← Chapters

အခန်း ၈၆၁

Vol. 58 Ch. 861

အခန်း ၈၆၁

Vol. 58 Ch. 861

အခန်း (၈၆၁) ရူးသွပ်ဖွယ်တိုက်ပွဲ။

"ငါ အမြင်မမှားပါဘူးနော်။ ဒီမှာ ဘာလို့ စွမ်းအင်သားရဲတွေ အများကြီးရှိနေရတာလဲ?" ချင်ယွင်သည် သူ၏မျက်လုံးတွေကို ပြူးကျယ်စွာဖွင့်ပြီး ပြောလိုက်သည်။

"နင် အမြင်မှားနေတာ မဟုတ်ဘူး၊ အဲဒါ တကယ်ပဲ" လီရှန်းရှန်းက မှုန်ကုပ်ကုပ် အမူအရာနှင့် ပြောလိုက်ပါသည်။

အဝေးမှ ရာနှင့်ချီသော စွမ်းအင်သားရဲများသည် သူတို့ဆီသို့ တဟုန်ထိုး ပြေးလာနေကြ သည်။ ၎င်းတို့တစ်ကောင်ချင်းစီသည် တော်ဝင်တာအို တတိယအဆင့်နှင့် နှိုင်းယှဉ်နိုင် သော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်တွေကို ထုတ်လွှတ်သည်။

ရာနှင့်ချီသော စွမ်းအင်သားရဲများဖြင့် ဖွဲ့စည်းထားသော သားရဲဒီရေလှိုင်းကြီး၏ ကြောက်မက်ဖွယ် အသံသည် လေဟာနယ်တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်သွား စေခဲ့သည်။

"နင် ဘာတွေငိုင်ကြည့်နေတာလဲ?။ ဘာလို့ ထွက်မပြေးတာလဲ?" လီရှန်းရှန်းသည် ရုတ်တရက် သတိဝင်လာပြီး ချင်ယွင်ကို အမြန်ဆော်အောလိုက်သည်။

ချင်ယွင်သည် စွမ်းအားသားရဲတစ်ကောင်ကို လက်သီးတစ်ချက်ဖြင့် ထိုသတ်နိုင်ခဲ့ သော်လည်း၊ ၎င်းသည် တစ်ယောက်ချင်း အခြေအနေမျိုး ဖြစ်နေဆဲဖြစ်ပြီး၊ ယခုအချိန်တွင်၊ ၎င်းသည် တစ်ယောက်ချင်း အခြေအနေမျိုး မဟုတ်တော့ပေ။ ဤအရာက အယူအဆ သက်သက်တစ်ခု လုံးဝ မဟုတ်တော့ပါဘူး။ အကယ်၍၊ သူမသည် တော်ဝင်တာအို စတုတ္ထအဆင့်ရှိ အင်မော်တယ်ဘုရင် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေမည်ဆိုပင်လျှင်၊ သူမသည် စွမ်းအင်သားရဲများကို တစ်ယောက်တည်း တွန်းလှန်နိုင်သည်ဟု မပြောဝံ့ပါချေ။

လီရှန်းရှန်း၏ စကားကို ကြားတော့ ချင်ယွင်သည် ခါးသီးသော အပြုံးဖြင့် ခေါင်းခါလိုက် သည်။ သူက နောက်ကျောကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည် "အဲဒါကို မစဉ်းစားနဲ့ တော့။ ငါတို့ ဝိုင်းခံနေရပြီ"

ချင်ယွင်နှင့် လီရှန်းရှန်း၏ နောက်ကျောဘက်မှ ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခု ပေါ်လာသည်။ နောက်ထပ် စွမ်းအင်သားရဲ ၁၀ ကောင်သည် လေဟာနယ်ထဲမှ ထွက်ပေါ် လာခဲ့သည်။

စွမ်းအင်သားရဲများသည် ချင်ယွင်နှင့် လီရှန်းရှန်းတို့ ထွက်ပြေးသွားမည်ကို မျှော်လင့်ထားပုံ ရသည်။ ထို့ကြောင့်၊ ၎င်းတို့သည် သူတို့နောက်မှ လှည့်ပတ်ပြီး ဝိုင်းရံထားခြင်း ဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ ချင်ယွင်နှင့် လီရှန်းရှန်းတို့သည် လုံး၀ ဝိုင်းခံလိုက်ရပြီ။

သူတို့ ဝိုင်းရံခံထားရသည်ကို မြင်လိုက်ရတော့ လီရှန်းရှန်း၏ လှပသော မျက်နှာသည် ဖျော့တော့သည့် အမူအရာ ပေါ်လာသည်။ သူမသည် ထိတ်လန့်တကြားဖြင့် ချင်ယွင်အား မေးလိုက်သည် "ငါတို့ အခု ဘာလုပ်သင့်လဲ?"

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက တွန့်ကွေးသွားပြီး "ငါတို့ ဘာလုပ်နိုင်ဦးမှာလဲ?။ အားလုံးကို သတ်ပစ်ရမှာပေါ့" ဟု ပြောလိုက်လေသည်။

"အို…" လီရှန်းရှန်းသည် ချင်ယွင်ကို အံ့သြစွာ ကြည့်လိုက်လေသည်။

ဤစွမ်းအင်သားရဲ အကောင်တစ်ရာလုံးကို သတ်ပစ်ရမှာလား?။ စွမ်းအင်သားရဲ သုံးကောင်ကပင် သူမကို သုံးရက်ကြာအောင် ရုန်းကန်စေခဲ့ရပြီ။ ဤစွမ်းအင်သားရဲ အကောင်တစ်ရာကျော်ကို သူမ မည်သို့ သတ်နိုင်မည်နည်း?။

သူမက ပြောစရာစကား မရှိတော့ဘဲ၊ ချင်ယွင်က သူမကုကိ နောက်ပြောင်နေသည်ဟု ထင်နေသေးသည်။ သို့သော်၊ သူမ ချင်ယွင်ကို မြင်လိုက်ရသောအခါ၊ သူမသည် မှင်သက် အံ့အားသင့်သွားသည်။

စွမ်းအင်သားရဲ အကောင်တစ်ရာကျော်ဖြင့် ဝန်းရံခံနေရသော ချင်ယွင်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်ကို သူမသည် အမှန်တကယ် မြင်လိုက်ရသောကြောင့် ဖြစ်သည်၊ ဤကောင်သည် အမှန်တကယ်ပင် စိတ်လှုပ်ရှားဖွယ် အသွင်အပြင်ကို ထုတ်ဖော်ပြသနေခဲ့သည်။

"ငါပဲ ရူးနေတာလား?။ ဒါမှမဟုတ် သူကပဲ ရူးနေတာလား?" လီရှန်းရှန်းလည်း တွေဝေ မှိန်းမောသွားသည်။ ဤအခိုက်အတန့်တွင်၊ သူမ၏ လက်ရှိစိတ်ခံစားချက်ကို ဖော်ပြနိုင်သည့် စကားလုံး နှစ်လုံးသာရှိပြီး၊ ၎င်းမှာလည်း ပြောစရာစကား မဲ့ခြင်းပင် ဖြစ်ပါသည်။

မှန်ပါသည်၊ ချင်ယွင်သည် ဤအခိုက်အတန့်မှာ တကယ်ကို စိတ်လှုပ်ရှားနေပြီး၊ ယင်းကလည်း သူ၏သွေးတွေကို ဆူပွက်သွားစေသည့် စိတ်လှုပ်ရှားမှုမျိုးပင်။

ချင်ယွင်သည် သူ၏အရိုးများအတွင်းမှာပင် တိုက်ခိုက်လိုစိတ်များ အလွန်မင်း တက်ကြွ လာခဲ့သည်။ သူသည် အင်မော်တယ်ကမ္ဘာသို့ ဝင်ရောက်လာပြီးကတည်းက၊ တိုက်ပွဲပေါင်း များစွာ တိုက်ခိုက်နေခဲ့ရသော်လည်း၊ ထိုမျှအထိ စိတ်လှုပ်ရှားခြင်းမျိုး မရှိခဲ့ပေ။

ယခုအချိန်တွင် ဤထူးဆန်းသော စွမ်းအားသားရဲ အကောင်တစ်ရာကျော်၏ အသွင်အပြင်သည် သူ၏စိတ်နှလုံးထဲမှ တိုက်ခိုက်လိုသော စိတ်ဆန္ဒကို နှိုးဆွပေးခဲ့သည်။ ထို့ကြောင့်၊ ဤအခိုက်တွင် သူမြင်နေခဲ့သော ထူးဆန်းသော စွမ်းအင်သားရဲ အကောင် တစ်ရာကျော်သည် အစွမ်းထက်သော ရန်သူများ မဟုတ်ဘဲ။ သူ၏ထက်ရှမူကို သွေးပေးမည့် ကျောက်တုံးများနှင့် သားကောင်များ ဖြစ်ပေသည်။

"ဟား…၊ ဟား…၊ ငါ နောက်ဆုံးတော့ ကောင်းကောင်း တိုက်ခိုက်နိုင်ပြီ။ လာကြစမ်း၊ တိုက်ခိုက်ကြတာပေါ့။" ချင်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး၊ သူ၏တစ်ကိုယ်လုံး လျှပ်စီးလက်သကဲ့သို့ စွမ်းအင်သားရဲအုပ်ကြီးဆီသို့ တဟုန်ထိုး ပြေးသွားခဲ့သည်။

ချင်ယွင်၏ ခန္ဓာယ်ကိုတစ်ခုလုံး စိတ်လှုပ်ရှားများ ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရ တော့၊ လီရှန်းရှန်းသည် သူမ ရူးနေခြင်းမဟုတ်ဘဲ၊ ချင်ယွင်က ရူးနေခြင်းဖြစ်သည်ကို နောက်ဆုံးတော့ နားလည်သွားခဲ့သည်။

ချင်ယွင်သည် ဖင်းဂေါ့ဂ်စွမ်းအားနှင့် ကနဦးစကြာ၏ စွမ်းအင်များကို တိုက်ရိုက် စုစည်းပြီး သူ၏ရှေ့ရှိ စွမ်းအင်သားရဲကြီးကို ကြောက်မက်ဖွယ်ကောင်းသော လက်သီးဖြင့် ထိုးလိုက် လေသည်။

"ဘုန်း….။"

ပေါက်ကွဲအသံသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေ၏။ အတန်း၏ရှေ့ဆုံးရှိ စွမ်းအင်သားရဲသည် ချင်ယွင်၏ ရက်စက်ကြမ်းကြုတ်သော လက်သီးချက်အောက်တွင် ပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်ကို ဖြတ်သန်းသွားသော စွမ်းအင်မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဝှီး….။

တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည် ထိုစွမ်းအင်သားရဲကို သတ်ပြီးခါနီးတွင်၊ ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်းများစွာသည် သူ၏ ပတ်ဝန်းကျင်မှ ချက်ချင်း ထွက်ပေါ်လာသည်။ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများစွာသည် ရောယှက်ပြီး ချင်ယွင်၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် တရစပ် တိုက်ခိုက်လေသည်။

ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံး တိုက်ရိုက် လွင့်ပျံသွားခဲ့ပြီး၊ ဤကြောက်မက်ဖွယ် စွမ်းအားကို မဖယ်ရှားနိုင်မီ၊ သူသည် ပေရာပေါင်းများစွာအထိ လွင့်စင်သွားခဲ့သည်။

"နင် အဆင်ပြေရဲ့လား?" လီရှန်းရှန်းက ကမန်းကတန်း မေးလိုက်သည်။

"ဟား…၊ ဟား…၊ စိတ်မပူနဲ့။ ငါ အဆင်ပြေတယ်။ မင်းသာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ" ချင်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ယခုလေးတင် တိုက်ခိုက်မှုက သူ့ကို နာကျင်စေသော်လည်း၊ သူ့အတွက် ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ပါဘူး။ ယခု သူသည် ဖင်းဂေါ့ဂ်နယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သော ကြောင့်၊ ဤဒဏ်ရာအဆင့်သည် သူ့ကို လုံးဝ မသတ်ဖြတ်နိုင်ပေ။

"ဝှမ်း…။

ချင်ယွင်သည် လေဟာနယ်ထဲသို့ လှမ်းဝင်လိုက်ပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မိုးခြိမ်းသံကဲ့သို့ စွမ်းအင်သားရဲ အစုအဝေးထဲသို့ ချက်ချင်း ပစ်ဝင်သွားကာ၊ စွမ်းအင်သားရဲ အုပ်နှင့် တိုက်ရိုက် ရောနှောသွားလေသည်။

ချင်ယွင် အဆင်ပြေနေကို မြင်တော့ လီရှန်းရှန်းက သက်ပြင်းတစ်ချက် ချလိုက်ပါသည်။ သို့သော်လည်း၊ သူမသည် ချင်ယွင်ကို လျင်မြန်စွာ လျစ်လျူရှုလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူမနောက်မှ စွမ်းအင် ကောင်ဆယ်ကောင်သည် သူမဆီသို့ တိုးဝင်ပြီး သူမဆီသို့ ပြေးဝင်လာနေပြီ။

လီရှန်းရှန်းသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက်၊ သူမ၏မျက်လုံးများတွင် ကြီးစိုးနိုင်သော အရိပ်အယောင်က ထွက်ပေါ်လာသည်။ အအေးစွမ်းအားက သူမ လက်ထဲမှာ ပြည့်နှက်လာပြီးနောက် သူမ၏လက်ထဲတွက် ရေခဲလှံတစ်ချောင်း ပေါ်လာပါ သည်။

လီရှန်းရှန်းသည် သူမ၏ရေခဲလှံကို ဝှေ့ယမ်းကာ စွမ်းအားသားရဲ ဆယ်ကောင်ဆီသို့ တွန်းထုတ်ရင်း အလွန်ကြီးစိုးသည့်ပုံစံဖြင့် တိုက်ခိုက်လိုက်သည်။

ဤနည်းအားဖြင့်၊ ကောင်းကင်ဘုံ အဋ္ဌမအလွှာအတွင် စစ်မြေပြင်နှစ်ခုအဖြစ် ကွဲထွက်သွား ခဲ့သည်။

လီရှန်းရှန်းသည် ကိုယ့်ကိုယ်ကို ကာကွယ်သည့်အနေဖြင့် စွမ်းအင်သာရဲဆယ်ကောင်ကို ခက်ခက်ခဲခဲ ရင်ဆိုင်နေစဉ်မှာ၊ ချင်ယွင်သည် စွမ်းအားသားရဲ အစုအဝေးကြားတွင်၊ အကောင်တစ်ရာကျော်ကို တစ်ယောက်တည်း အရူးအမူးတိုက်နေခဲ့သည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် ရံဖန်ရံခါ စွမ်းအင်သားရဲများ၏ စွမ်းအားများ သို့မဟုတ် ခြေသည်းများကြောင့် ဒဏ်ရာရခဲ့သော်လည်း၊ ချင်ယွင်သည် သူ တစ်ချက်ထိုးလိုက်တိုင်း စွမ်းအင်သားရဲတစ်ကောင် သို့မဟုတ် နှစ်ကောင်ကို သတ်ပစ်နိုင်သည်။

ချင်ယွင်သည် သိုးအုပ်ထဲသို့ ရောက်နေသော ရူးသွပ်ပြီး စဉ်းလဲကောက်ကျစ်သော ဝံပုလွေ တစ်ကောင်နှင့်တူနေသည်။ နောက်ဆုံးတွင်၊ ချင်ယွင်သည် သူ့ကိုယ်သူ ခုခံကာကွယ်မှုကို စွန့်လွှတ်လိုက်ပြီး စွမ်းအင်သားရဲများကို သတ်ရန် သူ၏လက်နှစ်ဖက်စလုံးကို အသားကြိတ် စက်ကဲ့သို့ အသုံးပြုတော့သည်။

"ဟား…၊ ဟား…၊ အရမ်းကို ကောင်းလိုက်တာ" ချင်ယွင်က ဟက်ဟက်ပက်ပက် ရယ်မောပြီး သူ၏နှလုံးသားထဲမှာ ဖော်မပြနိုင်တဲ့ စိတ်လှုပ်ရှားမှုကို ခံစားရသည်။

မကြာမီတွင်၊ ချင်ယွင်သည် စွမ်းအင်သားရဲ အကောင်တစ်ရာကျော်တွင် ထက်ဝက်ကို သတ်ဖြတ်ခဲ့ပြီး၊ ထက်ဝက်ကျော် ကျန်နေသေးသည်။ ချင်ယွင်သည် မြေပြင်ပေါ်သို့ ပြုတ်ကျလာသော တော်ဝင်တာအို ဉပဒေသ အပိုင်းအစများကို တော်ဝင်တာအို သန့်စင်ရေးပုလင်းထဲတွင် သိမ်းဆည်းလိုက်သည်။

"ဘုန်း…”။

ရှေးဟောင်းဖရိုဖရဲ စွမ်းအင်လှိုင်းလုံးများ ပါဝင်နေသော နောက်ထပ် လက်သီး တစ်ချက်က ထွက်ပေါ်လာပြီး၊ ချင်ယွင်၏ သတ်ဖြတ်မှုအောက်တွင် မြေစွမ်းရည် စွမ်းအင်သားရဲ တစ်ကောင် လုံးလုံး ပေါက်ကွဲစေခဲ့သည်။ ထို့နောက် ချင်ယွင်သည် နောက်ထပ် စွမ်းအင်သားရဲဆီသို့ ပြေးဝင်ရန် ပြင်ဆင်လိုက်သည်။

ဘန်း…။

သို့သော် ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အတက်အကျ လှိုင်းတစ်ခုက ကောင်းကင်ယံမှ ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး၊ လေဟာနယ်ထဲမှ တစ်ဆင့် ချင်ယွင်၏ ရင်ဘတ်ကို ထိမှန်သွားလေသည်။

"ဖူး…"

ချင်ယွင်သည် သူ၏ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရပြီး၊ ဥက္ကာပျံကဲ့သို့ နောက်ပြန် လွင့်ထွက်သွားခဲ့သည်။ သူ၏ရင်ဘတ် တစ်ဝက်ကျော်ကျော်သည် ပျောက်ကွယ်သွားပြီး၊ ကြီးမားသော အပေါက်ကြီးတစ်ခု ပေါ်လာသည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ မျက်လုံးများက လေဟာနယ်ဆီကို စူးစိုက်စိုက် ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများတွင် နှိုင်းစာ၍မရသည့် အံ့အားသင့်ဟန် အမူအရာကို ထုတ်ဖော်လိုက်မိသည်။

အစိမ်းပြာရောင် စွမ်းအင်သားရဲတစ်ကောင်သည် လေဟာနယ်ထဲမှ ထွက်လာခဲ့သည်။ ၎င်း၏ အရွယ်အစားသည် သာမန်စွမ်းအင်သားရဲများထက် များစွာသေးငယ်သောကြောင့်၊ ၎င်းသည် စွမ်းအင်သားရဲတစ်ကောင်ဟုပင် ဖြစ်ကောင်းမှ ဖြစ်ပါလိမ့်မည်။ သို့သော်၊ ၎င်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အငွေ့အသက်သည် ထိုသာမန်စွမ်းအင်သားရဲများထက် အဆပေါင်းများစွာ မြင့်မားနေသည်။ ချင်ယွင်သည် ၎င်း၏ စွမ်းအင်အတက်အကျသည် တော်ဝင်တာအို စတုတ္ထအဆင့်ရှိ ကျွမ်းကျင်သူများနှင့်ပင် ယှဉ်နိုင်သည်ဟု သံသယ ရှိသည်။

"ဒါက ဘာလဲ?" ချင်ယွင်သည် ဤစိမ်းပြာရောင် စွမ်းအင် သားရဲလေးကို တွေ့လိုက်သော အခါတွင်၊ သူ၏မျက်လုံးများသည် အလွန်အံ့အားသင့်သွားသည့် အမူအရာ ဖြစ်ပေါ်လာ သည်။

All Chapters