← Chapters

အခန်း ၈၅၇

Vol. 58 Ch. 857

အခန်း ၈၅၇

Vol. 58 Ch. 857

အခန်း (၈၅၇) ကျင့်ကြံခြင်း ခုန်ပျံကျော်လွှားမြင့်တက်သွားခြင်း။

ချင်ယွင်သည် ရန်ထန်းချန်ကို ဂရုမစိုက်တော့ပါ။ ယင်းအစား၊ သူသည် သူ၏လက်ထဲက တော်ဝင်တာအိုသန့်စင်ရေးပုလင်းကို စူးစိုက်ကြည့်နေသည်။

ဤတော်ဝင်တာအိုသန့်စင်ရေး ပုလင်းထဲတွင် တော်ဝင်တာအိုဉပဒေသ အပိုင်းအစ အခုတစ်ရာ ပါရှိပါသည်။ ဤအရာတွေက ရန်ထန်းချန် ​​နှစ်ဝက်ကျော်ကြာ စုဆောင်းထား သော အရာတွေဖြစ်ပါသည်။ ယခုဆိုလျှင်၊ သူသည် ချင်ယွင်အတွက် မင်္ဂလာဆောင်ဝတ်စုံ ကို အမှန်တကယ် ပြုလုပ်ပေးသလို ဖြစ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပါဘူး။ (တင်စားပြောခြင်းဖြစ်ပါသည်)။

ရန်ထန်းချန်သည် ချင်ယွင်၏ လှည့်စားခြင်းကို ခံရမှန်းသိသွားသည်နှင့် နာကြည်းဒေါသ ဖြစ်ပြီး သနားစဖွယ် အော်ဟစ်နေခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပါချေ။ အဆုံးတွင်၊ သူသည် နှစ်ဝက်ကြာအောင် ခါးသီးမူတွေကို သည်းခံပြီး၊ အခြားလူများအတွက် ခန်းဝင်ပစ္စည်းကိုပင် ပြုလုပ်ပေးခဲ့ပါသည်။

ဟုတ်ပါသည်။ ရန်ထန်းချန်ကတော့ ဤအကြောင်းတွေကို မသိခဲ့ပါဘူး။ အဘယ့်ကြောင့် ဆိုသော်၊ သူသည် လုံးဝ အသိကင်းမဲ့နေပြီ ဖြစ်သောကြောင့် ဖြစ်ပါသည်။

ချင်ယွင်သည် တော်ဝင်တာအိုသန့်စင်ရေးပုလင်းကို အသေအချာ ဖွင့်လိုက်ပါသည်။ သူသည် အကြမ်းဖျင်း ရေတွက်ကြည့်လိုက်၏။ ပုလင်းထဲ၌ လေစွမ်းရည် တော်ဝင်တာအို ဉပဒေသ အပိုင်းအစ ၃၆ ခု ရှိပြီး၊ တော်ဝင်တာအို ဉပဒေသ အပိုင်းအစ အများစုမှာ၊ လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအိုဉပဒေသ အပိုင်းအစများနှင့် အကန့်သတ်မဲ့ အသွင်ပြောင်းခြင်းတော်ဝင်တာအိုဉပဒေသများ ဖြစ်ကြပါသည်။ ယင်းကြောင့်၊ ချင်ယွင်၏ နှလုံးသားကို ချက်ခြင်းပင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်စေခဲ့ သည်။

ဤဥပဒေသ အပိုင်းအစများနှင့်ဆိုလျှင်၊ သူ၏ဥပဒေသနှစ်ရပ်သည် တော်ဝင်တာအို နယ်ပယ်၏ ပထမအဆင့်သို့ လုံးလုံးလျားလျား ဝင်ရောက်သွားနိုင်ပါသည်။ ထိုအချိန်တွင်၊ သူသည် သူ၏ အင်မော်တယ်ဘုရင်ကိုယ်ပွားကို သိပ်သည်းနိုင်မည် ဖြစ်ပါသည်။

အင်မော်တယ်ဘုရင်ကိုယ်ပွား သုံးခုကို မည်သို့မည်ပုံ သိပ်သည်းခဲ့သည့် အကြောင်းကို စဉ်းစားရင်း ချင်ယွင်သည် ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုကို ခံစားခဲ့ရသည်။ ချင်ယွင်သည် လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအိုဉပဒေသကို ထိန်းချုပ်နိုင်စွမ်း ရှိခဲ့သောကြောင့်၊ သူကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေခဲ့သည်။ ဤသည်မှာ လေဟာနယ် တော်ဝင်တာအို ဉပဒေသများ၏ နောက်တွင် ကောင်းကင်ဘုံကို အန်တုနိုင်သော ဒုတိယမြောက် ဥပဒေသ ဖြစ်ပါသည်။

ဤတော်ဝင်တာအို ဉပဒေသအပိုင်းအစ သုံးဆယ့်ခြောက်ခုအပြင်၊ အခြားအရာများသည် မြေကြီး၊ မီးနှင့် ရေတော်ဝင်တာအို ဉပဒေသ အပိုင်းအစများ ဖြစ်ကြပါသည်။

ယင်းကြောင့်၊ ချင်ယွင်သည် ကောင်းကင်ဘုံ ၃၆ ခုနယ်မြေတွင် စွမ်းရည်အားလုံး၏ တော်ဝင်တာအို ဉပဒေသအပိုင်းအစ မပါဝင်ကြောင်း ချက်ခြင်း နားလည်နိုင်စေခဲ့သည်။ ဤနေရာ၌ လေ၊ မြေ၊ မီးနှင့် ရေတို့၏ တော်ဝင်တာအို ဉပဒေသများသာ ပါရှိပါသည်။ ထို့ကြောင့်၊ ချင်ယွင်သည် လျှပ်စီးနှင့်သစ်သားဂုဏ်စွမ်းရည်တို့၏ တော်ဝင်တာအို ဉပဒေသ များကို နားလည်လိုပါက၊ ၎င်းတို့ကို သူကိုယ်တိုင် နားလည်အောင် ဆင်ခြင်ရမည် ဖြစ်ပါသည်။

ချင်ယွင်သည် ကနဦးစကြဝဠာကို ဖွင့်လှစ်လိုက်သည့်အတွက်၊ လျှပ်စီးစွမ်းရည် ကိုယ်ပွားနှင့် သစ်သားစွမ်းရည်ကိုယ်ပွားတို့၏ မူလနယ်ပယ်အပေါ် ကန့်သတ်ထားခြင်းမျိုး မရှိခဲ့ပါဘူး။ ယခုဆိုလျှင်၊ သူသည် တော်ဝင်တာအို၏ ဉပဒေသများကို နားလည်ဆင်ခြင်ပြီး အင်မော်တယ်ဘုရင်နယ်ပယ်သို့ ဖြတ်ကျော်နိုင်ပါသေးသည်။ ဤသည်မှာလည်း ချင်ယွင် ရှာဖွေတွေ့ရှိခဲ့သော အကျိုးကျေးဇူး တစ်ခုပင်ဖြစ်ပါသည်။

"ဒီလေစွမ်းရည် တော်ဝင်တာအို ဉပဒေသအပိုင်းအစတွေကို အရင်ဆုံး သန့်စင်လိုက်တာ ပိုကောင်းပါတယ်လေ။" ချင်ယွင်က သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ်ပြီးနောက်၊ သူသည် လေစွမ်းရည် တော်ဝင်တာအို ဉပဒေသအပိုင်းအစ သုံးဆယ့်ခြောက်ခုကို ထုတ်ယူပြီး၊ သူ၏ မျက်ခုံးနှစ်ခုကြားနေရာမှာ ထားလိုက်ပါသည်။

ချက်ခြင်းပင်၊ တော်ဝင်တာအို ဉပဒေသအပိုင်းအစ ၃၆ ခုသည် ချင်ယွင်၏စိတ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။ ထို့နောက်၊ ချင်ယွင်၏ စိတ်ထဲတွင် လေစွမ်းရည် တော်ဝင်တာအို ဉပဒေသအပေါ် ထိုးထွင်းသိမြင်မူ ရှိလာခဲ့ပါသည်။

ရန်ထန်းချန် စုဆောင်းထားသော တော်ဝင်တာအို ဉပဒေသအပိုင်းအစများသည် ကောင်းကင်ဘုံ၏ ဆဋ္ဌမအလွှာမှ တော်ဝင်တာအို ဉပဒေသအပိုင်းအစများ ဖြစ်ပါသည်။ အပိုင်းအစတစ်ခုစီသည် အရွယ်ရောက်ပြီလူ၏ လက်ဖဝါးအရွယ်အစား ဖြစ်သောကြောင့် ၎င်းတွင်ပါရှိသော ဥပဒေသများနှင့် အမှန်တရားများသည် ယခင်က ချင်ယွင် ပေါင်းစပ်ခဲ့သော အရာများထက် ဥပဒေသနှင့် အမှန်တရားများ များစွာပိုပါဝင်ပါသည်။

ဘန်း…။

သေချာပါသည်၊ ချင်ယွင်သည် ထိုတော်ဝင်တာအို ဉပဒေသအပိုင်းအစ အားလုံးကို သန့်စင်ပြီးသည်နှင့် ချင်ယွင်၏ အကန့်သတ်မဲ့အသွင်ပြောင်းခြင်း တော်ဝင်တာအိုဉပဒေသ နှင့်၊ လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအိုဉပဒေသတွေ အားလုံးသည် တော်ဝင်တာအို နယ်ပယ်၏ ပထမအဆင့်သို့ ဝင်ရောက်သွားခဲ့ပါပြီ။ ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအို ဉပဒေသတောင်မှ တော်တော်လေး တိုးတက်လာခဲ့ပြီး၊ တော်ဝင်တာအို နယ်ပယ်၏ ဒုတိယအဆင့်သို့ စတင်လာခဲ့ပါပြီ။

ရန်ထန်းချန်၏ အကူအညီကြောင့်၊ သူ့အား နှစ်ဝက်ကြာအချိန်ကို ချွေတာနိုင်ခဲ့ပြီး၊ ယခုလို ကြီးမားသော ရိတ်သိမ်းမှုမျိုးက ချင်ယွင်ကို တုနှိုင်းမယှဥ်သာအောင် စိတ်လှုပ်ရှားစေသည်။

ဘန်း..။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ပြီး သူ၏ရုပ်ရည်အသွင်အပြင်သည် လုံးဝ ပြောင်းသွားကာ ရန်ထန်းချန်၏ ရုပ်ရည်အသွင်အပြင်သို့ ပြောင်းလဲသွားပါတော့သည်။

ဘန်း…။

တစ်ဖန် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဧရာမနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားပြန် သည်။

ချင်ယွင်သည် ဧရာမ နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်ပြီး၊ သူ၏မျက်လုံးထဲ တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။

သူ၏ နတ်ဘုရားအသွင်ပြောင်း လျှို့ဝှက်ဆန်းကြယ်သော ပညာရပ်သည် ပုံသဏ္ဍာန် အမျိုးမျိုးသို့ ပြောင်းလဲနိုင်သော်လည်း ဤသေးငယ်သော ပညာရပ်လေးသည် အင်မော်တယ်ဘုရင် နှင့် အင်မော်တယ်ဧကရာဇ်များအပေါ်တွင် သက်ရောက်မှု မရှိတော့ ပေ။ သို့ရာတွင်၊ အကန့်သတ်မဲ့အသွင်ပြောင်းခြင်း တော်ဝင်တာအိုဉပဒေသက ကွဲပြားပ ါသည်။ ယခု သူသည် အခြားလူတစ်ဦး၏ အသွင်အပြင်သို့ ပြောင်းလဲသွားစဉ်မှာ၊ အင်မော်တယ် ဧကရာဇ်အောက် မည်သူမျှ သူ့ကို ရှာမတွေ့နိုင်တော့ပေ။

ဟုတ်ပါသည်၊ သူ၏ လက်ရှိ အကန့်သတ်မဲ့အသွင်ပြောင်းခြင်း တော်ဝင်တာအိုဉပဒေသ အပေါ် ထိုးထွင်းသိမြင်မှုအရ၊ ချင်ယွင်သည် ၎င်းကို အချိန်နှစ်နာရီသာ ထိန်းထားနိုင်ပါ သည်။ နှစ်နာရီကြာပြီးနောက်၊ သူ၏အစစ်အမှန် ခန္ဓာကိုယ်သည် ပြန်ပေါ်လာမှာ ဖြစ်ပါ သည်။

အကန့်သတ်မဲ့အသွင်ပြောင်းခြင်း တော်ဝင်တာအိုဉပဒေသသည် တော်ဝင်တာအို နယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိလာသည်နှင့် တပြိုင်နက် ၎င်းတို့သည် အချိန် ကန့်သတ်ချက်များ လုံးဝ ကင်းစင်သွားမည်ဖြစ်ကာ သာမန်အင်မော်တယ်ဧကရာဇ်များ ဆိုလျှင်၊ ၎င်းတို့အကြား ခွဲခြားရန် ခက်ခဲသွားမည် ဖြစ်ပါသည်။

ဘန်း….။

ချင်ယွင်၏ ရုပ်အသွင်သည် မူလအခြေအနေသို့ ပြန်ရောက်သွားသည်။ သူက ပြုံးပြီး သူ့ကိုယ်သူ ပြောတယ် "လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအို ဉပဒေသကို ပြန်စမ်း ကြည့်ဦးမှပဲ”။

ဘန်း..။

အတွေးတစ်ချက်ဖြင့် ချင်ယွင်၏ ရုပ်အသွင်သည် သူရှိနေသည့်နေရာမှ ပျောက်ကွယ် သွားခဲပြီး၊ နောက်အခိုက်အတန့်တွင်၊ သူသည် ကီလိုမီတာထောင်ပေါင်းများစွာ အကွာဝေး မှာ ပေါ်လာသည်။

ဝှီး…။

ထို့နောက်၊ ချင်ယွင်သည် ထိုနေရာမှ တခါမှ ထွက်ခွာသွားခြင်း မရှိသကဲ့သို့ သူ အခုနက ရပ်နေရာမှာ ပြန်ပေါ်လာသည်။

ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားခဲ့သည်။ ဤ လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအိုဉပဒေသသည် သူ၏ လျှပ်တပြက်မိုင်တစ်သောင်း နိယာမနှင့် လုံးဝ ခြားနားပါသည်။

လျှပ်တပြက်မိုင်တစ်သောင်းနိယာမသည် မိုင်တစ်သောင်းအကွာဝေးကို ချက်ချင်း ရောက်နိုင်သော်လည်း၊ အမြန်နှုန်းအရ လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအိုဉပဒေသကို မယှဉ်နိုင်သေးပါဘူး။ ထို့အပြင်၊ လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို အသုံးပြုနေစဉ်မှာ သူ၏ရှေ့တွင် အတားအဆီးများ ရှိနေပါက အသုံးမပြုနိုင်ပေ။ သို့သော်၊ လျှပ်တပြက် ခန္ဓာကိုယ် တော်ဝင်တာအိုဉပဒေသသည် လေဟာနယ်ဖြင့် ကန့်သတ်မူ မပြုလုပ်နိုင်ပေ။ အနာဂတ်တွင်၊ ချင်ယွင်သည် အဆင့်မြင့်မြင့် နားလည်နိုင်သည်နှင့်၊ သူသည် ဂြိုလ်ကမ္ဘာ များ ကြားမှာပင် ပျံသန်းနိုင်ပါလိမ့်မည်။

"ဟား၊ ဟား..၊ ဒီလျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်ဉပဒေသက တကယ်ကို အသုံးဝင်တယ်" ချင်ယွင်က တိုက်ရိုက်ပင် ပြောလိုက်သည်။

အင်မော်တယ်ကမ္ဘာ၏ လေဟာနယ်သည် သေမျိုးကမ္ဘာထက် ပိုမိုတည်ငြိမ်သောကြောင့် ချင်ယွင်၏ လေဟာနယ်သလင်းကျောက် အပိုင်းအစသည် သူ အင်မော်တယ်ကမ္ဘာသို့ ရောက်ရှိပြီးနောက် လုံးဝ အသုံးမဝင်တော့ပေ။ ယင်းက ချင်ယွင်ကို အလွန် စိတ်ပျက်သွားစေခဲ့သည်။ ယခု၊ နောက်ဆုံးတွင် သူသည် နောက်တစ်ကြိမ် တယ်လီပို့ နိုင်ခဲ့ပြီး သူ၏အရှိန်အဟုန်သည် ယခင်ကထက်ပင် ပိုမိုမြန်လာသောကြောင့် ချင်ယွင်သည် သဘာဝအတိုင်း အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။

"အကွာအဝေးက နည်းနည်း တိုလွန်းတယ်။ ကီလိုမီတာ တစ်သောင်းလောက်ပဲ တယ်လီပို့ လုပ်လို့ရတယ်။" ချင်ယွင်က ခေါင်းခါပြီး ပြောလိုက်သည်။

အင်မော်တယ်ကမ္ဘာ၏ နယ်မြေသည် အလွန်ကြီးမားကျယ်ပြန်းလွန်သည်။ ကီလိုမီတာ တစ်သောင်းသည် အလွန်တိုတောင်းသော အကွာအဝေးမျှသာ ဖြစ်ပါသည်။ ဥပမာ အားဖြင့်၊ လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအိုဉပဒေသ၏ ပြီးပြည့်စုံခြင်းအဆင့်ကို နားလည်ထိန်းချုပ်ထားသော အင်မော်တယ်ဧကရာဇ်အချို့သည် အတွေးတစ်ချက်ဖြင့် ကီလိုမီတာ ဘီလီယံပေါင်းများစွာကို တယ်လီပို့ လုပ်ဆောင်နိုင်ပါသည်။ သို့မှသာ ၎င်းတို့သည် အမှန်တကယ် စွမ်းအားကြီးမားလာမည် ဖြစ်သည်။

"နောက်ဆုံးတော့ အင်မော်တယ်ဘုရင်ကိုယ်ပွား အလှည့်ပဲ။" ချင်ယွင်က သူ့ကိုယ်သူ ပြုံးလိုက် သည်။

ဤအင်မော်တယ်ဘုရင်ကိုယ်ပွားသည် တော်ဝင်တာအိုဉပဒေသ၏ ပေါင်းစပ်မှု ဖြစ်သည်။ အင်မော်တယ်ဘုရင်ကိုယ်ပွား၏ ကောင်းချီးပေးမူများဖြင့်၊ ထိုအင်မော်တယ်ဘုရင်သည် သူ၏ခွန်အားထက် အဆများစွာ ချက်ခြင်း ပေါက်ကွဲပစ်နိုင်သည်။ အင်မော်တယ်ဘုရင် ကိုယ်ပွားများသည် တိုက်ပွဲတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေမည်မှာ သေချာပါသည်။

ထို့ကြောင့်၊ ချင်ယွင်သည် တော်ဝင်တာအို ဉပဒေသသုံးခု၏ အင်မော်တယ်ဘုရင် ကိုယ်ပွားကို သိပ်သည်းရန် ကြိုးစားကြည့်လိုခြင်း ဖြစ်သည်။

ဘန်း..။

ချင်ယွင်၏ နောက်ကျောဘက်မှ ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်၊ အင်မော်တယ်ဘုရင် ကိုယ်ပွားတစ်ခုသည် သူ၏နောက်တွင် သိပ်သည်လာပြီး၊ ဒုတိယတစ်ခုနှင့် တတိယတစ်ခုတို့ အသီးသီးဖြစ်ပေါ်လာသည်။

အင်မော်တယ်ဘုရင် ကိုယ်ပွားသုံးခုသည် ချင်ယွင်၏ နောက်ကျောဘက်တွင် ရပ်နေသော တန်ခိုးကြီး ဘုရားသုံပါးကဲ့သို့ မတူညီသော အငွေ့အသက်တွေကို ထုတ်လွှတ်လျက် ရှိနေသည်။ အင်မော်တယ်ဘုရင် ကိုယ်ပွားသုံးခု၏ ကောင်းချီးပေးမူကို ခံယူပြီးနောက် ချင်ယွင်၏ အငွေ့အသက်သည် မကြုံစဖူးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

"ဟား…၊ ဟား…၊ ဒီအင်မော်တယ်ဘုရင်ကိုယ်ပွားသုံးခုနဲ့ဆို၊ ဖင်းဂေါ့ဂ်စွမ်းအားနဲ့ ကနဦး စကြာဝဠာရဲ့ စွမ်းအင်တွေကို အသုံးမပြုရင်တောင်၊ တော်ဝင်တာအို ဒုတိယအဆင့်ရှိ အင်မော်တယ်ဘုရင်တစ်ယောက်ကို ငါ တိုက်ခိုက်နိုင်နေပြီ။ တကယ်လို့၊ ငါသာ အားလုံးကို အသုံးပြုလိုက်မယ်ဆို တော်ဝင်တာအို တတိယအဆင့်ရှိ အင်မော်တယ်ဘုရင်တောင်မှ ငါ့ရဲ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်တော့ဘူး။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် ရွှင်မြူးစွာ ပြောပြီး သူ၏နှလုံးသားက သူရဲကောင်းဆန်မှု အပြည့်ရှိနေပါသည်။

ယခုအချိန်တွင် ချင်ယွင်သည် အောင်းဖန်ကို တိုက်ခိုက်ရန် ယုံကြည်မှုအပြည့် ရှိနေသည်။

သို့သော်၊ သူ၏ပန်းတိုင်သည် ဤအရာဖြင့် အကန့်အသတ် မထားပေ။ ချင်လန်နှင့် ရှရှန်းယု တို့ပင်လျှင်၊ သူ၏ပန်းတိုင်ဟု မယူဆနိုင်ပေ။ ကနဦးစကြာဝဠာကို ပိုင်ဆိုင်ထားသူ တစ်ဦးအနေဖြင့်၊ သူသည် ကောင်းကင်ဘုံတာအိုကို ကျော်လွန်ပြီး၊ အနာဂတ်တွင် ကောင်းကင်ဘုံရှိ တန်ခိုးရှင်ဖြစ်လာရန် ရည်မှန်းထားသည်။

ဤသည်မှာ ချင်ယွင်အား ကောင်းကင်ဘုံတာအို၏ နောက်ဆုံးအကြိမ် သူ့ကို သုတ်သင် ဖယ်ရှားလိုခြင်း အကြောင်းကို အမှတ်ရစေခဲ့သည်။ ဤအရာက ချင်ယွင်၏ နှလုံးသားကို ပြင်းထန်သော ကပ်ဆိုးကြီး၏ အငွေ့အသက်ကို ပို၍ပင် ခံစားရစေခဲ့သည်။ ကောင်းကင်ဘုံ တန်ခိုးအစွမ်း၏ နောက်တစ်ကြိမ်တိုက်ခိုက်မှုသည် မည်သည့်အချိန်တွင် ဖြစ်လာမည်ကို သူ မသိသော်လည်း၊ ကောင်းကင်ဘုံ တန်ခိုးအစွမ်း၏ နောက်တစ်ကြိမ်တိုက်ခိုက်မှုသည် သူ့ကိုသတ်ပစ်ရန် သေချာပေါက် ဖြစ်လာမည်ကို သူ သိနေသည်။

"သတ္တမအလွှာကို သွားရမယ်။" ချင်ယွင်က ခိုင်မာစွာ ပြောလိုက်ပြီး၊ သူ၏နှလုံးသားက ပြင်းပြသောဆန္ဒဖြင့် တစ်ဖန်ပြန်လည် လောင်ကျွမ်းလာခဲ့သည်။

All Chapters