← Chapters

အခန်း ၈၄၆

Vol. 57 Ch. 846

အခန်း ၈၄၆

Vol. 57 Ch. 846

အခန်း (၈၄၆) နဂါးသွေးကြောနဂါး။

"ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိတုံးကြီးရဲ့ တန်ခိုးကို ငါ မင်းကို မြည်းစမ်းခွင့် ပေးလိုက်မယ်။" ချင်ယွင်သည် အလွန်လျင်မြန်သော အရှိန်ဟုန်ဖြင့် ချဉ်းကပ်လာသော ဧရာမ အနက်ရောင်မြွေကြီးကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးထောင့်စွန်းက ရုတ်တရက် စဉ်းလဲသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက်၊ သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်အလုံးကြီးသည် ချက်ချင်းဆိုသလို ပျံသန်းထွက်ပေါ်လာပြီး အနက်ရောင် မြွေကြီးထံသို့ ပြင်းပြင်းထန်ထန် တရစပ် ပစ်ဝင်သွားလေသည်။

အနက်ရောင်မြွေကြီးသည် သိသာထင်ရှားစွာ ထိတ်လန့်သွားပြီး အလျင်အမြန် ရှောင်တိမ်းချင်သော်လည်း အတော်လေး နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ဧရာမ အနက်ရောင် ဥက္ကာခဲသံမဏိအလုံးကြီးသည် အနက်ရောင်မြွေကြီးကို ဝင်တိုက်ကာ အလွန်လျင်မြန်သော အရှိန်ဟုန်ဖြင့် နောက်သို့ ပျံသန်းသွားခဲ့သည်။

"ဘုန်း..”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ချင်ယွင်၏ ဧရာမ ဥက္ကာခဲ သံမဏိအလုံးကြီး ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မူကြောင့် ထိုအနက်ရောင်မြွေကြီးသည် ချက်ချင်းပင် သေဆုံးလုနီးပါး ဖြစ်သွားရသည်။

ဤဥက္ကာခဲသံမဏိအလုံးကြီး၏ အလေးချိန်သည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိ နေခဲ့ပြီ။ ချင်ယွင်သည်လည်း ဤအနက်ရောင် ဥက္ကာခဲသံမဏိအလုံးကြီးကို တွန်းထုတ်ရန် ကနဦးစကြဝဠာ၏စွမ်းအားကို အသုံးပြုခဲ့ရသည်။ ထိုသို့မဟုတ်လျှင်၊ သူတောင်မှ ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိတုံးကြီးကို လှုပ်ခါရန်မဖြစ်နိုင်ပါဘူး။

ဝှီး…။

ချင်ယွင်သည် ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိတုံးကြီးကို ကနဦးစကြဝဠာထဲသို့ ပြန်လည်ရုတ်သိမ်းလိုက်သည်။ အနက်ရောင် မြွေကြီးသည် ထိပ်တန်းအဆင့် နတ်ဘုရား သံမဏိတုံးကြီး၏ ပစ်ဝင်ရိုက်ခတ်မူကြောင့် လုံးဝ မေ့လဲသွားခဲ့ပြီ။

ချင်ယွင်သည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ ရှေ့ကို ပြေးထွက်သွားပြီး အနက်ရောင် မြွေကြီး၏ဦးခေါင်းကို ကိုက်ဖြတ်လိုက်လိုက်သည်။ ချက်ချင်းပင် အနက်ရောင် လည်ပင်းမှ ဝင်းလက်တောက်ပပြီး ကြည်လင်နေသောသွေးများ စီးကျလာပြီး အလွန်မင်း ဆွဲဆောင်မှု ရှိသော သင်းရနံ့ကို ထုတ်လွှတ်ပေးနေသည်။

"မြန်မြန်၊ ဒီသွေးတွေက သူ့ရဲ့အနှစ်သာရတွေပဲ။ မြန်မြန်စုပ်ယူလိုက်" ရှေးဟောင်းတာအို ဆရာသခင်က ကမန်းကတန်း တိုက်တွန်းလိုက်သည်။

ရှေးဟောင်းတာအိုဆရာသခင်၏ စကားကိုကြားသည်နှင့် ချင်ယွင်သည် အနက်ရောင် မြွေကြီး၏လည်ပင်းကို ချက်ချင်း ဆွဲကိုင်လိုက်ပြီး အရူးအမူး မျိုချလိုက်ပါတော့သည်။ ဧရာမ အနက်ရောင် မြွေကြီး၏ သွေးသည် အနှိုင်းမဲ့ အေးစက်သော်လည်း တက်ကြွ လန်းဆန်းမူ အပြည့်ရှိနေ၏။ တစ်ချိန်တည်းမှာပင်၊ သူ၏ခန္ဓာကိုယ်အတွင်း ထူးဆန်းသော ဆေးစွမ်းအားတစ်ခု ပျံ့နှံ့သွားလေသည်။

ချင်ယွင်သည် ဤဆေးစွမ်းအားက သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအားလုံးအပေါ် အကျိုးသက်ရောက်မှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး၊ သူ၏ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း ပိုမိုအားကောင်းလာသည်။

ထိုအချက်ကို ခံစားလိုက်ရပြီးနောက်၊ အနက်ရောင် ကျောက်စိမ်း အင်မော်တယ်မြွေ သန္ဓေသားကို စုပ်ယူနေသည့် ချင်ယွင်၏ အမြန်နှုန်းက ပို၍ပင် ရူးသွပ်လာခဲ့ပါသည်။

လတ်ဆတ်သော သွေးများသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဆင်းနေပြီး ချင်ယွင်၏ ခန္ဓာကိုယ်သည်လည်း အဆက်မပြတ် အားကောင်းလာခဲ့သည်။

"ဘုန်း..”။

ကျယ်လောင်သော မိုးခြိမ်းသံလို ပေါက်ကွဲအသံနှင့်အတူ၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် နောက်ဆုံးတွင် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ဖြတ်ကျော် ဝင်ရောက်သွားခဲ့သည်။

ချင်ယွင်သည် သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားသည် အလွန်အစွမ်းထက်လာသည်ကို ချက်ချင်း ခံစားလိုက်ရပြီး၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်နတ်ဘုရားစွမ်းအားသည် အဆုံးမဲ့ စီးဆင်းနေသောမြစ်နှင့် ပင်လယ်ကဲ့သို့ပင် ဖြစ်နေပါသည်။

"ဒါက ငါ အရင်တုန်းက တစ်ကြိမ်တစ်ခါမှ မမြင်ဖူးတဲ့ ရတနာတစ်ခုပါလား?။ ငါ့ရဲ့ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်က ယခုလို သက်သောင့်သက်သာနဲ့ ဘယ်တုန်းကမှ မချိုးဖြတ်နိုင်ခဲ့ဘူး။" ချင်ယွင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အရင်တုန်းက သူသည် အဆင့်တစ်ခုချိုးဖြတ်မူပြုလုပ်တိုင်း ကပ်ဘေးလျှပ်စီးပစ်ခံရခြင်း၊ သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားကို ခံနိုင်ရည်ရှိအောင် ကြိုးစားခဲ့ရ သည်။ ယခုကဲ့သို့ မြန်မြန်ဆန်ဆန် အဆင့်ချိုးဖြတ်နိုင်ခြင်းသည် သူ၏ ပထမဆုံးအကြိမ် ဖြစ်ပါသည်။

လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်သည် အဆင့်ချိုးဖြတ် ဝင်ရောက်ပြီး သော်လည်း၊ သူ၏လက်ထဲရှိ အဖိုးတန်ဆေး၏ စွမ်းအင်များ မလုံးလုံးမကုန်ဆုံးသေးပါ။

ထို့ကြောင့် ချင်ယွင်သည် ၎င်းကို ဆက်လက်မျိုချလိုက်သည်။ အဆုံးတွင် ချင်ယွင်သည် ဧရာမ အနက်ရောင် မြွေကြီး၏ သွေးကို လုံးလုံးလျားလျား မျိုချလိုက်လေသည်။ နောက်ဆုံး၊ သူသည် ၎င်း၏အသွေးအသားကိုပင် စွန့်လွှတ်ခြင်း မရှိခဲ့ပါဘူး။ ချင်ယွင်သည် ကောင်းကင်မီးလျှံကို တိုက်ရိုက်ထုတ်လွှတ်ပြီး အနက်ရောင်အသားနှင့် အသွေးကို မီးကင် လိုက်သည်။ ထို့နောက်၊ သူသည် အနက်ရောင် အသွေးအသားတစ်ခုလုံးကို အတင်းကြပ် မျိုချလိုက်လေသည်။

ဤမြွေကြီးကို ဝါးမျိုစားပြီးနောက်၊ ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးပညာရပ်၏ ဆဋ္ဌမအဆင့်သို့ မဖြတ်ကျော်နိုင်ခဲ့သော်လည်း၊ သူသည် ကောင်းကင် နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် ကန ဦး စကြဝဠာကို ဖွင့်လိုက်သည်နှင့် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ် သည်လည်း ဖြတ်ကျော်သွားလိမ့်မှာကိုပင် သူ စိုးရိမ်မိသည်။ (တင်စားပြောခြင်းသာ)။

ချင်ယွင်သည် သူ၏ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုကို စိတ်လှုပ်ရှားစွာ ခံစားလိုက်သည်။ သူ၏ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် မာကျောမှု နှစ်ခုစလုံးသည် အဆင့်နိမ့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းတစ်ခုနှင့် နှိုင်းယှဉ်နိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ကြောင်း သူ ခံစားခဲ့လိုက်ရသည်။

ယခုအချိန်တွင် သူသည် သူ၏ရုပ်ခန္ဓာကိုယ် ခွန်အားသက်သက်ဖြင့် အနက်ရောင် မြွေကြီးကိုပင် လုံးဝ ချေမှုန်းနိုင်ပြီ ဖြစ်ပါသည်။ သေချာသည်မှာ၊ အကယ်၍ သူသည် တော်ဝင်တာအို၏ စွမ်းအားကို အသုံးပြုထားသည့် အင်မော်တယ်ဘုရင် တစ်ပါးနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဆိုလျှင်ပင်၊ ထိုအင်မော်တယ်ဘုရင်သည် တော်ဝင်တာအို၏ ဆဋ္ဌမ အဆင့်ကို မကျော်ဖြတ်နိုင်သရွှေ့ သူ၏ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ပါဘူး။

"ကမ္ဘာကျောက်တုံးထဲကို ဝင်ဖို့ အချိန်တန်ပြီ" ချင်ယွင်က သူ့ကိုယ်သူ ပြုံးလိုက်မိသည်။

ဤရုပ်ပိုင်းဆိုင်ရာ အဆင့်ချိုးဖြတ်နိုင်မူသည် ချင်ယွင်အတွက် မတော်တဆမှုတစ်ခု ဖြစ်ခဲ့ သော်လည်း အလွန်အံ့သြစရာ ကောင်းလွန်လှကါသည်။ ဟုတ်ပါသည်၊ သူ့ခရီးစဉ်၏ ရည်ရွယ်ချက်အပြည့်ဖြင့် ပြန်လာနိုင်ခြင်း ရှိမရှိကတော့၊ သူသည် ယခုတစ်ကြိမ် နဂါးသွေးကြော၏ စွမ်းအားကို ရရှိနိုင်စွမ်း ရှိမရှိအပေါ်မှာ မူတည်နေပါသည်။

ထို့ကြောင့်၊ ချင်ယွင်သည် ကမ္ဘာကျောက်တုံး လေဟာနယ်ရှိရာဆီသို့ လျှောက်သွားခဲ့သည်။ သူသည် ကမ္ဘာကျောက်တုံးလေဟာနယ်၏ ရှေ့သို့ လျှောက်သွားပြီးနောက် ချင်ယွင်သည် အလင်းတန်းတစ်ခု အဖြစ်သို့ တိုက်ရိုက်ပြောင်းလဲကာ ၎င်းထဲသို့ ထိုးဖောက် ဝင်ရောက် သွားခဲ့သည်။

ကမ္ဘာကျောက်တုံးလေဟာနယ်ထဲသို့ ဝင်ရောက်ပြီးနောက်၊ သူသည် ရှေးဟောင်း သစ်တောထဲတွင် ရောက်ရှိနေသကဲ့သို့ ချင်ယွင် ခံစားလိုက်ရသည်။ သူ၏ပတ်ဝန်းကျင်မှာ ရှေးဟောင်းသစ်ပင်တွေ ရှိနေပါသည်။ အချို့သစ်ပင်များသည် မီတာ ၃ဝဝ မှ လေးရာအထိ မြင့်နိုင်သလို၊ အချို့သစ်ပင်များသည် အမြင့် မီတာထောင်ပေါင်းများစွာအထိပင် ရှိနိုင်သည်။ ချင်ယွင်သည် ၎င်းတို့ရှေ့တွင် ကလေးတစ်ယောက်လို ရပ်နေရသည်။

"ဒါက ကမ္ဘာ့ကျောက်တုံးရဲ့ လေဟာနယ်ထဲမှာလား?။ ဘယ်လောက်တောင်မှ အင်မော်တယ်စွမ်းအင်တွေ ကြွယ်ဝလိုက်လဲ။" ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ရှိ အနှိုင်းမဲ့ စိမ်းလမ်းစိုပြေနေသော သစ်ပင်များကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

ဤအခိုက်အတန့်တွင်၊ ဤကမ္ဘာကျောက်တုံး လေဟာနယ်ထဲရှိ အင်မော်တယ်စွမ်းအင် သည် အလွန်မင်းတည်ငြိမ်နေရုံသာမက အလွန်မင်း သိပ်သည်းလွန်းလှ၏။ သာမာန် ကျင့်ကြံသူများသည် ဤနေရာတွင် ကျင့်ကြံပါက၊ ၎င်းတို့သည် ပြင်ပကမ္ဘာထက် အဆ တစ်ထောင် ပိုမြန်ဆန်ပေမည်။ ကောင်းကင်လေအင်မော်တယ်ကျွန်းရှိ အင်မော်တယ် စွမ်းအင်သည်ပင် ဤနေရာအောက် စွမ်းအင်သိပ်သည်းမှု များစွာနည်းပါးလှသည်။

ချင်ယွင်သည် လူသူတိတ်ဆိတ်ငြိမ်သက်နေသော တောနက်ကြီး၏ တောင်တန်းအတိုင်း လိုက်ပါသွားခဲ့သည်။ နှစ်နာရီခန့် လမ်းလျှောက်ပြီးနောက်၊ ချင်ယွင်သည် လူသူ ဆိတ်သုဉ်း သော တောနက်ကြီးအလယ်ခေါင်သို့ ရောက်ရှိလာခဲ့သည်။

သို့သော်လည်း၊ ချင်ယွင်၏ မျက်လုံးကို ဖမ်းစားလိုက်သော မြင်ကွင်းကြောင့် သူသည် အံ့အားသင့်စွာဖြင့် ပါးစပ်ကိုပင် ဖွင့်ဟလိုက်မိသည်။

ဤဆိတ်ငြိမ်လှသော သစ်တောကြီး၏ အလယ်ဗဟိုတွင် အနှိုင်းမဲ့ကြီးမားသော မြစ်ကြီး တစ်စင်းရှိနေခဲ့ပြီး၊ ဤမြစ်ဝှမ်းတွင် ကြီးမားသော နဂါးအသိုက်ကြီးတစ်ခု အမှန်တကယ်ကို ရှိနေခဲ့သည်။

ရွှေနဂါးကြီးတစ်ကောင်သည် နဂါးအသိုက်ထဲတွင် တွားသွားဝပ်နေပြီး မျက်လုံးမှိတ်ကာ ကျင့်ကြံနေသည်။ ၎င်း၏ခန္ဓာကိုယ်သည် အနှိုင်းမဲ့ကြီးမားသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

"ဒါက နဂါးသွေးကြောလား?" ချင်ယွင် အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။

သူက ချဲ့ကားပြောလွန်းရာ မကျပေ။ နဂါးကြီးသည် အမှန်တကယ် ကြီးမားလွန်း၏။ ထိုနဂါးကြီးသည် ထိုနေရာတွင် ကုပ်တွယ်လျောင်းနေသော်လည်း၊ ၎င်းသည် ပေတစ်ထောင်အထိ ရှည်လျားသေးနေသည်။ သူ၏ကိုယ်ထည်ကို အပြည့်အ၀ ဖြန့်ကျက် လိုက်ပါက မီတာထောင်ပေါင်းများစွာ ရှည်လျားမည် ဖြစ်သည်။ ချင်ယွင်၏ အရပ်အမြင့် ၁.၈ မီတာသည် နဂါးကြေးခွံတစ်ခုလောက်ပင် မကြီးမားပေ။

"ဒီနဂါးသွေးကြောကြီးက မရိုးရှင်းတော့ဘူး။ နှစ်တစ်သန်းနီးပါး သက်တမ်းရှိနေမှာတောင် ငါ စိုးရိမ်မိတယ်။ သူ့ရဲ့ အသွင်အပြင်အရ နတ်နဂါးအဖြစ် စတင်ဖွံ့ဖြိုးနေပြီ။ တကယ်လို့၊ နောက်ထပ် နှစ်ပေါင်း ၁၀၀၀၀၀ လောက် အချိန်ပေးလိုက်ရင်၊ အစစ်အမှန် နတ်နဂါးအဖြစ် မြင့်တက်သွားမှာကို ငါ ကြောက်မိတယ်။" ရှေးဟောင်းတာအိုဆရာသခင်က သက်ပြင်းချ လိုက်ပြီး ပြောသံက ချင်ယွင်၏စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ချင်ယွင်သည် မထိန်းနိုင်ဘဲ ပါးစပ်အပြည့် တံတွေးတွေကို မျိုးချလိုက်ရသည်။ ယခု၊ သူသည် ဤနဂါးသွေးကြောကို ဝါးမျိုရန် ဤနေရာသို့ ရောက်လာခြင်းလား?။ သို့မဟုတ် ဤနဂါးသွေးကြော၏ ဝါးမျိုမူကို ခံယူရန် ဤနေရာသို့ ရောက်လာခြင်းလား? ဤနှစ်ခုကြားက ခြားနားချက်ကို အမှန်တကယ်ပင် စတင်ပြီး သံသယဝင်လာခဲ့ပြီ။

သို့သော်လည်း၊ အကယ်၍၊ သူသည် ဤကြီးမားလှသော နဂါးသွေးကြောကြီးကို အမှန်တကယ် ဝါးမျိုးနိုင်မည်ဆိုလျှင်၊ ချင်ယွင်သည် ကနဦးစကြဝဠာကို ဖွင့်လှစ်နိုင်မည်မှာ သေချာပါသည်။

ဘန်း..။

သို့သော်၊ ထိုအချိန်တွင် မျက်လုံးများကို တင်းတင်းမှိတ်ထားသည့် ရွှေနဂါးကြီးသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ကြီးမားလှသော နဂါးမျက်လုံးကြီး တစ်စုံသည် အေးစက်သော အကြည့်ဖြင့် ချင်ယွင်ကို စိုက်ကြည့်နေသည်။ အင်မော်တယ် ဧကရာဇ်နှင့်ပင် ယှဉ်နိုင်သော ကြီးမားသောဖိအားတစ်ခုက ရွှေနဂါးကြီး၏ ကိုယ်ခန္ဓာမှ ချက်ချင်း ထွက်ပေါ်လာပြီး ချင်ယွင်အပေါ် ပြင်းထန်စွာ ဖိနှိပ်လာလေသည်။

"လူသား၊ မင်း ဒီကို မလာသင့်ဘူး။ ငါ လတ်လတ်ဆတ်ဆတ် လူသားရဲ့အသားကို စားဖူးခဲ့တောင် အချိန်အတော်ကြာခဲ့ပြီ။ မင်းခန္ဓာကိုယ်ကလည်း အရမ်းကို အရသာရှိမယ့် ပုံပဲ။" ရွှေနဂါးကြီးက အေးစက်စွာ ပြောသည်။ ဧရာမနဂါးကြီးသည် ကောင်းကင် ထက်ဝက်နီးပါးကို ဖုံးလွှမ်းထားသော ၎င်း၏ ဦးခေါင်းကို မြှောက်လိုက်သော်လည်း လောဘကြီးသောအမူအရာက ၎င်း၏မျက်လုံးထဲတွင် ပေါ်လွင်နေဆဲ ဖြစ်သည်။

"ငါလည်း နဂါးအသား မစားရတာ အတော်ကြာခဲ့ပြီ။ ဒီ အတုယောင် နဂါးကြီးရဲ့ အသားက အရသာကောင်းမလား ငါ သိချင်မိတယ်။" ချင်ယွင်၏ မျက်လုံးများသည်လည်း အေးစက်မူ က တဟုန်ထိုး ပျံ့နှံ့လာခဲ့သည်။

အခု သူ ဒီနေရာကို ရောက်ရှိလာခြင်းက၊ သူသည် ဒီနဂါးကြီးကို အနိုင်ယူပြီး၊ ၎င်းကို ဝါးမျိုကာ၊ သူ၏ကိုယ်ပိုင်စကြဝဠာကို ဖွင့်လှစ်နိုင်ရန် ဖြစ်ပါသည်။

All Chapters