← Chapters

အခန်း ၈၅၅

Vol. 57 Ch. 855

အခန်း ၈၅၅

Vol. 57 Ch. 855

အခန်း (၈၅၅) နှုတ်ဆက်ပါတယ် ရန်ထန်းချန်။

ချင်ယွင်သည် သူ၏နောက်မှ အင်မော်တယ်ဘုရင်ကိုယ်ပွားကို ကြည့်လိုက်ရင်း သူ၏မျက်နှာပေါ်ရှိ ပျော်ရွှင်လန်းဆန်းနေမူက ပို၍ကြီးမားစွာ ဖြစ်ပေါ်လာပါသည်။

ယခု၊ သူသည် ရှေးဟောင်းဖရိုဖရဲတော်ဝင်တာအို၏ ပထမအဆင့်ကို နားလည်သွားခဲ့ပြီး၊ သူသည် အင်မော်တယ်ဘုရင်ကိုယ်ပွားကို အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့ပြီ။

အကယ်၍၊ သူ၏အကန့်သတ်မဲ့ အသွင်ပြောင်းခြင်း တော်ဝင်တာအိုဉပဒေသနှင့် လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအိုဉပဒေသတို့လည်း တော်ဝင်တာအိုနယ်ပယ်၏ ပထမအဆင့်သို့ ရောက်ရှိသွားသည်နှင့် ဒုတိယနှင့် တတိယ အင်မော်တယ်ဘုရင် ကိုယ်ပွားတွေကို သူ သိပ်သည်းနိုင်မည် မဟုတ်ပါလော?။

"ဆဋ္ဌမအလွှာကို ရောက်သွားဖို့ အချိန်တန်ပြီ။ ရန်ထန်းချန်က ဆဋ္ဌမအလွှာမှာ ရှိသင့်တယ်။ သူ ငါ့ကိုမြင်တဲ့အခါ သူရဲ့အမူအရာ ဘယ်လိုဖြစ်သွားမလဲ ငါ သိချင်မိတယ်။" ချင်ယွင်၏ ပါးစပ်ထောင့်က လှောင်ပြောင်သံ ထွက်ပေါ်လာပြီးနောက်၊ သူသည် ဆဋ္ဌမမြောက် ကောင်းကင်ဘုံဆီသို့ လျှောက်သွားလိုက်သည်။

ဘန်း…။

ချင်ယွင်၏ ရုပ်အသွင်သည် ဆဋ္ဌမမြောက် ကောင်းကင်ဘုံသို့ တိုက်ရိုက် ရောက်ရှိလာခဲ့ပြီး၊ သူ၏ရှေ့တွင် လွင်ပြင်ကြီးတစ်ခု ထွက်ပေါ်လာသည်။

သို့သော်၊ ဆဋ္ဌမအလွှာ ကောင်းကင်ဘုံရှိ တော်ဝင်တာအို၏ ဖိအားသည် ပထမအလွှာထက် ဆယ်ဆပို၍ ကြောက်စရာကောင်းသည်။ အကယ်၍ သူသည် တော်ဝင်တာအိုနယ်ပယ်၏ ပထမအဆင့်သို့ မဖြတ်ကျော်နိုင်ပါက၊ ချင်ယွင်သည် ဤဖိအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ သို့သော်၊ ယခုမူ ကောင်းကင်ဘုံ ဆဋ္ဌမအလွှာ၏ ဖိအားသည် သူ့အပေါ် များစွာ သက်ရောက်မှု မရှိတော့ပါချေ။

"မင်းပါလား?"

မျှော်လင့်ထားသည့်အတိုင်း၊ ချင်ယွင်သည် ဆဋ္ဌမမြောက် ကောင်းကင်ဘုံတွင် ပေါ်လာသည့် အခိုက်၌ ရန်ထန်းချန်သည် သူ့ကို ချက်ချင်းပင် ရှာဖွေတွေ့ရှိသွားခဲ့သည်။

ယခုအချိန်တွင် ရန်ထန်းချန်သည် စွမ်းအင်သားရဲတစ်ကောင်ကို သတ်ဖြတ်ပြီးစ ဖြစ်ကာ၊ သူ၏လက်ထဲတွင် လက်ဖဝါးအရွယ် တော်ဝင်တာအိုဉပဒေသ အပိုင်းအစတစ်ခုကို ကိုင်ဆောင်ထားသည်။

ရန်ထန်းချန်သည် သန့်စင်ရန်အတွက် အချိန်အတော်ကြာအောင် လိုအပ်သောကြောင့်၊ သူသည် ဤတော်ဝင်တာအိုဉပဒေသ အပိုင်းအစများကို သန့်စင်ရန် အလျင်စလို မလုပ်ဆောင်ခဲ့ပေ။ ယင်းအစား၊ သူသည် တော်ဝင်တာအိုဉပဒေသ အပိုင်းအစများ အားလုံးကို သိမ်းဆည်းရန်အတွက် တော်ဝင်တာအိုသန့်စင်ရေးပုလင်းကို အသုံးပြုခဲ့သည်။ သူတို့ ဤနယ်မြေမှ ထွက်သွားပြီးနောက်မှသာ၊ သူသည် ၎င်းတို့ကို သန့်စင်မည် ဖြစ်သည်။

တော်ဝင်တာအိုသန့်စင်ရေးပုလင်းသည် တော်ဝင်တာအိုဉပဒေသ အပိုင်းအစများကို သိမ်းဆည်းထားနိုင်သည့် ရတနာတစ်ခု ဖြစ်သည်။ ထိုကဲ့သို့ ရတနာမျိုးမရှိဘဲ၊ တော်ဝင်တာအိုဉပဒေသ အပိုင်းအစများကို ကောင်းကင်ဘုံ ၃၆ နယ်မြေမှ အပြင်သို့ ယူဆောင်သွား၍ မရပါချေ။ ရန်ထန်းချန်သည် ဤတော်ဝင်တာအိုသန့်စင်ရေးပုလင်းအား အလယ်အလတ်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းတစ်ခုနှင့် လဲလှယ်ခဲ့ရသည်။ ထို့ကြောင့်သာ၊ သူသည် ကောင်းကင်ဘုံ ၃၆ ခု နယ်မြေသို့ လာရောင်ခွင့်ရသည့် သူ၏ဤခရီးစဉ်အတွင်းမှာ တော်ဝင်တာအို အပိုင်းအစများ အများပြား ပြန်လည် ယူဆောင်သွားနိုင်ရန် လဲလှယ်ခဲ့ခြင်း ဖြစ်သည်။

ရန်ထန်းချန်သည် နှစ်ဝက်ကျော်ကြာအောင် စွမ်းအင်သားရဲများကို ဆက်တိုက် သတ်ဖြတ် ခဲ့ပြီး တော်ဝင်တာအို အပိုင်းအစများကို သိမ်းပိုက်နေခဲ့သည်။ ယခုအခါ၊ သူသည် တော်ဝင် တာအို အပိုင်းအစ ၉၉ ခုကို သူ၏ တော်ဝင်တာအိုသန့်စင်ရေး ပုလင်းထဲတွင် သိမ်းဆည်း ထားပြီးဖြစ်ကာ၊ သူ၏လက်ထဲရှိ ဤတစ်ခုသည် ရာပြည့်ဂဏန်းဖြစ်သည်။

ရန်ထန်းချန်သည် သူ၏လက်ထဲရှိ အခုတစ်ရာမြောက် တော်ဝင်တာအို အပိုင်းအစကို တော်ဝင်တာအို သန့်စင်ရေးပုလင်းထဲသို့ ထည့်လိုက်ရင်း ချင်ယွင်ကို ကြည့်ကာ မျက်မှောင် ကြုတ်သွားခဲ့သည်။

ချင်ယွင်သည် ဆဋ္ဌမအလွှာ ကောင်းကင်ဘုံ၌ ပေါ်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ ဆဋ္ဌမအလွှာ ကောင်းကင်ဘုံ၏ ဖိအားသည် သူ ခံနိုင်ရည် မရှိသည့်အရာ ဆိုသည်ကို သိထားရလိမ့်မည်။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် ကျွမ်းကျင်သူ တစ်ဦးသည် ကောင်းကင်ဘုံ ဆဋ္ဌမအလွှာတွင် ပေါ်လာနိုင်သည်ဟု သူ့ကို သေသည်အထိ ရိုက်ပြီးပြောလျှင်ပင်၊ သူ ယုံကြည်မည် မဟုတ်ပေ။

"မင်း ဒီကို ဘယ်လိုရောက်လာတာလဲ?" ရန်ထန်းချန်က ချင်ယွင်ကို ကြည့်ကာ မေးခွန်း ထုတ်လိုက်သည်။

"မင်းလိုပဲ ဒီအတိုင်း လျှောက်လာတာပေါ့။" ချင်ယွင်က အလေးနက်မထားသည့် အမူအရာ ဖြင့် ပြောလိုက်ရင်း၊ သူ၏အကြည့်က ရန်ထန်းချန်၏ လက်ထဲမှ တော်ဝင်တာအို သန့်စင်ရေးပုလင်းကို ကျရောက်သွားပြီး၊ သူ၏ပါးစပ်ထောင့်စွန်းက နားလည်ရခက်သည့် အပြုံးတစ်ခု ပေါ်လာပါသည်။

"မဖြစ်နိုင်ပါဘူး၊ မင်း ဒီနေရာမှာ လုံးဝ လမ်းမလျှောက်နိုင်ဘူး။ ဆဋ္ဌမအလွှာ ကောင်းကင်ဘုံရဲ့ ဖိအားကို မင်း ခံနိုင်ရည်ရှိဖို့၊ ဒါက လုံးဝ မဖြစ်နိုင်ပါဘူး။ ပြောစမ်း၊ မင်းမှာ တော်ဝင်တာအိုရဲ့ စွမ်းအားကို ခုခံနိုင်တဲ့ ရတနာတွေ ဘာတွေများ ရှိနေလား?" ရန်ထန်းချန်က ချင်ယွင်ကို မေးခွန်းထုတ်သည်။

သူ၏အမြင်အရဆို၊ အကယ်၍၊ ချင်ယွင်သည် တော်ဝင်တာအို၏ စွမ်းအားကို ခုခံနိုင်သော ရတနာတစ်မျိုးမျိုး ရှိမနေခဲ့ပါက၊ သူသည် ဆဋ္ဌမအလွှာ ကောင်းကင်ဘုံကို မဆိုထားနှင့်၊ ဒုတိယအလွှာ ကောင်းကင်ဘုံသို့ပင် ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။

ချင်ယွင်သည် တော်ဝင်တာအို၏ စွမ်းအားကို တွန်းလှန်နိုင်သည့် ရတနာမျိုး ပိုင်ဆိုင်ထားသည်ဟု တွေးတောရင်း၊ ရန်ထန်းချန်၏ မျက်လုံးများသည် ချက်ချင်း တောက်ပလာသည်။

သူ့တွင် တော်ဝင်တာအိုသန့်စင်ရေး ပုလင်းရှိပြီး၊ တော်ဝင်တာအို ဉပဒေသအပိုင်းအစများ စွာကို သိမ်းဆည်းထားနိုင်သော်လည်း၊ ကောင်းကင်ဘုံ ဆဋ္ဌမအလွှာ၏ စွမ်းအင် သားရဲများသည် အကန့်အသတ်ဖြင့်သာ ရှိနေခဲ့သည်။ နှစ်ဝက်လောက်ကြာအောင် အသတ်ခံရပြီးနောက် သိပ်အများကြီး မကျန်တော့ဘူး။

သတ္တမအလွှာ ကောင်းကင်ဘုံရှိ တော်ဝင်တာအို၏ စွမ်းအားသည် ပြင်းထန်လွန်းသည်။ သူ၏လက်ရှိစွမ်းအားဖြင့်ဆို၊ သူသည် အမှန်တကယ် ခုခံနိုင်စွမ်း မရှိနိုင်ပေ။ သူသည် မည်သို့လုပ်ရမည်ကို တွေးတောရင် အကျပ်ရိုက်နေခဲ့သည်။ ဤအခိုက်အတန့်တွင်၊ တစ်ယောက်ယောက်က တော်ဝင်တာအို၏ စွမ်းအားကို ခံနိုင်ရည်ရှိသော ရတနာ တစ်ပါးကို သူ့အား အမှန်တကယ် ပေးပို့လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ယင်းက စားသောက်ခါနီးမှာ၊ တစ်ယောက်ယောက်က သင့်ကို ပန်းကန်နှင့် တူတွေ ယူလာပေးခြင်းမျိုး ဖြစ်သည်။

ရန်ထန်းချန်၏ မေးခွန်းကို ကြားသောအခါ ချင်ယွင်သည် ကူကယ်ရာမဲ့ ပြုံးလိုက်မိပါသည်။

သို့သော်၊ ရန်ထန်းချန်၏ အမြင်တွင်မူ၊ သူသည် သူ၏လုပ်ဆောက်ချက်များကို ဖုံးကွယ် ထားသောကြောင့်၊ ချင်ယွင်သည် တော်ဝင်တာအို၏ စွမ်းအားကို ခုခံနိုင်သည့် ရတနာ ရှိနေသည်ဟု ပို၍ အထင်ရောက်သွားစေခဲ့သည်။

“မျိုးမစစ်ကောင်၊ မင်းရဲ့ရတနာကို လွှဲပေးမယ်ဆို၊ မင်းရဲ့အသက်ကို ငါ ချမ်းသားပေးမယ်၊ ဟုတ်ပြီးလား?" ရန်ထန်းချန်သည် ချင်ယွင်ကို ကြည့်ကာ အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

"ဒါဆို၊ မင်းလက်ထဲပုလင်းကိုရော ဘာလို့ ငါ့ကို မပေးတာလဲ?။ ငါလည်း မင်းအသက်ကို ချမ်းသားပေးမယ်လေ" ရန်ထန်းချန်၏ လက်ထဲက ပုလင်းကို ညွှန်ပြရင်း၊ ချင်ယွင်က ရန်ထန်းချန်၏ လေသံအတိုင်း တုပပြောလိုက်ပါသည်။

"အယ်?" ရန်ထန်းချန်သည် အနည်းငယ် မှင်သက်သွားရသည်။ ရှင်းရှင်းလင်းလင်း ပြောရရင်၊ သူသည် ချင်ယွင်က သူ၏ တော်ဝင်တာအိုသန့်စင်ရေးပုလင်း အကြောင်း တွေးနေမည်ဟု မမျှော်လင့်ထားပါဘူး။ ထို့ကြောင့်၊ သူသည် ချက်ချင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဟား…၊ ဟား…၊ မင်းက သေခါနီးနေပြီ။ မင်းကများ ငါ့ကို သတ်​ဖို့ ​တွေး​နေသေးတယ်။ ချာတိတ်လေး​၊ ငါ မင်းကိုသတ်​မှာ မင်း တကယ် မ​ကြောက်​ဘူး​လား?။ ငါ မင်းကို ပြောပြဦးမယ်။ တကယ်လို့၊ ငါ မင်းကို ကောင်းကင်ဘုံ ၃၆ ခုနယ်မြေထဲမှာ သတ်လိုက်မယ် ဆိုရင်၊ အင်မော်တယ်ဧကရာဇ် လျှိုထန်းက ဘာမှသိမှာမဟုတ်ဘူး။ ကောင်းကင်ဘုံ ၃၆ ခု နယ်မြေထဲက ဒီစွမ်းအင်သားရဲတွေက မင်းကို သတ်ပစ်တယ်လို့ပဲ ထင်နေလိမ့်မယ်။ ဒီတော့ မင်း သေသင့်တယ်”။

ဤစကားကို ကြားပြီးနောက် ချင်ယွင်၏ဖြစ်ပေါ်လာသော အမူအရာကို မြင်ချင်နေသည့် အလား၊ ချင်ယွင်ကို ကြည့်ရင်း ရန်ထန်းချန်၏ အမူအရာက လှောင်ပြောင်သရော်ဟန် ပေါ်လွင်နေသည်။

"ဟုတ်လား?" ချင်ယွင်က အပြုံးမပျက်ဘဲ ပြောလိုက်သည်။ သူ၏မျက်နှာပေါ်ရှိ အပြုံးမဟုတ်သော အပြုံးသည် ဗုဒ္ဓလမ်းစဉ်၏ အမိတ္တဘဘုရားနှင့် အတူတူပင်။

ချင်ယွင်၏ အမူအရာကို မြင်လိုက်ရတော့ ရန်ထန်းချန်၏ စိတ်နှလုံးသည် ချက်ချင်းပင် ခုန်သွားခဲ့သည်။ အကြောင်းတစ်ခုခုကြောင့် ချင်ယွင်၏ အပြုံးသည် အနည်းငယ် ထူးဆန်းသည်ဟု နောက်ဆုံးတွင် သူ ခံစားခဲ့ရသည်။ သူ၏ အတွေးအမြင်အရဆို၊ ချင်ယွင်၏ အမူအရာသည် ယခုအချိန်တွင် အလွန် ပြောင်းလဲသွားသင့်သည်။ သူ့ကို ဒူးထောက်ပြီး သနားညှာတာပေးရန်ပင် တောင်းပန်သင့်သည်။ ထို့နောက် သူသည် သူ၏ ရတနာကို နာခံမူရှိစွာ ပေးအပ်ပြီး၊ သူ့ကို မသတ်ရန် တောင်းပန်သင့်သည်။ အခု၊ သူသည် မည်သို့ အေးအေးဆေးဆေး နေနိုင်ရသနည်း?။

"ဟန်ဆောင်နေတာ၊ သူ ဟန်ဆောင်နေတာ ဖြစ်ရမယ်။" ရန်ထန်းချန်က သူ့ကိုယ်သူ တွေးနေမိသည်။ ချင်ယွင်သည် သူ၏ရှေ့တွင် ကျွမ်းကျင်သူ တစ်ယောက်လို ဟန်ဆောင်နေသည်ဟု သူ ခံစားမိသည်။ သူ့ကို ကြောက်ရွံ့ပြီး၊ သူ မတိုက်ခိုက်ဝံ့အောင် လုပ်ချင်နေသည်။

“မျိုးမစစ်ကောင်၊ မင်းက ငါ့ရှေ့မှာ ဟန်ဆောင်ဝံ့တယ်ပေါ့။ ငါ မင်းကို အခုပဲ သတ်ပစ်နိုင်တယ်ဆိုတာ မင်း ယုံလား?" ရန်ထန်းချန်က အေးစက်စွာ ခြိမ်းခြောက် လိုက်သည်။

"မယုံဘူး။" ချင်ယွင်က အေးအေးဆေးဆေး ခေါင်းခါပြလိုက်သည်။

"သောက်ကောင်၊ မင်းက ဟန်ဆောင်ဝံ့တုန်းပဲ။ ကောင်းပြီလေ၊ မင်းကို မြေပြင်ပေါ် ရိုက်နှက်ပြီးတဲ့အထိ စောင့်လိုက်ဦး။ အဲဒီတော့မှ မင်း ဟန်ဆောင်နိုင်သေးလား ငါ ကြည့်ဦးမယ်" ရန်ထန်းချန်၏မျက်နှာသည် ချက်ချင်းပင် အမျက်ဒေါသ ထွက်လာခဲ့ပြီး၊ အင်မော်တယ်ဘုရင်၏စွမ်းအားက ပျံ့နှံ့ထွက်လာခဲ့ပြီး၊ သူသည် ချင်ယွင်ဆီသို့ တဟုန်ထိုး ပစ်ဝင်လိုက်လေသည်။

သူသည် အင်မော်တယ်ဘုရင်၏ ကိုယ်ပွားကိုပင် မသုံးခဲ့ပါချေ။ သူ၏အမြင်အရဆို၊ အစောပိုင်း လျှို့ဝှက်ဆန်းကြယ်အင်မော်တယ်နယ်ပယ်အတွက် သူ၏ခွန်အားအားလုံးကို အသုံးပြုရန် မလိုအပ်ပါချေ။ သူသည် လက်တစ်ချောင်းတည်းဖြင့်ပင် သူ့ကို အသေ သတ်ပစ်နိုင်ပါသည်။

ချင်ယွင်သည် သူ့ဆီ ဦးတည်ပျံသန်းလာသော ရန်ထန်းချန်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။

"ငရဲကိုသွားလိုက်တော့.." ရန်ထန်းချန်၏ရုပ်အသွင်သည် ချင်ယွင်၏ရှေ့မှာ ပေါ်လာပြီး၊ သူ၏လက်ဖဝါးများကို လက်သီးဆုပ်အဖြစ် ပြောင်းကာ၊ အစွမ်းထက်သော အငွေ့အသက် နှင့်အတူ ချင်ယွင်ဆီသို့ ပစ်သွင်းလိုက်လေသည်။

ချင်ယွင်သည် ဤထိုးချက်ကြောင့် အသက်ရှင်ဖို့အခွင့်ရေး အနည်းငယ်မျှရှိဟု ရန်ထန်းချန် ယုံကြည်ခဲ့သည်။

သို့သော်၊ နောက်ဆုံးရလာဒ်က သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။

"ဘုန်း…."

ချင်ယွင်၏ လျှပ်စီးလိုမြန်ဆန်သော လက်သီးသည် အရှိန်ဟုန် ပြင်းပြင်းဖြင့် ရန်ထန်းချန်ထံ သို့ ကျရောက်သွားခဲ့ပြီး၊ သူသည် မြှားတစ်စင်းကဲ့သို့ နောက်ပြန် လွင့်ထွက်သွားခဲ့ရသည်။

"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး" နောက်ပြန် လွင့်ထွက်သွားရင်း ရန်ထန်းချန်၏ အမူအရာက မယုံကြည်နိုင်မူတွေ ပြည့်နေခဲ့ပြီး၊ ဤစကားလုံးကို သူ၏စိတ်ထဲတွင် ထပ်ခါထပ်ခါ ပြောနေမိပါသည်။

စာစဉ် (၅၇) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters