အခန်း ၈၅၃
Vol. 57 Ch. 853
အခန်း (၈၅၃) ကောင်းကင်ဘုံသုံးဆယ့်ခြောက်ခုနယ်မြေ။
ကောင်းကင်ဘုံ သုံးဆယ့်ခြောက်ခုနယ်မြေအတွင်း… ကောင်းကင်ဘုံ ပထမအလွှာ..။
ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ရှိ အဆုံးမရှိသော တောင်တန်းများနှင့် တောင်ကုန်းများ ကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
ဤနေရာ၌ သဲနှင့်ကျောက်တို့သည် အနှိုင်းမဲ့ လေးလံပြီး ဖိနှိပ်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေပါသည်။ တစ်ကမ္ဘာလုံးသည် ပြင်းထန်သော ဖိနှိပ်မူ ခံစားချက်ကို ပေးစွမ်းနေ၏။ ယင်းက လူတစ်ယောက်ကို အသက်ရူရ ကျပ်စေသည်။ လူတစ်ယောက်၏ ရင်ဘတ်ပေါ် ၌ ကြီးမားသော ကျောက်တုံးကြီးတစ်ခု ကျရောက်နေသကဲ့သို့ပင်။
ဤသည်မှာ တော်ဝင်တာအို၏ဖိအား ဖြစ်သည်ကို ချင်ယွင် သိထားပါသည်။ ဤကမ္ဘာပေါ်ရှိ အရာအားလုံးတွင် တော်ဝင်တာအို၏ ဥပဒေသများ ပါရှိနေပါသည်။
"မျိုးမစစ်ကောင်၊ တော်ဝင်တာအိုရဲ့ စွမ်းအားကို ဘယ်လို ခံစားရလဲ?။ ခံစားရတာ အဆင်မပြေဘူး မဟုတ်လား?။ ဒါက ကောင်းကင်ဘုံရဲ့ ပထမအလွှာပဲ ရှိသေးတယ်။ မင်းက ဒါကိုတောင် ခံနိုင်ရည်မရှိတော့ဘူး မဟုတ်လား?။ တကယ်လို့ ၃၆ အလွှာသာ ဆိုရင်၊ တော်ဝင်တာအိုရဲ့ အစွမ်းကြောင့် မင်းဟာ ကြိတ်ချေထားတဲ့ အသားစတွေ ဖြစ်သွား မှာတောင် ငါ ကြောက်မိတယ်" ရန်ထန်းချန်သည် ချင်ယွင်၏ လေးနက်သော အမူအရာဖြင့် မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ရလျှင်၊ ချက်ချင်းပင် လှောင်ပြောင် သရော်လိုက် သည်။
"မင်းကိုယ်ကျ ကောင်းကင်ဘုံရဲ့ သုံးဆယ့်ခြောက်ခုမြောက်အလွှာကို ရောက်နိုင်သလိုပဲ" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောလိုက်သည်။
ရန်ထန်းချန်သည် ပြောစရာစကားမဲ့သွားရသည်။ ချင်ယွင် ပြောသည်မှာ မှန်ပါသည်။ သူသည် တော်ဝင်တာအို ဒုတိယအဆင့်ရှိ အင်မော်တယ်ဘုရင်တစ်ဦးမျှသာ ဖြစ်ပါသည်။ သူ၏ခွန်အားဖြင့်၊ သူသည် ဆဋ္ဌမအလွှာ ကောင်းကင်ဘုံသို့သာ ရောက်ရှိနိုင်ပါသေးသည်။ ကောင်းကင်ဘုံ ၃၆ ခု မြောက်အလွှာကို မဆိုထားနှင့်၊ သူသည် ကောင်းကင်ဘုံ၏ ခုနစ်ခုမြောက်အလွှာ ဖိအားကိုပင် မခံနိုင်သေးပါချေ။
ဤတစ်ကြိမ်တွင်၊ သူသည် ကောင်းကင်ဘုံ ၃၆ ခု နယ်မြေကို အသုံးပြုပြီး၊ သူ၏ တော်ဝင်တာအိုအပေါ် ကျင့်ကြံခြင်းကို တတိယအဆင့်သို့ ဖြတ်ကျော်လိုခဲ့သည်။
ကောင်းကင်ဘုံ ၃၆ ခု နယ်မြေသည် အနှစ်တစ်ရာလျှင် တစ်ကြိမ်သာ ဖွင့်လှစ်မည်ဖြစ်ပြီး၊ တစ်ကြိမ်လျှင်လည်း လူသုံးဦးသာ လက်ခံနိုင်ပါသည်။ ရရှိထားခွဲတမ်းသည် အလွန် အဖိုးတန်ပြီး ၎င်းကို ရရှိရန် ကြိုးပမ်းအားထုတ်ခဲ့ရသည်။
သို့သော်၊ သူ၏ရှေ့တွင်ရှိနေသော ဤကောင်သည် အင်မော်တယ်ဧကရာဇ် လျှိုထန်းနှင့် ရင်းနှီးသော ဆက်ဆံရေးကြောင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အစောပိုင်း အဆင့်ရှိ သူ၏စွမ်းအားဖြင့်ကို နေရာတစ်နေရာကို အလွယ်တကူ ရယူနိုင်ခဲ့သည်။ ဤအရာက သူ့ကို အလွန် မပျော်မရွှင်ဖြစ်စေခဲ့သည်။ အင်မော်တယ်ဧကရာဇ် လျှိုထန်း၏ လုပ်ရပ်များသည် အလွန်တရားမျှတမှု မရှိဟု သူ ခံစားမိသည်။ ထို့ကြောင့်၊ သူသည် ချင်ယွင်ကို အစကတည်းက လှောင်ပြောင်နေခဲ့ခြင်း ဖြစ်သည်။
မူလက လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်တစ်ဦးသည် သူ့အား မျက်နှာသာ ပေးလိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း၊ အခြားတဖက်က ဤမျှ မာနကြီးနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူသည် အင်မော်တယ်ဘုရင်တစ်ယောက်ဖြစ်သော သူ့ကိုပင် မျက်စိထဲ၌ လုံး၀ ထည့်မထားခဲ့ပါ။ ဤအရာက သူ၏စိတ်ထဲတွင် နာကြည်းမှုကို တိုက်ရိုက် ဖြစ်ပေါ်စေပြီး၊ ဒေါသအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
"ချင်ယွင်၊ ဟုတ်တယ်နော်။ ဒီမှာ အင်မော်တယ်ဧကရာဇ် လျှိုထန်းရဲ့ ပံ့ပိုးမှုမရှိတော့ဘူး။ အခု မင်းကို ငါ သတ်ပစ်နိုင်တယ်ဆိုတာ မင်း ယုံလား?" ရန်ထန်းချန်က သူ၏ မျက်လုံးထဲ တွင် သတ်ပစ်ချင်စိတ်တွေ တဟုန်ထိုး ပျံ့နှံ့လာရင်း ခက်ထန်စွာ ပြောလိုက်သည် ။
"ငါ မင်းကို မယုံဘူး။ ဘာလို့ဆို၊ မင်းက အရည်အချင်းမရှိလို့ပဲ" ချင်ယွင် က အေးစက်သော အပြုံးဖြင့် ပြန်ပြောသည် ။
"မင်း သေချင်နေတာဘဲ?" ရန်ထန်းချန်သည် ဤတစ်ကြိမ်တွင် အမှန်တကယ်ပင် ဒေါသ ထွက်သွားခဲ့သည်။ အင်မော်တယ်ဘုရင်တစ်ယောက်၏ စွမ်းအားများက ချက်ချင်း ထွက်ပေါ်လာပြီး၊ သူသည် တိုက်ခိုက်တော့မည်။
ရန်ထန်းချန်သည် လှုပ်ရှားတော့မည်ကို မြင်လိုက်ရလျှင်၊ ချင်ယွင်၏ အကြည့်တွေက ချက်ချင်းပင် စူးရှလာပြီး၊ သူသည် ရန်ထန်းချန်ကို သတ်ပစ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
"ရန်ထန်းချန်၊ နင် စည်းကမ်းတွေကို မေ့သွားပြီလား?" သို့သော် သူတို့နှစ်ဦးသည် ငြိတော့မည့် အချိန်မှာ သူတို့ဘေးမှ အမျိုးသမီးငယ်က ရုတ်တရက် အေးစက်စွာ အော်ပြောလိုက်သည်။
ရန်ထန်းချန်သည် အမျိုးသမီးငယ်၏ စကားကို ကြားသောအခါ၊ မူလက တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်နေသော အင်မော်တယ်ဘုရင်၏ အငွေ့အသက်သည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်သည် တပည့်များ အချင်းချင်း သတ်ဖြတ်ခြင်း မပြုရန် တားမြစ်ထားသည်။ ချင်ယွင်သည် အင်မော်တယ်ဧကရာဇ် လျှိုထန်း၏ ဂျူနီယာ မောင်လေး ဖြစ်သောကြောင့်၊ သူသည် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ တပည့်တဝက်အဖြစ် သတ်မှတ်လို့ရသည်။ ထို့အပြင်၊ အကယ်၍၊ သူသာ ချင်ယွင်ကို အမှန်တကယ် သတ်ပစ်ခဲ့ပါက၊ အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် သူ့ကို အပြစ်ပုံချလိမ့်မည်။
"ဟမ့်၊ ငါ မင်းကို ဒီတစ်ခါ လွှတ်လိုက်ပေးမယ်။ မင်း ငါ့ကို ထပ်ပြီး မရိုမသေ ပြုမူဝံ့ရင်၊ မင်းက အင်မော်တယ်ဧကရာဇ် လျှိုထန်းရဲ့ ဂျူနီယာမောင် ဟုတ်ဟုတ် မဟုတ်ဟုတ် ငါ ဂရုမစိုက်ဘူး၊ ငါ မင်းကို သတ်ပစ်မယ်" ရန်ထန်းချန်က သူ၏နှလုံးသားထဲက ဒေါသတွေကို ထိန်းထားပြီး အေးစက်စွာ အော်ပြောလိုက်သည်။
ချင်ယွင်၏ မျက်လုံးများတွင် စိတ်ပျက်လက်ပျက်ဖြစ်သည့် အရိပ်အယောင် ပေါ်လာသည်။ မူလက သူသည် ရန်ထန်းချန်ကို သတ်ဖို့ အခွင့်အရေးကို အရယူပြီး၊ သူ၏ အဆင့် ချိုးဖြတ်ပြီးနောက် သူ၏စွမ်းအားကို စမ်းသပ်လိုခဲ့သော်လည်း၊ ယခု ရန်ထန်းချန်သည် သူ၏ကိုယ်ပိုင် အစပျိုးမှုကို စွန့်လွှတ်လိုက်သောကြောင့်၊ သူ့အနေဖြင့် နောက်တစ်ကြိမ် လှုပ်ရှားရန် မကောင်းတော့ပေ။
လီရှန်းရှန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ယခုလေးတင် ချင်ယွင်၏ မျက်လုံးများတွင် စိတ်ပျက်သွားသည့် အရိပ်အယောင် ပေါ်လာသည်။ ထိုမြင်ကွင်းသည် သူမ၏ မျက်လုံးတွေမှ လွတ်မြေက်သွားခြင်း မရှိခဲ့ပါဘူး။ ဤအရာက သူမကို အလွန် စိတ်ရှုပ်ထွေးစေခဲ့သည်။ ချင်ယွင်ကိုယ်တိုင်ကများ ရန်ထန်းချန်ကို အရင် လှုပ်ရှားစေချင် နေတာများ ဖြစ်နိုင်မလား?။
သို့သော်၊ ဤအတွေးကို လီရှန်းရှန်းသည် သူမကိုယ်တိုင်ပင် လျင်မြန်စွာ ငြင်းပယ်လိုက်မိ သည်။ အစောပိုင်း လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် တော်ဝင်တာအို ဒုတိယအဆင့်ရှိ အင်မော်တယ်ဘုရင်တစ်ယောက်အတွက် ပြိုင်ဘက် ဖြစ်နိုင်မည်ဟု သူမ မယုံကြည်နိုင်ပါချေ။
"သွားကြရအောင်။" လီရှန်းရှန်းက ရန်ထန်းချန်ကို ပြောလိုက်သည်။
သူတို့၏ ကျင့်ကြံမှုအခြေခံသည် တော်ဝင်တာအို၏ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကောင်းကင်ဘုံ ၃၆ ခုနယ်မြေ၏ ဤပထမအဆင့်သည် ၎င်းတို့၏ ကျင့်ကြံမှု အပေါ် များစွာအကျိုးသက်ရောက်မှု မရှိတော့ပေ။ ထို့ကြောင့်၊ သူတို့သည် သူတို့နောက်ရှိ ကောင်းကင်ဘုံသို့ သွားရန်အတွက် သဘာဝအတိုင်း ရှေ့ဆက်သွားကြရမည်။
လီရှန်းရှန်း၏ စကားကိုကြားတော့ ရန်ထန်းချန်က အလောတကြီး ပြုံးကာ၊ ခေါင်းညိတ် လိုက်သည်။
လီရှန်းရှန်းသည် လှပသော ရုပ်ရည်အသွင်အပြင်နှင့် ထူးခြားသော ပါရမီစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ သူမသည် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ရှိ အထူးချွန်ဆုံး အမျိုးသမီး တပည့်များထဲမှ တစ်ဦးလည်း ဖြစ်ပါသည်။ ရန်ထန်းချန်သည် သူမကို နှစ်ရှည် လများစွာကတည်းက သဘောကျခဲ့သောကြောင့်၊ လီရှန်းရှန်းနှင့် အတူ ကောင်းကင်ဘုံ ၃၆ ခု နယ်မြေသို့ ဝင်ရောက်ခွင့်ရသည့်အတွက် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
"ဟိတ်၊ မျိုးမစစ်ကောင်၊ ကောင်းကင်ဘုံ ၃၆ ခု နယ်မြေထဲမှာ မသိနိုင်တဲ့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ မင်း လက်ရှိရောက်တဲ့ နေရာမှာပဲ နေဖို့ ငါ အကြံပေးချင်တယ်။ မတော်လို့၊ မင်းအသက် ဆုံးရှုံးသွားရင်၊ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူးနော်။" ရန်ထန်းချန်က ချင်ယွင်ကို လှောင်ပြောင်ပြောလိုက်သည်။
"မင်းကိုယ်မင်းသာ ဂရုစိုက်စမ်းပါ။" ချင်ယွင်က ပြုံးပြီး တုန့်ပြန်သည်။
"ဟမ့်၊ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတယ်" ချင်ယွင်က သူ၏စကားများကို မထီမဲ့မြင် ပြုနေသည်ကို မြင်လိုက်ရသဖြင့် ရန်ထန်းချန်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး လီရှန်းရှန်း၏နောက်မှ ကောင်းကင်ဘုံနောက်တဆင့်၏ ဝင်ပေါက်ဆီသို့ လိုက်ပါသွားခဲ့ သည်။
ချင်ယွင်သည် ထွက်သွားခါနီးတွင် ရန်ထန်းချန်၏ နောက်ကျောကို ကြည့်လိုက်ရင်း၊ သူ၏ ပါးစပ်ထောင့်မှ မထင်မရှား အပြုံးတစ်ခု ထွက်ပေါ်လာသည်။
အကယ်၍၊ လီရှန်းရှန်း၏ ရုတ်တရက် တားဆီးလာခြင်းသာမရှိခဲ့ပါက၊ ရန်ထန်းချန်သည် ယခုအချိန်မှာ အလောင်းဖြစ်နေလောက်ပြီ။ သူ မည်သို့ မောက်မာနိုင်တော့မည်နည်း?။
"မေ့လိုက်ပါလေ။ ကောင်းကင်ဘုံ ၃၆ ခု နယ်မြေရဲ့ ထူးခြားချက်တွေကို အရင် ကြည့်ရအောင်။" ချင်ယွင်သည် သူ၏စိတ်ထဲမှ အာရုံအနှောက်အယှက်များကို ဖယ်ထုတ် လိုက်ပြီး၊ အဆုံးမရှိကျယ်ပြန့်သော ကောင်းကင်ဘုံ ၃၆ ခု နယ်မြေကို ကြည့်ရင်း သူ့ကိုယ်သူ ပြောလိုက်သည်။
ရှေးဟောင်းတာအိုဆရာသခင်ကိုယ်တိုင် သူ့အား ကောင်းကင်ဘုံ ၃၆ ခု နယ်မြေသို့ ဝင်ရောက်ရန် စိတ်အားထက်သန်စွာ အကြံပြုပေးခဲ့သည်။ ထို့ကြောင့်၊ ဤနေရာသည် သူ့အတွက် အထောက်အကူကောင်းဖြစ်မည်မှာ သေချာပါသည်။
အခုဆို၊ သူသည် ဤနယ်မြေထဲမှာ သုံးနှစ်လောက် နေရလိမ့်မည်။ အချိန်သုံးနှစ်ဆိုသည်မှာ တော်ဝင်တာအိုကို နားလည်ဆင်ခြင်ရန် အချိန်သိပ်အကြာကြီး မဟုတ်ပါချေ။ ထို့ကြောင့်၊ သူသည် ဤအခွင့်အရေးကို ဆုပ်ကိုင်ထားရန် လိုအပ်ပါသည်။
ထို့ကြောင့် ချင်ယွင်သည် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ကောင်းကင်ဘုံ ၃၆ခု နယ်မြေ၊ ကောင်းကင်ဘုံ ပထမအလွှာ၏ နက်ရှိုင်းရာအရပ်ဆီသို့ ပျံသန်းသွားခဲ့သည်။
ဘန်း…။
သို့သော်၊ ချင်ယွင် ပျံသန်းပြီး မကြာမီတွင် သူ၏နားထဲတွင် ပြင်းထန်သော လေဖြတ်တိုးသံကို ကြားလိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုသည် လေဟာနယ်ထဲမှ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်လာပြီး ချင်ယွင်ကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။
ဤအငွေ့အသက်ကို ခံစားလိုက်ရသဖြင့်၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို အမြန် ရပ်လိုက် ပြီး၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဖင်းဂေါ့ဂ်စွမ်းအားကို သူ၏လက်သီးအပေါ်မှာ စုစည်းလိုက် သည်။
လက်သီးတစ်ချက်ထိုးလိုက်ရင်း၊ ချင်ယွင်၏ လက်သီးသည် ထိုစွမ်းအင်ကို ပြင်းထန်စွာ ထိမှန်သွားလေသည်။
"ဘုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ လက်သီးချက်အောက်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် လုံး၀ ပေါက်ကွဲသွားခဲ့သည်။
"ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်အတက်အကျလှိုင်းလား?" ချင်ယွင်သည် ဤစွမ်းအားတွင် ပါ၀င်နေသော စွမ်းအင်လှိုင်း အတက်အကျအငွေ့အသက်ကို ခံစားလိုက်ရပြီး၊ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာပါသည်။
အစောပိုင်းက သူ့ကို ရုတ်တရက် တိုက်ခိုက်လိုက်သည့် စွမ်းအင်မှာ ရှေးဟောင်း ဖရိုဖရဲ တော်ဝင်တာအို၏ ဉပဒေသတွေ ပါဝင်နေပါသည်။ သို့ရာတွင်၊ ရှေးဟောင်း ဖရိုဖရဲ တော်ဝင်တာအို ဉပဒေသ၏ စွမ်းအားသည် မပြင်းထန်လှပါ။ ၎င်းသည် ရှေးဟောင်း ဖရိုဖရဲ တော်ဝင်တာအိုနယ်ပယ်၏ ကနဦးဝင်ရောက်စအဆင့်နှင့် တူညီသင့်သည်။
"စိတ်ဝင်စားစရာပဲ။ စိတ်ဝင်စားစရာပဲ” ချင်ယွင်၏ မျက်လုံးထဲတွင် အပြုံးရိပ်ယောင် တစ်ချက် ပေါ်လာပါသည်။
သူနားလည်ဆင်ခြင်ထားသော ရှေးဟောင်း ဖရိုဖရဲ နိယာမများသည် တော်ဝင်တာအို နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်လာသည်နှင့် ရှေးဟောင်း ဖရိုဖရဲ တော်ဝင်တာအို ဖြစ်ပါလာလိမ့်မည်။ ရှေးဟောင်း ဖရိုဖရဲ တော်ဝင်တာအို၏ ဉပဒေသများ ပါ၀င်သော အစောပိုင်းက တိုက်ခိုက်မှုသည် သူ့ကို တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားအောင် ပြုလုပ်ပေးခဲ့သော်လည်း အလွန် မရေမရာဖြစ်နေသေးသည်။
အကယ်၍၊ သူသည် ထပ်မံ တိုက်ခိုက်ခံရပါက၊ ဤတိုက်ခိုက်မှုမှ ရှေးဟောင်း ဖရိုဖရဲ တော်ဝင်တာအို၏ အမှန်တရားကို သူ သေချာပေါက် နားလည်နိုင်လိမ့်မည်ဟု ချင်ယွင်သည် ယုံကြည်လာခဲ့သည်။
ဘန်း…။
ဤအခိုက်အတန့်တွင်၊ လေဟာနယ်ထဲမှ ဧရာမလက်သည်းကြီးတစ်ခု ထွက်ပေါ်လာပြီး၊ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်နှက်လာခဲ့သည်။ ၎င်းလက်သည်းကြီးတွင် ပြင်းထန်သော ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်အတက်အကျလှိုင်းများလည်း ပါဝင်နေပါသည်။
"အချိန်ကိုက် ရောက်လာတာပဲ။" ထိုလက်သည်းကြီးကို မြင်လိုက်ရတော့၊ ချင်ယွင်၏ မျက်လုံးတွေက ခိုင်ခံ့သည့်အပြုံးကို ပေါ်လွင်စေပါသည်။