← Chapters

အခန်း ၈၆၂

Vol. 58 Ch. 862

အခန်း ၈၆၂

Vol. 58 Ch. 862

အခန်း (၈၆၂) တစ်စိတ်တစ်ပိုင်း တယ်လီပို့ခြင်း။

"အူး…" အစိမ်းပြာရောင် စွမ်းအင်သားရဲလေး ပေါ်လာသည်နှင့် တပြိုင်နက်၊ ၎င်းထံမှ အူသံထွက်ပေါ်လာသည်။

ထို့နောက်၊ သူတို့ကို ဝိုင်းရံထားသော ပတ်ဝန်းကျင်ရှိ စွမ်းအင်သားရဲများ အားလုံးသည် နောက်ပြန် ဆုတ်သွားကြပြီး၊ လီရှန်းရှန်းကို တိုက်ခိုက်နေခဲ့သော စွမ်းအင်သားရဲ ဆယ်ကောင်ပင် အစိမ်းပြာရောင် စွမ်းအင်သားရဲလေး၏ နောက်သို့ ဆုတ်ခွာသွားသည်ကို ချင်ယွင်သည် အံ့သြဖွယ်ရာ တွေ့ရှိလိုက်ရလေသည်။

ထိုမြင်ကွင်းကို မြင်တော့၊ ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ဤအစိမ်းပြာရောင် စွမ်းအင်သားရဲလေးသည် ဤစွမ်းအင်သားရဲများကို အမှန်တကယ် ကွပ်ကဲနိုင်နေသည်။ ဆိုလိုသည်မှာ ဤအစိမ်းပြာရောင် စွမ်းအင်သားရဲလေးသည် ဤစွမ်းအင်သားရဲများ၏ သားရဲဘုရင် ဖြစ်လေသည်။

လီရှန်းရှန်းလည်း စိတ်မကောင်းဖွယ် အခြေနေသို့ ကျရောက်နေခဲ့သည်။ ဤစွမ်းအင် သားရဲများ ဆုတ်ခွာသွားသည်ကို မြင်လိုက်ရလျှင်၊ သူမသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သို့သော်၊ အစိမ်းပြာရောင် စွမ်းအင်သားရဲကို သူမ မြင်လိုက်သောအခါ၊ သူမ၏မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။

"စွမ်းအင်သားရဲတွေရဲ့ သားရဲဘုရား..? ဒီကောင်းကင်ဘုံ အဋ္ဌမအလွှာက သားရဲဘုရင်ကို အမှန်တကယ် မွေးဖွားပေးခဲ့တာလား?။" လီရှန်းရှန်းက အံ့သြစွာ ပြောသည်။

ထိုစကားကို ကြားတော့၊ ချင်ယွင်သည် သူ၏စိတ်ထဲတွင် ချက်ချင်း နားလည်သွားခဲ့ပြီ။ အမှန်ပင်၊ သူ မှန်းဆထားသည့်အတိုင်း ဤအစိမ်းပြာရောင် စွမ်းအင်သားရဲလေးသည် ဤစွမ်းအင်သားရဲအုပ်စု၏ သားရဲဘုရင် ဖြစ်နေသည်။

သေချာသည်မှာ၊ ချင်ယွင်သည် ဤအစိမ်းပြာရောင် စွမ်းအင်သားရဲလေး၏ ခန္ဓာကိုယ်က တော်ဝင်တာအို ဉပဒေသအပိုင်းအစကို ထုတ်ပေးနိုင်မည်လား? အကယ်၍၊ ထုတ်ပေးနိုင် မည်ဆိုလျှင်၊ တော်ဝင်တာအို ဉပဒေသအပိုင်းအစ မည်မျှ ရှိနေနိုင်မည်နည်း? ဤအကြောင်းကိုလည်း မတွေးတောဘဲ မနေနိုင်ခဲ့ပါချေ။

လီရှန်းရှန်းသည် ချင်ယွင် မည်သည့်အရာတွေ တွေးနေမှန်း မသိရှာပါဘူး။ အကယ်၍၊ သူမသာ သိသွားခဲ့မည်ဆိုရင်၊ သူမသည် ပြောစရာစကား လုံးဝ မဲ့သွားပေလိမ့်မည်။

သူတို့၏ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်တွင်၊ ကောင်းကင်ဘုံ ၃၆ ခု နယ်မြေသို့ ဝင်ရောက်ပြီး သားရဲဘုရင်နှင့် တွေ့ကြုံလာသူတိုင်းသည် ဆယ်ကြိမ်မက သေဆုံးခဲ့ရသည် ဟူသော ကောလဟာလများ အမြဲ ရှိနေခဲ့သည်။

"လူသား၊ မင်းဟာ တခြားလူတွေနဲ့ မတူဘူး။ မင်းရဲ့ ခန္ဓာကိုယ်က သူတို့ထက် အများကြီး ပိုသန်မာတယ်။ ပြီးတော့၊ မင်းက စဉ်ဆက်မပြတ် ပြန်လည်ကုသနိုင်ပုံရတယ်။" အစိမ်းပြာရောင် စွမ်းအင်သားရဲလေးက ပြောသည်။

"မင်းက ဘယ်လိုစကားပြောရမယ်ဆိုတာကို တကယ်ကြီး သိနေ​တာလား?" ချင်ယွင်က အံ့သြစွာ ပြောသည်။

ရှေ့အလွှာတွေမှာ သူကြုံတွေ့ခဲ့ရသော စွမ်းအင်သားရဲများသည် အသိဥာဏ် မရှိကြပေ။ သူတို့မှာ တိုက်ခိုက်လိုက်သည့် ဗီဇတွေသာ ရှိကြပါသည်။ ကောင်းကင်ဘုံ အဋ္ဌမအလွှာသို့ သူ ရောက်ရှိလာသောအခါ၊ ဉာဏ်ရည်ဉာဏ်သွေး ပိုင်ဆိုင်ထားသော စွမ်းအင်သားရဲ တစ်ကောင်ကို တွေ့လိုက်ရတော့၊ သူ အလွန်အံ့အားသင့်သွားမိသည်။ အခု သူသည် စကားပြောနိုင်သော သားရဲဘုရင်ကိုပင် တွေ့နေရပြီ။ ဤအရာက သူ့ကို ခဏတာ စူးစမ်းချင်စိတ်ကို ဖြစ်ပေါ်စေသည်။

"ဟမ့်၊ အဲဒါက မင်းလူသားတွေက ငါတို့စွမ်းအင်သားရဲတွေကို လျှော့တွက်ထားလို့ပဲ။ ငါတို့ မျိုးနွယ်ကို အဆက်မပြတ် လိုက်လံရှာနေတဲ့ မင်းတို့လူသားတွေကြောင့်သာ၊ မဟုတ်ရင်၊ ငါတို့မျိုးနွယ်ဟာ ဟိုအချိန်ကတည်းက အစွမ်းထက်ဆုံး မျိုးနွယ်တစ်ခု ဖြစ်နေလောက်ပြီ။" အစိမ်းပြာရောင် စွမ်းအင်သားရဲလေးက အေးစက်စွာ ပြောလိုက်သည်။ ချင်ယွင်က သူ့ကို အထင်သေးသည့်အတွက် အပြင်းအထန် မကျေမနပ် ဖြစ်သွားသည်မှာ ထင်ရှားပါသည်။

ချင်ယွင်သည် ဤစကားတွေက မှန်ကန်နေသည့်အတွက် ငြင်းဆိုခဲ့ခြင်း မရှိခဲ့ပေ။

ဤစွမ်းအင်သားရဲများ အားလုံးသည် ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာကြသူများ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်တွေမှာ တော်ဝင်တာအို ဉပဒေသအပိုင်းအစတွေ ပါဝင်နေပါ သည်။ ၎င်းတို့ ကြီးထွားလာသည်နှင့်အမျှ တော်ဝင်တာအို ဉပဒေသအပိုင်းအစများလည်း ကြီးထွားလာမည် ဖြစ်သည်။ အကယ်၍၊ ၎င်းတို့ကို လူသားများက အမဲလိုက်ခြင်း မရှိဘဲ၊ နှစ်သန်းပေါင်း ၁၀၀၀၀၀ အချိန်ပေးလိုက်ပါက၊ ၎င်းတို့၏ မျိုးနွယ်စုတစ်ခုစီသည် အင်မော်တယ်ဘုရင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားနိုင်ပြီး၊ ၎င်းတို့သည် အင်မော်တယ် ဧကရာဇ်များကိုပင် မွေးဖွားနိုင်မည် ဖြစ်သည်။

"ဒီကမ္ဘာကြီးမှာ အရာအားလုံးက သူ့ကိုယ်ပိုင် ဥပဒေသတွေ ရှိနေပြီးသားပဲ။ တောတွင်း ဥပဒေဟာ စကြာဝဠာကြီး တစ်ခုလုံးရဲ့ တည်ရှိမှု ဥပဒေလည်း ဖြစ်တယ်။" ချင်ယွင်က ပြောသည်။

"မင်း ပြောတာ မှန်တယ်။ အဲဒါကြောင့် ငါ မင်းတို့လူသားအားလုံးကို စားပြီး၊ ဒီကမ္ဘာကြီး တစ်လျှောက် ဖြတ်သန်းကာ၊ စကြဝဠာကြီးတစ်ခုလုံးကို အုပ်စိုးချင်တယ်" အစိမ်းပြာရောင် စွမ်းအင်သားရဲလေးသည် အေးစက်စွာ အော်ဟစ်လိုက်သည်။

ချင်ယွင်က ခါးသီစွာ ပြုံးပြီး ခေါင်းယမ်းလိုက်မိသည်။ စကြဝဠာကြီးသည် အလွန် ကြီးမားသောကြောင့် စကြဝဠာကြီးကို အုပ်စိုးချင်သည်ဟု မည်သူမျှ မပြောဝံ့ကြပေ။ ဤ အစိမ်းပြာရောင် စွမ်းအင်သားရဲလေးသည် ရေတွင်းထဲကနေ ကောင်းကင်ကို မော့ကြည့်နေ သည်မှာ ထင်ရှားပါသည်။

"စကြဝဠာကြီးကို အုပ်စိုးဖို့ မပြောနဲ့၊ မင်း ငါ့ကိုတောင် အနိုင်မယူနိုင်ဘူး" ချင်ယွင်က တဟားဟားရယ်ရင်း သူ၏မျက်လုံးများက တိုက်ခိုက်လိုစိတ်များ ပြန်လည် ထွက်ပေါ် လာပြန်သည်။

ဤအစိမ်းပြာရောင် စွမ်းအင်သားရဲလေးသည် လေစွမ်းရည် စွမ်းအင်သားရဲ ဖြစ်သော ကြောင့်၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ရှိ တော်ဝင်တာအို ဉပဒေသအပိုင်းအစကို စောင့်မျှော်နေမိသည်။

"ကောင်းပြီလေ၊ ဒီနေ့ ငါ့ရဲ့ စွမ်းအင်တွေက ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်းကို ပြောပြပေးမယ်" အစိမ်းပြာရောင် စွမ်းအင်သားရဲလေးက အေးစက်စွာ အော်ပြောလိုက်ပြီး၊ ချင်ယွင်ဆီသို့ ပစ်ဝင်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်သည် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ချင်ယွင်၏ရှေ့တွင် ချက်ချင်း ပေါ်လာသည်။ ၎င်း၏ ရှေ့ခြေသည်းများ တွင် အစွမ်းထက်သော တော်ဝင်တာအိုဉပဒေသများ ပါရှိနေသည်။

အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ၊ ချင်ယွင်သည် ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအို ဉပေဒသ ၏ အင်မော်တယ်ဘုရင်ကိုယ်ပွားကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာ ပင်၊ သူသည် ဖင်းဂေါ့ဂ်စွမ်းအားနှင့် ကနဦးစကြာဝဠာ၏ စွမ်းအားကို စုစည်းလိုက်သည်။ သူသည် အစိမ်းပြာရောင် စွမ်းအင်သားရဲလေးကို ကိုင်တွယ်ဖြေရှင်းရန် ရှိသမျှ အကုန် ထုတ်လိုက်သည်။ ထိုသို့မဟုတ်လျှင်၊ သူ့ကိုသတ်ဖို့ တော်တော်ခက်ခဲလိမ့်မည်။

"ဘုန်း…”

ချင်ယွင်၏ လက်သီးချက်နှင့် အစိမ်းပြာရောင် စွမ်းအင်သားရဲလေး၏ ချွန်ထက်သော ခြေသည်းများသည် ပြင်းထန်စွာ တိုက်မိသွားသည်။ ကြယ်များ ပေါက်ကွဲသကဲ့သို့ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်း နှစ်ခုက ချက်ချင်း ပျံ့နှံ့သွားသည်။

ဝှီး…။

ချင်ယွင်၏ ရုပ်အသွင်သည် ချက်ချင်းဆိုသလိုပင် ထိုနေရာမှ ပျောက်ကွယ်သွားပြီး စွမ်းအင် သားရဲလေး၏ နောက်ကွယ်တွင် ပြန်ပေါ်လာသည်။

"သေလိုက်တော့..။" ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်ပြီး ကြောက်စရာကောင်း သည့် ရှေးဟောင်းဖရိုဖရဲ လှိုင်းတွေက ချက်ချင်း ပြန့်နှံ့သွားကာ၊ စွမ်းအင်သားရဲလေးကို တိုက်ရိုက်ပင် အပြင်းအထန် တိုက်ခိုက်ပါတော့သည်။

မထီမဲ့မြင်ပြုဟန် အရိပ်အယောင်တွေက စွမ်းအင်သားရဲလေး၏ မျက်လုံးများမှ ပျောက်ကွယ်သွားပြီး၊ ပြင်းထန်သော ဉပဒေသ အတက်အကျလှိုင်းက ၎င်း၏အမြီးရှည် အပေါ် ချက်ချင်းပင် လွှမ်းခြုံသွားသည်။

ဝှီး….။

စွမ်းအင်သားရဲလေး၏ အမြီးသည် ချင်ယွင်၏ရှေ့တွင် အမှန်တကယ် ပေါ်လာခဲ့ပြီး၊ ချင်ယွင်၏ ရင်ဘတ်ထဲသို့ ပြင်းထန်စွာ ရိုက်နှက်သွားလေသည်။

"ဘုန်း..”

ချင်ယွင်က မထိုးထုတ်နိုင်ခင်မှာပင်၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကြောက်မက်ဖွယ် စွမ်းအားအောက်မှာ နောက်ပြန် ဆုတ်သွားခဲ့ရသည်။

"တစ်စိတ်တစ်ပိုင်း တယ်လီပို့ခြင်းလား..?" ချင်ယွင်က နောက်ပြန် ဆုတ်သွားရင်း၊ အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။

အစိမ်းပြာရောင် စွမ်းအင်သားရဲငယ်လေးသည် တယ်လီပို့ခြင်းဆိုင်ရာဥပဒေသများကို အတိုင်းအတာတစ်ခုအထိ ဆုပ်ကိုင်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

တစ်စိတ်တစ်ပိုင်း တယ်လီပို့ခြင်းဟု ခေါ်ဆိုရသည်မှာ ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းတစ်ခု သို့မဟုတ် အရာဝတ္ထုတစ်ခု၏ အစိတ်အပိုင်းတစ်ခုခုကို တယ်လီပို့လွှတ်နိုင်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့်၊ သင်သည် လေဟာနယ်ထဲသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက် သော်လည်း၊ သင်၏ထိုလက်သီးချက်သည် ပေထောင်ပေါင်းများစွာ အကွာဝေးမှ ရန်သူအား တိုက်ရိုက်ထိမှန်ပြီး၊ ရန်သူအား ခုခံကာကွယ်နိုင်စွမ်း ကင်းမဲ့စေသည်။

ပုံမှန်အားဖြင့်၊ တစ်စိတ်တစ်ပိုင်း တယ်လီပို့ခြင်းကို တစ်စိတ်တစ်ပိုင်း တယ်လီပို့ခြင်း တော်ဝင်တာအိုဉပဒေသ၏ စတုတ္ထအဆင့်ရှိ အင်မော်တယ်ဘုရင်များသာ လုပ်ဆောင် နိုင်ပါသည်။ ယခုတော့ ချင်ယွင်သည် ဤစွမ်းအင် သားရဲအပေါ်မှာ အမှန်တကယ် မြင်လိုက်ရသည်။

ဝှီး…။

ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏အနားရှိ လေဟာနယ်ထဲမှ နောက်ထပ် စွမ်းအင် အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင်၏ မျက်နှာသည် ပြောင်းလဲသွားပြီး၊ သူသည် အလျင်အမြန် တယ်လီပို့လိုက်ပြီး ပျောက်ကွယ်သွားခဲ့သည်။

"ဘုန်း..”

ချင်ယွင်၏ရုပ်အသွင် ပျောက်ကွယ်သွားသည်နှင့် သူယခင် တည်ရှိနေသောနေရာမှာ ပေတစ်ထောင်ရှည်လျားသော လျှိုကြီးတစ်ခုအဖြစ် ကွဲထွက်သွားခဲ့သည်။

ချင်ယွင်သည် အဝေးတွင် ရပ်နေပြီး အစိမ်းပြာရောင် စွမ်းအင်သားရဲလေးကို သူ၏ မျက်လုံးများတွင် လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။

တစ်စိတ်တစ်ပိုင်း တယ်လီပို့ခြင်းသည် အလွန်ခက်ခဲသော တော်ဝင်တာအို ဉပဒေသတစ်ခု ဖြစ်ပြီး၊ အထူးသဖြင့် ပြိုင်ဘက်က သူ့ထက် သန်မာဆဲအချိန်မျိုးမှာ ဖြစ်သည်။ ဤ တော်ဝင်တာအို ဉပဒေသကို အသုံးပြုခြင်းသည် သူ၏ပြိုင်ဘက်ကို အမှန်တကယ် ချေမှုန်းပစ်နိုင်သည်။

ဘန်း…။

ချင်ယွင်၏ ဦးခေါင်းအထက် လေဟာနယ်ထဲမှ နောက်ထပ် လှိုင်းလုံးတစ်ခု ထွက်ပေါ်လာ သည်။ ဉပဒေသ၏ စွမ်းအားလှိုင်းလုံးသည် ချင်ယွင်ဆီသို့ တစ်ဖန် ပြင်းထန်စွာ ပြေးဝင်လာခဲ့သည်။

ချင်ယွင်သည် ဤစွမ်းအင်အတက်အကျလှိုင်းလုံးကို ခံစားလိုက်ရပြီး၊ သူ၏မျက်လုံးထဲတွင် အေးစက်စက်စိတ်ဆန္ဒက ပျံ့နှံ့လာခဲ့သည်။

"ဟမ့်၊ အခြေအနေက ဒီလိုဆိုမှတော့၊ ငါ့ရဲ့အစစ်​မှန်​​စွမ်းအားကို မင်းမြင်တွေ့ရအောင် မင်းကို ငါပြ​ပေးမယ်​” ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ချက်ချင်းဆိုသလို ပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်ကနေ ဉပဒေသသုံးမျိုး ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ အင်မော်တယ်ဘုရင် ကိုယ်ပွားသုံးခုသည် ချင်ယွင်၏နောက်တွင် သိပ်သည်းလာခဲ့သည်။

"ဘာ…၊ အင်မော်တယ်ဘုရင်ကိုယ်ပွား သုံးခုလား?" လီရှန်းရှန်းသည် ချင်ယွင်ကို အံ့သြတုန်လှုပ်သွားဟန် အမူအရာဖြင့် ကြည့်ရင်း၊ သူမ၏မျက်လုံးများကို အံ့ဩမူနှင့်အတူ ပြူးကျယ်စွာ မျက်လုံးဖွင့်လိုက်လေသည်။

ပုံမှန်အားဖြင့်၊ အင်မော်တယ်ဘုရင်ကိုယ်ပွား နှစ်ခုကို သိပ်သည်းပြနိုင်သူများသည် အလွန်မင်း ထက်မြက်သူများ ဖြစ်ကြပြီး၊ အင်မော်တယ်ဘုရင်ကိုယ်ပွား သုံးခုကို ပေါင်းစည်းနိုင်သူများသည် ပို၍ပင် မွန်းစတားဆန်သော တည်ရှိမှုများ ဖြစ်ကြပါသည်။

ချင်ယွင်၏ နောက်ကွယ်ရှိ အင်မော်တယ်ဘုရင်ကိုယ်ပွား သုံးခုကို မြင်လိုက်ရသောအခါ၊ လီရှန်းရှန်းသည် တစ်ခုခုကို ကြည့်နေသလိုမျိုး ခံစားရသည်။

"ဟမ့်၊ ငါ့အတွက် ချိုးဖျက်လိုက်စမ်း..”။ ချင်ယွင်၏ အင်မော်တယ်ဘုရင် ကိုယ်ပွား သုံးခု သည် သူ့ကို ထောက်ပံ့ပေးထားရင်း၊ သူသည် သူ၏ခေါင်းထက်ရှိ လေဟာနယ်ထဲကို တိုက်ရိုက် ထိုးလိုက်လေသည်။

"ဘုန်း…။" ချင်ယွန်း၏ လက်ချက်ကြောင့် သူ၏ဦးခေါင်းအထက်ရှိ စွမ်းအင်အတက်အကျ လှိုင်းသည် ချက်ချင်းပင် ကွဲကြေသွားခဲ့သည်။

All Chapters