← Chapters

အခန်း ၈၄၇

Vol. 57 Ch. 847

အခန်း ၈၄၇

Vol. 57 Ch. 847

အခန်း (၈၄၇) ငါက မင်းရဲ့အရာအားလုံး ဖြစ်ချင်ပါတယ်။

"မင်းတို့ လူသားတွေက မောက်မာပြီး မာနကြီးလွန်းတယ်လို့ ပြောကြတယ်။ ကြည့်ရတာ၊ အဲဒါက ဘာမှ အမှားအယွင်း ရှိမနေသလိုပဲ။ ပုရွက်ဆိတ်နဲ့တူတဲ့ မင်းတို့လူသားတွေက ငါ့ကို ဝါးမျိုးဖို့ စိတ်ကူးယဉ်နေတာလား?။ ရွှေနဂါးကြီးက လှောင်ပြောင်သရော်သံဖြင့် ပြောလိုက်သည်။ ရွှေနဂါးကြီး၏ ခန္ဓာကိုယ်ပေါ်မှ ဖြာထွက်နေသော ရွှေနဂါးကြီး၏ လွှမ်းမိုး ကြီးစိုးနိုင်သော အငွေ့အသက်က ချင်ယွင်၏ရှေ့မှာ ရပ်တည်နေသည့် မြင့်မားသော တောင်တန်းကြီးတစ်ခုလို ကြောက်စရာကောင်းလွန်းသည်။

"ဒါဆိုလည်း မင်း အခု ဘာလုပ်ချင်လဲဆိုတာ ကြည့်ချင်သေးတယ်" ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက်ပြီး သူ၏မျက်လုံးထဲတွင် ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက်၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ ကြီးမားသော အင်မော်တယ် အငွေ့အသက်တစ်ခုသည် ထွက်ပေါ်လာသည်။ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ခရမ်းရောင် အကာကွယ် အလွှာဖြင့် ဖုံးအုပ်ထားပုံရသည်။ သူ၏အငွေ့အသက်သည် ပင်လယ်ကဲ့သို့ ကျယ်ပြောလှ ပြီး၊ နောက်ပိုင်းတွင် သူသည် ရွှေနဂါးကြီး၏ အငွေ့အသက်ကို အမှန်တကယ် ပိတ်ဆို့နိုင်ခဲ့ သည်။

ရွှေနဂါးကြီးသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ခံစားလိုက်မိသည်။ ၎င်း၏ကြီးမားလှသော နဂါးမျက်လုံးများထဲတွင် မှုန်မှိုင်းသော အရိပ်အယောင်များ မပေါ်လာခင်၊ အံ့အားသင့်သွားခဲ့သည်။

"အင်မော်တယ် ဧကရာဇ်တစ်ပါးရဲ့ ဒီအစွမ်းက မင်းပိုင်ဆိုင်ထားတာ မဟုတ်ဘူး။ မင်းက ငါ့ကို ဒီလိုပုံစံမျိုးနဲ့ အနိုင်ယူနိုင်မယ် ထင်နေလား?။" ရွှေနဂါးကြီးက အေးစက်စွာ အော်ဟစ်လိုက်သည်။

"ငါ အနိုင်ယူနိုင်စွမ်းရှိမရှိ စမ်းကြည့်ရင် သိနိုင်ပြီ မဟုတ်လား?။" ချင်ယွင်၏ ပါးစပ်ထောင့် စွန်းက အပြုံးမပျက် ပေါ်လာသော်လည်း၊ သူ၏မျက်လုံးများက သက်ရှိသတ္တဝါအားလုံးကို ပုရွက်ဆိတ်ကဲ့သို့ အထင်သေးစွာ ကြည့်နေလေသည်။

"ဟမ့်၊ ဒါဆိုလည်း သွားသေလိုက်တော့?" ရွှေနဂါးကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက် ပြီး၊ ကြီးမားလှသော ရွှေနဂါးလက်သည်းက သူ့ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

ချင်ယွင်၏ ရုပ်အသွင်သည် ဖျတ်ခနဲ လင်းလက်ပြီး ခရမ်းရောင် အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ လေထဲတွင် ချက်ချင်းပင် ပေါ်လာသည်။

"ဘုန်း..”

ရွှေနဂါးကြီး၏ နဂါးလက်သည်းများသည် မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး၊ လူသူကင်းဆိတ် သော သစ်တောကြီး၏ တစ်ဝက်ကျော်ကို ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားစေကာ၊ ထူထပ်သိပ်သည်းသော သစ်ပင်များသည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားရ သည်။

ရွှေနဂါးကြီးသည် ၎င်း၏လက်သည်းကို လေထဲသို့ မြှောက်လိုက်ပြီး၊ သူ၏မျက်လုံးထဲတွင် ပြင်းထန်သော ဒေါသအမျက်များ ထွက်ပေါ်လာသည်။ ထို့နောက်၊ သူသည် ချင်ယွင်ကို ထပ်မံ တိုက်ခိုက်တော့မည် ဖြစ်သည်။

"ငါလည်း မင်းကို လက်သီးတစ်ချက်လောက် ပြန်ပေးရလိမ့်မယ်။" ချင်ယွင်လည်း ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထို့နောက်၊ သူသည် ချက်ခြင်းပင် ပျံထွက်ထွက် သွားပြီး၊ သူ၏လက်သီးချက်များမှ ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်များ ထွက်ပေါ်နေသည်။

"ဘုန်း..”

ချင်ယွင်၏ လက်သီးသည် ရွှေနဂါးကြီး၏ လည်ပင်းကို ထိမှန်သွားကာ၊ ၎င်းကို နောက်သို့ လွင့်ပျံသွားစေသည်။

"အောင်း..”

ရွှေနဂါးကြီးသည် ဒေါသအမျက် ပေါက်ကွဲထွက်သွားပုံရပြီး၊ ကောင်းကင်တုန်ခါလောက် သည့် ဟိန်းဟောက်သံကို ထုတ်ဖောက်လိုက်သည်။ နဂါးကြီး၏ ကြီးမားသောအမြီးကြီး သည် ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချပစ်လာသည်။

ချင်ယွင်၏ မျက်လုံးများသည် အပြုံးအရိပ်သမ်းလာပြီး၊ သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအား များသည် မိုးခြိမ်းသံကဲ့သို့ တဟုန်းဟုန်း ထိုးတက်လာသည်။

"နဂါးနတ်ဘုရားနိုးထခြင်း.." ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ခရမ်းရောင်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ ရွှေနဂါးကြီးအဖြစ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားပုံရသည်။

"ဘုန်း…”

ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်အောက်တွင် ရွှေနဂါးကြီး၏ ကြီးမားသော ခန္ဓာကိုယ်ကြီး ချက်ချင်း လိမ့်ထွက်သွားသည်။

ချင်ယွင်သည် ထိုနေရာတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေပြီး ခရမ်းရောင် နဂါးကြီး တစ်ကောင်သည် သူ၏ခန္ဓာကိုယ်ပေါ်တွင် အမှန်တကယ် ရစ်ပတ်ထားသည်။

အရင်တုန်းက ချင်ယွင်သည် နဂါးနတ်ဘုရားနိုးထခြင်း၏ စွမ်းအားကို အသုံးမပြုနိုင်သော် လည်း၊ ယခု ရှေးဟောင်းတာအိုဆရာသခင်၏စွမ်းအားဖြင့် သူသည် နဂါးနတ်ဘုရား နိုးထခြင်း၏ စစ်မှန်သော စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်သည် ။

"အောင်း…။ ငါ မင်းကို စားမယ်။" ရွှေနဂါးကြီးသည် ကျယ်လောင်သော ဟိန်းဟောက်သံ ဖြင့် ထုတ်ပြောလိုက်ပြီး ၎င်း၏ခန္ဓာကိုယ်သည် ချင်ယွင်ကို အရပ်ရပ်မှ ပြင်းထန်စွာ တရစပ် တိုက်ခိုက်လာသည့် ထောင်ပေါင်းများစွာသော နဂါးငယ်လေးများအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားလေသည်။

ရွှေနဂါးပုံရိပ်များသည် ကောင်းကင်ယံတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

ချင်ယွင်သည် ကောင်းကင်ယံမှာ ရွှေနဂါးလေးတွေကို ကြည့်လိုက်တော့ သူ၏ မျက်လုံးထဲမှာ အပြုံးအရိပ်တစ်ချက် ပေါ်လာသည်။ သူက "မင်းတောင် ကိုယ်ပွားတွေ ခွဲထုတ်နိုင်မှတော့ ငါလည်း တတ်နိုင်တာပေါ့" ဟု တိုးတိုးလေး ဟစ်ကြွေးသည်။

ထိုသို့ပြောပြီးနောက် ချင်ယွင်၏ ရုပ်အသွင်သည် လွင့်ပျံသွားပြီး၊ ကောင်းကင်ယံရှိ ထောင်ပေါင်းများစွာသော နဂါးများဆီသို့ ပျံသန်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ချင်ယွင်၏ရုပ်အသွင်သည် ထောင်ပေါင်းများစွာသော ကိုယ်ပွားများ အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

ချင်ယွင်၏ လေကိုယ်ပွားနိယာမ၏ ကန့်သတ်ချက်သည် ကိုယ်ပွားတစ်ထောင် ဖြစ်သော်လည်း ယခု ရှေးဟောင်းတာအိုဆရာသခင်၏ စွမ်းအားဖြင့် ဆယ်ဆတိုးလာခဲ့ သည်။

ချင်ယွင်တစ်သောင်းသည် တစ်ချိန်တည်းတွင် လွင့်ပျံထွက်သွားပြီး ထောင်ပေါင်းများစွာ သော ရွှေနဂါးများနှင့် ရောနှောသွားသည်။

"ဘုန်း..”။

ချင်ယွင်သည် ရွှေနဂါးလေးတစ်ကောင်ကို တိုက်ရိုက် ထိုးသတ်ပစ်လိုက်သည်။ ရွှေနဂါးလေးသည် ချက်ချင်းဆိုသလို သည်းမခံနိုင်တော့ဘဲ အော်ဟစ်မြည်တမ်းကြသည်။

ချင်ယွင်သည် တခစ်ခစ်ရယ်မောလိုက်ပြီး ရွှေနဂါးလေး၏ အမြီးကို ဖမ်းဆုပ်လိုက်သည်။ သူသည် ရွှေနဂါးလေးကို ဆုတ်ဖြဲပစ်လိုက်သည်နှင့်၊ ၎င်းတို့သည် ရွှေရောင် အခိုးအငွေ့အလုံးများ အဖြစ်သို့ ပြောင်းလဲသွားကြသည်။

ထုံးစံအတိုင်း၊ ချင်ယွင်သည် ၎င်းတို့ကို ဖြုန်းတီးပစ်ခြင်း မရှိပါဘူး။ သူသည် ပါးစပ်ကိုဖွင့်ပြီး ရွှေရောင်အမှုန်အမွှားတွေကို သူ၏ဝမ်းဗိုက်ထဲကို ချက်ချင်း စုပ်ယူမျိုချလိုက်ပါသည်။

ဤရွှေရောင် အခိုးအငွေ့များကို ရှူရှိုက်ရင်း၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ နှစ်သိမ့်ကျေနပ်မှုခံစားချက်ကို ချက်ချင်း ခံစားလိုက်ရပြီး၊ အနန္တဒြဗ်စင်များသည် ဤရွှေရောင်အမှုန်အမွှားများကို လျင်မြန်စွာ မျိုချမိသည်နှင့် အနန္တဒြဗ်စင်ပေါ်ရှိ အငွေ့အသက်များကို ချက်ချင်း အားကောင်းလာစေသည်။

"ဟား..၊ ဟား…၊ ​ပျော်​လိုက်​တာ.." ချင်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး၊ ရွှေရောင်နဂါးလေးတွေကို အရူးအမူး သတ်ပစ်လိုက်ပါတော့သည်။

ချင်ယွင်၏ မျိုချခြင်းကို ခံရပြီးနောက်၊ ရွှေနဂါးလေးသုံးကောင်သည် တစ်ခုခု မှားနေ ကြောင်း ချက်ချင်း သိလိုက်ရသည်။ ၎င်းတို့သည် လျင်မြန်စွာ စုဝေးကြပြီး ဧရာမ ရွှေနဂါးကြီးအဖြစ် ပြန်ပေါင်းစည်းလိုက်ကြသည်။ သူတို့၏မျက်လုံးများသည် ချင်ယွင်ကို ကြောက်ရွံ့မှုအချို့ဖြင့် စိုက်ကြည့်နေကြသည်။

"လူသား၊ မင်း ငါ့ရဲ့ နဂါးသွေးကြောစွမ်းအင်ကို လိုချင်ရင် ငါ မင်းကို ပေးနိုင်ပါတယ်။ ဒါပေမယ့် မင်း ဒီနေရာကနေ ထွက်သွားရမယ်။" ရွှေနဂါးက ကြောက်ရွံ့မှုအချို့နှင့် ပြောလိုက်သည်။

"မင်း ငါ့ကိုပေးလာမယ့် နဂါးသွေးကြောစွမ်းအင်က ငါ့ရဲ့အစာစားချင်စိတ်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်မယ်လို့ မင်း ထင်လား?” ချင်ယွင်က မထီမဲ့မြင် ပြောလိုက်သည်။

"မင်းလိုလူသားတစ်ယောက်ကို ငါက ဘယ်လိုလုပ် အရာအားလုံး လိုက်လျော ပေးနိုင်မှာ လဲ?" ရွှေနဂါးသည် ချင်ယွင်၏စကားကို ကြားသောအခါ ပြင်းထန်သော အမျက်ဒေါသ သည် ချက်ချင်းဆိုသလိုပင် ၎င်း၏မျက်လုံးများတွင် ပေါက်ဖွားလာခဲ့သည်။

"ဒါကလည်း တူညီတဲ့ စကားလုံးပါပဲ။ စမ်းပြီး ကြိုးစားကြည့်လိုက်ပါ။" ချင်ယွင်၏ နှုတ်ခမ်းထောင့်စွန်းများသည် ပေါ့ပေါ့ပါးပါး အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားပြီး၊ ဝင့်ကြွားသည့် အမူအရာ ပေါ်လာသည်။

"အဲဒါဆိုလည်း မင်း သေသင့်ပြီ" ရွှေနဂါးကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် ၎င်း၏ ခန္ဓာကိုယ်သည် တုနှိုင်းမရအောင် လင်းလက်တောက်ပသော အလင်းရောင်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအားသည် ချက်ချင်းပင် အနှိုင်းမဲ့ အားကောင်းလာသည်။ ၎င်း၏ ကြီးမားလှသည့် ပြင်းထန်သော နဂါး လက်သည်းကြီးများက ချင်ယွင်ဆီသို့ ရိုက်ချလိုက်ပြီး၊ လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားခဲ့သည်။

"ဒီလိုဆိုတော့၊ ငါ မင်းကို နဂါးလက်သီးသိုင်းရဲ့ ခြောက်ခုမြောက် အစွမ်းကို မြည်းစမ်းခွင့် ပေးမယ်။" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။ သူပြောပြီးသည်နှင့်၊ သူ၏ သူငယ်အိမ်တွေက ချက်ချင်း ခရမ်းရောင်ပြောင်းသွားပါသည်။ အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသော နဂါးတစ်ကောင်၏ ခမ်းနားထည်ဝါသော အငွေ့အသက်သည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

ခရမ်းရောင် အင်မော်တယ် အနှစ်သာရသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော ခရမ်းရောင် နဂါးအရိပ်ကြီးအဖြစ် တိုက်ရိုက် ပေါင်းစပ်ပြီး ရူးသွပ်စွာ ထွက်ပေါ်လာသည်။ ဤနဂါးအရိပ်ကြီးသည် အမှန်တကယ်ပင် ရွှေနဂါးကြီးကဲ့သို့ ကြီးမားလှသည်။

"နဂါးလက်သီးသိုင်း၏ ဆဋ္ဌမမြောက် သိုင်းကွက် “ငါက နဂါးနတ်ဘုရားဖြစ်တယ်” ချင်ယွင် က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ အဆုံးမဲ့ အငွေ့အသက်တစ်ခုက ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏ခြေဖဝါးအောက်မှ မြေပြင်သည် ပြိုကျပြီး လေဟာနယ် တစ်ခုလုံးကို အကန့်အသတ်မရှိ လွှမ်းခြုံသွားသည်။

ထို့နောက် ချင်ယွင်သည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်နှင့်၊ ချင်ယွင်ကို လွှမ်းခြုံထားသော ခရမ်းရောင်နဂါးကြီးသည် နဂါးကြီး၏ လက်သည်းကို ပြင်းပြင်းထန်ထန် ဆန့်တန်းလိုက်ကာ ရွှေနဂါးကြီးလက်သည်းကို ရိုက်ချပစ်လိုက်သည်။

ချင်ယွင်၏ တိုက်ခိုက်မှုကြောင့် ဧရာမရွှေနဂါးကြီး၏လက်သည်းများသည် အပိုင်းပိုင်း ကွဲသွားပြီး၊ ထူထပ်သော ရွှေရောင်အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားသည်။

"ဘာလဲ?" ရွှေနဂါးကြီးသည် ကြောက်ရွှံ့ဟန်ဖြင့် အော်ဟစ်လိုက်ပြီး၊ သူ၏နှလုံးသားထဲ တွင် ကြောက်ရွံ့မှုလှိုင်းလုံးကြီး ထွက်ပေါ်လာသည်။

"ဟမ့်၊ ဒါကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ"

ချင်ယွင်က အေးစက်စွာ အော်လိုက်သည်။ ကြီးမားသော ခရမ်းရောင် နဂါးအရိပ်ကြီးသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ သွန်းလောင်းသွားပြီးနောက်၊ သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံး သည် ပျံထွက်သွားခဲ့သည်။ သူ၏အရှိန်ဟုန်သည် ခရမ်းရောင်အလင်းတန်းတစ်ခုလို မြန်ပြီး ရွှေနဂါးကြီးရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။

"ကြေမွသွားစမ်း..”

ချင်ယွင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ အဆုံးမဲ့ ကြောက်မက်ဖွယ် စွမ်းအင် အတက်အကျလှိုင်းများနှင့်အတူ လက်သီးချက်သည် ရွှေနဂါးကြီး၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ ထိုးထွင်းဝင်ရောက်သွားသည်။

“မဟုတ်ဘူး…”

ရွှေနဂါးကြီးသည် မကျေမနပ်အသံဖြင့် အော်ထုတ်လိုက်သည်။ ထို့နောက် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်သည် ပေါက်ကွဲသွားပြီး လေဟာနယ်တစ်ခုလုံးကို ရွှေရောင် အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ချင်ယွင်သည် ရွှေရောင်အခိုးအငွေ့ကို မြင်သောအခါ သူ၏မျက်လုံးများတွင် စူးရှသော အပြုံးတစ်ခု ပေါ်လာသည်။ ယခုအချိန် သူ အရူးအမူး ဝါးမျိုးစားသောက်ရမည့် အချိန် ဖြစ်ပါသည်။

All Chapters