← Chapters

အခန်း ၈၄၃

Vol. 57 Ch. 843

အခန်း ၈၄၃

Vol. 57 Ch. 843

အခန်း (၈၄၃) သုံးဆယ့်ခြောက်သော အင်မော်တယ်ဘုရင်များ။

"အထွတ်အထိပ် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်တစ်ယောက်က သေခြင်းတရားကို လာရောက် ရှာဖွေနေတာ မဟုတ်ဘူးလား?။

"မှန်တယ်။ ဒီအနက်ရောင် တွင်းနက်ကြီးက မသိနိုင်တဲ့ အန္တရာယ်တွေနဲ့ ပြည့်နှက် နေတယ်။ သူလို အထွတ်အထိပ် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်တစ်ယောက် ဒီနေရာကို ရောက်လာခြင်းက အလုပ်လာရှုပ်ရုံသက်သက်ပဲ မဟုတ်လား?"။

ပတ်ဝန်းကျင်ရှိ လူတိုင်းက ချင်ယွင်ကိုကြည့်ရင်း ချက်ချင်းထောက်ပြပြီး ဆွေးနွေးကြ သည်။ ချင်ယွင်ကို ကြည့်နေသော သူတို့အကြည့်များသည်လည်း မထီမဲ့မြင် ပြုလာကြ သည်။

ချင်ယွင်သည် သူ၏မျက်လုံးများတွင် အထင်သေး ကဲ့ရဲ့ခြင်းကို ခံစားရလိုက်ပြီး စကားပင် ပြန်မပြောနိုင်ပေ။

ဤမိန်းကလေးက သူ၏အကျိုးအတွက် လုပ်ဆောင်နေသည်ကို သူသိသော်လည်း၊ သူမသည် သူ့ကို ဒုက္ခအများကြီး ပေးနေခဲ့သည်။

"တကယ် အန္တရာယ်ရှိမရှိ သိချင်လို့ ငါ ဒီကို လာကြည့်ရုံသက်သက်ပါ။ တကယ် အန္တရာယ် ရှိတာနဲ့ ငါ ချက်ချင်း ထွက်ခွာသွားမယ်။" ချင်ယွင်က ကလေးမလေးအား ပြောလိုက်သည်။

"တကယ်​အန္တရာယ်​ရှိလာခဲ့ရင်၊ မင်းအနေနဲ့ အဲ့ဒီအချိန်မှာ ဒီနေရာ​က​နေ အချိန်မှီ ထွက်​မသွားနိုင်​တော့မှာ ငါ ​ကြောက်မိ​တယ်​" ကလေးမလေးက နှုတ်ခမ်းကို တွန့်ပြီး ပြောလိုက် သည်။

သို့သော်၊ သူမသည် ချင်ယွင်ကို ထွက်ခွာရန် တွန်းအားမပေးတော့ချေ။ ပတ်ဝန်းကျင်မှ လူများသည်လည်း ချင်ယွင်ကို မထီမဲ့မြင်ပြုကာ လျစ်လျူရှုလိုက်ကြသည်။ အဆုံးတွင်၊ ချင်ယွင်သည် အကယ်၍ သူတို့ကို သတ်ဖြတ်ရန် ဆန္ဒရှိနေလျှင်ပင်၊ သူ့အနေဖြင့် မည်သည့်အရာမျှ မလုပ်နိုင်ဟု သူတို့ ခံယူထားကြသည်။

ပတ်ဝန်းကျင်မှ လူများက သူ့ကို ဂရုမစိုက်တော့သည်ကို တွေ့လိုက်ရသောအခါ၊ ချင်ယွင်လည်း သက်ပြင်းချမိသည်။ အခုအချိန်မှာ သူ့ကိုယ်သူ ပို၍ နှိမ့်ချပြီးနေလေ၊ သူ့အတွက် ပိုကောင်းလေပင်။ သို့မှသာ သူသည် နဂါးသွေးကြောကို ခိုးယူရန် အခွင့်အရေးရှိလာမည် ဖြစ်သည်။

ချင်ယွင်သည် တစ်ချက် စောင့်ငဲ့ကြည့်လိုက်သည်။ ရင်ပြင်မှာ လူပေါင်း ၃၀၀၀ နီးပါး စုရုံးနေကြပြီ။ ထိုအထဲတွင် အင်မော်တယ်ဘုရင် ၃၀ ထက်မနည်း ရှိနေပါသည်။ အင်မော်တယ်ဘုရင် အများစုသည် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ မြင့်မြတ်သော နယ်မြေမှ အင်မော်တယ်ဘုရင်များ ဖြစ်ကြပြီး၊ ၎င်းတို့ထဲမှ အနည်းငယ်သည် သူတို့ကို ထောက်ပံ့ကူညီရန် အပြေးအလွှား ရောက်လာကြသော အင်မော်တယ်ဘုရင်များ ဖြစ်ကြသည်။

ကျန်သူများအားလုံးသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြပြီး၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အောက်မှာဆို ချင်ယွင် တစ်ယောက်သာ ရှိပါသည်။ ပတ်ဝန်းကျင်မှ လူအများပြားသည် ချင်ယွင်ကို မထီမဲ့မြင် ပြုကြသည်မှာလည်း အံ့သြစရာ မရှိပါဘူး။

ဤအခိုက်အတန့်တွင်၊ အင်မော်တယ်ဘုရင်များသည် ကောင်းကင်ယံရှိ ကြီးမားလှသော ဧရာမ လေဟာနယ် တွင်းနက်ကြီးကို မည်သို့ ပိတ်ဆို့ရမည်ကို ဆွေးနွေးရန် အတူတကွ စုရုံးနေကြပုံရသည်။ လေဟာနယ် တွင်းနက်ကြီး၏ နယ်မြေသည် အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။ သူတို့သည် အင်မော်တယ်ဘုရင် ၃၀ ကျော်နှင့် အတူ ပူးပေါင်းမည် ဆိုလျှင်ပင်၊ ကိုင်တွယ်ရန် အတော်လေး ခက်ခဲပေဦးမည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော်၊ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ မြင့်မြတ်သော နယ်မြေ၌ လမ်းပြမြေပုံဖြစ်သော အင်မော်တယ် ဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ဦးတစ်ယောက်မှ မရှိသည်ကို အမှန်တကယ် တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ဤကောင်းကင်ဘုံ ကျောက်စိမ်း ရေကန်သည် တာချင်း အင်မော်တယ်မင်းဆက်၏ အလွန်ကြီးမားသော အင်အားစုတစ်ခု ဖြစ်ပြီး၊ တာချင်း အင်မော်တယ်မင်းဆက်၏ နဂါးသွေးကြောရှိရာ နယ်မြေလည်း ဖြစ်သည်။ ဤနယ်မြေကို အင်မော်တယ် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက်မှ စောင့်ရှောက် ကာကွယ်ပေးထားခြင်း မရှိဘူးဟုဆိုလျှင်၊ ချင်ယွင်သည် ၎င်းကို ဘယ်လိုမှ ယုံကြည်မည် မဟုတ်ပေ။

"ဆရာ၊ ကျွန်တော် ဘာဆက်လုပ်ရမလဲ?" ချင်ယွင်က ရှေးဟောင်းတာအိုဆရာသခင်ထံ အသံပို့ လွှတ်လိုက်သည်။

ယခုအချိန်တွင်၊ အင်မော်တယ်ဧကရာဇ်တစ်ပါးမှ ထွက်ပေါ်မလာသေးသော်လည်း၊ သူသည် အဆင်ခြင်မဲ့ မလှုပ်ရှားရဲချေ။

"ကောင်စုတ်လေး၊ ခဏစောင့်စမ်းပါဦးကွ။ ဒီတွင်းနက်ကြီးက အရမ်းကို ထူးဆန်းတယ်။ ဒီ အင်မော်တယ်ဘုရင်တွေကို စည်းတံဆိပ်ခတ်ပြီး ချိတ်ပိတ်ထားနိုင်တဲ့ အရာတော့ မဟုတ်ဘူး။ အချိန်တန်လာတဲ့အခါ အင်မော်တယ်ဧကရာဇ်တွေ ကျိန်းသေပေါက် တိုက်ခိုက်ရလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ဒီနေရာက ပရမ်းပတာ ဖြစ်သွားမှာ သေချာတယ်။ အဲဒီအချိန်ရောက်မှ မင်းလှုပ်ရှားရင်လည်း သိပ်ပြီး နောက်ကျသွားမှာ မဟုတ်ပါဘူး" ဟု ရှေးဟောင်းတာအိုဆရာသခင်က စိတ်ပိုင်းဆိုင်ရာ ပေးပို့ပြန်သည်။

ချင်ယွင် ခေါင်းညိတ်လိုက်သည်။ လက်ရှိအခြေအနေပေါ် မူတည်ပြီး၊ သူသည် စောင့်ဆိုင်း ရုံသာ တတ်နိုင်ပါသည်။

နှစ်နာရီခန့်အကြာတွင်၊ အင်မော်တယ်ဘုရင်များသည် နောက်ဆုံးတွင် ၎င်းတို့၏ ဆွေးနွေးမှုလုပ်ငန်းကိစ္စ ပြီးမြောက်သွားပြီး ကောင်းကင်ယံသို့ ပျံသန်းသွားကြသည်။

အင်မော်တယ်ဘုရင် စုစုပေါင်း သုံးဆယ့်ခြောက်ယောက်တို့သည် အထက် ကောင်းကင်ယံ တွင် ကောင်းကင်ယံ၌ရှိနေသော ဧရာမ လေဟာနယ်တွင်းနက်ကြီးကို ဖုံးကွယ်ရန် အစွမ်းထက်သော အစီအရင်ဝင်္ကပါတစ်ခု ဖန်တီးလိုက်ကြသည်။

"ဒါက ကောင်းကင်ဒက်ပါ ၃၆ ခု အစီအရင် ဝင်္ကပါလား?" ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။ ("Is this the 36 Heavenly Dipper Array?") မြန်မာလိုပြန်ရင် ဘယ်လိုမှနားထောင်မကောင်းလို့ အဆင်ပြေသလို ကြည့်ပြန်ထားသည်။)

ကောင်းကင်ဒက်ပါ ၃၆ ခု တော်ဝင်အစီအရင် ဝင်္ကပါသည် အစွမ်းထက်သော ပေါင်းစပ်ဖွဲ့စည်းမှု အစီအရင်ဝင်္ကပါတစ်ခု ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ ၎င်းကို ဖွဲ့စည်းတည်ဆောက်ရန် လူသုံးဆယ့်ခြောက်ဦး လိုအပ်သည်။ အစီအရင်ဝင်္ကပါ၏ စွမ်းအားသည် ဖွဲ့စည်းတည်ဆောက်များ၏ စွမ်းအားပေါ်တွင် မူတည်ပါသည်။

ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်ရှိ ကျွမ်းကျင်ပညာရှင် ၃၆ ယောက်သည် အလယ်အလတ် အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်ကို ကောင်းကင်ဒက်ပါ ၃၆ ခု တော်ဝင် အစီအရင် ဝင်္ကပါကို အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်ကို တွေ့မြင်ဖူးသော်လည်း၊ အဆုံးတွင်၊ ၎င်းတို့သည် ရေကုန်ရေခမ်း တိုက်ခိုက်လိုစိတ် မရှိခဲ့ကြပေ။

ယခုတွင် အင်မော်တယ်ဘုရင် သုံးဆယ့်ခြောက်ပါးသည် ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော အစီအရင် ဝင်္ကပါတစ်ခုကို ဖန်ဆင်းထားပြီး၊ ၎င်း၏စွမ်းအားသည်လည်း အင်မော်တယ် ဧကရာဇ်များနှင့် နှိုင်းယှဥ်ကောင်း နှိုင်းယှဉ်နိုင်ပေလိမ့်မည်။

ဘန်း…။

အင်မော်တယ်ဘုရင် သုံးဆယ့်ခြောက်ပါးတို့သည် သူတို့၏ အင်မော်တယ်ဘုရင် အငွေ့အသက်များကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်ကြသည်။ ရုတ်တရက်ဆိုသလို၊ ရင်ပြင်တစ်ခုလုံးသည် ပြင်းထန်သော ဖိအားများဖြင့် ပြည့်နှက်သွားသည်။ အင်မော်တယ် ဘုရင် အငွေ့အသက် သုံးဆယ့်ခြောက်ခုတို့သည် အတူတကွ ပေါင်းစပ်ကာ သိပ်သည်းသွား ကြပြီး ၎င်းတို့၏အငွေ့အသက်သည် အနှိုင်းမဲ့ကြီးမားလာပြီး အင်မော်တယ်ဧကရာဇ် ကျွမ်းကျင်သူများနှင့်ပင် နီးကပ်သွားကြသည်။

ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်မှ တပည့်များသည် ဤမြင်ကွင်းကို မြင်သောအခါ တွင်၊ သူတို့၏ မျက်လုံးများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။ သူတို့သည် ကောင်းကင်ယံ၌ အင်မော်တယ်ဘုရင် ၃၆ ယောက်ကို ရိုသေလေးစားစွာ ကြည့်နေကြ၏။

ချင်ယွင်၏ မျက်လုံးများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။ အင်မော်တယ်ဘုရင် ၃၆ ပါးဖြင့် ဖွဲ့စည်းထားသော ကောင်းကင်ဒက်ပါ ၃၆ ခု တော်ဝင်အစီအရင် ဝင်္ကပါ၏ စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ဝန်ခံခဲ့ရသည်။ ၎င်းသည် အင်မော်တယ် ဧကရာဇ်တစ်ပါးနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

ဘန်း…။

ဤအခိုက်အတန့်တွင်၊ အင်မော်တယ်ဘုရင် သုံးဆယ့်ခြောက်ပါးတို့သည် လှုပ်ရှားလာကြ သည်။ ပြင်းထန်လှသော အင်မော်တယ်စွမ်းအင် အတက်အကျလှိုင်းများသည် တစ်ခုပြီး တစ်ခု မြင့်တက်လာခဲ့သည်။ များပြားလှသော စွမ်းအားများစွာသည် ၎င်းတို့၏ ဦးခေါင်း ထက်တွင် တုနှိုင်းမရအောင် လေးနက်သော အစီအရင်ပုံစံ တစ်ခုစီကို စုစည်းလိုက် ကြသည်။ ဤအစီအရင်ပုံစံများသည် အနှိုင်းမဲ့ အားကောင်းသော စွမ်းအင်အတက်အကျ လှိုင်းများကို ထုတ်လွှတ်နေသည်။

ချင်ယွင်၏ မျက်လုံးများတွင် အံ့အားသင့်ဟန် အရိပ်အယောင်များ ပေါ်လာနေပြီး၊ စိုးရိမ်မှု တစွန်းတစလည်း သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

အကယ်၍၊ ဤလေဟာနယ် တွင်းနက်ကြီးကို အင်မော်တယ်ဘုရင်တွေက အမှန်တကယ် စည်းတံဆိပ်ခတ် ချိတ်ပိတ်ထားလိုက်မည်ဆိုလျှင်၊ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ထဲ သို့ ခိုးဝင်မည့် သူ၏အကြံအစည်သည် အချည်းနှီး ဖြစ်သွားရပေလိမ့်မည်။

"စည်းတံဆိပ်ခတ်..”။

အဘိုးအိုတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အင်မော်တယ်ဘုရင် သုံးဆယ့်ခြောက်ပါးတို့သည် တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်ကြပြီး၊ အစွမ်းထက်သည့် စွမ်းအင်အတက်အကျလှိုင်းများပါရှိသော ၎င်းတို့၏ ဦးခေါင်းအထက်ရှိ အစီအရင်ပုံစံများ ကို ကြီးမားကျယ်ပြန့်လှသော လေဟာနယ်တွင်းနက်ကြီးဆီသို့ တိုက်ရိုက် စည်းတံဆိပ် ခတ်ပြီး ချိတ်ပိတ်လိုက်ကြသည်။

အစီအရင်ပုံစံများသည် လွင့်ပျံထွက်သွားခဲ့ပြီး ၎င်းတို့ပေါ်တွင် အနှိုင်းမဲ့ လှပသော အလင်းရောင်တစ်ခု လင်းလက်သွားကာ ကြီးမားသော အနက်ရောင် တွင်းနက်ကြီးထဲသို့ သူ့ကိုယ်သူ တိုက်ရိုက် နစ်မြုပ်သွားခဲ့သည်။

လူတိုင်းသည် သူတို့၏အသက်ရူသံကို ထိန်းချုပ်ထားကြသည်။ တွင်းနက်ကြီးကို စည်းတံဆိပ် ခတ်နိုင်ခြင်းရှိမရှိ ၎င်းအစီအရင်ပုံစံများအပေါ်မှာသာ မူတည်ပါတော့သည်။

ဘန်း…။

အစီအရင်ပုံစံများ တွင်းနက်ထဲသို့ ပျံသန်းဝင်ရောက်သွားပြီးနောက် တုန်လှုပ်သံတစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက် တွင်းနက်ကြီးထဲမှ အဆက်မပြတ် ပျံ့နှံ့ထွက်ပေါ်နေသော အမှောင် အငွေ့အသက်များသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

"စည်းတံဆိပ်ခတ်ပြီး ချိတ်ပိတ်သွားပြီ။ ချိတ်ပိတ်သွားပြီကွ။"

ဤမြင်ကွင်းကို လူတိုင်း မြင်လိုက်ရသောအခါ၊ သူတို့သည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်ဟစ်ကြပြီး သူတို့၏ မျက်နှာများသည် အနှိုင်းမဲ့ ပျော်ရွှင်ကြည်နူးဟန် အမူအရာများ ပေါ်လွင်နေပါသည်။

ဤအမှောင်အငွေ့အသက်များသည် လေဟာနယ် တွင်းနက်ကြီးထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယခု အမှောင် အငွေ့အသက်သည် ရုတ်တရက် ပျောက်ကွယ်သွားတော့ တွင်းနက်ကြီးကို စည်းတံဆိပ်ခတ် ချိတ်ပိတ်လိုက်ပြီဆိုတာကို ပြသရန် လုံလောက်ပါပြီ။ အနက်ရောင် တွင်းနက်ကြီး ထွက်ပေါ်လာပြီးကတည်းက သူတို့သည် တည်တည်ငြိမ်ငြိမ် ဖြင့် ကျင့်ကြံနိုင်ခြင်း မရှိတော့မည်ကို စိုးရိမ်နေခဲ့ကြသည်။ အခုအချိန်မှာတော့၊ တွင်းနက်ကြီးသည် နောက်ဆုံးတွင် စည်းတံဆိပ်ပိတ်ခံလိုက်ရပြီ။ သူတို့သည် သဘာဝ အတိုင်း အလွန်မင်း စိတ်လှုပ်ရှားသွားကြသည်။

ကောင်းကင်ယံရှိ အင်မော်တယ်ဘုရင် သုံးဆယ့်ခြောက်ပါးတို့သည်လည်း သူတို့၏ မျက်နှာပေါ်တွင် ရွှင်လန်းသည့် အမူအရာများ ကိုယ်စီပေါ်လာနေပြီး၊ စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းကိုယ်စီ ချနေပုံရသည်။

ချင်ယွင်သည် လူအုပ်ထဲတွင် ရပ်နေသော်လည်း သူ၏မျက်ခုံးများက မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ပါချေ။ သူ၏စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေမိသည်။ ဤလေဟာနယ် တွင်းနက်ကြီး ကို ဤကဲ့သို့ စည်းတံဆိပ်ခတ်ပြီး ထားနိုင်ပါ့မလား?။ ရှေးဟောင်းတာအိုဆရာသခင်က ဤတွင်းနက်ကြီးကို စည်းတံဆိပ်ခတ်ဖို့က အရမ်းကို ခက်ခဲလိမ့်မည်ဟု ပြောခဲ့ဖူးသည် မဟုတ်ဘူးလား?။

"ဘုန်း….။"

ချင်ယွင် ပဟေဠိဖြစ်နေစဉ်မှာပင် ကောင်းကင်ယံရှိ လေဟာနယ် တွင်းနက်ကြီးဆီမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေသည်။

တွင်းနက်ကြီးထဲမှ အမှောင်ထု အငွေ့အသက်များသည် ရေလွှမ်းမိုးသကဲ့သို့ ပေါက်ကွဲ ထွက်လာခဲ့သည်။

"ဘာ..?။ စည်းတံဆိပ်ပျက်သွားပြီလား?။" ရင်ပြင်အတွင်း လူတိုင်း၏ မျက်နှာပေါ်ရှိ အပြုံးများသည် ချက်ချင်းပင် အေးခဲသွားကြသည်။ အနက်ရောင်နဂါးကြီးတစ်ကောင်ကဲ့သို့ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်နေသော တွင်းနက်ကြီးထဲမှ အမှောင် အငွေ့အသက်ကို ကြည့်လိုက်ရင်း သူတို့၏မျက်လုံးများတွင် အံ့ဩခြင်းနှင့်အတူ စိတ်ပျက်ခြင်းတွေပါ ပေါ်လွင်လာသည်။

ကောင်းကင်မှ အင်မော်တယ်ဘုရင် သုံးဆယ့်ခြောက်ပါးသည် ချက်ချင်းပင် မျက်မှောင် ကြုတ်သွားကြပြီး၊ သူတို့၏ မျက်လုံးများသည် တုနှိုင်း၍မရအောင်ပင် လေးနက်သော အမူအရာများ ပေါ်လွင်နေကြသည်။

ဘန်း…။

ထိုအခိုက်အတန့်တွင်၊ တွင်းနက်ကြီးနောက်ကွယ်မှ နက်ရှိုင်းသော တုန်ခါသံတစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ အနက်ရောင် စွမ်းအင်အလုံးကြီးတစ်လုံးသည် တွင်းနက်ကြီးထဲမှ ထွက်လာခဲ့ပြီး၊ အင်မော်တယ်ဘုရင် သုံးဆယ့်ခြောက်ပါးထဲမှ တစ်ယောက်ဆီသို့ တိုက်ရိုက် ထိမှန်သွားခဲ့သည်။

“အား..…”

ထိုအင်မော်တယ်ဘုရင်သည် သနားစဖွယ် အော်ဟစ်သံကို ထုတ်ဖော်ရန် အချိန်ရရုံသာ ရှိခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အမှောင်စွမ်းအင်အလုံးကြောင့် လုံးလုံးလျားလျား ကွဲအက်သွားခဲ့သည်။ အဆုံးတွင်၊ သူသည် မည်သည့်အကြွင်းအကျန်မျှ ကျန်ရစ်ခြင်း မရှိတော့ပါချေ။

"ဘာလဲ?"

ဤမြင်ကွင်းကို မြင်လိုက်ရတော့၊ ရင်ပြင်ပေါ်မှ လူအုပ်ကြီးသည် ထိတ်လန့်တကြား ဖြစ်သွားကြရုံသာမက၊ ကျန်အင်မော်တယ်ဘုရင် ၃၅ ပါးတောင်မှ နှိုင်းစာ၍မရအောင် ထိတ်လန့်တုန်လှုပ်ခြောက်ခြားဟန် အမူအရာတွေ ဖြစ်ပေါ်နေကြသည်။

ဘန်း…

သို့သော်လည်း၊ ထိုအခိုက်အတန့်မှာပင်၊ နက်ရှိုင်းသော တုန်ခါအသံက နောက်တကြိမ် ထပ်မံ ထွက်ပေါ်လာပြီး၊ ရောက်ရှိနေကြသော လူအားလုံးအား နှလုံးခုန် ရင်တုန်စေ လောက်သော လှိုင်းလုံးကြီးတစ်ခုက တွင်းနက်ကြီးထဲမှ ချက်ချင်း ထွက်ပေါ်လာသည်။

All Chapters