အခန်း ၈၄၅
Vol. 57 Ch. 845
အခန်း (၈၄၅) အနက်ရောင်ကျောက်စိမ်း အင်မော်တယ်မြွေသန္ဓေသား။
ချင်ယွင်သည် အစီအရင်ဝင်္ကပါ၏ အကာကွယ်အလင်းတန်း အတားအဆီးကို ဖြတ်၍ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ ရေအိုင်ထဲသို့ တိုက်ရိုက် ကျဆင်းသွားသည်။
ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ ရေအိုင်သည် အလွန်မင်း တိုက်စားနိုင်သော အဆိပ်ဓာတ်များ ရှိနေသည်။ ပုံမှန်အားဖြင့်၊ အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင် ပညာရှင်များသည် ရေကန်ထဲသို့ ဝင်ရောက်သည့်အခါ၊ အကာကွယ်အလင်းဒိုင်း တစ်ခုပြုလုပ်ရန် ၎င်းတို့၏ အင်မော်တယ်အနှစ်သာရကို အသုံးပြုကြသည်။ ထိုသို့ မဟုတ်ပါက၊ ၎င်းတို့သည် အကြွင်းအကျန်မရှိတော့သည့်အထိ တိုက်စားသွားမည် ဖြစ်သည်။
သို့သော်လည်း၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် အလွန်ပုံမှန်မဟုတ်သောကြောင့် ကောင်းကင်ဘုံ ကျောက်စိမ်းကန်ရေ၏ အဆိပ်သင့်မှုသည် သူ့အတွက် အနည်းငယ်မျှ အနှောင့်ယှက်မဖြစ်ခဲ့ပေ။
ချင်ယွင်သည် ရေကန်ထဲသို့ ဝင်ပြီးနောက် ရေကန်၏အောက်ခြေဆီသို့ လျင်မြန်စွာ ကူးခတ်သွားခဲ့သည်။
ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ အောက်ခြေသည် သူထင်ထားသည်ထက် များစွာ ကြီးမားသည်။ ရေကန်သည် အနည်းဆုံး မီတာ တစ်သောင်းခန့် အနက်ရှိပြီး၊ ဧရာမ အပြာရောင် ကြယ်ကြီး၏ တွင်းနက်မဲ့ ပင်လယ်ကြီးနှင့် တူညီသည်။
ချင်ယွင်သည် ရေကန်အောက်ခြေသို့ ဝင်ရောက်ပြီးနောက် နေရာတိုင်းကို စတင် ရှာဖွေခဲ့သည်။ သို့သော် ပတ်ဝန်းကျင်၌ ဘာမှမရှိပေ။ ဤအချက်က ချင်ယွင်ကို အံ့သြသွားစေသည်။
ရှေးဟောင်းတာအိုဆရာသခင်က တာချင်းအင်မော်တယ်မင်းဆက်၏ နဂါးသွေးကြော သည် ရေကန်၏ အောက်ခြေမှာ ရှိနေသည်ဟု ဆိုသည့်အတွက် သူ့ကို လိမ်ပြောမှာ မဟုတ်ပါဘူး။ သို့သော်၊ ရေကန်၏ အောက်ခြေမှာတော့ အလွတ်ကြီးဖြစ်နေပြီး ဘာမျှ မရှိပေ။ ဒါဆို နဂါးသွေးကြောက ဘယ်နေရာမှာ ရှိနေနိုင်မလဲ။ ?
"အရူးကောင်၊ ရေကန်ရဲ့အောက်ခြေမှာ နဂါးသွေးကြောကို အကာကွယ်မရှိဘဲ ထားမယ်ဆို ရင်၊ အဲဒါက ထွက်ပြေးလွတ်မြောက်သွားမှာ မဟုတ်ဘူးလား?။ သေချာပေါက်၊ အဲဒီ နဂါးသွေးကြောကို ဖိနှိပ်ထားဖို့ လိုအပ်မှာပေါ့။ နဂါးသွေးကြောကို ဖိနှိပ်ထားတဲ့အရာက ဘာဖြစ်မလဲဆိုတာ မင်း ပတ်ပတ်လည်မှာ သေချာ ရှာကြည့်ပါလား?" ရှေးဟောင်းတာအို ဆရာသခင်သည် ချင်ယွင်၏ စိတ်ထဲက သံသယကို မြင်ပြီး အသံလွှင့်ကာ သူ့ကို ကြိမ်းမောင်းလိုက်လေသည်။
ရှေးဟောင်းတာအိုဆရာသခင်၏ စကားများသည် ကျိုးကြောင်းဆီလျော်သည်ဟု ချင်ယွင် ခံစားရသည်၊ ထို့ကြောင့်၊ သူသည် ဆက်လက်ရှာဖွေရန် သူ၏ အင်မော်တယ်စိတ်အာရုံကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
ဘန်း…။
သေချာပါသည်၊ ချင်ယွင်၏ ယုံကြည်စိတ်ချရသော စုံစမ်းစစ်ဆေးမှုအောက်မှာ၊ ချင်ယွင် သည် သူနှင့် မီတာတစ်ရာအကွာမှာ ကျောက်ပြားငယ်တစ်ချပ်ကို နောက်ဆုံး တွေ့ရှိခဲ့ပါ သည်။
ဤကျောက်ပြားငယ်သည် အစွမ်းထက်သော အငွေ့အသက်များ ရှိမနေဘဲ၊ အလွန်ပင် သာမန်ဖြစ်ပုံရသည်။ ပထမအကြည့်တစ်ချက်ဖြင့်ဆို၊ ၎င်းသည် သာမာန် ကျောက်တုံးဖြင့် ပြုလုပ်ထားသော ကျောက်ပြားတစ်ချပ်နှင့် တူသော်လည်း ၎င်းပေါ်တွင် တုနှိုင်းမရအောင် သိမ်မွေ့လေးနက်သော အစီအရင်ပုံစံများဖြင့် ထွင်းထုထားသည်။ ထို့ကြောင့်၊ ချင်ယွင် သည် ဤကျောက်ပြားငယ်သည် ထူးထူးခြားခြား ဖြစ်သင့်သည်ဟု ကောက်ချက်ချခဲ့သည်။
ဝှီး…။
ချင်ယွင်သည် ပုံရိပ်တစ်ခု အသွင်ပြောင်းသွားပြီး ကျောက်ပြားငယ်ရှေ့တွင် ပေါ်လာသည်။ သူသည် ကျောက်ပြားပေါ်မှ ရွှံ့တွေကို သုတ်သင်ဖို့ သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး နောက်၊ ချင်ယွင်၏ရှေ့မှာ ရှေးဟောင်း ကျောက်တုံးကြီးတစ်ခု ပေါ်လာပါသည်။
"ဒါက တကယ်ကို ကမ္ဘာကျောက်တုံးတစ်ခုပဲ။" ချင်ယွင်သည် ကျောက်တုံး၏ မူလ အသွင်အပြင်ကို မြင်သောအခါ အံ့အားသင့်သော အမူအရာတစ်ခုကို ထုတ်ဖော် လိုက်မိ သည်။ ထို့အပြင်၊ သူ၏မျက်နှာသည် လျင်မြန်စွာ စိတ်လှုပ်ရှားနေ၏။
ကမ္ဘာကျောက်တုံးများသည် အင်မော်တယ်ကမ္ဘာအတွင်းမှာ အလွန်ရှားပါးသော လေဟာနယ်အမျိုးစား ကျောက်မျက်ရတနာများ ဖြစ်ကြသည်။ ၎င်းတို့ထဲတွင် အတော်လေးကျယ်ဝန်းသော နေရာအလွတ်တစ်ခု ပါရှိသည်။ နဂါးသွေးကြောသည် ထိုကမ္ဘာကျောက်တုံးအတွင်း ရှိနေသည်မှာ ရှင်းလင်းသေချာပါသည်။ ကမ္ဘာကျောက်တုံး ပေါ်ရှိ သိမ်မွေ့နက်ရှိုင်းသော မှော်သင်္ကေတပုံစံများသည် နဂါးသွေးကြောကို ဖိနှိပ်ထား သည့် အစီအရင်ပုံစံများ ဖြစ်သင့်ပါသည်။
သူသည် ဤနေရာကို လိုချင်သည်ဆိုလျှင်၊ ချင်ယွင်သည် လေဟာနယ် အကန့်သတ် ကျောက်တုံးထဲကို အမြန်ဝင်လိုက်ရုံပင်။
ဘန်း…။
သို့သော်၊ ထိုအချိန်တွင် ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ရှိ ကန်ရေများ လျင်မြန်စွာ မြင့်တက်လာသည်ကို ခံစားနိုင်သည်။ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် အရိပ် တစ်ခုသည် အလွန်လျင်မြန်သော အရှိန်ဟုန်ဖြင့် ချင်ယွင်ဆီသို့ တိုးဝင်လာခဲ့သည်။ ၎င်းတွင်ပါရှိသော စွမ်းအားသည် အနှိုင်းမဲ့ ကြောက်စရာကောင်းသည်။
ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားကာ ရှောင်တိမ်းရန်အတွက် သူ၏ လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို အမြန် အသုံးပြုလိုခဲ့သည်။
သို့သော် ဤအနက်ရောင်အရိပ်သည် လျင်မြန်လွန်းပြီး ချက်ချင်း ရောက်ရှိလာခဲ့သည်။ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို မလှုပ်ရှားမီတွင် ဤအနက်ရောင်အရိပ်သည် သူ၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်သွားခဲ့သည်။
"ဖူး..”။
ချင်ယွင်သည် သူ၏ရင်ဘတ်တွင်ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ရာ ပေါက်ကွဲအားကို ခံစားလိုက်ရပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဥက္ကာပျံကဲ့သို့ နောက်ပြန်လွင့်ထွက်သွားရသည်။
"ဘုန်း…"
ချင်ယွင်၏ခန္ဓာကိုယ်သည် အဝေးရှိသန္တာကျောက်တန်းတစ်ခုထဲသို့ ပြင်းထန်စွာ ရိုက်ခတ်ပြီး ဝင်ရောက်သွားကာ၊ ပြိုကျသည့်အသံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။
ချင်ယွင်သည် ဖော်မပြနိုင်အောင် နာကျင်နေသော သူ၏ရင်ဘတ်ကို အုပ်ထားသော်လည်း သူ၏မျက်လုံးများက သူ၏ရှေ့က အနက်ရောင်ရှိနေသည့် နေရာကို စူးစူးစိုက်စိုက် စိုက်ကြည့်နေပြီး၊ သူ၏မျက်လုံးများတွင် ခက်ထန်သော အေးစက်မှုများ ရှိနေခဲ့သည်။
ထိုတိုက်ခိုက်မှုက သူ၏ရင်ဘတ်ပေါ်မှ နံရိုးတွေကို ကျိုးလုမတတ် ဖြစ်သွားခဲ့ရသည်။ ချင်ယွင်၏အရိုးများသည် အဆင့်မြင့်အဆင့် အင်မော်တယ်ပစ္စည်းများကဲ့သို့ မာကျောမူ ရှိကြောင်းကို သိထားပြီးဖြစ်လိမ့်မည်။ သာမန် အင်မော်တယ်ဘုရင် ကျွမ်းကျင် ပညာရှင်များပင် သူ၏နံရိုးများကို တစ်ချက်ရိုက်ရုံဖြင့် ကြေကွဲစေနိုင်မည် မဟုတ်ပေ။ သို့သော်လည်း၊ ထိုအနက်ရောင်အရိပ်သည် ယခုလေးတင် သူ၏နံရိုးအားလုံးကို ကြေကွဲသွားအောင် ရိုက်နှက်ခဲ့သည်။ သူ့ကို တိုက်ခိုက်သည့်လူက အင်မော်တယ်ဘုရင် ထက် သေချာပေါက် အားကောင်းနေသည်ဟု ရူမြင်နိုင်ပါသည်။
သို့သော်လည်း၊ ချင်ယွင်သည် သူ့အား တိုက်ခိုက်လာသည့်အရာကို မမြင်နိုင်သေးပေ။
ပတ်ဝန်းကျင်သည် အနက်ရောင်မှင်များကဲ့သို့ မည်းမှောင်နေ၏။ ရေကန်အောက်ခြေသည် မီတာတစ်သောင်းကျော်ရှိပြီး စိမ့်ဝင်နိုင်သော အလင်းရောင် မရှိသလောက်ပင်။ ချင်ယွင်၏ အင်မော်တယ်စိတ်အာရုံသည် ဤအကောင်၏ တည်ရှိမှုကို ကောင်းစွာ ခံစားနိုင်ခြင်း မရှိပါ။ ထင်ရှားသည်မှာ၊ ဤအရာသည် အင်မော်တယ်စိတ်အာရုံဖြင့် စူးစမ်းရှာဖွေခြင်းကို ရှောင်လွှဲနိုင်သင့်သည်။
ချင်ယွင်၏ မျက်လုံးများသည် အေးစက်စက် အမူအရာဖြင့် ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။ ဤအနီးနားတွင်၊ ထိုအကောင်က သူ့ကို စောင့်ကြည့်နေမှာ သေချာပါ သည်။
ဝှီး…။
ထိုအချိန်တွင် ချင်ယွင်သည် သူ၏နောက်မှ ရေအနည်းငယ် စီးဆင်းလာသည်ကို ခံစားလိုက်ရသည်။
ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် ခက်ထန်လာခဲ့ပြီး၊ သူသည် အလွှာတစ်ထောင် လေအရိပ်လက်သီးကို "နဂါးလက်သီး"သိုင်း၏ စတုတ္ထမြောက် သိုင်းကွက်ဖြစ်သော နဂါး နတ်ဘုရားကမ္ဘာမြေ အမြစ်ပြတ်ချေမှုန်းခြင်းသိုင်းကွက်နှင့် တွဲစပ်ကာ တိုက်ရိုက် အသုံးပြုပြီး၊ သူ၏နောက်မှ တိုက်ခိုက်လာသောအရာကို လျင်မြန်စွာ အပြင်းအထန် တိုက်ခိုက်လိုက်သည်။
လက်သီးတစ်ချက်ထိုးလိုက်သည်နှင့် ထောင်နှင့်ချီသော နဂါးများ တညီတညွတ်တည်း ဟိန်းဟောက်သည်ကို ရုတ်တရက် မြင်လိုက်ရပြီး၊ ၎င်းတို့၏ စွမ်းအားများသည် ကောင်းကင်သို့ လျှံတက်သွားခဲ့သည်။
ချင်ယွင်၏ လက်သီးချက်သည် အနှိုင်းမဲ့ အစွမ်းထက်သော စွမ်းအားများဖြင့် ထိုပုံရိပ်အထံ သို့ ထိုးဖောက်ဝင်ရောက်သွားသည်။
"ဘုန်း…။"
ကောင်းကင်ယံတွင် ပေါက်ကွဲသံနှင့်အတူ အနီးပတ်ဝန်းကျင်ရှိ ရေကန်ပြင်သည် ချက်ချင်း ပေါက်ကွဲသွားသည်။
ကံကောင်းထောက်မစွာ၊ ကောင်းကင်ဘုံကျောက်စိမ်းရေကန်သည် ၎င်းကို ထောက်ပံ့ရန် အားကောင်းသော အစီအရင် ဝင်္ကပါများ ရှိနေခဲ့သည်။ မဟုတ်ပါက ဤနေရာ၌ မငြိမ်မသက်ဖြစ်မှုသည် အပြင်ဘက်ကမ္ဘာကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ အင်မော်တယ်ဧကရာဇ် လျှိုထန်းကိုလည်း ဆွဲဆောင်မိပါက အခက်အခဲများ ရှိလာလိမ့်ပါ မည်။
ထိုလက်သီးနှင့်အတူ ချင်ယွင်သည် သူ၏လက်သီးမှ ထွက်ပေါ်လာသော ကြီးမားပြင်းထန် လှသော စွမ်းအားကို ခံစားလိုက်ရပြီး၊ ယင်းကြောင့် သူကိုယ်တိုင်လည်း နောက်သို့ လျင်မြန်စွာ လွင့်ပျံသွားခဲ့ရသည်။
သူ နောက်သို့ လွင့်ပျံသွားသည်နှင့် နောက်ဆုံးတွင်၊ ချင်ယွင်သည် သူ့ကို တိုက်ခိုက်နေသည့် အရာကို တွေ့လိုက်ရသည်။
ဤသည်မှာ ဧရာမ မြွေနက်ကြီးတစ်ကောင် ဖြစ်သည်။ သူ၏မျက်လုံးများသည် စိန်များကဲ့သို့ ဝင်းလက်တောက်ပနေပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် ပို၍ပင် ချောမွေ့ပြီး မာကျောလှသည်။
ချင်ယွင်၏ လက်သီးသည် ၎င်း၏ အကြေးခွံများကို ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ပါ။ ထို့အပြင်၊ ၎င်း၏အကြေးခွံများသည် အင်မော်တယ်စိတ်အာရုံဖြင့် စူးစမ်းရှာဖွေနိုင်မှုကို အမှန် တကယ် တားဆီးနိုင်ပါသည်။ ယင်းကပင်၊ ချင်ယွင်သည် ၎င်း၏ဖြစ်တည်မှုကို ယခင်က သတိမထားမိခြင်း၏ အကြောင်းရင်းလည်း ဖြစ်ပါသည်။
"ဒါက ဘယ်လိုနတ်ဆိုးသားရဲအမျိုးစားလဲ?။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သူ၏မှတ်ဉာဏ်များတွင် ထိုကဲ့သို့သော နတ်ဆိုးသားရဲတစ်ကောင်ကို တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးခဲ့ကြောင်း သူ တွေ့ရှိခဲ့ရသည်။ ဤနတ်ဆိုးသားရဲသည် လူသားအသွင်သဏ္ဍာန် အဖြစ်သို့ ပြောင်းလဲနိုင်ခြင်း ရှိပုံမရချေ။ ၎င်း၏စွမ်းအားသည် ပထမအဆင့် ကောင်းကင် အလွှာ အင်မော်တယ်ဘုရင်နှင့် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။ (ဤနေရာ၌ ကောင်းကင် အလွှာဟူသော အသုံးနှုန်းပါလာသည်ဖြစ်၍ ပါရှိသည့်အတိုင်း ပြန်ဆိုလိုက်ပါသည်၊ ဆိုလိုသည်မှာ တော်ဝင်တာအို၏ ပထမအဆင့်ကို ရည်ညွှန်းခြင်း ဖြစ်နိုင်ပါသည်။) နောက်ပိုင်းများတွင်လည်း ပါရှိသည့်အတိုင်း ပြန်ဆိုသွားပါမည်။
"ကောင်စုတ်လေး၊ မင်းတော့ ကံကောင်းပြီဟေ့။"
ထိုအချိန်တွင်၊ ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"ကံကောင်းတာလား?" ချင်ယွင်သည် တခဏတာ မှင်သက်သွားခဲ့ပြီး ဘာဆိုလိုသည်ကို နားမလည်နိုင်သေးပေ။
"မှန်တာပေါ့။ မင်း ကံကောင်းတာပေါ့။ ဒီအချိန်မှာ မင်းရဲ့ ကျင့်ကြံမှုအဆင့်က လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်နိုင်ရုံတင် မကတော့ဘူး။ မင်းရဲ့လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုး ပညာရပ်ကလည်း ကောင်းကင် နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ဖြတ်ကျော်ဝင်ရောက် သွားနိုင်လိမ့်မယ်။ မင်းအနေနဲ့ ဆဋ္ဌမအဆင့်ဖြစ်တဲ့ နတ်ဆိုးနတ်ဘုရားနယ်ပယ် (ဖင်းဂေါ့ဂ်နယ်ပယ်)ကို ဝင်ရောက်ဖို့တောင် ဖြစ်သွားနိုင်တယ်။" ရှေးဟောင်းတာအိုဆရာသခင်က ပြောပါသည်။
"ဘာလို့လဲ?။ ကျွန်တော်ရှေ့က ဒီနတ်ဆိုးသားရဲမြွေနဲ့ ပတ်သက်နိုင်မလား?" ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်၏ စကားကိုကြားသောအခါ၊ သူ၏မျက်လုံးများတွင် အလွန် အံ့သြသွားသည့် အမူအရာ ပေါ်လာသည်။
"မှန်တာပေါ့။ မင်းမြင်ခဲ့ရတဲ့ နတ်ဆိုးသားရဲဟာ နတ်ဆိုးသားရဲအစစ် လုံးဝ မဟုတ်ပါဘူး" အဲဒါက ဒဏ္ဍာရီလာ အနက်ရောင်ကျောက်စိမ်း အင်မော်တယ်မြွေသန္ဓေသားတစ်ခုပဲ။ ဒီသန္ဓေသားက ရိုးရှင်းတဲ့ အင်မော်တယ်စွမ်းအင်ကိုသာ ပိုင်ဆိုင်ထားပေမယ့်၊ ထူးထူး ခြားခြား အစွမ်းထက်လွန်းတယ်။ အကယ်၍၊ ကျင့်ကြံသူတွေသာ ဒီသန္ဓေသားကို စားသုံးနိုင်ပါက သူတို့ရဲ့ရုပ်ခန္ဓာကိုယ်ကို အလွန်အားကောင်းစေနိုင်တယ်။ ကြည့်ရတာ၊ ဒီအနက်ရောင် ကျောက်စိမ်း အင်မော်တယ်မြွေ သန္ဓေသားက ဒီနေရာမှာ နှစ်ပေါင်း သောင်းနှင့်ချီပြီး ရှိနေပုံရတယ်။ တစ်စုံတစ်ယောက်က နဂါးသွေးကြောကို ပြုစု ပျိုးထောင်ပေးဖို့ တမင်တကာ အသုံးပြုခဲ့တာ ဖြစ်ရမယ်” ရှေးဟောင်းတာအိုဆရာသခင် အသံဖြင့်ပေးပို့ရင်း ထပ်လောင်း ပြောကြားလာခဲ့သည်။
“ဒီလိုလား?။ ဒါဆို ဒီအရာက တကယ်ကို အဖိုးတန်တဲ့ ဆေးတစ်လက်ပဲ။" ရှေးဟောင်း တာအိုဆရာသခင်၏ စကားကိုကြားတော့ ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာခဲ့သည်။
သူသည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်ကို အဆင့် မချိုးဖြတ်နိုင် မည်ကို စိုးရိမ်နေခဲ့သည်။ သို့သော်လည်း၊ ဤကဲ့သို့ အဖိုးတန်သော ဆေးတစ်မျိုးဖြင့် ရင်ဆိုင် ကြုံတွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ကြည့်ရသည်မှာ၊ ဒီအချိန်၊ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်သို့ လာခြင်းသည် မှန်ကန်သည့်လုပ်ရပ်တစ်ခု ဖြစ်ပုံရ သည်။
ဤရတနာကို ဤနေရာတွင် မည်သူက ချန်ထားခဲ့သနည်း? ဆိုသည့်အမေးကို ချင်ယွင်က ဂရုမစိုက်ပါချေ။ ယခုအချိန်တွင်၊ သူ၏တစ်ခုတည်းသော အတွေးက သူ၏ရှေ့မှ အနက်ရောင်မြွေပုံစံ အဖိုးမဖြတ်နိုင်သောဆေးကို သတ်ဖြတ်ဖို့ဖြစ်ပါသည်။
ဝှီး…။
အနက်ရောင် အလင်းစီးကြောင်းက ချင်ယွင်ကို နောက်တစ်ကြိမ် တိုက်ခိုက်လာပြန်သည်။ ၎င်း၏အမြန်နှုန်းသည် နှိုင်းစာ၍မရအောင်ပင် မြန်ဆန်လွန်းပြီး၊ ပြင်းထန်လွန်းကာ၊ ၎င်းသည် မည်းမှောင်နေသော ရေကန်ထဲတွင် အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။