← Chapters

အခန်း ၈၆၃

Vol. 58 Ch. 863

အခန်း ၈၆၃

Vol. 58 Ch. 863

အခန်း (၈၆၃) စွမ်းအား တစ်ဖန်မြင့်တက်လာပြန်ခြင်း။

စွမ်းအင်တွေက ပေါက်ကွဲသွားပြီး၊ ကောင်းကင်ယံတွင် ပြင်းထန်သော စွမ်းအင်မုန်တိုင်း တစ်ခု ဖြစ်ပေါ်လာသည်။

ချင်ယွင်သည် လေဟာနယ်ထဲတွင် ရပ်နေပြီး၊ သူ၏ခန္ဓာကိုယ်သည် တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက် ဖြစ်နေသည်။ သူ၏နောက်မှ အင်မော်တယ်ဘုရင်ကိုယ်ပွားသုံးခုသည် နတ်ဘုရားသုံးပါးကဲ့သို့ သူ၏နောက်မှာ ရပ်နေသည်။ ဉပဒေသသုံးပါး၏ စွမ်းအားသည် သူ၏ခန္ဓာကိုယ်မှ အဆက်မပြတ် ထုတ်လွှတ်နေသည်။

အစိမ်းပြာရောင် စွမ်းအင်သားရဲလေးသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အပြောင်းအလဲ များကို သတိပြုမိသည်။ ၎င်း၏ စူးရှသော မျက်လုံးတစ်စုံသည် ချင်ယွင်ကို စိုက်ကြည့် နေပြီး ၎င်း၏အမူအရာက အလွန် သတိရှိလာခဲ့သည်။

ဘန်း…။

ချင်ယွင်၏ရှေ့မှာ နောက်တစ်ကြိမ် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီးနောက်၊ ကြီးမားသော ခြေသည်းကြီးတစ်ခုသည် လျင်မြန်စွာ ထွက်ပေါ်လာကာ၊ ချင်ယွင်ဆီသို့ တိုက်ရိုက် ရိုက်နှက်လိုက်သည်။

ချင်ယွင်သည် ဧရာမခြေသည်းကြီး၏ အသွင်အပြင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင် မရှိရုံသာမက၊ လှောင်ရယ်ပင် ရယ်နေလေ သည်။

ဝှီး…။

မြူနှင်းချောက်ဓားက ချင်ယွင်၏လက်ထဲတွင် ချက်ချင်း ပေါ်လာသည်။ သူသည် ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားအလင်းတန်းတစ်ခု လွင့်ထွက်သွားသည်။

ဓားအလင်းသည် လင်းလက်သွားခဲ့ပြီး ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ မူလက ဆင်းသက် လာသော ခြေသည်းကြီးသည် ဓားတစ်ချက်ဖြင့် တိုက်ရိုက် ပြတ်တောက်သွားသည်။

“အား…”

ဤအခိုက်အတန့်တွင်၊ အဝေးမှ အစိမ်းပြာရောင် စွမ်းအင်သားရဲလေးသည် သနားစဖွယ် အော်သံဖြင့် အော်ဟစ်လိုက်သည်။ သူ၏ ခြေသည်းကြီးလေးခု၏ ခြေထောက်များ ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရလေသည် ။

"လူသား၊ ငါ မင်းကို သတ်မယ်"

အစိမ်းပြာရောင် စွမ်းအင်သားရဲလေးသည် ဟိန်းဟောက်လိုက်ပြီး၊ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။ တော်ဝင်တာအို စတုတ္ထအဆင့်ရှိ စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးအနှံ့ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။

ထိုကြောက်စရာကောင်းသော စွမ်းအားကို စွမ်းအင်သားရဲတွေ ခံစားသိရှိလိုက်သည့်အခ၊ါ သူတို့အားလုံး ကြောက်လန့်တကြား မြေပြင်ပေါ် တွားသွားဝပ်သွားကြသည်။

လီရှန်းရှန်း၏ မျက်လုံးများသည် အံ့သြခြင်းများဖြင့် ပြည့်နှက်နေပြီး ချင်ယွင်ကိုကြည့်သည့် သူမ၏ အကြည့်များက စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။

ဘန်း…။

ဤအခိုက်အတန့်တွင် အစိမ်းပြာရောင် စွမ်းအင်သားရဲလေး၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ ကြောက်မက်ဖွယ် စွမ်းအင်ရောင်ခြည်တန်းတစ်ခုသည် သူ၏ပါးစပ်မှ ပစ်လွှတ်လိုက်ပြီး၊ ပေ ၁၀၀၀ အကွာအဝေးကို ချက်ချင်း ဖြတ်ကျော်ကာ ချင်ယွင်ဆီသို့ ပြင်းထန်စွာ တိုက်ခိုက်လေ သည်။

ဤစွမ်းအင်ရောင်ခြည်တိုင်လုံး၏ တိုက်ခိုက်မှုအောက်တွင် လေဟာနယ်တစ်ခုလုံးသည် ပြင်းထန်စွာ တုန်လှုပ်လာသည်။

ချင်ယွင်သည် စွမ်းအင်တိုင်လုံးအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်မရှိသည့်အပြင်၊ ပြင်းထန်သော တိုက်ခိုက်လိုသည်ဆန္ဒသာ ရှိနေခဲ့သည်။

" လေဝိညာဉ်ခွဲခြမ်းဓားချက်”။

ချင်ယွင်သည် သူ၏လက်ထဲမှ ဓားကို ခုတ်ပိုင်းရင်း အော်ဟစ်လိုက်သည်။ ပြင်းထန်သော ဓားအလင်းသည် စွမ်းအင်တိုင်နှင့် တိုက်မိသွားသည်။

"ဘုန်း…”။

စွမ်းအင်တိုင်လုံးကြီးသည် ချင်ယွင်၏ဓားအလင်းနှင့် အပြင်းအထန် တိုက်မိပြီး ပြင်းထန်သော တုန်ခါ သံ ထွက်ပေါ်လာသည်။

"မဖြစ်နိုင်ဘူး။" စွမ်းအင်သားရဲလေးက တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်သည်။ သေချာသည်မှာ၊ သူ၏ရှေ့မှ ဤလူသားသည် သူ၏ စွမ်းအင်တိုင်လုံးကို ပိတ်ဆို့နိုင်လိမ့် မည်ဟု မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှားပါသည်။

"မဖြစ်နိုင်တဲ့အရာတွေ နောက်ထပ် လာလေဦးမယ်" ချင်ယွင်က ရယ်မောလိုက်သည်။ သူ၏လက်ထဲရှိ ဓားမှ တောက်ပသော အလင်းတန်းတစ်ခုကို ထပ်မံ ထုတ်လွှတ် လိုက်ပါသည်။ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများသည် ဒီရေကဲ့သို့ မြင့်တက် သွားပြီး၊ သူ၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားသည် မရေမတွက်နိုင်သော ပုံရိပ်ယောင် များအဖြစ်သို့ ပြောင်းလဲသွားပါသည်။

"ငါ့ဓားချက်ကို ခံယူလိုက်စမ်း၊ အလွှာတစ်ထောင်လေအရိပ်ဓား" ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏လက်ထဲမှ ဓားက ချက်ချင်း ကျဆင်းသွားခဲ့သည်။

တခဏအတွင်းမှာပင်၊ ကောင်းကင်ယံမှာ ပုံရိပ်ပေါင်း တစ်သောင်းကျော် ပေါ်လာခဲ့ပြီး၊ ဓားတစ်ချောင်းစီကို တစ်ပြိုင်တည်း ဝှေ့ယမ်းလိုက်ကြသည်။ အဆုံးတွင်၊ ဓားအရိပ် တစ်သောင်းတို့သည် တစ်ဖန်စုရုံးသွားကာ၊ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုအဖြစ် ပေါင်းစည်းသိပ်သည်းသွားကြသည်။

ဓားအလင်းသည် လေဟာနယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး အစိမ်းပြာရောင် စွမ်းအင်သားရဲလေးဘေးတွင် ချက်ခြင်း ပေါ်လာသည်။

အစိမ်းပြာရောင် စွမ်းအင်သားရဲလေး၏ မျက်လုံးများသည် ချက်ချင်းပင် ကြောက်လန့်သွား သည့် အမူအရာ ပေါ်လာပါသည်။ သူသည် ၎င်းဓားအလင်းကို ရှောင်တိမ်းရန် တယ်လီပို့ စနစ်ကို အမြန်အသုံးပြုလိုသော်လည်း သူ၏ခန္ဓာကိုယ် ပျောက်ကွယ်မသွားမီ၊ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းသည် သူ၏ခန္ဓာကိုယ်ကို အလယ်တစ်ဝက်မှ ဖြတ်တောက်ပစ်လိုက်သည်။

“မဟုတ်ဘူး…”

အစိမ်းပြာရောင် စွမ်းအင်သားရဲလေးသည် မလိုလားသော စိတ်ဆန္ဒများ ပြည့်နှက်နေသော လေသံဖြင့် အော်ဟစ်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် အလင်းတန်းတစ်ခု ပေါ်လာပြီး တောက်ပသော အလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

"ဘုန်း…”။

နောက်ဆုံးတွင်၊ ကျယ်လောင်သောပေါက်ကွဲသံနှင့် အတူ၊ အစိမ်းပြာရောင် စွမ်းအင် သားရဲလေးသည် ပေါက်ကွဲသွားပြီး၊ ဦးခေါင်းအရွယ် တော်ဝင်တာအို ဉပဒေသ အပိုင်းအစ တစ်ခုက လူတိုင်း၏ မြင်ကွင်းထဲတွင် ပေါ်လာသည်။

“အူး………."

စွမ်းအင်သားရဲများသည် သူတို့၏ သားရဲဘုရင် အသတ်ခံရသည်ကို မြင်သောအခါ၊ အော်ဟစ်ပြီး ကြောက်လန့်နေသော ငှက်တွေလို ပျံသန်းပြေးကြသည်။

လီရှန်းရှန်းလည်း ချင်ယွင်ကို တအံ့တသြ ကြည့်နေရင်း ကြောင်တောင်တောင် ဖြစ်နေမိ သည်။ ၎င်းသည် တော်ဝင်တာအို စတုတ္ထအဆင့်နှင့် နှိုင်းယှဉ်နိုင်သော စွမ်းရည်သားရဲဘုရင် ဖြစ်သည်။ သူက ထိုကဲ့သို့ပင် သတ်ပစ်ခဲ့တာလား?။

ဘန်း…။

ချင်ယွင်၏ ရုပ်အသွင်သည် စွမ်းအင်သားရဲဘုရင်၏ မူလနေရာ၌ တိုက်ရိုက် ပေါ်လာသည်။ သူ၏ရှေ့တွင် လွင့်မျောနေသည့် ဦးခေါင်းအရွယ် တော်ဝင်တာအို ဉပဒေသ အပိုင်းအစကို ကြည့်လိုက်စဉ်၊ ချင်ယွင်၏ မျက်လုံးများက အံ့အားသင့်သွားသည့် အမူအရာကို ဖော်ထုတ်လိုက်သည်။

ဤအခိုက်အတန့်တွင်၊ ဤတော်ဝင်တာအို ဉပဒေသ အပိုင်းအစသည် ချင်ယွင် မြင်ဖူးသမျှ တော်ဝင်တာအို ဉပဒေသအပိုင်းအစများထက်ပင် ပိုမိုအားကောင်းသည့် လျှို့ဝှက် ဆန်းကြယ်သော စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။

"ဒီလျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအို ဉပဒေသအပိုင်းအစနဲ့ဆို၊ ငါရဲ့ လျှပ်တပြက် ခန္ဓာကိုယ် တော်ဝင်တာအိုဉပဒေသက တော်ဝင်တာအိုနယ်ပယ်ရဲ့ ဒုတိယအဆင့်သို့ တိုက်ရိုက် ဝင်ရောက်နိုင်လိမ့်မယ်” ချင်ယွင်၏ မျက်လုံးများတွင် ပျော်ရွှင်နေသည့် အမူအရာများ ပေါ်လာပြီး၊ သူသည် တုန့်ဆိုင်းမနေတော့ဘဲ တော်ဝင်တာအို ဉပဒေသ အပိုင်းအစကို သူ၏စိတ်ထဲသို့ တိုက်ရိုက်ထည့်သွင်းလိုက်လေသည်။

ဘန်း…။

တော်ဝင်တာအို ဉပဒေသ အပိုင်းအစသည် သူ၏စိတ်ထဲသို့ ဝင်ရောက်လာသည်နှင့် တပြိုင်နက် ချင်ယွင်သည် သူ၏စိတ်ထဲမှ ပြင်းထန်သော အချက်လက်များ ပျံ့နှံ့ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ လေစွမ်းရည် လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအို ဉပဒေသသည် သူ၏စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ဖြစ်လာခဲ့သည်။

"ဘုန်း..”

ချင်ယွင်၏ အင်မော်တယ်ဘုရင် ကိုယ်ပွားသုံးခုသည် ချင်ယွင် နောက်ကျောမှ ချက်ချင်း ထွက်ပေါ်လာသည်။ မူလက တော်ဝင်တာအို ပထမအဆင့်ရှိ အငွေ့အသက်ကိုသာ ပိုင်ဆိုင် ထားသော လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအိုဉပဒေသ၏ အင်မော်တယ်ဘုရင် ကိုယ်ပွားသည် ချက်ချင်းပင် တော်ဝင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

“ဒါက အဆင့်ချိုးဖြတ်မူတစ်ခုပဲ။ အရမ်းကို မြန်လွန်းတယ် မဟုတ်လား?" လီရှန်းရှန်းက တော်ဝင်တာအို ဒုတိယအဆင့်ကို ချက်ချင်း ဖြတ်ကျော်သွားသော ချင်ယွင်ကို ကြည့်ပြီး သက်ပြင်းအမောကြီးမချဘဲ မနေနိုင်ခဲ့ပါချေ။

“လူတွေက လူတွေထက် ဒေါသပိုကြီးတယ်လို့ လူတိုင်းက ပြောနေကြတယ်။ အဲဒါက တကယ်ကို မှန်တာပဲ”။ (ဘာကိုဆိုလိုမှန်း မှန်းဆ၍မရပါ)။

အကယ်၍၊ သူမသာ အစောပိုင်းက ဤမျှလောက် ကြီးမားသော တော်ဝင်တာအို ဉပဒေသ အပိုင်းအစကို နားလည်ဆင်ခြင်ခဲ့မည်ဆိုလျှင်၊ သူမအနေဖြင့်၊ တစ်နှစ်လောက် အချိန် ယူရပေလိမ့်မည်။ သို့သော်လည်း၊ ယခုတော့ ချင်ယွင်သည် ထိုတော်ဝင်တာအို ဉပဒေသ အပိုင်းအစကို နားလည်ရန် တစ်စက္ကန့်မျှသာ အချိန်ယူခဲ့ရသည်။

လီရှန်းရှန်း၏အမြင်အရ၊ ဤချင်ယွင်ကို မွန်းစတားတစ်ကောင်အဖြစ်သာ ဖော်ပြနိုင်ပြီး၊ ဒီထက် ဖော်မပြနိုင်တော့ပါ။ သူသည် အမှန်တကယ်ပင် လုံးဝ လူထူးလူဆန်းတစ်ယောက် ဖြစ်ပါသည်။

လီရှန်းရှန်း၏ အမြင်တွင်မူ၊ သူသည် သဘာဝလမ်းစဉ်မှ လုံးလုံး ဖောက်ပြန်နေသူတစ်ဦး သတ်မှတ်နေသည်ကို ချင်ယွင် မသိပါဘူး။ ဤအခိုက်အတန့်တွင်၊ သူသည် အစောပိုင်းက သူသတ်ခဲ့သော လေစွမ်းရည် စွမ်းအင်သားရဲများမှ ပြုတ်ကျကျန်ခဲ့သော တော်ဝင်တာအို ဉပဒေသ အပိုင်းအစများနှင့် ပေါင်းစပ်ရန် ကြိုးစားနေဆဲ ဖြစ်ပါသည်။

သို့သော်၊ ထိုတော်ဝင်တာအို ဉပဒေသ အပိုင်းအစများသည် အလွန် နည်းနေသေးသော ကြောင့်၊ သူသည် အဆင့်ချိုးဖြတ်မည့် မည်သည့်အရိပ်အယောင်မျှ မပြခဲ့ပေ။

"မင်း အဆင်ပြေရဲ့လား?" ချင်ယွင်သည် လေစွမ်းရည် တော်ဝင်တာအို ဉပဒေသ အပိုင်းအစများ အားလုံးကို စုပ်ယူပြီးနောက် လီရှန်းရှန်း၏ရှေ့တွင် ပေါ်လာသည်။

"အဆင်ပြေပါတယ်။ ဒါပေမယ့် နင်က တကယ်ပဲ စွမ်းအင်သားရဲဘုရင်ကို အနိုင်ယူခဲ့တယ်။ နင်က တကယ်ပဲ အင်မော်တယ်ဧကရာဇ် လျှိုထန်းရဲ့ ဂျူနီယာမောင်လေး ဖြစ်ထိုက်ပါ တယ်။" လီရှန်းရှန်းက စိတ်လှုပ်ရှားစွာ ပြောသည်။

ချင်ယွင်က ပြုံးလိုက်ပြီး၊ လီရှန်းရှန်း၏ စကားတွေကို စိတ်ထဲမထားတော့ချေ။ ယင်းအစား၊ သူက ထူးမခြားဟန်ဖြင့် ပြောလိုက်သည် "ငါ ကောင်းကင်ဘုံရဲ့ နဝမအလွှာကို ဝင်ဖို့ ရည်ရွယ်ထားတယ်။ မင်းကော ဘယ်လိုလဲ။"

လီရှန်းရှန်းက ခေါင်းခါလိုက်ပြီး ပြောသည် "ဒီကောင်းကင်ဘုံရဲ့ အဋ္ဌမအလွှာက ငါ့ရဲ့ ကန့်သတ်ချက် ဖြစ်နေပြီလေ။ တကယ်လို့၊ ငါသာ နဝမအလွှာကို ဝင်လိုက်ရင် သာမန် စွမ်းအင်သားရဲတွေကိုတောင် ငါ အနိုင်ယူနိုင်စွမ်းမရှိမှာ ငါ ကြောက်မိတယ်။ ပြီးတော့၊ ငါ နဝမအလွှာကို ဝင်ခြင်းက နင့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေလိမ့်မယ်။ ငါ ကောင်းကင်ဘုံ အဋ္ဌမအလွှာမှာပဲ နေခဲ့မယ်။”

ချင်ယွင်က ခေါင်းညိတ်ပြပြီး သူ၏လက်ထဲမှာ ရှိနေသည့် တော်ဝင်တာအို ဉပဒေသ အပိုင်းအစ သုံးခုကို လီရှန်းရှန်းထံ ပေးလိုက်ပြီး ပြောသည် "ဒီတော်ဝင်တာအို ဉပဒေသ အပိုင်းအစ သုံးခုက ငါ့အတွက် အသုံးမဝင်ဘူး။ အဲဒါတွေကို မင်းအတွက် ငါ ထားခဲ့မယ်"

"ကျေးဇူးတင်ပါတယ်" နောက်ဆုံးတွင် ဥပဒေသ အပိုင်းအစ သုံးခုကို လက်မခံမီ သူမသည် ခဏမျှ တုံ့ဆိုင်းသွားသေးသည်။

အကယ်၍၊ သူမသည် ဤတော်ဝင်တာအို ဉပဒေသ အပိုင်းအစသုံးခုကို သန့်စင်နိုင်ခဲ့ပါက၊ ၎င်းသည် သူမအတွက် အဖိုးတန်သော ခရီးတစ်ခု ဖြစ်လာပေလိမ့်မည်၊ ထို့ကြောင့်၊ သူမသည် ချင်ယွင်ကို နှလုံးသားအောက်ခြေမှ ကျေးဇူးတင်နေမိသည်။

ချင်ယွင်က ပြုံးကာ လီရှန်းရှန်းကို နှုတ်ဆက်ပြီး လှည့်ထွက်လိုက်သည်။

"ဘုန်း…။"

သို့သော်၊ ချင်ယွင်သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တပြိုင်နက်၊ လေဟာနယ် ထဲမှ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ထွက်လာသည်ကို ခံစားလိုက်ရပြီး၊ သူ၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားကာ သူလည်း လွင့်ပျံသွားလေသည်။

All Chapters