← Chapters

အခန်း ၈၅၁

Vol. 57 Ch. 851

အခန်း ၈၅၁

Vol. 57 Ch. 851

အခန်း (၈၅၁) ရှေးဟောင်းတာအို၏အတိတ်။

ချင်ယွင်၏ကျိန်ဆိုချက်ကို မည်သူမျှ မကြားနိုင်ခဲ့ကြပါ။ အကယ်၍၊ ထိုကျိန်ဆိုချက်ကို ကြားသည့် မည်​သူမဆို ​ အလွန်​​ ကြောက်​ရွှံ့ထိတ်လန့်​ပြီး လုံးဝကို ပြောစရာစကားမရှိ ဖြစ်သွားရလိမ့်မည်။

ကျင့်ကြံသူများ၊ အင်မော်တယ်ဧကရာဇ်များပင်လျှင် ကောင်းကင်ဘုံ တန်ခိုးအစွမ်း၏ ထိန်းချုပ်မူ ခံနေရသူများ ဖြစ်သည်။ အကယ်၍၊ လူသားတစ်ဦးသည် ကောင်းကင်ဘုံ တန်ခိုးအစွမ်းကို စိန်ခေါ်ဝံ့ပါက၊ ၎င်းသည် သေခြင်းတရားကို ချစ်မြတ်နိုးနေ၍ မဟုတ်ပါလော?။

ဟုတ်ပါသည်၊ ချင်ယွင်သည်လည်း ဤစကားတွေကို ပြောင်ပြောင်တင်းတင်း မပြောဝံ့သည်မှာ သဘာဝကျပါသည်။ ကနဦးစကြာဝဠာ လုံးလုံးလျားလျား မပြီးဆုံးသေး ခင်မှာ၊ သူသည် ကောင်းကင်ဘုံတန်ခိုးအစွမ်းကို တွန်းလှန်တိုက်ခိုက်ရန် အရင်းအနှီး မရှိသေးပါဘူး။

ကံကောင်းထောက်မစွာ၊ ယခုတစ်ကြိမ်၊ ကောင်းကင်ဘုံတန်ခိုးအစွမ်းသည် စမ်းသပ်မှု တစ်ခုမျှသာ ဖြစ်ပြီး၊ အမှန်တကယ် သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိသေးပေ။ ထိုသို့ မဟုတ်ရင်၊ သူသည် အသက်ရှင်ဖို့ အခွင့်အလမ်း နည်းနည်းလေးမှ ရှိမှာ မဟုတ်ဘူး။

"ကြည့်ရတာ၊ ငါ ကောင်းကင်ဘုံတန်ခိုးအစွမ်းနဲ့ မတိုက်ခိုက်ခင်၊ အင်မော်တယ်ဘုရင် နယ်ပယ်ကို အလွယ်တကူ မဖြတ်ကျော်နိုင်ဘူးထင်တယ်" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေသည်။

အခု၊ သူသည် သူ၏ကနဦးစကြာဝဠာကို ဖွင့်လှစ်ပြီးသွားခဲ့ပြီး၊ သူလုပ်ဖို့လိုအပ်နေသည့် အရာအားလုံးက သူ၏ကနဦးစကြာဝဠာကို ဆက်လက်ကြီးထွားအောင် တည်ဆောက်ရန် ဖြစ်သည်။

သူ့အတွက်မူ မည်သည့်နယ်ပယ်ကမှ အရေးမပါတော့သည့်အတွက်၊ ယခု သူလုပ်ရမည့် အရာက ကနဦးစကြာဝဠာ ပြီးမြောက်သည်အထိ အဆက်မပြတ် အားကောင်းလာစေရန် ဖြစ်သည်။

သေချာသည်မှာ၊ ချင်ယွင်သည်လည်း ဤစကြဝဠာကြီး၏ တော်ဝင်တာအိုကို နားလည် ဆင်ခြင်နိုင်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို တိုးမြင့်စေနိုင်ပါသည်။ ယခုအချိန်မှာ၊ သူ့အတွက် အင်မော်တယ်ဘုရင်နှင့် အင်မော်တယ်ဧကရာဇ်တို့ကြားက နယ်ပယ် အကန့် သတ်မူမျိုး မတည်ရှိတော့ပါဘူး။ သူ၏နာလည်နိုင်စွမ်း လုံလောက်မူရှိသည်နှင့် တော်ဝင် တာအို မဆိုထားနှင့်၊ ကောင်းကင်တာအိုကိုတောင် နားလည်နိုင်ပါသည်။ (နားလည်ထားရ မည်မှာ ချင်ယွင်အတွက် အင်မော်တယ်ဘုရင်နယ်ပယ်နှင့် အင်မော်တယ်ဧကရာဇ် နယ်ပယ်တို့ဆိုတာမျိုး မရှိတော့ပါဘူး။ သူ၏နားလည်နိုင်စွမ်း လုံလောက်မူရှိသည်နှင့် သူသည် တော်ဝင်တာအိုနှင့် ကောင်းကင်တာအိုတို့၏အစွမ်းကို လက်ရှိအဆင့်ဖြင့် ရယူသုံးစွဲနိုင်သည်။ သူ့အနေဖြင့် နယ်ပယ်အတွက် အာရုံစိုက်စရာမလိုတော့။ သူ၏ ကနဦး စကြာဝဠာ ပြီးပြည့်စုံရန်သာ အာရုံစိုက်ရတော့မည်ဟူလို)။

"ကောင်းပြီ၊ အခုအချိန်မှာ ကောင်းကင်ဘုံရဲ့တန်ခိုးအစွမ်းတွေလည်း ပျောက်ကွယ်သွားပြီ။ အချိန်တိုအတွင်းမှာ၊ မင်း အဆင့်မချိုးဖြတ်သရွေ့ ကောင်းကင်ဘုံက မင်းကို သတိပြုမိ တော့မှာ မဟုတ်ဘူး။" ရှေးဟောင်းတာအိုက ချင်ယွင်ကို ပြောပါသည်။

သူသည် ချင်ယွင်၏ ကျင့်ကြံခြင်းလမ်းကြောင်းကို တချိန်လုံး စောင့်ကြည့်နေခဲ့သူ ဖြစ်သည်။ ထို့ကြောင့်၊ ချင်ယွင်၏ ကျင့်ကြံခြင်းပညာရပ်များသည် ကောင်းကင်ဘုံကို အံတုနိုင် လွန်းသည်ကို သဘာဝကျကျ သတိထားမိပါသည်။

ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ ရှေးဟောင်းတာအိုဆရာသခင်၏ စကားတွေက သူတွေးနေသည့် အတွေးနှင့် အတူတူပင် ဖြစ်ပါသည်။

လျှိုထန်းသည် ချင်ယွင်ကို ဂရုတစိုက် စေ့စေ့စပ်စပ် ကြည့်ရူလိုက်ပြီး၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို သူမအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ထွင်းဖောက်မမြင်နိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ကောင်းကင်ဘုံ၏ တန်ခိုးအစွမ်းကိုပင် ခြိမ်းခြောက်နိုင်သော လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် သာမန် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် ကျွမ်းကျင်သူတစ်ယောက် မည်သို့ ဖြစ်နိုင်မည်နည်း?။

ဟုတ်ပါသည်၊ အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် ဤကိစ္စရပ်တွင် မပါဝင်ခဲ့ပါချေ။ ယင်းအစား၊ သူမသည် ရှေးဟောင်းတာအိုဆရာသခင်ထံ လှည့်ကြည့်ပြီး ပြောလိုက်ပါသည် "ဆရာ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀၀၀ က ဆရာရဲ့ အတွေ့အကြုံတွေကို ပြောပြပါလား?"

"ကောင်းပြီလေ" ရှေးဟောင်းတာအိုဆရာသခင်က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

ချင်ယွင်သည်လည်း ရှေးဟောင်းတာအိုဆရာသခင်၏ အတွေ့အကြုံတွေကို သိချင်နေမိ သည်။ သူသည် ရှေးဟောင်းတာအိုဆရာသခင်နှင့် ဆယ်စုနှစ်အတော်ကြာ နေလာခဲ့သော် လည်း၊ ရှေးဟောင်းတာအိုဆရာသခင်သည် သူ၏အတွေ့အကြုံကို ပြန်ပြောပြသည်ကို တစ်ခါမှ မကြားဖူးပါဘူး။ သူ့မှာ ဆရာကတော် ရှိနေသေးသည်ကို သူရှိသိလိုက်ရတာက လည်း အနက်ရောင်ကျောက်တုံးလေးကြောင့် ဖြစ်ပါသည်။ (ထိုအခန်းကို ပြန်ပြီး မှတ်မိမည် ထင်ပါသည်)။

ထို့ကြောင့်၊ လျှိုထန်းသည် ရှေးဟောင်းတာအိုဆရာသခင်နှင့် ချင်ယွင်တို့ကို သူမ ကျင့်ကြံသည့် အင်မော်တယ်နန်းတော်ထဲသို့ ခေါ်ဆောင်သွားပြီး၊ ရှေးဟောင်းတာအို ဆရာသခင်လည်း သူ၏အတွေ့အကြုံများကို ပြောပြလေသည်။

ချင်ယွင်သည် ထိုစကားများကို ကြားပြီးနောက် အလွန်အံ့သြသွားရပါတော့သည်။

ရှေးဟောင်းတာအိုဆရာသခင်သည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀၀၀ လောက်ကတည်းက အထွက်ထိပ်ဉသျှောင်နယ်ပယ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့ပြီး၊ သူ့တွင် အင်မော်တယ် ဧကရာဇ်တာချင်း၊ အင်မော်တယ်ဧကရာဇ် လျှိုထန်းနှင့် ဧကရာဇ်ယူမင်ဟူ၍ စုစုပေါင်း တပည့်သုံးပါး ရှိခဲ့သည်။

ထိုတပည့်သုံးယောက်တွင် ဧကရာဇ်ယူမင်သည် ပါရမီအရည်အချင်း အမြင့်မားဆုံး ဖြစ်ပြီး သူ၏ ကျင့်ကြံမှုအမြန်နှုန်းသည် အလွန်မင်း မြန်ဆန်လွန်းသည်။ သူသည် အနှစ် နှစ်ထောင်အတွင်းမှာပင် ရှေးဟောင်းတာအိုဆရာသခင်ကို မှီသွားခဲ့ပြီး၊ နောက်ပိုင်းတွင် ရှေးဟောင်းတာအိုဆရာသခင်ကိုပင် ကျော်လွန်သွားနိုင်ခဲ့သည်။

ဧကရာဇ်ယူမင်၏ ပါရမီအရည်အချင်းသည် မြင်းမားလွန်းသည့်အပြင်၊ သူ၏ ရည်မှန်းချက် သည်လည်း ထူးထူးခြားခြား ကြီးမားလွန်းသည်။ သူသည် အင်မော်တယ်ကမ္ဘာတွင် အစွမ်းထက်ဆုံး ကျွမ်းကျင်သူတစ်ဦး ဖြစ်လိုခဲ့သည်။ ထို့ကြောင့်၊ သူသည် ရှေးဟောင်း တာအိုဆရာသခင်ကိုပင် ကျော်လွှားနိုင်ရန်အတွက် သူ ပထမဆုံး လုပ်ခဲ့သည်မှာ ရှေးဟောင်းတာအိုဆရာသခင်ကို စိန်ခေါ်ခြင်းပင် ဖြစ်လေသည်။

သူသည် ရည်မှန်းချက်သည် ကြီးမားလွန်းသဖြင့် ရှေးဟောင်းတာအိုဆရာသခင်သည် ဧကရာဇ်ယူမင်ကို သတိပေးရန်အတွက် ဤစိန်းခေါ်မူကို အသုံးပြုချလိုသည့်အတွက် သူသည် သဘောတူပေးခဲ့သည်။

ရလာဒ်အနေဖြင့်၊ သူတို့နှစ်ဦးကြားမှာ အင်မော်တယ်ကမ္ဘာတစ်ခုလုံးကိုပင် ထိတ်လန့် လောက်သည့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တော့သည်။ နောက်ဆုံးတွင်၊ ရှေးဟောင်း တာအိုဆရာသခင်၏ ရုပ်ခန္ဓာကိုယ်ကို ဧကရာဇ်ယူမင်က ဖျက်ဆီးပစ်ခဲ့ပြီး၊ သူ၏စိတ် ဝိညာဉ်ကို မြူနှင်းချောက်နက်ဓားထဲတွင် စည်းတံဆိပ်ခတ်ကာ ချိန်ပိတ်ထားခဲ့သည်။ ထို့အပြင်၊ သူသည် မြူနှင်းချောက်နက်ဓားကို သေမျိုးကမ္ဘာထဲသို့ပင် ပစ်ချခဲ့သည်။

အနှစ်တစ်သိန်းကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်၊ မြူနှင်းချောက်နက်ဓားသည် ချင်ယွင်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

တာချင်းအင်မော်တယ်မင်းဆက်၏ အင်မော်တယ်ဧကရာဇ်များနှင့် အင်မော်တယ် ဧကရာဇ်လျှိုထန်းတို့အနေဖြင့်၊ သူတို့သည် ရှေးဟောင်းတာအို ပျောက်ကွယ်သွား ပြီးနောက်မှ ဧကရာဇ်ယူမင်ကို စည်းတံဆိပ်ခတ်ချိတ်ပိတ်ရန်အတွက် အင်မော်တယ် ဧကရာဇ်အများအပြားနှင့် ပူးပေါင်းခဲ့ကြခြင်း ဖြစ်ပါသည်။

သို့သော်လည်း အင်မော်တယ်ဧကရာဇ်တာချင်းသည်လည်း ရည်မှန်းချက် ကြီးမားသူ ဖြစ်ပြီး၊ သူ၏စိတ်သည် အတော်လေးပင် တည်ငြိမ်လွန်းသည်။ အရင်တုန်းကတော့၊ ရှေးဟောင်းတာအိုဆရာသခင်နှင့် ဧကရာဇ်ယူမင်တို့၏ ဖိအားကြောင့် သူ့ကိုယ်သူ လူလုံး ထွက်မပြခဲ့ပါဘူး။ နောက်ပိုင်းတွင်၊ ရှေးဟောင်းတာအိုဆရာသခင် ပျောက်ကွယ်သွား ပြီးနောက်၊ အင်မော်တယ်ဧကရာဇ် တာချင်းသည် အလွန်မောက်မာလာခဲ့ပြီး၊ သူ၏ ရည်မှန်းချက်များကို လုံးလုံးလျားလျား ထုတ်ဖော်လာပါတော့သည်။

အင်မော်တယ်ဧကရာဇ် လျှိုထန်းအနေဖြင့်၊ သူမသည် ရှေးဟောင်းတာအိုဆရာသခင်၏ တပည့်တွေထဲမှ တစ်ဦးတည်းသော အမျိုးသမီးဖြစ်ပါသည်။ သူမသည် ရှေးဟောင်းတာအို ဆရာသခင်ကို လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀၀၀၀ လုံးလုံး ရှာဖွေရန် မစွန့်လွှတ်ခဲ့သော်လည်း ဤစကြာဝဠာကြီးသည် အလွန်ကျယ်ပြောသောကြောင့် သူမအနေဖြင့် ရှာတွေ့ရန် မလွယ်ကူခဲ့ပါချေ။

အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် အင်မော်တယ်ဧကရာဇ်တာချင်း၏ ဂျူနီယာညီမ ဖြစ်သောကြောင့် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ကို သူမထံ လွှဲပြောင်း ပေးအပ်ခံရ ခြင်း ဖြစ်သည်။

ထိုစကားများကို ကြားပြီးနောက် ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်၏ အတိတ်နှင့် လုပ်ဆောင်ချက်များကို နားလည်လာခဲ့သည်။ သို့သော်၊ အင်မော်တယ် ဧကရာဇ်တာချင်းသည်လည်း ရှေးဟောင်းတာအိုဆရာသခင်၏ တပည့်ဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

တစ်နည်းအားဖြင့်၊ အင်မော်တယ်ဧကရာဇ် တာချင်းသည် ချင်ယွင်၏ အကြီးဆုံး စီနီယာ အစ်ကို ဖြစ်နေသည်။ ထိုအချိန်တုန်းက၊ ချင်ယွင်သည် အင်မော်တယ်ဧကရာဇ် တာချင်းကို သတ်ပစ်မည်ဟု ဟွမ်ထန်းလုံ ကတိပေးခဲ့စဉ်မှာ ရှေးဟောင်းတာအိုဆရာသခင်က သူ့ကို နည်းနည်းမှ မတားမြစ်ခဲ့ပေ။ ရှေးဟောင်းတာအိုဆရာသခင်သည် ဤစီနီယာအစ်ကိုကြီး အပေါ် အကောင်းမြင်စိတ် မရှိသည်ကို တွေ့မြင်နိုင်သည်။

အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် ရှေးဟောင်းတာအိုဆရာသခင်၏ အဖြစ်ပျက် ဇာတ်လမ်းကို ကြားပြီးနောက်၊ ချင်ယွင်ကို ကျေးဇူးတင်သည့် အမူအရာဖြင့် ကြည့်လာသည်။

ချင်ယွင်ကြောင့်သာမဟုတ်ပါက၊ ရှေးဟောင်းတာအိုဆရာသခင်အနေဖြင့်၊ အင်မော်တယ် ကမ္ဘာသို့ ပြန်တက်လာရန် အလွန်ခက်ခဲပေလိမ့်မည်။ ထို့အပြင်၊ ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်၏ ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးနေခဲ့သည်။ ဤအရာက လျှိုထန်း၏ စိတ်နှလုံးကို လှုံ့ဆော်မူပေးသည့်အပြင် ဤဂျူနီယာ အလုပ်သင်မောင်လေးကို ပို၍ပင် အသိမှတ်ပြုလာခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ ဤဂျူနီယာ အလုပ်သင်မောင်လေး၏ ကျင့်ကြံမှုအရှိန်ဟုန်းကြောင့် သူမလည်း အံ့အားသင့်ရ၏။ ဟိုတချိန်တုန်းက ဧကရာဇ်ယူမင်နှင့် နှိုင်းယှဥ်ကြည့် လျှင်ပင်၊ သူက အားနည်းခြင်း မရှိခဲ့ပါဘူး။

"လျှိုထန်း၊ ငါက မင်းကို ဒီအကြောင်းတွေပြောပြနေတာက နောက်ထပ် ရည်ရွယ်ချက် တစ်ခု ရှိနေသေးတယ်။ အဲဒါကတော့ မင်းအနေနဲ့ ချင်ယွင်ကို သူကျင့်ကြံနိုင်ဖို့ ကောင်းကင်ဘုံသုံးဆယ့်ခြောက်ခုနယ်မြေထဲ ဝင်ခွင့်ပြုဖို့ပဲ" ရှေးဟောင်းတာအိုဆရာ သခင်က သူ၏ ဇာတ်လမ်းကို အဆုံးသတ်ပြီးနောက် အောင်လိုက်သည်။

လျှိုထန်းသည် ရှေးဟောင်းတာအိုဆရာသခင်၏ စကားကိုကြားသောအခါ အနည်းငယ် မှင်သက်သွားခဲ့သော်လည်း သူမ၏မျက်နှာပေါ်တွင် တုံ့ဆိုင်းနေသော သဲလွန်စများကို ပေါ်လွင်စေသည်။ နောက်ဆုံးတွင် သူမက ခေါင်းညိတ်ပြီး "ကောင်းပြီ၊ မောင်ငယ်လေး ချင်ယွန်းကို ဝင်ခွင့်ပြုဖို့ တပည့် သဘောတူပါတယ်"

"ကောင်းကင်ဘုံသုံးဆယ့်ခြောက်ခုနယ်မြေ၊ အဲဒါ ဘာလဲ။" ချင်ယွင်က အံ့ဩစွာ မေးလိုက် သည်။

“ဒီကောင်းကင်ဘုံသုံးဆယ့်ခြောက်ခုနယ်မြေက ကျောက်စိမ်းကန်၏ မြင့်မြတ်တဲ့ ကျင့်ကြံ ခြင်း နေရာတစ်ခု ဖြစ်တယ်။ ရှေးဟောင်း မြင့်မြတ်တဲ့ နေရာတစ်ခုလည်း ဖြစ်တယ်။ ဒီနေရာကို ငါတို့ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်က ရှာဖွေတွေ့ရှိပြီးနောက်၊ ငါတို့ရဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ရဲ့ ထိပ်တန်းတပည့်တွေ ပြုစုပျိုးထောင်ပေးသည့် နေရာတစ်ခု ဖြစ်လာခဲ့တယ်။ တပည့်တွေက တော်ဝင်တာအိုရဲ့ ဉပဒေသတွေကို နားလည် ဆင်ခြင်ဖို့ အဲဒီအထဲကို ဝင်ရောက်ကြတယ် " လျှိုထန်းက ပြောသည်။

ချင်ယွင်သည် ရုတ်တရက် ခေါင်းညိတ်လိုက်ပြီး သူ၏စိတ်နှလုံးထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ယခုအချိန်တွင် သူ ချို့တဲ့နေသည့်အရာမှာ တော်ဝင်တာအိုကို နားလည်ဆင်ခြင်နိုင်သည့် အရာဖြစ်သည်။ သူသည် အောင်းဖန်ကို မတိုက်မီ အချိန်လေးနှစ် ကျန်နေသေးသည်။ သူ့အနေဖြင့်၊ စောစောပြန်သွားဖို့ မလိုပါဘူး။ ကောင်းကင်ဘုံသုံးဆယ့်ခြောက်ခု နယ်မြေမှာ ကျင့်ကြံနေခြင်းက ပိုကောင်းပါလိမ့်မည်။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်မ လျှိုထန်း " ချင်ယွင်က ကျေးဇူးတင်စကား ဆိုသည်။

"မင်း ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး။ မင်းက ငါ့ရဲ့ ဂျူနီယာမောင်လေးဆိုတော့ သဘာဝအတိုင်း မင်းကို ငါ ကူညီရမှာပဲ။ ဒါပေမယ့် ကောင်းကင်ဘုံသုံးဆယ့်ခြောက်ခု နယ်မြေက အရမ်း အန္တရာယ်များတယ်လို့ မင်းကို သတိပေးထားရမယ်။ တကယ်လို့ မင်း သတိမထားမိရင် မင်းအသက်ပါ ဆုံးရှုံးသွားလိမ့်မယ်။ အင်မော်တယ်ဘုရင်တစ်ပါးရဲ့ အစွမ်းမရှိဘူးဆိုရင်၊ အထဲကို မ၀င်ဘဲနေတာက အကောင်းဆုံးပဲ” လျှိုထန်းက ချင်ယွင်ကို မျက်လုံးများဖြင့် ကြည့်ရင်း ပြောလိုက်သည်။

"ဟမ့်၊ စီနီယာအစ်မကလည်း စိတ်မပူပါနဲ့၊ ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်နိုင်ပါ တယ်။" ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်သည်။

စီနီယာအစ်မ လျှိုထန်းက သူ့ကို လုံလောက်အောင် မသန်မာဘူးဟု သံသယရှိနေသည်ကို သူသိသည်။ ထို့ကြောင့် သူမက သူ့ကို ယခုလိုမျိုး ပြောခြင်းဖြစ်သည်။

ချင်ယွင်သည် အလွန်ယုံကြည်မှုရှိနေသည်ကို တွေ့လိုက်ရသဖြင့် လျှိုထန်းသည် အခြား ဘာမှ မပြောတော့ပေ။ သူမ၏ဆရာကိုယ်တိုင်က သူ့ကို ဝင်ခွင့်ပေးဖို့ အဆိုပြု ထားမှတော့ ပြဿနာမရှိသည်မှာ သဘာဝကျပါသည်။ ထို့ကြောင့် သူမက ချင်ယွင်အား ပြောလိုက် သည် "ကောင်းကင်ဘုံသုံးဆယ့်ခြောက်ခုနယ်မြေကို ဖွင့်ဖို့ ဆယ်ရက်လောက် ကြာဦးမယ်။ ဂျူနီယာမောင်လေး ကျေးဇူးပြုပြီး အစ်မရဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်မှာ ခဏလောက် နေပါဦး" ထိုသို့ပြောပြီးနောက် တပည့်များသည် ချင်ယွင်အတွက် နေရာထိုင်ခင်း စီစဉ်ပေးကြသည်။

ချင်ယွင်က ခေါင်းညိတ်ပြပြီး လိုက်ပါသွားခဲ့သည် ။

All Chapters