အခန်း ၈၅၄
Vol. 57 Ch. 854
အခန်း (၈၅၄) အင်မော်တယ်ဘုရင်ကိုယ်ပွား။
ချင်ယွင်သည် လက်သီးတစ်ချက် ပစ်ထိုးလိုက်ပြီး၊ ရှေးဟောင်းဖရိုဖရဲ စွမ်းအင် အတက်အကျလှိုင်းများပါရှိသော ဧရာမလက်သည်းကြီးနှင့် ပြင်းထန်စွာ တိုက်မိသွားခဲ့ သည်။
"ဘုန်း…."
ချင်ယွင်၏ အပြင်းအထန် ကြီးမားသော လက်သည်းကြီးသည် ပေါက်ကွဲသွားပြီး၊ လေဟာနယ်ထဲမှ ဝမ်းနည်းဖွယ် အော်သံတစ်ခု ထွက်ပေါ်လာသည်။
ဤကြေကွဲဖွယ် အော်ဟစ်သံကို ချင်ယွင် ကြားလိုက်ရသောအခါ၊ သူ၏မျက်လုံးများသည် ဝင်းလက် တောက်ပနေသည်။
"ဟမ့်၊ မင်းက ထွက်ပြေးချင်သေးတာလား?။" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး၊ လေဟာနယ်ထဲကို ထပ်မံ ထိုးလိုက်သည်။
လက်သီးချက် အမှတ်အသားကြီးတစ်ခုသည် လေဟာနယ်ထဲသို့ ချက်ခြင်း ပြေးသွားခဲ့ပြီး ပျောက်ကွယ်သွားသည်။
“အား…”
သနားစဖွယ် အော်ဟစ်မြည်သံတစ်ချက် ထွက်ပေါ်လာပြီးနောက်၊ ကြီးမားသော ခန္ဓာကိုယ် ကြီးတစ်ခုသည် လေဟာနယ်ထဲမှ ပြုတ်ကျလာခဲ့သည်။
ဤသည်မှာ ချင်ယွင် တခါမျှ မမြင်ဖူးသော မွန်းစတားတစ်ကောင် ဖြစ်သည်။ ၎င်းသည် အိမ်မြှောင်တစ်ကောင်နှင့် ခပ်ဆင်ဆင်တူသော်လည်း၊ ၎င်း၏ခန္ဓာကိုယ်သည် အထူး စွမ်းအင်ကိုယ်ထည်တစ်ခုကဲ့သို့ ဝင်းလက်တောက်ပနေသည်။
"ဘုန်း…."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပြုတ်ကျလာသော မွန်းစတားကြီးသည် ပေါက်ကွဲ သွားပြီး၊ ၎င်း၏ကြီးမားလှသော ခန္ဓာကိုယ်သည် လက်မအရွယ် အပိုင်းအစတစ်ခုမျှသာ ကျန်ရစ်ခဲ့သည်။
ဤအပိုင်းအစသည် စိန်ကဲ့သို့ တောက်ပနေပြီး တဖျပ်ဖျပ် ဝင်းလက်နေကာ၊ ၎င်းသည် ပြင်းထန်သော ရှေးဟောင်းဖရိုဖရဲ အငွေ့အသက် အတက်အကျလှိုင်းများကို ထုတ်လွှတ် နေသည်။
"ဒါက တော်ဝင်တာအို ဉပဒေသ အပိုင်းအစတစ်ခုများ ဖြစ်နိုင်မလား?" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။
ဤအခိုက်အတန့်တွင်၊ ရှေးဟောင်းတာအိုဆရာသခင်သည် သူ့ကို ကောင်းကင်ဘုံ ၃၆ ခု နယ်မြေထဲသို့ ဝင်ရောက်ခွင့်ရရန် အဘယ်ကြောင့် ထောက်ခံမူပေးဖို့ ကနဦးအစပြုခဲ့ရ သနည်းဆိုသည်ကို နောက်ဆုံး နားလည်လာခဲ့ပါပြီ။ ဤတော်ဝင်တာအို ဉပဒေသ အပိုင်းအစသည် အလွန်အဖိုးတန်သော ပစ္စည်းတစ်ခု ဖြစ်ပါသည်။ ဤတော်ဝင်တာအို အပိုင်းအစကို သန့်စင်နေသမျှ ကာလပတ်လုံး၊ ၎င်းအတွင်း၌ပါရှိသော တော်ဝင်တာအို၏ ဥပဒေသများ ကို နားလည်နိုင်မည် ဖြစ်ပါသည်။ ဤတော်ဝင်တာအို အပိုင်းအစသည် ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအို၏ တော်ဝင်တာအို အပိုင်းအစတစ်ခု ဖြစ်ကြောင်း သိသာ ထင်ရှားပါသည်။
ချင်ယွင်၏ ရုပ်အသွင်သည် တော်ဝင်တာအို အပိုင်းတစ်ပိုင်း ဘေးတွင် ပေါ်လာပြီး ၎င်းကို သူ၏လက်ထဲတွင် ကိုင်ထားသည်။
"သေချာတာပေါ့၊ ဒါက ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအိုရဲ့ အပိုင်းအစတစ်ခုပဲ။ ချင်ယွင်၏ မျက်နှာက ရွှင်လန်းသွားသည့် အမူအရာ ပေါ်လွင်နေပါသည်။ ဒီတော်ဝင်တာအို အပိုင်းတစ်ပိုင်းနှင့်ဆို၊ သူသည် ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအိုနယ်ပယ်၏ ကနဦး ဝင်ရောက်ခြင်းအဆင့်ကို ဖြတ်ကျော်ဖို့ သူ့အတွက် အများကြီး လွယ်ကူသွားခဲ့ပါပြီ။
ချင်ယွင်သည် မဆိုင်းမတွပင်၊ လက်မအရွယ်ရှိ ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအို အပိုင်းအစကို သူ၏မျက်ခုံးနှစ်ခုကြား နေရာသို့ တင်ထားလိုက်သည်။
ဘန်း…။
တော်ဝင်တာအို အပိုင်းအစမှ တောက်ပသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး၊ ထို့နောက် သူ၏ မျက်ခုံးကြားရှိ လေဟာနယ်ထဲသို့ တိုက်ရိုက် ပျောက်ကွယ်သွားခဲ့သည်။ ထိုနောက်၊ ချင်ယွင်၏ စိတ်ထဲတွင် ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအို အပိုင်းအစထံမှ ဉာဏ်အလင်းတန်း တစွန်းတစ ထွက်ပေါ်လာပါသည်။
“အယ်..။ ဘာတွေဖြစ်နေတာလဲ?၊ ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန်ဆန်ဆန် သန့်စင်နိုင် ရတာလဲ?" ချင်ယွင်က အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်မိသည်။
တော်ဝင်တာအို အပိုင်းအစများကို ပေါင်းစည်းနိုင်ခြင်းသည် အထက်ဖော်ပြပါ တော်ဝင် တာအို၏ ဉပဒေသများကို ချက်ချင်း နားလည်နိုင်သွားပြီဟု မဆိုလိုပါ။ ၎င်းတို့ကို သန့်စင် ရန်အတွက် အချိန်လိုအပ်ပါသည်။ ဤလုပ်ငန်းစဉ်သည် အချိန်ကြာမြင့်မည် ဖြစ်ပါသည်။ သာမန် အင်မော်တယ်ဘုရင်များသည် ထိုကဲ့သို့ လက်မအရွယ်ရှိ တော်ဝင်တာအို အပိုင်းအစကို သန့်စင်နိုင်ရန် အနည်းဆုံး အချိန်နှစ်လ လိုအပ်ပါလိမ့်မည်။
သို့သော်လည်း၊ ချင်ယွင်သည် ထိုတော်ဝင်တာအို အပိုင်းအစကို သန့်စင်ရန် အချိန် တစ်စက္ကန့်သာ ယူခဲ့ရသည်။
"ဒါက ငါ့စိတ်ဝိညာဉ်နဲ့ ကနဦးစကြာဝဠာကြားမှာ ဆက်စပ်မူရှိနေတာကြောင့်များ ဖြစ်သင့် လား?။ ငါ့အတွက် ဒီတော်ဝင်တာအို ဉပဒေသ အပိုင်းအစကို သန့်စင်ဖို့ အရမ်းကို လွယ်ကူလာခဲ့တယ်" ချင်ယွင်သည် ခဏလောက်စဉ်းစားပြီး ခန့်မှန်းကြည့်လိုက်မိသည်။
သို့သော် သူ၏စိတ်နှလုံးထဲတွင် ပြင်းထန်သော စိတ်လှုပ်ရှားမှုတစ်ခု ပေါ်လာသည်။ ဤ တော်ဝင်တာအို အပိုင်းအစကို သန့်စင်ရန် အခြားလူများသည် အချိန်အများကြီး လိုအပ်သော်လည်း သူ့အနေဖြင့် လုံးဝ မလိုအပ်တော့ပါ။ ဤနည်းအားဖြင့်၊ သူသည် တော်ဝင်တာအို အပိုင်းအစများ လုံလောက်စွာ ရရှိနိုင်သရွေ့ သူ၏တော်ဝင်တာအိုအပေါ် ထိုးထွင်းသိမြင်မှုသည် လျင်မြန်စွာ ကြီးထွားလာမည် ဖြစ်သည်။
"ဟား..၊ ဟား…၊ ကနဦးစကြဝဠာကို ဖွင့်လိုက်တာက ဒီလိုအကျိုးကျေးဇူးတွေ ရလာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ကြည့်ရတာ၊ ရှေးဟောင်းတာအိုဆရာသခင်က ငါ့ကို ဒီအတွက်ကြောင့် ကောင်းကင်ဘုံသုံးဆယ့်ခြောက်ခုနယ်မြေကိုလာဖို့ အကြံပေးခဲ့ပုံရ တယ်။" ချင်ယွင်က ဟက်ဟက်ပက်ပက် ရယ်လိုက်မောပြီး သူ၏စိတ်ထဲတွင် ဖော်မပြနိုင်လောက်အောင် ပျော်ရွှင်နေမူကို ခံစားလိုက်ရပါသည်။
"ကံမကောင်းစွာပဲ၊ ဒီတော်ဝင်တာအို ဉပဒေသ အပိုင်းအစမှာ ပါဝင်တဲ့ တော်ဝင်တာအို ဉပဒေသတွေက အလွန့်လွန် နည်းပါးလွန်းနေသေးတယ်။ ဒီလောက်နဲ့တော့၊ တော်ဝင် တာအိုနယ်ပယ်ရဲ့ ပထမအဆင့်ကို မရောက်နိုင်သေးဘူး။ ကြည့်ရတာ၊ တော်ဝင်တာအို ဉပဒေသ အပိုင်းအစတွေ ပိုမိုရရှိဖို့ လိုအပ်နေပုံပဲ။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေမိ သည်။
ထို့နောက် သူ၏ခန္ဓာကိုယ်သည် လှည့်လည်သွားလာရင်း၊ သူ ယခုလေးတင် မြင်ခဲ့ဖူးသည့် စွမ်းအင်နှင့်တူသော စွမ်းအင်သားရဲများကို စတင်ရှာဖွေတော့သည်။
ယခုအချိန်တွင် သူသည် ဤထူးဆန်းသော စွမ်းအင်သားရဲများကို ဆက်လက်ရှာဖွေပြီး၊ ၎င်းတို့၏ခန္ဓာကိုယ်မှ တော်ဝင်တာအိုဉပဒေသကို ရယူနိုင်သရွေ့၊ သူသည် တော်ဝင်တာအို ဉပဒေသများကို အလွန်လျင်မြန်စွာ ရယူနိုင်မည် ဖြစ်သည်။
သို့သော် အလွန်လျင်မြန်စွာပင်၊ ချင်ယွင်၏ စိတ်အားထက်သန်မှုသည် ချုပ်ငြိမ်းသွားခဲ့ပါ သည်။
သူသည် ကောင်းကင်ဘုံ ပထမအလွှာ၌ ဆယ်ရက်နေခဲ့ပြီး၊ သို့တိုင်၊ သူသည် ထိုကဲ့သို့သော စွမ်းအင်သားရဲ ဆယ့်နှစ်ကောင်သာ တွေ့ရှိခဲ့ရသည်။ ၎င်းတို့အထဲတွင် သုံးကောင်သာ ထိုကဲ့သို့သော တော်ဝင်တာအိုဉပဒေသ အပိုင်းအစများကို ပိုင်ဆိုင်ထားသည်။ ထို့အပြင်၊ ထိုအထဲတွင် နှစ်ကောင်သည် မီးနှင့်ရေစွမ်းရည်များ ဖြစ်ကြသည်။ ချင်ယွင်သည် ဤစွမ်းရည်နှစ်မျိုး၏ ဉပဒေသများကို မပိုင်ဆိုင်ထားသောကြောင့်၊ ၎င်းတော်ဝင်တာအို အပိုင်းအစနှစ်ခုကို လုံးဝ မသန့်စင်နိုင်ပေ။ သူသည် ၎င်းတို့ လေဟာနယ်အတွင်း ပြန့်ကျဲသွားသည်ကို ကူကယ်ရာမဲ့ စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့ပါသည်။
နောက်ဆုံးအပိုင်းအစတစ်ခုသည် လေစွမ်းရည်ဖြစ်သော်လည်း၊ ၎င်းသည် ရှေးဟောင်း ဖရိုဖရဲတော်ဝင်တာအို၏ ဥပဒေသ မဟုတ်ပြန်ပေ။ ယင်းအစား၊ ၎င်းသည် လေစွမ်းရည် လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအိုဉပဒေသ ဖြစ်နေပြန်သည်။
လေစွမ်းရည် လျှပ်တပြက်မိုင်တစ်သောင်း နိယာမသည် တော်ဝင်တာအိုနယ်ပယ်သို့ ပြောင်းလဲသွားပြီးနောက်၊ လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအိုဉပဒေသအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ လူတစ်ယောက်၏ စိတ်ဆန္ဒအတိုင်း လှုပ်ရှားလိုက်သည်နှင့်၊ ကီလိုမီတာ တစ်သန်း ဒါမှမဟုတ် ကီလိုမီတာ ဆယ်သန်းအထိပင် ချက်ခြင်းဆိုသလို ခရီး သွားနိုင်ပါသည်။ ဤတော်ဝင်တာအိုဉပဒေသသည် လေဟာနယ်တော်ဝင်တာအိုနှင့် ဆင်တူပါသည်။
လေ၏ကိုယ်ပွား နိယာမသည် တော်ဝင်တာအိုနယ်ပယ် ပြောင်းလဲသွားပြီးနောက်၊ အကန့်သတ်မဲ့အသွင်ပြောင်းခြင်း တော်ဝင်တာအိုဉပဒေသအဖြစ်သို့ ပြောင်းလဲသွားပြီး၊ မည်သည့်အသွင်ပြင်ကိုမဆို အသွင်ပြောင်းလဲနိုင်ပါသည်။ ပြောင်းလဲထားသော ကိုယ်ပွားအမျိုးအစား အားလုံးသည် အစွမ်းထက်ကြပါသည်။
နောက်ဆယ်ရက်ကြာသည်အထိ ချင်ယွင်သည် ကောင်းကင်ဘုံ၏ ပထမအလွှာတွင် သွားရောက်လှည့်ပတ်နေခဲ့သော်လည်း သူ၏ ရိတ်သိမ်းမှုက များများစားစား မရှိခဲ့ပါဘူး။
ယခုတော့ ချင်ယွင်သည် ကောင်းကင်ဘုံ ၃၆ခု နယ်မြေထဲသို့ အနှစ်တစ်ရာကြာ တစ်ကြိမ် တပည့်သုံးယောက်ကိုသာ ဝင်ခွင့်ပြုထားရသည့် အကြောင်းရင်းကို နောက်ဆုံး နားလည် လာခဲ့ပါပြီ။ ဤစွမ်းအင်သားရဲ အမျိုးအစားများသည် ဖြစ်ပေါ်ဖွဲ့စည်းရန် အချိန်ယူရပါ သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းမှာပင် စွမ်းအင်သားရဲများအားလုံးသည် သတ်ဖြတ်ခံခဲ့ရသည်။ အမှန်တကယ်ဆို၊ သူသည် အချိန်ကို ထိန်းချုပ်ထားနိုင်စွမ်း မရှိသောကြောင့်သာ၊ ထိုသို့မဟုတ်ပါက၊ ဤနေရာရှိ စွမ်းအင်သားရဲများအားလုံးသည် အမြစ်ပြတ်သည်အထိ အမဲလိုက်ခြင်း ခံရပေလိမ့်မည်။
ကောင်းကင်ဘုံ ပထမအလွှာတွင် ရိတ်သိမ်းမှုအားလုံး လုံးဝနီးပါး ကုန်ဆုံးသွားပြီးနောက်၊ ချင်ယွင်သည် ကောင်းကင်ဘုံ ဒုတိယအလွှာသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။
ဤကောင်းကင်ဘုံ ဒုတိယအလွှာသည် ကောင်းကင်ဘုံ ပထမအလွှာထက် ပိုကောင်းမည့်ပုံ မပေါ်ပါချေ။ သို့သော်၊ ယခုတစ်ကြိမ်တွင် ချင်ယွင်သည် ပစ်မှတ်တစ်ခုထားရှိကာ၊ လေစွမ်းရည် စွမ်းအင်သားရဲများကိုသာ အမဲလိုက်ခဲ့သည်။ ယင်းက သူ့အတွက် အချိန်အများကြီး သက်သာစေပါသည်။
နှစ်ဝက်ဆိုသောအချိန်သည် အလွန်လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး၊ ချင်ယွင်သည် ဆိတ်သုဉ်းခြင်း စွမ်းအင်သားရဲများကို အဆက်မပြတ် လိုက်လံရှာဖွေနေပြီး၊ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ တော်ဝင်တာအိုဉပဒေသ အပိုင်းအစများကို စုပ်ယူနေပါသည်။
ကောင်းကင်ဘုံ ပဉ္စမအလွှာတွင်၊ ချင်ယွင်သည် ကြက်ဥအရွယ် တော်ဝင်တာအို အပိုင်းအစတစ်ခုကို သန့်စင်နေခဲ့သည်။
ဘုန်း…..။
ချင်ယွင်၏ စိတ်ဝိညာဉ်မှ ပြင်းထန်သော ပြောင်းလဲမှုများ ထွက်ပေါ်လာပြီး ပြင်းထန်သော ရှေးဟောင်းဖရိုဖရဲ့ အငွေ့အသက်သည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်လာသည်။
"နောက်ဆုံးတော့၊ ငါ ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအိုရဲ့ ပထမအဆင့်ကို ရောက်ရှိခဲ့ပြီ။" ချင်ယွင်၏ မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။
လွန်ခဲ့သည့် နှစ်ဝက်အတွင်း သူသည် ဤလေစွမ်းရည် စွမ်းအင်သားရဲများကို အဆက်မပြတ် ရှာဖွေနေခဲ့သည်။ သို့သော် ပထမဆုံး ကောင်းကင်ဘုံ ငါးအလွှာတွင် စွမ်းအင်သားရဲများသည် အလွန်မင်း ရှားပါးလွန်း၏။ သူသည် ဤ ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအို အပိုင်းအစ ငါးဆယ်ကို စုပ်ယူနိုင်မှသာ ရှေးဟောင်းဖရိုဖရဲ တော်ဝင် တာအို၏ ပထမအဆင့်သို့ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။
အခြား လေစွမ်းအင် တော်ဝင်တာအို ဉပဒေသနှစ်ခုအတွက်မူ တော်ဝင်တာအို၏ ပထမအဆင့်ကို ဖြတ်ကျော်နိုင်ဖို့ ဝေးကွာနေပါသေးသည်။
"အခု ငါ တော်ဝင်တာအိုနယ်ပယ်ရဲ့ ပထမအဆင့်ကို ရောက်ရှိနေခဲ့ပြီ။ ဒါက၊ အခု ငါ အင်မော်တယ်ဘုရင်ကိုယ်ပွားကို သိပ်သည်းနိုင်ပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား?" ချင်ယွင်က သူ့ကိုယ်သူ ပြုံးလိုက်မိပါသည်။
ထိုစကားကို ပြောပြီးနောက်တွင် သူသည် မျက်လုံးများကို မှိတ်လိုက်ကာ၊ အင်မော်တယ် ဘုရင်၏ ကိုယ်ပွားကို ဖုံးကွယ်ရန်ကြိုးစားလိုက်သည်။
အင်မော်တယ်ဘုရင်ကိုယ်ပွားသည် အင်မော်တယ်ဘုရင်တစ်ယောက်၏ အမှတ် သင်္ကေတ ဖြစ်ပါသည်။ ပုံမန်အားဖြင့်၊ တော်ဝင်တာအိုနယ်ပယ်၏ ပထမအဆင့်သို့ ရောက်ရှိသော အင်မော်တယ်ဘုရင်များသာလျှင် အင်မော်တယ်ဘုရင်၏ ကိုယ်ပွားကို သိပ်သည်နိုင်ပါ သည်။ သူသည် အင်မော်တယ်ဘုရင်၏ ကိုယ်ပွားကို သိပ်သည်းနိုင်စွမ်း ရှိမရှိ ချင်ယွင် သိချင်နေမိသည်။
ဘန်း…။
ဟုတ်ပါသည်၊ ချင်ယွင်သည် အင်မော်တယ်ဘုရင်၏ ကိုယ်ပွားကို ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအို၏ ဉပဒေသများဖြင့် သိပ်သည်းရန် ကြိုးစားနေစဉ်မှာ၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ ရှေးဟောင်းဖရိုဖရဲ စွမ်းအင်အတက်အကျလှိုင်းများ ပျံ့နှံ့သွားခြင်းပင် ဖြစ်သည်။ ချင်ယွင်၏နောက်ကျောတွင် ကြီးမားသော ခန္ဓာကိုယ်ကြီးတစ်ခု သိပ်သည်း ဖြစ်ပေါ်လာသည်။ ဤခန္ဓာကိုယ်ကြီးသည် ဝေဝေဝါးဝါးသာ ဖြစ်နေသော်လည်း ရှေးဟောင်းဖရိုဖရဲစွမ်းအင်ကို ထုတ်လွှတ်နေသည်။
"အောင်မြင်ပြီကွ…" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ပျော်ရွှင်သွားသည့် အမူအရာ ပေါ်လွင်စေသည်။
လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ဖြင့်၊ အင်မော်တယ်ဘုရင်၏ ကိုယ်ပွားကို သိပ်သည်းနိုင်ခြင်းသည် သမိုင်းတစ်လျှောက် သူ ပထမဆုံး ဖြစ်နိုင်ဖွယ် ရှိပါသည်။