← Chapters

အခန်း ၈၄၉

Vol. 57 Ch. 849

အခန်း ၈၄၉

Vol. 57 Ch. 849

အခန်း (၈၄၉) ဒါဆို စီနီယာအစ်မပေါ့။

ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ အထက်ကောင်းကင်ယံမှာ အင်မော်တယ်ဧကရာဇ် နှစ်ယောက် အပြန်အလှန် တိုက်ခိုက်နေကြပါသည်။ သူတို့၏ လက်တွေကို မြှောက်လိုက် ချိန်မှာ၊ ကြီးမားသော စွမ်းအားများဖြင့် ပြည့်နှက်လာနေပြီး ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

သို့သော် ထိုအချိန်တွင်၊ ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများသည် မြေပြင်ပေါ်သို့ ပြန့်ကျဲသွားကာ လူတိုင်းကို စိတ်မသက်မသာ ဖြစ်ပေါ်စေသည်။

"ဘာဖြစ်နေတာလဲ?။ ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ ဖိအားတွေ ရှိလာရတာ လဲ?။" လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးက ချက်ချင်းပင် ထိတ်လန့်စွာ ပြောသည်။

"ဟုတ်တယ်၊ ငါလည်း ခံစားရတယ်။ ဒါက စကြဝဠာရဲ့ နက်ရှိင်းတဲ့အရပ်ကနေ ထွက်လာပုံရတယ်။ ကြောက်စရာလည်း အလွန်ကောင်းလွန်းတယ်။" သူ၏ဘေးနားရှိ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွက်အထိပ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်က သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုအပြည့်ဖြင့် ပြောလိုက်သည်။

ချက်ချင်းဆိုသလို၊ အနောက်ပိုင်းပင်လယ်ဒေသ တစ်ခုလုံးရှိ အင်မော်တယ်အဆင့် ကျွမ်းကျင်သူများ အားလုံးသည် ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် ထိတ်လန့် တုန်လှုပ်သွားကြကာ ကောင်းကင်ကိုကြည့်ရန် သူတို့ခေါင်းတွေကို မော့လိုက်ကြသည်။

အင်မော်တယ်ဧကရာဇ် လျှိုထန်းနှင့် အင်မော်တယ်ဧကရာဇ် ကျန်းယန်တို့သည်လည်း ကောင်းကင်ယံ၌ တိုက်ပွဲဝင်နေကြရင်း ထိုကြောက်စရာကောင်းသော ဖိအားကို ခံစားလိုက်ရသည်။ ထို့ကြောင့်၊ သူတို့သည် တိုက်ပွဲကိုရပ်ပြီး ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

"ဘာဖြစ်နေတာလဲ?။ ဘာလို့ ရုတ်တရက် အခုလို ကောင်းကင်တန်ခိုးအစွမ်းက ရှိလာရ တာလဲ?" ကျန်းယန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ဤကြောက်မက်ဖွယ် ကောင်းသော ကောင်းကင်တန်ခိုးအစွမ်းသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး၊ သူ့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။

အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် ဘာမှပြန်မပြောဘဲ သူမ၏မျက်ခုံးတွေက စဉ်းစားတွေးတောနေသည် အမူအရာမျိုး ဖြစ်ပေါ်နေသည်။

ရုတ်တရက်၊ အင်မော်တယ်ဧကရာဇ်လျှို ထန်းသည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွား ပုံရပြီး၊ သူမသည် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ အင်မော်တယ်ရေကန်ဆီသို့ ရုတ်တရက် ကြည့်ရန် သူမ၏ခေါင်းကို လှည့်ကြည့်လိုက်သည်။

ချင်ယွင်သည် အင်မော်တယ်ဧကရာဇ် လျှိုထန်း၏ အလွန်ထက်မြက်သော အကြည့်များကို ခံစားမိချိန်မှာ၊ သူသည် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၊ အင်မော်တယ် ရေကန်ကြီး၏ ကြီးမားသော အစီအရင်ဝင်္ကပါကို ဖောက်ထွင်းပြီးရုံသာ ရှိပါသေးသည်။

"ငါ့ရဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ရဲ့ တားမြစ်နယ်မြေထဲသို့ ဘယ်သူက ဒီလောက် အတင့်ရဲပြီး၊ ကျူးကျော်ဝင်ရောက်ရဲတာလဲ?။ အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် အေးစက်စက် အော်သံဖြင့် အော်ပြောလိုက်ပြီး၊ အင်မော်တယ်ဧကရာဇ်တစ်ပါး၏ ကြောက်မက်ဖွယ် စွမ်းအားသည် အကန့်အသတ်မဲ့တောင်ကြီးကဲ့သို့ ချင်ယွင်၏ပေါ်သို့ ချက်ချင်း ကျရောက်သွားခဲ့သည်။

အင်မော်တယ်ဧကရာဇ် လျှိုထန်း၏ ကျယ်လောင်သော အော်ဟစ်သံကို ကြားပြီးနောက်၊ အသက်ရှင်ကျန်ရစ်နေသော လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် ကျွမ်းကျင်သူများ သည် ချင်ယွင်ဆီသို့ လှမ်းမျှော် ကြည့်လိုက်ကြသည်။ ထိုလူသည် ယခင်က သူတို့ တွေ့မြင်ခဲ့ဖူးသည့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်အဆင့်တစ်ယောက် အမှန်တကယ် ဖြစ်နေကြောင်း သူတို့ တွေ့ရှိသွားသောအခါတွင်၊ ၎င်းတို့၏ မျက်လုံးများသည် အံ့သြမှုနှင့် အတူ အထင်မြင်သေးမူ အရိပ်အယောင်ကိုပါ ဖော်ပြလာကြသည်။

"သူပါလား?" ထိုကလေးမလေးသည် ချင်ယွင်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိပြီး၊ သူမ၏ မျက်ခုံးများသည် ချက်ချင်း တွန့်သွားခဲ့ပြန်သည်။

ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် ပတ်ဝန်းကျင်မှ လူများ၏ အကြည့်များကို ဂရုမစိုက်အားချေ။ အကြောင်းမှာ အင်မော်တယ်ဧကရာဇ် လျှိုထန်း၏ ကြောက်မက်ဖွယ် ဧကရာဇ်စွမ်းအားသည် သူ့ဆီသို့ ပြင်းထန်စွာ ဖိအားပေးနေပြီ ဖြစ်သည်။

အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀၀၀ ကတည်းက အင်မော်တယ်ဧကရာဇ် ဖြစ်လာခဲ့သည်။ သူမ၏ခွန်အားသည် သာမန် အင်မော်တယ် ဧကရာဇ်များနှင့် နှိုင်းယှဉ်နိုင်သော အရာမဟုတ်သည်မှာ သေချာပါသည်။ ဒီအချိန်မှာ၊ သူမ၏ဖိအားတွေက အရမ်းကို ကြောက်စရာကောင်းလွန်းသည်။ အထွတ်အထိပ် အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူများပင်လျှင် ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် သွေးအန်သွားရနိုင်သည်။ အစောပိုင်း အင်မော်တယ်ဘုရင်အဆင့်များ ဆိုလျှင်၊ ပြောစရာပင် မလိုပါချေ။ သူမ၏ ချောက်ချားဖွယ်စွမ်းအားကြောင့် သွေးပင် တိုက်ရိုက် အန်ထွက်သွားလိမ့်မည်။

ချင်ယွင်သည် အင်မော်တယ်ဧကရာဇ်၏ အစွမ်းကို တွန်းလှန်ရန် သူ၏ခွန်အားကို အလျင်အမြန် စုစည်းချင်သော်လည်း၊ ထိုအချိန်တွင်၊ ရှေးဟောင်းတာအိုဆရာသခင်၏ ကျယ်လောင်သော အသံက ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်။

"လျှိုထန်း၊ ရပ်လိုက်တော့.." ရှေးဟောင်းတာအိုဆရာသခင်၏ အသံသည် ခေါင်းလောင်း ကဲ့သို့ ကျယ်လောင်ပြီး ကမ္ဘာအနှံ့ ပဲ့တင်ထပ်နေသည်။

ထို့နောက်၊ ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်၏ စိတ်ဝိဉာဉ်ပုံသဏ္ဍာန်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ပြီး၊ သူ၏ ရှေ့တည့်တည့် တွင် ပေါ်လာသည်။

"ဘုန်း…"

ရှေးဟောင်းတာအို ဆရာသခင်သည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး၊ ကြောက်မက်ဖွယ် ဧကရာဇ်စွမ်းအားကို ပိတ်ဆို့ကာ လေထဲတွင် အချည်းနှီး ဖြစ်သွားစေ သည်။

'"အယ်? ဆရာကြီး၊ ဆရာက" ချင်ယွင်သည် အံ့သြသွားသည့် အမူအရာ ဖြစ်ပေါ်လာသည်။

ရှေးဟောင်းတာအို ဆရာသခင်သည် ယခင်တုန်းကဆို သူ့အတွက် စွမ်းအားကို ချေးငှားပေးဖူးသော်လည်း၊ အပြင်လူများရှေ့တွင် တစ်ကြိမ်တစ်ခါမျှ ထွက်မလာခဲ့ပေ။ ယခုဆိုလျှင် သူသည် လူအများ၏ရှေ့တွင် အမှန်ပင် ပေါ်လာခဲ့ပြီ။ ချင်ယွင်သည် ယင်းကို မည်သို့ မအံ့သြဘဲ နေနိုင်မည်း?။

ဟုတ်ပါသည်၊ ချင်ယွင်သည် ဤမေးခွန်းအတွက် ပဟေဠိဖြစ်ခဲ့ရပြီး၊ မကြာခင်မှာပင်၊ ကောင်းကင်ပေါ်မှ အင်မော်တယ်ဧကရာဇ် နှစ်ပါးသည်လည်း ရှေးဟောင်းတာအို ဆရာသခင် ထွက်ပေါ်လာသည့် အခိုက်တန့်မှာပင် သူတို့၏ အကြည့်တွေက နှိုင်းစာ၍ မရသည့် အံ့အားသင့်ဟန် အမူအရာတွေနှင့်အတူ စိတ်ရှုပ်ထွေးနေသေည့် အမူအရာတွေပါ ဖြစ်ပေါ်နေသည်ကို သူ တွေ့ရှိလိုက်ရပါသည်။

ရှေးဟောင်းတာအိုဆရာသခင်၏ ရုပ်အသွင်ကို ကြည့်နေရင်း၊ အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် ပထမတော့ အံ့ဩသွားသော်လည်း၊ နောက်ပိုင်းတွင် သူမ၏မျက်နှာက လုံးဝ လှုပ်ရှားသွားပြီး၊ အမှန်တကယ်ပင် တိုက်ရိုက် ငိုကြွေးလိုက်ပါသည်။

"ဘာဖြစ်တာလဲ? အင်မော်တယ်ဧကရာဇ် လျှိုထန်းက တကယ်ကို ငိုနေတာလား?" ကောင်းကင်ဘုံ ကျောက်စိမ်းရေကန် မြင့်မြတ်သော ကျင့်ကြံခြင်းနယ်မြေမှ ကျင့်ကြံသူများ သည် အလွန်အံ့အားသင့်သွားကြည့် အမူအရာတွေ ဖြစ်ပေါ်နေခဲ့ကြသည်။

သူတို့၏မှတ်ဉာဏ်တွေအရ၊ အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် ကောင်းကင်နှင့် မြေကြီးပြိုကျလျှင်ပင် အရောင်မပြောင်းလဲဘဲ တည်ရှိနေမည့် အမြင့်မြတ်ဆုံးပုဂ္ဂိုလ် ဖြစ်သည်မှာ သေချာပါသည်။ အခု သူမသည် အမှန်တကယ် ငိုကြွေးလိုက်သည်လား?။

ချင်ယွင်သည် အဖြစ်အပျက်ကို နားမလည်ဘဲ လုံးဝ အံ့အားသင့်သွားရသည်။

လူတိုင်း၏ စိတ်နှလုံးထဲတွင် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသကဲ့သို့၊ ဖြစ်နေချိန်မှာ၊ အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် နောက်ဆုံးတွင် ပါးစပ်ကို ဖွင့်ကာ ရှိုက်ကြီးတငင် အသံဖြင့် "ဆရာ"ဆိုသည့် စကားနှစ်ခွန်း ထုတ်ပြောလိုက်ရင်း ရှေးဟောင်းတာအို ဆရာသခင်ဆီသို့ ပျံသန်းသွားခဲ့သည်။

"ဘာလဲ? အင်မော်တယ်ဧကရာဇ် လျှိုထန်းရဲ့ဆရာလား?"

တပည့်များသည် ထိုစကားနှစ်ခွန်းကို ကြားသောအခါ၊ အားလုံးက ပုံရိပ်ယောင်ဆန်ဆန် ရှေးဟောင်းတာအိုဆရာသခင်ကို ကြည့်ရင်း၊ သူတို့ မျက်လုံးများတွင် တုန်လှုပ် ခြောက်ခြား မူများဖြင့် ပြည့်လာကြသည်။

အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် တာချင်း အင်မော်တယ်မင်းဆက် တစ်ခုလုံးတွင် ထိပ်တန်း ပုဂ္ဂိုလ်သုံးဦးထဲမှ တစ်ဦးဖြစ်သည်။ သူမ၏ ခွန်အားသည် မထင်မှတ်လောက် အောင်ပင် အစွမ်းထက်သည်။ ပုံရိပ်ယောင်ဆန်ဆန် ဤလူကြီးက တကယ်ဘဲ သူမ၏ ဆရာလား?။

ချင်ယွင်လည်း အလွန်တုန်လှုပ်ခြောက်ခြားသော အမူအရာ ဖြစ်ပေါ်နေမိသည်။ အင်မော်တယ် ဧကရာဇ်လျှိုထန်းသည် ရှေးဟောင်းတာအိုဆရာသခင်၏ တပည့်ဖြစ်လိမ့် မည်ဟု သူ မထင်ထားခဲ့ပါဘူး။ ယင်းက အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် သူ၏ စီနီယာအစ်မဟု ဆိုလိုခြင်း မဟုတ်ပါလော။

ထိုသို့သော သြဇာလွှမ်းမိုးမူကြီးသော အင်မော်တယ်ဧကရာဇ်တစ်ပါးသည် သူ၏ စီနီယာ အစ်မ ဖြစ်နေသည်။ ချင်ယွင်သည် အမှန်တကယ်ပင် မှိန်းမောသွားမိသည်။

"လျှိုထန်း၊ မင်းက ငါ့ကို ဆရာအဖြစ် သိသေးသားပဲ" ရှေးဟောင်းတာအိုဆရာသခင်က ပြုံးပြုံးလေး ပြောလိုက်သည်။

"ဆရာ၊ လွန်ခဲ့တဲ့ အနှစ်တစ်သိန်းက ဆရာ ဘယ်မှာ ရှိနေတာလဲ?။ ဆရာ့ရဲ့ ခန္ဓာကိုယ်က ရော ဘယ်မှာလဲ" အင်မော်တယ်ဧကရာဇ် လျှိုထန်းက ကမန်းကတန်း ပြောလိုက်သည်။

"ငါ သေမျိုးကမ္ဘာကို ရောက်နေခဲ့တာ နှစ်ပေါင်း ၁၀၀၀၀၀ ရှိသွားပြီ။ ကောင်းပြီ၊ ဒီအကြောင်းတွေ ပြောမနေနဲ့တော့၊ ငါ မင်းကို မိတ်ဆက်ပေးမယ်။ ဒါက မင်းရဲ့ ဂျူနီယာ မောင်လေး ချင်ယွင်ပဲ" ရှေးဟောင်းတာအိုဆရာသခင်က လျှိုထန်းကို ပြောပြသည်။

ထိုစကားတွေ ပြောပြီးသည်နှင့် အဝေးမှ ကျင့်ကြံသူတွေက မျက်လုံးပြူးပြီး ချင်ယွင်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

ဒီကောင်က တကယ်ပဲ အင်မော်တယ်ဧကရာဇ်လျှိုထန်းရဲ့ ဂျူနီယာ မောင်လေးလား?။

ဤစကားများသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် တပည့်များ၏ နှလုံးသားထဲ တွင် ထွက်ပေါ်လာပြီး သူတို့အားလုံးမှာ မယုံနိုင်သည့် ခံစားချက်မျိုး ရှိနေကြသည်။

အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် ချင်ယွင်ကို အံ့သြစွာ ကြည့်သော်လည်း သူမက ပြုံးပြီး "ဂျူနီယာမောင်လေး ချင်ယွင်၊ အခုနက မင်းရဲ့ကိုယ်ရေးအချက်လက်ကို မသိသေး တော့ မင်းကို စော်ကားလိုက်မိ" ဟု ချင်ယွင်ကို ပြောလိုက်ပါသေးသည်။

အင်မော်တယ်ဧကရာဇ်လျှိုထန်း၏ တောင်းပန်ချက်ကို ကြားတော့ ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် ရှက်ရွံ့သော အမူအရာဖြင့် ပြောလိုက်သည် "စီနီယာအစ်မ၊ တကယ်က တောင်းပန်စကားကို ပြောသင့်တာက ကျွန်တော်ပါ”။

"အယ်?" အင်မော်တယ်ဧကရာဇ်လျှိုထန်း၏ မျက်နှာသည် ချင်ယွင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေစဉ် အံ့အားသင့်သော အမူအရာတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။

ချင်ယွင်က ဘယ်လိုပြောရမှန်းမသိအောင် ဖြစ်နေပြီး ခေါင်းကို ကုတ်နေလိုက်မိသည်။

သူ့အနေဖြင့် အင်မော်တယ်ဧကရာဇ် လျှိုထန်းနှင့် အသိတွေ ဖြစ်မလာဘူးဆိုရင် ပိုကောင်း လိမ်မည်။ ယခုမူကား၊ အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် အမှန်တကယ် သူ၏ စီနီယာအစ်မပင် ဖြစ်လာခဲ့သည်။ ချင်ယွင်သည် သူမ၏ ကောင်းကင်ဘုံ ကျောက်စိမ်း ရေကန်၏ နဂါးသွေးကြောကို မျိုချလိုက်မိပြီး၊ သူ၏စိတ်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။

"စီနီယာအစ်မ၊ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်အောက်က နဂါးသွေးကြောကို ကျွန်တော် မျိုချလိုက်တယ်။" ချင်ယွင်က ထိုစကား မပြောခင် ခဏလောက် တုံ့ဆိုင်းနေခဲ့သည် ။

"ဘာ..?" လျှိုထန်းသည် ထိုစကားကို ကြားသောအခါ၊ သူမသည် ချက်ချင်းပင် ချင်ယွင်ကို မျက်လုံးများ ပြူးကျယ်စွာဖွင့်ကာ စိုက်ကြည့်လိုက်သည်။ သူ၏ လှပသော မျက်နှာသည် တုန်လှုပ်ခြောက်ခြားမှုဖြင့် ပြည့်နှက်နေ၏။

အင်မော်တယ်ဧကရာဇ် လျှိုထန်း၏ အမူအရာကို မြင်လျှင် ချင်ယွင်သည် ပို၍ပင် နေရထိုင်ရ အဆင်မပြေ ဖြစ်လာသည်။

လျှိုထန်းသည် ချင်ယွင်၏အမူအရာကို မြင်ပြီးနောက်၊ သူမသည် ရှေးဟောင်းတာအို ဆရာသခင်ကို လှည့်ကြည့်လိုက်သည်။ ရှေးဟောင်းတာအိုဆရာသခင်က ခေါင်းညိတ်ပြ သည်ကို မြင်သည်နှင့် သူမသည် အသက်ပြင်းပြင်း ရူကာ ပြောလိုက်သည် "ဒီနဂါး သွေးကြောဟာ မူလကတည်းက ငါတို့ရဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်က ပိုင်ဆိုင်တဲ့အရာမဟုတ်ဘဲ တာချင်း အင်မော်တယ်မင်းဆက်က ပိုင်ဆိုင်ထားတာ ဖြစ်တယ်။ နဂါးသွေးကြောကို မင်းရဲ့စုပ်ယူမှုက ငါ့ရဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန် အပေါ် သက်ရောက်မှု နည်းနည်းပဲ ရှိတယ်။ ဒါပေမယ့် တာချင်းအင်မော်တယ်မင်းဆက် အင်ပါယာကြီး တစ်ခုလုံးရဲ့ ကံကြမ္မာအပေါ် သက်ရောက်မှုက အလွန်မင်း ကြီးမားတဲ့ အတွက် အင်မော်တယ်ဧကရာဇ်မင်းမြတ် တာချင်းက မင်းကို လွယ်လွယ်နဲ့ အလွှတ်မပေး မှာကို ငါ ကြောက်မိတယ်။

ထိုစကားကြားတော့ ချင်ယွင်သည် အင်မော်တယ်ဧကရာဇ်လျှိုထန်းက ဒီကိစ္စနှင့် ပတ်သက်ပြီး သူ့ကို ရန်ရှာနေမှာ မဟုတ်ဘူးဆိုသည်ကို သူ ချက်ချင်း သိလိုက်သည်။ အင်မော်တယ် ဧကရာဇ်မင်းမြတ် တာချင်း၏ လက်စားချေမှုအတွက် ချင်ယွင်သည် သဘာဝအတိုင်း မကြောက်ရွှံ့ပါ။ သူသည် အင်မော်တယ်ဧကရာဇ်မင်းမြတ် တာချင်းကို သတ်ပစ်မည်ဟု ဟွမ်ထန်းလုံကို ကတိပေးထားပြီး ဖြစ်သောကြောင့် ဤမီးတောက်က သူ့ကို အနှေးနှင့်အမြန် ကူးဆက်လာလိမ့်မည်။

"ကျေးဇူးတင်ပါတယ် စီနီယာ အစ်မကြီး။" ချင်ယွင်က လျှိုထန်းအား ကျေးဇူးတင်စကား ဆိုလိုက်သည်။ လျှိုထန်းသည် သူမတို့၏ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန် အပေါ်မှာ အများကြီး သက်ရောက်မှုမရှိဘူးဟု ပြောခဲ့သော်လည်း၊ အမှန်တကယ်တော့ ကြီးမားသော အကျိုးသက်ရောက်မှု ရှိနေပါသေးသည်။

လျှိုထန်းသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သော်လည်း၊ ချင်ယွင်ကို ကြည့်သည့် သူမ၏ အကြည့်တွေက လေးနက်လာပါသည်။

All Chapters