← Chapters

အခန်း ၈၄၈

Vol. 57 Ch. 848

အခန်း ၈၄၈

Vol. 57 Ch. 848

အခန်း (၈၄၈) ကနဦးစကြဝဠာကို ဖွင့်လှစ်ခြင်း

ချင်ယွင်သည် လေဟာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်ရင်း ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာကို စတင် ဖြန့်ကျက်လိုက်သည်။

တာအိုဆိုသည်မှာ တစ်ခုကို မွေးဖွားပေးပြီး၊ တစ်ခုကနေ နှစ်ခု၊ နှစ်ခုကနေ သုံးခု၊ သုံးခုကနေ အရာခပ်သိမ်းကို မွေးဖွားပေးသည်။ ယင်နှင့်ယန်သည် ဒြပ်ကြီးငါးပါးအဖြစ် ပြောင်းလဲသွားကာ၊ ဒြဗ်ကြီးငါးပါးသည် အရာအားလုံးကို မွေးဖွားပေးသည်။ အရာအားလုံး ကောင်းကင်နှင့် မြေကြီးတွင် ပြန်လည်ဝင်စားကြပြီး၊ အရာအားလုံးသည် ကောင်းကင်နှင့် မြေကြီးကြားတွင် တည်ရှိကြသည်။

ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာရပ်၏ အဓိပ္ပါယ်သည် ချင်ယွင်၏ စိတ်ထဲ တွင် ပဲ့တင်ထပ် ပေါ်လာပါသည်။ သူ၏ဒန်တန်ထဲရှိ အနန္တဒြဗ်စင်များသည် ပြင်းထန်သော စုပ်ယူခြင်းစွမ်းအားကို ထုတ်လွှတ်ကာ၊ လေဟာနယ်အတွင်း ပျံ့နှံ့သွားသော နဂါး သွေးကြောစွမ်းအင်သည် ဤရူးသွပ်သော စုပ်ယူမှုအောက်တွင် ချင်ယွင်၏ ဒန်တန်ဆီသို့ အရူးအမူး စုစည်းလာကြသည်။

ဘန်း…။

ဗုဒ္ဓအသံ ထွက်ပေါ်လာပြီးနောက် တော်ဝင်တာအိုအသံက တုန်လှုပ်သွားသည်။

ရွှေရောင်နဂါးသွေးကြော စွမ်းအင်သည် ချင်ယွင်၏ပေါ်တွင် ရွှေရောင်အခိုးအငွေ့အလွှာ တစ်ခု ချထားသကဲ့သို့၊ ချင်ယွင်ဆီသို့ တဟုန်ထိုး ပျံ့နှံ့တိုးဝင်လာကြသည်။

ချင်ယွင်၏ အရူးအမူး စုပ်ယူမှုနှင့်အတူ၊ ချင်ယွင်၏ အငွေ့အသက်သည်လည်း နှိုင်းစာ၍ မရအောင် အားကောင်းလာသည်နှင့် ပကတိမျက်စိဖြင့် မမြင်နိုင်သော ချင်ယွင်၏ ခန္ဓာကိုယ်သည်လည်း ခမ်းနားထည်ဝါမူ အပြည့်ရှိလာလေသည်။

နဂါးသွေးကြော၏ စွမ်းအားသည် တာချင်းအင်မော်တယ်မင်းဆက်၏ ကံကြမ္မာ တည်ရှိရာ နေရာဖြစ်သည်။ ယခုအချိန်တွင်၊ ၎င်းကို ချင်ယွင်တစ်ယောက်တည်း ဝါးမျိုချလိုက်သော ကြောင့်၊ ချင်ယွင်၏ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသော ချင်ယွင်၏ ကောင်းချီးမင်္ဂလာသည် ခမ်းနားထည်ဝါသော အငွေ့အသက်အဖြစ်မှ တဖြည်းဖြည်း ရုပ်လုံပင်ပေါ်လာခဲ့သည်။ သူ၏ အရေပြားကိုတောင် ရွှေရောင်အလွှာဖြင့် လွှမ်းခြုံထားပုံရပါသည်။

ချင်ယွင်သည် နဂါးသွေးကြော၏ စွမ်းအားကို အရူးအမူး မျိုချနေသည်။ ချင်ယွင်၏ အရူးအမူး မျိုချမှုအောက်တွင် လေဟာနယ်တစ်ခုလုံးကို ပြည့်လျှံနေသော နဂါးသွေးကြော ၏ စွမ်းအားသည် လျင်မြန်စွာ လျော့ကျသွားခဲ့သည်။

ဘန်း…။

ချင်ယွင်သည် နောက်ဆုံးလက်ကျန် နဂါးသွေးကြောစွမ်းအားကို သူ၏ဒန်တန်ထဲသို့ လုံးလုံး လျားလျား စုပ်ယူလိုက်ပြီးနောက်၊ အနန္တဒြဗ်စင်များသည် နောက်ဆုံးတွင် လုံးဝ ပြည့်ဝသည့် အခြေအနေသို့ ရောက်ရှိသွားပြီး ရှေးဟောင်း ဖရိုဖရဲအငွေ့အသက်ကို ထုတ်လွှတ်လိုက်လေသည်။

"နောက်ဆုံးတော့ ပြည့်ဝသွားခဲ့ပြီ။ အခု ငါ့ရဲ့ကနဦးစကြဝဠာကို ဖွင့်လှစ်ဖို့ အရေးကြီးဆုံး ခြေလှမ်းပဲ" ချင်ယွင်သည် သူ့ကိုယ်သူ ပြုံးလိုက်မိသည်။ သူ၏နှလုံးသားထဲတွင် ပြင်းထန်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ကနဦးစကြဝဠာကို ဖွင့်လှစ်လိုက်သည်နှင့်၊ သူ၏ စွမ်းအားတွေက ခုန်ပျံကျော်လွှားပြီး တိုးမြင့်လာမည်မှာ သေချာပါသည်။

စင်စစ်၊ ကနဦးစကြဝဠာကို ဖွင့်လှစ်ခြင်းသည် ကြောက်မက်ဖွယ် အန္တရာယ်များနှင့် ပြည့်နှက်နေပါသည်။ အကယ်၍၊ ဖွင့်လှစ်ရာမှာ ကျဆုံးသွားခဲ့မည်ဆိုလျှင်၊ သေခြင်း တရားက သူ့ကို စောင့်ကြိုနေပါသည်။

သို့သော် ချင်ယွင်၏ မျက်လုံးများတွင် မည်သည့် ကြောက်ရွံ့မှု အရိပ်အယောင်မျှ မတွေ့ရ ပေ။ ဆုံးဖြတ်ချက်ပြတ်သားမူနှင့်အတူ ရူးသွပ်မူသာ ရှိနေခဲ့သည်။

"ငါ့အတွက် ပွင့်လိုက်စမ်း…" ချင်ယွင်က အော်ဟစ်လိုက်သည်။

အချိန်အတော်ကြာ တည်ငြိမ်နေခဲ့သော သူ၏ဒန်တန်ထဲရှိ အနန္တဒြဗ်စင်များသည် ထိုအခိုက်အတန့်တွင်၊ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားကာ၊ ၎င်းမှ ထုတ်လွှတ်နေသော စွမ်းအင်အတက်အကျလှိုင်းများက ပို၍ ကြောက်စရာကောင်းလာသည်။

"ဘုန်း….”။

ကောင်းကင်တုန်လှုပ်သော ပေါက်ကွဲသံနှင့်အတူ၊ အနန္တဒြဗ်စင်များသည် ပေါက်ကွဲထွက် လာပြီး၊ ရလာဒ်အနေဖြင့်၊ စွမ်းအင်အတက်အကျလှိုင်းများသည် အရပ်မျက်နှာအသီးသီးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

စကြာဝဠာသည် အနန္တဒြဗ်စင်များ ပေါက်ကွဲခြင်းမှ ဖန်တီးရခြင်း ဖြစ်ပါသည်။ ယခု၊ ချင်ယွင်၏ အနန္တဒြဗ်စင်များ ပေါက်ကွဲခြင်းသည် ကနဦးစကြဝဠာဖွဲ့စည်းခြင်း၏ ပထမဆုံး ခြေလှမ်း ဖြစ်ပါသည်။

ဝှီး…။

ချင်ယွင်၏ရုပ်အသွင်သည် သူ၏ဒန်တန်ထဲတွင် ပေါ်လာသည်။ အခု၊ သူ၏ဒန်တန်သည် သူ၏ဒန်တန်တစ်ခုဆိုရုံ သက်သက်လောက် မရိုးရှင်းတော့ဘူး။

သူ၏ အနန္တဒြဗ်စင်များ ပေါက်ကွဲသွားသည့်အခိုက်မှာ၊ ချင်ယွင်၏ စိတ်ထဲတွင် သတင်း အချက်အလက်များနှင့် ပြည့်နှက်လာခဲ့သည်။ ယခုအခါတွင်၊ သူ၏ဒန်တန်သည် လွတ်လပ်သော လေဟာနယ်တစ်ခု သို့မဟုတ် စကြာဝဠာ၏ စစ်မှန်သော ရှေ့ပြေးပုံစံ ဖြစ်လာခဲ့သည်။

အနန္တဒြဗ်စင်များပေါက်ကွဲမှု၏ နောက်ဆက်တွဲ တုန်ခါများသည် သူ၏ ကနဦးစကြဝဠာ အရွယ်အစားအထိ ပျံ့နှံ့သွားခဲ့သည်။

ကနဦးစကြာဝဠာ ပြန့်ပွားလာပြီးနောက် စကြာဝဠာတစ်ခု၏ အစီအစဥ်များသည် တဖြည်းဖြည်း ပေါ်ပေါက်လာသည်။

ယခုအခါ အရာအားလုံးသည် ၎င်း၏ ကနဦးအဆင့်တွင်သာ ရှိနေကြသောကြောင့်၊ သူ၏ကနဦးစကြာဝဠာထဲတွင် အချိန်နှင့် လေဟာနယ်သည် အထူးတည်ငြိမ်မှု မရှိခဲ့ပေ။

သို့ရာတွင်၊ ကနဦးစကြဝဠာ ပွင့်လာချိန်တွင်၊ ချင်ယွင်၏ စိတ်ဝိညာဉ်တစ်ခုလုံးသည် ဖော်မပြနိုင်သော ခံစားချက်တစ်ခု ရှိနေခဲ့သည်။ ထိုခံစားချက်သည် ချင်ယွင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး၊ အရာခပ်သိမ်းကို ထိန်းချုပ်နိုင်သူတစ်ဦး ဖြစ်လာပုံနှင့် ဆင်တူသည်။

ချင်ယွင်သည် သူ၏ကနဦးစကြာဝဠာ၏ လေဟာနယ်ထဲတွင် ရပ်နေပြီး၊ ကျယ်ပြန့်နေသော သူ၏ကနဦးစကြာဝဠာကို အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ကြည့်နေသည်။

ယုတ္တိဗေဒအရပြောရလျှင်၊ ကနဦးစကြဝဠာ ပွင့်လာသောအခါတွင်၊ သူသည် အလွန်မင်း စိတ်လှုပ်ရှားနေသင့်သော်လည်း၊ ယခုအခါ သူသည် အလွန်တည်ငြိမ်သွားခဲ့သည်။

အကယ်၍၊ ကောင်းကင်နှင့်မြေကြီး ပြိုကျလျှင်ပင်၊ သူသည် နည်းနည်းလေးမှ မျက်နှာအမူအရာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ယခုအချိန်၌၊ ကနဦးစကြဝဠာကို ဖွင့်လှစ်နိုင်ခြင်းသည် သူ၏ရုပ်ခန္ဓာကိုယ်အား ကြီးမားသော ခွန်အားကို ယူဆောင်ပေးလာ ရုံသာမက၊ သူ၏ စိတ်နေစိတ်ထားကိုပင် သာမန်အကန့်သတ်ချက်များကို ကျော်လွန်ပြီး၊ စစ်မှန်သော လွှမ်းမိုးနိုင်စွမ်းနယ်ပယ်သို့ပင် ရောက်ရှိခဲ့လေသည်။ (စစ်မှန်သော လွှမ်းမိုးနိုင်စွမ်းနယ်ပယ်) ဟူသည် သတ်မှတ်ထားသော နယ်ပယ်တစ်မျိုးမဟုတ်ဘဲ၊ (transcendence) အဆင်ပြေသလို ပြန်ဆိုလိုက်ခြင်း ဖြစ်ပါသည်။)။

"ဒါက ငါ့ရဲ့ ကနဦးစကြာဝဠာပဲ။ ငါ့ကလေးကို သေချာပေါက် ပြုစုပျိုးထောင်ပေးရမယ်" ချင်ယွင်သည် သူ့ကိုယ်သူ တွေးလိုက်သည်။

မွေးကင်းစ ကလေးသာသာရှိသေးသော သူ၏ကနဦးစကြာဝဠာကို ကြည့်ရင်း ချင်ယွင်၏ မျက်နှာသည် အပြုံးမပျက် ပေါ်လွင်နေသည်။

သူဖွင့်ထားသည့် စကြာဝဠာသည် သူ၏ဆရာ မိုးပြာဧကရာဇ် သူ့ကို ပေးထားခဲ့သော ကနဦးစကြာဝဠာထက် နိမ့်ကျသေးပေမယ့်၊ ချင်ယွင်၏ စကြာဝဠာသည် အနာဂတ်မှာ သေချာပေါက် အားကောင်းလာပါလိမ့်မည်။

ဟုတ်ပါသည်။ သူ၏ ကနဦးစကြာဝဠာကို လျင်မြန်စွာ ကြီးထွားအောင်လုပ်ဖို့ နောက်ထပ် နည်းလမ်းတစ်ခု ရှိနေပါသေးသည်။ ထိုနည်းလမ်းကတော့၊ သူသည် သူ၏ဆရာ မိုးပြာဧကရာဇ်၏ ကနဦးစကြာဝဠာကို ဝါးမြိုခြင်း ဖြစ်ပါသည်။ ဤနည်းဖြင့်ဆို၊ ချင်ယွင်၏ ကနဦးစကြဝဠာသည် နောက်အဆင့်သို့ လျင်မြန်စွာ ကူးပြောင်းနိုင်လိမ့်မည်မှာ သေချာသော်လည်း ချင်ယွင်သည် ထိုကဲ့သို့ မလုပ်ဆောင်လိုပါ။

"ဒီအဆင့်ဖြတ်ကျော်မှုတွေ ပြီးဆုံးပြီးတဲ့နောက် ငါဘယ်လောက်ထိ ကြံ့ခိုင်နေပြီလဲဆိုတာ ကြည့်ရအောင်" ချင်ယွင်သည် ကမ္ဘာကျောက်တုံးကြီး၏ လေဟာနယ်ထဲတွင် တဖန် ပြန်ပေါ်လာရင်း သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ်လိုက်သည်။

"ဘုန်း…”။

ချင်ယွင်သည် လေဟာနယ်ထဲသို့ လက်သီးတစ်ချက် ထိုးသွင်းလိုက်ပြီး၊ အနှိုင်းမဲ့ ကြောက်မက်ဖွယ်သော ဖင်းဂေါ့ဂ်စွမ်းအားက ချက်ချင်း ပျံ့နှံ့သွားကာ၊ မိုင်းပေါင်းများစွာ ကျယ်ဝန်းသော ဤနယ်မြေတစ်ခုလုံး၏ မြေပြင်ပေါ်သို့ လွှမ်းခြုံသွားခဲ့ပါသည်။

"ကောင်းလိုက်တာ၊ မျှော်လင့်ထားတဲ့အတိုင်းပဲ။ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးပညာရပ်ရဲ့ ဆဌမအဆင့်ကို ဖြတ်ကျော်နိုင်ခြင်းက တကယ်ကို ခြားနားသွားတာပဲ။ ဒီလက်သီးချက်က တော်ဝင်တာအို ဒုတိယအဆင့် အင်မော်တယ်ဘုရင်တစ်ပါးရဲ့ အင်အား အပြည့် တိုက်ခိုက်မူထက် အားနည်းမှာမဟုတ်ဘူး။ ချင်ယွင်သည် အပြုံးနှင့်အတူ သူ၏ စိတ်ထဲတွင် သူ့ကိုယ်သူ ပြောလိုက်သည်။

ဤအချိန်၊ ကနဦးစကြဝဠာကို ဖွင့်လှစ်ခြင်းသည် သူ့အား ကျင့်ကြံခြင်းမှာသာ အရည် အသွေးအနေဖြင့် ခုန်ကျော်တက်သွားစေရုံသာမက၊ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်သည်လည်း ဆဌမအဆင့်ဖြစ်သော နတ်ဆိုးနတ်ဘုရားနယ်ပယ်သို့ (ဖင်းဂေါ့ဂ်နယ်ပယ်)သို့ တရားဝင် ဖြတ်ကျော်ဝင်ရောက်နိုင်ခဲ့သည်။ (နတ်ဆိုးနတ်ဘုရားနယ်ပယ်အစား ဖင်းဂေါ့ဂ်နယ်ပယ်) ဟု ပြောင်းလဲပြန်ဆိုပါမည်။ စွမ်းအားနာမည်များကို ပြန်ဆိုရာမှာ ဖတ်လို့ ကောင်းလာစေ ရန် ဖြစ်ပါသည်။ ဖင်းဂေါ့ဂ်နယ်ပယ်ဟု ပြန်ဆိုလိုက်လျှင်၊ ဖင်းဂေါ့ဂ်စွမ်းအားနှင့် ပို၍ လိုက်ဖက်ပါမည်။)

"ကနဦးစကြဝဠာရဲ့ စွမ်းအားကို ကြည့်ရအောင်။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးလိုက် သည်။

ချက်ချင်းဆိုသလိုပင်၊ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက် များ ထွက်ပေါ်လာပြီး ကြီးမားသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

ချင်ယွင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး လေဟာနယ်ထဲတွင် ကြီးမားသော အက်ကြောင်းကြီးတစ်ခုကို ဆုတ်ဖြဲလိုက်သည်။

"ဘယ်လောက်တောင်မှ တန်ခိုးကြီးလိုက်လဲ။" ချင်ယွင်သည် သူ၏လက်ထဲမှ လေဟာနယ် အက်ကွဲကြောင်းကို မြင်လိုက်ရသောအခါ၊ အံ့အားသင့်မူ အရိပ်အယောင်ကို မထုတ်ဖော်ဘဲ မနေနိုင်ခဲ့ပါချေ။

ကနဦးစကြဝဠာကို ဖွင့်လှစ်ပြီးနောက်တွင်၊ သူ၏ခွန်အားသည် တော်ဝင်တာအို ပထမအဆင့်ရှိ အင်မော်တယ်ဘုရင်တစ်ပါးနှင့် ညီမျှနေပြီဟု မူလက သူ ထင်ထားခဲ့သော် လည်း ယခုအခါတွင်၊ သူ၏ရုပ်ခန္ဓာကိုယ် ခွန်အားသည် တော်ဝင်တာအို တတိယအဆင့်ရှိ အင်မော်တယ်ဘုရင်နှင့် လုံးဝ နှိုင်းယှဉ်နိုင်နေပြီ ဖြစ်ပါသည်။

"အံ့သြစရာကောင်းလိုက်တာ။" ချင်ယွင်သည် အပြုံးနှင့်အတူ သူ၏စိတ်ထဲတွင် သူ့ကိုယ်သူ ပြောလိုက်ပါသည်။

ယခုအချိန်တွင်၊ သူ၏ ကျင့်ကြံမူအခြေခံသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ၏ အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း၊ သူ့ရုပ်ခန္ဓာကိုယ်၏ ခွန်အားသည် တော်ဝင်တာအို တတိယအဆင့်ရှိ အင်မော်တယ်ဘုရင် ကျွမ်းကျင်သူများနှင့်ပင် နှိုင်းယှဉ်နေပြီ ဖြစ်သည်။

"အောင်းဖန်က တော်ဝင်တာအို ဒုတိယအဆင့် အင်မော်တယ်ဘုရင်တစ်ပါးဆိုတာ ငါ မှတ်မိပါသေးတယ်" ချင်ယွင်၏ မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။

သူ၏လက်ရှိအင်အားဖြင့် အောင်းဖန်ကို သတ်ခြင်းသည် ခက်ခဲသော အလုပ်တစ်ခု မဟုတ်တော့ပါဘူး။ ဆယ်စုနှစ်တစ်ခုကုန်ရန် အချိန်လေးနှစ် ကျန်နေပါသေးသည်။ တစ်နည်းဆိုရသော်၊ ချင်ယွင်သည် ဤခြောက်နှစ်အတွင်းမှာပင် အောင်းဖန်ကို ကျော်လွန်နေပြီ ဖြစ်သည်။

သေချာသည်မှာ၊ ချင်ယွင်၏ အဓိကပန်းတိုင်က အောင်းဖန်ကို သတ်ဖို့ သက်သက်တင် မဟုတ်ပါဘူး။ အစကတည်းက ချင်ယွင်သည် အောင်းဖန်ကို ကျော်တက်နိုင်မည်ဟု ယုံကြည်ခဲ့သည်။ ချင်ယွင်၏ တကယ့်ရည်ရွယ်ချက်က ချင်လန်ကို သတ်ဖို့ဖြစ်ပြီး၊ ရှရှန်းယု တောင်မှ နင်းကျော်သွားဖို့ ဖြစ်ပါသည်။

"အပြင်ထွက်ဖို့ အချိန်တန်ပြီ။ ငါ အပြင်ထွက်တာနဲ့ တော်တော်ကြီး တုန်လှုပ်သွားမှာ တောင် စိုးရတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

သူကမ္ဘာကျောက်တုံး၏ လေဟာနယ်အပြင်ဘက်သို့ ထွက်ပေါ်လာသည်နှင့် အင်မော်တယ် ဧကရာဇ်အဆင့် ကျွမ်းကျင်သူများ၏ အာရုံစိုက်မှု ခံရမည်ကို သူ သိနေသည်။

သို့သော်၊ ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိဘဲ၊ အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကမ္ဘာကျောက်တုံး လေဟာနယ်၏ အပြင်ဘက်သို့ ပျံသန်းသွားခဲ့သည်။

All Chapters