← Chapters

အခန်း ၈၅၈

Vol. 58 Ch. 858

အခန်း ၈၅၈

Vol. 58 Ch. 858

အခန်း (၈၅၈) မင်မော်တယ်ဧကရာဇ်မင်းမြတ် တာချင်း။

တာချင်းအင်မော်တယ်မင်းဆက်၏ အလယ်ပိုင်းပညာရှင်ဒေသ၊ အင်မော်တယ် မင်းဆက် တစ်ခုလုံး၏ အကြီးမားဆုံး တားမြစ်နယ်မြေအတွင်းရှိ ဧကရာဇ်မင်းမြတ် တာချင်း၏ နန်းတော်ကို ယခုလက်ရှိမှာ အလွန်မင်း ဂုဏ်သိက္ခာကြီးမားသော လူတစ်ဦးက သိမ်းပိုက်ထားသည်။

ဤလူသည် ခရမ်းရောင်နှင့် ခမ်းနားထည်ဝါသော အင်မော်တယ် ၀တ်စုံကို ၀တ်ဆင်ထား သည်။ သူ၏ပုံစံက အသက်ပိုင်းအရွယ် တစ်ယောက်လိုပင်။ သူက အရပ်ရှည်ပြီး၊ အစွမ်းထက်လွန်းသည်။ သူ၏အမူအရာက အေးစက်ပြီး တင်းမာသည်။ သူသည် အမျက်ဒေါသ မထွက်သော်လည်း ကြီးကျယ်ခမ်းနားမူ ရှိနေသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှ ပြင်းထန်သော အငွေ့အသက်တစ်ခု ထုတ်လွှတ်နေသောကြောင့်၊ အခြား လူတွေအနေဖြင့် သူ့ကို ထိပ်တိုက် မျက်နှာခြင်းဆိုင်ဖို့ မဝံ့ရဲကြပါဘူး။

မှန်ပါသည်။ ဤလူကတော့ တာချင်းအင်မော်တယ်မင်းဆက်တစ်ခုလုံးရှိ အသက်ရှိ အားလုံး၏ ရှင်ခြင်းသေခြင်းကို အုပ်စိုးရသည့် ဧကရာဇ်မင်း ကျင်းရှန်ဖြစ်ပါသည်။ (ဟွမ်ထန်းလုံထံ သတ်ပေးမည်ဟု ကျိန်ဆိုခဲ့သော လူတွေထဲက တစ်ဦးပါ။ အင်မော်တယ် ဧကရာဇ်တာချင်းနှင့် အတူတူပင် ဖြစ်ပါသည်။)

ကျင်းရှန်သည် အင်မော်တယ် ဧကရာဇ်မင်းမြတ်တစ်ပါး၏ အေးစက်စက် အမူအရာဖြင့် မြင့်မားသော ရာဇပလ္လင်ပေါ်တွင် ထိုင်နေကာ၊ သူ၏ မျက်လုံးများသည် အေးစက်ပြီး၊ တောက်ပနေပါသည်။

ဘန်း…။

ထိုအခိုက်အတန့်တွင်၊ စိမ်းပြာရောင် တိုက်ပွဲဝင်ဝတ်ရုံကို ၀တ်ဆင်ထားသော လူတစ်ယောက်သည် တုနှိုင်းမရအောင် ခမ်းနားထည်ဝါသော ခန်းမကြီးထဲတွင် ပေါ်လာပါသည်။

"နှုတ်ခွန်းဆက်ပါတယ် ဧကရာဇ်မင်းမြတ်။" လူငယ်လေးသည် ခန်းမထဲတွင် ပေါ်လာသည်နှင့် တပြိုင်နက် ကျင်းရှန်ဆီသို့ ဒူးတစ်ဖက်ကို တိုက်ရိုက် ထောက်ကာ နှုတ်ဆက်လိုက်ပါသည်။

"စုံစမ်းစစ်ဆေးမူက ဘယ်လိုအခြေနေရှိလဲ?။" ကျင်းရှန်က အေးစက်စွာ ပြောသည်။

"ဧကရာဇ်မင်းမြတ်ကို တင်ပြပါတယ်။ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း စုံစမ်းပြီးပြီ။ ကျွန်တော်တို့ တာချင်းအင်မော်တယ်မင်းဆက်ရဲ့ ကံကြမ္မာတွေ အဆက်မပြတ် ဆုံးရှုံးရတဲ့ အကြောင်းရင်းက နဂါးသွေးကြောကြီး ခိုးယူခံလိုက်ရတာကြောင့်ပါ။" စိမ်းပြာရောင်ဝတ် လူငယ်က တင်ပြလိုက်ပါသည်။

"နဂါးသွေးကြောကြီး ခိုးယူခံလိုက်ရတာလား?။ ငါတို့ တာချင်းအင်မော်တယ်မင်းဆက်ရဲ့ နဂါးသွေးကြောကို ဘယ်သူက ခိုးရဲတာလဲ။" ကျင်းရှန်၏ အကြည့်များသည် ချက်ချင်း စူးရှလာပြီး အင်မော်တယ် ဧကရာဇ်မင်းမြတ်တစ်ပါး၏ ကြောက်မက်ဖွယ် စွမ်းအားသည် ခန်းမတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။

ပြီးခဲ့သော တစ်နှစ်အတွင်းမှာ၊ တာချင်းအင်မော်တယ်မင်းဆက်၏ ကံကြမ္မာတစ်ခုလုံးသည် အဆက်မပြတ် ဆုတ်ယုတ်သွားခဲ့သည်။ သူသည် အရမ်းကို ဝေခွဲမရဖြစ်နေခဲ့သည်။ ဤကိစ္စကို စုံစမ်းစစ်ဆေးဖို့ သူ၏လက်အောက်ငယ်သား ရှန်ချင်းကို စေလွှတ်ခဲ့သည်။ အခု စုံစမ်းစစ်ဆေးမှု၏ ရလာဒ်ကတော့ နဂါးသွေးကြောကြီး ခိုးယူခံခဲ့ရသည်ဟု သိလာရပြီ။ ဤအရာက သူ၏နှလုံးသားထဲတွင် ဒေါသတွေ တဟုန်းဟုန်း တောက်လောင်စေခဲ့သည်။

"မပြီးသေးပါဘူး။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ရဲ့ ကောင်းကင်ယံအထက်မှာ ထွက်ပေါ်လာတဲ့ တွင်းနက်ကြီးက တကယ်တော့ မြေအောက် ကမ္ဘာခန်းမရဲ့ အကြွင်းအကျန်တစ်ယောက်ဖြစ်တဲ့ ကျန်းယန်ရဲ့ လက်ချက်ပါ။ ဒါပေမယ့် နဂါးသွေးကြောကို ခိုးယူခဲ့တဲ့လူက သူမဟုတ်ပဲ အခြားတစ်ယောက် ဖြစ်နေပါတယ်။" ရှန်ချင်းက ပြန်ဖြေသည်။

"ဘယ်သူလဲ..?" ကျင်းရှန်၏ မျက်လုံးများသည် ပြင်းထန်သော အေးစက်မှုများဖြင့် ထွက်ပေါ်လာသည်။

"နဂါးသွေးကြောကို ခိုးယူခဲ့တဲ့သူကိုတော့ ချင်ယွင်လို့ ခေါ်ပါတယ်။ သူက တော်ဝင်ချင် မင်းဆက်ရဲ့ ဧကရာဇ်မင်းမြတ် ချင်ဟန်ရဲ့ သားတော်တစ်ယောက်ပါပဲ" ရှန်ချင်းက ပြန်ဖြေသည်။

"တောက်လိုက်တဲ့ ချင်ဟန်၊ မင်းက မင်းရဲ့သားကို ငါတို့ တာချင်းအင်မော်တယ်မင်းဆက်ရဲ့ နဂါးသွေးပြန်ကြောကို ခိုးယူဖို့ တကယ်ပဲ အားပေးခဲ့တာလား?" ကျင်းရှန်၏ မျက်လုံးများ သည် ဒေါသကြီးစွာဖြင့် ချက်ချင်း တောက်ပလာသည်။

"မင်းမြတ် နားလည်မှု လွဲနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီချင်ယွင်က ချင်ဟန်ရဲ့ သားတော်ဖြစ်ပေမယ့် ချင်ဟန်က သူ့သားရဲ့ ကျင်ကြံမှုကို ဖျက်ဆီးပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က သေမျိုးကမ္ဘာထဲကို ပစ်ချခဲ့တာပါ။ ဒါကြောင့် ဒီကိစ္စကို ချင်ဟန်က အမိန့်ပေးလို့ မရပါဘူး။" ရှန်ချင်းက ရှင်းပြသည်။

"ဒါဆို၊ ဒီချင်ယွင်က သူ့ဘာသာသူ အင်မော်တယ်ကမ္ဘာကို တက်လှမ်းလာခဲ့တာပေါ့။ ဒါဆို၊ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ထဲကို ဖောက်ဝင်ပြီး နဂါးသွေးကြောကို ခိုးယူဖို့ သူ့မှာ ဘာစွမ်းရည်တွေ ရှိနေလဲ?။" ကျင်းရှန်က အေးစက်စွာ မေးလိုက်သည်။

"မှန်ပါတယ်မင်းမြတ်။ ဒီချင်ယွင်က သေမျိုးကမ္ဘာကနေ တက်လှမ်းလာခဲ့သူပါ။ ဒါပေမယ့် ဒီလူရဲ့ ကြီးထွားမှုအရှိန်ဟုန်က အရမ်းကို မြန်ဆန်လွန်းနေတယ်။ သူဟာ လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်နယ်ပယ်ရဲ့ အစောပိုင်းအဆင့်ကို ရောက်ရှိနေခဲ့ပြီး၊ ကောင်းကင် လေနတ်ဘုရားအကယ်ဒမီကိုလည်း ဝင်ရောက်နိုင်ခဲ့ပါတယ်။ သူ ဘာကြောင့် နဂါးသွေးကြောကို ခိုးယူနိုင်လဲဆိုတာကတော့၊ ဒီကိစ္စက ဧကရာဇ်မင်းမြတ်နဲ့ ပတ်သက်မူ တစ်ခုခု ရှိကောင်းရှိနိုင်ပါတယ်။" ရှန်ချင်းက ပြောသည်။

"ဒီကိစ္စက ငါနဲ့ သက်ဆိုင်နေတယ်၊ ဟုတ်လား?။ ငါနဲ့ ဘယ်လိုလုပ် ဆက်စပ်နေတာလဲ" ကျင်းရှန်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဧကရာဇ်မင်းမြတ် တစ်ယောက်ယောက်ကို မှတ်မိသေးလားလို့ ကျွန်တော် သိချင်မိပါ တယ်။" ရှန်ချင်းက မေးသည်။

"ဘယ်သူလဲ?" ကျင်းရှန်က ပြန်မေးသည်။

" “အကြီးမြတ်ဆုံးတိုက်ပွဲနတ်ဘုရား" ရှန်ချင်းက ပြန်ဖြေသည်။

"မင်းက ငါ့ဆရာ ရှေးဟောင်းတာအိုကို ဆိုလိုတာလား။" ကျင်းရှန်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။ ဤအမည်ကို မကြားခဲ့ရသည် မှာ နှစ်ပေါင်း ၁၀၀၀၀၀ နှစ်ကြာပြီဖြစ်သော်လည်း၊ ကျင်းရှန်၏ မှတ်ဉာဏ်ထဲတွင် ဆန်းသစ်နေဆဲ ဖြစ်သည်။

"မှန်ပါတယ်၊ ဧကရာဇ်မင်းမြတ်ရဲ့ဆရာ ရှေးဟောင်းတာအို ထွက်ပေါ်လာခဲ့ပြီး၊ ဒီချင်ယွင် ကလည်း ရှေးဟောင်းတာအိုရဲ့ တပည့်အသစ်တစ်ယောက်ပါ။ တစ်နည်းအားဖြင့်၊ ဒီ ချင်ယွင်ဟာ ဧကရာဇ်မင်းမြတ်ရဲ့ ဂျူနီယာညီငယ်လည်း ဖြစ်နေပါတယ်။" ရှန်ချင်းက ပြန်ဖြေတယ်။

လွန်ခဲ့သည့်နှစ်က သူသည် ချင်ယွင်၏ နောက်ခံသမိုင်းကြောင်း အပါအဝင် ကိစ္စရပ်ကြီး တစ်ခုလုံးကို စုံစမ်းစစ်ဆေးခဲ့ပြီး ဖြစ်သည်။ သေမျိုးကမ္ဘာသို့ ရောက်ရှိပြီးနောက်၊ ချင်ယွင်၏ လုပ်ဆောင်မှုများမှ လွဲ၍ သူလုပ်သမျှအရာအားလုံးသည် သူ၏ လက်ထဲတွင် ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း ဤစုံစမ်းစစ်ဆေးမှုများမှ ချင်ယွင်သည် အနည်းငယ် ထူးဆန်းနေပုံရသည်ကိုလည်း ရှန်ချင်း တွေ့ရှိခဲ့သည်။

"ဒါကြောင့်ကို။" ကျင်းရှန်၏ စူးရှသော မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားသည်။ အခုတော့ လျှိုထန်းက နဂါးသွေးကြော ခိုးယူခံရသည့်အကြောင်းကို သူ့အား အဘယ့်ကြောင့် မပြောခဲ့သလဲဆိုတာ သူ နောက်ဆုံး နားလည်သွားခဲ့ပါပြီ။ ဤအရာ အားလုံးက သူ၏ဆရာ ရှေးဟောင်းတာအိုကြောင့်ပင် ဖြစ်နေပါသည်။

"အဘိုးကြီး၊ ခင်ဗျားက မသေသေးတဲ့အပြင် အင်မော်တယ်ကမ္ဘာကို ပြန်ရောက်လာမယ်လို့ တောင် ငါ မမျှော်လင့်ထားဘူး။ တကယ်လို့၊ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ကန်တယ်ဆိုရင် အခုချိန်၊ ခင်ဗျားကြီးမှာ ရုပ်ခန္ဓာကိုယ် မရှိသေးဘူး ဟုတ်တယ်မဟုတ်လား?။" ကျင်းရှန်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။

ထိုအချိန်တုန်းက ဧကရာဇ်ယူမင်သည် ရှေးဟောင်းတာအိုကို စိန်ခေါ်ခဲ့ရသည့် အဓိက အကြောင်းရင်းမှာ သူ၏အကူအညီကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ရှေးဟောင်းတာအို၏ ရုပ်ခန္ဓာကိုယ် ပျက်စီးရခြင်းသည် အမှန်တကယ်ပင် သူတစ်ယောက်တည်းကြောင့် ဖြစ်သည်။ သို့သော်၊ စည်းတံဆိပ်ခတ်ကာ ချိတ်ပိတ်ခံထားသော ဧကရာဇ်ယူမင်မှ လွဲ၍ ရှေးဟောင်းတာအိုအပါဝင် အခြားမည်သူမျှ ဤအကြောင်းကို မသိခဲ့ကြပါ။

ရှေးဟောင်းတာအို ပြန်ရောက်လာသည့်းအကြောင်း ကြားကြားချင်း ကျင်းရှန်သည် အံ့အားသင့်သွားခဲ့သော်လည်း၊ သူ၏ရင်ထဲမှာ လှောင်ရယ်နေမိပါသည်။

နှစ်တစ်သိန်းဆိုသည်တာ အရာအားလုံးကို ပြောင်းလဲပစ်ဖို့ လုံလောက်ပါသည်။ ရှေးဟောင်းတာအိုသည် ယခင်တုန်းက “အကြီးမြတ်ဆုံးတိုက်ပွဲနတ်ဘုရား” မဟုတ်တော့ သလို၊ သူကျင်းရှန်သည်လည်း သာမန် အင်မော်တယ်ဧကရာဇ်တစ်ပါး မဟုတ်တော့ပေ။ ထို့အပြင်၊ ရှေးဟောင်းတာအို၏ ရုပ်ခန္ဓာကိုယ်သည် ယခုအချိန်တွင် ရှိမနေခဲ့ပေ။ သူသည် ဟိုတချိန်တုန်းက ထိုအဖြစ်အပျက်ကို ဖြစ်ပေါ်စေသူ အဓိကတရားခံဖြစ်သည်ကို ရှေးဟောင်းတာအို သိသွားမည်ဆိုလျှင်ပင်၊ သူ့အနေဖြင့် ဘာမျှ တတ်နိုင်မည် မဟုတ်ပါချေ။

သူ့ကိုကြောက်ရွှံ့စေသည့် တစ်ခုတည်းသော အရာကတော့ သူ၏ ဂျူနီယာညီမ လျှိုထန်း ပင် ဖြစ်သည်။

"ဧကရာဇ်မင်းမြတ်၊ ဒီချင်ယွင်ကို အသက်ရှင်သန်ခွင့် ပေးထားသင့်တယ်လို့ ကျွန်တော် မထင်ပါဘူး?။ ကျွန်တော့် လက်အောက်ငယ်သားတွေရဲ့ စုံစမ်းမှုတွေအရ၊ ဒီချင်ယွင်ဟာ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာသာ ရှိနေပေမယ့်၊ သူ့ရဲ့ခွန်အားက တော်ဝင်တာအို ပထမအဆင့်ရှိ အင်မော်တယ်ဘုရင်တွေနဲ့ ယှဉ်နေနိုင်ပြီ" အရေးအကြီးဆုံးအချက်က၊ သူဟာ လက်ရှိအဆင့်သို့ ရောက်ရှိနိုင်ရန် ဆယ်စုနှစ်တစ်ခု ကျော်သာ အချိန်ယူခဲ့ရပြီး၊ သူ၏ ကျင့်ကြံမူအရှိန်ဟုန် လျင်မြန်လွန်းနေတယ်။ သူက နောက်ထပ် ဧကရာဇ်ယူမင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။” သို့သော် ထိုအချိန်တွင် ရှန်ချင်းက ရုတ်တရက် ပြောလိုက်၏။

ထိုစကားကိုကြားတော့ ကျင်းရှန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ အစောပိုင်းက သူသည် ရှေးဟောင်းတာအို၏ ထွက်ပေါ်လာမူကိုသာ အာရုံစိုက်နေခဲ့ပြီး၊ ဤ ချင်ယွင်ကို လျစ်လျူရှုခဲ့မိသည်။ ယခု သူသည် ရှန်ချင်း၏ စကားကို ကြားလိုက်ရသဖြင့်၊ ဤချင်ယွင်သည် အမှန်တကယ် အသက်ရှင်သန်ခွင့် ရှိသင့်သူတစ်ယောက် မဟုတ်ပေ။

ဤဆယ်နှစ်ကျော်အတွင်းမှာ၊ အစစ်အမှန် အင်မော်တယ်အဆင့် တစ်ယောက်ကနေ အင်မော်တယ်ဘုရင်အဆင့်အထိ ရောက်ရှိခဲ့သည်လား?။ အတိတ်တုန်းက ဧကရာဇ်ယူမင် သည်ပင် ဤကျင့်ကြံမှုအရှိန်ဟုန်ထက် နိမ့်ကျနေပါသေးသည်။

"ဒီချင်ယွင်က တကယ်ကို အသက်ရှင်နေလို့မရဘူး။ ဒါပေမယ့် ဒီချင်ယွင်က ရှေးဟောင်း တာအိုနဲ့ လျှိုထန်းတို့ ဘေးမှာရှိနေတယ်။ ငါကိုယ်တိုင် မလှုပ်ရှားဘူးဆိုရင် သူ့ကိုသတ်ဖို့ ခက်လိမ့်မယ်။" ကျင်းရှန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဧကရာဇ်မင်းမြတ်၊ ဒီကိစ္စအတွက် စိတ်ပူနေစရာ မလိုပါဘူး။ ဒီလက်အောက်ငယ်သားက သူ့အကြောင်းကို ရှင်းရှင်းလင်းလင်း စုံစမ်းခဲ့ပါတယ်။ ဒီချင်ယွင်ဟာ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ရဲ့ ကောင်းကင်ဘုံ ၃၆ ခု နယ်မြေကို ဝင်ရောက်နေခဲ့တာ တစ်နှစ်လောက် ရှိပါပြီ။ သူ ပြန်ထွက်လာဖို့ဆို နောက်ထပ် ၃ နှစ်လောက် အထဲမှာနေဖို့ လိုအပ်ပါသေးတယ်။ ကျွန်တော်တို့က သူ့ကိုသတ်ဖို့အတွက် ကောင်းကင်ဘုံ ၃၆ ခု နယ်မြေထဲကို လူတွေ စေလွှတ်နိုင်ပါတယ်။ နောက်ပြီး၊ သူက အခုအချိန်မှာ ကောင်းကင်ဘုံ ၃၆ ခု နယ်မြေထဲမှာဆိုတော့၊ ရှေးဟောင်းတာအိုကလည်း သူ့နောက်ကနေ လိုက်သွားနိုင်မှာ မဟုတ်ပါဘူး။” ရှန်ချင်းက ပြောလိုက်သည်။

"ကောင်းတယ်၊ ဒါက တကယ်ကို သူ့ကိုသတ်ဖို့ အခွင့်ရေးကောင်းပဲ။ ကောင်းကင်ဘုံ ၃၆ ခု နယ်မြေက ရှေးဟောင်း ပျက်စီးနယ်မြေတစ်ခု ဖြစ်ပေမယ့်၊ ငါ့တပည့် လင်းဖေးက လေဟာနယ်တော်ဝင်တာအိုဉပဒေသမှာ ကျွမ်းကျင်တယ်။ တကယ်လို့၊ ငါသာ သူ့ကို ကူညီပေးဖို့ ထပ်ပြီးပြောလိုက်ရင်၊ သူ့အတွက် ကောင်းကင်ဘုံ ၃၆ ခု နယ်မြေထဲကို ဝင်ဖို့ မခက်ခဲဘူး။" ကျင်းရှန် ရယ်မောလိုက်သည်။

"သခင်လေး လင်းဖေးက လေဟာနယ်တော်ဝင်တာအိုကို တော်ဝင်တာအိုနယ်ပယ်ရဲ့ တတိယအဆင့်ကို ရောက်နေခဲ့ပြီ။ သူ့ရဲ့အစွမ်းက တော်ဝင်တာအိုအဆင့်လေးရှိ အင်မော်တယ်ဘုရင်တွေနဲ့ လုံးဝကို နှိုင်းယှဉ်နိုင်နေပြီ။ သူ့အနေနဲ့ ဒီချင်ယွင်ကို သတ်ပစ်ဖို့ က တကယ်ကို လုံလောက်နေပါပြီ။" ရှန်ချင်းက ခေါင်းညိတ်ပြီး သဘောတူသည်။

"ဟုတ်ပြီလေ၊​ ငါ အခုပဲ လင်းဖေးကို ခေါ်​လိုက်​မယ်​" ကျင်းရှန်က ပြောသည်။ ခန်းမအတွင်း ပြည့်နှက်နေသော ဖိအားတွေက တစ်ဖန် လျော့ကျသွားကာ သူ၏ခန္ဓာကိုယ်သည် ယခင်ကဲ့သို့ တည်ငြိမ်ပြီး အစွမ်းထက်သည့်အသွင်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

All Chapters