အခန်း ၈၅၂
Vol. 57 Ch. 852
အခန်း (၈၅၂) ရန်စခြင်း။
ဆယ်ရက်မြောက်နေ့ နံနက်ခင်းတွင် ချင်ယွင်သည် တပည့်များ၏ ဦးဆောင်မှုအောက်တွင် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ နက်ရှိုင်းသော အရပ်ဆီသို့ လမ်းလျှောက်သွား ခဲ့သည်။
ဤဆယ်ရက်အတွင်း ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်၊ စီနီယာအစ်မ လျှိုထန်းတို့နှင့်အတူ ကျင့်ကြံခြင်းအကြောင်း ပြောဆို ဆွေးနွေးနေခဲ့သည်။ ဤရိုးရှင်းသော စကားဝိုင်းသည် ချင်ယွင်ကို များစွာအကျိုးရှိစေပါသည်။
အဆုံးတွင်၊ စီနီယာအစ်မ လျှိုထန်း၏ ကျင့်ကြံမှုအခြေခံသည် အလွန်မြင့်မားပြီး သူမ၏ နားလည်နိုင်စွမ်းသည် ချင်ယွင်ထက် အဆပေါင်းများစွာ ပိုနက်ရှိုင်းပါသည်။ ထို့ကြောင့်၊ စာကြောင်းတစ်ကြောင်းချင်းစီကပင် ချင်ယွင်ကို မကြာခဏဆိုသလို ရုတ်တရက် ဉာဏ်အလင်းရစေတတ်သည်။
စီနီယာအစ်မ လျှိုထန်း၏ လမ်းညွှန်မှုအတိုင်း ဝင်ရောက်ကျင့်ကြံပြီးနောက်တွင်ပင်၊ သူ၏ လေစွမ်းရည် ရှေးဟောင်း ဖရိုဖရဲ စုတ်ဖြဲခြင်းနိယာမသည် ရှေးဟောင်း ဖရိုဖရဲတော်ဝင် တာအိုဆီသို့ ဆင့်ကဲပြောင်းလဲလာခဲ့ပြီး၊ ချင်ယွင်သည် တော်ဝင်တာအို၏ ကနဦးအဆင့်ကို စတင်ထိတွေ့လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ယနေ့သည် ဆယ်ရက်မြောက်နေ့ဖြစ်ပြီး၊ သူ ကောင်းကင်ဘုံသုံးဆယ့်ခြောက်ခုနယ်မြေသို့ သွားရမည့်နေ့လည်း ဖြစ်ပါသည်။
ရှေးဟောင်းတာအိုဆရာသခင်ကိုယ်တိုင် သူ့ကို ကောင်းကင်ဘုံ သုံးဆယ့်ခြောက်ခု နယ်မြေထဲကို ဝင်ရောက်ခွင့်ပြုဖို့ ကမ်းလှမ်းခဲ့သောကြောင့်၊ ကောင်းကင်ဘုံ သုံးဆယ့်ခြောက်ခုနယ်မြေသည် ထူးခြားမူ တစ်ခုခုတော့ ရှိနေမည်မှာ သေချာပါသည်။
ချင်ယွင်သည် ဦးဆောင်လာခေါ်သူ တပည့်နောက်သို့ လိုက်ပါရင်း၊ ဝင်ပေါက်ရှိရာ ယဇ်ပလ္လင်ဆီသို့ အမြန်ရောက်လာခဲ့သည်။
ယဇ်ပလ္လင်၏ရှေ့မှာ သေးသွယ်သော အသွင်ပြင်ဖြင့် လူနှစ်ယောက် ရှိနေပါပြီ။ တစ်ယောက်က ယောက်ျားလေးဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ အမျိုးသမီး ဖြစ်ပါ သည်။ သူတို့နှစ်ဦးစလုံးသည် လူငယ်များနှင့် ဖြစ်ပုံရပြီး၊ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်သည် အစောပိုင်း အင်မော်တယ်ဘုရင်နယ်ပယ်သို့ ရောက်ရှိနေပါပြီ။ သူတို့သည် တော်ဝင်တာအို အဆင့် မည်မျှအထိ နားလည်ထားသည်ကို ချင်ယွင်က မပြောနိုင်သေးပေ။
ထိုအမျိုးသမီး၏ ရုပ်ရည်အသွင်အပြင်လည်း အလွန်လှပသည်ဟု ယူဆ၍ ရပါသည်။ ရုပ်ရည်အသွင်အပြင်အရဆို၊ သူမသည် သူ၏မိန်းကလေး လေးယောက်နှင့် မနှိုင်းယှဉ် သာသော်လည်း၊ သူမ၏ အသားရေအရ၊ သူမသည် သူ၏မိန်းမလေး လေးယောက်ထက် ပို၍ ဂုဏ်သိက္ခာရှိပြီး သာလွန်သည်ဟု ခံစားရစေသည်။
လူငယ်သည်လည်း ချောမောပြေပြစ်သူ ဖြစ်သည်။ သူသည် အဖြူရောင် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ အမှတ်သင်္ကေတဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် ထူးခြား သော ဟန်ပန်အမူရာကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူ၏ ကျင့်ကြံမှုအခြေခံသည် အစောပိုင်း အင်မော်တယ်ဘုရင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် ပေါ်တွင် အင်မော်တယ်ဘုရင်တစ်ပါး၏ နောက်ထပ် ဆွဲဆောင်မှုရှိသော အငွေ့အသက် တစ်မျိုးလည်း ရှိနေပါသည်။ အမျိုးသမီးတပည့်များစွာသည် သူ့ထံ စုရုံးရောက်ရှိလာစေရန် လုံလောက်သည့် ဆွဲဆောင်မူမျိုး ရှိနေပါသည်။
သို့သော်၊ ချင်ယွင်သည် ဤလူငယ်၏ ဟန်ပန်အမူအရာတွင် မောက်မာမှု အရိပ်အယောင် ကို သတိပြုမိသည်။ သူသည် မာနကြီးပြီး၊ မောက်မာသူဖြစ်ကြောင်း ထင်ရှားပါသည်။
ချင်ယွင်၏ ထွက်ပေါ်လာမူက ထိုစုံတွဲ၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။ အမျိုးသမီးသည် ချင်ယွင်ကို စူးစိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
လူငယ်၏ ပါးစပ်ထောင့်စွန်းတွင်မူ ကျီစယ်ဆော့ကစားလိုဟန် အပြုံးမျိုး ပေါ်လာပါသည်။ သူ၏မျက်လုံးထဲတွင် သိသာထင်ရှားသော လှောင်ပြောင်မှု တစွန်းတစက ထင်ပေါ်နေ သည်။ သူက ရှေ့ကို လျှောက်လာပြီး ချင်ယွင်ကို "ဟေး၊ မင်းက အင်မော်တယ် ဧကရာဇ် လျှိုထန်း စျေးပေါပေါနဲ့ရထားတဲ့ ဂျူနီယာမောင်လေး မဟုတ်လား" ဟု ပြောလိုက်ပါ သည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဤလူငယ်၏ လေသံက သူ့ကို အလွန် မပျော်မရွှင် ဖြစ်စေခဲ့သည်။
"ဟုတ်တယ်လေ၊ အဲတော့ ဘာဖြစ်လဲ?" ချင်ယွင်က မျက်မှောင်ကြုတ်ကာ ပြန်ဖြေသည်။
"အို၊ မင်းက တော်တော်လေး မာနကြီးတာပဲ။ မင်းက အင်မော်တယ် ဧကရာဇ် လျှိုထန်းရဲ့ ဂျူနီယာမောင်လေးဖြစ်ရုံနဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်မှာ လျှောက်သွားနိုင်ပြီလို့ မထင်လိုက်နဲ့။ ဒီနေရာမှာ၊ အရာအားလုံးက မင်းရဲ့ခွန်အားပေါ်မှာ မူတည်နေတယ်။ မင်းလို လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်လေးက ကောင်းကင်ဘုံသုံးဆယ့်ခြောက်ခု နယ်မြေထဲကို ဝင်ချင်နေသေးတယ်။ မင်းကို မဝင်ဖို့ ငါ အကြံပေးချင်တယ်။ မင်းဝင်တာနဲ့ အဲဒါက သေခြင်းတရားကို တောင်းခံသလို ဖြစ်သွားလိမ့်မယ်”။
"ငါ သေခြင်းတရားကို တောင်းခံခြင်း ဟုတ်ဟုတ် မဟုတ်ဟုတ်၊ မင်းအနေနဲ့ စိတ်ပူနေစရာ မလိုပါဘူး။" ချင်ယွင်က ချက်ချင်းပင် အေးစက်စွာ ပြန်ပြောလိုက်သည်။
ချင်ယွင်က သူ၏စကားကို အမှန်တကယ် ငြင်းဆိုသည်ကို ထိုလူငယ်က ကြားသောအခါ၊ သူ၏မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။ သူက ချင်ယွင်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည် "ဟမ့်၊ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ထဲမှ ဘယ်သူမှ ငါ့ကို ဒီလိုစကားမျိုး မပြောရဲကြဘူး။ မင်းက အင်မော်တယ်ဧကရာဇ် လျှိုထန်းရဲ့စွမ်းအား ကြောင့် ဒီအထဲကို ဝင်ခွင့်ရတာ ဖြစ်ပေမယ့်၊ မင်းက အစောပိုင်း လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်တစ်ယောက်သာ ဖြစ်တယ်ဆိုတာကို ကိုယ့်ကိုယ်ကို မမေ့ပါနဲ့”။
ချင်ယွင်သည် ရန်ထန်းချန်ကို မျက်စောင်းထိုးလိုက်ပြီးနောက် သူ့ကို လျစ်လျူရှု လိုက်လေ သည်။
ဤကဲ့သို့ အရူးတစ်ယောက်နှင့် စကားပြောရတာ အသုံးမဝင်ပါဘူး။ အကယ်တော့၊ စီနီယာ အစ်မလျှိုထန်း၏ မျက်နှာကြောင့်သာ၊ ထို့သို့မဟုတ်ပါက၊ ချင်ယွင်သည် တိုက်ရိုက်ပင် လှုပ်ရှားလိုက်မည် ဖြစ်သည်။
ချင်ယွင်သည် သူ၏စကားများကို မထီမဲ့မြင်ပြုနေသည်ကို မြင်လိုက်ရလျှင်၊ ရန်ထန်းချန်၏ မျက်လုံးများသည် အမျက်ဒေါသနှင့်အတူ ချက်ချင်းပင် တောက်ပလာသည်။ "ချာတိတ်လေး၊ မင်း ငါ့ကို စောင့်နေဦး။ မင်း ကောင်းကင်ဘုံသုံးဆယ့်ခြောက်ခုနယ်မြေ ထဲကို ဝင်ပြီးတာနဲ့၊ ငါ မင်းကို ကြည့်ကောင်းအောင် လုပ်ပေးမယ်" ဟု ခက်ထန်စွာ ပြောလိုက်သည်။
ချင်ယွင်သည် ရန်ထန်းချန်၏ စကားကို ကြားသောအခါ၊ သူ၏ပါးစပ်ထောင့်မှ မထီမဲ့မြင် ပြုဟန် လှောင်ပြောင်မှုတစ်ခု ထွက်ပေါ်လာသည်။ ရန်ထန်းချန်က သူ့ကို ရန်မူရန် အမှန်တကယ် အစပြုခဲ့မည်ဆိုလျှင်၊ သူ ဘယ်လောက် အစွမ်းထက်လဲဆိုတာ သူ့ကို အသိပေးရမည်ဆိုရင်လည်း သူ စိတ်ထဲမထားပါဘူး။
အဝေးမှ အမျိုးသမီးသည် ဤအရာအားလုံးကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ ချင်ယွင်၏ မျက်နှာပေါ်ရှိ ရေးဆွဲထားသော ပါစမ်းထောင့်မှန် အတွန့်ကွေးကို သူမ မြင်လိုက်ရသဖြင့်၊ နောက်ဆုံးတွင် သူမသည် အလွန်သိချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။
ဝှီး….။
ထိုအချိန်တွင် ခမ်းနားထည်ဝါပြီး ဂုဏ်သိက္ခာကြီးမားသော ရုပ်အသွင်က လေဟာနယ်ထဲမှ လျှောက်လှမ်းထွက်လာခဲ့သည်။ အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် ချင်ယွင်နှင့် အခြားလူများ၏ ရှေ့တွင် ပေါ်လာသည်။
အင်မော်တယ်ဧကရာဇ် လျှိုထန်း ထွက်ပေါ်လာသည်နှင့်၊ လူငယ်နှင့် အမျိုးသမီးတို့သည် ချက်ချင်းပင် ရိုသေလေးစားလာကြပြီး၊ အင်မော်တယ်ဧကရာဇ် လျှိုထန်းအား ဦးညွှတ်ပြီး ဂါရဝပြုကြသည်။
အင်မော်တယ်ဧကရာဇ် လျှိုထန်းက ခေါင်းညိတ်ပြီး၊ ချင်ယွင်ကို ပြုံးပြသည်။ "ဒီတစ်ကြိမ်၊ ကောင်းကင်ဘုံ သုံးဆယ့်ခြောက်ခုနယ်မြေကို သုံးနှစ်ဖွင့်ပေးမယ်။ မင်းတို့အားလုံး အဲဒီ ကောင်းကင်ဘုံ သုံးဆယ့်ခြောက်ခုနယ်မြေထဲမှာ သုံးနှစ်နေရမယ်။ ဒီ ကောင်းကင်ဘုံ သုံးဆယ့်ခြောက်ခုနယ်မြေက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ မင်းတို့ကိုယ်မင်းတို့ပဲ ကာကွယ်ရမယ်။"
လူငယ်နှင့် အမျိုးသမီးတို့သည် ထိုစကားကိုကြားသောအခါ ချက်ချင်း ခေါင်းညိတ်ကြပြီး၊ လေးနက်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။
"ကောင်းကင်ဘုံသုံးဆယ့်ခြောက်ခုနယ်မြေကို ကောင်းကင်ဘုံ သုံးဆယ့်ခြောက်ခုအဖြစ် ပိုင်းခြားထားတယ်။ အထက်ကောင်းကင်ဘုံ တစ်ခုစီတိုင်းက ပို၍ ခမ်းနားထည်ဝါတယ်။ ထို့ကြောင့် လုံလောက်တဲ့ ခွန်အားမရှိသေးဘဲ နောက်ထပ် ကောင်းကင်ဘုံတစ်ခုကို အလျင်စလို မသွားတာ အကောင်းဆုံးပဲ။" အင်မော်တယ်ဧကရာဇ် လျှိုထန်းက ဆက်လက် ပြောပြသည်။
"ဟုတ်ကဲ့ပါ" ရန်ထန်းချန်က ခေါင်းညိတ်လိုက်သည်။
ချင်ယွင်လည်း အနည်းငယ် ခေါင်းညိတ်ပြီး သူ၏ နားလည်သဘောပေါက်မှုကို ဖော်ပြလိုက်သည်။
"ကောင်းပြီလေ၊ မင်းတို့အားလုံး နားလည်ပြီဆိုတော့၊ အခု ငါ ကောင်းကင်ဘုံ သုံးဆယ့်ခြောက်ခုနယ်မြေကို ဖွင့်ပေးတော့မယ်။" အင်မော်တယ်ဧကရာဇ် လျှိုထန်း သည် သူမ၏စကားကို လူတိုင်း နားလည်ကြောင်းကို မြင်လိုက်ရသောအခါ၊ တိုက်ရိုက်ပင် ပြောလိုက်ပါသည်။
ထိုသို့ပြောပြီးနောက်၊ အင်မော်တယ်ဧကရာဇ် လျှိုထန်း၏ ရုပ်အသွင်သည် လေဟာနယ် ထဲသို့ လွင့်မျောသွားကာ၊ အင်မော်တယ်စွမ်းအားက အင်မော်တယ်ဧကရာဇ် လျှိုထန်း၏ ခန္ဓာကိုယ်မှ ချက်ချင်းဆိုသလို ပျံ့နှံ့ထွက်လာပါသည် ။
အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် သန့်စင်သော ကျောက်စိမ်းနှင့်တူသည့် သူမ၏ အဖြူရောင် လက်တစ်စုံကို ဆန့်ထုတ်လိုက်သည်။ ပြင်းထန်သော အင်မော်တယ် အလင်းတန်းက သူမ၏လက်ထဲတွင် ပျံ့လွင့်လာကာ၊ တခဏအတွင်းမှာပင်၊ ထောင်နှင့် ချီသော လက်ဟန်စည်းတံဆိပ်များကို ပုံဖော်ရင်း ယဇ်ပလ္လင်ဆီကို အင်မော်တယ် အလင်းတန်းဖြင့် တိုက်ခိုက်လိုက်သည်။
ယဇ်ပလ္လင်သည် ချက်ချင်းပင် လင်းလက်တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်ပြီး ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများက ယဇ်ပလ္လင်မှ ပျံ့နှံ့ထွက်လာခဲ့သည်။
ဘန်း…။
ကျယ်လောင်သော တုန်လှုပ်အသံနှင့်အတူ ယဇ်ပလ္လင်ပေါ်၌ လေဟာနယ်တံခါးကြီးတစ်ခု ပေါ်လာသည်။
လေဟာနယ် တံခါးကြီး၏ နောက်ကွယ်တွင် သေဆုံးနေသည့်အလား တိတ်ဆိတ်နေသည့် အငွေ့အသက်ကို ထုတ်လွှတ်နေသော ဆိတ်သုဉ်းခြင်းတောကြီးတစ်ခု ရှိနေပါသည်။
"ဒါက ကောင်းကင်ဘုံသုံးဆယ့်ခြောက်ခုနယ်မြေလား?" ချင်ယွင်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။
"ကောင်းပြီ၊ ကောင်းကင်ဘုံသုံးဆယ့်ခြောက်ခုနယ်မြေကို ဖွင့်ပြီးသွားပြီ။ မင်းတို့အားလုံး ဝင်လို့ရပြီ။ သုံးနှစ်ပြည့်ချိန်မှာ၊ မင်းတို့အနေနဲ့ ပထမဆုံး လေဟာနယ်တံခါးကြီးဆီကို ပြန်လာရမယ်ဆိုတာ သတိရပါ။ တကယ်လို့ မင်းတို့ လွတ်သွားတာနဲ့ အဲဒီအထဲမှာပဲ ပိတ်မိနေလိမ့်မယ်။" အင်မော်တယ်ဧကရာဇ် လျှိုထန်းက ပြောလိုက်သည်။
အမျိုးသမီးငယ်သည် ခေါင်းညိတ်ပြပြီးနောက် သူမသည် ယုံကြည်မူရှိစွာဖြင့် ထိုနယ်မြေ၏ အဝင်တံခါးကြီးထဲသို့ ဝင်ရောက်လာခဲ့သည်။
လူငယ်သည် နောက်မှ အနီးကပ်လိုက်သွားသော်လည်း သူသည် အထဲသို့ ခြေလှမ်းမဝင်ခင်၊ ချင်ယွင်ကို ရန်စဟန်ဖြင့် ကြည့်ကာ “မျိုးမစစ်ကောင်၊ တကယ်လို့ မင်း ဝင်လာဝံ့ရင် ငါ မင်းကို သေချာပေါက် နာကျင်ခံစားရအောင် လုပ်ပေးမယ်" ဟု ပြောလိုက်ပါသည်။ ထို့နောက်၊ သူသည် ထိုကမ္ဘာ၏အဝင်ပေါက်ထဲ့သို့ တိုးဝင်သွားခဲ့သည်။
ချင်ယွင်က အထင်သေးစွာ ပြုံးလိုက်မိသည်။ သူသည် ဤလူငယ်၏ ကျူးလွန်ရန်စမူကို ဂရုမစိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့၊ အထဲသို့ ဝင်ပြီးသည်နှင့်၊ မည်သူက မည်သူ့ကို ရိုက်နှက်နိုင်မလဲဆိုတာ မသေချာလို့ပါ။
ချင်ယွင်သည် လေဟာနယ် တံခါးပေါက်ဆီသို့ စတင်လျှောက်လှမ်းလာခဲ့သည်။ သူ မဝင်ခင်မှာ၊ အင်မော်တယ်ဧကရာဇ် လျှိုထန်းက ချင်ယွင်ကို စုံစမ်းမေးမြန်းဟန်ဖြင့် တစ်ချက် အကဲခတ်လိုက်သေးသည်။
ချင်ယွင် ပြုံးလိုက်မိသည်။ သူသည် ဘာမှပြန်မတော့ပြောဘဲ၊ အင်မော်တယ်ဧကရာဇ် လျှိုထန်းကို နောက်ကျောပေးကာ လေဟာနယ် တံခါးထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့ သည်။