← Chapters

အခန်း ၈၆၀

Vol. 58 Ch. 860

အခန်း ၈၆၀

Vol. 58 Ch. 860

အခန်း (၈၆၀) တော်ဝင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်။

"ဘုန်း…။"

လေစွမ်းရည် စွမ်းအင်သားရဲသည် လုံးဝ ပေါက်ကွဲသွားပြီး၊ ရှေးဟောင်းဖရိုဖရဲ တော်ဝင် တာအို ဉပဒေသအပိုင်းအစတစ်ခုသည် ချင်ယွင်၏ ရှေ့တွင် ပေါ်လာသည်။

လီရှန်းရှန်း လှည့်ကြည့်လိုက်စဉ် ဤမြင်ကွင်းကို မြင်လိုက်ရတော့၊ သူမ၏မျက်လုံးတွေက နှိုင်းစာ၍မရအောင် ထိတ်လန့်တုန်လှုပ်နေသော အမူအရာ ပေါ်လွင်လွန်း၏။

သူမကို သုံးရက်ကြာ လိုက်လံတိုက်ခိုက်နေသော စွမ်းအင်သားရဲများသည် ချင်ယွင် ဤနေရာသို့ ရောက်ရှိလာပြီးနောက်၊ လက်သီးတစ်ချက်နှင့် တိုက်ရိုက် ပေါက်ကွဲ သွားသည်အထိ မည်သို့ အလွန်အားနည်းသွားရပါသနည်း?။ သူသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့်တွင် ရှိနေဆဲ မဟုတ်ပါလော?။ သူကရော အဘယ့်ကြောင့် ဤနေရာကို ရောက်လာရသနည်း?။ ပြီးတော့၊ အဘယ့်ကြောင့် အလွန် အစွမ်းထက်လာရသနည်း?။

လီရှန်းရှန်း၏ သံသယများသည် သူမ၏နှလုံးသားထဲတွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ သည်။ ချင်ယွင်၏ မြင့်မားသော အသွင်အပြင်ကို ကြည့်လိုက်ရင်း သူမ၏ မျက်လုံးများသည် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

တကယ်တော့ ချင်ယွင်၏လက်သီးချက်ကလည်း မလွယ်ကူပါဘူး။ ၎င်းလက်သီးချက်သည် ရိုးရှင်းပုံပေါက်သော်လည်း ထိုလက်သီးချက်တွင် ဖင်းဂေါ့ဂ်စွမ်းအားနှင့် ကနဦးစကြာဝဠာ စွမ်းအားနှစ်ခု ပါရှိပါသည်။ ဤစွမ်းအားနှစ်ခုကို ပေါင်းစပ်လိုက်သောအခါ၊ သဘာဝအတိုင်း သာမန် တော်ဝင်တာအို တတိယအဆင့်ရှိ အင်မော်တယ်ဘုရင်များ ဆန့်ကျင်နိုင်သည့် စွမ်းအားမဟုတ်တော့ပေ။ ထို့ကြောင့် ဤဧရာမစွမ်းအင်သားရဲကြီးများသည် ချင်ယွင်၏ ရှေ့တွင် အလွန်အားနည်းနေပုံရပါသည်။

ဝှီး..။

အကွာအဝေးမှာ စွမ်းအင်သားရဲတစ်ကောင်သည် ချင်ယွင်က သူ၏အဖော်ကို လက်သီး တစ်ချက်ဖြင့် သတ်ဖြတ်လိုက်သည်ကို မြင်သောအခါ ၎င်း၏မျက်လုံးများသည် ကြောက်ရွံ့မှု အသွင်အပြင်ကို ထင်ရှားစေသည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်သည် မြေကြီးထဲသို့ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်လုံးများသည် အံ့အားသင့်ဟန် အမူအရာ ပေါ်လွင်ထင်ရှားနေသည်။

ဤစွမ်းအင်သားရဲများသည် ဉာဏ်ရည်ဉာဏ်သွေးကို စတင်ပိုင်ဆိုင်နေပြီဟု မူလကတည်း က သူသံသယရှိခဲ့သော်လည်း၊ ယခုမြင်လိုက်ရသည့် မြင်ကွင်းက သူ၏စိတ်ထဲတွင် ပို၍ပင် သေချာသွားစေခဲ့သည်။

သို့သော်၊ ၎င်းသားရဲ၏ခ န္ဓာကိုယ်ထဲတွင် တော်ဝင်တာအို ဉပဒေသအပိုင်းအစတစ်ခု ရှိနေ သော်လည်း သူသည် ထိုစွမ်းအင်သားရဲနောက်ကို လိုက်မသွားခဲ့ပေ။ အဘယ့်ကြောင့်ဆို သော်၊ ၎င်းသည် မြေစွမ်းရည် ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ၎င်းသည် သူ့အတွက် လုံးဝ အသုံးမဝင်ပါဘူး။ သူ့အတွက် အမှန်တကယ် အသုံးဝင်သော တစ်ခုတည်းသောအရာမှာ ဤရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအို ဉပဒေသအပိုင်းအစပင် ဖြစ်ပါသည်။

ထို့ကြောင့် ချင်ယွင်သည် တိုက်ရိုက်လျှောက်လာပြီး၊ ရှေးဟောင်းဖရိုဖရဲတော်ဝင်တာအို ဉပဒေသအပိုင်းအစကို သူ၏လက်ထဲတွင် ဆုပ်ကိုင်လိုက်သည်။ ထို့နောက်၊ သူသည် ၎င်းကို သူ၏မျက်ခုံးကြားကို ဖိနှိပ်ကာ တိုက်ရိုက် သန့်စင်လိုသည်။ သို့သော်လည်း၊ ချင်ယွင် လက်ကို မြှောက်လိုက်စဉ်မှာ လီရှန်းရှန်း၏ အသံက သူ၏နားထဲတွင် ထွက်ပေါ်လာသည်။

"နင် ရန်ထန်းချန်ကို သတ်လိုက်တာလား?။"

လီရှန်းရှန်းသည် အလွန်မင်း ဖြတ်ထိုးဉာဏ်ကောင်းသော အမျိုးသမီးတစ်ဦး ဖြစ်သော ကြောင့် သူမသည် အရာအားလုံးကို လျင်မြန်စွာ နားလည်နိုင်ခဲ့သည်။ သူမ ရန်ထန်းချန်ကို မလှုပ်ရှားရန် တားမြစ်စဉ်တုန်းက ချင်ယွင်သည် စိတ်ပျက်သွားသည့် အမူအရာ ထုတ်ပြရခြင်းကိုအကြောင်းကို နောက်ဆုံးတွင် သူမ နားလည်သွားခဲ့ပြီ။ အဘယ့်ကြောင့် ဆိုသော်၊ သူသည် ရန်ထန်းချန်ကို လုံးဝ မကြောက်သောကြောင့် ဖြစ်ပါသည်။

"ဟုတ်​တယ်၊​ သူက ငါ့ကို ရတနာတွေကို လိုနေချင်​တယ်​။ သူ ငါ့ကို လာတိုက်​ခိုက်ချိန်မှာ၊ ငါ​ သူ့ကို မတော်တဆ သတ်လိုက်မိသွားမယ်​" ချင်ယွင်က ပြောသည်။

ယခုအချိန်မှာ၊ အကယ်၍ ရန်ထန်းချန်သာ ထိုစကားကို ကြားမည်ဆိုရင်၊ သူသည် ခုန်ထွက်လာပြီး၊ ချင်ယွင်ကို လက်ညှိုးကောက်ကောက်ထိုးကာ "မင်းက ငါ့ကို မတော်တဆ သတ်လိုက်မိတာ။ ဒီစကားက ဘာကိုဆိုလိုတာလဲ?။ မင်းက ငါ့ကို တမင်တကာ မျှားခေါ်နေတာလေ။ ဒါတွေအားလုံးကို မင်း ကြိုတင်စီစဉ်ထားလေ" ဟု ကျိန်ဆဲပေရော့မည်။

ဟုတ်ပါသည်၊ ရန်ထန်းချန်တစ်ယောက် ဤစကားတွေကို သဘာဝအတိုင်း မကြားနိုင် တော့ပါဘူး။ အဘယ့်ကြောင့်ဆို၊ အခုချိန်မှာ သူသည် လုံးဝ သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။

လီရှန်းရှန်းသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤအဖြေကို သူမ မျှော်လင့်ထားသော်လည်း၊ လက်ခံဖို့ ခက်နေတုန်းပင်။

"မင်းက သူ့အတွက် လက်စားချေချင်လို့လား?။" ချင်ယွင်က ရယ်မောကာ မေးလိုက်သည်။

လီရှန်းရှန်းက ခေါင်းခါပြလိုက်သည်။ သူမနှင့် ရန်ထန်းချန်တို့သည် တူညီသော ဂိုဏ်းတစ်ခုတည်းမှ ဖြစ်သော်လည်း နက်ရှိုင်းသော ခင်မင်ရင်းနှီးမှုမျိုး မရှိခဲ့ပေ။ ထို့အပြင်၊ ချင်ယွင်သည် သူမကို ယခုလေးတင် ကယ်တင်ခဲ့သည်။ အကယ်၍၊ သူမသည် ချင်ယွင်ကို တိုက်ခိုက်မည်ဆိုပါက၊ သူမသည် သူ၏ ကြင်နာမှုကို လက်စားချေခြင်းဖြင့် ပေးဆပ်ရာ ရောက်သွားမည် မဟုတ်ပါလော့?။

"ငါ့အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်" လီရှန်းရှန်းက ချင်ယွင်အား ကျေးဇူးတင်စကား ပြောကြားလိုက်သည်။

ချင်ယွင်က သူ၏လက်ကို ဂရုမစိုက်ဟန်ဖြင့် ပေါ့ပေါ့ဆဆ ဝှေ့ယမ်းပြလိုက်သည်။ လီရှန်းရှန်းကို ကယ်တင်ပေးခြင်းက သူ့အတွက် အဖြူထည်သက်သက်သာ ဖြစ်သည်။ သူသည် လီရှန်းရှန်းအထံမှ မည်သည့်ကျေးဇူးတရားမှ မလိုအပ်ပါဘူး။

ထို့နောက် ချင်ယွင်သည် သူ၏လက်ထဲရှိ ရှေးဟောင်းဖရိုဖရဲတော်ဝင်တာအို ဉပဒေသ အပိုင်းအစကို သူ၏စိတ်ထဲသို့ ပေါင်းထည့်ရန် ကြိုးစားလိုက်သည်။

ထိုမြင်ကွင်းကို မြင်တော့ လီရှန်းရှန်း၏ မျက်လုံးတွေက အံ့သြသွားသည့် အရိပ်အယောင် တွေ ပေါ်လာပါသည်။

'"ဖြစ်နိုင်တာက၊ သူက အခုပဲ တော်ဝင်တာအို ဉပဒေသအပိုင်းအစကို ပေါင်းချင်နေတာများ လား?။ ဒါကို အပြီးအပိုင် သန့်စင်ဖို့ဆို သုံးလလောက် အချိန်ယူရလိမ့်မယ်။ နောက်ပြီး ဒါကို သန့်စင်တဲ့အခါမှာလည်း စိတ်အနှောင့်အယှက် အဖြစ်ခံလို့ မရဘူး။ သူက လုံခြုံတဲ့နေရာ တစ်ခုကို အရင်ရှာပြီးမှ ဖြည်းဖြည်းချင်း သန့်စင်သင့်တယ်။ သူက ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ သန့်စင်နိုင်ရတာလဲ?။ တကယ်လို့၊ တခြားစွမ်းအင်သားရဲတွေ ရောက်လာရင်၊ ဘယ်လိုလုပ်မလဲ?။ လီရှန်းရှန်းသည် သူမကိုယ်သူမ တွေးနေမိသည်။ သူမသည် ချင်ယွင် ကို သတိပေးရန် သူမပါးစပ်ကို ဖွင့်ဟထားသော်လည်း၊ ချင်ယွင်သည် တော်ဝင်တာအို ဉပဒေသ အပိုင်းအစကို သူ၏စိတ်ထဲတွင် ပေါင်းစပ်ထားပြီးဖြစ်ကြောင်း သူမ တွေ့ရှိလိုက်ရသည်။

"မေ့လိုက်ပါလေ၊ ငါဒီမှာနေပြီး သူ့ကို သုံးလလောက် စောင့်ရှောက်ပေးမယ်။ ဒါက ငါ့အသက်ကို ကယ်တင်ပေးတဲ့ သူ့ကျေးဇူးကို ပြန်ဆပ်တယ်လို့ ယူဆလို့ရပါတယ်လေ။" လီရှန်းရှန်းသည် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး၊ ချင်ယွင် တော်ဝင်တာအို ဉပဒေသ အပိုင်းအစကို သန့်စင်၍မပြီးမချင်း ဒီမှာနေဖို့ ဆုံးဖြတ်လိုက်သည်။

ဘန်း…။

သို့သော်လည်း လီရှန်းရှန်းသည် သူမစိတ်ထဲတွင် ကြံစည်နေချိန်မှာပင်၊ ပြင်းထန်သော ရှေးဟောင်းဖရိုဖရဲ အတက်အကျလှိုင်းတွေ ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင် လေဟာနယ်သည်ပင် ဤကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက် ကြောင့် လွှမ်းမိုးမှုဒဏ် ခံနေရပုံရပေါ်ပြီး၊ အလွန်သိပ်သည်းသော ရှေးဟောင်းဖရိုဖရဲ အငွေ့အသက်များဖြင့် ပြည့်နေခဲ့သည်။

"အယ်…၊ ဒါက အဆင်းချိုးဖြတ်မှုတစ်ခုလား?။" လီရှန်းရှန်းသည် ဤအငွေ့အသက် အတက်အကျလှိုင်းကို သတိပြုမိပြီး သူမ၏မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအရာက ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။

တချိန်တည်းမှာပင်၊ သူမသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ တော်ဝင်တာအို ဉပဒေသအပိုင်းအစတွေနှင့် ပေါင်းစပ်ရုံမျှဖြင့် သူသည် အဘယ်ကြောင့် တိုက်ရိုက် အဆင့် ချိုးဖြတ်သွားခဲ့ရသနည်း?။ ယခုလိုအချိန်တိုလေးအတွင်းမှာ သူသည် မည်သည့် ဉပဒေသကိုမှ နားလည်ဆင်ခြင်နိုင်စွမ်း မရှိသင့်သေးဘူး မဟုတ်လား?။

ချင်ယွင်သည် လီရှန်းရှန်း၏ ပဟေဠိဆန်သော အကြည့်ကို လျစ်လျူရှုလိုက်သည်။ ဤအခိုက်အတန့်တွင်၊ သူသည် ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအို ဉပဒေသတွင် အဆင့်ချိုးဖြတ်နိုင်မူကြောင့် သူ့ထံသို့ ယူဆောင်ပေးလာသော အပြောင်းအလဲများကို ခံစားလာရသည်။

"ဘုန်း…."

ချင်ယွင်၏ နောက်ကွယ်တွင် ကြီးမားသော ဧရာမရုပ်အသွင်ကြီးတစ်ခု ပေါ်လာပါသည်။ ၎င်းသည် မနှိုင်းယှဉ်နိုင်လောက်အောင်ပင် မြင့်မားပြီး၊ အစွမ်းထက်သော စွမ်းအားဖြင့် ပြည့်နှက်နေကာ၊ သူ၏ မူလက ဝေဝေဝါးဝါးရုပ်အသွင်သည် ပို၍ပင် ကြည်လင်ပြတ်သား လာခဲ့သည်။

"အင်မော်တယ်ဘုရင်ကိုယ်ပွားလား?။ ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအိုဉပဒေသရဲ့ ဒုတိယအဆင့်လား..?" ဤမြင်ကွင်းကို မြင်လိုက်ရတော့ လီရှန်းရှန်း၏ ပဟေဋ္ဌိဆန်သော မျက်လုံးတွေက ပိုလို့တောင် ဇဝေဇဝါ ဖြစ်သွားရပြန်ပါပြီ။

အကယ်၍၊ ချင်ယွင်သည် တော်ဝင်တာအိုနယ်ပယ်၏ စတုတ္ထအဆင့်သို့ ချိုးဖျက်နိုင်ခဲ့ပါက သူမသည် အလွန်ထိတ်လန့်သွားပြီး သက်ပြင်းချမိရုံသာ ဖြစ်ပေလိမ့်မည်။ ထို့အပြင်၊ သူမသည် ယခုကဲ့သို့ စိတ်ရှုပ်ထွေးနေမည် မဟုတ်ပေ။

တော်ဝင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်သို့ ဖြတ်ကျော်သွားခြင်းမှာ သူသည် ဤအဆင့်ကို မဖြတ်ကျော်မီတွင် သူ၏ကျင့်ကြံမှုအခြေခံသည် တော်ဝင်တာအိုနယ်ပယ်၏ ပထမအဆင့်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်ဟု ဆိုလိုပါသည်။ တော်ဝင်တာအို ပထမအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး၏ လက်သီးတစ်ချက်သည် တော်ဝင်တာအို တတိယအဆင့်နှင့် နှိုင်းယှဉ်နိုင်သော စွမ်းအင်သားရဲတစ်ကောင်ကို ဖြိုခွဲပစ်လိုက်သည်။ ဤအရာက အတန်ငယ် စိတ်ကူး၍ပင် မရနိုင်ပါချေ။

"ဘုန်း…"

ချင်ယွင်သည် လေဟာနယ်ထဲသို့ လက်သီးတစ်ချက် ချက်ချင်း ထိုးလိုက်ပြီးနောက် ကြောက်မက်ဖွယ်ရာ ရှေးဟောင်းဖရိုဖရဲ အတက်အကျလှိုင်းများက ရုတ်ချည်း ပျံ့နှံ့သွား သည်။ အဝေးမှ မြေပြင်သည် တိုက်ရိုက်ပင် ပေါက်ကွဲသွားပြီး ပေတစ်ရာနီးပါးနက်သော တွင်းကြီးတစ်ခု ပေါ်လာသည်။

"အရမ်းကို ပြင်းထန်လွန်းတယ်" လီရှန်းရှန်းသည် မထိန်းနိုင်ဘဲ ပြောလိုက်မိသည်။

ချင်ယွင်သည် စွမ်းအင်သားရဲတစ်ကောင်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်နိုင်ခဲ့သည့် အကြောင်းကို ယခု သူမ နားလည်သွားပါပြီ။ တော်ဝင်တာအို တတိယအဆင့်ရှိ လူအနည်းငယ်လောက်သာ ဤလက်သီးချက်ကို ခုခံနိုင်ပါလိမ့်မည်။ ထို့ကြောင့်၊ သူမသည် ဤလက်သီးချက်ကို သဘာဝအတိုင်း မခံနိုင်ပါ။

ချင်ယွင်သည် အဝေးမှ တွင်းနက်ကြီးကို ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် အင်မော်တယ်ဘုရင် ကိုယ်ပွားကို ဖယ်ရှားလိုက်သည်။

"တော်ဝင်တာအို ဉပဒေသအပိုင်းအစတွေကို နင် ချက်ချင်း သန့်စင်နိုင်တာလား?" လီရှန်းရှန်း သံသယစိတ်ဖြင့် မေးလိုက်သည်။

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ လီရှန်းရှန်းသည် သူ၏လျှို့ဝှက်ချက်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

"သူမက တကယ်ကို ထူးဆန်းတဲ့ မိန်းမပဲ" ချင်ယွင်သည် သူ၏စိတ်ထဲမှာ ပြုံးရင်း ပြောလိုက်သည်။

လီရှန်းရှန်း၏ စိတ်သည် အလွန်လျင်မြန်ပြီး သူမအသုံးပြုသော လက်နက်ကလည်း အမှန်တကယ် လှံတစ်ချောင်းဖြစ်သည်။ ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော လက်နက်မျိုးကို အမျိုးသားများပင် သိပ်ပြီး အသုံးမပြုကြချေ။ သို့သော်၊ လီရှန်းရှန်းလို နူးညံ့သော အမျိုးသမီးတစ်ဦးသည် ထိုလက်နက်ကို အသုံးပြုဖို့ ရွေးချယ်ခဲ့ပါသည်။

"မှန်ပါတယ်၊ ငါ့မှာ တော်ဝင်တာအို ဉပဒေသအပိုင်းအစတွေကို မြန်မြန်ဆန်ဆန် သန့်စင်ပေးနိုင်တဲ့ စွမ်းရည်ရှိတယ်။" ချင်ယွင်က ပေါ့ပေါ့တန်တန် ဆင်ခြေပေးပြီး ပြောလိုက်သည်။

လီရှန်းရှန်းက ခေါင်းညိတ်လိုက်သည်။ ချင်ယွင်၏စကားများကို သူမအနေဖြင့် သံသယမရှိ ခဲ့ပေ။ သို့သော်လည်း၊ နောက်မေးခွန်းတစ်ခုက ချင်ယွင်ကို ပြောစရာစကား မဲ့သွားရပြန် ချေပြီ "နင့်ရဲ့စွမ်းအားကို ဘာလို့ ဖုံးကွယ်ထားရတာလဲတဲ့?"

ချင်ယွင်သည် တခဏတာ အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ ဤပြဿနာကို သူလည်း အမှန်တကယ် ရှင်းမပြနိုင်ပါဘူး။

သို့သော်၊ ဤအခိုက်အတန့်တွင် အဝေးမှ ပြင်းထန်သော လေဟာနယ် အတက်အကျ လှိုင်းများ ရုတ်တရက် ထွက်ပေါ်လာပြီး၊ ချင်ယွင်နှင့် လီရှန်းရှန်းတို့ကြား စကားစမြည်ကို ချက်ချင်း အနှောင့်အယှက်ပေးလိုက်သည်။ သူတို့နှစ်ယောက်သား အဝေးကို တစ်ပြိုင်နက် လှည့်ကြည့်လိုက်သည်။

ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခုသည် အဝေးမှ ထွက်ပေါ်လာပြီး၊ ချင်ယွင်နှင့် လီရှန်းရှန်း တို့သည် အဆိုပါလှိုင်းလုံးကြီးကို မြင်လိုက်သောအခါတွင်၊ သူတို့၏မျက်လုံးများသည် ထိတ်လန့်မူနှင့်အတူ ပြူးကျယ်သွားကြသည်။

All Chapters