွင် ပါဝင်နေသော်လည်း တာချင်း အင်မော်တယ်မင်းဆက်၏ ဗဟိုတွင် တည်ရှိနေသည်။

ဤနေရာတွင် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ဟု လူသိများသော အင်မော်တယ် ရေကန်တစ်ခု ရှိသည်။

ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏အောက်တွင် တာချင်း အင်မော်တယ် မင်းဆက်၏ အသက်သွေးကြောဖြစ်သော နဂါးသွေးကြောင်ကို ထိန်းချုပ်ထားသည့် အရာတစ်ခုခု ရှိနေသည်။

သေချာပါသည်။ တာချင်း အင်မော်တယ် မင်းဆက်တစ်ခုလုံးတွင် ဤအကြောင်းကို သိရှိထားသည့် လူတွေကို လက်ချိုးရေတွက်လို့ ရပါသည်။ ထို့ကြောင့်ပင်၊ ဤနှစ်သန်းပေါင်းများစွာအတွင်းမှာ၊ ဤနဂါးသွေးကြောနှင့် ပတ်သက်ပြီး ဘယ်တုန်းကမှ ပြဿနာ မရှိခဲ့ပါဘူး။

လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းက အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် ဤနေရာရှိ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ နဂါးသွေးကြောကို အသုံးပြု၍ မြင့်မြတ်သော ကျင့်ကြံခြင်းနယ်မြေတစ်ခုကို တည်ထောင်ခဲ့သည်။

ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ မြင့်မြတ်သော ကျင့်ကြံခြင်းနယ်မြေတွင် တပည့်များစွာမရှိဘဲ ထောင်ဂဏန်းမျှသာရှိသော်လည်း၊ ၎င်းတို့အားလုံးသည် ထူးချွန် ထက်မြက်သူများ ဖြစ်ကြသည်။ အနောက်ပိုင်းပင်လယ်ဒေသမှ တပည့်များသည် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ထဲသို့ ဝင်ရောက်ပြီး ကျင့်ကြံနိုင်သည့်အတွက် ဂုဏ်ယူကြသည်။

ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်သည် တာချင်း အင်မော်တယ် မင်းဆက်၏ နဂါးသွေးကြောရှိနေသည့် နယ်မြေဖြစ်သည့်အတွက်ကြောင့်၊ ၎င်းနေရာတွင် သဘာဝ အတိုင်း သစ်ပင်ပန်းမာန်များ၊ သာယာသော ရှုခင်းများဖြင့် ရှင်သန်ကြီးထွားနေပါသည်။ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ကြီး တစ်ခုလုံးကိုပင် အင်မော်တယ် စွမ်းအင်အလွှာ တစ်ခုဖြင့် ဖုံးလွှမ်းထားသည်။

ယခုမူကား၊ ဤအင်မော်တယ် စွမ်းအင်လွှာသည် ကောင်းကင်ယံ၌ မှောင်မိုက်သော အငွေ့အသက်များကြောင့် လွင့်ပျယ်သွားခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော နှလုံးခုန် ရင်တုန်သည့် ခံစားချက်မျိုးကို ပေးစွမ်းနေပါသည်။

ထိုအချိန်တွင်၊ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ မြင့်မြတ်သောနယ်မြေ၏ ရင်ပြင်ပေါ်တွင် လူပေါင်းများစွာ စုဝေးနေကြသည်။ ၎င်းတို့ထဲတွင် တချို့က ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ တပည့်တွေဖြစ်ကြပြီး၊ တချို့ကတော့ အဝေးကနေ အပြေးလွှား ပြေးလာကြသည့် ကျွမ်းကျင်ပညာရှင်တွေ ဖြစ်ကြပါသည်။

လူတိုင်းသည် ကောင်းကင်ယံရှိ အနက်ရောင် လေဟာနယ် တွင်းပေါက်ကြီးကို ညွှန်ပြပြီး၊ အချင်းချင်း ဆွေးနွေးနေကြသည်။ သူတို့သည် အနက်ရောင် တွင်းနက်ကြီးရှိရာ ဦးတည်ရာ အရပ်ဆီသို့ ကြောက်ရွံ့မှုများ၊ စိတ်ရှုပ်ထွေးမှုများ အပြည့်နှင့်အတူ ကြည့်နေခဲ့ကြသည်။

ချင်ယွင်၏ ရုပ်အသွင်သည် စင်မြင့်ပေါ်တွင် ပျံဝဲကျလာသည်။ သူသည် ဤအခွင့်ရေးကောင်းကို အရယူ၍ ဤကျွမ်းကျင်သူများ၏နောက်မှ လိုက်ပါသွားရမည်။ အကယ်၍၊ ပုံမှန်အခြေနေမှာသာဆိုလျှင်၊ သူသည် ကောင်းကင်ဘုံ ကျောက်စိမ်း ရေကန်ထဲသို့ ဝင်ရောက်ရန် အနည်းငယ် အားထုတ်ရပေလိမ့်မည်။

ချင်ယွင်က သူ၏ခေါင်းကို မော့လိုက်ပြီး သူ၏ခေါင်းထက်မှ အနက်ရောင် လေဟာနယ် တွင်းနက်ပေါက်ကြီးကို ကြည့်လိုက်သည်။ အနက်ရောင် လေဟာနယ် တွင်းနက်ကြီးသည် အလွန်မင်း နက်ရှိုင်းလွန်းသည်ဟုသာ ခံစားခဲ့ရပြီး လေဟာနယ် တွင်းနက်ကြီး၏ အခြား တစ်ဖက်စွန်းရှိ အရာများကို မမြင်တွေ့နိုင်ပေ။

ချင်ယွင်သည် ကူရာမဲ့စွာ ခေါင်းကို ယမ်းလိုက်ရင်း၊ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ အင်မော်တယ် ရေကန်ဆီသို့ လှည့်ကြည့်လိုက်သည်။

ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ အင်မော်တယ်ရေကန်သည် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၊ မြင့်မြတ်သော ကျင့်ကြံခြင်းနယ်မြေ၏ တားမြစ်နယ်မြေ ဖြစ်ပါ သည်။ ဂိုဏ်းဝင်တပည့်များပင်လျှင် ဝင်ခွင့်မပြုပေ။ ထို့ကြောင့် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ အင်မော်တယ်ရေကန်ကို ဖုံးအုပ်ထားသည့် အနှိုင်းမဲ့ စွမ်းအား ကြီးမားသော အစီအရင်ဝင်္ကပါတစ်ခု ရှိနေခဲ့သည်။

ချင်ယွင်သည် ဤအစီအရင်ဝင်္ကပါသည် အဆင့် ၁၀ အစီအရင်ဝင်္ကပါ ဖြစ်သည်ကို အကြည့်တစ်ချက်ဖြင့် မြင်နိုင်ပါသည်။ သူ၏ ကိုယ်ပိုင်အစွမ်းဖြင့် ဖြတ်ကျော်ရန် ဆိုသည်မှာ သူ့အတွက် မဖြစ်နိုင်ပါဘူး။ ထို့အပြင်၊ အကယ်၍၊ သူသည် အစီအရင်ဝင်္ကပါကို ဖြတ်ကျော်နိုင်ခဲ့လျှင်ပင်၊ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ အနီးနားဝန်းကျင်တွင် ပုန်းအောင်းနေသည့် ကျွမ်းကျင်ပညာရှ၍်များ ရှိနေမည်မှာ သေချာပါသည်။ သူသည် အထဲသို့ မဝင်နိုင်ခင်ကတည်းကပင် အသတ်ခံရပြီးဖြစ်မည်ဟု ခန့်မှန်း၍ရပါသည်။

ထို့ကြောင့်၊ ချင်ယွင်၏ ယခင်အစီအစဉ်ဖြစ်သော ကောင်းကင်ဘုံ ကျောက်စိမ်း ရေကန်ထဲ သို့ ခိုးဝင်ပြီး နဂါးသွေးကြောကိုခိုးယူရန်မှာ အလုပ်မဖြစ်နိုင်တော့ပေ။ ယင်းက ချင်ယွင်ကို မျက်မှောင်ကြုတ်သွားစေသည်။

"ဟေ့၊ ဒီနေရာကနေ ထွက်သွားဖို့ နင့်ကို ငါ မပြောဖူးလား?။ နင် ဘာလို့ ဒီကို ရောက်နေရ တာလဲ?"

သို့သော်လည်း၊ ချင်ယွင်သည် ဘာဆက်လုပ်ရမလဲဟု တွေးတောနေချိန်မှာပင်၊ ချင်ယွင်၏ နားထဲတွင် ဒေါသတကြီးပြောဆိုလာသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင် မော့ကြည့်လိုက်တော့၊ သူတွေ့ဖူးခဲ့သော ကလေးမလေးသည် ဒေါသတကြီး အမူအရာဖြင့် သူ၏ရှေ့မှာ ရပ်နေသည်ကို တွေ့လိုက်ရ၏။

ချင်ယွင်သည် ထိုမိန်းကလေးကို မြင်သောအခါတွင် ဆိုးရွားသော ကြိုတင် သတိပေးချက် တစ်ခုက သူ၏စိတ်ထဲတွင် ချက်ချင်း ပေါ်လာသည်။

"အထွတ်အထိပ် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်က ဒီနေရာမှာ ဘာမှအသုံးမဝင်ဘဲ သေသွားနိုင်တယ်လို့ ငါ နင့်ကို ပြောထားပြီးသားလေ။ နင်ကတော့ ဒီနေရာအထိတောင် ရောက်အောင်လာခဲ့တယ်" ကလေးမလေးက ဒေါသတကြီး ပြောသည်။ သူမ၏အသံက အနည်းငယ် ကျယ်လောင်သွားသည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ သူမ၏စကားသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အကြည့် အများအပြားက ချင်ယွင်ဆီသို့ ချက်ချင်း လှမ်းမျှော်ကြည့်ကြသည်။

ပတ်ဝန်းကျင်မှ အကြည့်များကို ခံစားမိရင်း ချင်ယွင်သည် သူ့ကိုယ်သူ နွားသိုးကြီး တစ်ကောင် ဖြစ်သွားသည်ဟုပင် ချက်ချင်း ခံစားလိုက်ရသည်။

All Chapters