← Chapters

အခန်း ၈၅၉

Vol. 58 Ch. 859

အခန်း ၈၅၉

Vol. 58 Ch. 859

အခန်း (၈၅၉) ကောင်းကင်ဘုံ၏ အဋ္ဌမအလွှာ။

ဧကရာဇ်မင်းမြတ် တာချင်းသည် ချင်ယွင်ကို မည်သို့သတ်ရမည်နည်း? ဆိုသည့် အကြောင်းကို ဆွေးနွေးနေချိန်မှာ၊ ချင်ယွင်ကတော့ ဤအကြောင်းကို လုံးဝ သတိမထားမိခဲ့ပါဘူး။

ဤအခိုက်အတန့်တွင်၊ သူသည် ဤစွမ်းအင်သားရဲများကို သတ်ပြီး တော်ဝင်တာအို ဉပဒေသ အပိုင်းအစများကို ဝါးမျိုရခြင်း၏ ပျော်ရွှင်မှုထဲ၌ နှစ်မြှုပ်နေပြီ ဖြစ်ပါသည်။

"ဘုန်း….။"

ချင်ယွင်သည် လေဟာနယ်ထဲသို့ ပျံသန်းထွက်ပြေးတော့မည့် စွမ်းအင်သားရဲကို လက်သီးဖြင့် တိုက်ရိုက် ထိုးလိုက်ပြီး ထိုစွမ်းအင်သားရဲ၏ နောက်တွင် ကျန်ရစ်ခဲ့သော တော်ဝင်တာအို အပိုင်းတစ်ပိုင်း ကို ဝါးမြိုပစ်လိုက်သည်။

"လျှပ်တပြက်ခန္ဓာကိုယ်တော်ဝင်တာအို ဉပဒေသက အဆင့်ချိုးဖြတ်တော့မယ်။" ချင်ယွင် သည် သူ၏စိတ်ထဲတွင် ဉာဏ်အလင်းကို ခံစားမိပြီး တောက်ပသော အပြုံးကို ထုတ်ဖော် လိုက်သည်။

ကောင်းကင်ဘုံ သတ္တမအလွှာရှိ စွမ်းအင်သားရဲများသည် ယခင်ကောင်းကင်ဘုံ အလွှာများ ထက် ပိုမိုအားကောင်းသော်လည်း၊ တော်ဝင်တာအိုဉပဒေသသုံးခုစလုံးကို နားလည် ဖမ်းဆုပ်ထားပြီးဖြစ်သော ချင်ယွင်အတွက်မူ ၎င်းတို့ကို ကိုင်တွယ်ရန်အတွက် လွယ်ကူနေပြီ ဖြစ်ပါသည်။

ထို့ကြောင့်၊ ဤသုံးရက်အတွင်းမှာပင်၊ ချင်ယွင်သည် ထိုကဲ့သို့ စွမ်းအင်သားရဲ ရှစ်ဆယ် နီးပါးကို သတ်ပစ်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင်၊ သူ၏ကံသည် အလွန်ကောင်းမွန်ပြီး၊ တော်ဝင်တာအို အပိုင်းအစ ဆယ့်ခြောက်ခုကို ရရှိခဲ့ပါသည်။

ချင်ယွင်သည် တော်ဝင်တာအိုသန့်စင်ရေးပုလင်းကို ပိုင်ဆိုင်ထားသော်လည်း၊ သူသည် အခြားသော စွမ်းအင်သားရဲများကိုသတ်ဖြတ်ပြီး အချိန်မဖြုန်းလိုခဲ့ပေ။ ယင်းအစား၊ သူသည် လေစွမ်းရည်သားရဲများကိုသာ ရွေးချယ် တိုက်ခိုက်ခဲ့ပါသည်။ ထို့ကြောင့်၊ ဤတော်ဝင်တာအို အပိုင်းအစ ဆယ့်ခြောက်ခုစလုံးသည် လေစွမ်းရည် တော်ဝင်တာအို ဉပဒေသ အပိုင်းအစများ ဖြစ်ကြပါသည်။

ဤတော်ဝင်တာအို ဉပဒေသအပိုင်းအစ ဆယ့်ခြောက်ခုနှင့် ပေါင်းစည်းပြီးနောက်၊ ချင်ယွင် သည် သူ၏ ရှေးဟောင်းဖရိုဖရဲတော်ဝင်တာအိုနှင့် လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအို တို့ကို နားလည်သဘောပေါက်နိုင်စွမ်းသည် ပိုမိုရှင်းလင်းပြီး ရှင်းလင်းလာကာ၊ တော်ဝင် တာအိုနယ်ပယ်၏ ဒုတိယအဆင့်သို့ ရောက်ရှိတော့သည့် အရိပ်အယောင်များပင် တွေ့ရှိလာရပါပြီ။

ဤအရာက ချင်ယွင်ကို အလွန်ပျော်ရွှင်စေခဲ့ပြီး သူသည် ဤလေစွမ်းရည် စွမ်းအင်သားရဲများကို ပို၍ပင် သတ်ပစ်ရန် စတင်တော့သည်။

ကောင်းကင်ဘုံ၏ အလွှာများ အဆင့်တိုးလာသည်နှင့်အမျှ အတွင်း၌ရှိနေသော စွမ်းအင် သားရဲ အရေအတွက်သည် တိုးမြင့်လာသလို၊ ထိုစွမ်းအင်သားရဲများ၏ စွမ်းအားသည် လည်း အများကြီး တိုးမြင့်လာပါသည်။

သို့သော်၊ ချင်ယွင်၏ ရိတ်သိမ်းမှု အရှိန်ဟုန်သည် မြန်လွန်းသဖြင့်၊ သူသည် သတ္တမမြောက် ကောင်းကင်ဘုံရှိ လေစွမ်းရည် စွမ်းအင်သားရဲအားလုံးကို လျင်မြန်စွာ သုတ်သင်ပစ်နိုင် ခဲ့သည်။ ချင်ယွင်သည် ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအို ဉပဒေသ၏ နောက်ဆုံး အပိုင်းအစကို သန့်စင်ပြီးနောက်၊ သူ၏ ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအို ဉပဒေသသည် ဒုတိယအဆင့်သို့ ဖြတ်ကျော်ဝင်ရောက်နိုင်မည့် အလွှာတစ်ခုသာ ခြားသည့်အနေထားသို့ ရောက်ရှိလာခဲ့သည်။

အကယ်၍၊ သူသည် ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအို ဉပဒေသ အပိုင်းအစတစ်ခုနှင့် ထပ်မံပေါင်းစပ်နိုင်မည်ဆိုပါက၊ သူ၏ ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအိုသည် တော်ဝင် တာအိုနယ်ပယ်၏ ဒုတိယအဆင့်သို့ ဖြတ်ကျော်သွားနိုင်မည် ဖြစ်သည်။ ထို့ကြောင့်၊ ချင်ယွင်သည် ကောင်းကင်ဘုံ၏ အဋ္ဌမအလွှာသို့ ဦးတည်သွားရောက်ရန် တွန့်ဆိုင်းနေခြင်း မရှိတော့ချေ။

သူသည် ကောင်းကင်ဘုံ၏ အဋ္ဌမအလွှာသို့ ရောက်သွားသည်နှင့် တပြိုင်နက် ချင်ယွင်သည် ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသည်။ ယင်းက ကြီးမားသော လက်ကြီးတစ်စုံဖြင့် သူ့ကို ဖမ်းဆုပ်ကိုင်ထားသလိုဖြစ်ပြီး၊ သူသည် အသက်ပင် မရှူနိုင်တော့ပေ။

"ကောင်းကင်ဘုံ အဋ္ဌမအလွှာ ဖိအားက တကယ်ကို တိုးမြင့်လာတာပဲ။ တကယ်လို့၊ ငါသာ တော်ဝင်တာအိုနယ်ပယ်ရဲ့ ဒုတိယအဆင့်ကို မချိုးဖြတ်နိုင်ဘူးဆိုရင်၊ ကောင်းကင်ဘုံ အဋ္ဌမအလွှာက ငါ့ရဲ့ကန့်သတ်ချက်ဖြစ်လာမှာ ငါ ကြောက်မိတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်မိသည်။

သေချာပါသည်၊ တော်ဝင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်ကို ဖြတ်ကျော်ဖို့က သူ့အတွက် အရမ်း လွယ်ကူနေပါသေးသည်။ သူလုပ်ဖို့လိုအပ်သည်က သူသည် တော်ဝင်တာအို ဉပ‌ဒေသ အပိုင်းအစတစ်ခုကို သန့်စင်လိုက်ရုံပင် ဖြစ်ပါသည်။

"ဘုန်း…"

ဤအခိုက်အတန့်တွင်၊ တစ်စုံတစ်ယောက် တိုက်ခိုက်နေသကဲ့သို့ အဝေးမှ ကျယ်လောင်သော အသံတစ်ချက် ထွက်ပေါ်လာသည်။

"လီရှန်းရှန်း?"

ရန်ထန်းချန်၏ အတူယှဉ်တွဲ၍ ဝင်လာခဲ့သော အမျိုးသမီးသည် ချင်ယွင်၏ စိတ်ထဲမှာ ချက်ချင်း ပေါ်လာသည်။

သူ ကောင်းကင်ဘုံ၏ သတ္တမအလွှာသို့ မဝင်မီ၊ သူမသည် ကောင်းကင်ဘုံ၏ သတ္တမအလွှာတွင် ရှိနေမည်ဟု ချင်ယွင် ထင်ထားခဲ့သည်။ နောက်ပိုင်းတွင်၊ သူသည် သူမကို သတ္တမအလွှာ ကောင်းကင်ဘုံ၌ မတွေ့ခဲ့ရပေ။ လီရှန်းရှန်း၏ စွမ်းအားသည် မရိုးရှင်းကြောင်း ချင်ယွင် သိသည်။ သူမသည် တော်ဝင်တာအိုနယ်ပယ်၏ တတိယအဆင့် သို့ ရောက်ရှိသင့်သည်။

ဝှီး…။

ချင်ယွင်သည် လီရှန်းရှန်း၏ ဦးတည်ရာဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။ ယင်းက၊ သူသည် လီရှန်းရှန်းကို စိတ်ဝင်စားသောကြောင့် မဟုတ်ဘဲ၊ လီရှန်းရှန်းသည် ​​သူ၏ အင်မော်တယ်စိတ်အာရုံထဲတွင် ဒုက္ခရောက်နေပုံရသည်ကို ယခုလေးတင် သူ တွေ့လိုက်ရသောကြောင့် ဖြစ်ပါသည်။

ချင်ယွင်သည် သူမနှင့် မရင်းနှီးသော်လည်း သူမသည် ကောင်းကင်ဘုံ ကျောက်စိမ်း ရေကန်၏ တပည့်တစ်ဦးဖြစ်နေဆဲ ဖြစ်သည်။

ချင်ယွင်သည် အင်မော်တယ်ဧကရာဇ် လျှိုထန်း၏ ဂျူနီယာမောင်လေး ဖြစ်သောကြောင့် လျှိုထန်း၏ ဂိုဏ်းဝင်တပည့်များ အန္တရာယ်ကြုံတွေ့ရစဉ်မှာ၊ သူသည် သဘာဝအတိုင်း ကူကယ်ရာမဲ့ မနေနိုင်ခဲ့ပေ။

ချင်ယွင်သည် လျှပ်တပြက်ခန္ဓာကိုယ်တော်ဝင်တာအို ဉပဒေသကို အသုံးပြုခဲ့ပြီး၊ လီရှန်းရှန်းနှင့် မနီးမဝေးတွင်ရှိနေသော ခန္ဓာကိုယ်သုံးခုအနီးမှာ ချက်ချင်း ပေါ်လာခဲ့သည်။ နောက်ပိုင်း၊ သူမြင်လိုက်ရသောမြင်ကွင်းက သူ့ကို အံ့အားသင့်စေခဲ့သည်။

စွမ်းအင်သားရဲသုံးကောင်သည် ဤလီရှန်းရှန်းကို ရန်ဆိုင်ရန် အမှန်တကယ် လက်တွဲ တိုက်ခိုက်နေကြသည်။ ထို့အပြင်၊ စွမ်းအင်သားရဲတစ်ကောင်ချင်းစီ၏ စွမ်းအားသည် အမှန်တကယ် ထူးထူးခြားခြား ဖြစ်နေသည်။ ၎င်းသည် တော်ဝင်တာအို တတိယအဆင့်ရှိ အင်မော်တယ်ဘုရင် ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။

ယခုအခါတွင် စွမ်းအင်သားရဲသုံးကောင်သည် အတူတူပူးပေါင်း၍ တိုက်ခိုက်နေသော ကြောင့် ၎င်းတို့သည် အလွန် အစွမ်းထက်သည်။ လီရှန်းရှန်းပင် ခံနိုင်ရည် မရှိခဲ့ပေ။

"ဘုန်း…."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စွမ်းအင်သားရဲတစ်ကောင်က လက်သည်းဖြင့် ရိုက်ချပြီး မြေပြင်ပေါ်တွင် လျှိုကြီးတစ်ခုဖြစ်လာသည်အထိ ဆုတ်ဖြဲပစ်လိုက်သည်။

လီရှန်းရှန်းသည် ဤတိုက်ခိုက်မှုကို အသည်းအသန် ရှောင်တိမ်းလိုက်ပြီး၊ သူမ၏ရုပ်အသွင် သည် အဝေးတွင် လွင့်မျောသွားကာ၊ မြင်ရသည့်မြင်ကွင်းက အသက်ရှုပင် ကြပ်လာရ သည်။

မူလက သူမသည် ရေစွမ်းရည် စွမ်းအင်သားရဲတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပြီး။ ထို့ကြောင့် သူမသည် တော်ဝင်တာအို အပိုင်းအစတစ်ခုကို ရရှိနိုင်မလားဆိုသည့် ရည်ရွယ်ချက်ဖြင့် ထိုစွမ်းအင်သားရဲကို အမဲလိုက်ခဲ့သည်။ သို့သော်လည်း သူမ တိုက်ခိုက်တော့မည့် အချိန်မှာ ပင် နောက်ထပ် စွမ်းအင်သားရဲနှစ်ကောင်သည် အနီးနားရှိ လေဟာနယ်ထဲမှ တွားသွား ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ဤစွမ်းအင်သားရဲသုံးကောင်သည် သူမကို ကိုင်တွယ်ရန် အမှန်တကယ်ပင် အတူတကွ ပူးပေါင်းခဲ့သည်။

သူမသည် ဤစွမ်းအင်သားရဲသုံးကောင်နှင့် သုံးရက်နီးပါး လှည့်ပတ်သွားလာကာ တိုက်ခိုက်နေခဲ့ပြီး၊ ယခုအခါ သူမ၏ခန္ဓာကိုယ်ရှိ အင်မော်တယ်အနှစ်သာရသည် နည်းပါးလာသည့် လက္ခဏာများ စတင်ပြသနေပြီ ဖြစ်သည်။

လီရှန်းရှန်းသည် ဤတိုက်ပွဲကို ရပ်တန့်ရန် မစဉ်းစားခဲ့ခြင်းမျိုး မဟုတ်သော်လည်း၊ ဤစွမ်းအင်သားရဲသုံးကောင်သည် ဉာဏ်ရည်ဉာဏ်သွေး ရှိနေပုံရပြီး၊ ၎င်းတို့သည် အလွန် လိမ္မာပါးနပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ သူတို့သည် လီရှန်းရှန်းကို ထွက်ပြေး လွတ်မြောက်သွားစေရန် အခွင့်အရေးမျိုး လုံးဝ မပေးခဲ့ပေ။

လီရှန်းရှန်းသည် သူမ၏လက်ထဲတွင် တောက်ပပြီး ထွင်းဖောက်မြင်နိုင်သော လှံတစ်ချောင်းကို ကိုင်ထားသည်။ သူမ၏ ခန္ဓာကိုယ်သည် ပြင်းထန်သော အအေးစွမ်းအင် ကို ထုတ်လွှတ်နေသည်။ သူမ၏ ၀တ်ရုံများသည် လေထဲတွင် ယိမ်းနွဲ့လှုပ်ရှားနေကာ၊ သူမအား ဖော်မပြနိုင်သော ရဲရင့်မှုနှင့်အတူ သူရဲကောင်းဆန်သည့် အသွင်အပြင်မျိုးကို ပေးစွမ်းသည်။

ဘန်း..။

သို့သော် ဤအခိုက်အတန့်တွင် လီရှန်းရှန်း၏ ရှေ့မှောက်ရှိ လေဟာနယ်ထဲမှ ထူးဆန်းသော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး၊ ပြင်းထန်သော ရှေးဟောင်းဖရိုဖရဲ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ထို့နောက်တွင်၊ ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းဖရိုဖရဲ အငွေ့အသက် အတက်အကျ လှိုင်းများနှင့်အတူ ကြီးမားသော လက်သည်းကြီးတစ်ဖက်သည် လီရှန်းရှန်းဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။

လီရှန်းရှန်းသည် သူမလက်ထဲရှိ ရေခဲလှံကို အလျင်အမြန် ဝှေ့ယမ်းကာ ဧရာမလက်သည်း ဆီသို့ ပြင်းထန်စွာ ရိုက်နှက်လိုက်ရင်း သူမ၏ အမူအရာက ပြောင်းလဲသွားသည်။

"ဘုန်း….။"

လီရှန်းရှန်း၏ လက်ထဲမှလှံသည် ဧရာမလက်သည်းနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။ ကြောက်မက်ဖွယ် စွမ်းအားနှစ်ခုက ချက်ချင်း ပျံ့နှံ့သွားပြီး လေစွမ်းရည် စွမ်းအင်သားရဲ၏ လက်သည်းကြီးသည် လီရှန်းရှန်း၏ တွန်းထုတ်ခြင်း ခံလိုက်ရသည်။

ဘန်း…။

သို့သော်လည်း၊ လီရှန်းရှန်းသည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချတော့မည့် အချိန်မှာ လီရှန်းရှင်း၏ နောက်ကွယ်မှ ကြီးမားသော အသွင်အပြင်ကြီးတစ်ခု ပေါ်လာ သည်။ ၎င်း၏ အနှိုင်းမဲ့ ချွန်ထက်သော လက်သည်းကြီးသည် လီရှန်းကျန်း၏ နောက်ကျောပြင်ကို ပြင်းထန်စွာ ရိုက်လိုက်လေသည်။

အကယ်၍၊ ဤမျှကြီးမားသော စွမ်းအားသည် လီရှန်းရှန်းကိုသာ ထိမှန်သွားမည်ဆိုလျှင်၊ သူမသည် မသေလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရသွားနိုင်ပေလိမ့်မည်။

လီရှန်းရှန်းသည် သူမ၏ နောက်ကွယ်မှ ကြီးမားသော စွမ်းအင်အတက်အကျလှိုင်းကို သတိပြုမိပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။ ကြီးမားသော သားရဲလက်သည်းကြီးသည် သူမအား ရိုက်နှက်ရန် နီးကပ်လာသည်ကို သူမ တွေ့လိုက်ရသောအခါ၊ သူမ၏ လှပသော မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားခဲ့သည်။

"ငါ သေရတော့မှာလား?။" လီရှန်းရှန်းသည် သူမ၏ မျက်လုံးများရှေ့တွင် ကြီးမားသထက် ကြီးမားလာသော အသွင်အပြင်ကြီးကို ကြည့်ရင်း သူမကိုယ်သူမ ရေရွတ်လိုက်သည်။ သူမ၏ နှလုံးသားထဲတွင် စိတ်ပျက်အားငယ်မှုတစ်ခု တိုးဝင်လာခဲ့သည်။

"ဘုန်း…။"

သို့သော်လည်း၊ လီရှန်းရှန်း သေတော့မည့်အခိုက်တန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီးနောက်၊ ပြင်းထန်သော လေပြင်းတစ်ချက် ရိုက်ခတ် သွားခဲ့သည်။

လီရှန်းရှန်းသည် မျက်လုံးပြူးပြီး ရှေ့ကို လှမ်းကြည့်လိုက်သည်။

မူလက သူမကို တိုက်ခိုက်ခဲ့သော စွမ်းအင်သားရဲသည် ယခုအချိန်တွင် ရုတ်တရက် ပေါက်ကွဲသွားသည်။ ပေါက်ကွဲမှုမှ ဖန်တီးဖြစ်ပေါ်လာသော စွမ်းအင်မုန်တိုင်းက သူမ၏ မျက်နှာကို ချက်ချင်း ရိုက်ခတ်သွားသည်။

လီရှန်းရှန်းသည် ပဟေဠိဖြစ်နေစဉ်မှာ သွယ်လျသော အသွင်အပြင်တစ်ခုသည် စွမ်းအင် မုန်တိုင်းကြားမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ လီရှန်းရှန်းသည် ဤအသွင်အပြင်၏ မျက်နှာကို မြင်လိုက်သောအခါတွင်၊ သူမ၏မျက်နှာသည် အလွန်အံ့သြသွားသည့် အမူအရာတစ်ခု ပေါ်လာပါသည်။ သူမက ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်ပြီး ပြောလိုက် သည် "နင်.., ဘယ်လိုလုပ် နင်ဖြစ်နေရတာလဲ?"

"မင်းက အခြားဘယ်သူလို့ ထင်ထားလို့လဲ?" ချင်ယွင်က တဟားဟား ရယ်မောလိုက် သည်။

ထို့နောက်၊ ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ ထို့နောက်တွင် သူ၏ရုပ်အသွင်သည် ချက်ချင်းပင်၊ သူရှိရာနေရာမှ ပျောက်ကွယ်သွားကာ ၊ သူ ပြန်ပေါ်လာချိန်မှာ လီရှန်းရှန်း၏ နောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဘုန်း…”

နောက်ထပ် လက်သီးတစ်ချက် ထိုးနှက်လိုက်သည်နှင့်၊ လီရှန်းရှန်းကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် ပြင်ဆင်နေသော စွမ်းအင်သားရဲ နောက်တစ်ကောင်သည် ချင်ယွင်၏ လက်သီးအောက်တွင် လုံးဝ ပေါက်ကွဲသွားရသည်။

All Chapters